#ယဲ့ချိုးပိုင်လှုပ်ရှားခြင်း#
Vol. 22 Ch. 314
ရှီရှန်းနှင့် ခန်းမိသားစု၏ နတ်ဘုရားတ၀က်နောက်ဆုံးအဆင့်ကျင့်ကြံသူတို့အကြား ပြိုင်ဆိုင်မှုက အံ့ဩသင့်စရာတော့မဟုတ်ပါ။
ရှီရှန်းပုဆိန်ကို ပစ်ချလိုက်စဉ် ပြိုင်ဘက်ကလည်း ပြိုင်ကွင်းထဲကလည်း လွင့်စင်သွား၏။
ဤမျှသာ။
ခန်းနှင့်လီမိသားစု၌ လူနှစ်ယောက်တည်းသာကျန်တော့သည်။
အလယ်တွင် ရှောင်ဟိုင်နှင့် ယဲ့ချိုးပိုင်တို့ကလည်း တကြိမ်စီ ဆော့ကစားခဲ့ကြသည်။
အဆုံးသတ်တွင် ခန်းမိသားစုနှင့် လီမိသားစု၌ ဤနေ့ရက်များတွင် ကံဆိုးနေသလားဆိုတာ မသိပါ။
သူတို့က မြို့တော်ဝန်စံအိမ်နှင့် ယဲ့ချိုးပိုင်တို့၏ ကန်ကျောက်ခြင်းကို ခံနေရသည်။
ဤသည်ကလည်း အနိုင်ရသူအုပ်စု၏ ရွေးချယ်သူများကို အဆုံးအဖြတ်ပေးခဲ့သည်။
မြို့တော်၀န်စံအိမ်၏ အဖွဲ့၀င်သုံးဦးကို ကျင်းဟုန်မြောင်က ကိုယ်စားပြုသည်။
ထို့ထဲတွင် ကျင်းယုံချီကလည်း တစ်ချက်ပစ်လွှတ်လိုက်စဉ် ဤသည်က တချက်တည်းနှင့် ချက်ချင်းသေစေသည့် တိုက်ချက်ဖြစ်လာပြီး ခွန်အား၏နက်ရှိုင်းမှုကို ခန့်မှန်း၍မရနိုင်ချေ။
သို့သော် နယ်ပယ်က သိုင်းဧကရာဇ်တ၀က်အဆင့်ရှိနေသည်ကိုတော့ အတည်ပြုလိုက်နိုင်သည်။
ယနေ့အနိုင်ရသူအုပ်စုအတွက် သင့်တော်သူများကို သတ်မှတ်ပြီးပါပြီ။
ကျင်းယုံဂန် စင်မြင့်ပေါ်သို့ပြန်တက်ကာ ပြောသည်။
"ရှုံးနိမ့်သူအုပ်စုက အနိုင်ရသူအုပ်စုကို ပြန်လည်ရွေးချယ်ပြီး စိန်ခေါ်လို့ရပါတယ်၊ တကယ်လို့ စိန်ခေါ်မှုက အောင်မြင်သွားရင် သူတို့နေရာကို ရယူနိုင်ပါတယ်"
ရှုံးနိမ့်သူအုပ်စုက လူခြောက်ယောက်က ရှက်ရွှံ့စွာပြုံးရင်း ခေါင်းခါယမ်းလိုက်ကြသည်။
ဤလူခြောက်ယောက်က မည်သို့မည်ပုံ စိန်ခေါ်နိုင်မည်နည်း။
ဤသည်က အပေါ်တက်ပြီး အနိုင်ကျင့်ခံရသည်နှင့် တူနေပေလိမ့်မည်။
တုံ့ပြန်မှုမရှိသည်ကိုတွေ့ရသောအခါ ကျင်းယုံဂန်အံ့ဩသင့်ခြင်းမရှိပါ။ သူက အနိုင်ရသူအုပ်စုအား ကြည့်လိုက်သည်။
"မင်းတို့ခြောက်ယောက် အနားယူပြီး ပြင်ဆင်ဖို့လိုသေးလား"
ကျင်းဟုန်မြောင်က ခေါင်းခါယမ်းရင်း သူမလိုအပ်ကြောင်း ပြသသည်။
ကျင်းယုံချီနှင့် မြို့တော်၀န်စံအိမ်က တခြားတယောက်ကမူ မည်သည့်စကားမှ ပြောဆိုခြင်းမရှိသော်လည်း သူတို့လည်း မလိုအပ်သည်မှာ သိသာထင်ရှားနေသည်။
ယဲ့ချိုးပိုင်တို့သုံးယောက်ကလည်း ခေါင်းခါယမ်းသည်။
သူတို့ခြောက်ယောက်ထဲတွင် မည်သူမှ အရင်တိုက်ပွဲ၌ အော်ရာကို အများအပြား မကုန်ခမ်းစေခဲ့ကြပါ။ အခြေခံအားဖြင့် လှုပ်ရှားမှုတခုတည်းက တိုက်ပွဲကို ဖြေရှင်းနိုင်သည်။
တခြားတဘက်တွင် တိုက်ပွဲကို ကြည့်ရှုနေကြသည့် ကြေးစားအစည်းအရုံးနှင့် တခြားလူများကလည်း မည်သူကများ အတိအကျ ထိုနေရာကိုရမလဲဆိုတာကို ဆွေးနွေးနေကြသည်။
"အဲဒီကြေးစားအဖွဲ့၀င်သုံးယောက်က နယ်ပယ်အတော်လေးနိမ့်ကျတာတောင် နယ်စပ်ကို ဖြတ်ကျော်တိုက်ခိုက်နိုင်စွမ်းရှိတယ်"
"မှန်တယ်၊ ပြီးတော့ သိုင်းဧကရာဇ်နယ်ပယ်ကို၀င်ဖို့ အရည်အချင်းပြည့်မီတဲ့ သိုင်းဧကရာဇ်တ၀က်စွမ်းအားရှင်ကိုတောင် သတ်ပစ်နိုင်စွမ်းရှိတယ်"
"ဒါပေမယ့် ကျင်းဟုန်မြောင်နဲ့ ကျန်သုံးယောက်ကလည်း သိုင်းဧကရာဇ်နယ်ပယ်နဲ့ ထိတွေ့နေပြီဖြစ်တဲ့ သိုင်းဧကရာဇ်တ၀က်အဆင့်ဆိုတာ မမေ့နဲ့ဦး၊ ဒါတင်မကသေးဘူး၊ သူတို့ရဲ့ခွန်အားက အဲဒီလီယွန်တို့ထက် အများကြီးပိုအားကောင်းတယ်"
"ဟုတ်တာပေါ့၊ ကျင်းဟုန်မြောင်နဲ့ ကျင်းယုံချီတို့က ပါရမီရှင်ဖြစ်ပြီးတော့ တယောက်နဲ့တယောက် အတော်လေးပါရမီပါကြတယ်၊ နယ်ပယ်ကနေ ပေါ်ပေါက်လာတဲ့ ကွာဟချက်ကို ဘယ်လိုနည်းနဲ့ အလွယ်တကူ ပေါင်းစည်းနိုင်မှာတုန်း"
တခဏကြာ မတူညီကွဲပြားသည့် သဘောထားကွဲလွဲမှုများရှိနေခဲ့သည်။
လူတိုင်းက မြို့တော်၀န်စံအိမ်က လူသုံးယောက်ကို ပို၍လိုလားနေကြသည်။
သို့စေကာမူ ယဲ့ချိုးပိုင်တို့ကြေးစားအဖွဲ့က အနည်းဆုံးခွဲတမ်းနေရာ တခုရလျှင်ပင် အတော်လေးကောင်းနေပါပြီ။
ယန်ချီကလည်း လေးနက်စွာပြောသည်။
"ညီအစ်ကိုယဲ့၊ ကျင်းဟုန်မြောင်နဲ့ ကျင်းယုံချီတို့က လီယွန်တို့ထက်အများကြီးပိုအားကောင်းတယ်၊ ဒီတော့ဂရုစိုက်ပါ"
"ဘယ်လိုပဲဆိုဆို သူတို့ကို ကုန်းတွင်းပိုင်းက ပထမတန်းစားအင်အားစုတွေက အကြီးအကဲတွေက ကိုယ်ပိုင်တပည့်အဖြစ် လက်ခံထားကြတာ"
ယဲ့ချိုးပိုင်ပြုံးကာခေါင်းညိတ်သည်။
သူက ကျင်းဟိုင်မြောင်၏ခွန်အားကို အကြမ်းဖျင်းကြိုတင်နားလည်ထားပြီးဖြစ်သည်။
သူမြင်နိုင်စွမ်းမရှိသည့် တခုတည်းသောသူက ကျင်းယုံချီပင်။
ကျင်းယုံချီ၏ခွန်အားက အနည်းငယ် ထူးဆန်းနေသည်ဟု သူအမြဲခံစားနေရသည်။
သူမက တခုခုကိုဖိနှိပ်ထားတာမျာလား!
ရှီရှန်းကလည်း ဤသည်ကို ရှာဖွေတွေ့ရှိထားသဖြင့် ပြောလာသည်။
"အဲဒီကျင်းယုံချီကို ဂရုစိုက်ကြ"
ရှောင်ဟိုင်က တီးတိုးရေရွတ်သည်။
"ငါနဲ့ထားခဲ့လိုက်"
ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
"သေချာလား"
ရှောင်ဟိုင်၏မျက်လုံးထဲတွင် ကမ္ဘာကြီးအပေါ် အထင်အမြင်သေးသည့် အရိပ်အမြွက်တခုရှိနေသည်။
ဤပြောင်းလဲမှုကို သူကိုယ်တိုင်ပင် မသိသည်ကလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
မှတ်ဉာဏ်အပိုင်းအစလေးတွေကို ပြန်လည်ရှာတွေ့ပြီးကတည်းက ရှောင်ဟိုင်၏အသွင်က ပို၍ပို၍ပင် မာနကြီးလာပြီး ရန်သူကို မထီမဲ့မြင်ပြုနေသည့်အသွင်။
ထိုအချိန်တွင် ကျင်းယုံဂန်ပြောသည်။
"အနိုင်ရသူအုပ်စု၊ မင်းတို့ရဲ့ပြိုင်ဘက်ကို ကိုယ်တိုင်ရွေးချယ်လို့ရတယ်"
ထိုသို့ပြောပြီးနောက် မြို့တော်၀န်စံအိမ်က နောက်တစ်ယောက်က ထရပ်ကာ ယဲ့ချိုးပိုင်ကို လက်ညိုးထိုးပြသည်။
ထိုလူကလည်း သိုင်းဧကရာဇ်တ၀က်နယ်ပယ်က ဖြစ်သည်။
ယဲ့ချိုးပိုင်ဓားကိုဆွဲထုတ်ကာ ထသွားသည်။
ဒီလူကအားအနည်းဆုံးမလား!
ကျင်းဟုန်မြောင်ရော ကျင်းယုံချီပါ ဤလူထက်ပို၍အားကောင်းနေသည်က သိသာထင်ရှားနေသည်။
ထို့ကြောင့် အကယ်၍ သူတို့သာ နေရာသုံးခုစလုံးကို ရယူလိုပါက ထိုသုံးယောက်ထဲတွင် အားအနည်းဆုံးဖြစ်ပုံရသည့် ယဲ့ချိုးပိုင်ကို သူရွေးချယ်ရပေလိမ့်မည်။
ရှီရှန်းက နှစ်ပေါင်းများစွာကြာ ပျောက်ဆုံးနေခဲ့သည့် ကြယ်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ၎င်း၏ခွန်အားနှင့်ပါရမီက သိသာပေါ်လွင်နေသည်။
ရှောင်ဟိုင်ကလည်း ယွန်ချီမြို့တွင် လီယွန်ကို ကိုယ်ပိုင်စွမ်းအားဖြင့် ချေမွကာ သတ်ပစ်ခဲ့သည်။
ထို့ကြောင့် ဤလူ၏ခွန်အားက လီယွန်နှင့် ယှဉ်၍ရသည်။
အကယ်၍သူသာ နေရာတနေရာရယူလိုပါက ယွန်ချီမြို့၌ အရမ်းကြီးမကျော်ကြားသည့် ယဲ့ချိုးပိုင်ကိုသာ ရွေးချယ်ရပေလိမ့်မည်။
သို့သော် မြို့တော်၀န်စံအိမ်က သတင်းများက ကောင်းစွာအပြည့်အ၀မသိထားသည်က သိသာထင်ရှားနေသည်။
ယဲ့ချိုးပိုင်ကလည်း သိုင်းဧကရာဇ်တ၀က်အဆင့်ကို ကိုယ်တိုင်သတ်ပစ်ခဲ့တာ သူမသိတာလား!
ယဲ့ချိုးပိုင်နှင့်ဆန့်ကျင်ဘက်လူက တုတ်ရှည်တစ်ချောင်းကို ထုတ်ကာ ယဲ့ချိုးပိုင်အား ညွှန်လိုက်သည်။
"မင်းအဆင်သင့်ဖြစ်ပြီလား"
ယဲ့ချိုးပိုင် နတ်ဆိုးဓားနက်ကိုကိုင်ထားပြီး စကားမပြောဘဲ သူ့သဘောထားကို ပြသလိုက်၏။
တုတ်ရှည်နှင့်လူ၏ သိုင်းဧကရာဇ်တ၀က်အဆင့်အော်ရာက ပေါက်ကွဲသွားပြီး ယဲ့ချိုးပိုင်ထံ ပြေး၀င်သွားသည်။
ယဲ့ချိုးပိုင်က လှုပ်ရှားခြင်းမရှိချေ။
ကျင်းဟုန်မြောင်နှင့် ကျင်းယုံချီတို့က အတူတကွရပ်နေကြပြီး လက်အစုံပိုက်ကာ ဤမြင်ကွင်းအား ကြည့်နေကြသည်။
"သူက အဲဒီသုံးယောက်ထဲက ဓားကျင့်ကြံသူမလား"
"သူဘယ်လောက်ထိအားကောင်းပြီး အဖေကို ငါ့ကိုအာရုံစိုက်ရစေတဲ့အထိ ပြောစေနိုင်ရလောက်အောင် ဘယ်လိုမျိုးသန်မာသလဲဆိုတာ ကြည့်ချင်ပါသေးတယ်"
ထိုအချိန်တွင် အလယ်ရှိယဲ့ချိုးပိုင်ထံမှ ကြောက်ခမန်းလိလိဓားဆန္ဒတခုက ကောင်းကင်ပေါ် ထိုးတက်သွားကာ ပြိုင်ပွဲကွင်းပြင်တခုလုံးကို လွှမ်းခြုံသွား၏။
လူတိုင်းက ဤဓားဆန္ဒကို ခံစားမိပြီးနောက် အံ့ဩသင့်သွားကြရသည်။
ကောလဟာလအတိုင်းပင် ယဲ့ချိုးပိုင်က မဟာဓားဂိုဏ်းနယ်ပယ်ကဖြစ်ပေသည်။
ယခုလိုအသက်အရွယ်မှာပင် သူက မဟာဓားဂိုဏ်းနယ်ပယ်သို့ ရောက်နေလေပြီဖြစ်ကာ စကြာ၀ဠာသခင်ဖြစ်ရန်အတွက် ခြေတလှမ်းခန့်သာလိုတော့သည်။
ဤကဲ့သို့ ဓားပညာပါရမီရှင်များက အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသည်။
တုတ်ရှည်ကိုင်ထားသည့်လူက ထက်ရှသည့်ဓားဆန္ဒကိုခံစားလိုက်ရသည့်အပေါ် ခြိမ်းခြောက်မှုကို အမှန်တကယ်ခံစားလာရပြီး နှလုံးသားထဲ၌ ပို၍ပင် ဂရုစိုက်လာသည်။
သူ့လက်ထဲကတုတ်ရှည်က ရုတ်တရက်ဝှေ့ယမ်းသွားပြီး ကောင်းကင်တခွင် အရိပ်တုတ်များစွာအဖြစ် ပြောင်းလဲသွား၏။
တချိန်တည်းမှာပင် တုတ်များက ယဲ့ချိုးပိုင်ကို ခေါင်းကို ခွဲပစ်ရန်အတွက်လာကြသည်။
ယဲ့ချိုးပိုင်ညွှန်ပြလိုက်သည်။
ဓားစက်ကွင်းထဲတွင် ဓားဆန္ဒတင်မကဘဲ တခြားအနုပညာအယူအဆလေးခုပါ ပေါ်လာကာ ဓားအခင်းအကျင်းတခုအဖြစ် ပြောင်းလဲသွားပြီး တုတ်နှင့်လူအား တိုက်ခိုက်သည်။
အကြွင်းမဲ့ဓားလေးစင်းဖွဲ့စည်းမှုပုံစံက အကြွင်းမဲ့ဓားသခင်လေးဦး၏ တိုက်ခိုက်ခြင်းနည်းလမ်းပေတည်း။
ထိုတုတ်ချောင်းများက အကြွင်းမဲ့ဓားလေးစင်းဖွဲ့စည်းမှုပုံစံ၏တိုက်ခိုက်မှုအောက်တွင် အရာအားလုံးက အချည်းနှီးဖြစ်သွားခဲ့ရသည်။
တုတ်ရှည်နှင့်လူက အကြွင်းမဲ့ဓားလေးစင်းဖွဲ့စည်းမှုပုံစံထဲသို့ခုန်၀င်ကာ လက်ထဲက တုတ်ရှည်ကို ဝှေ့ယမ်းရင်း ယဲ့ချိုးပိုင်အား ရိုက်ချလိုက်သည်။
ယဲ့ချိုးပိုင်၏မျက်နှာက လေးနက်သွားပြီး လက်ထဲက နတ်ဆိုးနက်ဓားဖြင့် ပြန်လည်ရိုက်ချသည်။
ကောင်းကင်ဘုံကိုးသွယ်နတ်ဆိုးဓား၊ ကိုးခုမြောက်ဓား!
ဘန်း!
ဓားရှည်က တုတ်ရှည်နှင့်တွေ့ဆုံသွားပြီး ပြိုင်ပွဲစင်မြင့်ပေါ်၌ လေလှိုင်းများ ပေါက်ကွဲသွားကြသည်။
ကျင်းဟုန်မြောင်အနည်းငယ် အံ့ဩသင့်သွားသည်။
"နတ်ဘုရားတပိုင်းနယ်ပယ်ကသူက ဒီလိုအားပြည့်တဲ့ရိုက်ချက်ကို ခံနိုင်တာလား၊ နည်းလမ်းတချို့ရှိနေတာဖြစ်ရမယ်"
သူ့ဘေးက အေးစက်သည့်အမျိုးသမီး ကျင်းယုံချီကလည်း အနည်းငယ် မျက်ခုံးပင့်လိုက်မိသည်။
တုတ်ရှည်ကိုင်ထားသည့်လူပင်လျှင် တုန်လှုပ်သွားရသည်။
ယခုလိုနယ်ပယ်က အလျားလိုက်တိုက်ချက်က သူ့တုတ်ကို ဒီလိုရပ်သွားစေခဲ့တာလား။
သူကလုံး၀ထိန်ချန်ထားခဲ့ခြင်းမရှိချေ။
သို့စေကာမူ နောက်အလိုက်အတန့်၌ အန္တရာယ်က သူ့နှလုံးသားထဲတွင် ထွက်ပေါ်လာခဲ့သည်။
ဓားစက်ကွင်းထဲက ကြောက်ခမန်းလိလိဓားဆန္ဒက ထိုအခိုက်အတန့်၌ နေရာအနှံ့အပြားကနေ ဧရာမဓားတစ္ဆေများအဖြစ် ပြောင်းလဲသွားပြီး အကြွင်းမဲ့ဓားလေးစင်းဖွဲ့စည်းမှုပုံစံနှင့် ပေါင်းစပ်ကာ သူ့တကိုယ်လုံးထံ ပစ်၀င်လာသည်။
တုတ်ရှည်နှင့်လူက အနည်းငယ်အံကြိတ်ရင်း သူ့လက်ထဲက တုတ်ရှည်ကို တင်းတင်းကိုင်လျက် ယဲ့ချိုးပိုင်ကို အဝေးသို့ ရောက်သွားစေရန် အားသုံးတွန်းထုတ်လိုက်၏။
ချက်ချင်းဆိုသလို သူက တုတ်ရှည်များကို ဝှေ့ယမ်းရင်း ဧရာမဓားများကို ခုခံကာကွယ်ရန် ကြိုးစားနေသည်။
အကြွင်းမဲ့ဓားလေးစင်းဖွဲ့စည်းမှုပုံစံ၏ ဓားစက်ကွင်းနှင့်အတူ စွမ်းအားက အတော်လေး ထူးခြားနေသည်။
တချိန်တည်းမှာပင် ယဲ့ချိုးပိုင် လက်ထဲတွင် မှော်ဓားနက်ကိုကိုင်ထားပြီး အဆုံးမဲ့သက်တမ်း၏ခံစားချက်တခုကို ထုတ်လွှတ်နေသည်။
အာဒိကပ္ပဓားသိုင်းနှင့်အတူ ပင်ရှန်ဟီ(တောင်နှင့်မြစ်များကို ငြိမ်သက်စေခြင်း)ကိုပါ နတ်ဆိုးနက်ဓားသွားပေါ်၌ စုဝေးပြီး ဓားကို ဝှေ့ယမ်းလိုက်လေသည်။
ဓားအလင်းက လှုပ်ရှားသွားပြီး တုတ်နှင့်လူအား ရိုက်ခတ်သွား၏။
တုတ်ရှည်နှင့်လူ၏မျက်နှာအသွင်အပြင်က အကြွင်းဓားလေးစင်းပိုင်နက်ကို ရင်ဆိုင်ရသောအခါ အကြီးအမားပြောင်းလဲသွားသည်။
ကျယ်လောင်သောအော်သံနှင့်အတူ သူ့လက်ထဲက တုတ်ရှည်က ဧရာမအရိပ်တုတ်တခုအဖြစ်ပြောင်းလဲကာ အလျားလိုက် ဖြတ်တောက်ရင်း ဓားအရိပ်ကို အပိုင်းပိုင်း ဖြတ်တောက်ပစ်သည်။
လုံး၀ရပ်နားခဲ့ခြင်းမရှိပါ။
ဓားအလင်းကွဲသွားသည်နှင့်တပြိုင်နက် ယဲ့ချိုးပိုင်၏ပုံရိပ်က ရောက်လာခဲ့သည်။
သူ့ဓားက တုတ်ရှည်နှင့်လူ၏ မျက်ခုံးပေါ်သို့ တည့်တည့်ထောက်ထားသည်။
ရလဒ်က ကွဲပြားနေခဲ့သည်။
အပိုင်း(315) coming။
ငါ့တပည့်တွေက ဘုရင်တွေ