← Chapters

#ကြယ်ငါးပွင့်အကြီးအကဲ, လျိုကျိယု#

Vol. 22 Ch. 310

#ကြယ်ငါးပွင့်အကြီးအကဲ, လျိုကျိယု#

Vol. 22 Ch. 310

သူ့၏တပည့်များထွက်သွားပြီးနောက် လုချန်ရှန်းရက်အနည်းငယ်ကြာ ထိတ်လန့်နေခဲ့ရသည်။

ဒီကောင်တွေက ကျောက်စိမ်းဆွဲသီးနဲ့ သူတို့ကိုယ်သူတို့ ဘယ်သူလဲဆိုတာ ပြောကြမှာ ငါကြောက်နေမိတယ်!

ဒီတကြိမ်မှာရော ဘယ်လိုကြီးမားတဲ့အင်အားစုတွေက စော်ကားခံလိုက်ရပြီလဲ!

ဒီကောင်တွေကို ငါကိုယ်တိုင်ရှင်းပစ်ချင်တယ်!

ရက်အနည်းငယ်ကြာပြီးနောက် လုချန်ရှန်းစိတ်သက်သာရာရစွာ အသက်ရှုရင်း ပုံမှန်ဘ၀၌ ပြန်လည်နေထိုင်လေတော့သည်။

အိပ်သည်၊ စားသည်၊ အိပ်သည်၊ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးသည်၊ အိပ်သည်.....

ငါချက်ပြုတ်ဖို့တခုပဲလိုတော့တာပါ!

ငါအရမ်းပျင်းနေတဲ့အခါကျရင်တော့ အန်ကယ်ရှင်းကို ငါ့အတွက် လိုတာတွေ မှာခိုင်းရမယ်!

သို့သော် နေ့ရက်များက မကြာရှည်တတ်ပါ။

ဤကဲ့သို့ငါးဖမ်းသမားမျိုး၏ ဘ၀ထဲသို့ အတော်လေးငယ်ရွယ်ပုံရသည့် လူငယ်တစ်ယောက် ရောက်လာခဲ့သည်။

မျက်လုံးအစုံမှိတ်ကာ အိပ်ပျော်နေပုံရသည့် လုရှန်ချန်းထံမှ အကူအညီမဲ့နေသည့် အသံတစ်သံထွက်ပေါ်လာခဲ့သည်။

"အာ၊ ကောင်းတဲ့အချိန်တွေက ထပ်ပြီး အဆုံးသတ်တော့မှာလား"

လူငယ်ကပြုံးကာ ကျောက်ခုံပေါ်၌ ထိုင်လိုက်သည်။

မည်သည့်စကားမှမဆိုဘဲ သူက လက်ဖက်ရည်အိုးကို ထုတ်ယူကာ လက်ဖက်ရည်စတင်တည်လေတော့သည်။

လက်ဖက်ရည်တည်ပြီးနောက် ဖိတ်ကြားနေသည့်အသွင်တခုဖန်တီးလိုက်၏။

"အရှင်၊ တချက်မြည်းကြည့်ပေးပါဦး"

လုချန်ရှန်းထရပ်လိုက်ပြီး လူငယ်နှင့် မျက်နှာချင်းဆိုင်ထိုင်ကာ ချက်ချင်းစိုက်ကြည့်လိုက်၏။

လူငယ်က တိတ်တိတ်လေးပြုံးကာ လက်ဖက်ရည်ခွက်ကိုကောက်ကိုင်ပြီး တငုံ‌စမ်းသောက်လိုက်သည်။

အမွှေးတိုင်တစ်တိုင်စာအချိန်ကြာ အကဲခတ်လေ့လာပြီးနောက် လုချန်ရှန်းသူ့ရှေ့က လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ ဖြည်းညင်းစွာ သောက်သုံးသည်။

ထိုအချိန်တွင် လူငယ်ကပြောသည်။

"ကျွန်တော်လည်းလက်ဖက်ရည်သောက်ပြီးပါပြီ၊ ကိုယ့်ကိုကိုယ်အရင်မိတ်ဆက်ပေးပါရစေ၊ ကျွန်တော်က အမှောင်နယ်မြေက ကြယ်ငါးပွင့်အကြီးအကဲ လျိုကျိယုပါ"

လူငယ်စကားပြော၍ပြီးသွားသည်နှင့် လုချန်ရှန်း ချက်ချင်းဆိုသလို လက်ဖက်ရည် သီးလုမတတ်ပင်ဖြစ်သွားပြီး လက်ဖက်ရည်ခွက်ကို ကျောက်စားပွဲပေါ်၌ ပြန်တင်ထားလိုက်သည်။

လျိုကျိယုအနည်းငယ်ထိတ်လန့်သွား၏။

ယခုတွင်မူ သူ့အတွက်ပြန်ပြင်ဆင်ရန် နည်းလမ်းမရှိတော့။

ဒီစစ်ဆင်ရေးကဘာများလဲဟ!

လုချန်ရှန်းပြောသည်။

"မင်းဘယ်ကပဲလာတာဖြစ်စေ၊ ပြန်သွားလိုက်ပါ၊ ငါပြောခဲ့သလိုပဲ ၀င်မပါချင်ဘူး "

ဤသည်ကို ကြားသောအခါ လျိုကျိယုပေါ့ပါးစွာပင်ပြုံးလိုက်သည်။

"ခင်ဗျား ကျွန်တော်တို့ အမှောင်နယ်မြေရဲ့ စွမ်းအားကိုမသိဘူးမလား"

ထို့နောက်ချက်ချင်းဆိုသလို လုချန်ရှန်း ကြားချင်သလား၊ မကြားချင်ဘူးလားဆိုတာကိုပင် ဂရုမစိုက်ဘဲ သူကဆက်သည်။

"အ‌ခြေခံအားဖြင့် အမှောင်နယ်မြေကို အလယ်အလတ်တန်းသား ဒါမှမဟုတ် အဆင့်မြင့်လတ္တီကျုနယ်နိမိတ်တွေရဲ့ အင်အားစုတွေအဖြစ် ပိုင်းခြားထားတယ်"

"ကျွန်တော်တို့ကို လူတွေလာခေါ်ဖို့အတွက် အဆင့်နိမ့်လတ္တိကျူပိုင်နက်ကို လာရအောင် လုပ်တာက အရှင်က ပထမဆုံးနဲ့ နောက်ဆုံးတောင်ဖြစ်နိုင်တယ်"

"တချိန်တည်းမှာအဲ အမှောင်နယ်မြေကို အစဉ်အလာသဘောအရ အင်အားစုတခုအဖြစ် မရှုမြင်နိုင်ပေမယ့် အင်အားပေါင်းစုံပါ၀င်တဲ့ မဟာမိတ်အဖွဲ့တခုဆိုရင်လည်း မမှားပါဘူး"

တိုလိုသည်က အမှောင်နယ်မြေကို ပလက်ဖောင်းတခုဟုပြော၍ရသည်။

အကြီးအကဲများက အမှောင်စာရင်းထဲက ပါရမီရှင်များကို စုဆောင်းပြီး အမှောင်ကွင်းပြင်သို့ခေါ်သွားကြရသည်။

တချိန်တည်းမှာပင် အမှောင်ပိုင်နက်တွင် ၀င်ပေါက်ပူးပေါင်းသည့်သူများက မူလအင်အားစုများကို စွန့်လွှတ်ရန်မလိုအပ်ပေ။

"အမှောင်နယ်မြေမှာ ဘယ်အင်အားစုတွေ ပေါင်းစည်းနေသလဲဆိုတာ ကျွန်တော် ခင်ဗျားကိုမပြောနိုင်ပေမယ့် သူတို့က သက်တမ်းအလွှာစုံက ထိပ်တန်းတည်ရှိမှုတွေပါ"

သို့သော် လုချန်ရှန်းလုံး၀စိတ်မဝင်စားပေ။

"မင်းငါ့ကိုပြောစရာမလိုပါဘူး၊ ငါမသိသလို သိလည်းမသိချင်ဘူး"

လာနောက်နေဝာာလား!

မင်းစကားအရဆိုရင် အမှောင်နယ်မြေက အင်အားစုတွေက ရှုပ်ထွေးနေတာလေ!

ငါ၀င်လိုက်တာနဲ့ အကြောင်းရင်းနဲ့ အကျိုးဆက်က အင်အားစုအများကြီးနဲ့ ဆက်စပ်နေချင်ဆက်စပ်နေမှာလေ!

လုချန်ရှန်း ဤကဲ့သို့အရှုံးပေါ်သည့် လုပ်ငန်းမျိုးကို လုပ်ရန် ဆန္ဒမရှိပါ။

လုချန်ရှန်း၏အဖြေကို ကြားကသည့်အပေါ် လျိုကျိယုက အံ့ဩသင့်ခြင်းမရှိချေ။

မည်သို့ပင်ဆိုစေကာမူ တဖက်လူက သူ့သဘောထားကို အစကတည်းကပင် ထုတ်ဖော်ပြသခဲ့သည်။

အကယ်၍လုချန်ရှန်းသာခေါင်းညိတ်ပြီး သဘောတူပါက လိမ်လည်မှုတခုခုများ ရှိနေသလားဟူ၍ပင် လျိုကျိယုတွေးမိပေလိမ့်မည်။

လျိုကျိယု လက်ဖက်ရည်တငုံ ဖြည်းညင်းစွာ သောက်ပြီးနောက် ခပ်ပေါ့ပေါ့ပြုံးလိုက်၏။

"ဒီတော့ အရှင်ဘာကိုစိုးရိမ်နေတာလဲ၊ ဒါမှမဟုတ် ‌အမှောင်နယ်မြေရဲ့အင်အားကို သံသယရှိနေတာလား"

ဤသည်ကိုကြားသောအခါ လုချန်ရှန်းလက်အစုံကိုဖြန့်လိုက်သည်။

"ဒါကအကြောင်းရင်းမဟုတ်ပါဘူး၊ ဒါပေမယ့် ငါကိစ္စတွေအများကြီးထဲမှာ မပါ၀င်ချင်ဘူး၊ အခုအချိန် ငါလိုချင်တဲ့ဘ၀မှာပဲ ငါနေချင်တယ်"

"အမှောင်နယ်မြေက အရှင့်ရဲ့လွတ်လပ်မှုကို ချုပ်ချယ်ကန့်သတ်ထားမှာ မဟုတ်ပါဘူး" လျိုကျိယုပြောသည်။

"အမှောင်နယ်မြေထဲကို၀င်လို့ လွတ်လပ်မှုကို ဆုံးရှုံးရမယ်လို့ ထင်နေတာဆိုရင်တော့ မှားသွားပါလိမ့်မယ်"

"အရှင်၀င်မယ်ဆိုရင်တောင် ဒီနယ်မြေမှာ ဆက်လက်နေထိုင်နိုင်ပါတယ်"

လုချန်ရှန်းခေါင်းခါယမ်းသည်။

အကြောင်းတရားနှင့်အကျိုးတရား၏ နည်းလမ်းကို မည်သည့်နေရာ၌ အသေးစိတ် ရှင်းပြထားလေသနည်း။

သင်၀င်ရောက်မည်ဆိုလျှင်ပင် အမှောင်နယ်မြေအား ဂရုစိုက်နေစရာမလိုပါ။

ဤသည်ကလည်း အမှောင်နယ်မြေ၏ အကြောင်းတရားနှင့် သက်ရောက်မှုဖြစ်သည်။

အရမ်းစိတ်အနှောက်အယှက်ဖြစ်အောင် မလုပ်မိပါစေနဲ့၊ မဟုတ်ပါက တယောက်ယောက် သင့်ဆီကို ရောက်လာပေလိမ့်မည်။

လုချန်ရှန်းဘာကိုဆိုလိုသလဲဆိုတာ လျိုကျိယုနားလည်သည်။

သို့သော် သူကယခုအချိန်ထိ လက်လျှော့ရန်အတွက် ရည်ရွယ်ထားခြင်းမရှိချေ။

မည်သို့ပင်ဆိုစေကာမူ လက်ရှိလုချန်ရှန်းက အမှောင်စာရင်း၌ ထိပ်ဆုံးဆယ်ယောက်ထဲကတစ်ယောက်ဖြစ်သည်။

သို့သော် အမှောင်နယ်မြေ၏စွမ်းအားကြီးသူကပင် ဤအမိန့်ကို ကိုယ်တိုင်ထုတ်ပြန်ခဲ့ပြီး လုချန်ရှန်းကိုအနိုင်ယူရန်အတွက် ကြယ်ငါးပွင့်အကြီးအကဲတစ်ဦးဖြစ်သည့် လျိုကျိယုကို ကိုယ်တိုင်စေလွှတ်ခဲ့သည်။

ကြယ်ငါးပွင့်အကြီးအကဲတိုင်းက အမှောင်နယ်မြေ၌ အမြင့်ဆုံးအဆင့်ရှိ အကြီးအကဲများဖြစ်သည်။

တချိန်တည်းမှာပင် သူတို့က အမှောင်စာရင်းက ထိပ်ဆုံးတည်ရှိသူငါးဦးကိုသာ ဆွဲဆောင်ရန်အတွက် တာ၀န်ရှိသည်။

သို့သော် ယခုတွင် ကြယ်ငါးပွင့်အကြီးအကဲတဖြစ်လဲသူက ထိပ်ဆုံးဆယ်ဦးက လုချန်ရှန်းကို ရယူနိုင်ရန်အတွက် တောင်းဆိုနေလေပြီ။

ဤသည်က သူ့ရှေ့က လုချန်ရှန်းနှင့်ပတ်သက်၍ တမူထူးခြားသည့်အရာတခုရှိကြောင်း ဆိုလိုနေခြင်းပင်။

လျိုကျိယု ကြယ်ငါးပွင့်အကြီးအကဲနေရာကို အောင်မြင်နိုင်သည်မှာ မြင့်မားသည့် ခွန်အားကြောင့်တင်မဟုတ်ဘဲ အလုပ်ပြီးမြောက်နှုန်းက ၉၉ရာခိုင်နှုန်းရောက်သည်အထိ အံ့ဩသင့်စရာကောင်းနေခြင်းကြောင့်ပင်။

ဤနည်းလမ်းဖြင့်သာ ကြယ်ငါးပွင့်အကြီးအကဲနေရာ၌ ထိုင်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် လျိုကျိယုအတွက် လုရှန်ချန်းကို အောင်မြင်စွာ အနိုင်ယူရပေမည်။

"တခြားထောင့်တနေရာကနေ အရှင်တွေးတောကြည့်လို့လည်းရပါတယ်"

လျိုကျိယုအပြုံးဖြင့်ထရပ်ကာ လက်ကို ဆန့်ထုတ်လိုက်သည်။

သူ့လက်ထဲတွင် အတော်လေး ကြောက်စရာကောင်းသည့် အော်ရာအလုံးတလုံးရှိသည်။

ဤအော်ရာက လျှို့ဝှက်တာအိုကျောင်းတော်တခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိသည့် အော်ရာတခုပင်။

လုချန်ရှန်း၏မျက်လုံးအစုံက ကျဉ်းမြောင်းသွားပြီး စိုက်ကြည့်လိုက်သည်။

"လုံလောက်အောင် အားကောင်းလာနိုင်စရွေ့ ကံတရားဆိုတာကို ကြောက်စရာမလိုတော့ဘူးလေ"

လုချန်ရှန်းပြန်မေးသည်။

"ဘယ်လောက်ထိအားကောင်းဖို့လိုအပ်လဲ၊ အကြောင်းရင်းနဲ့ အကျိုးဆက်ကိုရော မင်းအခု လျစ်လျူရှုထားနိုင်လား"

လျိုကျိယုအနည်းငယ်အံ့ဩသင့်သွားပြီးနောက် ရှက်ကိုးရှက်ကန်းပြုံးကာ ခေါင်းခါယမ်းသည်။

"ကံမကောင်းချင်တော့ ကျွန်တော့်ခွန်အားက ဒီစံနှုန်းနဲ့ မကိုက်ညီသေးဘူး"

လုချန်ရှန်းလည်းထရပ်ကာ လျိုကျိယုဘေးသို့လျှောက်သွားပြီး လက်တစ်ဖက်ကို ဆန့်ထုတ်ရင်း လျိုကျိယုလက်ထဲက အော်ရာကို အလွယ်တကူပင် ချေမွပစ်သည်။

လျိုကျိယု၏အံ့ဩသင့်နေသည့် အကြည့်အောက်တွင် သူကပြောသည်။

"ကောင်းကင်ရဲ့အလွန်မှာ ကောင်းကင်တခုဆိုတာရှိသလို လူတွေရဲ့အလွန်မှုလည်း လူတွေဆိုတာရှိတယ်"

"ဒီလိုကမ္ဘာကြီးမျိုးမှာ စစ်မှန်တဲ့သဘောအရ ပြိုင်ဘက်ကင်းဆိုတာ ဘယ်တော့မှ မရှိဘူး၊ မင်းဘယ်နေရာကိုပဲသွားသွား မင်းထက်အားကောင်းတဲ့လူတစ်ယောက်ဆိုတာ အမြဲရှိတယ်"

"ဥပမာပြောရရင် မင်းကိုယ်မင်း အရမ်းအားကောင်းတယ်လို့ ထင်တယ်မလား"

လျိုကျိယုခေါင်းညိတ်သည်။

"ဒါပေမယ့် အဲဒီအမှောင်နယ်မြေလို့ခေါ်တဲ့ အရာကို မင်းကူညီပေးနေရတုန်းပဲလေ"

လျိုကျိယုတိတ်ဆိတ်နေသည်။

လုချန်ရှန်းပြုံးလိုက်သည်။

"ဒီတော့ မင်းအတော်အသင့်အားကောင်းလာတဲ့အချိန်ဒါကို ဘယ်တော့မှမပြောမိစေနဲ့၊ တခြားသူတွေကို ဘယ်တော့မှ လျှော့မတွက်နဲ့"

"နားလည်ပြီလား"

"နားလည်ရင် လက်ခုပ်ဩဘာလေးပေးပါဦး၊ အာ..... မဟုတ်သေးဘူး၊ မင်းနားလည်ပြီဆိုရင် ပြန်သွားတော့"

လုချန်ရှန်းတဖက်လှည့်ကာ ဝါးကုလားထိုင်ပေါ်ပြန်လှဲရင်း အိပ်ရန်အတွက် အဆင်သင့်ဖြစ်နေသည်။

ငါမွန်းလွဲပိုင်းမှာ ‌အိပ်ရေးမ၀ခဲ့ဘူး!

လျိုကျိယုက ညင်သာစွာခေါင်းညိတ်သည်။

"ဒါကအဓိပ္ပာယ်ရှိပါတယ်၊ ဒါပေမယ့် ကျွန်တော်တိုက်ပွဲ၀င်ရဦးမယ်"

"အမှောင်ကွင်းပြင်မှာ ကျွန်တော်တို့အနိုင်ယူချင်တဲ့လူတွေကို ဘယ်တော့မှ မကျရှုံးဖူးဘူး"

လုချန်ရှန်းမျက်လုံးမှိတ်ကာပြောသည်။

"ဒီမှာ ခြွင်းချက်လုပ်လိုက်လေ"

"ချိုးဖျက်လို့မရဘူး"

လျိုကျိယုညင်သာစွာ ခေါင်းခါယမ်းရင်း ကြောက်မက်ဖွယ်အော်ရာတခုက လျိုကျိရူကိုယ်၌ ဖြည့်ညင်းစွာ မြှင့်တက်လာသည်။

ဤအော်ရာက သိုင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်များထက် အဆပေါင်းများစွာ ပိုအားကောင်းသည်။

"စကားလုံးတွေနဲ့ အယုံသွင်းလို့မရနိုင်ဘူး၊ ဒီလိုမှတော့ အားသုံးဖို့ကြိုးစားရတာပေါ့"

"ဂရုစိုက်ပါ"

စကားပြောပြီးနောက် လျိုကျိယု လုချန်ရှန်းထံ ပြေး၀င်သွား၏။

အပိုင်း(311) coming။

ငါ့တပည့်တွေက ဘုရင်တွေ

All Chapters