ငါမင်းအစား ဆုံးဖြတ်ပေးမယ်
Vol. 37 Ch. 552
#ဘာသာပြန် = စနိုးဝှိုက်
ပရော်ဖက်ဆာ ယန် ဟော်တယ် အခန်းကို ပြန်ရောက်တာတောင် စိတ်တွေ လေးလံနေတုန်းပါပဲ..။တောင်းပန်တာက ကိစ္စတွေ အကုန် အဆုံးသတ်သွားတာ မှန်ပေမယ့် ဗီဒိီယိုကတော့ လိူင်းပေါ်မှာ ရှိနေတုန်းပါ..။
သို့ပေမယ့်..သူ သာ မတောင်းပန်ရင် တစ်ခြားတစ်ဖက်က တရားရုံးတက်တဲ့အခါ ပိုပြီး ရှုပ်ထွေး ကုန်ပါလိမ့်မယ်..။
"ပရော်ဖက်ဆာ ယန်..ဒီကိစ္စက ဒီမှာတင်ပြီးပြီလား.."
တစ်စုံတစ်ယောက်က သူ့ကို မေးလိုက်တာပါ..။ပရော်ဖက်ဆာ ယန်..မခံမရပ်နိုင် ဖြစ်နေခဲ့တယ်..။စီနီယာ ပရော်ဖက်ဆာ တွေ အများကြီး အတူတကွ ပူးပေါင်းထားပေမယ့် လူငယ်လေး တစ်ယောက်ကိုတောင် မရိုက်ချနိုင်ခဲ့ပါဘူး..။
ဘယ်လို ဟာသလဲ..။
"ပြီးသွားတာလား.."
ပရော်ဖကိဆာ ယန် ခေါင်းကိုခါယမ်းလိုက်ပြီး ရယ်မောလိုက်တယ်..။
"ဟင့်အင်..ဒီကိစ္စက အခုထိမပြီးသေးဘူး..။ကျုပ်တို့ လူထု အမြင်နဲ့. စုံစမ်းစစ်ဆေးပြီးသွားတဲ့အထိ စောင့်ကြည့်ရဦးမယ်..။တကယ်လို့ ကျုပ်တို့သာ သေချာမကိုင်တွယ်နိုင်ရင် ဂုဏ်သိက္ခာတွေလုံးဝ ကျဆင်းသွားမှာပဲ.."
"ဒါက..."
ကျန်တဲ့ လူတွေဟာ တစ်ခုခု ပြောလိုက်ချင်ပေမယ့် ဘာမှ ထွက်မလာခဲ့ကြပါဘူး.။ဒီကိစ္စက တကယ်ကို လေးနက်တာပါ..။တကယ်လို့ ဒီကိစ္စက အင်တာနက်ပေါ်မရောက်ရင် ဒီလောက်ကြီး ကြီးမားတဲ့ အရာမဟုတ်ပေမယ့် အခုတော့ နောက်ကျသွားပါပြီ..။
ဗီဒီယို ထဲမှာ စကားပြောနေတဲ့ လူက ပရော်ဖက်ဆာ ယန် ပါ..။တကယ်လို့ စီနီယာ ပရော်ဖက်ဆာ တွေသာ စုံစမ်းစစ်ဆေး ခံရရင် ..အဓိက စစ်ဆေးခံရမယ့် သူက ပရော်ဖက်ဆာ ယန် ဖြစ်ပြီး ကျန်တဲ့ လူတွေက သိပ်ပြီး အာရုံစိုက်ခံရမှာ မဟုတ်ပေ..။
ပညာရေး ဝန်ကြီးဌာန..။
ပညာရေး ဝန်ကြီးဟာ ရုံးခန်းမှာ သူ့အလုပ်သူ လုပ်နေခဲ့တယ်..။သို့ပေမယ့် အဲ့အချိန်မှာပဲ.တစ်စုံတစ်ယောက်ဟာ သူ့ရုံးခန်းထဲကို လျောက်ဝင်လာခဲ့ပါတယ်..။သူတစ်ခုခု ပြောချင်ပေမယ့်လည်း လျောက်ဝင်လာတဲ့ လူကို မြင်တဲ့ အချိန်မှာ စကားလုံးတွေကို ပြန်မြိုချလိုက်ပါတယ်..။
"ကျေးဇူးပြုပြီး လမ်းလေး ဘာလေးသွားလျောက်ရအောင်.."
ပညာရေးဌာနရဲ့ ဝန်ကြီးအနေနဲ့ သူဒီလိုမျိုး လဖက်ရည်သောက်ဖို့ အဖိတ်ခံရလိမ့်မယ် လို့မထင်ထားခဲ့ပါဘူး..။
အင်တာနက်..။
မြို့သားတွေ..အားလုံးဟာ ပျော်ရွှင်နေခဲ့ကြတယ်..။အထူးသဖြင့် လင်းဖန်ရဲ့ သစ္စာရှိ ပရိတ်သတ်တွေရော ပါပဲ..။
"ဟားဟား..ဒီလူအိုကြီး တွေ နောက်ဆုံးတော့ ကိုယ့်နေရာကို သိသွားကြပြီ.."
"ငါ သတင်းဖတ်ကြည့်ရတာတော့..ပညာရေးဝန်ကြီးကို လဖက်ရည်သောက်ဖို့ ဖိတ်သွားကြတယ်တဲ့.."
"ချီးပဲ..ဒါက တကယ်ကို အံ့ဩစရာသတင်းပဲ..။မာစတာ လင်း တကယ်ကောင်းကောင်း လုပ်ခဲ့တယ်.."
"ဘာလို့ စီနီယာ ပရော်ဖက်ဆာ တွေကို မစစ်ဆေးကြသေးတာလဲ.."
"လောဖို့ မလိုဘူး...။အချိန်ကျလာရင် သူတို့ အလှည့်ရောက်လာလိမ့်မယ်.."
"ငါလည်း တိုင်ကြားရမယ်..။အရင်တုန်းက ငါစာအုပ်တစ်ချို့ရေးဖူးပေမယ့် သူတို့ ငါ့အပေါ်ဒီလို လုပ်သွားကြတာလေ.."
ဒီကိစ္စက တစ်စ တစ်စ ပိုပိုပြီး လူပြောများနေခဲ့ပါတယ်..။အခု ဆိုရင် ဘယ်သူကမှ လင်းဖန်ကို အနိုင်ကျင့် အမြတ်ထုတ်ရဲကြတော့မှာ မဟုတ်ပါဘူး..။
လင်းဖန်ကတော့ ဒီကိစ္စကို ထပ်ပြီး ဂရုစိုက်မနေတော့ပေ..။နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်တွေက သူနဲ့ မဆိုင်တော့ပါဘူး..။သူ သိတာဆိုလို့..ဒီအဖိုးကြီးတွေက ပြသနာအိုးတွေ ဆိုတာပါပဲ..။
နန်ရှမ်း ကလေးဂေဟာတွင်..။
လင်းဖန် ဒီကို ရောက်လာတဲ့ အချိန်မှာ ..ဒီမှာ ပစ္စည်းတွေကို သယ်ထားတဲ့ လူစိမ်းတွေ အများကြီး ရှိနေတာ တွေ့လိုက်ရပါတယ်..။
လင်းဖန် ဒါရိုက်တာ ဟောင် လူတစ်ချို့ကို ညွှန်ကြားနေတာကို မြင်ပြီး သွားမေးလိုက်တယ်..။
"ဒါရိုက်တာ ဟောင် ဘာတွေဖြစ်နေတာလဲ.."
"မာစတာ လင်း ..ဒီကို လှူဒါန်းတဲ့ ပစ္စည်းတွေ ရောက်လာလို့ ကျွန်မ လူတစ်ချို့ကို..ခေါ်ပြီး အသုံးမလိုတဲ့ ပစ္စည်းတွေကို နေရာလွတ်ရအောင် ဖယ်ထုတ်ခိုင်းနေတာ..။ပြီးရင် ပြန်ပြင်ဆင်တဲ့ ကုမ္ပဏီ ကို အကြောင်းကြားပြီး ကလေးတွေ အတွက်..စာသင်ခန်းတွေ စတင်ဖွဲ့စည်းတော့ မလို့လေ.."
ဒါရိုက်တာ ဟောင် ပြုံးပြီး ပြောလိုက်တာပါ..။
လင်းဖန် ခေါင်းညိမ့်လိုက်ပြီး ဒါက အကြံဥာဏ်ကောင်းပဲ ဆိုတာကို သိလိုက်တယ်..။
"အလှူငွေက ဘယ်လောက်ရှိလဲ..."
ဒါရိုက်တာ ဟောင် စာအုပ်ကို ပြန်ကြည့်လိုက်ပြီး..
"အလှူငွေက ဒေါ်လာ ဆယ်သန်းကျော်တယ်..။မာစတာ လင်း..ကျွန်မတို့ ဒီငွေတွေကို ဘယ်လို ကိုင်တွယ်ကြမလဲ.."
လင်းဖန် အလှူငွေက အရမ်းများမယ် ဆိုတာ သိပေမယ့်လည်း..ဒါက လူထုရဲ့ စေတနာ တွေ ပါဝင်နေတာကြောင့် မသိမ်းထားချင်သလို..ကိုယ်ကျိုးအတွက်လည်း မသုံးချင်ပါဘူး..။
"ဒါရိုက်တာ ဟောင် ကျွန်တော်တို့ လိုအပ်သလောက်ကို သုံးပြီး ကျန်တာကို နောင်လာမယ့် အသုံးစာရိတ်တွေ အတွကိထားထားကြတာပေါ့..။ဒါပေမဲ့ သုံးစွဲတဲ့ နေရာမှာ ပွင့်လင်းမူ ရှိဖို့လိုတယ်..။ဒါကနည်းနည်း အလုပ်ရှုပ်နိုင်ျပမယ့် သုံးစွဲသမျှ အရာရာတိုင်းကို..ဝက်ဆိုဒ်တစ်ခုမှာ ဖော်ပြထားသင့်တယ်လေ..။ဒါဆို အလှူရှင်တွေက သူတို့ လှူထားတဲ့ ငွေတွေကို ကလေးတွေ အတွက် ဖြည့်ဆည်းပေးနိုင်လို့ ပီတိဖြစ်ကြမှာပဲ.."
"မာစတာ လင်းက တကယ် အမျှော်အမြင်ရှိတာပဲ..။ဒိီနန်ရှမ်း ဂေဟာရဲ့ ကလေးတွေ ကိုယ်စား ကျေးဇူးတင်ပါတယ်.."
ဒါရိုက်တာ ဟွန် အပြုံးတွေ ပြည့်နေတဲ့ မျက်နှာနဲ့ ပြောလိုက်တာပါ..။
လင်းဖန် ရယ်မောကာ လက်ဝေ့ယမ်း လိုက်ပြီး..။
"ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး..။ကျွန်တော် ဒီဂေဟာ ကို ယူထားပြီးမှတော့ ကလေးတွေရဲ့ တာဝန်ကို ယူရမှာပဲလေ..။ကျွန်တော်တို့ ကလေးတွေ ကောင်းကောင်း အလုပ်လုပ်ပြီး..သူတို့ကိုယ်တိုင် ချမ်းသာလာနိုင်အောင် ပျိုးထောင်ပေးရမယ်.."
"ကလေးတွေက ငယ်သေးတယ်လေ..။ဘယ်လိုလုပ်ပြီး..ပိုက်ဆံရှာနိုင်ခဲ့ကြတာလဲ.."
ဒါရိုက်တာ ဟောင် ပဟေဠိဖြစ်စွာ မေးလိုက်တာပါ..။
"သူတို့ ပန်ချီဆွဲတတ်ကြတယ်လေ..။သူတို့မှာ အရည်အချင်းတွေလည်း ရှိတယ်..။ဒါကြောင့် နောက်တစ်ခါတွေမှာ သူတို့ အရာရာတိုင်းကို ဆွဲနိုင်ကြလိမ့်မယ်..။ဒါက သူတိူ့အတွက် စားသောက်စားရိတ်ရတဲ့ အပြင်..သူတို့အတွက် တစ်ခြား အထောက်အပံ့တွေ အတွက်ပါ ရနိုင်တယ်လေ..။ဒါက ဂဲ တစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်တာနဲ့ မတူဘူးလား.."
လင်းဖန် ကလေးတွေ အပေါ်ထားတဲ့ ရည်မှန်းချက်က တကယ်ကို ကြီးမားပါတယ်..။ကလေးတွေ အနာဂတ်မှာ သူမျှော်မှန်းထားသလောက် ဖြစ်လာရင် အကောင်းဆုံးပါပဲ..။
ဒါရိုက်တာ ဟောင်ကတော့ မာစတာ လင်းလောက် နက်နက်ရှိုင်းရှိုင်း မတွေးထားပေ..။သို့ပေမယ့် အစီစဥ္ကို ကြည့်ရသလောက် ကလေးတွေရဲ့ အနာဂတ်က တကယ်ကောင်းမွန်မဲ့ ပုံပါပဲ..။
ဒါက ကလေးထိန်း ဂေဟာ ဖြစ်ပေမယ့် ဒီကလေးတွေ အနာဂတ်မှာ ကြီးပြင်းလာကြရင်..သူတို့ ခြေထောက်ပေါ် သူတို့ ရပ်တည်ကြရမှာပါ..။ဲ
သို့ပေမယ့် သူမသာ လင်းဖန် အမှန်တကယ် တွေးနေတာကို သိရင် အံ့ဩလွန်းလိူ့ မေ့လဲ သွားနိုင်ပါတယ် ..။
အမှန်တကယ်တော့ လင်းဖန် ရဲ့ စိတ်ထဲမှာ ရှိတာက တရားမျှတမူ အတွက် တိုက်ခိုက်မူ ပါပဲ..။ဒီကလေးတွေကို သူတို့မိဘတွေက စွန့်ပစ်သွားခဲ့တာ ဖြစ်ပြီး .လင်းဖန် ကောင်းကောင်းမွန်မွန် ပျိုးထောင်နေတယ် ဆိုတာ ရည်ရွယ်ချက် တစ်ခုခု ရှိပါတယ်..။
သူ့မှာသာ..စွယ်စုံကျမ်း မရှိရင် သူလည်း ဒါမျိုး လုပ်နိုင်မှာ မဟုတ်ပါဘူး..။သို့ပေမယ့် စွယ်စုံကျမ်းရဲ့ အကူအညီနဲ့ ဆိုရင် ဒါက ပြသနာ တစ်ခု မဟုတ်တော့ပေ..။
သူလိုအပ်တာ ဆိုလို့ အချိန်တစ်ခုပါပဲ..။
ကလေးတွေဟာ နေ့တိုင်း ပန်ချီဆွဲတာက လွဲလို့ ဘာမှ မလုပ်ကြပေ..။
လင်းဖန် လာမယ့်ရက်တွေမှာ ကလေးတွေကို အားစိုက်ပြီး သင်ကြားပေးဖို့ ဆုံးဖြတ်ထားပါတယ်..။မာစတာ လင်းရဲ့ လေ့ကျင့်ပေးမူ အောက်မှာ ကလေးတွေက တရုတ်အနုပညာကို ပိုပြီး ကျွမ်းကျင် နားလည်လာကြမှာပါ..။
ဒါပေါ့..အရည်အချင်းရှိတဲ့ ကလေးတွေကတော့ ပထမ ဦးစားပေးပါပဲ..။
ဥပမာ အနေနဲ့ လီဖက်တီးပါ..။သူက တစ်ခြားလူတွေထက် ညစ်ပတ်တယ် ဆိုပေမယ့်လည်း တစ်ခြားကလေးတွေထက် ထူးထူးခြားခြား ပိုထက်မြက်နေခဲ့တာပါ..။သူ့ရဲ့ ပန်ချီကားက အားလုံးထဲမှာ ထိပ်တန်းအဆင့် ရှိပါတယ်..။
သူသာ ဒီတိုင်းဆက်ပြီး လေ့ကျင့်နေရင် တစ်နေ့နေ့မှာ ထင်ရှားကျော်ကြားတဲ့ ပန်ချီပညာရှင် တစ်ယောက်ဖြစ်လာမှာ အသေအချာပါပဲ..။
ဒါပေါ့ ကလေးတွေ ပန်ချီပညာ ရှင်ဖြစ်ဖို့က သူ့ရဲ့ ရည်ရွယ်ချက်မဟုတ်သေးပါဘူး..။တစ်ချို့တွေက ပန်ချီ ဆွဲတာမှာ ဝါသနာ မပါလို့ သေချာ မဆွဲတတ်ကြတာပါ..။တကယ်လို့ သူတို့ ဝါသနာ ပါတဲ့ အရာကို သင်ကြားပေးလိုက်ရင် ..နယ်ပယ်တစ်ခုစီမှာ ကျွမ်းကျငိပြီး ကျော်ကြားတဲ့ လူတွေ ဖြစ်လာမှာ အမှန်ပါပဲ..။
သူ ကလေးတွေ ဟင်းကောင်းတစ်ခွက်ချက်တတ်အောင် အချက်အပြုတ် ကို သင်ကြားပေးဖို့ကိုလည်း စိတ်ကူးထားပါသေးတယ်..။
ဘာပဲဖြစ်ဖြစ်..ချက်ပြုတ်တတ်တယ် ဆိုရင် တိုက်ပွဲရဲ့ တစ်ဝက်ကို အနိုင်ရထားသလိုပါပဲ..။
အဲ့အချိန်မှာပဲ လင်းဖန် သူ့ပုခုံးပေါ်မှာ ရှိနေတဲ့ တာဝန်တွေက အရမ်းလေးလံတာကို ခံစားမိလိုကိတယ်..။သို့ပေမယ့် ဒါတွေက အဓိပ္ပါယ်ရှိတဲ့ အရာတွေပါ..။
"အန်ကယ်လင်း.. ဘာတွေ တွေးနေတာလဲ.."
ဘေးမှာ တစ်ချိန်လုံးရပ်ပြီး ကြည့်နေတဲ့ လီဖက်တီး က သိချင်စွာ မေးလိုက်တာပါ..။
လင်းဖန် လီဖက်တီးရဲ့ ခေါင်းကို ပုတ်ကာ ပြုံးလိုက်ပြီး..
"ဘာမှမဟုတ်ဘူး..။မင်း ပန်ချီဆွဲတာ ဘယ်လိုနေလဲ..။မေးစရာ မေးခွန်းတွေ ရှိသေးလား..."
"ဟင့်အင်.အန်ကယ်လင်း သင်တဲ့ အရာရာတိုင်းကို သားက အလွယ်တကူ ဆွဲတတ်တယ်.."
လီဖက်တီး ဂုဏ်ယူစွာ ပြောလိုက်တာပါ..။
လင်းဖန် ပြုံးလိုက်ပြီး..
"သွား တစ်ခြား လူတွေကို သွားသင်ပေးလိုက်ဦး..။မင်းတို့ တစ်ယောက်ကို တစ်ယောက် ကူညီကြရမယ်နော်."
"သေချာတာပေါ့.."
လီဖက်တီး ခေါင်းညိမ့်ပြီး ကလေးမလေး တစ်ယောက်ဆီကို ချက်ချင်း လျောက်သွားလိုက်တယ်..။
"လာ..ငါ သင်ပေးမယ်..."
ဘေးမှာ ရပ်နေတဲ့ ကောင်လေးတွေကတော့..ကောင်မလေးကို ခေါ်သွားတဲ့ လီဖက်တီးကို မကြည်သလို ကြည့်နေခဲ့ကြပါတယ်..။