#ပါရမီရှင်နှင့် ပါရမီရှင်#
Vol. 22 Ch. 313
စည်းမျဉ်းများက အောက်ပါအတိုင်းဖြစ်သည်။
ပြိုင်ပွဲတွင် မြို့တော်၀န်စံအိမ်အပါအ၀င် အဓိကကစားသမားသုံးဦးတွင် ပါ၀င်ခွင့်သုံးခုရှိသည်။
ပြိုင်ပွဲက တစ်ပွဲသာဖြစ်ပြီး အရိုးရှင်းဆုံးဖြစ်သည်။
တကြိမ်တိုင်းတွင် ၎င်းကို ကံစမ်းမဲဖြင့် ဆုံးဖြတ်မည်။
ရှုံးနိမ့်သူအုပ်စုအဖို့ အနိုင်ရသူအုပ်စုက လူများကို ဆက်လက်စိန်ခေါ်နိုင်ပြီး အပေါ်တန်းက အနိုင်ရသူများထဲတွင် အစားထိုးနိုင်သည်။
နောက်ဆုံးတွင် အနိုင်ရသူအုပ်စုက တစ်ဦးချင်းကစားရပေမည်။
နောက်ဆုံးလေးယောက်က ယွမ်ချီမြိုကို ကိုယ်စားပြုပြီး ခွန်းလွန်ကောင်းကင်ဘုံရေကန်သို့ သွားရောက်မည်ဖြစ်သည်။
စည်းမျဉ်းစည်းကမ်းများကို ပြောပြီးနောက် ယွမ်ချီမြို့အရှင် ကျင်းယုံဂန်က ဝါးတုတ်တစ်စည်းကို ထုတ်ယူလိုက်၏။
ဝါးတုတ်ချောင်းများပေါ်၌ ပြိုင်ပွဲ၀င်များ၏ အမည်များကို မှတ်တမ်းတင်ထားသည်။
"အခုငါမဲရွေးချယ်တော့မယ်၊ လိမ်လည်လှည့်စားမှုတွေရှိတယ်လို့ မင်းတို့ထင်ကြရင်လည်း မင်းတို့လာပြောလို့ရတယ်"
လူတိုင်းရှက်ရွှံ့စွာပြုံးလိုက်ကြသည်။ ကျင်းယုံဂန်ကဲ့သို့ အားကောင်းသည့်လူတစ်ယောက်က လူတိုင်း၏စောင့်ကြည့်မှုအောက်တွင် ယခုလိုအကျိုးအကြောင်းမဲ့အရာများကို လုပ်မည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ သူကမြို့အရှင်ဖြစ်သည်။
ယခုလိုအရာမျိုးကို လူလုပ်၍မရပါ။ မဟုတ်ရင် စောင့်ကြည့်ရေတွက်မှုအောက်တွင် ကျရောက်သွားရပေလိမ့်မည်။
ဤသည်ကိုမဆိုထားနဲ့ မြို့တော်၀န်၏ခွန်အားအရ ဤကဲ့သို့အကျိုးမဲ့အရာကို လုပ်ရန်ဟူသည် မဖြစ်နိုင်။
မည်သူမှ မကန့်ကွက်သည်ကို မြင်ရသောအခါ သူကစတင်မဲနှိုက်လေတော့သည်။
"လီမိသားစုက လီပိုင်၊ မြို့တော်၀န်စံအိမ်က ကျင်းဟုန်မြောင်"
ကျင်းဟုန်မြောင်!
သူကမြို့တော်၀န်ကျင်းယုံဂန်၏ သားဖြစ်သည်။
ကောလဟာလများအရ သူ့ကို ကုန်းတွင်းပိုင်းက ပထမတန်းစားအင်အားစုများ၏ အကြီးအကဲများက မျက်နှာသာပေးခဲ့ပြီး ကိုယ်ပိုင်တပည့်အဖြစ် လက်ခံခဲ့ကြသည်။
ယခုသူ့ခွန်အားက သိုင်းဧကရာဇ်တ၀က်အဆင့်ကို ရောက်နေလေပြီ။
မှန်ပေသည်။ သူက သိုင်းဧကရာဇ်နယ်ပယ်နှင့် ထိတွေ့နေပြီဖြစ်သည့် သိုင်းဧကရာဇ်တ၀က်အဆင့်ပေတည်း။
ယန်ချီကလည်းသတိပေးလိုက်သည်။
"ညီအစ်ကိုယဲ့၊ ဒီကျင်းဟုန်မြောင်က ဒီပြိုင်ပွဲမှာသေချာပေါက် မင်းရဲ့အကြီးမားဆုံးပြိုင်ဘက်တွေထဲက တစ်ယောက်ပဲ"
"အရင်အကြီးအကဲလီယွန်နဲ့ ယှဉ်မယ်ဆိုရင် သူ့ခွန်အားက လီယွန်ထက်တောင် ပိုပြီး အားကောင်းနေသေးတယ်"
လီယွန်က ရှောင်ဟိုင်၏ ခေါင်းဖြတ်သတ်ခြင်းကိုခံခဲ့ရသည့် သိုင်းဧကရာဇ်တပိုင်းအဆင့်စွမ်းအားရှင်တစ်ဦးဖြစ်သည်။
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။ သို့သော် သူက အရမ်းကြီးအာရုံစိုက်မနေပေ။ ထို့နောက် ထပ်မေးလိုက်သည်။
"တယောက်ပဲလား၊ တခြားရောရှိသေးလား"
ဤသည်ကိုကြားသောအခါ ယန်ချီက ရှင်းပြသည်။
"တခြားတယောက်ကလည်း မြို့တော်၀န်စံအိမ်ကပါ၊ သူကမြို့တော်၀န်ကျင်းယုံဂန်ရဲ့ သမီး ကျင်းယုံချီပါ"
"သူမရဲ့ခွန်အားကတော့ အတော်လေးထူးခြားဆန်းကြယ်တယ်၊ သူမလှုပ်ရှားတာကို ဘယ်သူမှမမြင်ဖူးသလို ဘယ်အင်အားစုက စည်းရုံးသိမ်းသွင်းထားသလဲဆိုတာကိုလည်း ဘယ်သူမှမသိဘူး"
"ဒါပေမယ့်သူမရဲ့ခွန်အားက သေချာပေါက်သာမန်မဟုတ်ဘူး"
"ဒီတော့ ညီအစ်ကိုယဲ့၊ မင်းတွေ့တဲ့အခါကျရင် ပိုပြီးဂရုစိုက်ဖို့လိုတယ်"
"ဒါပေမယ့် ဒီနှစ်ယောက်ကပဲ အာရုံစိုက်ဖို့ လိုအပ်နေတာပါ၊ နေရာနှစ်နေရာလည်း ရှိသေးတာဆိုတော့ ညီအစ်ကိုယဲ့ရဲ့ခွန်အားနဲ့ဆိုရင် ရနိုင်မှာပါ"
ယဲ့ချိုးပိုင်၊ ရှီရှန်းနှင့် ရှောင်ဟိုင်တို့က တစ်ဦးကိုတစ်ဦး ပြုံးပြလိုက်ကြ၏။
ကြည့်ရသည်မှာ ယန်ချီက မြို့တော်၀န်စံအိမ်က ဤလူနှစ်ယောက်၏ အခြေအနေနှင့် ပတ်သက်၍ သူတို့အတော်လေး အကောင်းမြင်မနေဘူးဟု တွေးထင်နေပုံရသည်။
သို့သော် သူကမည်သည့်စကားမှ ဆက်မဆိုတော့ဘဲ ပြိုင်ပွဲစင်မြင့်ကိုသာ ဆက်လက် အာရုံစူးစိုက်လိုက်သည်။
ဤကျင်းဟုန်မြောင်တွင် မည်ကဲ့သို့ ခွန်အားမျိုးရှိသလဲဆိုတာ သူတို့သိချင်ကြသည်။
ယဲ့ချိုးပိုင်တို့သုံးယောက်တင်မကဘဲ ကျန်သောသူများကလည်း စင်မြင့်ကို အနီးကပ်စိုက်ကြည့်နေကြသည်။
ကုန်တွင်းပိုင်းပထမတန်းစားအင်အားစုများ၏ ကိုယ်ပိုင်တပည့်အောင်မြင်သူတစ်ဦးအဖြစ် လက်ခံခြင်းကို ခံခဲ့ရသည့် ကျင်းဟုန်မြောင်က မည်မျှထိ အားကောင်းသန်မာသလဲဆိုတာ သူတို့လည်း မြင်ချင်ကြသည်။
တစ်နည်းအားဖြင့်ဆိုရပါက သူတို့လိုနယ်စပ်မြို့က ကျင့်ကြံသူတွေနှင့်ယှဉ်ပါက အင်အားတွင် ဘယ်လိုများကွာသွားသနည်းဆိုတာကို မြင်ချင်ကြခြင်းပင်။
ပြိုင်ပွဲစင်မြင့်ပေါ်၌ နှစ်ယောက်သားက အသင့်ရှိနေကြလေပြီ။
ကျင်းဟုန်မြောင်၏မျက်နှာက အတိတည်ငြိမ်နေပြီး ကြောက်ရွှံ့မှုလုံး၀မရှိပေ။
သူနှင့်ဆန့်ကျင်ရာတွင် ရပ်နေသည့် လီပိုင်၏မျက်နှာတွင်မူ ခါးသီးမှုအနည်းငယ်ရှိနေသည်။
သူကလီမိသားစုကဖြစ်သော်လည်း ယွမ်ချီမြို့တွင် အတော်လေးလူသိများသည့် ပါရမီရှင်တစ်ဦးဖြစ်သည်။
ယခုတွင်မူ သူကနတ်ဘုရားတပိုင်းနယ်ပယ်၏ နောက်ဆုံးအဆင့်ကိုပင် ရောက်နေလေပြီ။
သို့စေကာမူ ပထမတန်းစားကုန်းတွင်းအင်အားစုများ၏ တိုက်ရိုက်တပည့်တဦးတဖြစ်လဲ သိုင်းဧကရာဇ်တ၀က်အခြေအနေကို ရောက်နေပြီဖြစ်သည့် ကျင်းဟုန်မြောင်ကို ရင်ဆိုင်ရာ၌ သူ့တွင်မျှော်လင့်ချက်မရှိပါ။
ကျင်းဟုန်မြောင်က ခပ်ပေါ့ပေါ့ပင်ပြောသည်။
"ကိုယ့်ဘာသာကိုယ်ဆင်းသွားလိုက်ပါ၊ ငါအချိန်မဖြုန်းချင်ဘူး"
ဂုဏ်ယူ၀င့်ကြွားခြင်း!
ဤသည်က လူတိုင်းအတွက် ကျင်းဟုန်မြောင်အပေါ် ပထမဆုံးအထင်အမြင်ဖြစ်သည်။
သို့စေကာမူ ကျင်းဟုန်မြောင်၏ ပါရမီ၊ ခွန်အားနှင့် ကိုယ်ပိုင်လက္ခဏာက သူ့ကို အတော်လေးရူးသွပ်သွားစေရန် အရည်အချင်းပြည့်မှီသည်။
ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
"တကယ်လို့ဒီကောင်လိုမျိုး ငါတို့အပြင်မှာ ရောက်နေတာကိုသာ ဆရာသိသွားမယ်ဆိုရင် သေတဲ့အထိ သေချာပေါက် အရိုက်ခံရလိမ့်မယ်"
ဤသည်ကိုကြားသောအခါ ရှီရှန်းနှင့် ရှောင်ဟိုင်တို့က မရယ်ပဲမနေနိုင်ပေ။
မှန်ပေသည်။ သေသည်အထိ အရိုက်ခံရမည်ဆိုသည်က ချဲ့ကားပြောဆိုနေခြင်းမဟုတ်ပါ။
ကျင်းဟုန်မြောင်နှင့် ဆန့်ကျင်ဘက်တွင်ရှိသည့် လီပိုင်က အသက်ပြင်းပြင်းတချက်ရှုကာ လေးနက်စွာပြောသည်။
"ငါတို့ကျင့်ကြံသူတွေက အလွယ်တကူ နောက်မဆုတ်တတ်ဘူး၊ ငါကမင်းပြိုင်ဘက် မဟုတ်ရင်တောင် ကြိုးစားကြည့်ချင်သေးတယ်"
အောက်တွင် လီမိသားစုခေါင်းဆောင်ဖြစ်သည့် လီမန်က ဤစကားလုံးများကို ကြားသောအခါ လေးလံစွာ ခေါင်းညိတ်သည်။
လီပိုင်၏ပါရမီက ကျင်းဟုန်မြောင်လောက် မကောင်းသော်လည်း ယခုလိုနှလုံးသားမျိုး ရှိရသည့်အပေါ် လီမန်အတော်လေး ပျော်ရွှင်နေသည်။
အကယ်၍ ဒါကိုသာကြောက်နေမည်ဆိုပါက မည်ကဲ့သို့တာအိုမျိုးကို သူလေ့ကျင့်နိုင်မည်နည်း!
အိမ်ပြန်ပြီးလယ်စိုက်ပျိုးခြင်းက ပိုကောင်းသည်!
သို့စေကာမူ ဤထဲတွင် လှည့်စားသူလုချန်ရှန်းမပါ၀င်ပါ။
ကျင်းဟုန်မြောင်မည်သည့်အမူအရာမှ မပြသဘဲ ခေါင်းညိတ်ကာ ပြောသည်။
"မင်းကအတော်လေးရဲရင့်သားပဲ၊ ဒီတော့ ဂရုစိုက်ပါ"
အပေါ်က ကျင်းယုံဂန်ကပြောသည်။
"အချိန်ကျပြီ"
အသံများက တိတ်ကျသွား၏။
လီပိုင်က ရှေ့ဦးမှုရယူကာ ရှေ့သို့ပြေးသွားပြီး ကျင်းဟုန်မြောင်ကို လက်သီးဖြင့် ထိုးခွဲပစ်လိုက်သည်။
ကနဦးခြေလှမ်းရယူခြင်း!
ဦးဆောင်မှုရယူခြင်း!
ဤသည်က လီပိုင်၏တခုတည်းသော အခွင့်အရေးပေတည်း။
ထို့ကြောင့် ဤလက်သီးချက်တွင် လီပိုင် ခွန်အားအလုံးစုံကို အသုံးပြုထားသည်။
ကျင်းဟုန်မြောင်က လက်အစုံကို ကျောနောက်တွင် ထားထားပြီး သူ့မျက်နှာကမူ ထူးမခြားနားသည့်အသွင်။
လီပိုင်သူ့အနားတိုးကပ်လာသည့်အခါမှသာ လက်ဖဝါးဖြင့် ရိုက်ချလိုက်လေသည်။
ဤပေါ့ပါးသည့်လက်ဖဝါးချက်၌ အံ့ဩသင့်ဖွယ်အော်ရာတခုက ပေါက်ကွဲသွား၏။
လီပိုင်၏မျက်နှာက ပြောင်းလဲသွားပြီး လက်ဖဝါးချက်ကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။
သို့သော် စက္ကန့်ပိုင်းအတွင်းမှာပင် သူက ပါးစပ်အပြည့်သွေးတစ်လုပ်အန်လိုက်ရပြီး နောက်သို့လွင့်စင်ကာ ပြိုင်ပွဲစင်မြင့်၏ အပြင်ဘက်သို့ တိုက်ရိုက်ပင်ကျသွားပြီး ဒဏ်ရာအကြီးအမားရသွားသည်။
ကျင်းဟုန်မြောင်က ဒုတိယတကြိမ်ပင် လှည့်မကြည့်တော့ဘဲ တဖက်လှည့်ကာ ပြိုင်ပွဲစင်မြင့်ကနေ ထွက်သွားလေတော့သည်။
ကျင်းယုံဂန်ကလည်း ကျင်းဟုန်မြောင်အနိုင်ရကြောင်း ကြေငြာပြီးဖြစ်သည်။
အောက်ကလူများက အံ့ဩသင့်နေကြ၏။
မျှော်လင့်ထားသည့်အတိုင်းပင် နတ်ဘုရားတ၀က်နယ်ပယ်နောက်ဆုံးအဆင့်ဖြစ်သည့် လီပိုင်က ကျင်းဟုန်မြောင်၏ လက်ဖဝါးချက်ကိုပင် မဖမ်းဆုပ်နိုင်ခဲ့ပါ။
ဤသည်က ချေမွဖျက်ဆီးခြင်းခံရသည်ဟုဆို၍ရသည်။
၎င်း၏ခွန်အားက အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလှသည်။
သူက ကုန်းတွင်းပိုင်းက ပထမတန်းစားအင်အားစုများ၏ ကိုယ်ပိုင်တပည့်အဖြစ် လက်ခံခြင်းကို ခံရထိုက်ပေသည်။
သူကနာမည်နှင့်အညီနေထိုင်သည်။
ယဲ့ချိုးပိုင်၏မျက်လုံးများကလည်း အနည်းငယ် ကျဉ်းမြောင်းသွား၏။
ဤလူ၏ခွန်အားက အမှန်ပင် အတော်လေးအားကောင်းသည်။
လုံချီမြို့အပြင်ပက သိုင်းဧကရာဇ်တ၀က်အဆင့်များနှင့် ယှဉ်နိုင်သလို အရမ်းကြီးမကွာဝေးသည့် လီမန်နှင့်ယှဉ်ပါက ရှေ့သို့ သွားနေပေသည်။
နောက်တိုက်ပွဲက ရှီရှန်း၏တိုက်ပွဲဖြစ်သည်။
သူကခန်းမိသားစုက နတ်ဘုရားတ၀က်နယ်ပယ် နောက်ဆုံးအဆင့်ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်ရသည်။
လူတိုင်းက စူးစမ်းလိုသည့်အသွင် ကြည့်နေကြသည်။
ရှီရှန်းက ယွမ်ချီမြို့တွင် မကြာသေးခင်က ဖြစ်ပျက်သွားခဲ့သည့် အဓိကဖြစ်ရပ်များထဲမှ ဇာတ်ကောင်တစ်ဦးဖြစ်သည်။
သူ့၏ခွန်အားကလည်း အတော်လေး တမူထူးခြားသည်။
သို့စေကာမူ သူတို့၏နာမည်ကိုသာကြားဖူးပြီး လူကိုကိုယ်တိုင်မမြင်ဖူးကြသော လူများလည်း များစွာရှိသည်။
ရှီရှန်းက ဘယ်လောက်ထိ အားကောင်းသလဲဆိုတာ သူတို့မြင်ချင်ကြသည်။
ပြိုင်ပွဲစတင်သောအခါ ကြယ်စွမ်းအားကို ရှီရှန်းပြသလိုက်စဉ် လူတိုင်းတုန်လှုပ်ချောက်ချားသွားကြသည်။
ကြယ်စွမ်းအား!
နှစ်ပေါင်းများစွာ မရေမတွက်နိုင်လောက်အောင်ပင် ပျောက်ဆုံးနေခဲ့သည့် ကျင့်ကြံခြင်းနည်းလမ်းတခုက ကမ္ဘာကြီးထဲတွင် ပြန်လည်ပေါ်ပေါက်လာခဲ့လေပြီ။
မြို့တော်၀န်စံအိမ်၏ အရှင်ဖြစ်သည့် ကျင်းယုံဂန်ပင်လျှင် ရှီရှန်းကို အံ့ဩသင့်တကြီး ကြည့်လိုက်မိသည်။
ကျင်းဟုန်မြောင်၏ မျက်လုံးများကလည်း တောက်လောင်နေသည်။
ကြယ်စွမ်းအားက သူ့ကိုအမှန်တကယ်ပင် အံ့ဩသင့်စေသည်။
သို့သော် သူက နတ်ဘုရားတပိုင်းနယ်ပယ် နောက်ဆုံးအဆင့်သာဖြစ်နေသည်က သနားစရာပင်။
အကယ်၍နယ်ပယ်ကသာ တူညီပါက အဆုံးသတ်က ကွဲပြားမည်မဟုတ်ပါ။
သူ့ဘေးက အေးစက်သည့်အမျိုးသမီးကပြောသည်။
"အစ်ကို၊ နင်သူ့ကိုတွေ့နိုင်တယ်ဆိုတာ သေချာလား"
ကျင်းဟုန်မြောင်ပြုံးရင်းပြောသည်။
"ကြယ်စွမ်းအားက ဆန်းကြယ်ပြီး အစွမ်းထက်တယ်ဆိုပေမယ့် နယ်ပယ်ကတော့ ဒီအဆင့်မှာပဲ ရှိနေတုန်းပါပဲ"
ရှီရှန်းက နတ်ဘုရားတ၀က်နယ်ပယ် နောက်ဆုံးအဆင့်ဖြစ်သည်။
သူကျင်းဟုန်မြောင်ကမူ ယခု သိုင်းဧကရာဇ်တ၀က်နယ်ပယ်စွမ်းအားရှင်တစ်ဦး၏ အခြေအနေကိုပင် ရောက်နေလေပြီ။
နယ်ပယ်များအကြားကွာဟချက်က မည်သို့အလွယ်တကူ ပေါင်းကူး၍ရနိုင်မည်နည်း။
ဤသည်ကမဆိုထားနဲ့ သူကပါရမီရှင်တစ်ဦးလည်းဖြစ်သည်။
ပါရမီရှင်နှင့်ပါရမီရှင်ကြားက နယ်ပယ်ကျော်ဖြတ်တိုက်ခိုက်ရန်ဟူသည် ပို၍ပင် ခက်ခဲသည်။
အပိုင်း(314) coming။
ငါ့တပည့်တွေက ဘုရင်တွေ