← Chapters

ရောက်ရှိလာတော့မယ့် တိုက်ပွဲ..

Vol. 37 Ch. 544

ရောက်ရှိလာတော့မယ့် တိုက်ပွဲ..

Vol. 37 Ch. 544

#ဘာသာပြန် = စနိုးဝှိုက်

နောက်တစ်ရက်..။

အခု လင်းဖန် အစည်းအဝေးပွဲ အကြောင်းသိပြီ ဆိုတော့ ဝတ်သွားရမယ့် အင်္ကျီ အဝတ်အစားတွေကို ပြင်ဆင်ရဦးမှာပါ..။အနည်းဆုံး သပ်သပ်ရပ်ရပ် ဝတ်စားသွားတာက တစ်ခြား လူတွေကို လေးစားတာနဲ့ အတူတူပါပဲ..။ဒီအစည်းအဝေးပွဲကို သူ မသွားချင်ဘူးဆိုပေမယ့် လည်း..သဘောတူ ပြီးသွားပါပြီ..။

ပညာရေး ဌာန အစည်းအဝေးပွဲတွင်..။

ကျိုးမင်ချင်း အစောကြီးကတည်းက စောင့်နေခဲ့တာပါ..။သူ့ဆရာ ကို မြင်လိုက်တဲ့ အချိန်မှာ သူ အရှေ့ကို ပြုံးကာ တက်သွားလိုက်ပြီး..

"ဆရာ..ရောက်လာပြီလား.."

"မင်ချင်း..ကျုပ် ဒီလို အစည်းအဝေးပွဲတွေ တက်ချင်တာ မဟုတ်ဘူးနော်..."

ဘာလို့ ငါ့လို နိမ့်ချတတ်တဲ့ လူက ဒီ အစည်းအဝေးပွဲတွေကို တက်ရမှာလဲ...

လူထုတွေကြားတဲ့မှာ လင်းဖန် သူ့ရဲ့ မျက်နှာကို ထုတ်မပြချင်ပါဘူး..။ကိစ္စတွေ အကုန် ဖြေရှင်းပြီးပြီ ဖြစ်တာကြောင့်..ဒီလိုအစည်းအဝေးတွေ လုပ်စရာ အကြောင်းမရှိပေ..။

ကျိုးမင်ချင်း သူ့ဆရာရဲ့ လက်မောင်းကို ဆွဲကာ အပြုံးလေးနဲ့ ပြောလိုက်တယ်..။

"ဆရာ.ဒီရောက်နေပြီ ဆိုမှတော့..အစည်းအဝေးကို တက်ရောက်သင့်တယ်လေ..။ထပ်ပြောရရင် သင်ရိုးအသစ်ကို စစ်ဆေးပြီးတာနဲ့ ပရော်ဖက်ဆာ တွေ အများကြီးက ဒီသင်ရိုးကို ရေးထားတဲ့ ဆရာ့ကို ..တွေ့ချင်နေကြတာ.."

လင်းဖန် ခေါင်းခါယမ်းလိုက်ပြီး..

"ကောင်းပြီ ကောင်းပြီ..ဒါဆိုလည်း အထဲဝင်ကြရအောင်.."

သူတို့ဝင်ပေါက်ကို ရောက်လာတဲ့ အချိန်မှာ ကျိုးမင်ချင်း သူသိတဲ့ လူတစ်ယောက်ကို တွေ့ပြီး နှုတ်ဆက်လိုက်ပါတယ်..။

"ပရော်ဖက်ဆာ ဝမ်.."

ပရော်ဖက်ဆာ ဝမ် ကျိုးမင်ချင်းကို ကြည့်လိုက်ပြီး ဘေးနားမှာ ရှိတဲ့ လင်းဖန်ကို တစ်ချက်ကြည့်လိုက်တယ်..။သူ ချက်ချင်းပြုံးပြီး ပြောလိူက်ပါတယ်..။

"ဒါက..မာစတာ လင်းပဲ ဖြစ်ရမယ်.."

လင်းဖန် ပုံမှန်ပဲ ပြုံးလိုက်ပြီး..

"တွေ့ရတာ ဝမ်းသာပါတယ်..။

ပရော်ဖက်ဆာ သက်ပြင်းချလိုက်တယ်..။

"မာစတာ လင်းက..ဒီလို သင်ရိုးမျိုးကို ငယ်ငယ်ရွယ်ရွယ်နဲ့ ရေးနိုင်ခဲ့တာပဲ..။တကယ်ကို ဂျီးနီးယပ် တစ်ယောက် ပီသပါတယ်..။လာ..အထဲကို အတူတူဝင်ရအောင်.."

"အင်း.."

လင်းဖန် ခေါင်းညိမ့်ပြီး ရယ်လိုက်တယ်..။ဒီလူတွေ ဒီလောက် ရင်းနှီးလိမ့်မယ် လိူ့ သူမထင်ထားခဲ့ပါဘူး..။ကြည့်ရတာ..သူ အတွေးလွန်နေတဲ့ ပုံပါပဲ..။

သို့ပေမယ့် လင်းဖန် မသိတာက..ဒီလူတွေက..မာစတာ လင်းကို..တွေ့ရင်..ယဥ်ကျေးပြီး ဖော်ဖော်ရွေရွေ ဆက်ဆံမယ်လို့.. တိုင်ပင်ကြပြီး သားပါ..။ဘာပဲဖြစ်ဖြစ်..သူတို့က မာစတာ လင်းရဲ့ သင်ရိုးမှာ..နာမည်ရေးထိုးချင်နေကြတဲ့ လူတွေပါ..။သူတို့ အရမ်းယဥ်ကျေးနေကြပေမယ့်လည်း..မာစတာလင်းသာ အရူးမဟုတ်ရင်..သူ့ရဲ့ သင်ရိုးမှာ တစ်ခြားလူ နာမည်ရေးထိုးဖို့ကို လက်ခံမှာ မဟုတ်ပါဘူး..။

ဘာပဲဖြစ်ဖြစ်..သူသဘောတူတူ မတူတူ..သူတို့ဒီကိစ္စကို သေချာ ဆုံးဖြတ်ပြီးသွားပါပြီ..။

သူတို့ အပိုင်းတွေတောင် တောင်ပိုင်းနဲ့ မြောက်ပိုငိး ခွဲထားပြီးသွား ကြပါပြီ..။မြောက်ဘက်က သင်ရိုးတွေကို မြောက်ဘက်က လူတွေက..နာမည်ရေးထိုး ကြမှာဖြစ်ပြီး..တောင်ဘက်က သင်ရိုး ကို တောင်ပိုင်းက လူတွေ ရေးထိုးကြမှာပါ..။ဒီနှစ်တွေ အတွငိးမှာ ..သူတို့ ကိုယ့်အလုပ်ကိုသာ လုပ်ကြပြီး..တစ်ခြားလူလုပ်တဲ့ အရာကို သိပ်စိတ်မဝင်စားခဲ့ကြပေ..။

သို့ပေမယ့် ဒီတစ်ခေါက် ကိစ္စက မတူပေ..။မာစတာ လင်းရဲ့ ရေးထားတဲ့ သင်ရိုးက မျှော်မှန်းထားတာထက်သာလွန်နေခဲ့ပြီး..နိုင်ငံ တစ်ခုလုံးက အကယ်ဒမီတွေကို..ဖြန့်ချီသွားမှာပါ..။ဒါကြောင့် တောင်ပိုင်းနဲ့ မြောက်ပိုင်း အဖွဲ့ဟာ တစ်ဖွဲ့ကို လူငါးယောက်ဆီ ..ဒီစာအုပ်မှာ ရေးထိုးဖို့ သဘောတူခဲ့ကြပါတယ်..။

တစ်ချို့ ကျန်တဲ့ လူတွေက ဒါကို မနာလို ဖြစ်ကြပေမယ့်..သူတို့ရဲ့ အဆင့်အတန်းက..သိပ်ပြီး မမြင့်တာကြောင့်..ဘာမှ မတတ်နိုင်ကြပါဘူး..။သူတို့ရဲ့ အထက်လူကြီးပိူင်းတွေကို မယှဥ္နိုင်ကြပေ..။

"မာစတာ လင်း..ဒီကိုရောက်လာပြီ.."

အဲ့အချိနိမှာပဲ ပရောဖက်ဆာ ဝမ် ဝင်လာခဲ့တယ်..။

လူတိုင်းရဲ့ အကြည့်တွေက လင်းဖန် အပေါ်မှာပဲ ရှိနေခဲ့ကြပါတယ်..။

တစ်ချို့လူတွေဟာ..လင်းဖန်ကို ပထမဆုံးအကြိမ် မြင်ဖူးတာ ဖြစ်တာကြောင့် ကြောင်အသွားခဲ့ကြပါတယ်..။သူက အတော်ငယ်ရွယ်တာပါ..။သူတို့ အကူမဲ့စွာ လှောင်ရယ်လိုက်ကြတယ်..။မာစတာလင်း ငယ်ရွယ်တာ..တကယ်ကောင်းမွန်ပါတယ်..ငယ်ရွယ်တဲ့ လူတွေက..လှည့်စားဖို့ အကောင်းဆုံးပါပဲ..။

ပရောဖက်ဆာ တွေ အုပ်စုဟာ သူ့ ပတ်ဝန်းကျင်ကို ရောက်လာခဲ့ကြတယ်..။

"မာစတာ လင်း..နောက်ဆုံးတော့ တွေ့ခွင့်ရပြီပေါ့.."

"မာစတာ လင်းက တကယ်ငယ်ရွယ်ပြီး နုပျိုတာပဲ..။ဆေးပညာ အစွမ်းကလည်း တကယ်ကို အံ့မခန်းပဲ..။အခု ကိုယ်တိုင်မြင်ရပြီ ဆိုတော့..ပံူမှန်မဟုတ်တာ သိလိုက်ပြီ..."

"မာစတာ လင်း..ဒီလို သင်ရိုးမျိုး ရေးနိုင်တာက တကယ် အံ့ဩစရာပဲ.."

ချီးမြောက်မူ တွေဟာ အဆက်မပြတ် ဖြစ်ပေါ်နေခဲ့တယ်..။

လင်းဖန် ပြုံးလိုက်တယ်..။ဒီ ပရောဖက်ဆာ အိုကြီး တွေက သူ့ကို ဒီလောက် ရင်းနှီးနေလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး..။ဒါက သူ့ကို နည်းနည်းတော့ အနေရခက်နိုင်ပါတယ်..။

ဒီ ပရော်ဖက်ဆာ အိုကြီးတွေ နဲ့ ယဥ္ကျေးတဲ့ စကားလုံးတစ်ချို့ ဖလှယ်ပြီးတဲ့ နောက်မှာ..သူ ထိုင်ရမယ့် ထိုင်ခုံမှ ထိုင်လိုက်ပါတယ်..။သူထိုင်ရမယ့် ထိုင်ခုံက တကယ်ကို ကောင်းမွန်ပြီး ပထမ တန်းမှာပါ..။

လင်းဖန် ငြင်သာစွာ ပြောလိုက်တယ်..။

"မင်ချင်း..ဒီလူတွေရဲ့..နောက်ခံက ဘာလဲ..။ဘာလို့ ကျုပ် ဒီလူတွေကို အရင်က မမြင်ဘူးတာလဲ.."

ကျိူးမင်ချင်း လင်းဖန် ရဲ့ နားနားကိုကပ်ပြီး တီးတိုးပြောလိုက်တယ်..။

"ဆရာ..ဒီ ပရော်ဖက်ဆာက..သင်ရိုးတွေကို အထူးပြုကြတာလေ..။ခုနက ဆရာ့ကို နောက်ဆုံးမှ နှုတ်ဆက်ပြီး..အဖွဲ့လိုက် ဓာတ်ပုံရိုက်ဖို့ ပြောတာက..'လူရဲ့ သွေးကြောများ လေလာခြင်း'စာအုပ်ကို လေ့လာတဲ့..ပရောဖက်ဆာ ချန်းလေ..။သူက သီအိုရီ ပိုင်းတွေမှာ တကယ်တော်တယ်.."

လင်းဖန် ကျိုးမင်ချင်းကို သိချင်စွာ ကြည့်လိုက်ပြီး..

"ဘာလို့ သူတို့ပုံစံက ထူးဆန်းသလို ဖြစ်နေတာလဲ.."

ကျိုးမင်ချင်း သူတို့ ဘေးမှာ ဘယ်သူမှ မရှိတော့ဟဘာမှ ဖုံးကွယ် မနေတော့ပါဘူး..။

"ကျွန်တော်လည်း သူတို့နဲ့ သိပ်မဆက်ဆံဖူးဘူး..ဒါပေမဲ့ သူတို့က အပြင်လူတွေပဲ..။ဥပမာ ဆရာက သင်ရိုးအသစ်တစ်ခု ရေးနိုင်သွားတော့ သူတို့ အခံရခက် သလိုဖြစ်နေရမှာလေ..ဒါပေမဲ့ လက်ရှိအခြေအနေက ပြောင်းပြန်ဖြစ်နေတယ်..။တစ်ခုခု မကောင်းတာ ဖြစ်လာမှာကိုတောင် ကျွန်တော် ကြောက်မိတယ်..."

လင်းဖန် အံ့ဩသင့်တဲ့ အသံနဲ့ ပြောလိုက်တယ်..။

"ဒီလို မဖြစ်နိုင်လောက်ပါဘူး..။ဟုတ်တယ် မလား..။ဘာများ ဖြစ်နိုင်မှာမို့လို့လဲ..။မေ့လိုက်တော့..ဒီအကြောင်း မတွေးပဲ နေရအောင်..။အစည်းအဝေးက ခနနေ စတော့မှာလေ..။ကျုပ်တို့ နိမ့်ချနေပြီး..ပြီးရင် ပြန်ကြတာပေါ့.."

"သိပါပြီ.."

ကျိုးမင်ချင်း ခေါင်းညိမ့်လိုက်တယ်..။သူ့ရဲ့ စိတ်ထဲမှာတော့..စိုးရိမ်နေတုန်းပါပဲ..။ဒါက တကယ်အဓိပ္ပါယ် မရှိပါဘူး..။သူ့ဆရာရဲ့ ဆေးပညာက တကယ်ကောင်းမွန်တယ် ဆိုပေမယ့် လည်း ဒီလူတွေက ဒါကို ဂရုစိုက်ကြတဲ့ လူတွေ မဟုတ်ပေ..။ဘာပဲဖြစ်ဖြစ် တစ်စုံတစ်ယောက် က အရည်အချင်းတွေ ရှိနေရင်တောင်..အဆက်အသွယ် မရှိရင် ဘေးကို တွန်းထုတ်ခံရမှာ အသေအချာပါပဲ..။

"အကြီးအကဲ ရောက်လာပြီ.."

အဲ့အချိန်မှာပဲ..အစည်းအဝေး ထဲက တစ်စုံတစ်ယောက်ဟာ အော်လိုကိတယ်..။

"ပရော်ဖက်ဆာ ယန် ရောက်လာပြီ.."

လင်းဖန်ကြည့်လိုက်တယိ..။အခုဆိုရင် လူတော်တော်စုံနေခဲ့ပါပြီ..။

ကျိုးမင်ချင်း ညွှန်ပြပြီး ပြောလိုက်တယ်..။

"ဒါက ပညာရေးဌာနရဲ့ ခေါင်းဆောင်ပဲ..ပြီးတော့..ပရောဖက်ဆာ ယန်က..ဒီနယ်ပယ် ထဲမှာ အဆင့်အတန်း အတော် မြင့်တယ်..။သူ သင်ရိုးတွေ အများကြီး ရေးထားပြီး နောက်လိုက်တွေလည်း အများကြီး ရှိတယ်..။ဒါပေမဲ့ ကျွန်တော်ကြားတာတော့ သူက ပြုံးနေတဲ့ ကျားတစ်ကောင်တဲ့..။သူက အပြင်ပိုင်းမှာ အေးချမ်းတဲ့..အသွင်အပြင် ရှိပေမယ့်..စိတ်ထဲမှာတော့..ရက်စက်ကြမ်းကျုတ်တယ်.."

"ဒီလိုလား.."

လင်းဖန် အစည်းအဝေးပွဲတွေ သိပ်မတက်ဖူးတော့ ဒီလိုအရာတွေကို နားမလည်ပါဘူး..။ဒီမှာ ရှိတဲ့လူတွေက အနည်းဆံူး သူ့ထက် နည်း့လမ်းတစ်ခု မြင့်ပါတယ်..။ဒါက သူ့ကို ခံစားလို့ သိပ်မကောင်းစေပေ..။

"ဒါက ကောလဟာလ တွေပါ..ဒါပေမဲ့ ကျောင်းသားတွေ အများစုက သူတို့ အကြောင်းကို မသိဘူး..။ဒီ စီနီယာ ပရောဖက်ဆာ အများစုက..ပုံမှန်းအားဖြင့် အစည်းမဝေးတွေ အများကြီး တက်ကြရတော့. ကျောင်းသားတွေနဲ့ သိပ်မထိတွေ့ဖြစ်ဘူးလေ.."

"အဟမ်း.."

အဲ့အချိန်မှာပဲ..ခေါင်းဆောင်ဖြစ်သူဟာ ငြင်သာစွာ ချောင်းဆိုးလိုက်တဲ့ အချိန်မှာ..နေရာတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပါတယ်..။ယင်းနောက် သူ နေရာတစ်ခုလုံးကို ခြုံကြည့်လိုက်ပြီး..လင်းဖန် ကို မြင်မှ အကြည့်တွေ ရပ်တန့်သွားခဲ့တယ်..။သူ ပြုံးပြလိုက်ပြီး လင်းဖန်ကို နှုတ်ဆက်လိုက်ပါတယ်..။

လင်းဖန် ဖုန်းကို ထုတ်ပြီး..သူ့ရဲ့ နားကြပ်ကို တပ်လိုက်တယ်..။ယင်းနောက် သူ့ရဲ့ ဝိုက်ဘိုကို ဖွင့်လိုကိပါတယ်...။

စတိတ်စဥ္ပေါ်မှာ ရှိတဲ့ လူတွေဟာ စကားပြောနေခဲ့ကြတယ်..။သူတို့ဘာတွေ ပြောနေတာလဲ ဆိုတာတော့ လင်းဖန် နားမထောင်တော့ မသိပါဘူး..။

အချိန်တွေဟာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့တယ်..။

ခေါင်းဆောင်ဟာ သူပြောစရာ ရှိတဲ့ မိန့်ခွန်းကို ပြောပြီးတဲ့ နောက်မှာ ..ဒီနေရာကနေ ခနထွက်သွားခဲ့ပါတယ်..။ဒါက သူ နောက်ပိုင်း ဘာတွေဆက်ဖြစ်မှာလဲ ဆိုတာ သိလို့ နောက်ဆက်တွဲ ရှက်စရာတွေကို ရင်မဆိုင်ချင်တာ ဖြစ်နိုင်ပါတယ်..။

သူက ဒီကြားထဲက လူမဟုတ်တော့..ဒီထဲမှာ မျက်နှာပျက်ရအောင် ကြားမညှပ်ချင်ပါဘူး..။

နာရီဝက်ကျော်လာခဲ့တယ်..။

လင်းဖန်ကတော့ အိပ်တောင် အိပ်ချင် နေခဲ့ပါပြီ..။

ရုတ်တရက် လင်းဖန် ကျိုးမင်ချင်းရဲ့ အပြုအမူကြောင့် လန့်နိုးသွားခဲ့တယ်..။ကျိုးမင်ချင်းဟာ မတ်တတ်ရပ်ပြီး နီရဲနေတဲ့ မျက်နှာနဲ့ ဒေါသထွက်စွာ ပြောနေခဲ့တာပါ..။

"ကျုပ် ငြင်းပယ်တယ်..။ခင်ဗျားတို့ ့ဘယ်လိုဖြစ်ပြီး ဒါမျိုး လုပ်နိုင်ရတာလဲ..။ခင်ဗျားတို့က ကျုပ်ဆရာ ရဲ့ ဥာဏ်ပညာ ကျောက်မျက်တွေ..လုပ်အားရဲ့ အသီးအပွင့် တွေကို ခိုးယူချင်နေတာပဲ..။ခင်ဗျားတို့က စီနီယာတွေလေ..ဘယ်လိုဖြစ်ပြီး ဒီလို လုပ်နိုင်ရတာလဲ.."

"မင်ချင်း ..ဘာလုပ်တာလဲ.."

လငိးဖန် သူ့နားကြပ်ကို ချွတ်လိုက်ပြီး..ပဟေဠိဖြစ်စွာ မေးလိုက်တာပါ..။မင်ချင်း ဘာလို့ ဒီလောက် ဒေါသထွက်နေတာလဲ သူ နားမလည်နိုင်တော့ပါဘူး..။

ပရော်ဖက်ဆာ ယန် ပြောလိုက်တယ်..။

"ဒါရိုက်တာ ကျိုး..ကျေးဇူးပြုပြီး..ပြန်ထိုင်ပေးပါ..။ဒါက အစည်းအဝေးလေ..။တကယ်လို့ ပြသနာ တစ်ခုခု ရှိရင် အစည်းအဝေးပြီးအောင် စောင့်ပြီးမှ အေးဆေး ပြောကြတာပေါ့..။ထပ်ပြောရရင် ခင်ဗျားဆရာတောင် ဘာမှ မပြောဘူးလေ..အဲတာကို ခင်ဗျားက ဘာလို့ ထင်မြင်ချက်တွေ ဝင်ပြောနေတာလဲ.."

သူတို့ အခုသူတို့ နာမည်တွေ ရေးထိုးဖို့ အကြောင်းကို ပြောနေကြတာပါ..။သူတို့ ပထမ စာမျက်နှာမှာ..ပရောဖက်ဆာ ဆယ်ယောက်နာမည် ရေးထိုးကြမလို့ပါ..။အစကတော့ သူတို့ မာစတာ လင်း သဘောမတူမှာကို ကြောက်ရွံ့ကြပေမယ့် မာစတာ လင်းကို ကြည့်လိုက်တဲ့ အချိန်မှာ..ခေါင်းငိုက်စိုက်ကြပြီး..အိပ်ပျော်မလိုတောင် ဖြစ်နေခဲ့ပါတယ်..။သူတို့စိတ်ထဲကနေ ကျိတ်ရယ်လိုက်ကြတယ်..။ကြည့်ရတာ သူလည်း သဘောတူတဲ့ပုံပါပဲ..။

ကျိုးမင်ချင်း ပရောဖက်ဆာ ယန်ကို လျစ်လျူရူပြီး လင်းဖန်ကို ရှင်းပြလိုက်ပါတယ်..။

"ဆရာ..ဒီလူတွေက အတော်ဆိုးရွားတဲ့လူတွေ..။သူတို့က ဆရာ့သင်ရိုးရဲ့ ပထမ စာမျက်နှာမှာ သူတို့ နာမည် ဆယ်ခုကို ရေးထိုးချင်နေကြတယ်.."

လင်းဖန် ကြောင်အသွားခဲ့ပြီး..

"ခင်ဗျ​ားပြောတာ ဒီလူတွေက ကျုပ်ရေးထားတဲ့ သင်ရိုးပေါ်မှာ သူတို့နာမည်တွေ ရေးထိုးချင်နေကြတာလား..."

ကျိုးမင်ချင်း ဒေါသထွက်စွာ ခေါင်းညိမ့်လိုက်ပြီး..

"ဟုတ်တယ်..သူတို့ အဲလိုလုပ်ချင်နေကြတာ..."

အားလုံးဟာ တိတ်ဆိတ်နေပြီး..လင်းဖန်ကိုကြည့်ကာ ဘာဆက်ဖြစ်မလဲ စောင့်နေခဲ့ကြပါတယ်..။

ပရောဖက်တာ ယန် ငြင်သာစွာ ချောင်းဆိုးပြီး ပြောလိုက်တယ်..။

"မာစတာ လင်း..ဒါက ကျုပ်တို့ လေးလေးနက်နက် စဥ္းစားပြီးမှ ဆုံးဖြတ်ထားတာပါ..။သင်ရိုးဆိုတာက အရမ်းအရေးကြီးတယ်လေ..။တကယ်လို့..သင်ရိုးမှာ လူတစ်ယောက်ထဲရဲ့ နာမည်ကို ရေးပြီး အပြင်လူက တွေ့သွားရင် ဟာသတစိခုလို ဖြစ်သွားလိမ့်မယ်လေ..။သူတို့က ကျုပ်တို့ နိုင်ငံက လူတွေက အရည်အချင်းမရှိပဲ သင်ရိုးကို တစ်ယောက်ထဲက ရေးထားတယ်လို့ ပြောကြလိမ့်မယ်..။ထပ်ပြောရရင် ငါတို့က မာစတာ လင်းကို ကာကွယ်ချင်တာလဲ ပါတယ်..။မာစတာလင်းက ငယ်ရွယ်ပေမဲ့ သင်ရိုးကို တစ်ယောက်ထဲရေးထားတာလေ..။တကယ်လို့ ဆိုးယုတိတဲ့ ရည်ရွယ်ချက် ရှိတဲ့လူတွေနဲ့ တွေ့ရင် တကယ် ပြသနာတွေ တက်လာနိုင်တယ်..."

"ပြီးတော့ မာစတာ လင်းရဲ့ သင်ရိုးမှာ တွေ့တဲ့ အမှားတစ်ချို့ကို ကျုပ်တို့ ပြင်ပေးထားတယ်လေ..။ဒါကြောင့် မာစတာ လင်း ဒါကို သဘောတူမယ်လို့ ကျုပ်တို့ မျှော်လင့်တယ်..။ဒါပေါ့..မာစတာ လင်းရဲ့ နာမည်က ထိပ်ဆုံးမှာရှိပြီး မာစတာ လင်းကပဲ အဓိက ရေးသားသူအဖြစ်ရှိနေဦးမှာပေါ့..။ဒါက ဖုံးကွယ်ထားလို့ မရတဲ့ အမှန်တရားပဲ မလား..."

All Chapters