← Chapters

ပေါက်ကွဲမူ

Vol. 37 Ch. 546

ပေါက်ကွဲမူ

Vol. 37 Ch. 546

#ဘာသာပြန် = စနိုးဝှိုက်

တိမ်ဖြူလမ်း..။

ဆိုင်ထဲတွင်..။

လူလိမ် ထျန် လင်းဖန်တို့ နှစ်ယောက်ကို ပဟေဠိဖြစ်စွာ ကြည့်လိုက်ပြီး..

"မင်းတို့ ဘာဖြစ်နေကြတာလဲ..။ဘာလို့ မပျော်မရွှင်ဖြစ်နေကြတာလဲ..။တစ်ခုခု ဖြစ်ခဲ့လို့လား.."

ကျိုးမင်ချင်း လူလိမ် ထျန်ကို ဘာမှ ပြန်မပြောခဲ့ပေ..။သူ လင်းဖန်ကိုသာ ကြည့်ပြီး ပြောလိုက်တယ်..။

"ဆရာ..သူတို့က အတော်ဆိုးရွားတာပဲ..။ဒါက ခိုးတဲ့အဆင့်ကိုတောင် ရောာက်သွားပြီ.."

"သူတို့ ဘာတွေ ခိုးလို့လဲ."

လူလိမ် ထျန် သိချင်စွာ မေးလိုက်တာပါ..။

ကျိုးမင်ချင်း ဒေါသထွက်စွာ ပြောလိုက်တယ်..။

"ဘာများ ဖြစ်နိုင်မှာ မို့လို့လဲ..။ဒါပေါ့..ဆရာရေးထားတဲ့..သင်ရိုး ပေါ့..။ဒီလူတွေက တကယ် လူလိမ်တွေ..။သူတို့က ကျုပ်ဆရာရဲ့ သင်ရိုးမှာ သူတို့ နာမည်ကို ရေးထိုးချင်နေကြတာလေ..။သူတို ဘာလို့ ဒီလောက်အထိ အရှက်မရှိကြတာလဲ မသိဘူး..။ကျွန်တော် ထင်တာတော့ သူတို့ ဒါမျိုး မကြာခန လုပ်ကြတယ် ထင်တယ်.."

လူလိမ် ထျန် အခြေအနေကို သဘောပေါက်သွားခဲ့တယ်..။

"ချီးပဲ ဒီကောင်တွေ အတော်အရှက်မဲ့ ပါလား.."

ဝူယူလန် လည်း ဒါကိုကြားပြီး ဒေါသထွက်သွားခဲ့တယ်..။အစ်ကိုလင်း ကြိုးစားပမ်းစား ရေးထားတဲ့ အရာကို သူတို့တွေက လွယ်လွယ်လေး ခိုးယူသွားကြတာပါ..။

သူတို့ လူတွေရော ဟုတ်ရဲ့လား..

လူလိမ် ထျန် ဆက်ပြောလိုက်တယ်..။

"မင်း ဒါကို သည်းခံနိုင်လား.."

လင်းဖန် မကြည်မလင်ဖြစ်နေခဲ့တယ်..။

"ကျုပ်ဖင်ကြီးကို သည်းခံနိုင်ပါလား..။ဒီလူတွေသာအဖိုးကြီးတွေ မဟုတ်ရင် သေအောင် ရိုက်နှက်ပြီးနေလောက်ပြီ..။ထပ်ခြားလူတွေ သည်းခံနိုင်ရင်တောင် ကျုပ်တော့ သည်းမခံနိုင်ဘူး..။ထပ်ပြောရရင် ဒီနေ့ သူတို့ဆက်ဆံပုံကြည့်ရတာ အစောကြီးကတည်းက ကြံစည်းထားကြပုံပဲ.."

*ကလင် ကလင် *

အဲ့အချိန်မှာပဲ ကျိုးမင်ချင်းရဲ့ ဖုန်းမြည်လာခဲ့တယ်..။

ဖုန်းခေါ်တဲ့ လူကို မြင်တဲ့ အချိန်မှာ ကျိုးမင်ချင်း မပျော်မရွှင်ဖြစ်သွားခဲ့ပါတယ်..။

"ဆရာ.ပညာရေး ဌာနက တစ်ယောက်ယောက် ဖုန်းခေါ်နေတယ်.."

"ဖြေလိုက်.."

လင်းဖန် ပြောလိုက်တာပါ..။

ဖုန်းကိုင်လိုက်တဲ့အချိန်မှာ ခေါင်းဆောင်ရဲ့ အသံကို ကြားလိုက်ကြရတယ်..။

"ဒါရိုက်တာကျိုး ခင်ဗျားတို့ ဒီကိစ္စကို အလျင်မလို သင့်ဘူး..။ကျုပ် အခု သူတို့နဲ့ ဆွေးနွေးနေတာ..။ဒါက သူတို့ရဲ့ အမှားဖြစ်တာကြောင့် ကျုပ်သေချာ ကိုင်တွယ် မှာပါ..။ကျေးဇူးပြုပြီး ဒါကို မာစတာ လင်းကို လည်း ပြောပေးပါဦး.."

ကျိုးမင်ချင်း ဒေါသထွက်စွာ ပြောလိုက်တယ်..။

"သူတို့ ဒီကိစ္စမှာ ဘယ်လောက် စည်းကျော်လဲ ခင်ဗျားသိလား..။ကျုပ် ဆရာရဲ့ ခွငိ့ပြုချက်မရှိပဲ သူတို့နာမည် ရေးထိုးတဲ့ အပြင့် စာအုပ်ကိုပါ ဖြန့်ဝေ့လိုက်တယ်..။သူတို့က ကျုပ်ဆရာ ကို ဘာမှ မဟုတ်သလို ဆက်ဆံနေကြတာပဲ.."

ခေါင်းဆောင် ပြောလိုက်တယ်..။

"ကျုပ်သိပါတယ်..။ခင်ဗျားရဲ့ ဆရာကိုလည်း စိတ်မပူဖို့ ပြောလိုက်ဦး..။ကျုပ်သူတို့ကို ထုတ်ပြန်ချက် ကြေညာ ခိုင်းလိုက်မယ်..။

ကျိုးမင်ချင်း ပြောလိုက်တယ်..။

"ထုတ်ပြန်ချက်က ဘာမှမဖြစ်ဘူး..ဒါပေမဲ့ သူတို့ ဖြန့်ဝေထားတဲ့ သင်ရိုးတွေ အကုန်ပြန်သိမ်းပြီး သူတို့နာမည်တွေ ဖယ်ထုတ်ရမယ်.."

"ဒါရိုက်တာကျိုး..ဖြစ်တာက ဖြစ်ပြီးသွားပြီလေ..။အခုမှ သူတို့ဝေထားတဲ့ စာအုပ်တွေကို ပြန်သိမ်းပြီး နာမည်တွေ ဖျက်မယ်ဆိုရင် ပြသနာ တွေ ပိုကြီးသွားလိမ့်မယ်..။ဒါကို လုပ်တာက..သူတို့ရဲ့ အသက်တွေကို ပေးဖို့ တောင်းဆိုသလိုပဲ..။မာစတာ လင်းနဲ့ ခင်ဗျားတို့ ဒီတစ်ကြိမ်ပဲ ကျော်သွားပေးပါ..။ကျုပ် ဒါမျိုး နောက်တစ်ကြိမ်မဖြစ်စေရဘူး လို့ အာမခံပါတယ်.."

ခေါင်းဆောင်က ပြောလိုက်တာပါ..။

မာစတာ လင်းက ဘာလို့ ခေါင်းမာနေတာလဲ..။တစ်ကယ်လို့ တစ်ခြားလူသာဆို စကားကို ဒီလောက်အထိ ပြောနေစရာတောင် မလိုတော့ပါဘူး..။ဘာပဲဖြစ်ဖြစ် သင်ရိုးမှာ သူ့နာမည်တစ်ခုထဲ ပါတာထက် စာရင် စီနီယာတွေရဲ့ နာမည်ပါ ပါနေတာက ပိုကောင်းပါတယ်..။

ပြီးတော့ ဒါက ပိုပြီး ကောင်းကျိုးရှိပါတယ်..။ဥပမာ သူရဲ့ အစဥ့္အတန်းမြင့်သွားပြီး ပိုလည်း လူသိများဦးမှာပါ..။ဒါက လူတိုင်းလိုချင်နေတဲ့ အရာပါပဲ..။

မာစတာ လင်းက အတော်ခေါင်းမာ လိမ့်မယ် လို့ သူ မထင်ထားခဲ့ပေ..။

ကျိုးမင်ချင်းရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်..။သူ ယုံတောင် မယုံနိုင်တော့ပါဘူး.. ။

"ခင်ဗျားတောင်မှ သူတို့နဲ့ အလိုတူ ပဲလား.."

ခေါင်းဆောင်ဖြစ်သူ ရှက်ရွံ့သွားခဲ့တယ်..။သူ ဒါမျိုးကို ထောက်ခံ တာမဟုတ်ပေမယ့် စည်းမျဥ္းတစိခုလို ဖြစ်နေပါပြီ..။

လင်းဖန် သူတို့ရဲ့ အရေးမပါတ​ဲ့ စကားတွေကို နားမ​ေထာင် ချင်တော့ပေ..

"ဖုန်းချလိုက်..။ပြီးရင် သူတို့ကို ကိစ္စတွေကြီးလာရင် ရင်ဆိုင်ဖို့ စောင့်နေလိုက်လို့ ပြောလိုက်.."

ခေါင်းဆောင်ဟာ လင်းဖန်ရဲ့ အသံကို ကြားတဲ့ အခါမှာ ပြောလိုက်တယ်..။

"မာစတာ လင်း အလျင်စလို မလုပ်ပါနဲ့.."

ကျိုးမင်ချင်း စကားတွေ အများကြီး မပြောပေ..။သူ ချက်ချင်း ဖုန်းချလိုက်တယ်..။တကယ်လို့ သူ့ဆရာက သူချက်ချင်း ဖုန်းချလိုက်ဖို့ပဲ လိုအပ်ပါတယ်..။ဘာမှ ထပ်ပြီး တွေးနေစရာ မလိုအပ်ပါဘူး..။

"ဆရာ ကျွန်တော်တို့ ဘာလုပ်သင့်လဲ.."

ကျိုးမင်ချင်း မေးလိုက်တာပါ..။

လင်းဖန် ရယ်မောလိုက်တယ်..။

"သူတို့က ကစားချင်နေတာလေ..ဟုတ်တယ်မလား.။ဒီလိုဆိုတော့..ကျုပ်တို့ သူတို့နဲ့ အေးဆေးကစားကြတာပေါ့..။သူတို့ ဒီလို အရာမျိုးကို တောင် လုပ်ရဲ့တယ် ဆိုတော့ ကျုပ်ကို အနိုင်ကျင့်တာ သိပ်လွယ်တယ်လို့ ထင်နေတဲ့ ပုံပဲ.."

သူ ဝိုက်ဘိုကို ဖွင့်လိုကိတယ်..။

သူ ဒီကိစ္စကို လူသိရှင်ကြား ဖြစ်အောင် ကြေညာမှ ရမှာပါ..။သူတို့ ဘယ်လို နောက်ခံမျိုးရှိတယ် ဆိုတာကို သူ ဂရုမစိုက်ပါဘူး..။သူတို့ က တကယ်ကို စိတ်ပျက်ဖို့ ကောင်းတဲ့လူတွေပါ..။

"ဒီနေ့ ကျွန်တော် စိတ်ပျက်စရာ ကိစ္စတစ်ခုကို ကြုံခဲ့ရတယ်..။ကျုပ် အပင်ပန်းခံပြီး ရေးထားရတဲ့ သင်ရိုးစာအုပ် သုံးခုကို..တစ်ခြားလူတွေက ကျုပ်မသိပဲ သူတို့နာမည်တွေနဲ့ ရေးထိုးပြီး ထုတ်ဝေ ခဲ့ကြတယ်လေ..။ထပ်ပြောရရင်..ပညာရေးဌာနရဲ့ ခေါင်းဆောင်ကလည်း တာဝန်ယူမူ ကင်းမဲ့စွာနဲ့ ဒီကိစ္စက ပုံမှန်ပဲလို့ ပြောနေတယ်..။သူပြောတာက ကျွန်တော် သာ သဘောတူရင် နားလည်မူ အနေနဲ့ တစ်ခုခု ပြန်ပေးမယ်တဲ့..။ကျုပ်ကတော့ ဘယ်လို နားလည်မူကိုမှ လက်ခံသွားမှာ မဟုတ်ဘူး..။ဒီနေ့ ကျွန်တော် အမှန်တရားကို ထုတ်ဖော်လိုက်ပြီ..။အရည်အချင်းရှိတဲ့ လူငယ်လေးတွေ ဘယ်လောက်တောင် ခိုးယူခံနေရပြီလဲ ဘယ်သူသိမှာလ​ဲ..။

လင်းဖန် ရဲ့ လက်တွေဟာ ဖုန်းပေါ်မှာ လျင်မြန်စွာ ရွေ့လျားနေပြီး ပိုစ့်အရှည်ကြီးတစ်ခုကို တင်လိုက်ပါတယ်..။တစ်ချိန်တည်းမှာပဲ သူ ကျိုးမင်ချင်းကို နာမည်ရေးထိုးခဲ့တဲ့ လူဆယ်ယောက်ကို ရှာခိုင်းပြီး ပို့စ်ထဲမှာ ထပ်ထည့်လိုကိတယ်..။

ပို့စ်တင် လိုက်တယ်..။

ဒီ ဝိုက်ဘို ပိုစ့် ပေါ်လာပြီးတဲ့ နောက်မှာ လူများစွာရဲ့ အာရုံစိုက်မူကို ရလိုက်ပါတယ်..။

"ချီးပဲ..မာစတာ လင်း ပို့စ်တင်လာပါလား..။ဒီတစ်ခါရော ဘာဖြစ်ပြန်ပြီလဲ.."

"မာစတာ လင်းရေးထားတဲ့ တရုတ်ဆေးပညာ သင်ရိုးကို တစ်ခြားလူတွေ..က နာမည်ခိုးယူကြတာလား..။ဒါက စောက်အဓိပ္ပါယ် မရှိတာပဲ.."

"ပရော်ဖက်ဆာ ယန် ..ယန်လိန်ဟွား..။ဒါက စပါယ်ရှယ်လစ် မျိုးဆက်အဟောင်း ကြီးတွေ မဟုတ်ဘူးလား.။ငါ သူရေးတဲ့ တရုတ်ဆေးပညာစာအုပ်ကို ဖတ်ဖူးတယ်.."

"ချီးပဲ..အတော်အရှက်မရှိပါလား..။သူတို့ဒီလိုအရာကို တကယ်လုပ်ရဲတယ်.."

"မာစတာ လင်းက နောက်တစ်ခုကို ဖော်ထုတ်လိုက်ပြန်ပြီ..။ဒီတစ်ခါတော့ သူ ကိုယ်တိုင်..ခံထားရတာ.."

ကျိုးမင်ချငိး ယဥ္ကျေးစွာ မေးလိုက်တယ်..။

"ဆရာ ဒါက အသုံးဝင်ပါ့မလား.."

လင်းဖန် ရယ်မောလိုက်ပြီး..

"ဘာလို့ အသုံးမဝင်ရမှာလဲ..။ဒီနေ့ခေတ်က အင်တာနက် ခေတ်ပဲ..။ဒါက သတင်းအမြန်ဆုံး ပျံ့ဖို့ နည်းလမ်းပဲလေ.."

ကျောက်ကျန်းယန် ပြောလိုက်တယ်..။

"အစ်ကိုလင်း..ကျွန်တော်လည်း ကြေညာလိုက်မယ်..။ကျွန်တော်တို့ဒိီကိစ္စကို ကြီးအောင်လုပ်မှ ရမယ်လေ.."

အစည်းအဝေးထဲမှာတော့..ကျန်တဲ့လူတွေဟာ..အခုထိ ထွက်မသွားခဲ့ပါဘူး..။သူတို့ ဆက်ပြီးဆွေးနွေးနေခဲ့ကြတာပါ..။

သို့ပေမယ့် ရုတ်တရက်..။

စပါယ်ရှယ်လစ် တစ်ယောက်ဟာ အော်လိုကိတယ်..။

"အမြန်..ဝိုက်ဘိုကို ကြည့်လိုက်ပါဦး..။ဒီကောင် ရူးသွားပြီထင်တယ်.."

"ဘာဖြစ်လို့လဲ.."

တစ်ခြားလူတွေက ဘာတွေဖြစ်နေမှန်း မသိကြသေးပါဘူး..။သိူ့ပေမယ့် သူတို့ ဝိုက်ဘိုကို ဖွင့်လိုက်တဲ့ အချိန်မှာ ကြောင်အသွားခဲ့ကြတယ်..။

"ဒီငနဲ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ.."

"သူ တကယ် အင်တာနက်ပေါ်တင်လိုက်တာလား..။သူက ဂုဏ်သိက္ခာ တွေ ဘာတွေကို ဘာမှ ထည့်မတွက်တော့ဘူးပဲ.."

"ငါတို့ ဘာဆက်လုပ်ကြမလဲ ပရော်ဖက်ဆာ ယန်..။ခေါင်းဆောင်ရဲ့ နာမည်ကိုတောင် သူက ထည့်ထားတာလေ.."

ပညာရေး ဌာန ခေါင်းဆောင်ဟာ ဒီသတင်းကို မြင်တဲ့ အချိန်မှာကြောင်အသွားပြီး ထအော်လိုက်ပါတယ်..။

"ဒီကောင် ဘယ်လိုလုပ်ပြီး.."

ပရော်ဖက်ဆာ ယန် ရဲ့ မျက်နှာကတော့ ဖြူဖျော့နေခဲ့ပါပြိီ..။သူ ဒီလို ဖြစ်လာမယ်လို့ လုံးဝ ထင်မထားခဲ့ပါဘူး..။ယင်းနောက် သူ ခေါင်းဆောင်ကို ကြည့်လိုက်ပြီး..

"ကျုပ်တို့ အခု ဘာလုပ်ကြမလဲ.."

ခေါင်းဆောင်ဟာ ကျိုးမင်ချင်းကို ချက်ချင်းဖုန်းခေါ်လိုကိပေမယ့် ဖုန်းဟာ ' တီ တီ ' လို့သာ မြည်ပြီး ပြန်ပြုတ်ကျသွားခဲ့ပါတယ်..။

"ကျိုးမင်ချင်း ဘာတွေတွေးနေတာလဲ..။သူက ငါ့ရဲ့ ဖုန်းတောင် မကိုင်တော့ဘူး.."

ပရော်ဖက်ဆာ ယန်ဟာ..မကြည်မလင် ဖြစ်နေတဲ့ မျက်နှာနဲ့ ပြောလိုက်တယ်..။

"ဘာမှ ထိပ်လန့်စရာ မလိုဘူး..။သူက ဒီအကြောင်းကို တစ်ယောက်တည်းပြောနေတာလေ..သူပြောတာကို လူတွေက ဒီတိုင်းယုံလိုက်ရမှာလား..။ကျုပ်တို့က သူ့ရဲ့ သင်ရိုးကို ပြန်ပြင်ဆင်ထားတဲ့ လူတွေဆိုတော့ ကျုပ်တို့နာမည်ရေးထိုးတာ ဘာမှမမှားဘူး.."

"ဒါ ငါတို့လုပ်ရမယ့် အရာပဲ..။ငါတို့ ရဲ့ လွမ်းမိုးနိုင်စွမ်းတွေကို သုံးပြီး ဒီကိစ္စကို ဖုံးပစ်ရမယ်.."

"ဒီကလေး က ဘယ်အရာက ကောင်းလဲ ဆိုတာ တကယ် မသိဘူးပဲ..။ဒါက ဘယ်လောက်ကြီးမားတဲ့ အကျိုးဆက်ဖြစ်လာမလဲ ဆိုတာ မသိဘူးလား..."

"ဟမ့်.."

အဲ့့အချိန်မှာတော့ ဒိီကိစ္စဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့ပြီး ပေါက်ကွဲထွက်နေခဲ့ပါပြီ..။

All Chapters