← Chapters

ငါတို့ တိုက်ရိုက်ထုတ်လွင့်ဖို့လာတာ

Vol. 37 Ch. 553

ငါတို့ တိုက်ရိုက်ထုတ်လွင့်ဖို့လာတာ

Vol. 37 Ch. 553

#ဘာသာပြန် = စနိုးဝှိုက်

ညဘက်..။

လင်းဖန် နန်ရှမ်းကလေး ဂေဟာ မှာ ၁၀ နာရီလောက် အထိ ရှိနေပြီးမှ ပြန်ထွက်ခွာ လာခဲ့ပါတယ်..။

ဲီဒီမှာက ဆရာတွေကို အလုပ်ခန့်..စာသင်ခန်းတွေပြင်ဆင်..လစာပေး စတဲ့ အလုပ်တွေ အများကြီး ရှိနေသေးပြီး ဒီအလုပ်တွေ အကုန်လုံးက ပိုက်ဆံ လိုအပ်ပါတယ်..။လင်းဖန် ဒီအလုပ်တွေကို သိပ်မကျွမ်းကျင်ပေမယ့် ကံကောင်းချင်တော့ ဒါရိုက်တာ ဟောင်က ဒီအလုပ်တွေမှာ အတော်ကျွမ်းကျင်နေခဲ့တာပါ..။

ဒါပြီးတဲ့ နောက်မှာ သူလုပ်စရာ အများကြီး မရှိတော့ပေ..။သူ လုပ်စရာ ရှိတာဆိုလို့ တစ်ခါတစ်လေ ကလေးတွေနဲ့ လာကစားပြီး သင်ကြားပေးဖို့ပါပဲ..။

သူတို့ ပညာရေး ဝန်ကြီးဌာနကို ဆက်သွယ်ပြီး ကလေးတွေရဲ့ သင်ရိုးမာတိကာ တွေက တစ်ခြားကျောင်းတွေ နဲ့ တစ်ထပ်တည်းဖြစ်ဖို့ကို သေချာအောင် ဆောင်ရွက်ရဦးမှာပါ..။ဒါဆိုရင် ကလေးတွေ..ဒီကျောင်းက အောင်ပြီးသွားရင် တစ်ခြားကျောင်းက လူတွေနဲ့ အတူတူ ဖြစ်သွားပါလိမ့်မယ်..။

အရာရာ တိုင်းကို အစီစဥ္ တကျ ကောင်းကောင်းဖြစ်ဖို့. သေချာ ကိုင်တွယ်မှ ရမှာပါ..။

ညဘက်ဟာ..တိတ်ဆိတ်မူနဲ့ အတူ ငြိမ်သက်နေခဲ့တယ်..။

နေရာတစ်ခုမှာ မှန်လုံးဇိမ်ခံကား တစ်စီဟာ ရပ်တန့်သွားခဲ့တယ်..။

လူငယ်လေး ငါးယောက်ဟာ စိတ်လှုပ်ရှားစွာ ပြုံးနေခဲ့ကြပါတယ်..။

"ဒါက စိတ်လှုပ်ရှားစရာပဲ.."

"ပြောမနေနဲ့တော့..။ဒါက ငါတို့ရဲ့ နောက်ဆုံး.ပန်းတိုင်ပဲ..။တိုက်ရိုက်ထုတ်လွင့်မူ ဘယ်တော့လောက် စမလဲ.."

"အခုပဲ စလိုက်မယ်..။မျက်နှာတွေကို သေချာ ဖုံးထားနော်..ငါတို့ ဘယ်သူတွေလဲ ပေါ်သွားလို့ မရဘူး.."

"စိတ်မပူနဲ့..ဒါက ပြသနာ မဟုတ်ဘူး.."

တိုက်ရိုက်ထုတ်လွင့်မူ ထဲတွင်..။

တိုက်ရိုက်ထုတ်လွင့်မူ စလိုက်တာနဲ့..ကြည့်ရူသူတွေ မြင့်တက်လာခဲ့ပါတယ်..။

သို့ပေမယ့် ဒီ ကြည့်ရူသူတွေဟာ..လက်ဆောင်တွေပို့ပေးရမယ့် အစား..ဒေါသတကြီးသာ စာတွေ ရိုက်နေခဲ့ကြပါတယ်..။

"မအေလုံး ခွေးသား ငါးယောက်..။တကယ်လို့ မင်းတို့မှာသာ သတ္တိရှိရင်..မင်းတို့ရဲ့ လိမ်စာကို ပြောလိုက်..။ငါ မင်းတို့ကို သေအောင် ရိုက်သတ်ပြမယ်.."

"ဘယ်လောက် ဒေါသထွကိဖို့ ကောင်းလဲ..။မင်းတို့ကို မင်းတို့ တရုတ်နိုင်ငံသားလို့ ပြောမနေနဲ့တော့.."

"ခွေးသားတွေ..ငါ့မှာသာ အခွင့်အရေးရှိရင် မင်းတို့ကို အရေခွံစုတ်မိလိမ့်မယ်.."

…

မှတ်ချက်တွေဟာ တိုက်ရိုက်ထုတ်လွင့်တဲ့ စခရင် တစ်ခုလုံးမှာ ပြည့်နှက်နေခဲ့ပါတယ်..။

လူငယ်လေး ငါးယောက်စလုံးဟာ ရယ်မောလိုက်ကြတယ်..။သူတို့မျက်နှာတွေ ကို တော့ ဘယ်သူမှ မမြင်နိုင်အောင် ဖုံးအုပ်ထားကြပါတယ်..။

"ဟဲလို အားလုံးပဲ..။ကျွန်တော်က ဒုတိယ ကျိုးထျန်ဟောင်ပါ..။ကျွန်တော် နိုင်ငံ အင်ပါယာ စစ်တပ်

နစ်ပွန် ရဲ့ ယူနီဖောင်းကို ဝတ်ထားတယ်နော်..။ဒီနေ့ ကျွန်တော်ရဲ့ သူငယ်ချင်းတွေကို ခေါ်လာပြီး..ကျွန်တော်တို့ သူများတွေ ပိုင်တဲ့နေရာကို ခိုးဝင်တာ ဘယ်လောက်ကျွမ်းကျင်လဲ ဆိုတာ လာပြသတာပါ.."

"ငါ့အလှည့်.."

နောက်ထပ်လူငယ်လေး တစ်ယောက်ဟာ ဖုန်းကို အလျင်အမြန်လှမ်းယူလိုက်တယ်..။

"ပရိသတ်တို့..ကျွန်တော်က ချွန်ထျန်..ပါ..။ကျွန်တော် အခု ဝတ်ထားတာက..အင်ပါယာ နစ်ပွန် စစ်တပ်ရဲ့ နောက်ထပ်..ယူနီဖောင်းတစ်မျိုးလေ..။အားလုံးပဲ ကြိုဆိုမယ်လို့ မျှော်လင့်ပါတယ်.."

တိုက်ရိုက်ထုတ်လွင့်မူထဲမှာ ရှိတဲ့ လူတွေကတော့ ဒေါသထွက်မြဲ အတိုင်းထွက်နေကြပါတယ်..။

"ငါ့ဖင်ကြီးကို ကြိုဆိုပါလား.."

"မင်းတို့က ပြသနာရှာချင်နေတာပဲ.."

"မအိမ်လုံးတွေ.."

"ခွေး#မသားတွေ..။တကယ်လို့ ငါသာ မင်းတို့ ဘယ်သူလဲ သိရင် သေအောင် သတ်မိလိမ့်မယ်.."

"မင်းတို့က ကိုယ်ကျင့်တရား မရှိကြတဲ့ လူတွေပဲ.."

ကြည့်ရူသူတွေဟာ ..ဒေါသထွက်နေကြပေမယ့် လူငယ်လေးတွေကတော့ ဂရုစိုက်တဲ့ ပုံမပေါ်ပါဘူး..။

"ချစ်လှစွာသော မြို့သားတို့ မင်းတို့က ကီးဘုတ် စစ်သည် တွေပဲ..။ဒါပေမဲ့ ကျုပ်တို့ရဲ့ ချဲလန့်ကို ကြည့်ခွင့်ရတာ ကိုယ့်ကိုကို ကံကောင်းတယ်လို့ မှတ်ပါ..။ဒီအချိန်မှာ ခနပြောချင်တာက..ကျွန်တော်တို့ အတွက်အစာရေစာ နဲ့..လိုအပ်တာတွေ ထောက်ပံ့ပေးတဲ့ စပွန်ဆာ တွေကို ကျေးဇူးတင်ပါတယ်လို့..။ဒီမှာ လူတွေ ရှိနေတယ် ဆိုတော့ ပိုစိတ်လှုပ်ရှားဖို့ကောင်းတာပေါ့..။ကျုပ် ကျိုးချွန်ဟောင် ဒီလူတွေကို အနိုင်ယူပြမယ်.."

"ဟီးဟီ ခင်ဗျားတို့ ကျုပ်တို့ကို မုန်းနေမယ် ဆိုတာ သိပါတယ်..။ဒါပေမဲ့ ခင်ဗျားတို့ ကျုပ်တို့ကို ဘယ်တော့မှ တွေ့ရမှာမဟုတ်ဘူး..။တစ်ခုခုဖြစ်လာပြီး ဆိုတာနဲ့ ကျုပ်တို့က အရိပ်လိုပျောက်သွားမှာပဲ..။ခနနေရင် ဒီနေရာကို ဓာတ်ပုံရိုက််မယ်..ပြီးရင်..ဒီနေရာက နံရံတွေ တစ်ခုလုံးမှာ အမှတ်အသားတွေထားခဲ့မယ်..။ကျုပ်တို့ ဒီမှာရောက်ခဲ့တယ် ဆိုတာကို နံရံမှာ ပန်ချီတွေ ဆွဲပြီးသက်သေ ချန်ခံဲ့ချင်တာ​ေါ..။ကောင်းပြီ မပြောတော့ဘူး..စပြီးလုပ်လိုက်ကြရအောငိ.."

ကင်မရာမှာ မပါတဲ့ ကောင်လေး တစ်ယောက်ဟာ ပြုံးလိုက်ပြီး

"စိတ်မပူနဲ့..ဒီတစ်ခေါက် ခင်ဗျားတို့ အံ့ဩသင့်စေရမယ် လို့ အာမခံတယ်.."

တိုက်ရိုက်ထုတ်လွင့်မူထဲမှာ ကြည့်ရူနေတဲ့ လူတွေဟာ သောင်းချိီရှိပြီး အကုန်လုံးကလည်း ကျိန်ဆဲနေခဲ့ကြတယ်..။သို့ပေမယ့်..ဒီလူငယ် လေးတွေကို ချီးကျူးနေတဲ့ လူတစ်ချို့လည်း ရှားရှားပါးပါး ရှ်ိနေပါသေးတယ်..။

…

နေရာတစ်ခုတွင်..။

"မင်ယန် ခင်ဗျားက အတော်ဆိုးတာပဲ..။ခင်ဗျားက ကျုပ်နဲ့ အများကြီး သောက်တော့..အခု ကျုပ်အိမ်ကို ကားမောင်းပြီး မပြန်နိုင်တော့ဘူး.."

လင်းဖန် သောက်လက်စ ခွက်ကို ချပြီး ပြောလိုက်တာပါ..။နန်ရှမ်းကလေး ဂေဟာက ထွက်လာအပြီးမှာ ဝမ်မင်ယန် က သူ့ကို ဖုန်းခေါ်လာခဲ့ပါတယ်..။

သူတို့ အတော်ကြာအောင် မတွေ့ဖြစ်ကြဘူးဆိုတော့ လင်းဖန် နှစ်ခါ တွေးမနေတော့ပေ..။ဒါက သူမငြင်းချင်တဲ့..ကမ်းလှမ်းမူ ပါပဲ..။

ဝမ်မင်ယန် ဒီနေ့ ဒီလောက်အထိ သောက်လိ်မ့်မယ်လို့ သူမထင်ခဲ့ပေ..။သူတို့ နှစ်ယောက်စလုံး သောက်လိုက်တာ ဘီယာ တစ်ဖာ တောင် ကုန်နေပြီဖြစ်ပြီး လင်းဖန်လည်း ထိုးအန် ဖို့နီးနေပါပြီ..။

ဝမ်မင်ယန် ပြုံးလိုက်ပြီး..

"ဟားဟား ဒါက တစ်ခါတစ်လေမှပါ..။ငါ မင်းနဲ့ မတွေ့တာ အတော်ကြာပြီလေ..။ဒါမျိုး ဘယ်တော့မှ ထပ်သောက်ရမလဲ မသိသေးဘူး.."

သူတို့ဟာ ယိုင်တိယိုင်တိုင် နဲ့ တစ်ယောက်ကို တစ်ယောက်မှီပြီး လမ်းလျောက်နေခဲ့ကြတယ်..။သူတို့ရဲ့ဘေးမှာတော့ ဝမ်မင်ယန် ရဲ့ သီးသန့် ဒါရိုက်ဘာဟာ..ကပ်လျက်လိုက်လာပြီး အကူညီမဲ့စွာ ရယ်နေခဲ့ပါတယ်..။

"ဆက်သောက်မလို့လား..။တကယ်လို့ ကျုပ်သာ နောက်တစ်မော့ ဆက်သောက်ရင် ထိုးအန် တော့မယ်..။အိုး..ဝူရွှန်းယွဲ့ အခုတလော ဘာလုပ်နေလဲ..။သူမက ကျုပ်ဆီကို ဖုန်းခေါ်ပေမယ့် ကျုပ်က အလုပ်များနေတော့ ညစာလိုက်မစားဖြစ်ခဲ့ဘူး.."

လင်းဖန် ရယ်မောပြီး ပြောလိုက်တာပါ..။

ဝမ်မင်ယန် လင်းဖန် ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး..

"မင်းစိတ်သောက ရောက်နေတာမလား..။ငါ့ကို ပြောစမ်းပါ.."

"ဟုတ်ပါ့မလား.."

လင်းဖန် ခေါင်းခါယမ်းပြီး ပြုံးလိုက်ပါတယ်..။

"သူမက ပိုပြီး ပေါ်ပြူလာ ဖြစ်လာတာ မဟုတ်ဘူးလား..။သူမ လုပ်စရာ လိူတာ ဆိုလို့ စင်ပေါ်မှာ ရှိနေဖို့ပဲလေ..။ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် မင်းရေးပေးတဲ့ သီချင်းတွေက တကယ်ကောင်းမွန်လွန်းတယ်..။သူမက အကောင်းဆုံး အယ်လ်ဘမ် ဆုကို တောင် ဆွတ်ခူးနိုင်ခဲ့တယ်လေ..။သူမ ရုပ်ရှင်လောကကို ဝင်လို့ရပြီလို့ ထင်လား.."

ဝမ်မင်ယန် မေးလိုက်တာပါ..။သူ့ရဲ့ ပိုက်ဆံတွေနဲ့ လင်းဖန် ရဲ့ အရည်အချင်းတွေ ပေါင်းစပ်လိုက်တဲ့ အချိန်မှာ ဝူရွှန်းယွဲ့ စတား ဖြစ်ဖို့ဆိုတာက..ထမင်းစားရေသောက်သလိုကို လွယ်ကူသွားခဲ့တာပါ..။

"ဘာလို့ ကျုပ်ကို မေးနေတာလဲ..။ခင်ဗျား ကြိုက်တဲ့ အချိန်မှာ စလို့ရတယ်..။ဒါပေမဲ့ ခင်ဗျား အဓိက စီးပွားရေးကို ပြောင်းလဲချင်နေတာလို့တော့ မပြောနဲ့နော်.."

လင်းဖန် မေးလိုက်တာပါ..။

ဝမ်မင်ယန် ခေါင်းခါလိုက်တယ်..။

"ညီအစ်ကို ငါ့ရဲ့ အဓိက စီးပွားရေးက အကျိုးအမြတ် သိပ်မများဘူးဆိုတာကိုတော့ ငါ ဝန်ခံရလိမ့်မယ်..။ဒါကြောင့်..ငါ..ဒီအလုပ်အပြင် ဖျော်ဖြေရေး လုပ်ငန်းကိုပါ တွဲပြီး လုပ်ကိုင်ချင်နေတာလေ..။မင်းဘယ်လို ထင်လဲ.."

"ကျုပ်ကို မမေးနဲ့..ကျုပ်က ဘယ်လို သိမှာလဲ.."

လင်းဖန် လက်ဝေ့ယမ်းပြီး ပြောလိုက်တာပါ..။

ဝမ်မင်ယန် လင်းဖန်ရဲ့ လည်ပင်းကို သိုင်းဖက်လိုက်ပြီး..

"မဟုတ်ဘူး ငါမင်းကို ယုံတယ်..။တကယ်လို့ မင်းက အလုပ်ဖြစ်တယ်လို့ ပြောရင် ဒါက အလုပ်ဖြစ်တယ်..။မင်းတစ်ခြားနည်း တွေ့ရင်လည်း ငါအဲ့တိုင်း လိုက်လုပ်မှာပဲ..။မင်း ငါ့ကို ထောက်ပံ့နေရင် ငါအလုပ်လုပ်ရတာ အားတက်တယ်..။ငါ့နောက်မှာ မင်းမရှိရင် ငါ အလုပ်လုပ်ချင်စိတ်တောင် မရှိတော့ဘူး.."

"ချီးပဲ.ခင်ဗျား ကျုပ်ကို လည်ပင်းညစ်သတ်ဖို့ လုပ်နေတာလား..။ကျုပ်ရဲ့ စွမ်းအားရှစ်မျိုး လက်သီးသိုင်းကို မြည်းကြည့်ဖို့သာ ပြင်ထားပေတော့.."

လင်းဖန် လက်ကို ကြုံသလို ဝေ့ယမ်းပြီး ပြောလိုက်တာပါ..။

ဝမ်မင်ယန် လည်း ရယ်မောကော ကိုယ်ခံပညာ လှုပိရှားမူတွေ လုပ်လိုက်ပြီး..

"ပိုက်ဆံ လက်သီးသိုင်း.."

"ချီးပဲ ရပ်နေလိုက်.."

လင်းဖန် ဝမ်မင်ယန် ရှေ့ကို ပြေးထွက်သွားတာကို ကြည့်ပြီး ပြောလိုက်တယ်..။

"ဟားဟား.."

ဝမ်မင်ယန် ကျယ်လောင်စွာ ရယ်ျမာပြီး ​အောင်ပွဲခံတဲ့ ပုံစံဖြင့် ကနေခဲ့တယ်..။

"မင်းသာ ငါ့ကို ဖမ်းမိရင်..ငါမင်းကို ကုန်းပိုးပြီး ခေါ်မယ်.."

"ချီးပဲ. လွှတ်အောင်ပြေးတော့.."

လင်းဖန် ပြောပြီး နောက်ကနေ တယိမ်းတယိုင် နဲ့ လိုက်လိုက်ပါတယ်..။

ဝမ်မင်ယန် ရဲ့ ဒါရိုက်ဘာဟာ..ဝမ်မင်ယန် နဲ့ လင်းဖန် ပြေးထွက်သွားတာကို ကြည့်ပြီး ထိပ်လန့်သွားခဲ့ပါတယ်..။

"ဥက္ကဌ ဝမ်..မာစတာ လင်း..ကျေးဇူးပြုပြီး ရပ်ကြပါဦး..။ကားက ဒီမှ ပါကင်ထိုးထားတာလေ.."

သူတို့နှစ်ယောက်စလုံး ဘယ်သူမှ သူ့ကို အဖတ်မလုပ်ကြတဲ့ အတွက် ဒါရိုက်ဘာ အကူညီမဲ့သွားခဲ့တယ်..။သူလုပ်နိုင်တာဆိုလို့ ကားစက်နိှုးပြီး သူတို့နောက်ကနေ လိုက်ဖို့ပါပဲ..။

နေ့တိုင်း စီးပွားရေး ကိစ္စကြီးတွေ လုပ်နေတဲ့ ဥက္ကဌ ဝမ်က မာစတာ လင်းနဲ့တွေ့မှ လူ​ပြက် တစ်ယောက်လို့ ဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။သူသာ ဝမ်မင်ယန် ရဲ့ ကိုယ်ပိုင် ဒါရိုက်ဘာ မဟုတ်ရင် ဥက္ကဌ တစ်ယောက်ရဲ့ ဒီလိုဘက်ခြမ်းကို မြင်ရမှာ မဟုတ်ပါဘူး..။

All Chapters