လူတိုင်း ဒီလျိုဝှက်ချက်ကိုထိန်းသိမ်းထားရမယ်..
Vol. 37 Ch. 548
#ဘာသာပြန် = စနိုးဝှိုက်
မြင်ကွင်းဟာ တိတ်ဆိတ်နေခဲ့တယ်..။ဂျာနယ်လစ် တွေဟာ ဗီဒီယိုကို မြင်ပြီးသွားတဲ့ အချိန်မှာ ကြောက်အသွားခဲ့ကြပါတယ်..။စီနီယာ ပရော်ဖက်ဆာ တွေ ဒီလောက်အထိ အရှက်မဲ့ လိမ့်မယ် လို့ သူတို့ မထင်ထားခဲ့ကြပါဘူး..။
သူတို့က ဒီလို မောက်မာပြီး အရှက်မရှိ လုပ်ရပ်ကို လုပ်ခဲ့ကြတာပါ..။
"ခင်ဗျားတို့ ကြည့်လိုက်ကြ..ဒီလူတွေက ဥပဒေကို လုံးဝ ဂရုမစိုက်ကြဘူး..။အစက တော့ ကျုပ်ဒီဗီဒီယိုကို လူထုဆီ ချမပြပဲ သူတို့အမှားကို ပြန်တောင်းပန်ကြလိမ့်မယ် လို့မျှော်လင့်ထားတာ..။ဒီ စီနီယာ တွေက အမှန်တရားကို ဆန့်ကျင်တဲ့ အပြင် အုပ်စုဖွဲ့ပြီး ကျုပ်ကို ဝိုင်းတိုက်ခိုက်ကြလိမ့်မယ် လို့ တကယ်မထင်ထားခဲ့ဘူး..။ကျုပ်...ဘာမှ ထပ်မပြောတော့ဘူး..။ထပ်ပြီးပြောလေလေ ပိုပြီး စိတ်မကောင်းဖြစ်ရလေလေပဲ..။ဒီ စီနီယာ တွေ အကုန်လုံးက..စိတ်ပျက်ဖို့အတော်ကောင်းတယ်..။မရေမတွက်နိုင်တဲ့ လူငယ်လေးတွေက ဆေးပညာ တိုးတက်ဖို့ ကြိုးစားနေကြပေမယ့် သူတို့က သူတို့ ကျော်ကြားဖို့ အတွက်ပဲ အသုံးပြုနေကြတာလေ.."
"ချစ်လှစွာသော သတင်းထောက်တို့..ဒါက တရားမျှတမူ မရှိဘူးလိူ့ခင်ဗျားတို့ မထင်ဘူးလား.."
လင်းဖန် ဂျာနယ်လစ် တစ်ယောက်ရဲ့ လက်ကို ဖမ်းဆုပ်လိုက်ပြီး ပြောလိုက်တာပါ..။
ဂျာနယ်လစ် တွေဟာ မတ်တတ်ရပ်နေကြပြီး အမူအရာ ပြောင်းလဲ သွားခဲ့ပါတယ်...။
"တကယ် ဆိုးရွားတာပဲ..ဒါက တကယ်ဆိုးရွားတယ်.."
တစ်ခြား ဂျာနယ်လစ် တွေလည်း သဘောတူစွာ ခေါင်းညိမ့်လိုက်ကြပါတယ်..။
"အမှန်တရားက ဒီလိုဖြစ်လိမ့်မယ် လို့ ငါမထင်ထားခဲ့ဘူး.."
"ငါတို့ ဒီလူတွေကို ကျိန်းသေ ဖော်ထုတ်ရမယ်.."
"ဟုတ်တယ် သူတို့ကို ဖော်ထုတ်မှ..အမှန်တရား ဆိုတာ ရှိလာမှာ.."
လူလိမ် ထျန် ခေါင်းခါယမ်းလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်ပါတယ်..။
"မာစတာ လင်းကို ကြည့်ကြစမ်းပါဦး..။ဝိတ်အတွေကျသွားတယ် လို့ ခင်ဗျားတို့ မထင်ဘူးလား...။ဒီလ တွေ အတွင်းမှာ သူ သင်ရိုးစာအုပ် သုံးအုပ်ပြီးဖို့ ကြိုးစားပြီးရေးခဲ့ရတာ..။ငါ တစ်ခါတစ်လေ သူ့ကို နားနားနေနေ လုပ်ဖို့ ပြောပေမယ့်..သူ ငါ့ကို ဘာပြန်ပြောလဲ မင်းတို့ သိလား..."
"သူ ဘာပြောခဲ့လဲ.."
ဂျာနယ်လစ် တွေအကုန်လုံးရဲ့ အကြည့်တွေက လူလိမ် ထျန် ဆီရောက်နေခဲ့ကြပါတယ်..။
လူလိမ် ထျန် စိတ်မကောင်းတဲ့ အမူအရာနဲ့ ပြောလိုက်တယ်.. ။
"သူပြောတာက ဒီသင်ရိုး အသစ်တွေက..မျိုးဆက်သစ်တွေအတွက် တိုးတက်မူကြီးဖြစ်လာမှာကြောင့် သူ နည်းနည်းလေးတောင်မှ အမှားလုပ်လို့ မရဘူးတဲ့..။ဒီစာအုပ်တွေ ရေးနေတုန်း က ဆိုရင် သူ ဝိတ်အတော်ကျသွားပြီး တစ်ခါတစ်လေ သတိလစ်မလိုတောင် ဖြစ်သွားသေးတယ်။ငါတို့ သူ့ကို အတော်စိတ်ပူခဲ့ကြရတာ.."
ဘေးနားက ဆိုင်ပိုင်ရှင် တွေဟာ လည် လူလိမ်ထျန် ရဲ့ အခြေအနေကို ကြည့်လိုက်ပြီး ဇာတ်ညွှန်းတစ်ခုလို လိုက်သရုပ်ဆောင်လိုကိကြပါတယ်..။
"ဟုတ်တယ်..ငါတို့ဆို ကိုယ်တိုင်မြင်ခဲ့ရတာ.."
"သူဌေးလေးက ..သူ့ရဲ့ အလုပ်ကိုအရမ်းတန်ဖိုးထားတဲ့ လူတစ်ယောက်ပဲ..။တစ်ခါတစ်လေဆိုရင် နောက်မျိုးဆက်သစ်တွေ သင်ရိုးအမှားကို ဆက်သင်နေလို့ မရဘူး ဆိုပြီး ညဘက်တွေ မအိပ်ပဲ နဲ့တောင် ကြိုးစားခဲ့တာ.."
"ဒါက သူဌေးလေးကို ရာထူးအဆင့်အတန်းတွေ သုံးပြီး ဝိုင်းအနိုင်ကျင့်နေသလိုပဲလေ.."
လင်းဖန် ဆိုင်ပိုင်ရှင်တွေကို အံ့ဩသင့်စွာ ကြည့်ပြီး လူလိမ် ထျန်ကို တစ်ချက်လှမ်းကြည့်လိုကိတယ်..။ဒီလူက အချိန်တိုအတွင်း ဇာတ်လမ်း တစ်ပုဒ်ပါ ထွင်သွားခဲ့တာပါ..။
လင်းဖန် လည်း ပျော်ရွှင်စွာ ဝင်သရုပ်ဆောင်လိုက်ပါတယ်..။
"ကောင်းပြီ ကောင်းပြီ မပြောကြပါနဲ့တော့..။ဒါက ကျွန်တော် လုပ်သင့်လုပ်ထိုက်တဲ့ တာဝန် တွေပဲလေ..။အခု ကျွန်တော် ဒီအခြေအနေကို ရောက်နေတယ် ဆိုတော့ တရားမျှတမူကိုပဲ လိုချင်မိတာပါ..။တစ်ခြား ဘာမှ မလိုချင်ပါဘူး..။ဒီ စီနီယာ တွေ ပြန်တောင်းပန်မှကို ဖြစ်မှာ.."
ဂျာနယ်လစ်တွေဟာ လင်းဖန်ကို ကြည့်လိုက်ကြတယ်..။
"မာစတာ လင်းက အရမ်း မြင့်မြတ်တာပဲ.။ကျွန်တော်တို့ တကယ်လေးစားမိတယ်.."
"စိတ်မပူပါနဲ့ ကျွန်တော်တို့ အမှန်တရား အနိုင်ရအောင် လုပ်ပေးမှာပါ..။ကျွန်တော်တို့ကိုသာ ဗီဒိယို ပို့ပေးလိုက်.."
"ဟုတ်တယ် ကျွန်တော်တို့ အမှန်တရားအတိုင်း သိပြီးသွားပြီလေ..။စိီနီယာတွေ ဖြစ်ပြီး ဒိီလို အလုပ်လုပ်ရအောင် ရူးနေတာပဲ ဖြစ်ရမယ်.."
"ခင်ဗျားတို့ကို ဗီဒီယို ပေးထားက ကောင်းတဲ့ အကြံမဟုတ်ဘူးလို့ ကျုပ်ထင်တယ်နော်..။ဒီစီနီယာတွေ က လူမူနယ်ပယ်ကို စိုးမိုးနိုင်တဲ့ လူတွေလေ..။ဒါကြောင့် ကျုပ်တို့ အမှားတစ်ခုအတွက်နဲ့ သူတို့ကို အရှက်ခွဲလို့ မရဘူး.."
လင်းဖန် ရှက်ရွံ့စွာပြောလိုက်တာပါ..။
ဂျာနယ်လစ်တွေ အံ့ဩသင့်သွားခဲ့ကြတယ်..။
"မာစတာ လင်းက စီနီယာတွေရဲ့ အနိုင်ကျင့်တာခံရတာတောင် သူတို့အတွက်တွေးပေးနေတာပဲ.."
"မာစတာ လင်း ကျွန်တော်တို့ကို ဗီဒီယို ပို့ပေးပါ..။တကယ်လို့ သူတို့ တောင်းပနိရင် ကျွန်တော်တို့ဒိီ
ဗီဒိီယိုကို ထုတ်မသုံးပါဘူး.."
လင်းဖန် ဂျာနယ်လစ် တွေကို ငြင်းဆန်ဖို့ စိတ်ကူးမရှိပေ..။ နောက်ဆုံးမှာ ခေါင်းညိမ့်လိုကိပြီး..
"ကောင်းပြီ ဒါပေမဲ့ ဒါကို လျို့ဝှက်ချက်တစ်ခု အနေနဲ့ ထားကြရမယ်နော်..။ဒီဗီဒိီယိုသာ ပြန့်နှံ့သွားရင် တကယ် မကောင်းနိုင်ဘူး..။တစ်ချို့စီနီယာတွေ အသက်ကြီးနေပြီဆိုတော့ ရှက်ရွ့့ံပြီး ကိုယ့်ကိုကို လုပ်ကြံသွားနိုင်တယ်လေ.."
"အာ..မာစတာ လင်းက သူတို့အတွက် အရမ်းတွေူပေးနေတာ မဟုတ်ဘူးလား..။ဒါပေမဲ့ စိတ်မပူပါနဲ့
မာစတာ လင်း ဒီစီနီယာ တွေ သူတို့အပြစ် သူတို့ သိရင် ကျွန်တော်တို့ ဗီဒိီယို ဖိုင်ကို မသုံးပါဘူး.."
"ကောင်းပြီ ဒါကောင်းတယ်.."
လင်းဖန် ပြောင်းလဲ သွားတဲ့ အခြေအနေကြောက့် ကျေနပ်စွာ ပြုံူလိုက်ပါတယ်..။အခုက ပျော်ပျော်ရွှင်ရွှင် ကရမယ့် အချိန်ပါပဲ..။
…
ဂျာနယ်လစ်တွေ ထွက်သွားခဲ့တယ်..။
လင်းဖန် ရယ်မောလိုကိပြီး ဖုန်းပြန်သုံးနေခဲ့ပါတယ်..။စီနီယာ ပရော်ဖက်ဆာ တွေ ကိစ္စကို သူထပ်ပြီး စိတ်ပူစရာတောင် မလိုလောက်တော့ပါဘူး..။ဂျာနယ်လစ်တွေ နဲ့တင်ပြီးသွားလောက်ပါတယ်..။
လူလိမ် ထျန် ရယိမောလိုကိပြီး..
"ငါ ဘယ်လိုနေလဲ..။အံ့ဩဖို့ကောင်းတယ်မလား.."
လင်းဖန် ပြုံးပြီး လက်မထောင်ပြလိုက်တယ်.။
"အံ့ဩစရာပဲ.."
"သေချာတာပေါ့..ဒီစီနီယာတွေက အတော် ဆိုးရွားလွန်းတယ်..။တကယ်လို့ မင်းမရိုက်နှက်ချင်ဘူး ဆိုရင် သူတို့ကို ငါရိုက်နှက်ပေးရမလား.."
လင်းဖန် လူလိမ်ထျန်ကို ကြည့်လိုက်တယ်..။
"မေ့လိုက်တော့..။တကယ်လို့ ခင်ဗျား သူတို့ကို ကိုယ်ထိလက်ရောက်သွားလုပ်ရင်..ထောင်ထဲကို သွားရမယ့် လူက ခင်ဗျားဖြစ်သွားလိမ့်မယ်.."
"ဒါအမှန်ပဲ..ဒါပေမဲ့ မင်းအတွက် ထောင်ထဲသွားရတာကတော့ ဒါက ထိုက်တန်ပါတယ်..။ငါက မိန်းမလှလေး တစ်ယောက် အတွက်တောင် ဒါမျိုး လုပ်ဖူးတာမဟုတ်ဘူး.."
.
အဲ့အချိန်မှာပဲ အနီးရောင် ပြိုင်ကားလေးဟာ ဆိုင်ရှေ့မှာ ရပ်သွားခဲ့တယ်..။
လင်းဖန် ကားထဲမှာ ရှိနေတဲ့ လူကို အံ့ဩစွာ ကြည့်လိုက်ပါတယ်..။ငါ အိပ်မက်မက် နေတာလား..။သူ မျက်လုံးကို ပွတ်လိုက်ပြီး..မှန်ရဲ့လား ဆိုတာ သေချာအောင်လုပ်လိုက်ပါတယ်..။
"ချီးပဲဒီကောင် ဘာလုပ်နေတာလဲ.."
သူမြင်နေရတာက..အစ်ကို ချွင်ချွင် ရူးဖိနပ် အမြင့်ကို စီးထားတာပါပဲ..။သူမက နဂိုကတည်းက အရပ်ရှည်ပါတယ်..သို့ပေမယိ့ ဒီဖိနပ် တွေစီးလိုက်တဲ့ အချိန်မှာ လူတိုင်းထက် သိသိသာသာ ပိုမြင့်နေခဲ့တယ်..။သူမ ပြုံးကာ လမ်းလျောက်လာနေပြီး..သူမရဲ့ မျက်နှာပေါ်မှာမိတ်ကပ် ပါးပါးလေး ရှိနေခဲ့တာပါ..။
ှဝူယူလန် သူမကို မြင်တဲ့ အချိန်မှာ ပြုံးကာလျောက်သွားလိုက်တယ်..။
"လီရူ ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ.."
"ငါ နင့်ကိုလာခေါ်တာ..တစ်ချိန်တည်းမှာပဲ..နတ်ဆေးဆရာလေးနဲ့ တွေ့မလို့လေ.."
လီရူ အပြုံးတွေ ပြည့်နေတဲ့ မျက်နှာနဲ့ ပြောလိုက်တာပါ..။
လူလိမ် ထျန် လီရူကို သေချာကြည့်ပြီး အကဲခတ်လိုက်တယ်..။သူမက ပိုလှလာပေမယိ့ လူတွေ သူမအနားမကပ်ရဲ့အောင် အရှိန်အဝါ တစ်ခု ထုတ်လွင့်
ေနခဲ့တာပါ..။
လင်းဖန် အစ်ကိုချွင်ချွင်ကို ထူးဆန်းတဲ့ မျက်လုံးနဲ့ ကြည့်လိုက်ပါတယ်..။
သူမ ဘာလုပ်ဖို့ကြိုးစားနေတာလဲ...
သို့ပေမယ့် သူမ မိန်းကလေးနဲ့ ပိုတူတူ လာပြီး ပိုလှပ လာတာက ကောင်းတဲ့ အရာပါပဲ..။
ဝူယူလန် ပြုံးလိုက်ပြီး..
"အစ်ကိုလင်း..ထောင်ထဲရောက်နေတုန်းက သူမက ကုသမူ ခံယူချင်လို့ နေ့တိုင်းလာခဲ့တာလေ..။လီရူက ညီမရဲ့ သူငယ်ချင်းဆိုတော့ ကောင်းကောင်း ကုပေးမယ်လို့ မျှော်လင့်ပါတယ်.."
လင်းဖန် အစ်ကိုချွင်ချွင် ဘာလိုချင်နေတာလဲ ဆိုတာ မသိပေမယ့် ကောင်းမွန်တဲ့ ရည်ရွယ်ချက်မဟုတ်တာတော့ သေချာပါတယ်..။
လီရူ ပြုံးလိုက်တယ်..။
"နတ်ဆေးဆရာလေး..ကျွန်မ ရှင်နဲ့ ဆွေးနွေးစရာလေးရှိလို့..။ကားပေါ်ကို လိုက်ခဲ့လို့ရမလား.."
"သေချာတာပေါ့.."
လင်းဖန် ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။သူမ ဘာလိုချင်တာလဲ ဆိုတာ သူ သိထားမှ ဖြစ်မှာပါ..။
ကားထဲတွင်..။
"အစ်ကိုချွင်ချွင် ဒါက ဘာအဓိပ္ပါယ်လဲ.."
လင်းဖန် တည့်တည့်ပဲ ပြောလိုက်တယ်..။
အစ်ကို ချွင်ချွင် ရယ်မောလိုက်ပြီး...
"ငါက အစ်ကိုချွင်ချွင် မဟုတ်တော့ဘူး..လီရူလို့ပဲခေါ်..။ငါ ဘာလို့ ဒီရောက်နေတာလဲ ဆိုတာ မင်းမသိဘူးလား..."
လင်းဖန် အကူညီမဲ့သွားခဲ့တယ်..။
"ငါဘာတွေဖြစ်ခဲ့လဲ မင်းသိမှာပါ..။ငါ တစ်လလောက် ထောင်ကျသွားသေးတယ်လေ.။ဒါကြောင့်
မင်းရဲ့ ဆေးညွှန်းကိုရှာဖို့ အချိန်မရခဲ့ဘူး..။ဒါပေမဲ့ ငါ့ကို နောက်တစ်လ အချိန်ပေးပါ..ငါ ဖြေရှင်းပေးပါ့မယ်.."
လီရူ လက်ဝေ့ယမ်းလိုက်ပြီး..
"ငါ စိတ်ကြည်နေတယ် ဆိုတော့ ပြသနာ မရှိတော့ဘူး..။ယူလန်က မင်းရဲ့ အလုပ်သမား ဟုတ်တယ်မလား..။ငါ သူမကို ခေါ်သွားဖို့ စဥ္းစားထားတယ် ပြီးတော့ သူမ...."
"မရဘူး.."
လင်းဖန် သူမ မဆုံးခင်မှာပဲ ဖြတ်ပြောလိုက်တယ်..။
"မင်းငါ့ကို မကျေနပ်တာနဲ့ ငါ့ရဲ့ အလုပ်သမားကို ခိုးယူသွားဖို့ လုပ်နေတာလား..။အခုပဲ မင်းကအရမ်းလှလာလို့ စိတ်ကြည်နေတယ်လို့ မပြောခဲ့ဘူးလား..။ဒါဆို ဘာလို့ ငါ့ကို ဆန့်ကျင်ဖို့ တွေးနေသေးတာလဲ..။မင်း ကျောင်းနင်ကို ပြန်သင့်ပြီ.."
လီရူ ရယ်မောလိုက်တယ်..။
"နတ်ဆေးဆရာလေး မင်းရဲ့ အခြေအနေကို ငါနားလည်ပါတယ်..။မင်းရဲ့ စကားလုံးတွေက နားလည်ရခက်တယ်နော်..ပြီးတော့ ရယ်လည်း ရယ်ရတယ်..။ယူလန်က ဒီလောက်လှတာတောင် မင်းက မကြိုက်ဘူးဆိုတော့ ယောက်ျားရော ဟုတ်ရဲ့လား..."
"ငါကြိုက်တာ မကြိုက်တာ မင်းနဲ့ ဘာဆိုင်လို့လဲ..။မင်းတကယ် ဘာလိုချင်တာလဲ.."
လီရူ လင်းဖန် စိတ်တိုနေတာကိုမြင်ပြီး ပျော်ရွင်သွားခဲ့တယ်..။
"အခု မင်းက ငါ့ကို လှတယ်လို့ ပြောတယ်နော်..။အမှန်တကယ် ဘယ်လောက်လှလဲ ဆိုတာ ပြောပြလို့ရမလား.."
လင်းဖန် လက်ဝေးယမ်းလိုက်ပြီး..
"ကျေးဇူးပြုပြီး ဒိီလို မပြောစမ်းပါနဲ့..။တကယ်တော့မင်းက ရုပ်ဆိုးတယ်..။ရုပ်ဆိုးလွန်းလို့ ငါဆို မင်းကို မြင်ပြီး အန်တောင် အန်ချင်တယ်.."
လီရူ စိတ်ထဲက ရယ်မောနေပေမယ့် မျက်နှာကို တည်လိုက်ပြီး..
"အခုလို လိမ်ညာနေတာ မရှက်ဘူးလား.."
"မရှက်ဘူး ..ငါက အမှန်အတိုင်း ပြောနေတာပဲ.."
"ထွက်သွားစမ်း..ဘာမှထပ်ပြောစရာ မလိုတော့ဘူး"
လီရူပြောလိုက်တာပါ..။
"ဟားဟား.."
လင်းဖန် ကားပေါ်က ဆင်းပြီး ဆိုင်ဘက်ပြန်လျောက်သွားခဲ့တယ်..။
လီရူ ဝူယန်လန်ကို ကြည့်ပြီး လှမ်းခေါ်လိုက််တယ်..။
"ယူလန် ဒီကို ခနလောက် လာပါလား.."
လင်းဖန် လွတ်ပေးဖို့ စိတ်ကူးမရှိပေ..။
"ယူလန် ငါ တစ်ခုလောက် ပြောစရာ ရှိလို့.."
ဝူယူလန် လင်းဖန်ဆီကို မသွားခင် လီရူကို ခေါင်းညိမ့်ပြလိုက်တယ်..။
"ဘာဖြစ်လို့လဲ အစ်ကိုလင်း.."
လင်းဖန် လီရူကို လက်ညိုးထိုးပြလိုက်ပြီး..
"ခုနက သူမ မင်းကို ကျောင်းနင်ကို ခေါ်သွားချင်တယ်လို့ ပြောနေတာ.."
"အာ..အစ်ကိုလင်း ဘာပြန်ပြောလိုက်လဲ.."
"ဘာပြောရမှာလဲ..မင်းက ငါ့ရဲ့ အလုပ်သမား ဆိုတော့..ဒီကထွက်မသွားသင့်ဘူးလို့ ပြောလိုက်တာပေါ့.."
"အစ်ကိုလင်းက ရုတ်တရက်ကြီး ဒီလိုပြောလိုက်တာပဲ..။ညီမကိုတောင် မမေးတော့ဘူး.."
ယင်းနောက် သူမ လက်ချောင်းတွေ လှုပ်ပြီး စဥ္းစားနေခဲ့တယ်..။ပြီးမှ လေးနက်တဲ့ အသံနဲ့..
"ဒါပေမဲ့ စိတ်မပူပါနဲ့..အစ်ကိုလင်း..။ညီမ တိမ်ဖြူလမ်းကနေ ဘယ်ကိုမှ မသွားပါဘူး.."
လင်းဖန် သဘောကျစွာ ခေါင်းညိမ့်လိုက်တယ်..။
"အင်း ဒါကောင်းတယ်..။ငါ့ရဲ့ ဂရုစိုက်မူတွေ အလကားမဖြစ်ဘူးပဲ..။သူမကို အမြန်သွားပြောလိုက်တော့.."
"ကောင်းပြီ.."
ဝူယူလန် ခေါင်းညိမ့်ပြီး ပြိုင်ကား ဆီကို လျောက်သွားလိုက်ပါတယ်..။
လင်းဖန် ကျေနပ်စွာ ကြည့်နေခဲ့တယ်..။
ငါ့ရဲ့ အလုပ်သမားကို ခေါ်သွားချင်တာလား..။အိပ်မက် ဆက်မက်နေလိုက်.....
ဝူယူ့န် လီရူကို ဘာပြောလိုက်မှန်း လင်းဖန် မသိပါဘူး..။သို့ပေမယ့် သူမ ထွက်မသွားခင်မှာ လီရူဟာ သူ့ကို လက်ခလယ် ထောင်ပြနေတာတွေ့လိုက်ရပါတယ်..။
ဒီလို စော်ကားခံရတဲ့ အခြေအနေမှာ လင်းဖန်
သည်းမခံနိုင်ခဲ့ပေ..။
"ချီးပဲ မိုက်ရိုင်းလိုက်တဲ့ မိန်းမ..။နင်အခု ထွက်မသွားရင် နင်မကြည့်ရဲတဲ့ အရာကို ပြန်ပြမိတော့မယ်..."
ကားတံခါး ပွင့်သွားခဲ့တယ်..။
လီရူ ကားပေါ်က ဆင်းလိုက်ပြီး ကားနောက်ဖုံးပေါ်မှာ ထိုင်လိုက်ပါတယ်..။
"အဲတာဘာလဲ..။မာစတာ လင်းက ဘာကို ပြချင်တာလဲ.."
လင်းဖန် မျက်လုံးကျဥ္းမြောင်းသွားခဲ့တယ်..။
ချီးပဲ..ဒိီ တုံးအတဲ့ မိန်းမက တကယ်ကြည့်ချင်နေတာလား....
လီရူ ရယ်မောလိုက်ပြီး..
"နတ်ဆေးဆရာလေး ကျွန်မအတွက်တော့ ကမ္ဘာပေါ်မှာ အပေါဆုံးက..အချိန်ပဲ..။အိုးဟုတ်သားပဲ ကျွန်မ ဆိုင်တစ်ဆိုင်ဖွင့်ဖို့ လုပ်နေတာ ရှန်ဟိုင်းက အကောင်းဆုံးနေရာ ဖြစ်လောက်မယ်..။ပြီးတော့ ရှင်လည်း ဆေးညွှန်းကို လောစရာ မလိုပဲ အေးဆေးလုပ်လို့ရပြီလေ..။တကယ်လို့ တစ်လနဲ့ မပြီးဘူးဆိုရင်လည်း တစ်နှစ် ကြိုးစားလည်း အဆင်ပြေတာပဲ..။တကယ်လို့ တစ်နှစ်နဲ့ မပြီးဘူးဆိုရင် ဆယ်နှစ်ကြိုးစားပေါ့..။ကျွန်မ စောင့်နိုင်ပါတယ်..."
ဒါကို ပြောပြီးနောက်မှာ လီရူကားပေါ်ပြန်တက်ပြီး မောင်းထွက်သွားခဲ့ပါတယ်..။
ချီးပဲ...