အားလုံး အံ့ဩသင့်သွားပြီ
Vol. 37 Ch. 550
#ဘာသာပြန် = စနိုးဝှိုက်
နောက်တစ်ရက်..။
မနက်အစောတွင်..။
.
လူအများစုအတွက်ကတော့..စတင်မူ အသစ်တွေိနဲ့ နေ့ရက်အသစ် တစ်ခုဖြစ်ဖြစ်ပေမယ့် တစ်ချို့လူတွေ အတွက်ကတော့..စိတ်ဆင်းရဲစရာ နောက်တစ်ရက်ပါပဲ..။
ရှန်ဟိုင်း ရှိအကောင်းဆုံး ဟော်တယ် တစ်ခုတွင်..။
ဒေါက် ဒေါက်
တံခါး ခေါက်သံ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့တယ်..။
"ပရော်ဖက်ဆာ ယန်..တံခါးအမြန်ဖွင့် ပါဦး..။တစ်ခုခု ဖြစ်နေပြီ.."
အသက်လေးဆယ် အရွယ် ပရော်ဖက်ဆာ တစ်ယောက်ဟာ တစ်ခုခု ကြီးမားတာ ဖြစ်သလို စိတ်လှုပ်ရှားနေတဲ့ အသံနဲ့ ပြောလိုက်တာပါ..။
သူနောက်မှာလဲ..တစ်ခြားပရော်ဖက်တာ တွေဟာ သရဲတစ်ကောင် မြင်ထားသလို အမူအရာနဲ့ ရှိနေခဲ့ကြပါတယ်..။သူတို့ ဒိီလိုတွေ ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ကြပါဘူး..။
"ဘာဖြစ်တာလဲ.."
စူးရှတဲ့ အသံတစ်ခု အခန်းထဲက ထွကိလာခဲ့တယ်..။သူ့ရဲ့ အသံက မနက်ခင်းခင်း အနှိုးခံရလို့ စိတ်မကြည်မလင် ဖြစ်နေသလို ပါပဲ..။
ပရော်ဖက်ဆာ တံခါးဖွင့်လိုက်တဲ့ အချိနိမှာ..သူ့လုပ်ဖော်ကိုင်ဘက် အကုန်လုံးကို မြင်လိုက်ရတဲ့ အတွက်ကြောင့် မျက်နှာဖြူဖျော့ပြီး စိုးရိမ်သွားခဲ့တယ်..။
"ဘာဖြစ်လို့လဲ..."
"တစ်ခုခု ကြီးတာဖြစ်နေပြီ..။အထဲမှာ ဆွေးနွေး ကြရအောင်..”
…
အခန်းတွင်းထဲတွင်..။
"ဘာ..."
ပရော်ဖက်ဆာ ယန် သတင်းဆိုးကို ကြားပြီးတဲ့နောက်မှာ မျက်နှာ ဖြူဖျော့သွားခဲ့ပါတယ်..။
"ကျုပ်တို့ ဘာလုပ်ကြမလဲ..။ဗီဒီယိုက အင်တာနက်ပေါ်မှာ အတော်ပျံ့နှံ့နေပြီ..။တကယ်လို့ ကျွန်တော်တို့ ကောင်းမွန်တဲ့ ဖြေရှင်းချက် မထုတ်နိင်ရင် ဂုဏ်သိက္ခာကတော့ သွားပြီပဲ.."
"သူဘယ်လိုလုပ်ရဲတာလဲ..။နောက်ဆက်တွဲတွေ ဘယ်လိုဖြစ်လာမှာလဲ သူမသိဘူးလား.."
ရုတ်တရက် ပရော်ဖက်ဆာ ယန် ဟာ မျက်လုံးပြူးသွားပြီး နောင်တရနေခဲ့ပါတယ်..။
"ချီးပဲ..အဲ့တုန်းက ဒီကောင် ဗီဒီယို ရိုက်နေတာပဲ..။ကျုပ် ဒါကို သိထားပေမယ့် မမှတ်မိခဲ့ဘူး..။ဒါက ကျုပ်တို့ကို ဆန့်ကျင်ပြီး ဖိအားဖြစ်စေလိမ့်မယ် လို့ မထင်ထားခဲ့ဘူး..။ဒီ ဗီဒီယို မပျံ့နှံ့အောင် ငါတို့ သူ့ကို ဆက်သွယ်ရမယ်.."
"ကြည့်ရတာ နောက်ကျသွားပြီထင်တယ်..။ဗီဒိီီယိုကို မနက် ၆ နာရီလောက်မှာ သတင်းဌာန တွေက တပြိုက်နက်တည်း တင်လိုက်ကြတာ..။အခု ဆို ဝိုက်ဘိုမှာ အတော်ပျံ့နှံ့နေပြီ.."
"ဒါဆို အခု ငါတို့ ဘာလုပ်ကြမလဲ..။မင်းတို့လည်း ဗီဒိီယိုကို မြင်တာပဲ..။တကယ်လို့ ငါတို့မှာသာ ဘာအကြံဥာဏ်မှ မရှ်ိရင် ငါတို့တော့ အဆုံးသတ်ပြီ.."
ဒေါက် ဒေါက်
တံခါးဟာ ပွင့်သွားခဲ့တယ်..။
ပညာရေး ဌာန ခေါင်းဆောင်ဟာ ဒေါသထွက်နေတဲ့ မျက်နှာနဲ့ ရောက်လာခဲ့တာပါ..။
"မင်းတို့ ဘာတွေ တွေးနေတာလဲ..။မင်းတို့ရဲ့ ဗီဒိီယို အင်တာနက်ပေါ်မှာ ပေါ်ထွက်လာတာက ဘာသဘောလဲ..။မင်းတို့မှာ အရှက်မရှိတာက ပြသနာ မဟုတ်ဘူး..ဒါပေမဲ့ ငါ့ရဲ့ နာမည်ကပါ မင်းတို့နဲ့ အတူ ရောပါနေပြီ.."
သူက ပညာရေး ဌာန ရဲ့ ခေါင်းဆောင် တစ်ယောက်ပါ..။သူ ဗီဒိီယို ထဲမှာ ဘာမှ မပြောထားပေမယ့်လည်း ဒီကိစ္စမှာ ပါဝင်နေသလို ဖြစ်နေပါပြီ..။ဒီကိစ္စကို စုံစမ်း စစ်ဆေးကြရင် ..သူ့ကိုပါ အကျိုးသက်ရောက်မှာ အသေအချာပါပဲ..။
ငယ်ရွယ်တဲ့ ပရော်ဖက်ဆာ တွေကတော့ တိတ်ဆိတ်စွာသာ..မတ်တတ်ရပ်နေခဲ့ကြတယ်..။ဒီ
ငနဲ ဒိီလို ဖန်တီးလိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ကြပါဘူး..။
တကယ်လို့ သူတို့ ရဲ့နာမည်တွေကိုသာ..ပြန်ရှင်းလင်းအောင် မလုပ်နိုင်ရင်..ဂုဏ်သိက္ခာတွေ ကျဆင်းပြီး လူရယ်စရာတွေ ဖြစ်ကုန်တော့မှာပါ..။
အခု ခေတ်က လုံးဝကို ကွာခြားသွားပါပြီ..။ဒါက အရင်နေ့ရက် တွေကလို..အင်တာနက် မရှိတဲ့ ခေတ်မဟုတ်တော့ပါဘူး..။
အရင်တုန်းက ဆိုရင်..မဟုတ်မမှန်တဲ့ လုပ်ရပ်တွေ လုပ်ပြီး..ကြီးမားတဲ့ အကျိုးဆက်တွေ ဖြစ်လာရင်တောင် လူတွေ မသိကြတော့ ပြသနာမရှိပါဘူး..။အခုကတော့ ကိစ္စသေးသေးလေးကတောင် အွန်လိုင်းပေါ်မှာ..ပျံ့နှံ့နေခဲ့ပါပြီ..။
အထူးသဖြင့် ဒီနေ့လို အဖြစ်အပျက်မျိုးပါပဲ..။
သူတို့က ဒီလောကရဲ့ ခေါင်းဆောင် တွေဖြစ်တာကြောင့်..အခုဒိီလို အဖြစ်အပျက်မျိုး ဖြစ်တာက သူတို့ရဲ့ ဂုဏ်သတင်းပျက်ဆီးပြီး လူရယ်စရာ ဖြစ်လာတော့မှာပါ..။
"တိမ်ဖြူလမ်းဆီ သွားပြီး အဲ့ခွေးသားကိုသွားရှာ..။သူ ဘာလိုချင်တာလဲ ဆိုတာ မေးလိုက်.."
"ဒါက ငါတို့ရဲ့ တစ်ခုတည်းသော ရွေးချယ်စရာပဲ.."
"တကယ်လို့ ဆက်ပြီး ပျံ့နှံ့နေရင် ငါတို့ ကိုယ့်ဟာကိုတောင် ကယ်တင်နိုင်ကြတော့မှာ မဟုတ်ဘူး..။ဒီတော့ ငါတို့ ဒါကိုအမြန်ဖြေရှင်းမှ ရမယ်.."
ပညာရေး ဌာနရဲ့ ခေါင်းဆောင်ဟာ ကြောက်ရွံ့နေခဲ့တယ်..။
"မင်းတို့ ဘယ်လိုနည်းလမ်း သုံးမလဲ ဆိုတာကို ငါ ဂရုမစိုက်ဘူး..။ဒီကိစ္စကိုသာ ရအောင် ဖြေရှင်းကြ..။ကျိုးမင်ချင်းက သူ့ရဲ့ တပည့်ဆိုတော့ သူ ဘာလုပ်ပေးနိုင်မလဲ ငါ ဖုန်းဆက်ကြည့်လိုက်ဦးမယ်.."
.
အင်တာနက်..။
မြို့သားတွေဟာ အံ့ဩသင့်နေခဲ့ကြတယ်..။
"ဒါက ကြီးမားတဲ့ အပြောင်းအလဲ ကြီးပဲ.."
"ချီးပဲ..ဒါဆို သူတို့က တစ်ချိန်လုံး လိမ်ညာနေခဲ့တာပေါ့..။ဂုဏ်သိက္ခာရှိပြီး အားလုံးလေးစားရတဲ့ လူတွေ က ဒီလိုလုပ်တာ အတော်တရားလွန်တာပဲ.."
"ချီးပဲ ဒီခွေးအိုကြီးတွေ အတော်ရက်စက်တယ်..။သူတို့က တစ်ခြားလူတွေရဲ့ ကြိုးစားအားထုတ်မူနဲ့ နာမည်ကြီးချင်နေကြတာပဲ.."
"ဟားဟား..မာစတာ လင်းကို အပြစ်တင်နေကြတဲ့ လူတွေ ဘယ်ရောက်သွားပြီလဲ..။ထွက်လာပြီး အပြစ်တင်ကြစမ်းပါဦး.."
"ဒီလူအိုကြီးတွေ လေသံကျယ်ကျယ် ပြောထားတာ ဗီဒိီယိုထဲပါနေတာ တကယ်ကံကောင်းတယ်..။မဟုတ်ရင် ငါတို့ အမှန်တရားကို သိရမှာ မဟုတ်ဘူး.."
"မင်းတို့ လူတစ်ယောက်ကို မြင်နိုင်ပေမယ့် သူတို့ ဘယ်လိုတွေ တွေးနေတာလဲ ဆိုတာတော့ သိရမှာ မဟုတ်ဘူး..။ပရောဖက်ဆာက ငါတို့ မွေးရပ်မြေက ဖြစ်ပြီး အကုန်လုံးက သူ့ကိုလေးစားခဲ့ကြတာ..။သူ့ရဲ့ ပန်ချီကားဆို အခုထိ ကျောင်းမှာ ရှိနေတုန်းပဲ..။သူက ဒီလို လူမျိုးဖြစ်နေလိမ့်မယ် လို့ ငါမထင်ထားခဲ့ဘူး.."
"သွေးတွေ..ချွေးတွေ..မျက်ရည်တွေ ရင်းပြီး ဒီသင်ရိုးတွေကို ရေးထားရတာလေ..။မာစတာ လင်း က ဘာလို့ သူတို့နာမည်ကို ရေးထိုးခံရမှာလဲ.."
"နာမည်စာရင်းတွေ ထွက်လာပြီးပြီ..။လူဆယ်ယောက်ပဲ..မင်းတို့ တစ်ယောက်ယောက်ကို ..မှတ်မိလား ဆိုတာ ကြည့်လိုက်ပါဦး.."
"ဒါက သတင်းဆိုးတစ်ခုပဲ..။တစ်နိုင်ငံလုံး အံ့ဩသင့်ကုန်ကြပြီ..။ဘယ်သူမှ ဒါမျိုးဖြစ်လာလိမ့်မယ် လို့ ထင်ထားမှာ မဟုတ်ဘူး.."
ဒီလို အမှန်တရား ပေါ်ထွက်လာတာတောင် မယုံကြည်သူ တစ်ချို့လည်း ရှိနေပါသေးတယ်..။
"လူတွေ လေးစားရတဲ့ ပရော်ဖက်ဆာယန်က ကိုယ်ကျင့်တရား နဲ့ပြည့်စုံတယ်..။သူက ဒီလိုအလုပ်မျိုး လုပ်မှာ မဟုတ်ဘူး.."
"အပေါ်ကကောင် စောက်ပေါမလုပ်နဲ့..။ဒီလို နည်း့လမ်းက အလုပ်ဖြစ်မှာ မဟုတ်ဘူး..။ငါတို့ အမှန်တရားကို သိထားပြီးသွားပြီ.."
"အမှန်တရားနဲ့ တွေ့ဆုံးတဲ့ အချိန်မှာ ဘယ်လို လူလိမ်ကမှ တောင့်ခံနိုင်မှာ မဟုတ်ဘူး..."
ရှန်ဟိုင်း တရုတ်ဆေးပညာ အကယ်ဒမီ..။
ရုံးခန်းထဲတွင်..။
ကျိုးမင်ချင်း သဘောကျစွာ ရယ်မောနေခဲ့တယ်..။နောက်ဆုံးတော့ အမှန်တရားက ထွက်ပေါ်လာခဲ့ပါပြီ..။လတ်တလော သူ့ရဲ့ ခံစားချက်က ပျော်ရွှင်တယ် ဆိုတာထက်တောင် ပိုပါတယ်..။
ငါ့ဆရာကို လာရှုပ်လို့ လွယ်မယ် ထင်လို့လား..။သူတို့ အိပ်မက်မက် နေတာပဲ ဖြစ်ရမယ်...။
ကလင် ကလင်..
ဖုန်းခေါ်လာတဲ့ သူက..ပညာရေးဌာနရဲ့ ခေါင်းဆောင် တစ်ယောက်ပါ..။
ဖုန်းထဲက လူရဲ့ အသံက လေးနက်စွာ ထွက်ပေါ်လာခဲ့ပါတယ်..။
"ဒါရိုက်တာကျိုး..ကျေးဇူးပြုပြီး..အခုအဆုံးသတ်ပေးပါဦး..။ဒီကိစ္စတွေပိုပြီး ပျံ့နှံ့သွားရင် ဘယ်သူ့အတွက်မှ မကောင်းနိုင်ဘူးလို့ ခင်ဗျားဆရာကို ပြောပေးပါ.."
"စိတ်မကောင်းပါဘူး..ဒါက ကျုပ်ဆရာရဲ့ အလုပ်လေ..။ကျုပ်က သူ့တပည့်အဆင့်ပဲရှိတာ ..သူလုပ်နေတာတွေကို ဘယ်လိုလုပ် ဝင်ပြီး စွတ်ဖက်နိုင်မှာလဲ.."
ကျိုးမင်ချင်း နှာခေါင်းရှုတ်ပြီး ပြောလိုက်တာပါ..။
"ဒါက ဘာကိုဆိုလိုတာလဲ ဒါရိုက်တာကျိုး..။ကမ္ဘာကြီး လောင်ကျွမ်းသွားတာ ခင်ဗျား မြင်ချင်နေတာလား..။ဒါမှမဟုတ် ခင်ဗျား အလုပ်ပြုတ်ချင်နေတာလား..."
ကျိုးမင်ချင်း လုံးဝ မကြောက်ရွံ့ပေ..။
သူ အေးစက်စွာ ရယ်မောလိုက်ပြီး..
"ကျုပ်ကတော့ ခင်ဗျား အတွေးလွန်နေတယ် လို့ပဲ ထင်တယ်..။ကျုပ်က ဒါရိုက်တာ တစ်ယောက်သာသာပဲ အဆင့်ရှိပေမယ့်..ကျုပ်ရာထူးကို ခင်ဗျား အလွယ်တကူ ဖြုတ်ချနိုင်လိမ့်မယ်လို့ တွေးနေရင် မှားသွားလိမ့်မယ်နော်..။ခင်ဗျားမှာ ဒီလောက်အထိ အရည်အချင်းမရှိသေးပါဘူး..။ပြီးတော့ ခင်ဗျား လုပ်နိုင်ခဲ့ရင်တောင် ကျုပ် အလုပ်ထွက်ပြီး..တရုတ်ဆေးပညာ ကို အေးဆေး သုတေသန လုပ်နေရုံပဲ.."
ပညာရေး.ဌာနခွဲ ကျန်းမာရေး ဌာနရဲ့ ခေါင်းဆောင်ဟာ ညိမ်သက်သွားခဲ့ပါတယ်..။ယင်းနောက် သူ အသက်ပြင်းပြင်း ရူလိုက်တယ်..။
"ဒါရိုက်တာ ကျိုး ကျွန်တော် ဒီသဘောနဲ့ ပြောတာ မဟုတ်ပါဘူး..။ကျွန်တော် ပြောတာက အခုအခြေအနေက ထိလွယိရှလွယ် ဖြစ်နေတော့ မာစတာ လင်းသာ ရှေ့ဆက်တိုးနေရင် ဘယ်သူ့အတွက်မှ မကောင်းနိုင်ဘူးလေ..အထူးသဖြင့် ပရော်ဖက်ဆာ တွေပေါ့..။သူတို့တွေ ဒါကို ရင်ဆိုင်နိင်ကြမှာ မဟုတ်ဘူး..။ဒီအတွက်နဲ့..ကျန်းမာရေး ထိခိုက်သွားကြရင် မကောင်းဘူးလေ.."
သူက ပညာရေးဌာနခွဲ ကျန်းမာရေး ဌာန ခေါင်းဆောင် တစ်ယောက်ဆိုပေမယ့်လည်း ကျိုးမင်ချင်းက တရုတ်ဆေးပညာ အကယ်ဒမီရဲ့ ဒါရိုက်တာ တစ်ယောက် ဖြစ်နေပါသေးတယ်..။ကျိုးမင်ချင်းရဲ့ ရာထူးက သူ့လောက် မမြင့်ပေမယ့်..သူ့ရဲ့ အဆက်အသွယ်တွေက ပိုပြီး ကောင်းမွန်ပါတယ်..။တကယ်လို့ သူသာ ကျိုးမင်ချင်းကို ရာထူးက ဖြုတ်ဖို့ ကြိုးစားရင် ဒီလူတွေက လှုပ်ရှားလာကြမှာဖြစ်ပြီး အခန့်မသင့်ရင် ရာထူးပြုတ်သွားတဲ့ လူက သူတောင် ဖြစ်သွားနိုင်ပါတယ်..။
"ကျုပ် ခင်ဗျားတို့ကို မကူညီနိုင်မှာ စိုးရိမ်မိတယ်..။ဒါက ကျွန်တော် ဆရာရဲ့ အလုပ်ဆိုတော့ ကျုပ်ဝင်ရှုပ်လို့ မရဘူးလေ..။ခင်ဗျားတို့တော့ လူမှား ရှုပ်မိပြီ.."
ကျိုးမင်ချင်း ရယ်မောလိုက်တာပါ..။
ကျိုးမင်ချင်း တစ်ခြားတစ်ဖက်က ဘာမှ မပြောခင်မှာပဲ ဖုန်းချလိုက်ပါတယ်..။သူ့ရဲ့ မျက်လုံးထဲမှာတော့ ကျေနပ်မူတွေ အပြည့်ပါပဲ..။
သူတို့က ပြသနာ မြင့်တက်လာမှ နောင်တရချက်တာလား...။
ဘယ်လောက် ရှက်ဖို့ကောင်းလဲ..။အခုမှ တော့ နောင်ရဖို့ နောက်ကျသွားပြီ...။