မူးနေတဲ့ လင်းဖန်
Vol. 37 Ch. 555
#ဘာသာပြန် = စနိုးဝှိုက်
"မ..မလုပ်ပါနဲ့..."
လူငယ်လေး ငါးယောက်ဟာ ကြောက်လန့်စွာ အော်ငိုလိုက်ကြတယ်..။တကယ်လို့ သူတို့ရဲ့ ..မျက်နှာတွေသာ အင်တာနက်မှာ ဖော်ပြတာ ခံရရင် လုံးဝကို အဆုံးသတ်ပါပြီ..။
"အာ..မင်းတို့က အခုမှ ကြောက်နေတာလား.."
လင်းဖန် သဘောကျစွာ ရယ်မောလိုက်တယ်..။
"မင်းတို့က အခုမှ ကြောက်နေတာပေါ့..။မင်းတို့ အစောက ဘာတွေ လုပ်နေတာလဲ..."
မျက်ရည်...
လူငယ်လေး ငါးယောက်ရဲ့ မျက်နှာတွေဟာ တိုက်ရိုက်ထုတ်လွင့်မူ..ထဲမှာ ဖော်ထုတ်ခံရတော့မှာပါ..။
"နောက်ဆံူးတော့ သူတို့ရဲ့ မျက်နှာကို တွေ့ကြရတော့မယ်..။အားလုံးပဲ သူ့ရဲ့ ပရိုဖိုင်ကို ရှာဖို့ ပြင်ထားကြ.."
"ဒီခွေးသားလေးတွေ နောက်ဆုံးတော့ သူတို့ ကြောက်ရကောင်းမှန်း သိသွားကြပြီပေါ့..။အခု ဘယ်သူ မောက်မာနိင်သေးလဲ..."
"အမြန်ရဲခေါ်လိုက်ကြ..ဒီကောင်တွေကို လွတ်သွားလို့ မရဘူး.."
တိုက်ရိုက်ထုတ်လွင့်မူ ထဲက လူတွေဟာ..လူငယ်လေးတွေကို မုန်းတီးမူ အပြည့်နဲ့ တုန့်ပြန်နေခဲ့ကြပါတယ်..။
"မအိမ်လုံးတွေ.."
ဝမ်မင်ယန် ပြေးတက်သွားလိုက်ပြီး..သူတို့ရဲ့ မျက်နှာကို တစ်ယောက်ချင်းစီ ဖြတ်ရိုက်လိုက်တယ်..။
"မင်းတို့က တိရိစ္ဆာန် တွေပဲ..။မင်းတို့က ဘယ်က သတ္တိတွေနဲ့ ဒီမှာ ပြသနာ လာရှာရဲကြတာလဲ..။မင်းတို့ သေချင်နေတာမလား.."
ဝမ်မင်ယန်က အတော်သောက်ထားတာ ကြောင့် သူ့ရဲ့ ရိုက်ချက် တွေက ခါတိုင်းထက် ပိုပြင်းထန်နေခဲ့ပါတယ်..။သို့ပေမယ့်..သူ တည်တည်ငြိမ်ငြိမ်တော့ ရပ်မနေနိုင်ခဲ့ပါဘူး..။
လင်းဖန် ဝမ်မင်ယန် ကို ပြောလိုက်တယ်..။
"မင်ယန် ..ဒီမှာထိုင်နေ..။ဒီညက နည်းနည်းစောသေးတော့ ဒီကောင်တွေနဲ့ နည်းနည်းလောက် ကစားရအောင်.."
ဝမ်မင်ယန် တံတွေးထွေးပြီး လူငယ်လေးတွေကို ကြည့်ကာ လင်းဖန် ရှေ့နားမှာ ထိုင်လိုက်ပါတယ်..။ရုတ်တရက် သူ ချက်ချင်း ပြန်ထလိုက်ပြီး လူငယ်လေးတွေ ထဲက တစ်ယောက်ကို ဖြတ်ရိုက်လိုက်တယ်..။
"အဲ့အကြည့်က..ဘာသဘောလဲ..။မင်းက မကျေနပ်တာလား..ဟမ်.."
လူငယ်လေး ငါးယောက်စလုံးဟာ..ဘာမှ ပြန်မပြောရဲကြပဲ ခေါင်းတွေကိုသာ ငုံ့ထားလိုက်ကြပါတယ်..။
လင်းဖန် ဖုန်းကိုယူပြီး လူငယ်လေး ငါးယောက်ကို ပေါ်အောင် ရိုက်လိုက်တယ်..။
"ကဲ..အရင်ဆုံး မင်းတို့ တစ်ယောက်ချင်းစီ ကိုယ့်ကိုကို မိတ်ဆက်ကြ.."
ပထမဆုံး လူငယ်လေးဟာ..သူ့မျက်နှာ တိုက်ရိုက်ထုတ်လွင့်မူထဲမှာ ပါသွားမှာကြောင့် ခေါင်းကို အောက်ဘက်ဆီ အတင်းငုံ့ထားခဲ့ပါတယ်..။
"ခင်ဗျားတို့က ဘယ်သူတွေလဲ..။ကျုပ်တို့ အလုပ်က ခင်ဗျားတို့ နဲ့ ဘာဆိုင်လို့လဲ..။ကျုပ်က အသက်ပြည့်သေးတာ မဟုတ်ဘူးနော်..။အခုလို့ ကျုပ်ကို ရိုက်နှက်တာက..ပြစ်မူ မြောက်တယ်..။ခင်ဗျားတို့ကို တရားစွဲလို့ရတယ်.."
သူက မခံချိ မခံသာ ပြောလိုက်တာပါ..။
"ဟားဟား.."
လင်းဖန် လူငယ်လေး ပြောတာကို ကြားတဲ့ အချိန်မှာ သဘောကျစွာ ရယ်မောလိုက်တယ်..။
တိုက်ရိုက်ထုတ်လွင့်မူထဲက လူတွေဟာ လည်း ထောက်ခံလိုက်ကြပါတယ်..။
"ချီးပဲ.ဒီ.ဥပဒေကို ပြောင်းလဲ သင့်နေပြီ..။ဒီခွေးသားလေးတွေက ကိစ္စကြီးတွေကို လုပ်ထားပြီး..အခုတော့ အသက်မပြည့်သေးဘူး ဆိုပြီး ရှောင်ပြေးချင်နေကြတယ်..."
"ဒါအမှန်ပဲ..အခု နောက်ပိုင်း ပြစ်မူတွေကို အသက်မပြည့်သေးတဲ့ လူငယ်လေးတွေကပဲ ..ကျူးလွန်နေကြတာ.."
…
လင်းဖန် လူငယ်လေးရဲ့ ဆံပင်ကို ဖမ်းဆွဲပြီး..ခေါင်းကို အပေါ်ဆွဲမလိုက်တယ်..။
"လာ..မင်းရဲ့ မျက်နှာကို အကုန်မြင်အောင် ပြလိုက်စမ်းပါဦး..။ငါ ဘယ်သူလဲ ဆိုတာရော..မင်းသိလား..."
လူငယ်လေးဟာ လင်းဖန်ကို မကျေနပ်တဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ပြီး..
"ခင်ဗျားဘယ်သူလဲ ဆိုတာ ဘယ်သူက စောက်ဂရုစိုက်ရမှာလဲ..။ခင်ဗျား စည်းကျော်နေပြီနော်..."
"မင်းက ခေါင်းမာလှချည်လား..။ငါ မင်းကို ပြောလိုက်မယ်..မင်းကို ရိုက်တဲ့လူက လငိးဖန်ပဲ..။ငါ့နာမည်ကို မှတ်ရခက်ရင် မာစတာ လင်း လို့ပဲ မှတ်ထားလိုက်..။မင်းငါ့ကို တိုင်ချင်တယ် ဆိုရင် ကြိုက်တဲ့ နေရာမှာ သွားတိုင်.."
ဖြန်း...
လူငယ်လေးရဲ့ ပါးမှာ လက်ဝါးရာ ကြီး နီရဲစွာ ပေါ်လာခဲ့ပါတယ်..။
"မင်းနာမည် နဲ့ ဘယ်ကလာတာလဲ ဆိုတာကို ပြော.."
တစ်ခြား လူငယ်လေးတွေဟာ မာစတာ လင်းဆိုတဲ့ အသံကို ကြားလိုက်တဲ့ အချိန်မှာ ကြောက်ရွံ့သွားခဲ့ကြပါတယ်..။
ဒီလူက သူတို့ မတွေ့ချင်ဆုံး လူပါပဲ..။
တိုက်ရိုက်ထုတ်လွင့်မူထဲက လူတွေဟာ တိတ်ဆိတ်နေခဲ့တယ်..။
မာစတာ လင်းဆိုတဲ့ နာမည်က လတ်တလော အင်တာနက်မှာ အကျော်ကြားဆုံးနာမည် တစ်ခုပါပဲ..။လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း..သူ့ရဲ့ နာမည်က အင်တာနက်ပေါ်မှာ ဆက်တိုက်ပေါ်ထွက်နေခဲ့တာပါ..။
"ချီးပဲ..ဒါက အစစ်လား..အတုလား..။ဒါက တကယ် မာစတာ လင်း လား..."
"ဝိုး..ငါဘာလို့ စောစောက မမှတ်မိရတာလဲ..။ဒီလူက မာစတာ လင်း လား..."
"ချီးပဲ..ဒီလူငယ်လေးတွေက ဒီည မာစတာ လင်းနဲ့ လာတွေ့တာ အတော်ကံဆိုးတာပဲ.."
"မာစတာ လင်းက အမှန်တရားကို ချစ်မြတ်နိုးပြီး..မဟုတ်တာ လုပ်ထားတဲ့ ဘယ်သူ့ကို မဆို လွယ်လွယ်နဲ့ လွှတ်မပေးတတ်ဘူးဆိုတာ သိထားကြတယ်..။သူက အသက် ၇၀ ကျော်အဖွားကြီး သေဆုံးသွားတုန်းကလည်း ဟတ်ကာကို ချက်ချင်း လိုက်ဖမ်းပြီး ရဲလက်အပ်ခဲ့တာနော်..။အဲ့တုန်းက သူ ဘဏ်တွေ ရဲဌာနတွေကို ဟတ်မိလို့..ထောင်တစ်လ ကျတာတောင် ဘာနောင်တမှ မရှိဘူး.."
"ဘာလောက် အံ့ဩဖို့ကောင်းလဲ..။မာစတာ လင်း..ဒီကောင်တွေကို သင်ခန်းစားကောင်းကောင်းပေးပြီး..ဒီလိုအလုပ်မျိုး လုပ်ရင် ဘယ်လိုခံရမလဲ ဆိုတာ ပြပေးလိုက်စမ်းပါ.."
လင်းဖန် ဘေးနားမှာ မတ်တတ်ရပ်နေတဲ့ ဒါရိုက်ဘာ ဘက်ကို လှည့်လိုက်ပြီး..
"လာ..ဖုန်းကို ကိုင်ပြီး ဒီခွေးသားလေးတွေကို ရိုက်ပေးထားစမ်းပါ.."
ဒါရိုက်ဘာကတော့..ဥက္ကဌ ဝမ် နဲ့ မာစတာ လင်းတို့ မူးနေကြတာကို သိထားပါတယ်..။ဒါကြောင့် သူတို့ ရိုက်နှက်တဲ့ အချိန်မှာ ခါတိုင်းထက် ပိုပြီး အားပါနေခဲ့တာပါ..။သူတို့ရဲ့ လုပ်ရပ် တွေကို သေချာကြည့်ရင် လူတိုင်း သူတို့မူးနေတယ် ဆိုတာ ပြောနိုင်ပါတယ်..။
လူငယ်လေးငါးယောက်ဟာ သူတို့ရဲ့ နာမည်တွေကို ရိုးသားစွာ ပြန်ဖြေလိုက်ကြတယ်..။
.
လင်းဖန် သူတို့ငါးယောက်ကို လက်ညိုးထိုးကာပြင်းပြင်းထန်ထန် သင်ခန်းစာပေးပြီး..ဆုံးမစကားတွေ ပြောဖို့ စတင်ပါတော့တယ်..။သို့ပေမယ့် ဝမ်မင်
ယန်က ထပ်ပြီး သည်းမခံနိုင်တော့ပေ..။
"သူတို့ကို ဆုံးမနေတော့ရော ဘာထူးမှာ မို့လို့လဲ..။ချီးပဲ..ဒီတိုင်း ဒီကောင်တွေ အသိစိတ်ပြန်ဝင်လာတဲ့ အထိ ရိုက်နှက်ကြရအောင်.."
လူငယ်လေးတွေကို ဗီဒိီိယို ရိုက်ကူးနေတဲ့ ဒါရိုက်ဘာဟာ စိုးရိမ်သွားခဲ့တယ်..။သူ ကားမောင်းတတ်စ
ကတည်းက ဝမ်မင်ယန် နောက်ကို နှစ်ပေါင်းများစွာလိုက်လာခဲ့တာပါ..။ဥက္ကဌ ဝမ်က အမြဲတမ်း ကြမ်းတမ်းပြီး ရုပ်ပိုင်းဆိုင်ရာ အားသုံးတတ်မှန်းကို သူသိထားပြီးသားပါ..။
သူ ကျော်ကြားပြီး ချမ်းသာလာတဲ့ အချိန်ကြမှ သူ့ကိုယ်သူ ထိန်းသိမ်းကာ နိမ့်ချနေလိုက်ပြီး ဘယ်သူ့ကိုမှ ထပ်ပြီး မရိုက်နှက်တော့ပါဘူး..။အခု အရက်မူးနေတဲ့ အချိန်မှာ အရင်တုန်းက ဝမ်မင်ယန် ပြန်ပေါ်လာလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။
တိုက်ရိုက်ထုတ်လွင့်မူ ထဲတွင်..။
"ချီးပဲ..ဒီကလေးတွေက တကယ့်ကောင်တွေ..။ဒီခွေးသားလေးတွေ ရိုက်ခံရတာကို မြင်နေရတာ ကောင်းပေမယ့်..ငါဘာလို့ ရက်စက်တယ် လို့ ခံစားနေရတာလဲ မသိဘူး.."
"ဟုတ််တယ်..သူတို့ကို ရိုက်နှက်တာက နည်းနည်းတော့...."
"ဟားဟား..ဒါက အဓိက အချက်ပဲ..။သူတို့ကို ဒီလောက် ပြင်းပြင်းထန်ထန် မလုပ်ရင် ဒီကောင်တွေက သင်ခန်းစာ ယူတတ်မယ့် ကောင်တွေ မဟုတ်ဘူး.."
"ဒါအမှန်ပဲ.."
…
လင်းဖန် ရှေ့တက်ပြီး ဝမ်မင်ယန်ကို အလျင်အမြန်တားလိုက်တယ်..။
"မင်ယန် ..ထပ်မရိုက်နဲ့တော့..။ဒါက မကောင်းတော့ဘူး.."
ဝမ်မင်ယန် လူငယ်လေးတွေကို လက်ညိုးထိုးလိုက်ပြီး ရိုက်နှက်နေရာကနေ ရပ်တန့်လိုက်ပါတယ်..။သို့ပေမယ့် သူ့ရဲ့ လက်ရှိအခြေအနေက သိပ်ပြီး စိတ်မငြိမ်သေးပါဘူး..တကယ်လို့ ဒီကောင်လေးတွေသာ.တစ်ခုခု အချိုး မပြေရင် သူထပ်ပြီး ရိုက်နှက်ဦးမှာပါ..။
အဲ့အချိန်မှာပဲ လူငယ်လေးတစ်ယောက်ဟာ သည်းမခံနိုင်တော့ပဲ နီရဲနေတဲ့ မျက်လုံးတွေနဲ့ ပြန်ပြောလိုက်တယ်..။
"ကျုပ်တို့ ရဲကို တိုင်မယ်...ခင်ဗျားတို့က ကျုပ်တို့ကို ရက်ရက်စက်စက် ပြုမူ နေတာပဲ.."
"ဖြောင်း.."
လင်းဖန် ရှေ့ကို ချက်ချင်းတိုးသွားပြီး လူငယ်လေးရဲ့ ပါးကို ဖြတ်ရိုက်လိုက်တယ်..။
"ရဲခေါ်မယ်..ဟုတ်လား..။မင်းတို့က ရဲကို ခေါ်ချင်တာလား..။ငါ့ကို စောက်ရေးမပါတာတွေ မပြောပဲ ပါးစပ်လေးကို ပိတ်ထား..။မဟုတ်ရင် မင်းတို့ကို သေတဲ့ အထိ ရိုက်နှက်မိလိမ့်မယ်.."
ဝမ်မင်ယန် လင်းဖန် ကို မျက်မှောင်ကျုတ်ကြည့်လိုက်ပြီး..
"ငါက မင်း သူတို့ကို ထပ်မရိုက်ဖို့ ပြောနေတယ် ထင်တာ.."
"ဟုတ်လား..ကျုပ်မေ့သွားတာ..။အိုကေ..ကျုပ် သူတို့ကို ထပ်မရိုက်တော့ဘူး.."
လင်းဖန် လူငယ်လေးတွေကို စိုက်ကြည့်ကာ..သူတို့နောက်ကိုလက်ညိုးထိုးပြလိုက်တယ်...။
"ဒီနေရာက ဘယ်လိုနေရာလဲ မင်းတို့ မသိဘူးလား.."
လူငယ်လေးတွေဟာ တိတ်ဆိတ်နေပြီး ဘာမှ မပြောခဲ့ပါဘူး..။
သူတို့ ဘာလုပ်ရမှန်း မသိတော့ပေ..။သူတို့ အကြိမ်များစွာ ရိုက်နှက် ခံထားရတာ ဖြစ်ပြီး အခုလည်း တစ်ခုခု မှားဖြေမိတာနဲ့ ထပ်ပြီး ရိုက်နှက်ခံရနိုင်ပါတယ်..။
လင်းဖန် လူငယ်လေးတစ်ယောက်ကို လက်ညိုးထိုးပြီး လေးနက်စွာ ပြောလိုက်တယ်..။
"ငါ မေးခွန်းမေးနေတယ်လေ..။ဒီနေရာက ဘယ်နေရာလဲ သိလားလို့..။မင်း နားလေးနေတာလား..."
လူငယ်လေးဟာ ကြောက်လန့်သွားခဲ့ပြီး..
"သိပါတယ် သိပါတယ်..ဒါက လေးခုမြောက် ရိပ်သာ ပါ.."
"ဘာကို ခုနှစ်ရက် ချဲလန့် လဲ..။စောက်ရေး မပါတဲ့ ကောင်တွေ..။အခု ..နိုင်ငံတော်သီချင်း ဆိုစမ်း.."
လင်းဖန် နောက်တစ်ကြိမ် ဖြတ်ရိုက်လိုက်ပြီး အမိန့်ပေးလိုက်တယ်..။
"ဟင်.."
လူငယ်လေး ငါးယောက်ဟာ လင်းဖန်ကို ကြည့်လိုက်ကြပါတယ်..။
လင်းဖန် အသံကို မြင့်လိုက်ပြီး..
"မင်းတို့ ငါပြောတာ နားမလည်ဘူးလား..။နိုင်ငံတော် သီချင်းကို ဆိုလို့ ငါပြောနေတယ်..။မင်းတို့မဆိုရင် ငါ ဆိုတဲ့အထိ ရိုက်နှက်ပေးရမလား..ဟမ်.."
"ညီအစ်ကို သူတို့ ကို မရိုက်နဲ့တော့..။မင်းရိုက်ထားတာ သူတို့ မျက်နှာတွေမှာ သွေးတောင် ထွက်နေပြီ..။မင်း သူတို့ကို မရိုက်တော့ဘူးလို့ ခုနက ပြောထားတယ်လေ.."
ဝမ်မင်ယန် သတိပေးလိုက်တာပါ..။
"ဟားဟား..ကျုပ်မေ့သွားတာပဲ..။ကောင်းပြီလေနောက်တစ်ခါ မရိုက်တော့ဘူး.."
ဝမ်မင်ယန် လင်းဖန်ကို ကြည့်ပြီး ပြောစရာ စကားကင်းမဲ့သွားခဲ့ပါတယ်..။သူမ မရိုက်တော့ဘူး ပြောပြောပြီး ခနခန ရိုက်နှက်နေခဲ့တာပါ..။
တိုက်ရိုက်ထုတ်လွင့်မူထဲတွင်..။
ကြည့်ရူသူတွေဟာ ..မာစတာ လင်း လုပ်နေတာတွေကို ဆွံ့အစွာ ကြည့်နေခဲ့ကြပါတယ်..။
"ဒီကောင်တွေ မာစတာ လင်းနဲ့ လာတွေ့တာ ကံဆိုးတာပဲ..။ဒါပေမဲ့ မာစတာ လင်း ကြည့်ရတာ တစ်ခုခု မူမမှန်သလိုပဲနော်.."
"မာစတာ လင်း ဒီမတိုင်ခင်တုန်းက အရက်သောက်ထားတာ သိသာတယ်..။သူ့မျက်လုံးတွေကို မမြင်ဘူးလား..။လမ်းလျောက်ရင်လည်း ဒယိမ်းဒယိုင်နဲ့.."
"ကြည့်ရတာ မာစတာ လင်းက လူငယ်လေးတွေကို ကြမ်းကြမ်းတမ်းတမ်းရိုက်နှက် နေတာပဲ..။သူ တစ်ချက်ရိုက်တာနဲ့ ဟိုငနဲတွေ သွေးထွက်ကုန်ပြီ.."
"ဒီကောင်လေးတွေက တကယ်ကို ကံမကောင်းတာပဲ..။ဒီည ကြည့်နေကြတဲ့ လူတွေ အားလုံးပဲ ဒါက မာစတာ လင်း မဟုတ်ဘူးနော်..အရက်မူးနေတဲ့ လူတစ်ယောက်ပဲ..။မင်းတို့ မာစတာ လင်း ဟန်လုကို ရိုက်နှက်တဲ့ ဗီဒိီယို ဖိုင်ကို ကြည့်ပြီးပြီလား..."
"ကြည့်ပြီးသွားပြီ..မာစတာ လင်းက..တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်းရဲ့..ဒုတိယ ဥက္ကဌ ပဲ..။သူက တစ်ခြား လူတွေထက် ကြမ်းတမ်းတယ် ဆိုတာက ဖြစ်သင့်တယ်လေ..။ဒီခွေးသားလေးတွေ အခုထိ အသက်ရှင်နေသေးတာကကို ထူးဆန်းနေပြီ.."
"ဘယ်လောက် ကံဆိုးလိုက်လဲ..။ငါတော့ ဒီည မအိပ်တော့ဘူး..။မာစတာ လင်း ဒီကောင်တွေနဲ့ ဘယ်လို စခန်းဆက် မလဲ ကြည့်ချင်သေးတယ်.."
"ကောင်းပြီ အခု ည ၂ နာရီ တောင်ထိုးနေပြီ..။ငါ မနက် အစောထစရာ ရှိလို့ အိပ်တော့မယ်..။ငါ တကယ်တောင်းပန်ပါတယ်..။မနက်ကြရင် တစ်ခုခု ကြှီးမားတာ ဖြစ်လာနိုင်ပါ့မလား..."
"ချီးပဲ..တစ်ခုခု ကြီးမားတာ ဖြစ်လာမှာ ကျိန်းသေတာပေါ့..."
"ချီးပဲ..ဒါက ငါတို့အတွက်တော့ တကယ်ကို ရှက်ရွံ့စရာပဲ.."