ငါ့နှလုံးသားက ခံစားလို့အဆင်ပြေသွားပြီ
Vol. 37 Ch. 547
#ဘာသာပြန် = စနိုးဝှိုက်
ကျိုးမင်ချင်း ပြောလိုက်တယ်..။
"ဆရာ သူ ကျွန်တော်ကို ဖုန်းခေါ်နေတာ လေးခါလောက်ရှိနေပြီ.."
လင်းဖန် အေးစက်စွာ ပြန်ပြောလိုက်တယ်..။
"အခုမှတော့ နောင်တရဖို့ နောက်ကျသွားပြီ.."
မြို့သားတွေဟာ အင်တာနက်ပေါ်မှာ ဆွေးနွေးနေခဲ့ကြတယ်..။
"ဒါအမှန်ပဲလား..။ဒီလူတွေက တကယ် စည်းကျော်နေပြီပဲ.."
"ငါ အစောကတည်းက ပြောသားပဲ..။ငါတို့ နိုင်ငံမှာ စီနီယာ ကျမူကို အခွင့်ကောင်းယူပြီး..အမြတ်ထုတ်ချင်တဲ့ လူတွေ အများကြီးပါလို့.."
"မာစတာ လင်းသင်ရိုး အသစ်ရေးနေတာကို ငါတိုြ အကုန်လုံး သိထားတယ်လေ..ဒါပေမဲ့..ငါ ဒီလို ဖြစ်လာမယ်လို့ မထင်ထားခဲ့ဘူး.."
"ဟေး..အဲဒီ စီနီယာ စပါယ်ရှယ်လစ် တွေကလည်း ဒိီနားဝန်းကျင်ကပဲ မလား..။သူတို့ ရေးထားတဲ့ သင်ရိုးတွေ အများကြီးပဲလေ..။အဲတာတွေတောင် ဒီနည်းလမိးကို သုံးထားတာ ဖြစ်နိုင်တယ်နော်.."
….
"ဘာလို့ ဒိီလူတွေ အခုထိ တစ်ခွန်းမှ မဟ သေးတာလဲ..။မာစတာ လင်းကတော့ ဒိီကိစ္စကို ဒီတိုင်းလွှတ်ပေးမှာ မဟုတ်ဘူး..။သူတို့ အခုချိန်တကယ် ကြောက်လန့်နေလောက်ပြီ.."
…
လင်းဖန် အင်တာနက် အခြေအနေတွေကို အဆက်မပြတ် စောင့်ကြည့်နေခဲ့ပါတယ်..။အရာရာတိုင်းက ငြိမ်းချမ်း နေပေမယ့် ဘယ်သူကမှ တော့ထွကိမလာသေးပါဘူး...။ဒီလူတွေ ဖြေရှင်းဖို့ နည်းလမ်းစဥ္းစားနေတာ ဖြစ်နိုင်ပါတယ်..။
နောက်တစ်ရက်..။
မနက်ခင်းတွင်..။
အစက ဘာမှ မပြောခဲ့တဲ့ စီနီယာ စပါယ်ရှယ်လစ် တွေ ပေါ်ထွက် လာခဲ့ပါတယ်..။
ပရော်ဖက်ဆာ ယန် ရဲ့ ဝိုကိဘို : "သင်ရိုးမှာ ကျုပ်တို့ရဲ့ နာမည်ကို ရေးတာက ပုံမှန်ပါပဲ..။မာစတာ လင်းရဲ့ သင်ရိုးကို ကျုပ်တို့ ပရော်ဖကိဆာတွေ စစ်ဆေးတဲ့ အချိန်မှာ ဒိီထဲက ဆယ်ယောက်က မှားယွင်းနေတဲ့ အစိတ်အပိုင်းကို တွေ့ပြီး ပြန်လည် ပြင်ဆင်ခဲ့ကြတယ်..။သင်ရိုးမှာ ပြင်ဆင်ထားတာကြောင့် နာမည်ရေးထိုးတယ် ဆိုတာကလည်း ပံူမှန်အရာပါပဲ..။ဒါပေမဲ့ မာစတာ လင်းက ဒါကို သဘောမတူဘူး..။မာစတာ လင်း ကျုပ်တို့ကို အထင်လွဲတာက တကယ်ရှက်စရာ ပါပဲ..။ကျွန်တော်တို့ တောင်းပနိပါတယ်.."
ပရော်ဖက်ဆာ ဝမ် ရဲ့ ဝိုက်ဘို :" သင်ရိုးအသစ်ရဲ့ သင်ခန်းစာ တွေက အရမ်းကို ကောင်းမွန်ပါတယ်..။ကျုပ်တို့ ပရော်ဖက်ဆာ ဆယ်ယောက်က ရက်ပေါင်းများစွာ စစ်ဆေးပြီးတဲ့ နောက်မှာ အမှားတစ်ချို့ကို တွေ့ခဲ့ကြတယ်လေ..။ဒါကို ကျုပ်တို့က ပြန်ပြင်လိုကိပေမယ့် မာစတာ လင်းက ကျုပ်တို့ကို သူ့အောင်မြင်မူ ခိုးယူတဲ့ လူတွေ အဖြစ်အထင်လွဲ လိမ့်မယ် လို့ မထင်ထားခဲ့ဘူး..။ဒါက တကယ်နားလည်မူလွဲတာပါ..။ဒီကိစ္စက ပုံမှန်ပဲ ဆိုတာကို မာစတာ လင်းနားလည်မယ်လို့ မျှော်လင့်ပါတယ်.."
ယင်းနောက် တစ်ခြား ပရော်ဖက်ဆာ တွေလညိး စကားပြောလာခဲ့ကြတယ်..။ဒါပေါ့ သူတို့က ပရော်ဖက်ဆာ ယန်နဲ့ ကျန်တဲ့လူတွေကို ထောက်ခံပေးနေကြတာပါ..။
သူတို့က သွေးပူစေတဲ့ စကားလုံးတွေနဲ့ လင်းဖန်ကို ဦးတည်ပြီး ပြောနေကြတာပါ..။
ပရော်ဖက်ဆာ ကျန်း : "ဒါက တကယ်ရှက်စရာပဲ..။အစကတော့ ကျုပ်တို့ ဒီသင်ရိုးက သင်ခန်းစာတွေကို မြင်တဲ့ အချိန်မှာ မာစတာ လင်းကို အထင်ကြီးသွားကြတာ..။ဒါက ရှက်စရာပဲ..သူက အောင်မြင်မူနဲ့ ချမ်းသာမူကို ဒီလောက်အလေးထားတဲ့ လူဖြစ်နေမယ်လို့ ကျုပ်တို့ မထင်ထားဘူး...။ကျုပ်တို့ စီနီယာ တွေက အမှားကို ပြင်ပေးရပေမယ့် နောက်ဆုံးမှာ..ဒီလိူ ကျိန်ဆဲ ခံနေရတယ်လေ..။ဒါက တကယ်စိတ်မကောင်းစရာပဲ.."
စီနီယာ ပရော်ဖက်ဆာ တွေနဲ့ ရင်းနှီးတဲ့ လူတွေပါ ရပ်တည်ပေးလာခဲ့ကြပါတယ်..။တစ်ချိန်တည်းမှာပဲ သူတို့ လင်းဖန်ကို အပြစ်တင်လာကြတယ်..။
"မာစတာ လင်းက တကယ်စည်းကျော်လွန်းတယ်..။စီနီယာတွေက သူ့စာအုပ်ကို စစ်ဆေးပြီး အမှားကိုတောင် ပြင်ပေးခဲ့တာလေ..။သူတို့ရဲ့ နာမည်ကို ရေးတယ်ဆိုတာက တကယ်ကို ပုံမှန်ပဲ.."
"ငါတကယ် စိတ်ပျက်မိတယ်..။နတ်ဆေးဆရာလေးက ချမ်းသာမူနဲ့ ကျော်ကြားမူကို ဂရုစိုက်လိ့မ်မယ်လို့ တကယ်မထင်ထားခဲ့ဘူး.."
"ညီအစ်ကိုတို့ မင်းတို့က စောက်ငတုံးတွေပဲ..။ဒီအဖိုးကြီးတွေက မာစတာ လင်းရဲ့ အောင်မြင်မူကို ခိုးယူဖို့ ကြိုးစားနေတာလေ..။ပြီးတော့ သူတို့ကအရှက်မရှိ သနားစရာ ပုံစံ သရုပ်ဆောင် နေသေးတယ်..။တကယ် စိတ်တိုစရာပဲ.."
"ငါတော့ စီနီယာတွေကို ထောက်ခံပြီး မာစတာ လင်းကို အထင်သေးတယ်.."
"မင်းတို့က အမှန်အမှားကို မခွဲတတ်တဲ့ လူတွေပဲ.."
…
အဲ့အချိန်မှာပဲ..ပြည်သူလူထု ရဲ့ အမြင်ဟာ နှစ်ခြမ်းကွဲသွားခဲ့တယ်။တစ်ချို့လူတွေက လင်းဖန်ကို ထောက်ခံပြီး တစ်ချို့က စီနီယာတွေကို ေထာက်ခံနေကြပါတယ်။သူတို့ က အခြေအနေကို တကယ် ပြောင်းလဲ နိုင်ခဲ့ကြတာပါ..။
ဘဝတစ်ခုမှာ..အရာရာတိုင်းက..သရုပ်ဆောင်မူတွေအပေါ်မှာပဲ မူတည်ပါတယ်..။
တိမ်ဖြူလမ်း..။
ဝူယူလန် ဒေါသထွက်စွာ ကြည့်လိုက်ပြီး..
"ဒီလူတွေက တကယ်ဆိုးရွားတာပဲ..။သူတို့က အကန်းတွေကို စကားပြောနေကြတယ်.."
လူလိမ် ထျန် မျက်မှောင်ကျုတ်လိုက်တယ်..။
"ဒီကိစ္စက ဖြေရှင်းရလွယ်မှာ မဟုတ်ဘူး..။သူတို့က စီနီယာတွေ ဖြစ်ပြီး အဆင့်အတန်းလည်း မြင့်မားကြတယ်လေ..။မင်း သူတို့နဲ့ သွားရှုပ်ရင် အကုန်လံူးနဲ့ ရှုပ်မိသလိုပဲ..အန္တာရာယ်ရှိတယိ..။မင်းက ဘာလို့ စိတ်ပူတဲ့ပုံ မပေါက်တာလဲ.."
လင်းဖန်ရယ်မောလိုက်ပြီး..
"ဘာတွေ စိတ်ပူစရာ ရှိလို့လဲ..။ဒါက အစပိုင်းပဲ ရှိသေးတယ်..။ကျုပ် သူတို့ကို တရားစွဲ ဦးမှာ..."
ယင်းနောက် လင်းဖန် ဝမ်မင်ယန်ကို ဖုန်းခေါ်လိုကိတယ်..။သူ ဥပဒေ အကြောင်း သိပ်ပြီး နားမလည်တော့ ဝမ်မင်ယန် ကိုပဲ အကူညီတောင်းရတော့မှာပါ..။သူ ဒိီအဖိုးကြီးတွေကို ဒီတိုင်း လွတ်မပေးလိုက်နိုင်ပါဘူး.။သူ ဘာအလျော်အစားမှ မလိုချင်ပေမယ့်..တောင်းပန်မူတော့ လိုအပ်ပါတယ်..။
ဝမ်မင်ယန် အခြေအနေပို သိတဲ့အချိန်မှာ ဒေါသထွက်သွားခဲ့တယ်..။ဒီလူအိုကြီးတွေက သူ့ ညီအစ်ကိုကို အနိုင်ကျင့်ရဲ့ ကြတာလား...။သူတို့က သေချင်နေတဲ့ ပုံပါပဲ..။
ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ ကြည့်ရအောင်....
အစည်းအဝေး ခန်းတစ်ခုတွင်..။
ပရော်ဖက်ဆာ ယန် နဲ့ ကျန်တဲ့ လူတွေဟာ ရယ်နေခဲကြတယ်..။အခြေအနေက..ပြောင်းပြန် ပြန်ဖြစ်သွားခဲ့ပါပြီ..။
"ဟားဟား..ဒီကလေးက ငါတို့ကို စိန်ခေါ်ရဲတာပဲ..။သူ့မှာ ဘယ်က ယုံကြည်မူတွေ ရှိနေတာလဲ မသိဘူး.."
"ငါတို့ သူတို့ကို ကောင်းတာတွေ ပေးတော့ ငြင်းပယ်တယ် အခုတော့..ဆိုးတာတွေ ရတော့မယ်..။သူ့အတွက် ဘာက ကောင်းသလဲ ဆိုတာ သိပုံမရဘူး.."
"ဆေးပညာလောကမှာ အရည်အချင်းက အရေးမကြီးဘူး..။ကိစ္စတွေကို ဘယ်လို လုပ်သင့်လဲ ဆိုတာ သိဖို့က အရေးကြီးတာ.."
"ဒါအမှန်ပဲ ..။လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက နတ်ဘုရားခွဲစိတ် ဆရာဝန် ဆိုတာ ဘယ်သူ..."
"ချန်းဘင်.."
"ဟုတ်တယ် ဟုတ်တယ်..။သူလည်း သူ့အတွက် ဘာက အကောင်းဆုံးလဲ ဆိုတာ မသိခဲ့ဘူးလေ..။အခု သူ ဘယ်ရောက်သွားလဲ.."
"ငါ သူ့ရဲ့ မတော်တဆ မူကို မေ့နေတာ..။ငါထင်တာတော့ အဲ့တုန်းက ပရော်ဖက်ဆာယန် သူ့ကို ကိုယ်တွယ်လိုက်တာ မလား.."
ပရော်ဖက်ဆာ ယန် ရယ်မောလိုက်တယ်..။
"သူ့ကို ကိုယ်တွယ်တာလား..။ဒါက သူ့ကို ရွာဘက် ပို့လိုက်တာလို့ ခေါ်တယ်..။ငါသူ့ကို နယ်ဘက်ကို တာဝန်ချလိုက်တာ သူဘယ်တော့မှ ရာထူးပြန်တက်မလာတော့ဘူးလေ..။သူအခု ပင်စင်ယူသွားလောက်ပြီ..။ဒီကိစ္စလေးက ဘာမှ မပြောပလောက်ပါဘူး.."
"ဟားဟား ငါမှတ်မိပြီ..။အခု ဒီကလေးလဲ သူ့ပုံစံအတိုင်း လုပ်နေပြန်ပြီ..။သူလည်း တစ်ဘဝလုံး နောင်တရတော့မယ်.."
"ဒါပေမယ့် အဲ့ရွာကလူတွေ ကျုပ်တို့ကို ကျေးဇူးတင်သင့်တယ်..။ဒီလို ဆရာဝန်ကောင်းတစ်ယောကိကို သူတို့ဆီ ပို့ပေးလိုက်တာလေ..ဟားဟား."
သူတို့က မြောက်နဲ့ တောင်ဆိုပြီး နှစ်ပိုင်းခွဲထားကြပါတယ်..။လူများစွာဟာ သူတို့နဲ့ ပူးပေါင်းကြပေမယ့် သူတို့နဲ့ မပူးပေါင်းချင်တဲ့ လူတွေလည်း ရှိနေပါသေးတယ်..။အဆုံးမှာတော့ သူတို့နဲ့သဘောထား မတူတဲ့ လူတိုင်း ဘေးကို ရောက်သွားရတာပါပဲ..။
တစ်ချို့ အရည်အချင်း ရှိတဲ့ ကလေးတွေက ဆေးပညာ စာအုပ်တွေ ထုတ်ဝေချင်ပေမယ့် သူတို့လို စစ်ဆေးသူတွေရဲ့ လက်ထဲကနေ မကျော်ဖြတ်နိုင်ကြပေ..။တကယ်လို့ သူတို့သာ စာအုပ်တစ်အုပ်ကို မထွက်စေချင်ရင် နည်းလမ်းပေါင်း ထောင်နဲ့ချီပြီး ရှိပါတယ်..။
ဒီစာအုပ်ရဲ့ သင်ခန်းစာ တွေနဲ့ တူတဲ့ စာအုပ်တွေ များကြီးရှိတယ်..အကိုးအကားတွေကလည်း အများကြီးပဲ..။ဒီစာအုပ်ဖြန့်ဝေလို့ မရဘူး..။
ဒီလိုမျိုး ဆင်ခြေတွေ အများကြီး သူတို့်မှာ ရှိနေခဲ့တာပါ..။
…
သတင်းထောက် တွေဟာ တိမ်ဖြူလမ်းကို ရောက်လာခဲ့တယ်..။ဒါက ကြီးမားတဲ့ သက်ရောက်မူကြီးတစ်ခုပါပဲ..။ဒါက ရက်အနည်းငယ် ကြာပြီးသွားပေမယ့် သတင်းက မာစတာ လင်းနဲ့ ပတ်သက်နေတယ် ဆိုရင် သူတို့ မာစတာ လင်းဆီကို ကျိန်းသေလာကြမှာပါ..။
လူလိမ် ထျန်ကြည့်လိုက်ပြီး..။
"သတင်းထောက်တွေ ရောက်လာပြီ.."
လင်းဖန် သတင်းထောက်တွေ ကို မြင်တဲ့ အချိနိမှာ မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်..။
"ခင်ဗျားတို့ကို စောင့်နေတာကြာပြီ.."
သတင်းထောက်တွေဟာ ရှေ့ကို အမြန်တက်လာခဲကြတယ်..။
"မာစတာ လင်း ..စီနီယာ ပရော်ဖက်ဆာ တွေက မာစတာ လင်းရေးထားတဲ့ သင်ရိုးမှာ ဘယ်လို နာမည်ရေးထိုးကြတာလည်း ပြောပြလို့ရမလား.."
"ဒါအမှန်ပဲလား..။ဒါမှမဟုတ် ..မာစတာလင်းက ကော်ပီကူးခဲ့တာလား.."
"မာစတာ လင်း..."
မေးခွန်းတွေ တစ်ခုပြီး တစ်ခု ဆက်တိုက် မေးနေခဲ့နယ်..။
လင်းဖန် လက်ဝေ့ယမ်းပြီး ဖုန်းကို ထုတ်လိုက်ပါတယ်..။
"ချစ်လှစွာသော သတင်းထောက်တို့..။ခင်ဗျားတို့ ဒိီဗီဒီယိုကို ကြည့်ပြီးရင် အမှန်တရားကို သိသွားမှာပါ..။ကျုပ်ဘာမှ ပြောစရာ မလိုဘူး.."
သတင်းထောက်တွေဟာ ဖုန်းကိုလှမ်းကြည့်ပြီး ဘာ ဗီဒီယို လည်း ဆိုတာ သိချင်နေကြတယ်..။
စပြီးဖွင့်လိုက်ပါတယ်..။
ပရော်ဖက်ဆာ ယန်က စင်ပေါ်ကနေ ပြောလိုက်တယ်..။
"မာစတာ လင်း ကျုပ်တို့ လေးလေးနက်နက် စဥ်းစားပြီမှ ဆုံးဖြတ်ချက်ချထားတာ.."
မြင်ကွင်းက ပရော်ဖက်ဆာ ယန် လင်းဖန်ကို ပြောနေခဲ့တာပါ..။သိူ့ပေမယ့် လင်းဖန်က သူတို့ကို ဗီဒီယို ရိုက်နေတယ် ပြောတာကို ဂရုမစိုက်ခဲ့ပေ..။
ဒါကြောင့်လည်း လင်းဖန် ဒိီသက်သေကို ရခဲ့တာပါ..။
ဒီတစ်ကြိမ်မှာတော့ လင်းဖန် ဒီအဖိုးကြီးတွေကို ကျိန်းသေ တရားစွဲဆို သွားမှာပါ..။
အစည်းအဝေးခန်းထဲတွင်..။
ပရော်ဖက်ဆာ ယန်ခနလောက် တိတ်ဆိတ်သွားပြီး ပြောလိုက်တယ်..။
"ကျုပ်တစ်ခုခု မေ့နေတယ်လို့ ဘာလို့ ခံစားနေရတာလဲ.."
လူတိုင်း ပဟေဠိဖြစ်သွားခဲ့ပြီး..
"ဘာကြီးလဲ.."
ပရော်ဖက်ဆာ ယန် ခေါင်းခါယမ်းလိုက််တယ်..။သူလည်း သေချာ မသိပဲ ဒီတိုင်း စိတ်ထဲမှာ ခံစားနေရတာပါ..။