ပေါင်ချိန်ဖန် တို့ လှုပ်ရှားပြီ
Vol. 37 Ch. 554
#ဘာသာပြန် = စနိုးဝှိုက်
ညဘက်ဟာ..တိတ်ဆိတ်ပြီး ခြောက်ကပ်နေခဲ့ပါတယ်..။
မှန်လုံဇိမ်ခံကားလေးဟာ သူတို့နောက်က ဖြည့်ညှင်းစွာ လိုက်နေခဲ့ကြတယ်..။
"ဥက္ကဌ ဝမ်..မာစတာ လင်း..ကားပေါ်တက်တော့မလား..."
ဒါရိုက်ဘာ မေးလိုက်တာပါ..။
ဝမ်မင်ယန် လက်ဝေ့ယမ်းလိုက်ပြီး..။
"မတက်သေးဘူး..။ညဘက်က နည်းနည်းအေးတော့..လမ်းလျောက်ရတာ တကယ်ကောင်းတယ်.."
လင်းဖန် သူ့ကို နှစ်သိမ့်လိုက်တယ်..။
"ဒါကလမ်းမလျောက်ရတာ အတော်ကြာတော့ ဒီခံစားချက်က တကယ်ကောင်းတာပဲ..။အိူး..ခင်ဗျား မိုးတိမ် ကော်ပိုရေးရှင်း နဲ့ ပူးပေါင်းတာ ဘယ်လို ဖြစ်သွားပြီလဲ.."
"အဆင်ပြေပါတယ်..ဘာမှ ပြောစရာ မရှိသေးပါဘူး..။မင်းက လျို့ဝှက်ချက်တွေ အများကြီးရှိနေတာပဲ..။တကယ်လို့ မင်းသာ ငါ့ကို မပြောရင်..ငါမင်းကို ယုံကြည်မှာတောင် မဟုတ်ဘူး.."
.
"ဘာကိုလဲ..ကျုပ်မှာ ဘာလျိုဝှက်ချက်မှ မရှိပါဘူး..။ခင်ဗျား သိတဲ့အတိုင်းပဲလေ.."
လင်းဖန် ရယ်မောလိုက်တယ်..။
"ဒါကို ပြောရရင် ငါမင်းကို အခုထိ အပြစ်မတင် ရသေးဘူး..။မင်း ငါ့ကို အထင်သေးနေတာလား.."
ဝမ်မင်ယန် လင်းဖန်ကို ကြည့်ပြီး မေးလိုက်တာပါ..။
လင်းဖန် ပဟေဠိဖြစ်သွားပြီး..
"ခင်ဗျား ဘာကို ပြောချင်တာလဲ.."
ဝမ်မင်ယန် လင်းဖန်ကို ကြည့်လိုက်တယ်..။
"မင်းဘယ်လို လုပ်နိုင်ရတာလဲ..။မင်း ကလေးတွေရဲ့ ပန်ချီကားတွေကို ရောင်းချခဲ့တာကို ငါသိတယ်..။တကယ်လို့ မင်းမှာ ပိုက်ဆံလိုရင် ငါ့ကို ပြောလို့ရတယ်လေ..။ကလေးဂေဟာ ကလည်း ငါ့ရဲ့ တာဝန်ယူရမယ့် အရာတစ်ခုလိုပဲ..။ငါရဲ့ ရှယ်ယာတွေကို တောင် ပေးလိုက်လို့ရတယ်...။ငါ အတည်ပြောနေတာ.."
လင်းဖန် ဝမ်မင်ယန် ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး..။
"ကောင်းပြီ ကောင်းပြီ..ဒေါသမထွက်ပါနဲ့..။နောက်တစ်ခါ ပိုက်ဆံလိုရင် ခင်ဗျားကို ပြောမယ် ဟုတ်ပြီလား..."
"ဟားဟား.."
ဝမ်မင်ယန် ရယ်မောလိုက်ပါတယ်..။
"ညီအစ်ကို ငါတို့ သီချင်းဆိုရအောင်.."
ဘဝတစ်ခုမှာ မင်းလူတွေ ဘယ်လောက်နဲ့ သိခဲ့သလဲ.။သူငယ်ချင်း ဆက်ဆံရေးက ဘယ်လောက်ကြာခဲ့သလဲ..။ကျေးဇူးပြုပြီး ငါ့ကို မနှုတ်ဆက်ပဲ ခွဲခွာ မသွာပါနဲ့ 🎼🎼🎼"
"လာ..ဆက်လျောက်ရအောင်..."
လင်းဖန် ရယ်မောလိုက်ပြီး..
"ကောင်းပြီလေ..."
"သူငယ်ချင်း ဆက်ဆံရေးက ငါတို့ရဲ့ နှလုံးသားထဲမှာ ခိုင်မြဲနေတယ်..။ငါတို့ အမြဲတမ်း..အမြဲတမ်း တွေ့ကြရမယ်..🎼"
"တကယ်လို့ ငါတို့ ထပ်ပြီး မတွေ့နိုင်ကြရင်တောင်.."
"ငါတို့ အဆုံးသတ်တဲ့အထိ သူငယ်ချင်း အဖြစ်ဆက်ရှိနေကြမယ်.."
…
"ချီးပဲ မင်းအသံက အသံဆိုးကြီးနဲ့..."
ဝမ်မင်ယန် ..သူ့နားကို ပိတ်ထားပြီး ပြောလိုက်တာပါ..။
"အာ..ခင်ဗျားအသံက ပိုတောင် ဆိုးသေးတယ်.."
လင်းဖန် ပြန်ပြောလိုက်တယ်..။
"အရင်တုန်းက မင်းက ကျွမ်းကျင်ပညာရှင် တစ်ယောက် ဖြစ်လို့ အဆက်အသွယ် ရှိထားတာ ကောင်းတယ် ဆိုပြီး ငါမင်းနဲ့ ဆက်ဆံခဲ့တာပဲ..။အခု တော့ ငါ့အမြင်တွေ ပြောင်းလဲ သွားပြီ..မင်းက ငါ့ရဲ့ အကောင်းဆုံး ညီအစ်ကို..သူငယ်ချင်းပဲ.."
"ကျုပ်ခင်ဗျားကို စတွေ့တုန်းက ခင်ဗျားက ကျုပ်အတွက် တကယ်ကို တံူးအတဲ့ လူတစ်ယောက်ပဲ..။ဒါပေမဲ့ အခုတော့...."
လင်းဖန် ပြောလိုက်တာပါ..။
ဝမ်မင်ယန် မျက်လုံး အရောင်တောက်သွားပြီး လင်းဖန် ဆက်ပြောမှာကို စောင့်နေခဲ့ပါတယ်..။
လင်းဖန် ရယ်မောလိုက်ပြီး..
"ဒါပေမဲ့ အခုလည်း အတူတူ ပါပဲ..."
"မင်း..ခွေးသား.."
ဝမ်မင်ယန် မကျေနပ်တဲ့ အမူအရာနဲ့ ကျိန်ဆဲလိုက်တာပါ..။
"ဟားဟား.."
သူတို့ နှစ်ယောက် မျက်လုံးချင်းဆုံပြီး ကျယ်လောင်စွာ ရယ်မောလိုက်ကြပါတယ်..။သူတို့ အယ်လ်ကိုဟော အရှိန်ကြောင့် သိပ်ပြီး မထိန်းချုပ်နိုင်ကြတော့ပါဘူး..။
အဲ့အချိန်မှာပဲ သူတို့ရှေ့မှာ တစ်ခုခုဖြစ်နေတာကို တွေ့လိုက်ကြရတယ်..။
"ဟိုမှာ ဘာတွေဖြစ်နေတာလဲ.."
လင်းဖန် ပဟေဠိဖြစ်စွာ မေးလိုက်တာပါ..။
ဝမ်မင်ယန် ရှေ့ကိုကြည့်လိုက်ပြီး..
"မသေချာဘူး..ဒါက လေးခုမြောက် ရိပ်သာ
မလား..။ဒီကောင်တွေ စစ်တပ်ဝတ်စုံကို ဝတ်ထားသလိုပဲ.."
ဒါရိုက်ဘာလည်း အနားကို ရောက်လားပြီး ရှေ့က နေရာကို သေချာကြည့်လိုက်တယ်..။
"ဥက္ကဌ ဝမ် ဒီလူငယ်လေးတွေက ဂျပန် အင်ပါယာစစ်တပ် ရဲ့ ယူနီဖောင်းတွေ ဝတ်ထားကြတယ်..။လေးခု မြောက် ရိ်ပ်သာမှာ ကျော်ကြားတဲ့ အမွေအနှစ်တွေ..ဂျပန်နဲ့ ဒုတိယ ကမ္ဘာစစ်တုန်းက..အပျက်အစီးတွေရှိတယ်လေ..။ဒါက မျိုးချစ်စိတ် နဲ့ ယဥ္ကျေးမူ အတွက် သင်ကြားပေးတဲ့နေရာပဲ.."
"ဘာ.."
ဝမ်မင်ယန် ဒေါသထွက်သွားခဲ့တယ်..။
"ချီးပဲ..ငါ့ရဲ့ ဒုတိယ အဖိုး ဆိုရင် ဂျပန်တွေနဲ့ တိုက်ပွဲမှာ အသက်ပေးသွားခဲ့ရတာ..။ဒီကောင်တွေက ဘာလုပ်နေတာလဲ.."
"လာ..သွားကြည့်ရအောင်.."
လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး ဝမ်မင်ယန် နဲ့အတူ ထွက်ခွာသွားခဲ့တယ်..။
…
လေ့ခုမြောက် ရိပ်သာ ဝင်ပေါက်တွင်..။
လူလေးယောက်ဟာ မတ်တတ်ရပ်နေခဲ့ပြီး တစ်ယောကိကတော့ ဖုန်းကို ကိုင်ထားခဲ့ပါတယ်..။
"သေချာ ကြည့်ထားကြ..ကျုပ်တို့ကို ဘယ်သူမှ ရှာမတွေ့ဘူး..။တစ်ချို့လူတွေဆိုရင် ကျုပ်တို့ကို မြင်တာနဲ့ချီးထွက်အောင် ကြောက်ပြီး ထွက်ပြေးသွားကြတာ..။ကျုပ်ပြောလိုက်မယ်..ခင်ဗျားတို့က ကျုပ်တို့ကို ဖမ်းနိုင်ဖို့အတွက် ကြောက်တတ်လွန်းတယ်.."
"ဟားဟား ငါတို့ရဲ့ခုနှစ်ရက်မြောက် ချဲလန့်က ပြီးဆုံးတော့မယ်..။ခင်ဗျားတို့ ကျုပ်တို့ကို ဆက်ပြီး ကျိန်ဆဲ နေကြ..ဒါက ဘာမှ ပြောင်းလဲ သွားမှာ မဟုတ်ဘူး..."
"ကျုပ်တို့နောက်က အနီရောက် နံရံကို ကြည့်လိုက်..။အဲတာကို ဆွဲထားတာ ကျုပ်တို့ပဲ..။မနက်ဖြန်ဆိုရင် လူတိုင်း မြင်ကြရတော့မယ်.."
"အင်ပါယာ နစ်ပွန် အစိုးရကြီး ကြာရှညိ တည်တံ့ပါစေ..။ကျုပ်တို့ နှစ်အနည်းငယ် ကြာမှ ပြန်လာခဲ့မယ်.."
တိုက်ရိုက် ထုတ်လွင့်မူ ထဲက လူတွေကတော့ ဒေါသထွက်နေခဲ့ကြပါပြီ..။
တစ်စုံတစ်ယောက်က နိုင်ငံရဲ့ ယဥ္ကျေးမူ နေရာမှာ ဒါမျိုးတွေ လာလုပ်တဲ့ အထိ နိမ့်ကျ လိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။
"ချီးပဲ..ခင်ဗျားတို့ ကျိန်ဆဲနေတာ ရပ်လိုကိကြီး ကျုပ်တို့ကို လာရိုက်နှက်ကြလေ.."
ခင်ဗျားတို့ကို ပြောရဦးမယ်..။ခင်ဗျားတို့က တကယ် ကြက်ကလေးတွေပဲ..။ခင်ဗျားတို့ လုပ်နိုင်တာဆိုလို့ အဲ့ ကီးဘုတ်ကို သုံးပြီး စကားလုံးလေးတွေ နဲ့ ကျိန်ဆဲ ဖို့ပဲ ရတယ်..။ခင်ဗျား တို့ ခုနက ကောင်တွေကို တွေ့လိုက်လား..။ကျုပ်တို့ နည်းနည်း ခြောက်လိုက်တာနဲ့ ထွက်ပြေးသွားကြတာ..."
"အားနည်းတဲ့ လူတွေက အမြဲအားနည်းတတ်တယ်..။ခင်ဗျားတို့ ကျုပ်တို့ လုပ်နေတာတွေ သိတာတောငိ ဒီကို မလာရဲဘူးမလား..။ဘယ်လောက် ရှက်စရာ ကောင်းလဲ..."
"ဟားဟား.."
ရုတ်တရက် ကျယ်လောင် တဲ့ အသံတစ်ခုကို သူတို့ ကြားလိုက်ရပါတယ်..။
"ချီးပဲ..မင်းတို့ ခွေးသားလေးတွေ ဘာလုပ်နေတာလဲ.."
ဝမ်မင်ယန်ဟာ သူတို့ဆီလျောက်လာနေရင်းကနေ လှမ်းအော်လိုကိတာပါ..။
လူငါးယောက်ဟာ လင်းဖန် တို့ကို မြင်တဲ့ အချိန်မှာ ရယ်မောလိုက်ကြတယ်..။
"ကြည့်လိုက်ကြ..ခင်ဗျားတို့ရဲ့ကွန်မန်ဒါတွေ လာပြီ..။သူတို့က သုံးယောက်ထဲရှိပြီး ကျုပ်တို့က ငါးယောကိဖြစ်နေတာ ဆိုးတာပဲ..။ကျုပ်တို့ လက်နက် ထုတ်လိုက်တာနဲ့ သူတို့ ကြောက်ချေးပါပြီး အိမ်ပြန်ပြေးလိမ့်မယ်.."
အဲ့အချိန်မှာပဲ လူငယ်လေးတွေဟာ လင်းဖန်ကို ကြည့်လိုက်ကြပြီး..
"ခင်ဗျားတို့ကို ခင်ဗျားတို့ ဘာလုပ်နေတယ်လို့ ထင်နေကြလဲ..။လစ်လိုက်..ဒီမှာ ခင်ဗျားတို့ စောက်လုပ်မပါဘူး.."
"ခွေးသား ငါမင်းကို နောင်တရအောင် လုပ်ပေးမယ်."
ဝမ်မင်ယန် ဒေါသပေါက်ကွဲ ထွကိသွားပြီး တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။
အဲ့အချိန်မှာပဲ လူငယ်လေးဟာ အိပ်ကပ်ထဲက သေနတ်တစ်လက်ကို ထုတ်လိုက်တယ်..။
"မလှုပ်နဲ့..ခလုတ်ဆွဲလိုက်တာနဲ့ ခေါင်းပြုတ်သွားမယ်နော်.."
သာမန်လူတွေ ဆိုရင် သူတို့ ငါးယောက်ရဲ့ အကြည့်တွေ မြင်တာနဲ့ ကြောက်လန့်သွားကြပါတယ်..။အထူးသဖြင့် သေနတ်ကို ထုတ်လိုက်တဲ့ အချိန်မှာပါ..။ဘယ်သူမဆို ဒါကို သေနတ်အစစ်လို့ ထင်ကြမှာပါပဲ..။
ဝမ်မင်ယန် ခြေလှမ်းတွေ ရပ်ပြီး ခနကြောင်အသွားခဲ့တယ်..။ ဒီကောင်တွေမှာ သေနတ်ပါလာလိမ့်မယ် လို့ သူမထင်ထားခဲ့ပါဘူး..။
လင်းဖန်ကတော့ သူတို့ကိုသေနတ်နဲ့ ချိန်နေတဲ့လူငယ်ဆီကို ပြေးဝင်သွားပြီး လက်သီးတစ်လုံး ပစ်သွင်းလိုက်တယ်..။ယင်းနောက် သူ သေနတ်ကို စစ်ဆေးလိုက်ပြီး..
"ဘယ်လို ဟာသ မျိုးလဲ.။ ဆယ့်ငါး ဒေါ်လာတန် အရုပ် သေနတ်လေးနဲ့ လူတွေကို ခြိမ်းခြောက်နေတယိ..။မင်းတို့ ဦးနှောက်လွတ်နေတာလား.."
အထိုးခံ လိုက်ရတဲ့ လူငယ်လေးဟာ မြေကြီးပေါ်လဲကျသွားပြီး အချိန်မှီ ပြန်မတုန့်ပြန်နိုင်ခဲ့ပါဘူး..။ကျန်တဲ့လေးယောက်ဟာ ထိန်းလန့်နေခဲ့ကြပြီး..
"ခင်..ခင်ဗျား.."
"ထားလိုက်တော့..ငါမင်းတို့ နဲ့ အချိန်တွေ မဖြုန်းချင်ဘူး ဒီမှာ လာပြီး ဒူးထောက်ကြ..."
လင်းဖန် အမိန့်ပေးလိုက်တာပါ..။ဒီလူ ငယ်လေးတွေက သာမန် အားနည်းတဲ့ လူတွေဆိုရင် ဖြေရှင်းနိုင်ကြပေမယ့်..လင်းဖန်ကိုတော့ ဒီလို လုပ်လို့ရမှာ မဟုတ်ပါဘူး..။လင်းဖန် ဘာမှ ထပ်ပြောမနေတော့ပဲ..သူတို့ရဲ့ ဖုန်းကို ဆတ်ခနဲ လုယူလိုက်တယ်..။
အဲ့အချိန်မှာတော့ တိုက်ရိုက်ထုတ်လွင့်မူဟာ အသက်ဝင်နေခဲ့ပါပြီ..။
"ဘာဖြစ်သွားတာလဲ..။စောက်ကျိုးနဲ ဘာဖြစ်သွားတာလဲ.."
"မသိဘူးလေ..။ဟိုကောင် အထိုးခံလိုက်ရတာ ထင်တယ်.."
"ဟားဟား..နောက်ဆုံးတော့..။ကောင်းတယ်..တစ်ယောက်ယောကိ က လုပ်နိုင်ခဲ့ပြီ.."
"အာ..ဒီလူက ဘယ်သူလဲ.."
လင်းဖန် တိုက်ရိုက်ထုတ်လွင့်မူကို ကြည့်လိုက်ပြီး..
"ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ..။ဒီလူငယ်လေးတွေကရော..ဘာတွေလဲ.."
"ချီးပဲ..သူဘယ်သူလဲတော့ မသိဘူး ဒါပေမဲ့..ဒီငနဲတွေကို သင်ခန်းစာပေးမယ်လို့တော့ မျှော်လင့်တာပဲ.."
"ဒါအမှန်ပဲ..ဒီကောင်တွေကို သူတို့ိနဲ့ ထိုက်တန်တဲ့ အပြစ်ပေးရမယ်.."
"အစ်ကိုကြီး..ကျွန်တော် ပြောပြမယ်..။ဒီငါးယောကိက ဂျပန် အင်ပါယာ အတ္က်ဆိုပြီး လှုပ်ရှားနေကြတဲ့ လူတွေပဲ..။သူတို့က ခုနှစ်ရက်ချဲလန့် ခေါ်ပြီး..တရုတ်ပြည်ပေါ်က ဂျပန်နဲ့ သက်ဆိုင်တဲ့..
ယဥ္ကျေးမူနေရာတွေ အမွေအနှစ်တွေ မှန်သမျှကို ဖျက်လိုဖျက်ဆီး လုပ်နေကြတာ..။ကျေးဇူးပြုပြီး သူတို့ကို သင်ခန်းစာ ပေးပေးပါဦး.."
"သူတို့က ကိူယ်ကျင့်တရား မရှိတဲ့လူတွေပဲ.."
လင်းဖန် ဘာတွေဖြစ်နေတာလဲ ဆိုတာ နားလည်သွားခဲ့တယ်..။
"နားလည်ပြီး..ဒီကောင်တွေ ဘာနဲတူလဲ ဆိုတာ ကျုပ်သေချာ ကြည့်လိုက်ဦးမယ်..။ကျုပ်တို့ အတူတူ ဖြေရှင်းကြတာပေါ့..."
ကြမ်းပြင်ပေါ်မှာ ဒူးထောက်နေတဲ့ လူငယ်လေး ငါးယောက်ဟာ လင်းဖန်ပြောတာကို ကြားပြီး ကြောက်လန့်ကာ မျက်နှာတွေ ဖြူဖျော့သွားခဲ့ကြပါတယ်..။