← Chapters

မင်းဒီတစ်ကြိမ် နိုင်သွားပြီ..

Vol. 37 Ch. 551

မင်းဒီတစ်ကြိမ် နိုင်သွားပြီ..

Vol. 37 Ch. 551

#ဘာသာပြန် = စနိုးဝှိုက်

တိမ်ဖြူလမ်း..။

လင်းဖန် ..အပြင်ဘက်ကို စူးစမ်းကြည့်လိုက်ပြီး..

"ခနနေကြရင် ..လူတစ်ချို့ လာကြလိမ့်မယ်..။ခင်ဗျားတို့ စိတ်မရှိဘူးလို့ မျှော်လင့်ပါတယ်..."

"ဘယ်သူ လာမှာ မို့လို့လဲ..။ခနနေ လူတွေ လာမယ်ဆိုတာ မင်းက ဘယ်လိုသိမှာလဲ.."

လူလိမ် ထျန်လင်းဖန်ကို ကြည့်ပြီး ပဟေဠိဖြစ်စွာ ပြောလိုက်တာပါ..။

"တကယ်လို့ သူတို့ မလာဘူးဆိုရင် ဒါတစ်ခုခုမှားနေလို့ပဲ..။ဗီဒိီယိုက ပျံ့နှံတာ ဒီလောက် မြန်လိမ့်မယ်လို့ ကျုပ်မထင်ထားခဲ့ဘူး.."

လူလိမ် ထျန် လင်းဖန် ပြောတာကို နားလည်သွားခဲ့ပြီး..

"အဲ့ခွေးသားတွေက ငါတို့ ရဲ့ ကြိုဆိုမူတွေနဲ့ မထိုက်တန်ဘူး..။ခနနေကြရင် ထိုင်ခုံတွေ..လဖက်ရည်တွေ ဘာမှ ပြင်ဆင်ပေးစရာ မလိုဘူး..။သူတို့ မတ်တတ်ရပ်နေကြပါစေ.."

ဝူယူလန် လည်းသဘောတူစွာ ခေါင်းညိမ့်လိုက်ပါတယ်..။သူတို့ ဘယ်သူ့မျက်နှာမှ ထောက်နေစရာ မလိုပါဘူး..။

လင်းဖန် ခန့်မှန်းထားတဲ့ အတိုင်း စီနီယာ ပရော်ဖက်ဆာ တွေဟာ လင်းဖန်ရဲ့ ဆိုင်ကို ရောက်လာခဲ့ကြတယ်..။

စီနီယာ ပရော်ဖက်ဆာ တွေဟာ တံခါးပေါက်မှာ ရပ်ပြီး ဆိုင်ထဲကို ကြည့်နေခဲ့ကြပါတယ်..။တစ်ချို့တွေဟာ မျက်နှာသုန်မှုန် နေခဲ့ကြပေမယ့်..ဒီအချိန်မှာ လင်းဖန်ကို ထပ်ပြီး ဆန့်ကျင်လို့ မရတော့ပါဘူး..။မဟုတ်ရင် ဒါက ကိုယ့်ကိုကို သတ်သေသလို ဖြစ်သွားမှာပါ..။

ဒီကို မလာခင်ကတည်းက ပရော်ဖဆာ ယန်ဟာ ခင်မင်ရင်းနှီးတဲ့ မျက်နှာ အနေအထားကို ပြင်ဆင်လာခဲ့ပြီးသားပါ..။

"မာစတာ လင်း ကျွန်တော်တို့ ကိုယ်တိုင်လာခဲ့ကြတာ.."

"အိုး..တကယ်လို့ ခင်ဗျားတို့ ပြောစရာရှိရင် ပြောကြပါ..။ကျွန်တော်က ခင်ဗျားတို့ကို သိပ်ပြီး သိတာမဟုတ်ဘူးလေ..။ဒီတော့ ခင်ဗျားတို့ လာတာ မလာတာက သိပ်ပြီး ပြောင်းလဲသွားတာ မဟုတ်ဘူး..."

လင်းဖန် လူအုပ်ကို ကြည့်ပြီး ပြောလိုက်တာပါ..။

ပရော်ဖက်ဆာ.တွေ တွန့်ဆုတ်သွားခဲ့တယ်..။ဒိီစကားလုံးတွေက တကယ်ကို မလေးစားရာ ကျတာပါ..။

ဘာပဲဖြစ်ဖြစ် သူတို့က တရုတ်ဆေးပညာ လောကရဲ့ ထိပ်ပိုင်းမှာ ရှိနေတဲ့ လူတွေပါ..။သူတို့က..လူမူနယ်ပယ်မှာ အတော်ဂုဏ်သိ္က္ခာရှိပြီး. အဆက်အသွယ်တွေကလည်း ကျယ်ပြန့်ပါတယ်..။အခု သူတို့ကို မာစတာ လင်းက ဒီလို ဆက်ဆံတော့ တကယ်ကို တစ်မျိုးပါပဲ..။

ပရော်ဖက်ဆာ ယန် ရှက်ရွံ့စွာ ပြုံးလိုက်ပြီး ဆိုင်ထဲကို လျောက်သွားလိုက်တယ်..။သူ အကြည့်တွေဟဟာ ဆိုင်ထဲကို ဝေ့ကြည့်လိုက်ပြီး..မာစတာ လင်းနဲ့ စကားမပြောခင်..ထိုင်ခုံဆီလျောက်သွားပြီး ထိုင်ဖို့ လုပ်လိုက်ပါတယ်..။

သူ ထိုင်တော့မယ့် အချိန်မှာပဲ..လူလိမ်ထျန်ဟာ သူ့ရဲ့ ခြေထောက်ကို ထိုင်ခုံပေါ်မှာ လှမ်းတင်လိုက်တယ်..။လူလိမ်ထျန်ဟာ သူ့ကို ကြည့်တောင် မကြည့်ပဲ..သူတို့မရှိသလိုမျိုး ဆက်ဆံနေခဲ့တာပါ..။

ဒီ ရှက်ရွံ့စရာ အခိုက်အတန့်က ပရော်ဖက်ဆာ ယန်ကို ဘာလုပ်ရမလဲ မသိဖြစ်စေပါတယ်..။

လင်းဖန် ရယ်မောလိုက်တယ်..။သူက အကောင်းကြီးတစ်ယောက်မဟုတ်ပေမယ့်..အငြိုးအတေးတွေကို မုန်းတီးတဲ့ လူတစ်ယောက်ပါ..။သူ့ကို စော်ကားတဲ့ လူတွေ အတွက်ကတော့ ဘာမျက်နှာမှ ပေးမှာ မဟုတ်ပါဘူး..။

လင်းဖန် လဖက်ရည်ခွက်ကို ယူပြီး ဖြည်းညှင်းစွာ တစ်ငုံသောက်လိုက်တယ်...။

"ပရော်ဖက်ဆာ ယန်..တကယ်လို့ ခင်ဗျားမှာ ပြောစရာ ရှိတယ် ဆိုရင် ပြောပါ..။ကျွန်တော်က အလုပ်များနေတာ.."

"မာစတာ လင်း..ဒါက ပရော်ဖက်ဆာ ယန်လေ..။ဘယ်လိုဖြစ်ပြီး မျက်နှာ မပေးရတာလဲ.."

ပရော်ဖက်ဆာ တစ်ယောက်ဟာ ဒေါသထွက်နေတဲ့ မျက်နှာနဲ့..ပြောလိုက်တာပါ..။

လင်းဖန် မျက်နှာသုတ်ကာ ကြည့်လိုက်တယ်...။

"ခင်ဗျား တို့ ဂုဏ်သတင်းက ဘာလုပ်ရမှာလဲ..ဒါပေမဲ့ ခင်ဗျားတို့က စီနီယာကျပြီး အသက်ပိုကြီးလို့ ကျုပ်ကို အနိုင်ကျင့်လို့ရမယ် ထင်နေရင်တော့ မှားသွားပြီ..။တကယ်လို့ ပြောစရာ ရှိတယ် ဆိုရင် ပြောကြပါ..။မဟုတ်ရင်တော့ ပြန်ကြတော့..။ကျုပ်မှာ အချိန်တွေက ပိုနေတာ မဟုတ်ဘူး.."

ပရော်ဖက်ဆာ ယန်က ကျန်တဲ့လူတွေကို ဘာမှမပြောဖို့ လက်နဲ့ အချက်ပြလိုက်တယ်..။ယင်းနောက် သူလင်းဖန် ဘက်လှည့်လိုက်ပြီး..

"မာစတာ လင်း က ဒိီကိစ္စကို တစ်ကယ် ကြီးလာစေချင်တာလား.."

"အရမ်းမတွေးနဲ့ ..ကျုပ်က ပြသနာ ရှာတဲ့လူမဟုတ်ဘူး..။ဒါက ခင်ဗျားတို့ရဲ့ အမှားပဲ ကျုပ်နဲ့ ဘာမှ ဆိုင်တာ မဟုတ်ဘူး..။ကျုပ်က နစ်နာသူပဲ။ ကျုပ်ကသင်ရိုးတွေကို ကြိုးစားပမ်းစား ရေးထားရပေမယ့် ခင်ဗျားတို့က ကျုပ်ရဲ့ ခွင့်ပြုချက်မရှိပဲ မဆီမဆိုင် နာမည်ဝင်ယူချင်တာလေ..။အခု ခင်ဗျားတို့က အကြွေူးရှင်တွေလို ကျုပ်ဆီရောက်လာကြပြန်ပြီ.."

ပရော်ဖက်ဆာ ယန် တိတ်ဆိတ်နေခဲ့တယ်..။သူ ပြောတော့မယ့် အချိန်မှာပဲ..ဆူညံတဲ့ အသံတစ်ခုဟာ ထွက်ပေါ်လာခဲ့ပါတယ်..။

"အန်ကယ်လင်း..အန်ကယ်လင်း..သားတိုင်စရာ ရှိလို့.."

ဖက်တီးလေး တစ်ယောက်ဟာ ပြေးလာနေခဲ့တယ်..။

လင်းဖန် လှမ်းကြည့်လိုက်ပြီး..

"ဖက်တီးလေး ချန်း ဘာဖြစ်လို့လဲ.."

ဖက်တီးလေး ချန်းရဲ့ အင်္ကျီဟာ ညစ်ပတ်နေပြီး တိုက်ခိုက်ထားတဲ့ အရိပ်အယောင်တွေ တွေ့နေရပါတယ်..။

"ကျန်းရှောင်ဟွေးက သားရဲ့ အိမ်စာတွေ ကူးချလိူ့ သား သူ့အဖေကို သွားတိုင်လိုက်တယ်လေ..။အဆုံးမှာ ကျန်းရှောင်ဟွေးက သားကို ရိုက်နှက်တော့တာပဲ..သားသူ့ကို ပြန်တိုက်ခိုက်လို့ မနိုင်ဘူး.."

"ဖက်တိီးလေး မင်းဘေးမှာ ခနလောက် ရပ်နေပါလား..။ငါတို့ ဒိီမှာ မာစတာ လင်းနဲ့ အရေးကြီး ကိစ္စပြောစရာ ရှိသေးလို့..။ကျေးဇူးပြုပြီး ငါတို့ကို မနှောက်ယှက်ပါနဲ့.."

စီနီယာ ပရော်ဖက်ဆာ တစ်ယောက်က ပြောလိုက်တာပါ. ။

ဖက်တီးလေး ချန်းဟာ စီနီယာ ပရော်ဖက်တာ တွေကို သေချာကြည့်လိုက်ပြီး မကျေနပ်စွာ ပြောလိုက်တယ်..။

"သား ဦးလေး တို့ကို သိတယ်..။ဦးလေးတို့က အန်ကယ်လင်း ရေးထားတာကို ခိုးယူချင်နေကြတဲ့ လူတွေ မဟုတ်လား..။ဒါက တကယ်ရှက်ဖို့ ကောင်းတယ်နော်..။အရွယ်ရောက် တဲ့ လူတွေအနေနဲ့ ကိုယ်မပိုင်ဆိုင်တဲ့ အရာကို မခိုးယူသင့်ဘူး.."

"မင်း..ခွေးသားလေး.."

ပရော်ဖက်ဆာ စီနီယာ တွေ သူ့ကို ဆူတော့မှာကို သိတာကြောင့် ဖက်တီးလေး ချန်းဟာ လင်းဖန်ရဲ့ နောက်ကို အမြန်သွားပြီး ပုန်းနေလိုက်ပါတယ်..။

.

"ခင်ဗျားတို့ ဘာလိုလျင်ကြတာလဲ..။ဒီကို အနိုင်ကျင့်ဖို့ လာကြတာတော့ မဟုတ်ပါဘူးနော်.."

လင်းဖန် သူတို့ကို စိတ်ရှုတ်စွာ ကြည့်ပြီး ပြောလိုက်တာပါ..။

"မာစတာ လင်း ဒေါသမထွက်ပါနဲ့..ဒါက နားလည်မူ လွဲတာပါ..။ကျွန်တော်တို့ ဒိီကိစ္စကို ဆွေးနွေးကြမယ်လေ.."

"ကောင်းပြီလေ ဒါဆိုလည်း ခင်ဗျားတို့က စီနီယာတွေ ဖြစ်ပြီး ဖက်တီလေးကို ကျိန်ဆဲခဲ့တာဆိုတော့ သူ့ကို အရင်တောင်းပန်လိုက်..။မဟုတ်ရင်..ထပ်ပြောစရာ မရှိတော့ဘူး.."

လင်းဖန် ဘာမှမဖြစ်သလိုပြောလိုက်တာပါ..။

"ဟားဟား.."

ဖက်တီးလေး ချန်း ဂုဏ်ယူစွာ ရယ်မောလိုက်တယ်..။

"သားကို အနိုင်ကျင့်ချင်ရင် အန်ကယ်လင်းကို အရင်ကျော်ဖြတ်မှ ရမယ်.."

ပရော်ဖက် တာ ယန်ကတော့ ဒိီလို ကိစ္စသေးသေးလေးတွေ အတွက်နဲ့ အချိန်ဖြုန်းချင်စိတ် မရှိပါဘူး..။

"အမြန် သူ့ကို တောင်းပန်လိုက်.."

တစ်ခြား စီနီယာ တွေဟာ မတတ်နိုင်စွာ ပဲ ဖက်တီးလေး ချန်းကို တောင်းပန်လိုက်ကြရပါတယ်..။

ယင်းနောက် လင်းဖန် ဖက်တီးလေး ချန်းကို ဆိုင်ထဲမှာ သွားဆော့ ခိုင်းထားပြီး..ဒီလူတွေ ဘာပြောမလဲ ဆိုတာ နားထောင်ချင်နေခဲ့ပါတယ်..။

"မာစတာ လင်း ငါတို့ ဒိီကိစ္စကို ဆွေးနွေးလို့ရပါတယ်..။ဒီဗီဒီယိုက ပျံ့နှံ့နေပြီး ကျုပ်တို့ကိုလည်း အတော် ထိခိုက်စေတယ်လေ..။ကျုပ်တို့ ဥာဏ်တိမ်ခဲ့လို့ အရင်က မဆွေးနွေးခဲ့ပေမယ့်..ဒါကို မာစတာ လင်းက အပြစ်မမြင်ဖို့ မျှော်လင့်ပါတယ်.."

"အာ.."

လင်းဖန် ရယ်မောလိုက်တယ်..။

"ပရော်ဖက်တာ ယန် ခင်ဗျားတို့က တကယ်ကို ရိုးသားတာပဲ..။ကျုပ်ကလည်း ပြသနာ တွေကို ရှည်လျားအောင် ဆွဲထားတတ်တဲ့လူမျိုးမဟုတ်ဘူးလေ..။ဒီတော့ ခင်ဗျားတို့ ဝိုက်ဘိုမှာ တောင်းပန်ပြီး အမှားကို ဝန်ခံရင် ကျုပ် ခွင့်လွှတ်ပေးမှာပါ..။အင်တာနက်က ဗီဒိီယို အတွက်က ကျုပ်ထိန်းချုပ်ထားတာ မဟုတ်ဘူးလေ..ပြီးတော့ ဒါက ကျုပ်တင်ခဲ့တာမှ မဟုတ်တာ..။ဒါမှမဟုတ် ခင်ဗျားတို့ ရှေ့ဆက်တိုးချင်တယ် ဆိုရင်တော့ လုပ်ချင်တာသာ လုပ်ကြ.."

"တောင်းပန်တာက ငါတို့လုပ်ပေးလို့ရပါတယ်..။ဒါပေမဲ့ ဗီဒိီယိုကတော့ ကျိန်းသေ ပြန်ဖျက် မှ ရမယ်.."

"ဒါက ဖြစ်နိုင်မယ် ထင်လို့လား..။ဗီဒီယိုကိုက..ဂျာနယ်လစ်တွေ တင်ခဲ့တာ ကျုပ်က သာမန်လူတစ်ယောက်ထဲလေ..။ကျုပ်မှာ ဘယ်လိုလုပ်ပြီး အင်အား ရှိမှာလဲ..။ကျုပ်ထပ်ပြီး မဆွေးနွေးတော့ဘူး ။ခင်ဗျားတို့ ဝိုက်ဘိုမှာ တောင်းပန်ရင် ကျုပ်ခွင့်လွှတ်ပေးမယ်.."

ပရော်ဖက်ဆာ ယန် ရဲ့ မျက်နှာဟာ လေးနပ် နေခဲ့တယ်..။တကယ်လို့ သူတို့ တောင်းပန်လိုက်မယ် ဆိုရင် ဒါက အမှားကို ဝန်ခံလိုက်တာနဲ့ အတူတူပါပဲ..။

တစ်ခြား စီနီယာ ပရော်ဖက်ဆာ တွေလည်း တီးတိုး ဆွေူနွေးနေခဲ့ကြပါတယ်..။သူတို့ တောင်းပန် ဖို့ ဆိုတာက မဖြစ်နိုင်ပါဘူး..။ဒါက အတော်ကို အရှက်ရစေမှာပါ..။

"မာစတာလင်းက တရုတ်ဆေးပညာ အဖွဲ့အစည်းက မလား..ပြီးတော့ ကျွန်တော်က ကျို့ချင်းချင် နဲ့ ရင်းနှီးပါတယ်..။ဒါကို မာစတာ လင်း ထောက်ထားပေးမယ် လို့ မျှော်လင့်တယ်..။ကျို့ချင်းချင်သာ ကျွန်တော် တို့ထိခိုက်နေတာ တွေ့ရင် မာစတာ လင်း အပေါ် အမြင်ကြည်တော့မှာ မဟုတ်ဘူးနော်..။ဒါဆိုရင် အနာဂတ် ရာထူးအတွက် ထိခိုက်နိုင်တယ်လေ.."

ပရော်ဖက်ဆာ ယန် ပြောလိုက်တာပါ..။

"ဟုတ်လား..ခင်ဗျားတို့ ဒီကို မလာခင် ကျွန်တော် အကြောင်း သေချာ မစုံစမ်းခဲ့ဘူးထင်တယ်.."

လင်းဖန် ပရော်ဖက်ဆာ ယန်ကို ကြည့်ပြီး ပြောလိုက်တာပါ..။

ပရော်ဖက်ဆာ ယန် ကြောက်အသွားခဲ့တယ်..။မာစတာ လင်း လာကို ဆိုလိုမှန်း သူနားမလည် ပါဘူး...။

"လာ..ကျုပ်မှာ ကျို့ချင်းချင် ရဲ့ ဖုန်းနံပါတ်ရှိတယ်..။သူ့ကို အခုဖုန်ခေါ်လိုက်မယ် သူသာ ခင်ဗျားတို့ ဘက်မှာ ရှိနေရင် ကျုပ်..မာစတာ လင်း ဘာမှ ထပ်မပြောတော့ဘူး..။ဒီကိစ္စကိုလည်း ဒီမှာတင် ရပ်လိုက်တော့မယ်.."

လင်းဖန် ချက်ချင်း ဖုန်းကို ထုတ်ပြီး ခေါ်ဆိုလို်က်ပါတယ်..။

စပီကာ ဖွင့်လိုက်တယ်.။

"မာစတာ လင်းလား.."

လင်ဖန် ပရော်ဖက်ဆာ ယန်ကို ကြည့်လိုက်တယ်..။

ပရော်ဖက်ဆာ ယန် လင်းဖန်ကို ကြည့်ပြီး ဖုန်းကို လှမ်းယူလိုက်ပါတယ်...

"အကြီးအကဲ ကျို့..ကျွန်တော် အကြီးအကဲ ယန် ပါ..မာစတာ လင်းက ဘေးနားမှာ ရပ်နေတယ်..။ခင်ဗျား ဒီကိစ္စအပေါ် အမြင်လေး ပြောပေးလို့ရမလား..။ဒီကိစ္စက ကျွန်တော်တို့ကို အတော်ထ်ိခိုက်စေတယ်လေ..တကယ်လို့ အကြီးအကဲ ကျို့ သာ ကျွန်တော်တို့ ဘက်မှာ နေပေးရင် မာစတာ လင်းကဒီကိစ္စကြီးကို ရပ်တန့်လိုက်တော့မှာ.."

အဝေးတစ်ရာက မြို့တော်မှာ ရှ်ိနေတဲ့ အကြီးအကဲ ကျို့ ဒါကိုကြားပြီး အံ့ဩသင့်သွားခဲ့တယ်..။ဒီဖုန်းကောက မာစတာ လင်း တစ်ခုခု ဆိုလိုချင်မှန်းသူ သလောပေါက်လိုက်ပါတယ်..။

ရတ်တရက် တစ်ခြားတစ်ဖက် မှာ..ပြသနာ တစ်ခုခု ဖြစ်နေလို့ပါပဲ..။

"အာ..မကောင်းတော့ဘူး..။ကျုပ် ဗိုက်အောင့်လာလို့ အိမ်သာသွားတက် လိုက်ဦးမယ်.."

"တီ"

ဖုန်းကျသွားခဲ့ပါတယ်..။

ဘေးနားက လူတွေဟာ ကြောင်အသွားကြပြီး..ပျရာ်ဖက်ဆာ ယန်လည်း ဘာပြောရမှန်း မသိတော့ပါဘူး..။

"ကောင်းပြီ အခု ဘာပြောချင်သေးလဲ..။မဟုတ်ရင်တော့ ကျေးဇူးပြုပြီး ဝိုက်ဘိုကတဆင့် တောင်းပန်ကြပါ ကျုပ်ကြေအေးပေမယ်..။မဟုတ်ရင်တော့ တရားရုံးမှာ တွေ့ကြတာပေါ့.."

လင်းဖန် ပြောလိုက်တာပါ..။

"မင်းက ငယ်ရွယ်ပါသေးတယ်..။တိုးတက်မယ့် တံတားတွေကို ရိုက်ချိုးချင်တယ် ဆိုတာ သေချာရဲ့လား.."

လင်းဖန် ပြုံးလိုက်ပြီး..

"ကျုပိ ကြောက်မှာမဟုတ်ဘူး..။အိုး ကျွန်တော် ပြောဖို့ မေ့နေတာ..တရုတ်ဆေးပညာ ဆိုတာက ကျွန်တော်ရဲ့ အရံအလုပ်ပဲ..။တကယ့်အလုပ်က ပန်ကိတ် ရောင်းတာလေ..။ကျွတော် ခင်ဗျားတို့ကို ကြောက်နေမှာ မဟုတ်ဘူး..။ရှေ့ဆက်တိုးချင်တယ် ဆိုရင်လည်း သဘောပဲလေ.."

ပရော်ဖက်ဆာ ယန် နဲ့ ကျန်တဲ့ လူတွေဟာ ဒီလို ခေါင်းမာပြီး ဘာကိုမှ မကြောက်ရွံ့တဲ့ လူငယ်မျိုးကို တစ်ခါမှ မတွေ့ခဲ့ဘူး ကြပါဘူး..။တကယ်လို့ လင်းဖန်သာ တရုတ်ဆေးပညာ တက်လမ်းကို ဂရုစိုက်ရင် သူတို့ စိီနီယာတွေ အနေနဲ့ ခြိမ်းခြောက်လို့ ရပေမယ့်..သူက သူတို့ကို မကြောက်ရွံ့တော့ ဘာမှလုပ်လို့ မရတော့ပေ..။

တောင်းပန်တာနဲ့ပဲ..အဆုံးသတ်သင့်ပါတယ်..။တကယ်လို့ ဒီအမူသာ..တရားရုံးရောက်သွားရင် ပိုပြီး ရှုပ်ထွေးကုန်မှာပါ..။

တကယ်လို့ ဒီကိစ္စသာ သတ်မှတ်ချက် တစ်ခုဆီ ရောက်သွားရင် သူတို့ရဲ့ ဂုဏ်သိက္ခာတွေ ပြန်အဖတ်ဆယ် လို့ ရတော့မှာမဟုတ်ပါဘူး..။

"ဝိုက်ဘိုမှာ တောင်းပန်မယ်.."

ပရော်ဖက်ဆာယန် သက်ပြင်းချပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို ချလိုက်ပါတယ်..။

လင်းဖန် အပြုံးတွေ ပြည့်နေတဲ့ မျက်နှာနဲ့..ချက်ချင်းထလာခဲ့တယ်..။

"ကောင်းပြီ ဖြစ်နိုင်သမျှ မြန်မြန်လေး လုပ်ပေးပါ..။ကျုပ် ကို နာမည်ပါတွဲပြီး တိုက်ရိုက်ပြောရမှာနော် မဟုတ်ရင် ထည့်တွက်မှာ မဟုတ်ဘူး..။ကျုပ်တို့ နောက်တစ်ခါ ဒီလို ကိစ္စမျိုး ဘယ်တော့မှ ထပ်မကြုံဖို့ မျှော်လင့်ပါတယ်..။မဟုတ်ရင် ကျပ်ခင်ဗျားတို့ကို တွေ့ရလွန်းလို့ ပျင်းနေပြီ.."

…

အပြန်လမ်းတွင်..။

တစ်ခြားစီနီယာ ပရော်ဖက်ဆာ တွေဟာ ပရော်ဖက်ဆာ ယန်ကိုကြည့်လိုက်ကြပြီး..

"ခင်ဗျား တကယ် တောင်းပန်မလို့လား.."

ပရော်ဖက်ဆာ ယန် သက်ပြင်းချလိုက်တယ်..။

"ခင်ဗျားတို့မှာ ဘာအကြံဥာဏ်တွေ ရှိသေးလို့လဲ..။တကယ်လို့ တရားရုံးရောက်သွားရင် နောင်တရစရာ တွေ ဖြစိလာလိမ့်မယ်.."

ပရော်ဖက်တာ ယန် ဆုံးဖြတ်ပြီးသွားပါပြီ..။ဒီကိစ္စသာ တရားရုံး ရောက်သွားရင် သူတကယ် မျက်နှာတောင် ပြရဲ တော့မှာ မဟုတ်ပါဘူး..။

…

ဝိုက်ဘို..။

ပရော်ဖက်ဆာ ယန် : " ကျွန်တော် မာစတာ လင်းကို လေးလေးနက်နက် တောင်းပန်ပါတယ်..။ကျွန်တော်တို့ မာစတာ လင်းကို ပြသနာ တွေ အများကြီး တက်စေမိပြီး..........."

တောင်းပန်တဲ့ စာက တကယ်ကို ရှည်လျားပါတယ်..။

ပရော်ဖက်ဆာ ယန် ကိုယ်တိုင် တောင်းပန်ပြီ ဆိုမှတော့ တစ်ခြား ပရော်ဖက်ဆာ တွေလည်း ရွေးချယ်စရာ မရှိတော့ပေ..။ တစ်ခြားတစ်ဖက်က ​ေခါင်းမာပြီး သူတို့ကို မကြောက်ရွံ့တာက ကံဆိူးမူပါပဲ..။

ပရောက်ဖက်ဆာ ဝမ် : "....."

ပရော်ဖက်ဆာ ကျန်း "....."

မြို့သားတွေကတော့ အဖြစ်အပျက်တွေကိုကြည့်ပြီး ရယ်မောနေကြပါတယ်..။

လင်းဖန် ဝိုက်လိုမှာ စာပြန်တင်လိုက်တယ်..။

"ခင်ဗျားတို့ တောင်းပန်နေမှတော့ ကျုပ်ဒီကိစ္စကို အကျယ်ချဲ့ မနေတော့ဘူး..။ခင်ဗျားတို့က လေးစားရတဲ့ စီနီယာတွေ ဆိုတော့ တစ်ခုပဲ မှာတော့မယ်..။တစ်ခြား လူတွေရဲ့ ကြိုးစားမူတွေကို ခိုးယူမယ့်အစား ကိုယ့် အရည်အချင်းကိုပဲ မှီခိုကြစမ်းပါ..။ဒါမျိုး လုပ်တယ် ဆိုတာက မကောင်းတဲ့ လုပ်ရပ်ပဲ.."

"ဟားဟား.."

မြို့သားတွေဟာ မနေနိုင်စွာပဲ ရယ်မောမိကြတော့တယ်..။ မာစတာ လင်းက တကယ်ကို အံ့ဩဖို့ ကောင်းတာပါ..။

ပရော်ဖက်ဆာ ယန် ရဲ့ မျက်နှာဟာ လင်းဖန်ရဲ့ ပိုစ့်ကို ကြည့်ပြီး မျက်နှာ ဖြူဖျော့နေခဲ့ပါတယ်..။သူတို့က မြင့်မားတဲ့ အဆင့်အတန်းနဲ့ လုပ်ပိုင်ခွင့်တွေ ရှိကြတဲ့ လူတွေဖြစ်ပေမယ့် အခုတော့ လူငယ်လေးတစ်ယောက်ရဲ့ သင်ခန်းစာပို့ချမူကို ခံနေရပါပြီ..။

သို့ပေမယ့် သူတို့ ဒီအရှက်ရမူကို အံကြိတ်ခံဖို့ပဲ တတ်နိုင်ပါတော့တယ်..။

မင်း ဒီတစ်ခါ နိုင်သွားပြီ..။

All Chapters