← Chapters

#အညံ့စားဖြစ်အောင်လုပ်ခြင်း#

Vol. 22 Ch. 311

#အညံ့စားဖြစ်အောင်လုပ်ခြင်း#

Vol. 22 Ch. 311

လျိုကျိယုလှုပ်ရှားရန် ကြံရွယ်နေသည်ကို မြင်လိုက်ရသည်နှင့်တပြိုင်နက် မြေအောက်ကိုးသွယ်အစီအရင်ကို မသိစိတ်က အသက်သွင်းချင်နေခဲ့သည်။

သို့သော် ဤသည်ကို တွေးတောပြီးနောက် သူရပ်လိုက်သည်။

ပထမအချက်က တဖက်လူတွင် သူ့ကို သတ်ဖြတ်ရန်အတွက် ရည်ရွယ်ချက်မရှိပါ။

တိုက်ခိုက်မှုက စမ်းသပ်မှုတခုသာဖြစ်လေရာ အဆုံးစွန်သောလှုပ်ရှားမှုကို အသုံးပြုစရာမလိုပေ။

ဒုတိယအချက်က အရေးအပါဆုံးအချက်ပင်။

ဖွင့်ဟပြသထားသည့်ဝှက်ဖဲများက မကောင်းသလို လျိုကျိယု၏တကိုယ်လုံး၌ ခွန်အားများပြေးလွှားနေသည်ကို သူမြင်ခဲ့သည်။

ချက်ချင်းဆိုသလို မျက်ခုံးပင့်လိုက်မိစဉ် လျိုကျိယုက လုချန်ရှန်းဘေးသို့ ပေါ်ပေါက်လာပြီး လက်ဖဝါးကိုမြှောက်ကာ လုချန်ရှန်းအား ညင်သာစွာ ရိုက်ချလိုက်သည်။

လှုပ်ရှားမှုက အတော်လေးပေါ့ပါးပုံရသော်လည်း ထိုအခိုက်အတန့်၌ ပတ်ပတ်လည်အော်ရာများက ရွေ့သွားပုံရပြီး လေဟာပြင်ကို အလွှာလိုက် အလွှာလိုက် ပြိုကျသွားစေသည်။

ပေါ့ပါးလှသည့်လက်ဖဝါးတချက်ကပင် ဤကဲ့သို့ သက်ရောက်မှုကို ဖန်တီးနိုင်သည်။

ဤသည်က သိုင်းဧကရာဇ်နယ်ပယ်က အားကောင်းသည်ဟုဆိုသူများထက် ပို၍အားကောင်းသည်ဟုဆို၍ရသည်။

သို့သော် လုချန်ရှန်းထိတ်လန့်ခြင်းမရှိပါ။

သူ့မျက်လုံးထဲတွင် လျိုကျိယုက ထိုသိုင်းဧကရာဇ်နယ်ပယ်ကလူများထက် အားကောင်းနိုင်ပါသည်။

သို့သော် သူကလည်းအားနည်းသည့်သူမဟုတ်ပေ။ သူကောင်းကင်လမ်းကြောင်းတွင်ရှိစဉ်က အစွမ်းထက်သိုင်းဧကရာဇ်အများစုကို တယောက်တည်း ကိုင်တွယ်ခဲ့သည်။

အတော်များများဒဏ်ရာရခဲ့ကြပြီး တချိန်တည်းမှာပင် အတော်များများအသတ်ခံခဲ့ရသည်။

အဲဒီတုန်းကတောင် ငါခွန်အားအပြည့် မသုံးခဲ့ဖူးသေးဘူး!

သူက ဤသိုင်းဧကရာဇ်နယ်ပယ်ထက် ကျော်လွန်သည့် တည်ရှိမှုတခုလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ထို့ကြောင့် သူရှုံးနိမ့်မည်ဟု လုချန်ရှန်း မတွေးတောထားပါ။

ထိုလူအရှုံးမပေးသည်ကိုမြင်ရသောအခါ သူလက်ဖဝါးကိုမြှောက်ကာ လျိုကျိယု၏ လက်ဖဝါးကို ပြန်လည်ရိုက်ချလိုက်၏။

သူ့လက်ဖဝါး၌ အော်ရာအတက်အကျဟူ၍ လုံး၀မရှိလေရာ ဤကမ္ဘာကြီးကို မည်သည့်ပြောင်းလဲမှုမှ မဖြစ်စေနိုင်သည့် သာမန်လက်ဖဝါးနှင့်တူပေသည်။

သို့သော် အတိအကျဆိုရပါက ဤအတွက်ကြောင့်ပင် လျိုကျိယု၏နှလုံးသားထဲတွင် အန္တရာယ်ရှိသည့်ခံစားချက်တခု မြှင့်တက်လာခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ပြိုင်ဘက်က အမှောင်စာရင်းထိပ်သီးဆယ်ဦးထဲကဖြစ်သည်။

ဤလူက အမှောင်ကွင်းပြင်က အင်အားကြီးသူကိုပင် နာမည်ရေးထိုးကာ စည်းရုံးသိမ်းသွင်းစေခဲ့သည့်လူပင်။

အကယ်၍ တဘက်လူက အော်ရာမရှိသည့် သာမန်လူတစ်ယောက်သာဖြစ်မည်ဆိုပါက သူကမည်သို့မည်ပုံအမှောင်စာရင်းထဲတွင် ပေါ်ပေါက်လာနိုင်မည်နည်း။

‌အမှောင်စာရင်း၏ နောက်ဆုံးနေရာ၌ ပေါ်ပေါက်လာမည်ဆိုလျှင်ပင် ထိပ်တန်းစွမ်းအားရှင်တစ်ဉီးဟုဆို၍ရသည်။

ထို့ကြောင့် အမှောင်စာရင်း၌ ထိပ်သီးဆယ်ဦးတည်ရှိမှုစာရင်း၀င် လုချန်ရှန်းက မည်သို့မည်ပွုအားနည်းနိုင်မည်နည်း။

ဖြစ်နိုင်ချေတခုတည်းသာရှိတော့သည်။

တဘက်လူ၏ခွန်အားက သူ့ထက်သာလွန်ကာ အခြေခံကနဦးနယ်ပယ်သို့ ရောက်ရှိနေခြင်းဖြစ်ရပေမည်။

ထိုနယ်ပယ်တွင် ပြသသည့်လှည့်ကွက်တိုင်း၌ အနည်းငယ်မျှပင် ယိုစိမ့်မှုမရှိဘဲ အော်ရာကို ထိန်းသိမ်းထားနိုင်သည်။

ဤကဲ့သို့အရာမျိုးကို လျိုကျိယုပင်လျှင် မလုပ်နိုင်ပါ။

ယခုဤသည်ကိုမြင်ရလေပြီ။

ဤအချက်တစ်ချက်တည်းကပင် လျိုကျိယုကို လုံး၀ရှုံးနိမ့်သွားခဲ့စေလေပြီ။

သို့သော် လက်ဖဝါးချက်နှစ်ခုက ထိတွေ့နေပြီဖြစ်လေရာ နောက်ဆုတ်ရန်ဟူသည် မဖြစ်နိုင်တော့။

လျိုကျိယု နှလုံးသားထဲတွင် အန္တရာယ်ရှိသည်ဟု ခံစားနေရသော်လည်း သူနောက်ပြန်မဆုတ်သေးဘဲ လက်ဖဝါးချက်ဖြင့် လုချန်ရှန်း၏လက်ဖဝါးချက်ကို ရိုက်ခတ်လိုက်လေသည်။

သို့သော် ထိုအခိုက်အတန့်မှာပင် လျိုကျိယုတစ်ယောက် သူ့လက်ဖဝါးက ကောင်းကင်ကိုဖြတ်သန်းကာ ဧရာမတောင်တစ်တောင်ကို တိုက်မိသွားသည့်အလား ခံစားလိုက်ရသည်။

၎င်းက ဤကမ္ဘာပေါ်ရှိ အမာကျောဆုံးအကာအကွယ်တခုဟုထင်ရပြီး ပြိုင်ဘက်ကို လုံး၀မလှုပ်ခတ်နိုင်ခဲ့။

တချိန်တည်းမှာပင် သူစွမ်းအားမဲ့နေသည့် ခံစားချက်ကို ခံစားလိုက်ရသည်။

တဒင်္ဂအတွင်း လုရှန်ချန်း၏လက်ဖဝါးက အနည်းငယ်တုန်ခါသွားပြီး ကြီးမားသည့် ဝိဉာဉ်စွမ်းအင်တခု ထွက်လာသည်။

ဤကြီးမားသည့်အော်ရာက လျိုကျိယု၏ မျက်နှာကို သိသိသာသာပင် ပြောင်းလဲသွားစေသည်။

ဤကြီးမားသည့်အော်ရာကို တားဆီးရန်အတွက် သူ့တွင်နည်းလမ်းမရှိ။

၎င်းကရိုးရှင်းသော်လည်း ရပ်တန့်၍မရနိုင်လောက်အောင် အားကောင်းလှသည်။

ထိုလက်ဖဝါးချက်အောက်တွင် လျိုကျိယုအသံတချက်ဟိန်းလိုက်မိသော်လည်း နောက်သို့လွင့်စင်သွားခြင်းမရှိဘဲ ယင်းအစား သူ့လက်အစုံက စွမ်းအားကင်းမဲ့စွာ ကျသွား၏။

အော်ရာထွက်ပေါ်လာပြီး တောင်တစ်‌တောင်ကို ထိုးဖောက်သွားသည့် တိုက်ခိုက်ရေးနွားသိုးတစ်ကောင်အလား လျိုကျိယု၏ကိုယ်ကို ထိုးဖောက်ကာ နောက်သို့ဆက်တိုက်ရွေ့သွားစေသည်။

၎င်းက လျှို့ဝှက်တာအိုကျောင်းတော်ကို ရိုက်မိတော့မည့်ပုံရသည်။ အစိမ်းရောင် အလင်းတန်းတခု တိတ်တဆိတ်ထိုးထွက်လာပြီး အလင်းတန်းထဲတွင် မိုးမခပင်အကိုင်းအခက်တခုပါရှိသည်။

မိုးမခပင်အကိုင်းအခက်များက အစိမ်းရောင်အလင်းတန်းထဲတွင် ဖြည်းညင်းစွာ မျောလွင့်နေကြပြီး စီးဆင်းနေသည့် ဝိဉာဉ်စွမ်းအင်ကို ပိတ်ဆို့ပစ်လိုက်သည်။

ဤသည်က တောင်ပိုင်းဒေသတခုလုံးကို တိုက်ရိုက်ဖျက်ဆီးပစ်တော့မည့် အဆုံးသတ်ကနေ ကာကွယ်လိုက်နိုင်သည်။

တချိန်တည်းမှာပင် လျိုရှုအနည်းငယ် အံ့ဩသင့်သွားသည်။

လုချန်ရှန်း၏ခွန်အားက ပို၍ပို၍ပင် အားကောင်းလာနေသည်။

ဒီကောင်အဒီအခြေအနေကိုတောင် ရောက်နေပြီလား!

လျိုကျိယု၏ပါးစပ်မှ သွေးများစီးကျနေပြီး သူ့လက်အစုံက အားနည်းကျသွားကာ မျက်လုံးများက တခဏတာဝေဝါးနေခဲ့သည်။

သို့သော် သူတုံ့ပြန်လိုက်သည်နှင့်တပြိုင်နက် မြောက်မြားစွာသောနာကျင်မှုများက သူ့တကိုယ်လုံးတွင်ပေါ်ပေါက်လာသည်။

အတွင်းအင်္ဂါများက ဖယ်ရှားခံလိုက်ရသည့်အလားပင် ထင်ရသည်။

ကံကောင်းစွာပင် သူကအတော်လေးအဆင့်မြှင့်သည့် အဆင့်ချပ်၀တ်တန်ဆာကို ၀တ်ဆင်ထားလေသည်။ မဟုတ်ပါက ဤလက်ဖဝါးချက်ကြောင့် သူတခါတည်း သေသွားရပေလိမ့်မည်။

လျိုကျိယုရင်ဘတ်သို့ ငုံ့ကြည့်လိုက်၏။

ကွဲကြေနေပြီဖြစ်သည့် အတွင်းချပ်ဝတ်တန်ဆာက အမှုန့်များအဖြစ် ကွဲအက်သွားသည်။

သူကခါးသီးစွာပင် ရယ်မောလိုက်၏။ တချိန်တည်းမှာပင် သူအတော်လေး ထိတ်လန့်သွားသည်။

ယခုလို ပေါ့ပါးညင်သာသည့်လက်ဝါးချက်တစ်ချက်က သူ့တိုက်ခိုက်မှုကို ခုခံနိုင်ရုံတင်မက သူ့အော်ရာအကာအကွယ်နှင့် ရင်ဘတ်အတွင်းချပ်၀တ်ကိုပင် တိုက်ရိုက် ထိုးဖောက်သွားခဲ့သည်။

ဤသည်အပြင် သူ့ကိုလည်း အပြင်းအထန် ဒဏ်ရာရသွားစေသည်။ နှစ်အနည်းငယ်အတွင်းမှာပင် ပြန်လည်ကောင်းမွန်လာအောင် ကုသရန်ဟူသည် မဖြစ်နိုင်။

လျိုကျိယုတွေးလိုက်မိသည်။

အမှောင်စာရင်းထိပ်သီးဆယ်ဦးထဲကလား!

ငါ့ကိုလာနောက်နေတာလား!

ငါ့ရှေ့ကလူရဲ့ခွန်အားအရဆိုရင် သူက ထိပ်သီးသုံးဦးစာရင်းထဲတောင် ၀င်တယ်ဟ!

အမှောင်စာရင်းထဲက ထိပ်သီးသုံးဦးစာရင်းကို ကြယ်ငါးပွင့်အကြီးအကဲတစ်ဦးက ကိုယ်တိုင်ကိုယ်ကျ ဆွဲဆောင်မည်ဆိုလျှင်ပင် အနိုင်ရယူရန်ဟူသည်မဖြစ်နိုင်။

တချိန်တည်းမှာပင် အမှောင်နယ်မြေကလည်း ထိပ်တန်းသုံးဦးကို အလွန်အမင်း စော်ကားလိုခြင်းမရှိပါ။

ဤသည်ကို အမှောင်ထဲတွင်သာ တဖြည်းဖြည်းလုပ်ရပေလိမ့်မည်။

သို့သော်ဆန့်ကျင်ဘက်အနေဖြင့် အကယ်၍ လျိုကျိယုကသာ လုချန်ရှန်းကို အနိုင်ယူနိုင်မည်ဆိုပါက အမှောင်နယ်မြေတွင် သူ့ပုံရိပ်က အတော်လေးတိုးမြှင့်သွားပေလိမ့်မည်။

ရုတ်တရက် လျိုကျိယုရဲတင်းသည့်အတွေးတစ်ခုကို တွေးလိုက်မိသည်။

ထိုအချိန်တွင် လုချန်ရှန်းလက်ဖဝါးကို ဖယ်ရှားကာ ဆေးလုံးတစ်လုံးကိုပစ်ပေးပြီးနောက် ပြောလိုက်သည်။

"ဒီဆေးကိုယူပြီးသွားတော့၊ မင်းရဲ့အမှောင်နယ်မြေကို ငါတကယ်စိတ်မ၀င်စားဘူး၊ ဒီတော့ ဒီအကြောင်းကိုတွေးရင်း အချိန်ဖြုန်းမနေပါနဲ့တော့"

စကားပြောဆိုပြီးနောက် သူမျက်လုံးအစုံကိုမှိတ်ကာ ဆက်လက်အိပ်စက်ရန်ပြင်လိုက်သည်။

လျိုကျိယုဆေးလုံးကို သောက်ပြီးနောက်တွင် ကိုယ်ထဲကဒဏ်ရာများက အစိမ်းရောင်အလင်းတန်းတခု၏ ပေါက်ကွဲမှုအောက်တွင် ကြောက်ခမန်းလိလိအရှိန်ဖြင့် ပြန်လည်ကောင်းမွန်လာသည်။

တချိန်တည်းမှာပင် ချို့တဲ့နေသည့်အော်ရာကိုလည်း ချက်ချင်းဖြည့်တင်းပေးလေသည်။

ဒါက..... ဒါဘယ်လိုဆေးမျိုးလဲ!

လျိုကျိယုထပ်တလဲလဲ ဆွံအနေရသည်။

သူ့နယ်ပယ်က အရမ်းကြီးမမြင့်မားပါ။

ဒါပေမယ့် ဒီဆေးက အော်ရာကုန်ခမ်းမှုကို တိုက်ရိုက်ဖြည့်တင်းပေးနိုင်တာလား!

ဒီလိုအရမ်းပြင်းထန်တဲ့ဒဏ်ရာမျိုးကိုတောင် ကုသနိုင်စွမ်းရှိတာလား!

ငါကိုယ်တိုင်ကုသရမယ်ဆိုရင်တောင် ခုနှစ်နှစ်၊ ရှစ်နှစ်အတွင်းမှာ အပြည့်အ၀ ကောင်းမွန်သွားဖို့ဆိုတာက မဖြစ်နိုင်ဘူးလေ!

လုချန်ရှန်းမသိသည့်အချက်က သူ့ကိုအနိုင်ယူလိုသည့် လျိုကျိယု၏စိတ်ဆန္ဒက ပို၍ထက်သန်ပြင်းပြလာသည်ကိုပင်။

အကယ်၍ သူတွေးတောနေသည်ကိုသာ လုချန်ရှန်းသိမည်ဆိုပါက ဤဆေးလုံးကို ပေးသည့်အပေါ် နောင်တရမိပေလိမ့်မည်။

လျိုကျိယုသက်ပြင်းတစ်ချက်ချပြီးနောက် လေးနက်စွာပြောသည်။

"စီနီယာ၊ ကျွန်တော်လက်လျှော့မှာမဟုတ်ဘူး၊ အချိန်အတိုင်းအတာတခုအထိ စီနီယာက အမှောင်နယ်မြေကို မ၀င်ချင်သေးဘူးဆိုမှတော့ ကျွန်တော်ခင်ဗျားနောက်က အမြဲလိုက်နေပါမယ်"

ဤသည်ကိုကြားရသောအခါ လုချန်ရှန်းမျက်လုံးပြူးသွား၏။

ယာယီဆိုတာကဘာလဲ!

ဒီဘ၀မှာတော့ ငါ့အတွက် အမှောင်နယ်မြေကို ၀င်ဖို့ဆိုတာက မဖြစ်နိုင်ဘူးကွ!

ဟမ် နေပါဦး......

မဟုတ်သေးဘူး!

ဒီလိုဆိုရင် ကျွန်တော်ခင်ဗျားနောက်က အမြဲလိုက်နေမှာ ဟုတ်လား!

ဘာကိုဆိုလိုချင်တာလဲ!

လုချန်ရှန်းမျက်လုံးကို အလျင်အမြန်ဖွင့်ကာ ထထိုင်ပြီး လျိုကျိယုကိုစိုက်ကြည့်ရင်း မေးလိုက်သည်။

"နောက်ဆုံးကမင်းဘာပြောလိုက်တာ၊ ထပ်ပြောပါဦး"

လျိုကျိယုပြန်ဖြေသည်။

"ဒီလိုဆိုရင် ကျွန်တော်စီနီယာနောက်က အမြဲလိုက်နေပါမယ်"

လုချန်ရှန်းရုတ်တရက် နဖူးရိုက်လိုက်လေတော့သည်။

ဘာလားဟ!

ပြီးသွားပြီ! အားလုံးအဆုံးသတ်သွားပြီ!

လျိုကျိယုကိုယ်တိုင်ပင်ထိုင်လျက် အပြုံးဖြင့်ပြောသည်။

"စီနီယာ၊ ကျွန်တော်စီနီယာကို ဒုက္ခပေးမှာကို စိုးရိမ်နေစရာမလိုပါဘူး"

"ဆန့်ကျင်ဘက်အနေနဲ့ စီနီယာတခုခုလုပ်ချင်တာများရှိရင် ကျွန်တော်စီနီယာကို အကောင်းဆုံးကူညီပါမယ်"

"ဒီတော့ စီနီယာအမှောင်နယ်မြေကို၀င်ဖို့ ကတိမပေးသေးမချင်း ကျွန်တော် စီနီယာနောက်က လိုက်နေပါမယ်"

ထိုစကားကိုပြောပြီးနောက် လျိုကျိယုထိုနေရာ၌ပင် ပျောက်ကွယ်သွား၏။

သို့စေကာမူ လျိုကျိယုက စံအိမ်တော်နှင့် မနီးမဝေးတွင်ရှိနေတာကို လုချန်ရှန်းခံစားနေရသည်။

လုချန်ရှန်းသူ့လက်ကို မျက်တောင်မခတ်စိုက်ကြည့်ရင်း အံကြိတ်ကာ လက်ဖဝါးကို ပွတ်သပ်လိုက်လေသည်။

"မင်းလက်တွေကို အညံ့စားဖြစ်သွားအောင် လုပ်ပစ်တာ ငါ့လက်ကနာသွားပြီဟ"

"ချီးပဲ၊ နာလိုက်တာ၊ အရမ်းနာတာပဲ...."

အပိုင်း(312) coming။

ငါ့တပည့်တွေက ဘုရင်တွေ

All Chapters