← Chapters

ကျုပ်တို့က အစကတည်းကစိတ်မရှည်ဖြစ်နေတာ

Vol. 37 Ch. 549

ကျုပ်တို့က အစကတည်းကစိတ်မရှည်ဖြစ်နေတာ

Vol. 37 Ch. 549

#ဘာသာပြန် = စနိုးဝှိုက်

စီနီယာ ပရော်ဖက်ဆာ တွေဟာ ဆွေးနွေးနေကြပြီး .စိတ်တွေလည်း ကြည်လင်နေခဲ့ကြပါတယ်..။သူတို့ အင်တာနက်ကို လည်း ချုပ်ကိုင်ထားပြီး ကြပါပြီ..။

နတိဆေးဆရာ ခွေးသား ဆိုတော့ ဘာဖြစ်လဲ..။လူတစ်ယောက် ထဲက သူတို့ကို အချိန်ဘယ်လောက် ကြာကြာဆန့်ကျင် နိုင်မှာမို့လို့လဲ..။သူတို့ အတွက်ကတော့..ကလေးတစ်ယောက် ဆီက သကြားလုံး ပြန်လုရသလိုပါပဲ..။

လူတိုင်းဟာ ခံစားချက် ကောင်းနေခဲ့တယ်..။

သို့ပေမယ့် ပရော်ဖက်ဆာယန်ကတော့..စိတ်ပူနေဆဲပါ..။သူ့ စိတ်ထဲမှာ မတင်မကျ ဖြစ်နေသေးပေမယ့် ဘယ်ဟာက ဖြစ်နေတာလဲ ဆိုတာကို အတိအကျ မသိပါဘူး..။

စပါယ်ရှယိလစ် တစ်ယောက်ဟာ သူ့ကို ပြုံးကာ ကြည့်လိုက်ပြီး..

"ပရော်ဖက်ဆာ ယန်..။ဘာတွေ တွေးနေတာလဲ..."

ပရော်ဖက်ဆာ ယန် ခေါင်းခါယမ်း လိုက်တယ်..။

"မသေချာဘူး..ကျုပ်စိတ်ထဲမှာ မတင်မကျ ဖြစ်နေသလိုပဲ.."

"အာ..ဘာများ ဖြစ်နိုင်မှာမို့လို့လဲ...။အဲ့ခွေးသားလေးက တစ်ယောက် ထဲနဲ့ အခြေအနေကို ပြောင်းလဲ နိုင်မယ် လို့ ခင်ဗျားထင်နေတာလား..။အင်တာနက် ပေါ်က မှတ်ချက် အများစုကို ကြည့်လိုက်ဦး..။ကျုပ်တို့ကို အကောင်းမြင်တဲ့ လူတွေချည်းပဲ.."

"အငြင်းအခုန် တွေမှာလည်း လူအများစုက ကျုပ်တို့ဘက်ကပဲ ရှိနေကြတာ..။ဘာတွေ စိတ်ပူစရာ ရှိတော့မှာလဲ.."

"သူ့ရဲ့ နာမည်က ကျုပ်တို့ကြောင့် လှုပ်ခတ်နေပြီ..။ကျုပ်တု့ိလုပ်ရမှာက ကျုပ်တို့နာမည်နဲ့ သင်ရိုးစာအုပ်တွေ စတင်ဖြန့်ဝေဖို့ပဲ..။ထပ်ပြောရရင် သူ့နာမည်ကို မကောင်းကြောင်းရေးဖို့ ကျုပ်လူတစ်ချို့နဲ့တောင် စကားပြောပြီးထားပြီ.."

"ဟားဟား..ဒီအကြံဥာဏ်က တကယ်ကောင်းတာပဲ.."

"အာ..ကြည့်ရတာ ဒီကလေးတော့ သူ့နေရာသူ လက်ခံရတော့မယ် ထင်တယ်.."

"ကျုပ်တို့လည်း ဒိီထက်ပိုပြီး ဆီထပ်လောင်း ပေးသင့်တယ် ထင်တယ်နော်.."

ပရော်ဖက်ဆာ ယန် ထောင့်တစ်နေရာမှာ ထိုင်နေခဲ့တယ်..။သူ တစ်ခုခု မူမမှန်တာ သိပေမယ့် သိပ်တော့ မသေချာပါဘူး..။

…

သတင်းစာရုံးခန်း..။

ဂျာနယ်လစ်တွေဟာ ပြန်လာခဲ့တယ်..။

"ကျွန်တော်တို့ သတင်းကြီးတစ်ခု ရခဲ့တယ်.."

"ဘာသတင်းလဲ.."

"စိီနီယာ တွေက မာစတာ လင်းကို ရည်ရွယ်ချက်ရှိရှိ အနိုင်ကျင့်နေတဲ့ သက်သေ ဗီဒိီယို ဖိုင်ကို ကျွန်တော်တို့ရခဲ့တယ်လေ.."

အယ်ဒိီတာ ခေါင်းဆောင်ဟာ ဗီဒိီယိုကို ကြည့်ပြီး အမူအရာ ပြောင်းသွားခဲ့တယ်..။

"ဒီလူတွေက တကယ်ကို တရားလွန်တာပဲ..။ငါက ဂျာနယ်လစ်တွေက အမှန်တရားဖော်တဲ့ နေရာမှာ တော်တယ်ထင်ထားတာ..ဒါပေမဲ့ ဒီလူတွေက တကယ်ကို ခိုးကြောင်ခိုးဝှက် လုပ်နေတာပဲ..။မဟုတ်ဘူး..ဒီလို ဆက်ဖြစ်လို့မရဘူး..။မာစတာ လင်းက ရှန်ဟိုင်းရဲ့ ဂုဏ်ယူစရာ ဆိုတော့ သူ့ကို ဒိီဗီဒီယို နဲ့ ကာကွယ်ရမယ်.."

"မဟုတ်ဘူး..ကျွန်တော်တို့ တင်လို့မရသေးဘူး..။မာစတာ လင်းက စီနီယာတွေ ပြန်တောင်းပန်ရင် ဒီဗီဒီယိုကို မတင်ပါနဲ့လို့ ပြောထားတယ်..။သူ ပြောတာက ဗီဒိီယိုသာ ပြန့်သွားရင် အကျိုးဆက်တွေက မကောင်းနိုင်ဘူးတဲ့.."

အယ်ဒိီတာ ခေါင်းဆောင် လေးနက်စွာ ကြည့်လိုက်ပြီး..

"အွန်လိုင်းက အခြေအနေတွေကို အာရုံစိုက်ထား..။တကယ်လို့ ပရော်ဖက်ဆာ တစ်ယောက်ယောက်က မာစတာ လင်းကို ထပ်စော်ကားဖို့ လုပ်ရင် ဗီဒိီယို ကို ချက်ချင်းတင်လိုက်..။ဒါကို အကြီးဆုံး နေရာမှာ တင်ပြီး တစ်ကမ္ဘာလုံး မြင်နိုင်အောင် လုပ်ရမယ်.."

"နားလည်ပါပြီ.."

ရှန်ဟိုင်း တရုတ်ဆေးပညာ အကယ်ဒမီ..။

ကျိုးမင်ချင်း ရုံးခန်းထဲမှာ ဒေါသထွက်နေခဲ့တယ်..။

"ဒါရိုက်တာ ပညာရေးဌာနက..သင်ရိုးအသစ်တွေ ပို့ပေးခဲ့တယ်..။ကျွန်တော်တို့ ကျောင်းသားတွေနဲ့ မိတ်ဆက်ပေးလိုက်ရတော့မလား.."

ကျောင်းအုပ်ဟာ ကျိုးမင်ချင်းကို စာအုပ်အသစ်တွေ ပြရင်း ပြောလိုက်တာပါ..။

ကျိုးမင်ချင်းဟာ သိပ်စိတ်မကြည်ခဲ့ပေ.။သင်ရိုးအသစ် တွေက ကောင်းမွန်ပေမယ့်..ရေးသားသူ ဆိုတဲ့ နာမည်တွေက သူ့ကို တကယ် စိတ်တိုစေပါတယ်..။

"မင်း စာအုပ်ကို မိတ်ဆက်ပေးလို့ရတယ်..ဒါပေမဲ့ ထုတ်ဝေသူ နေရာမှာ လင်းဖန် ကလွဲလို့ ကျန်တဲ့ လူနာမည်တွေ အကုန်လုံးကို ဖျက်လိုက်.."

ကျောင်းအုပ်ဟာ စိုးရိမ်သွားခဲ့တယ်..။

"ဒိီလို လုပ်လို့ သိပ်မကောင်းဘူးနော်..။ဒီစာအုပ်တွေကို ပညာရေးဌာနက ပေးထားတာလေ..."

"စောက်ရေးမပါတာတွေ ပြောမနေနဲ့..။ငါ ဒါရိုက်တာ တစ်ယောက်အနေနဲ့ ဒီစာအုပ်တွေကို ကျောင်းသားတွေနဲ့ မိတ်မဆက်ခင်..ရေးသားသူ နာမည်ကို ပြောင်းဖို့ မင်းကို ပြောနေတာ..။ငါပြောတာ သဘောပေါက်လား.."

ကျောင်းအုပ်ဟာ ကောင်းညိမ့်လိုက်တယ်..။ဒါရိုက်တာက ပြောနေမှတော့ သူလိုက်လုပ်မှ ရတော့မှာပါ..။

အင်တာနက်..။

"မာစတာ လင်းက ဘာလို့ တိတ်ဆိတ်နေတာလဲ.."

"ဟုတ်တယ် ..ဒီအဖိုးကြီးတွေက အတော်စည်းကျော်နေတာကို.."

"မာစတာ လင်း အရှုံးကို လက်ခံလိုက်မှာ ငါကြောက်ရွံ့မိတယ်.."

"ဘယ်လို အမှိုက်လဲ..။မာစတာ လင်းသာ အရှုံူကို ဝန်ခံရင် ငါ ကိုယ့်ချီး ကိုပြန်စားလိုက်မယ်.."

"ဒါက အမှိုက်မဟုတ်ဘူး..။ဒီ စီနီယာ ပရော်ဖက်ဆာ တွေက ဘယ်လောက် အဆက်အသွယ် ကောင်းမွန်ကြလဲ မင်းမမြင်ဘူးလား..။ဘယ်သူကမှ သူတို့ကို မဆန့်ကျင်ရဲကြဘူး.."

"သူက တရုတ်ဆေးပညာ အဖွဲ့အစည်းက မဟုတ်ဘူးလား..။ဘာလို့ တစ်ယောက်မှ မာစတာ လင်းကို ဝင်မကူကြတာလဲ.."

"မင်းတို့ ဘာသိလို့လဲ..။လူတိုင်းက အခြေအနေကို တိတ်တဆိတ်ပဲ စောင့်ကြည့်နေကြတာ..။မာစတာ လင်းကို ကူညီတာက ကိုယ့်ကိုကို သတ်သေလိုက်သလိုပဲ..။ဒါကြောင့် ဘာမှမဖြစ်သလို တိတ်တဆိတ်နေတာက သူတို့အတွက် အကောင်းဆုံး အဖြေပဲလေ.."

"ချီးပဲ ငါ မာစတာ လင်းရဲ့ ပရိတ်သတ်အနေနဲ့ တကယ်သည်းမခံနိုင်တော့ဘူး..။ငါ..အဲ့အဖိုးကြီးတွေ ရဲ့ ဝိုက်ဘိုမှာတောင် မှတ်ချက် တွေ အများကြီးရေးပြီး ဆဲ ခဲ့သေးတယ်.."

အခြေအနေတွေဟာ ရှုပ်ထွေးနေခဲ့တယ်..။လူအများစုက ဘာဆက်ဖြစ်မှာလဲ မသိပေမယ့်..မာစတာ လင်းရဲ့ သစ္စာရှိ ပရိတ်သတ်တွေကတော့ ဆက်ပြီးအားပေးနေကြပါတယ်..။

တိမ်ဖြူလမ်း..။

"အမေ..ဒါက ပြသနာ မဟုတ်ပါဘူး..။တကယ် အသေးအဖွဲလေးပါ ."

လင်းဖန် ဖုန်းထဲကနေ ပြောလိုက်တာပါ..။

"ဒါက ကိစ္စသေးသေးလေး မဟုတ်ဘူး..။မင်း ဘယ်လိုလုပ်ပြီး စီနီယာ ပရော်ဖက်ဆာ တွေနဲ့ တိုက်ခိုက်ရတာလဲ.."

လင်းဖန် ရဲ့ အမေဟာ ဖုန်းထဲကတဆင့် သူ့သားကို စိုးရိမ်စွာ ပြောလိုက်တာပါ. ။

"ဒါက ဘာမှ မမှားဘူး..။အမေ့ရဲ့သားက သင်ရိုးစာအုပ်အသစ်ရေးသားတာ..အဲတာကို ဒီလူတွေက သားခွင့်ပြုချက် မရပဲ..ရေးသားသူ နေရာမှာ သူတို့နာမည်တွေ ရေးထိုးချင်နေဆော့ ဒီလိုတွေဖြစ်လာတာလေ.."

"ဒါက ဘာကို ဆိုလိုတာလဲ..။မင်းက စာအုပ်ရေးသားတဲ့လူလေ..အဲတာကို သူတို့က ဘာလို့ သူတို့ နာမည်ကို ဝင်ရေးချင်ရတာလဲ.."

အမေ လင်း ပဟေဠိဖြစ်စွာ မေးလိုက်တာပါ..။

လင်းဖန် ရယ်မောလိုက်ပြီး..။

"သူတို့က သားရဲ့ ဂုဏ်သတင်းနဲ့ အောင်မြင်မူကို ခိုးယူချင်နေကြတာ.."

"ဘာ..ဒီခွေးအိုကြီးတွေက ငါ့သား ကြိုးစားထားတာကို လိမ်ညာယူချင်နေတာလား..။စိတ်မပူနဲ့သား..မင်းရဲ့ အဖေနဲ့အမေ က မင်းကို ထောက်ပံ့ပေးမယ်..။သူတို့ကို ဘာမှ ကြောက်စရာမလိုဘူး..ဒါပေမဲ့ ဥပဒေတော့ မချိုးဖောက်နဲ့နော်"

အမေလင်း ပြောလိုက်တာပါ..။

"သားသိပါတယ်..။စိတ်မပူပါနဲ့.."

လင်းဖန် အကူညီမဲ့စွာ ပြောလိုက်တာပါ..။သူ့ မိဘ တွေက သူ့ကို ဥပဒေ ချိုးဖောက်ထဲလူလို့ စိတ်ထဲ စွဲနေတဲ့ ပုံပါပဲ..။

ယင်းနောက် လင်းဖန် ဝိုက်ဘိုကို ဖွင့်လိုက်တဲ့ အချိန်မှာ သည်းမခံနိုင်စရာ မြင်ကွင်းကို တွေ့့လိုက်ရတယ်..။

စီနီယာ တွေဟာ အင်တာနက် ပေါ်မှာ သူ့ကို ဆက်ပြီးတိုက်ခိုက်နေခဲ့ပြီး ထောက်ခံသူတွေလည်း အများကြီး ရှိနေခဲ့တာပါ..။သူတို့က သူ့ကို တိုက်ရိုက် မတိုက်ခိုက်ပေမယ့် လင်းဖန်ကို စိတ်သဘောထား ကျဥ္းမြောင်းသူ အဖြစ်စောင်းမြောင်းကာ အပြစ်တင်နေခဲ့ကြတယ်..။

အခြေအနေက ထိန်းချုပ်က ခက်လာခဲ့တယ်..။

ပြည်သူတွေထဲက အဆင့်အတန်းမြင့်တဲ့လူတွေပါ လင်းဖန်ကို ဝေဖန်လာခဲ့တယ်..။

"သူက ကျွမ်းကျင်မူ တွေ ရှိပေမယ့် ကိုယ်ကျင့်တရားတွေ မရှိဘူး..။သူက ဒီလောကမှာ မသင့်တော်တော့ဘူး.."

ဒီမှတ်ချက်ကို မြင်တဲ့ အချိန်မှာ လင်းဖန် အတော် ဒေါသထွက်သွားခဲ့ပါတယ်..။ဒီလူတွေက မတရားတဲ့လူတွေကိုပဲ ယုံကြည်ကိုးကွယ် နေကြတာပါ..။

"အယ်ဒိီတာခေါင်းဆောင် ကျွန်တော်တို့ ဗီဒီယိုကို အခုတင်သင့်လား..။ကျွန်တော်တို့ ကဒ်ကို ထုတ်သုံးမှာရတော့..။ဒီပရော်ဖက်ဆာ တွေက အသိတရား ဝင်မယ့်ပုံမရှိဘူး.."

"အင်း..အချိန်ကျပြီ..။မာစတာ လင်း မပြောထားဘူးလား..။သူတို့သာ တောင်းပန်ရင် လွှတ်ပေးလိုက်မယ်..ဒါပေမဲ့ မတောင်းပန်ဘူး ဆိုရင်တော့...."

သတင်းအေဂျင်စီတိုင်းဟာ စတင်လှုပ်ရှားလာကြပါတယ်..။

လင်းဖန် သူတို့ကို သက်သေ အထောက်အထား ပေးပြီး ကတည်းက သူတို့ စောင့်ရတာ စိတ်မရှည်ဖြစ်နေခဲ့ကြတာပါ..။

သို့ပေမယ့် အခု စီနီယာ ပရော်ဖက်ဆာ တွေဟာ အတော်ကိုလွန်လာကြပါပြီ..။သူတို့ လုပ်နေတာ ဆိုလို့ မာစတာ လင်းကို တိုက်ခိုက်နေတာကြောင့် အခု သူတို့ကို အပြစ်ပေးရမယ့် အချိန်ပါပဲ..။

ဗီဒီယို တင်လိုက်တာနဲ့ စီနီယာပရော်ဖက်ဆာ တွေ အဆုံးသတ်ပြီ ဖြစ်ပေမယ့် ..အယ်ဒိီတာ ခေါင်းဆောင် မကျေနပ်သေးပဲ..သတင်းပိုကြီးသွားအောင် သတင်းခေါင်းစဥ္ကို ကိုယ်တိုင်ရေးဖို့ ပြင်ဆင်လိုက်ပါတယ်..။

All Chapters