← Chapters

#မုန်တိုင်းဖြစ်လျှင် နဂါးအဖြစ်သို့ ပြောင်းလဲပါ#

Vol. 22 Ch. 309

#မုန်တိုင်းဖြစ်လျှင် နဂါးအဖြစ်သို့ ပြောင်းလဲပါ#

Vol. 22 Ch. 309

အရှေ့ပိုင်းလမ်းနှင့် မြောက်ပိုင်းလမ်းများ၏ ကိစ္စများက တစ်နာရီခန့်ကြာပြီးနောက် ခန်းနှင့်လီမိသားစုထံ ပြန်လည် ပို့ဆောင်ခြင်းခံရသည်။

ယခုခန်းမိသားစုတွင် မိသားစုခေါင်းဆောင်နှစ်ဦးဖြစ်သည့် ခန်းရှီချန်းနှင့် လီမန်တို့က သုန်မှုန်နေသည့်မျက်နှာထားဖြင့် ထိုင်နေကြသည်။

သူတို့၏မူလပြီးပြည့်စုံသောအကြံက ကြေးအဖွဲ့အသစ်လက်ထဲတွင် ဖျက်ဆီးခံလိုက်ရလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြပေ။

တဖက်လူက သိုင်းဧကရာဇ်တ၀က်အဆင့် အနေအထားကိုပင် မရောက်ရှိသေး။

"ခေါင်းဆောင်လီ၊ ခင်ဗျားဘယ်လိုထင်လဲ"

ခန်းရှီချန်း၏မျက်နှာက ရေထဲ၌ နစ်မြုပ်ခံထားရသည့်အသွင်ပေါ်နေသည်။

"လက်ရှိအခြေအနေက မကောင်းနိုင်လောက်ဘူး"

ထိုစကားလုံးများကိုကြားသောအခါ လီမန် တခဏတာမျှ တိတ်ဆိတ်နေမိသည်။

ထို့နောက်ချက်ချင်းဆိုသလို အသက်ပြင်းပြင်းရှုကာပြောသည်။

"ကျုပ်တို့သာဆက်သွားနေမယ်ဆိုရင် လုံချီမြိုက သတိထားမိသွားလိမ့်မယ်၊ အဲဒီအချိန်ကျရင် သူတို့လှုပ်ရှားလာမယ်ဆိုရင် ကျုပ်တို့မိသားစုနှစ်စုအတွက် ခုခံဖို့ဆိုတာက မဖြစ်နိုင်တော့ဘူး"

ခန်းရှီချန်းလေးနက်သည့်အသံဖြင့်မေးသည်။

"မြို့တော်၀န်စံအိမ်နဲ့ လက်တွဲရမှာလား"

သို့သော် ဤစကားလုံးများကိုပြောလိုက်သောအခါ သူထပ်မံခေါင်းခါယမ်းမိသည်။

မြို့တော်၀န်စံအိမ်က ဤကိစ္စတွင် ၀င်ရောက်စွက်ဖက်မည်မဟုတ်ကြောင်းကို အတိအလင်းပြောဆိုခဲ့သည်။

၎င်းက မြွေပါအဖြစ် အခန်းကဏ္ဍတွင်သာ ပါ၀င်မည်ဖြစ်ကာ အကယ်၍ ခန်းနှင့်လီမိသားစုက အနိုင်ရပါက မြို့တော်၀န်စံအိမ်က အကြီးမားဆုံး အကျိုးခံစားခွင့်ရရှိသူ ဖြစ်လာနိုင်သည်။ ဤသည်ထက်မပိုပါ။

အကယ်၍ ခန်းနှင့်လီမိသားစုတို့ကသာ ရှုံးနိမ့်သွားမည်ဆိုပါက မြို့တော်၀န်စံအိမ်က မည်သည့်ဆုံးရှုံးမှုကိုမှ ခံစားရမည်မဟုတ်။

ချီတက်ခြင်းဖြင့် တိုက်ခိုက်နိုင်သလို ဆုတ်ခွာခြင်းကလည်း ကာကွယ်ခြင်းပင်။

မည်သည့်အတွက်ကြောင့် မြို့တော်၀န်စံအိမ်က ၀င်ရောက်ရန် လိုအပ်မည်နည်း!

သူတို့က ဒီလိုကျေးဇူးတင်ခြင်းမခံရတဲ့ အရာမျိုးကို လုပ်မှာမဟုတ်ဘူး!

လီမန်သက်ပြင်းချသည်။

"အခုတခုတည်းသောနည်းလမ်းက ဘိုးဘေးတွေကို အကူအညီတောင်းပြီး ဘိုးဘေးနှစ်ယောက်ကို အရေးယူခွင့်ပေးရမယ်၊ အဲဒီအခါကျရင် တိုက်ပွဲဒီရေကို ပြောင်းပစ်ဖို့ဆိုတာက ဖြစ်နိုင်သွားပြီ"

ခန်းနှင့်လီမိသားစုဘိုးဘေးများက ဤယွမ်ချီမြို့၌ အားအကောင်းဆုံးတည်ရှိမှုများဖြစ်ပြီး သိုင်းဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်ရှိ စွမ်းအားရှင်များဖြစ်သည်။

ဘိုးဘေးနှစ်ဦး လှုပ်ရှားလာမှသာလျှင် ပြိုင်ဘက်တွင် ရှောင်လွှဲရန်အတွက် အခွင့်အရေးရတော့မည်မဟုတ်ပေ။

"နားလည်ပြီ၊ ညွှန်ကြားပေးဖို့အတွက် ဘိုးဘေးတွေကို မေးမြန်းကြတာပေါ့"

ယနေ့အခြေအနေတွင် ခန်းနှင့်လီမိသားစုက ၎င်းတို့၏ကတိများကို လိုက်နာရန် ရည်ရွယ်ထားခြင်းမရှိသည်က သိသာထင်ရှားနေသည်။

သူတို့က အစွမ်းသိုင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်ကို စေလွှတ်လိုခြင်းပင်။

....

တခြားတဘက်တွင် ယွမ်ချီမြို့အပြင်ဘက် တောနက်ထဲတွင်ရှိနေသည့် သက်ကယ်အိမ်တလုံးထဲတွင် အဖိုးကြီးနှစ်ဦး စစ်တုရင် ကစားနေကြသည်။

ဘေးကအဖွားကြီးတစ်ဦးကမူ လက်ဖက်ရည်များကို ပြုလုပ်နေသည်။

အဖိုးအိုတစ်ယောက်က အနက်ရောင်စစ်တုရင်တရုပ်ကို ကိုင်ပြီးပြုံးနေသည်။

"အဖိုးကြီးယန်၊ ကြည့်ရတာ မင်းအခြေအ‌နေက ပြောင်းပြန်ဖြစ်နေပုံပဲ"

လောယန်ဟုလူသိများသော အဖိုးအိုသည် လက်ထဲတွင် အဖြူရောင်စစ်တုရင်တရုပ်ကို ကိုင်ထားပြီး မည်သောအခါမှ မရယ်မောသည့်အလား လေးနက်သည့်မျက်နှာထားဖြင့် ရှိနေသည်။

"အဲဒါတွေအားလုံးကို အောက်ကလူတွေက အကုန်လုပ်ခဲ့တာ၊ ငါ၀င်မစွက်ဖက်ဘူး"

သူကပြုံးခြင်းမရှိသော်လည်း သူ့မျက်နှာက လေးနက်နေသည်။

သို့စေကာမူ သူ့လေသံထဲကအပြုံးကိုမူ မည်သည့်ပုံစံနှင့်မှ ထိန်းထားနိုင်ခြင်းမရှိပါ။

လက်ဖက်ရည်လုပ်နေသည့် အဖွားကြီးက စကားပြောဆိုခြင်းမရှိ။

သို့စေကာမူ မျက်လုံးများထဲက မည်းမှောင်နေသည့်အသွင်အပြင်ကိုမူ နှစ်ယောက်သား သတိထားမိကြသည်။

အဖွားအို၏စိတ်အခြေအနေက ကောင်းမွန်ခြင်းမရှိသည်မှာ သိသာထင်ရှားနေသည်။

ဤလူသုံးယောက်က ယွမ်ချီမြို့တွင် တိုက်ခိုက်ရေးစွမ်းအား အမြင့်ဆုံးသူများဖြစ်ကြသည်။

သုံးဦးစလုံးက သိုင်းဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့် စွမ်းအားရှင်များဖြစ်ကြသည်။

အနက်ရောင်စစ်တုရင်ကို ကိုင်ထားသည့် အဖိုးအိုက ခန်းမိသားစုဘိုးဘေးဖြစ်သည်။

အဖြူရောင်စစ်တုရင်ကို ကိုင်ထားသူက ယန်မိသားစုဘိုးဘေးဖြစ်ပြီး လက်ဖက်ရည် ပြုလုပ်နေသည့် အဖွားအိုက လီမိသားစု ဘိုးဘေးပင်။

တချိန်တည်းမှာပင် လီမိသားစုဘိုးဘေးက လက်ဖက်ရည်အိုးကိုချကာ လက်ဖက်ရည်နှစ်ခွက် ငှဲ့ထည့်ပြီးနောက် သူမကိုယ်တိုင် တခွက်ယူပြီး ခန်းမိသားစုဘိုးဘေးကို တခွက်ပေးလိုက်သည်။

ထို့နောက်သူမကပြောသည်။

"ငါတို့ဒီကိစ္စမှာ ၀င်စွက်ဖက်ရတော့မယ်နဲ့တူတယ်"

ယန်မိသားစုဘိုးဘေးက လေးနက်သည့် အသွင်ရှိနေသေးသည်။

"အရင်ကသဘောတူညီချက်က ပျက်ပြယ်သွားပြီလား"

ခန်းမိသားစုဘိုးဘေးကပြုံးလိုက်သည်။

"ငါတို့မဖျက်ဘူးဆိုရင်ရော ဘာလုပ်နိုင်မှာမို့လဲ၊ ငါတို့ရဲ့သားစဉ်မြေးဆက်တွေကို ငါတို့ အနိုင်ယူခဲ့ရတဲ့ မိသားစုစွမ်းအားတွေကို လက်လွှတ်ပစ်ခွင့်တော့ ပေးလို့မရဘူးလေ၊ ဟုတ်တယ်မလား"

ဤသည်ကိုကြားသောအခါ ယန်မိသားစုဘိုဘေးက အံ့ဩမသွားသည့်အသွင် ခေါင်းညိတ်သည်။

"နားလည်ပြီ"

"ဒါပေမယ့် ငါသာငါ့အသက်ကို ရင်းနှီးပြီး ကိုင်တွယ်ထားမယ်ဆိုရင် မင်းတို့နှစ်ယောက်က သေချာပေါက် အလွယ်တကူ လှုပ်ရှားနိုင်မှာမဟုတ်ပါဘူး"

"မင်းတို့ကို ခုနှစ်ရက်ရှစ်ရက်လောက် တားဆီးပိတ်ဆို့ထားဖို့ဆိုတာက ပြဿာနာမရှိပါဘူး"

ယန်မိသားစုဘိုးဘေး၏စကားလုံးများကို ကြားသောအခါ နှစ်ဦးစလုံး၏ မျက်နှာအမူအရာက အနည်းငယ်ပြောင်းလဲသွားကြ၏။

ယန်မိသားစုဘိုးဘေးစကားကမှန်သည်။

ယခုနယ်ပယ်သို့ ရောက်လာသည်နှင့်အမျှ မည်သူ့တွင် ဝှက်ဖဲအနည်းငယ်မရှိဘဲနေမည်နည်း။

အကယ်၍သူကသာ မိမိတို့ကို နှောင့်နှေးစေရန်အတွက် အသက်ကိုတကယ်ပင် စွန့်စားမည်ဆိုပါက ဤသည်က အနည်းဆုံးတော့ ဖြစ်နိုင်ပေလိမ့်မည်။

ခုနှစ်ရက်၊ ရှစ်ရက်က လုံချီမြို့အဖို့ ပုံမှန်မဟုတ်တာကို ရှာတွေ့သွားပြီး ကူညီရန်အတွက် လာရန် လုံလောက်ပေသည်။

"အဖိုးကြီးယန်၊ ငါတို့အချိန်အကြာကြီး အသက်ရှင်ခဲ့ပြီးပါပြီ၊ ပြီးတော့ ငါတို့အသက်အတွက် ဒီလိုမျိုးတိုက်ခိုက်နေရတယ်၊ မင်းလိုလားလား"

ဒါကကဘာအတွက်လဲ!

ဒါကမသေမျိုးဖြစ်ရန်အတွင်ပင်။ အသက်ရှည်လျားစွာ နေနိုင်ရန်ပင်။

ဤဘိုးဘေးသုံးယောက်အတွက်ပင်လျှင် ခြွင်းချက်မရှိပါ။

ယန်မိသားစုဘိုးဘေးက ဤကဲ့သို့စကားလုံးများကို ပြောခဲ့ခြင်းက သူတို့နှစ်ယောက်ကို အံ့ဩသင့်သွားစေသည်မှာ သိသာထင်ရှားနေသည်။

ထိုအခိုက်အတန့်၌ ယန်မိသားစုဘိုးဘေးသည် မျှော်လင့်မထားစွာပင် နှုတ်ခမ်းထောင့်ကို တချက်ကွေ့ရင်း တည်ငြိမ်သည့် အပြုံးတခုကို ထုတ်ဖော်လိုက်လေသည်။

"ဒီတော့ဘာဖြစ်လဲ၊ ယန်မိသားစုကို ဒီလိုမျိုးဖျက်ဆီးလို့မရဘူး"

"တကယ်လို့မင်းတို့လှုပ်ရှားချင်တယ်ဆိုရင် ငါ့အလောင်းကို အရင်တက်နင်းသွားကြ"

ယန်မိသားစုဘိုးဘေးက အဖြူရောင်အရုပ်တစ်ရုပ်ကိုကိုင်ကာ ခန်းမိသားစု၏ အနက်ရောင်စစ်တုရင်ရုပ်အားလုံးကို ဝိုင်းပြီး သတ်ပစ်လိုက်လေသည်။

အဖြူအနိုင်ရသွားလေပြီ။

ခန်းမိသားစုနှင့် လီမိသားစုဘိုးဘေးတို့က တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။

ချက်ချင်းဆိုသလို ယန်မိသားစုဘိုးဘေး စိတ်ထဲကနေ သက်ပြင်းချလိုက်မိသည်။ ကြည့်ရသည်မှာ ယခုတကြိမ်တွင် ခန်းနှင့်လီမိသားစုက ရှုံးနိမ့်ရပေတော့မည်။

"အဖိုးကြီးယန်၊ ငါ့ကိုပြောပါ၊ ဘယ်လိုတန်ဖိုးမျိုး ငါတို့ပေးချေရမှာလဲ"

ယန်မိသားစုဘိုးဘေးကခေါင်းခါယမ်းသည်။

"ဒီလိုအရာမျိုးတွေကို လူငယ်မျိုးဆက်သစ်တွေကိုပဲ စိုးရိမ်ပူပန်ခွင့်ပေးလိုက်ပါ"

ခန်းမိသားစု‌ဘိုးဘေးက ရယ်မောသည်။

"ကောင်းပြီ၊ နောက်တပွဲကစားကြရအောင်၊ ဒီတကြိမ်တော့ ငါမင်းကိုသေချာပေါက် သတ်ပစ်မယ်"

ယန်မိသားစုဘိုးဘေးက မငြင်းဆန်ခဲ့ပေ။

ထို့နောက် ဤဆုံးဖြတ်ချက်က ခန်းရှီချန်းနှင့် လီမန်တို့၏နားဖျားသို့ ရောက်သွားခဲ့သည်။

နှစ်ဦးစလုံးဖြူဖျော့သွားကြ၏။

ဒီအတိုင်းရှုံးသွားတာလား!

သူတို့ကို စည်းရုံးသိမ်းသွင်းလို့မရဘူးလား!

သူလက်မခံရင်ရောဘာဖြစ်လို့လဲ!

မိသားစုနှစ်စု၏ ဘိုးဘေးများပင်လျှင် လက်လျှော့ရန်အတွက် ရွေးချယ်လိုက်ပါက သူတို့ကဘာများ တတ်နိုင်တော့မည်နည်း။

ဤသည်ကြောင့်ပင် ခန်းနှင့်လီမိသားစုက အရှုံးပေးရန် ဆုံးဖြတ်ခဲ့ကြပြီး မိသားစုတစ်စုဆီက အရင်းအမြစ်၏ တစ်ဆယ်ရာခိုင်နှုန်းကိုယူကာ ယန်မိသားစုထံ လွှဲပြောင်းပေးကြသည်။

ယန်မိသားစုကလည်း ဤအခြေအနေကို သဘောတူသည်။

ထိုအချိန်ကတည်းကပင် ယန်မိသားစုကလည်း ယွမ်ချီမြို့၌ အရင်းအမြစ် ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်လာသည်။

အနာဂတ်တွင် ယန်မိသားစုက မြို့တော်၀န်စံအိမ်မှလွဲ၍ ယွမ်ချီမြို့၏ အားအကောင်းဆုံး အင်အားစုတခုပင် ဖြစ်လာနိုင်သည်။

သတင်းများကိုသိရပြီးနောက် ယဲ့ချိုးပိုင်တို့က ယန်မိသားစုသို့ ဖိတ်ခေါ်ခံရသည်။

သူတို့ညီလာခံခန်းမသို့ ရောက်လာသောအခါ ယန်ကျင်းဟိုင်ကရယ်မောပြီး ယဲ့ချိုးပိုင်တို့ရှေ့သို့ လျှောက်လာပြီးနောက် သုံးဦးစလုံး၏ပခုံးကို ပုတ်လိုက်၏။

"ကောင်းတယ်၊ အရမ်းကောင်းတယ်၊ ဒီတကြိမ်ကတော့ မိတ်ဆွေလေးသုံးယောက်ကို ကျေးဇူးတင်ရမယ်"

"မင်းတို့ရဲ့အကူအညီကြောင့်သာ မဟုတ်ဘူးဆိုရင် ငါတို့ယန်မိသားစုက ဒီအချိန်ကာလကို ဖြတ်ကျော်နိုင်မှာမဟုတ်ဘူး"

အောက်က ယန်မိသားစုအကြီးအကဲများကလည်း နှလုံးသားထဲက ခါးသက်စွာပင် ပြုံးနေမိကြသည်။ ဤစကားလုံးတွေကို သူတို့မငြင်းနိုင်ပါ။

ယဲ့ချိုးပိုင်တို့သာမရှိပါက ယန်မိသားစုက ဖျက်ဆီးခံရပေလိမ့်မည်။

"ဆုလာဘ်တွေကိုလည်းပေးမှာပါ၊ ပြီးတော့ ခွန်းလွန်ကောင်းကင်ဘုံရေကန်ပြိုင်ပွဲမှာလည်း နေရာအားလုံးကို မင်းတို့ကိုပေးမှာပါ"

"တချိန်တည်းမှာပဲ ငါတို့ယန်မိသားစုက မင်းတို့ကိုကျေးဇူးအများကြီးတင်ပါတယ်၊ အနာဂတ်မှာ တခုခုလိုအပ်လာခဲ့ရင် ငါ့ဆီကိုပဲလာခဲ့ပါ"

ယဲ့ချိုးပိုင် ယန်ကျင်းဟိုင်ကို လေးနက်စွာ တချက်စိုက်ကြည့်ပြီးနောက် ခေါင်းညိတ်သည်။

မိသားစုခေါင်းဆောင်နေရာထိ ထိုင်နေနိုင်သည့် ယန်ကျင်းဟိုင်က ရိုးရှင်းသည့်လူတစ်ယောက်မဟုတ်ပါ။

ယန်မိသားစုက သူတို့အပေါ် ကျေးဇူးကြွေးများစွာ တင်နေသည်ဟုပြောသော်လည်း အဆုံးသတ်တွင် သူကယဲ့ချိုးပိုင်တို့နှင့် ဆက်ဆံရေးကောင်းတခုဖန်တီးလိုခြင်းသာ။

ယန်ချီကလည်းပြုံးလိုက်သည်။

"ဟုတ်ပါတယ်၊ အနာဂတ်မှာ ငါယန်ချီကူညီပေးနိုင်မယ့် နေရာတခုခုရှိနေသရွေ့ ဓားတောင်နဲ့မီးပင်လယ်ကို ဖြတ်ကူးရမယ်ဆိုရင်တောင် ငါတုံ့ဆိုင်းနေမှာမဟုတ်ပါဘူး"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

"ပြိုင်ပွဲစဖို့ ဘယ်နှစ်ရက်လိုသေးလဲ"

ယန်ကျင်းဟိုင်အပြုံးဖြင့်ဖြေသည်။

"ရက်နှစ်ဆယ်လိုပါသေးတယ်"

"အဲဒီအချိန်ကျရင် ချီအာကို မင်းတို့ကို အကြောင်းကြားဖို့ ငါပြောလိုက်ပါမယ်"

ယဲ့ချိုးပိုင်တို့ခေါင်းညိတ်ကာ ယန်မိသားစုမှ ထွက်ခွာသွားကြသည်။

သူတို့ထွက်သွားပြီးနောက် ယန်ကျင်းဟိုင် သုံးဦးစလုံး၏ကျောကိုစိုက်ကြည့်ရင်း ပြောလိုက်သည်။

"ချီအာ၊ ဘာတွေပဲဖြစ်လာဖြစ်လာ၊ မင်းဒီသုံးယောက်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတခုကို တည်ဆောက်ရမယ်"

"ယွမ်ချီမြို့က သူတို့နဲ့အံ၀င်ခွင့်ကျ၊ လိုက်လျောညီထွေဖြစ်မှာမဟုတ်ဘူးလို့ ငါခံစားနေရတယ်"

"မင်း ကုန်းတွင်းပိုင်းကို၀င်တဲ့အခါကျရင် မုန်တိုင်းနဲ့ကြုံရတဲ့အခါ နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားလိမ့်မယ်"

ယန်ချီခေါင်းညိတ်သည်။ တချိန်တည်းမှာပင် တောင်တန်းကြီးရှေ့က တောင်ဘက်စံအိမ်တော်တွင် ထူးခြားဆန်းကြယ်သည့် လူတစ်ယောက် ရောက်လာခဲ့သည်။

အပိုင်း(310) coming။

ငါ့တပည့်တွေက ဘုရင်တွေ

All Chapters