ကျုပ်ခင်ဗျားတို့နဲ့ အေးဆေးကစားပြမယ်...
Vol. 37 Ch. 545
#ဘာသာပြန် = စနိုးဝှိုက်..
ပရော်ဖက်ဆာ ယန် ရဲ့ စကားဆုံးသွားခဲ့တယ်..။
စပါယ်ရှယ်လစ် တစ်ယောက်ဟာ ပြုံးပြီးထပ်ပြောလိုက်ပါတယ်..။
"မာစတာ လင်း..ကျုပ်တို့အားလုံး ဒီမှာ အတူတူ ရှိနေကြပြီလေ..။ဒီတစ်ကြိမ်..ကျွန်တော်တို့ မာစတာ လင်းကို အကြွေးတင်သွားသလို ဖြစ်ပေမယ့် နောက်တစ်ခါဆိုရင် ကျိန်းသေ ပြန်ဆပ်မှာပါ..။မာစတာ လင်း ကျွန်တော် တို့ကို မျက်နှာသာ ပေးလိမ့်မယ် လို့ မျှော်လင့်ပါတယ်.."
နောက်ထပ် ပရောဖက် တစ်ယောက်ဟာ ပြုံးလိုက်ပြီး...
"ဒီအခြေခံ သင်ရိုးတွေက နောက်ထပ် နှစ်တစ်ရာ လောက်အထိ လက်ဆင့်ကမ်းရမှာလေ..။ကျုပ်တို့က အတူတူတွေ ဆိုတော့..ကျုပ်တို့လည်း သူတို့နာမည်ကို ပါစေချင်တယ်လေ..။တကယ်လို့ မာစတာလင်း သဘောတူတယ်ဆိုရင် ကျွန်တော်တို့ထဲက တစ်ယောကိဖြစ်သွားပြီ.။နောက်ပိုင်း မာစတာ လင်းဘာသင်ရိုး ညွှန်းတမ်းပဲရေးရေး ကျွန်တော်တို့ အပြည့်အဝ ကြော်ငြာ ပေးမယ်.."
စတိတ်စဥ္ပေါ်မှာ ရှိနေတဲ့ ပရော်ဖက်ဆာ ယန်. ဟာ ပြောလိုက်တယ်..။
"မာစတာ လင်း..ငါတို့ မင်းရဲ့ အရည်အချင်းကို အသိအမှတ်ပြုပါတယ်..။ငါတို့ရဲ့ အထောက်အပံ့သာရရှိမယ် ဆိုရင် ဆေးပညာလောကမှာ မင်းရဲ့ လမ်းခရီးက ဖြောင့်ဖြူးသွားမှာနော်..။မကြာတော့မယ့် အချိန်မှာ နိုင်ငံတကာ အဆင့် ဆေးပညာ ဖလှယ်မူ တွေ့ဆုံပွဲ ရှိတယ်..။ငါတို့ ဒိီပွဲမှာ မာစတာ လင်းကို ပါဝင်ဖို့ ထောက်ခံပေးနိုင်ပါတယ်...။နိုင်ငံတကာ စင်မြင့်က..ကျော်ကြားဖို့အတွက် အခွင့်အရေးပဲ.."
သူတို့ဟာ လင်းဖန်ကို..သဘောတူဖို့ အတွက် ဝိုင်းပြီး တိုက်တွန်းနေခဲ့ကြပါတယ်..။
ကျိုးမင်ချင်းကတော့ ဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံး တုန်ရီနေခဲ့တယ်..။ဒီလူတွေက အတွင်းစိတ်ကောက်ကျစ် ပြီး အောင်မြင်ဖို့ အတွက် ဘာမဆိုလုပ်ကြမယ့် လူတွေပါ..။တစ်ချို့ ငယ်ရွယ်တဲ့ လူငယ်လေးတွေရဲ့ အောင်မြင်မူတွေကိုလည်း ဒီလူတွေ ခိုးယူခဲ့ဖူးကြပါသေးတယ်..။သို့ပေမယ့် သူတို့ ဘာမှမတတ်နိုင်ပေ..။သူတို့ ကာကွယ်ချင်တယ် တိုရင်တောင် ဒိီလိုအရည်အချင်း မရှိကြပါဘူး..။
ကျိုးမင်ချင်း သူ့ဆရာ ဒီလိုအခြေအနေမျိုး ကြုံရမယ်လို့ မထင်ထားခဲ့ပါဘူး..။
တကယ်လို့ သူတို့သာ ဒီပရော်ဖက်ဆာ တွေရဲ့ ထောက်ခြောက်ထဲကို ကျသွားမယ် ဆိုရင် ရလာဒ်က သိပ်ပြီး ကျေနပ်စရာ ကောင်းမှာ မဟုတ်ဘူးဆိုတာ နားလည်ထားပါတယ်..။
အဲ့အချိန်မှာပဲ..ပရော်ဖက်ဆာ ယန် လင်းဖန်ကိုယဥ္ကျေးစွာ ကြည့်လိုက်ပြီး..
"မာစတာ လင်း..ဘာလုပ်နေတာလဲ..."
လင်းဖန် သူ့ဖုန်းကို ကိုင်ပြီး..ပုံမှန်အခြေအနေကို ပြန်ပြင်လိုက်ပြီး..
"ကျုပ်ဘာလုပ်နေတာလဲ..။ခင်ဗျား မမြင်ဘူးလား..။ဗီဒီယို ရိုက်နေတာလေ..."
ပရော်ဖက်ဆာ ယန် ရဲ့ အမူအရာဟာ..ရုပ်ဆိုးနေပေမယ့်..ယဥ္ကျေးတဲ့ အမူအရာကို ထိန်းသိမ်းထားလိုက်ပြီး..
"မာစတာ လင်း..ဒီမှာ စည်းမျဥ္းတွေ ရှိတယိလေ..။ဒါကို နားလည်ပေးမယ် လို့ မျှော်လင့်ပါတယ်..."
လင်းဖန် ဖုန်းကို ကိုင်ထားရင်းကနေ ဒေါသပေါက်ကွဲ ထွက်သွားခဲ့ပါတယ်..။
"ခင်ဗျား အမေကို နားလည်ပေးရမှာလား..။ခင်ဗျားတို့ ခွေးသား အိုကြီးတွေ အတော် အရှက်မရှိကြတာပဲ..။ကျုပ် အစတုန်းက ခင်ဗျားတို့ အတော် ရင်းနှီးကြပါလား လိူ့တွေးနေတာ..။ဒါက ခင်ဗျားတို့ ကျုပ်ကို ဝိုင်းပြီး *%& ## ဖို့ ကြိုးစားနေတာပဲ..။ကျုပ်ပြောလိုက်မယ် ဒါက ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး..။ကျုပ်ရေးထားတဲ့ သင်ရိုးညွှန်းတမ်းက ကျုပ်ဟာပဲ..။ခင်ဗျားတို့ နာမည်တွေ အချောင်ဝင်ရေးဖို့ စိတ်တောင်မကူးနဲ့..။သွားကြမယ် မင်ချင်း.."
ကျိုးမင်ချင်း အေးစက်တဲ့ အကြည့်တစ်ခု ကြည့်လိုက်တယ်...။ဒီလူတွေက သူ့ဆရာရဲ့ အောင်မြင်မူကို တကယ် ခိုးယူဖို့ ကြိုးစားနေကြတာပါ..။
အိပ်မက်ဆက်မက် နေလိုက်....
ပရော်ဖက်တာ ယန် ရဲ မျက်နှာမှာ မကျေနပ်မူတွေ ရှိနေပေမယ့် လင်းဖန် ကို ထွက်မသွားခိုင်းနိုင်ခဲ့ပါဘူး..။ယင်းနောက် သူ့ရဲ့ အသံဟာ ပြောင်းသွားခဲ့ပြီး..
"မာစတာ လင်း..ခနနေပါဦး..။တကယ်လို့ တစ်ခုခု အဆင်မပြေတာရှိရင် ကျွန်တော်တို့ ဆွေးနွေးလို့ ရပါသေးတယ်.."
"ဘာတွေများ ပြောစရာ ရှိသေးလို့လဲ..။ကျုပ်မှာ ဘာမှ ပြောစရာ မရှိတော့ဘူး..။အစောက ပြောခဲ့သလိုပဲ..ကျုပ် သင်ရိုးမှာ ခင်ဗျားတို့ နာမည် ရေးထိုးချင်တယ် ဆိုရင် အိပ်မက် ဆက်မက်နေလိုက်ကြ..။ဒီသင်ရိုးတွေက ကျုပ်ရေးထားတာ..ခင်ဗျားနဲ့ဘာမှမဆိုင်ဘူး.."
လင်းဖန် ပြန်တုန့်ပြန်လိုက်တာပါ..။ဒီလိုမှန်း သိရင် သူ အစောကြီးကတည်းက လာတောင် မလာခဲ့ပါဘူး..။
အောက်မှာ ထိုင်နေကြတဲ့ ပရော်ဖက်ဆာတွေဟာ လည်း ဝင်ပြောလိုက်ကြတယ်..။
"မာစတာ လင်း ဒေါသကို ထိန်းပါ..။ကျွန်တော်တို့ အေးဆေး ပြောလို့ ရပါသေးတယ်.."
"ဟုတ်တယ် မင်းရဲ့ သင်ရိုး ဖြန့်ဝေဖို့ ဆိုရင် ငါတို့ရဲ့ သဘောတူညီမူ လိုအပ်သေးတယ်လေ..။တကယ်လို့ ငါတို့ သဘောတူညီမူ မရှိရင် ဒီသင်ရိုးကို လွယ်လွယ်နဲ့ ဖြန့်လို့ ရမှာမဟုတ်ဘူး.."
"ဒီလောက ထဲမှာ ဒီသဘောတရားကို နားလည်ဖို့ လိုတယ်..မာစတာ လင်း..။နားလည်ရဲ့လား..."
လင်းဖန် သူ့ကိုကြည့်လိုက်ပြီး..
"ခင်ဗျား နှမ ရော နားလည်လား..။ကျုပ် ယီးမှ နားမလည်ဘူး..။ဒါက ဖြန့်ဝေလို့ မရဘူးဆိုရင်လည်း မသင်ကြနဲ့ပေါ့..။ကျုပ်က ဘာကို ကြောက်နေရမှာလဲ.."
"မာစတာ လင်း ကျုပ်တို့ အေးအေးဆေးဆေး ပြောနေတာနော်..။မင်း ရိုင်းရိုင်းစိုင်းစိုင်း မပြောလို့ မရဘူးလား.."
"မောက်မာတယ် တကယ်မောက်တာတယ်.."
လင်းဖန် အခုအတော်ကို မပျော်မရွှင်ဖြစ်နေခဲ့ပါပြီ..။
"ကျုပ် ဒီလို ပြောရတာကို ကြိုက်တယ် ..အဲတော့ ဘာဖြစ်လဲ..။ကျုပ်ထပ်ပြောလိုက်မယ်..ဒီသင်ရိုးပ ကျုပ်ကိုင်တိုင် ရေးထားတာပဲ..။ခင်ဗျားတို့ တစ်ခုခု လုပ်ရဲလို့ ကတော့ ကျုပ်ခွင့်လွှတ်မှာ မဟုတ်ဘူး.."
ပရော်ဖက်ဆာ ရဲ့ ရင်ထဲကမှာ ဒေါသအရှိန်တွေဟာ မြင့်တက်လာခဲ့ပါတယ်..။ဒီ ကလေးက သူ့အတွက်ဘာက ကောင်းမှန်း နားမလည်ပါဘူး..။သူ ပုံစံက အရင်က ရှုံးနိမ့်ဖူးတဲ့ ပုံမပေါ်ပေ..။သို့ပေမယ့် ပရောဖက်ဆာ ယန် တည်ငြိမ်အောင် ပြန်ထိန်းလိုက်ပါတယ်..။သူ လိုက်ပြီး ဒေါသထွက်လို့ မရပါဘူး..။တကယ်လို့ ကိစ္စအကြီးကြီး ဖြစ်သွားရင် ..လူရယ်စရာတွေ ဖြစ်ကုန်ပါလိမ့်မယ်..။
"မာစတာ လင်း ..မင်းတည်တည်ငြိမ်ငြိမ်ထားဖို့ မျော်လင့်တယ်...။တကယ်တော့ ငါတို့ဒီသင်ရိုးကိုအစမ်း ဖြန့်ဝေဖို့အတွက် လုပ်ပြီးသွားပြီ..။အခု ချက်ချင်းကြီး ပြန် သိမ်းဖို့ ဆိုတာက ငါတို့ အကုနိလုံး အတွက် မကောင်းနိုင်ဘူးလေ...။မင်းဒီလို အရေးကြီးတဲ့ အချက်ကို နားလည်သင့်တယ်.."
ဒါက အရင်လုပ်ဆောင်ပြီး နောက်မှ တင်ပြတဲ့ နည်းလမ်းပါပဲ..။ဒီသင်ရိုးကို သူတို့ နာမည်တွေ နဲ့ စာအုပ်တွေ ဖန်တီးပြီး အစမ်းဖြန့်ဝေပြီးသွားပါပြီ..။သူတို့ ဒီကိစ္စကို လင်းဖန်နဲ့ မတိုင်ပင်ခဲ့ကြပေ..။အစမ်းဖြန့်ဝေမူမှာ သူတို့ နာမည်ဆယ်ခုကို ထည့်သွင်းထားခဲ့ပါတယ်..။တကယ်လို့ ဒါတွေကိုသာ ပြန်လိုက်သိမ်းရင် တကယ်ဟာသကြီး ဖြစ်သွားတော့မှာပါ..။
ကျိုးမင်ချင်း တစ်ချိန်လုံး ငြိမ်သက်နေကြပေမယ့်..ဒါကို ကြားတဲ့ အချိန်မှာ ငြိမ်မနေနိုင်တော့ပေ..။
"မင်းတို့က တကယ် ဓားပြတွေပဲ..။မင်းတို့ တကယ် အစမ်းဖြန့်ဝေခဲ့တာလား....."
ဒီလူတွေ သူတို့သဘောနဲ့သူတို့ တကယ် အစမ်းဖြန့်ဝေခဲ့လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။တကယ်လို့ သူတို့သာ အစမ်းဖြန့်ဝေပြီးသွားပြီ ဆိုရင်.. ဒါက ရေထဲကို ကျသွားသလိုပါပဲ. ။ပြန်ပြီး ..ဆယ်ယူဖို့ ခက်ခဲသွားခဲ့ပါပြီ..။
အတကယ်လို့ အပြင်လူတွေ သိသွားရင် အနှုတ်လက္ခဏာ ဆောင်တဲ့ အမြင်တွေ ထွက်ပေါ်လာတော့မှာပါ..။
လင်းဖန် လံူးဝတည်ငြိမ်သွားခဲ့တယ်..။
"ပရောဖက်ဆာ ယန် ခင်ဗျား ကျုပ်ရဲ့ သင်ရိုးကို ကျုပ်မသိပဲ ဖြန့်ဝေခဲ့တယ်ပေါ့.."
ပရော်ဖက်ဆာ ယန် အနည်းငယ် ရှက်ရွံ့သွားခဲ့ပြီး..
"မာစတာ လင်း..အရမ်းဒေါသထွက်နေမယ် ဆိုတာ ကျွန်တော် သိပါတယ်..။ဒါပေမဲ့ မာစတာ လင်း ကျေနပ်အောင် ကျွန်တော် တဲ့ ပြန်လုပ်ပေးပါ့မယ်.."
"ငါတို့ မင်းကို အလျော်ပြန်ပေးလို့ ရတယ်လေ..။ဥပမာ နိုင်ငံတကာ အဆင့်..ဆေပညာ ဖလှယ်ပွဲမှာ တက်ရောက်ခွင့်ပေးတာ..ဒါမှမဟုတ် မင်းအတွက် သီးသန့် နိုင်ံအဆင့် အစည်းအဝေး ကျင်းပပေးတာမျိုးပေါ့..။ဒါဆို မင်း အချိန်အနည်းငယ် အတွင်း ကျိန်းသေ ကျော်ကြားလာမှာပဲ.."
"ကောင်းပြီ ပါးစပ်ပိတ်ထားလိုက်တော့..။ခင်ဗျားတို့က အဖိုးကြီးတွေ ဆိုတော့ ကျုပ်ကြမ်းကြမ်းတမ်းတမ်း နည်းတွေ မသုံးတော့ဘူး..။ခင်ဗျားတို့သာ ဒီထက် အသက် ၂၀ လောက်ငယ်ရင် မြေကြီးပေါ်မှာ မှောက်နေလောက်ပြီ.."
လင်းဖန် ထပ်ပြီး မပြောချင်တော့ပါဘူး..။သူထွက်သွားဖို့ ပြောလိုက်တယ်..။
ဒါကဘယ်လို ကစားပွဲလဲ...
သူတို့က ဘာ တိုင်ပင်မူမှ မရှိပဲ သူတို့နာမည်တွေ ထည့်ပြီး ဖြန့်ဝေပစ်ခဲ့တာပါ..။
စင်နောက်မှာ တစ်ချိန်လုံး ပုန်းနေတဲ့ ခေါင်းဆောင်ဟာ ကြောင်အသွားခဲ့တယ်.။အခြေအနေတွေ ဒီလိုဖြစ်လာလိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ပါဘူး..။
ဒီလူတွေက အခုထိ သဘောတူညီမူ မရသေးပေ..။
"ဘာတွေ ဖြစ်နေကြတာလဲ..။ကျုပ် ခနမရှိတာနဲ့ ခင်ဗျားတို့က ငြင်းခုန်နေကြတာလား.."
သူစင်နောက်ကနေ အမြန်ထွက်လာခဲ့တာပါ..။တက
ယ်လို အခြေအနေတွေက ပိုပြိီး ထိန်းချုပ်ရခက်လာရင် ဆိုးရွားသွားနိုင်ပါတယ်..။
ပရောဖက်ဆာ ယန်ဟာ လင်းဖန် မမြင်အောင် ခေါင်းဆောင်ကို ခေါင်းညိမ့်ပြလိုကိတယ်..။သူ့ရဲ့ အဓိပ္ပါယ်က ရှင်းပါတယ်..။သူတို့ ခေါင်းဆောင်ရဲ့ အကူညီကို လိုအပ်နေပါပြီ..။
ပညာရေးဌာန ခေါင်းဆောင်ဟာ ပြုံးပြီးရှေ့ကို တက်သွားကာ..လင်းဖန်ရဲ့ ပုခုံးကို ပုတ်လိုက်တယ်..။
"ဘာတွေဖြစ်နေတာလဲ မာစတာ လင်း..။ဘာတွေဖြစ်နေတာလဲ..။ဘာတွေဖြစ်နေတာ မိုလို့ အေးအေးဆေးဆေး မပြောကြတာလဲ..."
လင်းဖန် သူ့ကို ကြည့်လိုက်ပြီး..
"ခင်ဗျား အခြေအနေကို သိ်ပြီးမယ်လို့ ထင်ပါတယ်.."
ခေါင်းဆောင်ဟာ ခနလောက် တိတ်ဆိတ်ပြီး ခေါင်းညိမ့်လိုက်တယ်..။
"ဒါက ကျုပ် ဝင်မပြောသင့်မှန်း သိပါတယ်..။ဒါပေမဲ့ မာစတာ လင်း ကျုပ်ကို မျက်နှာသာ ပေးမယ် လို့ မျှော်လင့်ပါတယ်..။အားလုံးက ဒီကိစ္စကြောင့် မာစတာ လင်းကို အကြွေးတင်သွားကြပြီလေ..နော်.."
သူ ဆုံးအောင်မပြောလိုက်ရပေ..။
လင်းဖန်လက်ဝေ့ယမ်းလိုက်ပြီး..
"ဒီအကြောင်းမပြောနဲ့တော့..။လူတွေ ကျုပ်အပေါ်အကြွေးတင်နေတာကို တကယ်မကြိုက်ဘူး..။ဒီကိစ္စကို အေးဆေး ဖြေရှင်းကြတာပေါ့.."
ခေါင်းဆောင်းဟာ လင်းဖန်ကို ရပ်တန့်လိုက်တယ်...
"မာစတာ လင်း ဘာလို့ ခေါင်းမာနေတာလဲ..။တကယ်လို့ အခြေအနေတွေ ထိန်းချုပ်ရခက်သွားရင်..ဆေးပညာလောက အတွက် မကောင်းဘူးလေ..။ပြီးတော့ ဒီလူတွေ အကုန်လုံးကို အပြစ်ပြုမိရင် မင်းရဲ့ အနာဂတ်အတွက်လည်း အကောင်းနိုင်ဘူး.."
"မင်ချင်း သွားကြမယ်.."
လင်းဖန် ပြန်လှည့်မကြည့်ပဲ ပြောလိုက်တာပါ..။
ကျိုးမင်ချင်း အကုန်လုံးကို နောက်ဆုံးတစ်ခေါက်ကြည့်ပြီး ထွက်သွားခဲ့တယ်..။
သူတို့ ထွက်သွားပြီး နောက်မှာ အကုန်လုံးက ဒေါသထွကိသွားခဲ့ပါတယ်..။
"ဒါက ဘယ်လို ကစားပွဲလဲ..။သူ့ကိုယ်သူ ဘာထင်နေလဲ.."
"ပရော်ဖက်ဆာ ယန်..ဘယ်လိုလုပ်မလဲ.."
ပရော်ဖက်ဆာ ယန်ဘာမှ ပြန်မဖြေခဲ့ပေ..။ခေါင်းဆောင်ဟာ ခေါင်းခါယမ်း လိုက်ပြီး..
"ကျုပ်ကတော့ ဘာမှ ဖြစ်လိမ့်မယ် မထင်ဘူး...။သူက ဥာဏ်ကောင်းတဲ့ လူငယ်တစ်ယောက်ပဲလေ..။သူ့အတွက် ဘာက ကောင်းလဲ ဆိုတာသိပါတယ်..။သူသာ တစ်ခုခု လုပ်ရင် လူတိုင်းရဲ့ ရန်သူ ဖြစ်သွားလိမ့်မယ်..။ကျိုးမင်ချင်းအတွက်ကတော့ ကျုပ်နောက်မှ သူနဲ့ပြောလိုက်မယ်..။သူ နားလည်နိုင်မှာပါ.."
လူတိုင်းသက်ပြင်းချလိုက်ကြပါတယ်..။အကုန်အဆင်ပြေနေရင် အကောင်းဆုံးပါပဲ..။
သို့ပေမယ့် ဒီကောင်လေးက တကယ် ခေါင်းမာလွန်းတာပါ..။သူတို့ ဒီလိုမျိုး အရင်က အများကြီး လုပ်ဖူးပေမယ့် ဒီလို အခြေအနေမျိုး မကြုံခဲ့ရပေ..။
ထပ်ပြောရရင် ဒီလောကမှာ မဖြေရှင်းနိုင်တဲ့ ကိစ္စဆိုတာ မရှိပါဘူး..။တစ်ခုတည်းသောအရာက အကုန်လုံး ကျေနပ်ကြဖို့ပါပဲ..။
အပြင်ဘက်..။
လင်းဖန် အတော်စိတ်မကောင်းဖြစ်နေခဲ့တယ်...။သူ့ရဲ့ကြည်လင်နေတဲ့ ခံစားချက်လေးကို ဒီလူတွေက ဖျက်ဆီးပစ်လိုက်ပါပြီ..။
"စိတ်အေးအေးထားပါ ဆရာ..။ဒီလူတွေက စိတ်တိုဖို့ မထိုက်တန်ပါဘူး..။တကယ်လို့ ဒီကိစ္စကြောင့် ကျန်းမာရေး ထိုက်ခိုက်မယ် ဆိုရင် ဒါမတန်ဘူးလေ.."
လင်းဖန် အစည်းအဝေး အဆောက်အဦးကို ကြည့်လိုက်ပြီး...
"တကယ်လို့ ခင်ဗျားတို့ ကစားချင်တယ် ဆိုရင်လည်း ..ကျုပ်အေးအေးဆေးဆေး ကစားပေးမှာပေါ့.."