← Chapters

#နေရာပြိုင်ပွဲ#

Vol. 22 Ch. 312

#နေရာပြိုင်ပွဲ#

Vol. 22 Ch. 312

တောင်ပိုင်းဒေသ၏ တည်းခိုခန်းတခု!

ဤနေရာက နန်ယုလျှို့ဝှက်တာအိုကျောင်းတော်နှင့် အတော်လေးနီးကပ်သော နေရာ၌ရှိပြီး လျိုကျိယုက ဤနေရာတွင်ပင် နေထိုင်ခဲ့သည်။

ထိုအခိုက်အတန့်၌ သူ့ရှေ့တွင် ပုံရိပ်ယောင်ဆန်ဆန် မြင်ကွင်းတခုပေါ်လာသည်။

မြင်ကွင်းက အမှောင်ထဲတွင်ရှိနေပြီး တကိုယ်လုံးကလည်း အမှောင်ထုဖြင့် ဖုံးလွှမ်းထားလေရာ မျက်နှာနှင့်လူကိုမမြင်နိုင်ပေ။

လူတစ်ယောက်၏ အကြမ်းဖျင်း ဝါးတားတားပုံရိပ်ကိုမြင်ရသောအခါမှသာ အမှောင်ထုထဲတွင် လူတစ်ယောက်ထိုင်နေကြောင်း အတည်ပြုနိုင်ပေသည်။

အမှောင်ထုထဲကနေ အသံတစ်သံထွက်လာသည်။

"အခြေအနေဘယ်လိုရှိလဲ"

လျိုကျိယုအမှန်အတိုင်းပင်ပြန်ဖြေသည်။

"အငြင်းခံရတယ်"

"အိုး"

"မင်းအမှောင်နယ်မြေရဲ့စွမ်းအားကို ပြောပြပြီးတာတောင် အငြင်းခံရသေးတာလား"

လျိုကျိယုခေါင်းညိတ်သည်။

"မှန်ပါတယ်၊ ပြီးတော့ပြိုင်ဘက်ရဲ့ခွန်အားက ကျွန်တော်မျှော်လင့်ထားတာထက် ပိုများနေတယ်"

"ကျွန်တော်အကောင်းဆုံး ကြိုးစားရင်တောင် ပြိုင်ဘက်က အလွယ်တကူကျော်ဖြတ်ပစ်နိုင်တယ်၊ သူ့လက်ထဲမှာ ခုခံဖို့အတွက် ဘာစွမ်းအားမှမရှိသလိုပဲ"

"ဒီတော့ ပြိုင်ဘက်ရဲ့နယ်ပယ်က ကျွန်တော့်ထက်တစ်ဆင့်မြှင့်နေတာ၊ ဒါမှမဟုတ် တဆင့်ထက်ပိုတာဖြစ်နိုင်တယ်"

ကြယ်ငါးပွင့်အကြီးအကဲတစ်ဦးတဖြစ်လဲ အမှောင်နယ်မြေ၌ လျိုကျိယု၏ခွန်အားကို ပျမ်းမျှထက်ပိုမြှင့်မားသည်ဟု ပြောဆို၍ရသည်။

လျိုကျိယု၏ပြောဆိုချက်ကို နားထောင်ပြီးနောက် အမှောင်ထဲကပုံရိပ်ကပြောသည်။

"ဒီလိုဆိုရင် အမှောင်စာရင်းထဲက အဆင့်သတ်မှတ်ချက်က မှားနေတယ်ဆိုတာကိုလည်း ငါတို့အတည်ပြုလိုက်နိုင်တာပေါ့"

"မင်းမှာအကြံတခုခုရှိလား"

"မင်းကိုကူညီဖို့အတွက် နောက်ထပ်ကြယ်ငါးပွင့်အကြီးအကဲတစ်ယောက်ကို စေလွှတ်ပေးရမလား"

ဤသည်ကို ကြားသောအခါ လျိုကျိယုခေါင်းခါယမ်းရင်း ရှက်ကိုးရှက်ကန်းပြုံးကာပြောသည်။

"ကျွန်တော့်လေ့လာမှုအပြီးမှာတော့ သူ့လိုမျိုးလူကို လူနှစ်ယောက်သုံးယောက်လောက်နဲ့ သဘောတွေ့လာအောင် လုပ်လို့မရနိုင်ဘူး"

"ကျွန်တော် အချိန်အတိုင်းအတာတခုအထိ အပြင်မှာစောင့်ကြည့်ပြီး အခြေအနေနဲ့အညီ လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်"

အမှောင်ထဲက ပုံရိပ်က ခေါင်းညိတ်သည်။

"ဒီလိုဆိုမှတော့ မင်းပြောသလိုလုပ်တာပေါ့"

"ဒါပေမယ့် ဒီကိစ္စကိုပြီးအောင်လုပ်ရမယ်၊ အခုကောင်းကင်က အကြီးအမားပြောင်းလဲနေပြီး အမှောင်နယ်မြေရဲ့ပုံစံကလည်း ပြောင်းလဲနေပြီ၊ အမှောင်စာရင်းထဲကလူတွေကို ငါတို့တတ်နိုင်သမျှမြန်မြန် ဆွဲ‌ဆောင်ဖို့လိုတယ်"

လျိုကျိယုခေါင်းညိတ်သည်။

"နားလည်ပါပြီ"

စကားပြောပြီးသည်နှင့် လျိုကျိယုရှေ့က မြင်ကွင်းက ပျောက်ကွယ်သွား၏။

...

ရက်နှစ်ဆယ်ကဘာမှမဟုတ်သော်လည်း တရားထိုင်ခြင်းတွင် လေ့ကျင့်ထားသူများအဖို့ မျက်လုံးမှိတ်ပြီး ဖွင့်လိုက်သည်နှင့် ကုန်ဆုံးသွားတတ်သည်။ ဒါက ဖြတ်သန်းပြေးသွားသည့် မြင်းဖြူတစ်ကောင်ကဲ့သို့ပင်။

နယ်နိမိတ်မဲ့နယ်မြေ ယွမ်ချီမြို့တွင် ခွန်းလွန်ကောင်းကင်ဘုံရေကန်ဟူသော စကားလုံးက ယွမ်ချီမြို့က ကျင့်ကြံသူများ၏ နားထဲသို့ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။

ဤခွန်းလွန်ကောင်းကင်ဘုံရေကန်က နယ်နိမိတ်မဲ့နယ်မြေအတွင်း ခွန်းလွန်နှင်းတောင်တန်း၏ ရတနာနယ်မြေတခုပင်။

ကောင်းကင်ဘုံရေကန်က သန့်စင်သည့်အော်ရာဖြင့် ပြုလုပ်ထားသည့် ရေများဖြင့် ပြည့်နှက်နေသည်။

သိုင်းဧကရာဇ်နယ်ပယ်ကို မချိုးဖျက်သေးသရွေ့ သန့်စင်သည့်ဝိဉာဉ်စွမ်းအင်ကို စုပ်ယူပြီး ကန်ထဲတွင် လေ့ကျင့်ရန်အတွက် ခွန်းလွန်ကောင်းကင်ဘုံရေကန်သို့ ၀င်ရောက်နိုင်သည်။

ပို၍စိတ်၀င်စားဖွယ်ကောင်းသည်က ခွန်းလွန်ကောင်းကင်ဘုံရေကန်တွင် ကျင့်ကြံရာ၌ ပို၍နက်နက်ငုပ်လေလေ၊ အခြေခံက ပို၍တည်ငြိမ်လေလေပင်။

ဤထက်မပိုပါ။ သို့သော်ယနေ့အချိန်ထိ ခွန်းလွန်ကောင်းကင်ဘုံရေကန်၏ အနက်ဆုံးနေရာသို့ မည်သူမှမ၀င်နိုင်သေးပါ။

ကောဘဟာလများအရ ကောင်းကင်ဘုံရေကန်၏ အနက်ဆုံးအပိုင်းတွင် ပြိုင်ဘက်ကင်းပစ္စည်းတခုရှိသည်ဟုဆိုကြသည်။

ခွန်းလွန်ကောင်းကင်ဘုံရေကန်၌ ဖြစ်ပျက်နေသည်များကို မြင်ရရန်အတွက် တာအိုနယ်ပယ်က စွမ်းအားရှင်တစ်ယောက် ၀င်ရောက်ချင်ခဲ့သည်။

သို့သော် ခွန်းလွန်ရေကန်၏ ငြင်းပယ်ခြင်းကိုခံခဲ့ရပြီး မ၀င်ရောက်နိုင်ခဲ့ပါ။

ဤသည်က သူ့ကိုမျက်စိတောက်ထောက် ကြည့်နေသည့် ကျင့်ကြံသူများကို ထိုသို့ တွေးတောနေသည်ကနေ ရပ်သွားစေသည်။

ထို့ကြောင့်ခွန်းလွန်ကောင်းကင်ဘုံရေကန်က သိုင်းဧကရာဇ်နယ်ပယ်အောက်က ကျင့်ကြံသူများအတွက် အိပ်မက်ဆန်သော နေရာတခုဖြစ်လာရသည်။

သို့သော် ဤကဲ့သို့နေရာမျိုး၌ နေရာကန့်သတ်ချက်တခုရှိပေသည်။

ယွမ်ချီမြို့တွင် နေရာလေးနေရာသာရှိသည်။

မျှတသွားစေရန်အတွက် ယွမ်ချီမြို့၏ အဓိကမိသားစုကြီးသုံးခုအပါအ၀င် မြို့တော်၀န်စံအိမ်ကသာ ဤနေရာများအတွက် ယှဉ်ပို့င်ရန် မိသားစုများကြားက သိုင်းဧကရာဇ်နယ်ပယ်အောက်က ပါရမီရှင်များကို စေလွှတ်တတ်ကြသည်။

ဤသည်ကိုအသုံးပြုရင်း ထိုလေးနေရာ၏ ပိုင်ဆိုင်မှုကို ဆုံးဖြတ်ကြသည်။

ဤပြိုင်ပွဲ၌ မြို့တော်၀န်စံအိမ်က တကြိမ်စီတွင် နေရာနှစ်ခုထိ ယူကြသည်။ ကျန်သော နှစ်နေရာက မိသားစုသုံးစုအတွင်း စီးဆင်းနေသည်။

ယန်မိသားစုက ဤနေရာကို နှစ်အတော်ကြာကြာ မဖမ်းဆုပ်ထားနိုင်ခဲ့ပေ။ ရလဒ်အနေဖြင့် ယန်မိသားစု၏စွမ်းအားက ယွမ်ချီမြို့တွင် ပိူ၍ပို၍ပင် တင်းကျပ်လာနေသည်။

ယန်မိသားစု၏ခွန်အားကလည်း တစ်နေ့ပြီးတစ်နေ့ ပို၍ပင်အားနည်းလာသည်။

ယခုအချိနမတွင် ယန်မိသားစုအစည်းအဝေးခန်းမ၌ ယဲ့ချိုးပိုင်တို့က သတ်မှတ်ထားသည်အတိုင်း ရောက်လာခဲ့ကြသည်။

ယန်ကျင်းဟိုင် သုံးဦးစလုံးကို ကြည့်ကာ အပြုံးဖြင့်ပြောသည်။

"ငါတို့ယန်မိသားစုမှာ ဒီပြိုင်ပွဲ၀င်နေရာ သုံးခုပဲရှိတော့တယ်၊ ငါမင်းတို့ကို အားလုံးကိုပေးပါမယ်"

ယဲ့ချိုးပိုင်ပြုံးရင်း ဘေးတွင်ရပ်နေသည့် ယန်ချီကိုကြည့်ကာ မေးလိုက်သည်။

"ခင်ဗျားသားရော ၀င်ပြိုင်မှာလား"

ဤသည်ကိုကြားသောအခါ ယန်ချီရှက်ရွှံ့စွာပြုံးရင်း ခေါင်းခါယမ်းသည်။

"ငါ့စွမ်းအားကို ငါသိပါတယ်၊ ငါဒီနေရာပြိုင်ပွဲကို ၀င်ပြိုင်မယ်ဆိုရင်တောင် နေရာတခုရနိုင်မှာမဟုတ်ဘူး"

"ဒီတော့ ညီအစ်ကိုယဲ့တို့ကို ဒီပြိုင်ပွဲအတွက် နေရာတွေကိုပေးတာပိုကောင်းပါတယ်၊ ငါတို့ယန်မိသားစုအတွက် မင်းတို့က ဂုဏ်သတင်းအများကြီး ယူလာကောင်း ယူလာနိုင်တာပဲလေ"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

ယန်ကျင်းဟိုင်ပြုံးလိုက်သည်။

"ကောင်းပြီ၊ ဒီလိုဆိုရင်သွားကြရ‌အောင်"

ခွန်းလွန်ကောင်းကင်ဘုံရေကန်အတွက် နေရာများ၏ပြိုင်ပွဲကို မြို့တော်၀န်စံအိမ်၏ ပြိုင်ပွဲစင်မြင့်ပေါ်၌ နေရာချထားသည်။

မူလက မိသားစုသုံးခုနှင့် မြို့တော်၀န်စံအိမ်က လူများသာလျှင် ကြည့်ရှုရန်အတွက် လာရောက်တတ်ကြသည်။

သို့သော် ယဲ့ချိုးပိုင်တို့သုံးယောက် ပါ၀င်လာမှုကြောင့် ကြေးစားအစည်းအရုံးက လူများလည်း တချက်လာကြည့်ချင်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ယဲ့ချိုးပိုင်၊ ရှီရှန်းနှင့် ရှောင်ဟိုင်တို့က အတော်လေးနာမည်ကြီးသည့် အသစ်တိုးမြှင့်ထားသည့် ကြေးစားအဖွဲ့ပင် မဟုတ်ပေလား။

သူတို့ကလည်းမြင်ချင်ကြသည်။

ဒီသုံးယောက်က ကောလဟာလတွေအရ နယ်နိမိတ်ဖြတ်ကျော်တိုက်ခိုက်ရေးစွမ်းရည်တွေကို တကယ်ချဲ့ကားနေတာလား။

သံချပ်ကာလက်နက်ကိုင်ကြေးစပ်တပ်ဖွဲ့၏ လျိုယွမ်သည်လည်း ဤနေရာသို့ ရောက်လာခဲ့သည်။

ယဲ့ချိုးပိုင်တို့သုံးယောက်က ယန်ကျင်းဟိုင်နောက်မှ လိုက်သွားသည်ကိုမြင်ရသောအခါ လျိုယွမ်စိတ်လှုပ်ရှားစွာ ပြုံးလိုက်သည်။

"အဲဒီအချိန်က သူတို့ကို လူထူးလူဆန်းသုံးယောက်လို့ပဲ ငါထင်ထားခဲ့တာ"

"မမျှော်လင့်ထားပဲ တစ်လကျော်ပဲရှိသေးတယ်၊ သူက ယွမ်ချီမြို့ ချိန်ခွင်ချိန်ရဲ့ လူတစ်ယောက်ဖြစ်လာခဲ့ပြီ"

သံချပ်ကာလက်နက်ကိုင်ကြေးစားတပ်ဖွဲ့ခေါင်းဆောင် ဟီလင်သည်လည်း နက်ရှိုင်းသည့်ခံစားချက်အပြည့်ဖြင့် ခေါင်းညိတ်သည်။

အစပိုင်းတွင် တာ၀န်ကိုလက်ခံခဲ့ပြီး တာ၀န်အတောအတွင်း နှစ်ချက်တိတိကို အောင်မြင်စွာ ပစ်နိုင်ခဲ့သည်။

ရန်သူ၏အနာဂတ်‌လုပ်ဆောင်မည်များကို ဟောကိန်းထုတ်ခဲ့ပြီး နတ်ဘုရားတ၀က်နယ်ပယ်က လူအများအပြားကို ဆက်တိုက်သတ်ပစ်ခဲ့သည်။

နယ်နိမိတ်များကိုဖြတ်ကျော်ရင်း သိုင်းဧကရာဇ်နယ်ပယ်နှင့် ထိတွေ့ရန် အရည်အချင်းပြည့်၀နေပြီဖြစ်သည့် သိုင်းဧကရာဇ်တ၀က်အဆင့်ကို သတ်ပစ်ခဲ့သည်။

ယခုအချိန်တွင် သူက ယွမ်ချီမြို့ ခေါင်းဆောင်သုံးဦးအကြား အငြင်းပွားမှု၏ အဓိကပုဂ္ဂိုလ်ဖြစ်လာပြီး အရာအားလုံးကို ပြောင်းပြန်လှန်ပစ်နေသည်။

ဤယွမ်ချီမြို့က မကြာသေးခင်က အဓိကဖြစ်ရပ်များ၏ အလယ်ဗဟို၌ရှိနေသည်။

ကြေးစားအဖွဲ့၏စံအိမ်၌ ပုံရိပ်များစွာ ရှိနေသည်။

....

တခြားတဘက်တွင် ခန်းနှင့်လီမိသားစုခေါင်းဆောင်များက ယန်ကျင်းဟိုင်နောက်က လူသုံးယောက်ကို ကြည့်နေကြသည်။

သူတို့၏မျက်နှာအသွင်အပြင်များက အတော်လေးရှုပ်ထွေးနေကြသည်။

ယခုတကြိမ် သူတို့၏အစီအစဉ်များကို လုံး၀ဖျက်ဆီးပစ်ခဲ့သည်က ဤဂျူနီယာသုံးယောက်ပေတည်း။

တချိန်တည်းမှာပင် သူတို့နှလုံးသားထဲကနေ အတော်လေးမသက်သာသလို ခံစားနေရသည်။

ယန်မိသားစုက သူတို့၏နေရာသုံးခုကို ဤသုံးယောက်အား ပေးခဲ့သည်။

ငါတို့မိသားစုနှစ်စုကရော ဆော့ကစားခွင့်တောင် ရပါ့မလား!

ဤသုံးယောက်က သိုင်းဧကရာဇ်တ၀က်အဆင့်ကိုပင် မရောက်သေးသည့်တိုင် သူတို့တွင် သိုင်းဧကရာဇ်နယ်ပယ်နှင့် ထိတွေ့နေပြီဖြစ်သည့် သိုင်းဧကရာဇ်တ၀က် စွမ်းအားရှင်ကို ယှဉ်ပြိုင်ရန် အစွမ်းရှိသည်။

သူတို့ထဲကတစ်ယောက်ကိုတောင် ခေါင်းဖြတ်နိုင်မှာလား!

ငါတို့ဘယ်လိုကစားရမလဲ!

ဒီတကြိမ်တော့ ငါတို့က အချိုပွဲ လုပ်နေသလိုမျိုး ဖြစ်နေမလား!

နေရာလေးနေရာရှိသော်လည်း မြို့တော်၀န်စံအိမ်ကို မေ့ထား၍မရပေ။

မြို့တော်၀န်စံအိမ်က ယွမ်ချီမြို့၏ စစ်မှန်သည့် အားအကောင်းဆုံး အင်အားစုတခုပေတည်း။

ဤသတင်းကိုကြားရပြီးနောက် မြို့တော်၀န်စံအိမ်၏ သားနှင့်သမီးက ဤနေရာများပြိုင်ပွဲ၌ ယှဉ်ပြိုင်ရန်အတွက် ကုန်းတွင်းပိုင်အင်အားစုများတွင် ကျင့်ကြံနေရာကနေ ပြန်လာခဲ့ကြသည်။

ဤနေရာလေးနေရာကို သူတို့နှစ်ယောက်အတွက် ဝေမျှထားခြင်းမရှိသော်လည်း လှုပ်ရှားမှုကနေ ဆောင်ရွက်နိုင်သည်။

ယခုအချိန်တွင် မြင့်မားသည့် ပလက်ဖောင်းပေါ်၌ ရွှေရောင်ပိုးထည်၀တ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ပေါ်ပေါက်လာခဲ့သည်။

ယန်ချီ ဘေးကနေရှင်းပြသည်။

"ဒါက ယွမ်ချီမြို့အရှင် ကျင်းယုံဂန်ပဲ"

"သူက ယွမ်ချီမြို့ရဲ့ အားအကောင်းဆုံး တည်ရှိမှုတခုဖြစိပြီးတော့ သိုင်းဧကရာဇ်နယ်ပယ် နောက်ဆုံးအဆင့်က စွမ်းအားရှင်တစ်ယောက်လည်းဖြစ်‌သေးတယ်"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

ထိုအချိန်တွင် ကျင်းယုံဂန်က မြင့်မားသည့် ပလက်ဖောင်းပေါ်ကနေ ဤပြိုင်ပွဲ၏ စည်းမျဉ်းများကို ကြေငြာလေတော့သည်။

အပိုင်း(313) coming။

ငါ့တပည့်တွေက ဘုရင်တွေ

All Chapters