#ဒူးထောက်ခြင်း၊ တာအိုနှလုံးသားကို လှုပ်ခတ်စေခြင်း#
Vol. 22 Ch. 315
လူတိုင်းက ပြိုင်ပွဲစင်မြင့်ထက်က မြင်ကွင်းကို အထိတ်တလန့် ကြည့်လိုက်မိကြသည်။
ယဲ့ချိုးပိုင်ကလည်း တိုက်ပွဲကို ဤမျှထိ မြန်ဆန်စွာ ဖြေရှင်းနိုင်လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ကြပေ။
တိုက်ပွဲအစကနေ ယခုအချိန်အထိ မိနစ်အနည်းငယ်မျှသာ ကြာမြင့်ခဲ့သည်။
ယဲ့ချိုးပိုင်က ယခု၌ နတ်ဘုရားတ၀က်နယ်ပယ် အစောပိုင်းအဆင့်သာရှိသေးသည်။
မြို့တော်၀န်စံအိမ်၏ တုတ်ရှည်ကိုင်သောလူက သိုင်းဧကရာဇ်တ၀က်အဆင့်ဖြစ်သည်။
နယ်ပယ်ကွာဟချက်က မည်မျှပင် ကြီးမားလေသနည်း။။
ကျင်းဟုန်မြောင်၏မျက်လုံးအစုံကလည်း အနည်းငယ် လေးနက်သွား၏။
နတ်ဘုရားတ၀က်နယ်ပယ်အစောပိုင်းခွန်အားဖြင့် ဤသည်ကိုလုပ်ဆောင်ရန်ဟူသည် တကယ်တမ်းတွင် မလွယ်ကူပါ။
သူ့မျက်လုံးထဲတွင် ယဲ့ချိုးပိုင်က ဓားသိုင်းနယ်ပယ်တွင် အဆင့်မြှင့်သွားသည်သာမက မြောက်မြားစွာသော ဓားသိုင်းနည်းလမ်းများ၌ အတော်လေးအစွမ်းထက်သူဖြစ်သည်။
ပို၍ကြောက်မက်ဖွယ်ကောင်းသည်က ယဲ့ချိုးပိုင်က အပိုလှုပ်ရှားမှုများ မလုပ်ခဲ့ခြင်းပင်။
တချိန်တည်းမှာပင် ထုတ်ဖော်သည့်ဓားချက်တိုင်းကလည်း မှန်ကန်သည်။
တိုက်ခိုက်မှုများအကြား ချိတ်ဆက်မှုကလည်း မျက်စိပဒေသာဖြစ်ဖွယ်ကောင်းသည်။
ယဲ့ချိုးပိုင်၏ဓားသိုင်းက အတော်လေးအဆင့်မြှင့်သွားသည်ဟုဆို၍ရသည်။
ဤသည်ကလည်း ယဲ့ချိုးပိုင်၏ နှစ်ပေါင်းများစွာ ခုန်လွှားတိုက်ခိုက်ခဲ့သည့် တိုက်ပွဲအတွေ့အကြုံများကြောင့်လည်းဖြစ်သည်။
ဤအချက်က ယဲ့ချိုးပိုင်၏ဓားပညာကို ပို၍ပို၍ပင် အားကောင်းလာစေသည်။
တုတ်ရှည်ကိုင်လူ၏မျက်လုံးများက ပြူးကျယ်သွားကြပြီး သူ့မျက်သူငယ်အိမ်များက ကြုံ့၀င်သွားကြ၏။
သူ့ရှေ့၌ ထူးမခြားနားသည့်အမူအရာတခုရှိနေသော ယဲ့ချိုးပိုင်ကိုကြည့်လိုက်ပြီး သူ့မျက်ခုံးအလယ်ရှိ ညွှန်နေသည့်ဓားကို ကြည့်လိုက်စဉ် ဓားချောင်းအတွင်းရှိ ဓားဆန္ဒက သူ့မျက်ခုံးအကြား ထိုးဖောက်သွားပုံရသည်။
သူတခါမှမခံစားခဲ့ရဖူးပါ။
သေခြင်းတရားက သူနှင့်အတော်လေးနီးကပ်နေခဲ့သည်။
ယဲ့ချိုးပိုင်ခပ်ပေါ့ပေါ့ရယ်လိုက်သည်။
"မင်းရှုံးသွားပြီ"
တုတ်ရှည်ကိုင်ထားသည့်လူက ခေါင်းညိတ်ရင်း အရှုံးကို ၀န်ခံလိုက်သည်။
ယဲ့ချိုးပိုင် လက်အစုံကို ပြန်သိမ်းလိုက်၏။
"မင်းဘယ်လိုလုပ်လိုက်တာလဲ"
တုတ်ရှည်ကိုင်ထားသည့်လူက ယဲ့ချိုးပိုင်ကို စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် ကြည့်ရင်း မေးလိုက်သည်။
"ဒီလောက်နယ်ပယ်ကြီးမားတာကို မင်းဘယ်လိုမျိုး တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်တာလဲ"
တည်ငြိမ်စွာရင်ဆိုင်ခြင်း!
ယဲ့ချိုးပိုင်နတ်ဆိုးနက်ဓားကို သိမ်းလိုက်ပြီးနောက် အပြုံးဖြင့်ပြောသည်။
"ဒါတွေအားလုံးက ငါ့ဘ၀တစ်လျှောက်လုံး နယ်စပ်ကို ဖြတ်ကျော်တိုက်ခိုက်ခဲ့ရတဲ့အတွက်ကြောင့်ပါ၊ တချိန်တည်းမှာပဲ ငါက တပွဲမှ မရှုံးဖူးသေးဘူး"
"တကယ်လို့မင်းလည်း ဒီလိုလုပ်နိုင်မယ်ဆိုရင် တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်စွမ်းရှိလာမှာပါ"
စကားပြောပြီးနောက် ယဲ့ချိုးပိုင်ဆင်းသွားသည်။
တုတ်ရှည်ကိုင်ထားသည့်လူက အထိတ်တလန့်ပင် ကြည့်လိုက်မိသည်။
တချိန်လုံးနယ်စပ်ကို ဖြတ်ကျော်တိုက်ခိုက်လာတာ!
ရှုံးပွဲမရှိ!
ဘယ်လိုတောင်မောက်မာပြီး ယုံကြည်မှုပြည့်၀တဲ့ စကားလုံးတွေလဲ!
အကယ်၍တခြားတယောက်ပါးစပ်ကသာ ထွက်လာမည်ဆိုပါက တုတ်ရှည်ကိုင်ထားသည့်လူက ယုံမည်မဟုတ်ပါ။
သို့သော်ယဲ့ချိုးပိုင်ပြောသည်က မှန်တာကို သူယုံကြည်သည်။
ထို့နောက် ချက်ချင်းပင်ဆင်းသွားသည်။
ကျင်းဟုန်မြောင်က ထရပ်ကာ ရှီရှန်းကို လက်ညိုးထိုးပြလိုက်သည်။
"ကြယ်စွမ်းအားက ဘယ်လောက်ထိ အစွမ်းထက်သလဲဆိုတာ ငါကြည့်ချင်တယ်"
ဤသည်ကိုကြားရသောအခါ ရှီရှန်းစင်မြင့်ပေါ်သို့သွားလိုက်ပြီး မင်ဧကရာဇ်ရွှမ်ပုဆိန်ကို ထုတ်ယူလိုက်၏။
ရှီရှန်းကိုယ်ကနေ တဖြည်းဖြည်းထွက်ပေါ်လာသည့် ကြယ်စွမ်းအားကို ခံစားနေရစဉ် ဤစွမ်းအားက လူများကို ဆန်းကြယ်မှုကို ခံစားရစေသည်သာမက တချိန်တည်းမှာပင် အတော်လေးသိပ်သည်းထူထဲသည်။
ဤထဲတွင် ကမ္ဘာပေါ်ရှိ အရာအားလုံးကို ချုပ်ကိုင်ထားပုံရသည်။
အကယ်၍ နယ်ပယ်သာတူညီမည်ဆိုပါက ကျင်းဟုန်မြောင် အချက်သုံးချက်အပေါ် ကြောက်နေမိမည်ဖြစ်သည်။
သို့သော် ရှီရှန်း၏လက်ရှိအခြေအနေက နတ်ဘုရားတ၀က်နယ်ပယ် နောက်ဆုံးအဆင့်သာဖြစ်သည်။
သူနှင့်ဆိုပါက နယ်ပယ်၌ ခြားနားချက်တခု ရှိနေပါသေးသည်။
မည်သည့်အတွက်ကြောင့် သူကကြောက်နေရမည်နည်း။
ကျင်းယုံဂန်ကလည်း ပြိုင်ပွဲစင်မြင့်ကိုကြည့်ရင်း သူ့မျက်လုံးထဲတွင် မျှော်မှန်းချက်တခုရှိနေသည်။
ကျင်းဟုန်မြောင်က သူ့၏အမွေခံဖြစ်ပြီး ငယ်စဉ်ကတည်းက အံ့ဩသင့်စရာကောင်းသည့် အရည်အချင်းများကို ပြသခဲ့သည်။
ယခုအချိန်တွင် သူ့အား ပထမတန်းစား အင်အားစုများ၏ ကိုယ်ပိုင်ဆက်ခံသူတစ်ဦးအဖြစ် လက်ခံထားသည်။
သူ့၏ခွန်အားကလည်း အတော်လေး တိုးတက်လာခဲ့သည်။
ဤနှစ်များစွာကျင့်ကြံခြင်း၌ ကျင်းဟုန်မြောင် မည်မျှအထိ တိုးတက်လာခဲ့ကြောင်း သူမြင်ချင်သည်။
တချိန်တည်းမှာပင် တိုက်ပွဲအားကြည့်နေကြသည့်လူများက ရှီရှန်းအား စူးစမ်းလိုသည့်အသွင် ကြည့်လိုက်ကြသည်။
ကြယ်စွမ်းအား!
အမည်မသိအားတခု!
သူ့ခွန်အားကဘာလဲဆိုတာ သူတို့မသိကြပါ။
ကျင်းယုံဂန်၏အကြည့်ကလည်း သူ့အပေါ်ကျရောက်လာသည်။
ထို့နောက်တိုက်ပွဲက တရား၀င်စတင်လေတော့သည်။
ကျင်းဟုန်မြောင် ရှီရှန်းကိုကြည့်ရင်း အပြုံးဖြင့်ပြောသည်။
"စကြရအောင်၊ ဒီကြယ်စွမ်းအားက ဘယ်လောက်ထိ တမူထူးခြားသလဲဆိုတာ ကြည့်ကြရအောင်"
ရှီရှန်းကမယဉ်ကျေးတတ်ပေ။
ဤကောင်က သူ့ဆီမှာအရိုက်ခံချင်ပြီး သူ့ကိုကျေနပ်အောင် လုပ်ချင်နေခြင်းပင်။
ဤသည်ကိုတွေးမိသောအခါ ရှီရှန်းလက်ထဲက အင်ပါယာမင်ရွှမ်ဓားက ကြယ်စွမ်းအားပမာဏများစွာကို စုစည်းလေသည်။
အတော်လေးလေးလံနေပြီဖြစ်သည့်မင်ဟောင်ရွှမ်ဓားက ထိုအခိုက်အတန့်၌ ပို၍ပို၍ပင် လေးလံလာသည်။
ချက်ချင်းဆိုသလို ရှီရှန်းရှေ့သို့ လှမ်းလိုက်သည်။
ဤသည်က ကြယ်များအပေါ်သို့ တက်လှမ်းလိုက်သည့်အလားပင်။
ခြေတချက်ချလိုက်သည်နှင့် ပြိုင်ပွဲစင်မြင့်က တုန်ခါသွားသည်။
ချက်ချင်းဆိုသလို သူကကျင်းဟုန်မြောင်ရှေ့တွင်ပေါ်လာပြီး လက်ထဲတွင် မင်ဟောင်ရွှမ်ပုဆိန်ကို ကိုင်ထားစဉ် ပုဆိန်က ရုတ်တရက် ကျဆင်းလာသည်။
ပုဆိန်ကိုယ်ထည်ပတ်လည်၌ စုဝေးနေသည့်ကြယ်စွမ်းအားက လေဟာနယ်ကို ဖြတ်ကာ ကြယ်များ၏ အရိပ်ကို ကိုင်ဆောင်ထားသည်။
ပုဆိန်က ကြယ်များကျဆင်းလာသကဲ့သို့ ကျဆင်းလာစဉ် ကျင်းဟုန်မြောင်က အထဲက လေးလံသည့်စွမ်းအားကို ခံစားနိုင်သည်။
ဤကြယ်စွမ်းအားက အမှန်တကယ်ပင် အတော်လေးထူးခြားသည်။
သို့သော် ဤသည်ကသာ ရှိသမျှအရာအားလုံးဆိုပါက အာရုံစိုက်နေစရာ ဘာအကြောင်းရင်းမှမရှိတော့။
လူတိုင်း၏အကြည့်အောက်တွင် ကျင်းဟုန်မြောင် လက်ဖဝါးကိုဆန့်ထုတ်လိုက်၏။
ချက်ချင်းဆိုသလို သူ့လက်ဖဝါးက အနီရောင်တောင်ပံဖြင့် ဖုံးလွှမ်းသွား၏။
ဤသည်က ပတ္တမြားအပိုင်းအစတခုအဖြစ် ပြောင်းလဲသွားသည့်အလား သလင်းကျောက်က ရှင်းလင်းမြင်သာနေသည်။
လက်ကိုဆန့်ထုတ်ရင်း သူက ရှီရှန်းပုဆိန်ကို လက်နှင့် ဖမ်းဆုပ်ချင်သည်။
ဤသည်က ကျင်းဟုန်မြောင် ကုန်းတွင်းပိုင်း၌ ပထမတန်းစားအင်အားစုကနေ လေ့လာသင်ယူခဲ့သည့် နည်းလမ်းတခုပေတည်း။
ပတ္တမြားလက်!
ပတ္တမြားဖြင့်ဖုံးလွှမ်းထားလေရာ ဤသည်က အတော်လေးမာကျောသည်။
တချိန်တည်းမှာပင် ဧရာမအော်က ပတ္တမြားထဲတွင် စုဝေးကာ ကြီးမားသည့် တိုက်ခိုက်ခြင်းအားကိုပါ ပေါင်းထည့်ပေးနေသည်။
ဤသည်က တိုက်ခိုက်ခြင်းနှင့်ကာကွယ်ခြင်းကို ပေါင်းစပ်ထားသည့် နည်းလမ်းတခုဟုဆို၍ရသည်။
ကျင်းဟုန်မြောင်ကလည်း ယုံကြည်မှုရှိသည်။
ပတ္တမြားလက်၏ခွန်အားဖြင့်ဆိုပါက ဤသည်က ကြယ်စွမ်းအားကို ခုခံနိုင်သည်ထက် ပိုနေပါပြီ။
သို့သော် ရှီရှန်း၏မင်ဟောင်ရွှမ်ပုဆိန်က ကျင်းဟုန်မြောင်၏လက်ဖဝါးနောက်က ပတ္တမြားပေါ်ကျရောက်သွားစဉ် ကျင်းဟုန်မြောင်၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။
သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်သည့် အရိပ်အယောင်တခုရှိနေသည်။
လေးလံတယ်!
အရမ်းလေးတယ်!
မင်ဟောင်ရွှမ်ပုဆိန်က ယူလာသည့်အလေးချိန်က ပုဆိန်၏ အလေးချိန်တင်မကဘဲ ကြယ်စွမ်းအားကြောင့် ပို၍ပင် ထူထဲလာသည်။
ချက်ချင်းဆိုသလို လူတိုင်း၏ အံ့ဩသင့်နေသည့်အကြည့်အောက်တွင် ကျင်းဟုန်မြောင်က အမှန်တကယ်ပင် ဒူးကွေးလိုက်ပြီး ဒူးတချက်ကို မြေပေါ်၌ တိုက်ရိုက်ပင် ထောက်ချလိုက်သည်။
ကလစ်! ကလစ်! ကလစ်!
ထိုအခိုက်အတန့်၌ ပြိုင်ပွဲစင်မြင့်တွင် အက်ကြောင်းများပေါ်လာသည်။
မြို့တော်၀န်စံအိမ်၏ ပြိုင်ပွဲစင်မြင့်ကို ပုံစံများစွာဖြင့် အားဖြည့်ထားသည်။
ဤတိုက်ချက်က အစွမ်းထက်ကျင်းဟုန်မြောင်ကို လွှမ်းမိုးပစ်ရုံတင်မက ပြိုင်ပွဲစင်မြင့်ကိုပင် ကွဲအက်စေသည်။
ရှီရှန်း၏မျက်နှာက တည်ငြိမ်နေပြီး ပုဆိန်အား ရိုက်ထုတ်ပြီးနောက် သူ့တခြားလက်တဖက်ကို ဆန့်ထုတ်လိုက်သည်။
ကြယ်စွမ်းအားက ချက်ချင်းဆိုသလို သူ့လက်ပေါ်၌စုဝေးလာကြပြီး ကြယ်တစ္ဆေတကောင်ပမာ ပြောင်းလဲသွားခဲ့သည်။
ကြယ်များနှင့်ကျောက်တုံးများကို လက်ဖဝါးပေါ်၌ကိုင်ဆောင်ရင်း ကျင်းဟုန်မြောင်အား ရိုက်ချလိုက်လေသည်။
ကျင်းဟုန်မြောင်၏မျက်နှာက အကြီးအမား ပြောင်းလဲသွားခဲ့သည်။
ဤပုဆိန်ကိုထုတ်နေရင်းနှင့် ပြိုင်ဘက်တွင် ထပ်မံတိုက်ခိုက်ရန် ခွန်အားရှိနေသည်လား။
ကျင်းဟုန်မြောင်အံကြိတ်ကာ နောက်လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်စဉ် ပတ္တမြားအဖြစ် ပြောင်းလဲသွားပြီး ဤကြယ်ကျောက်တုံးများကို ခုခံချင်နေသည်။
လက်အစုံကို ပတ္တမြားအဖြစ်ပြောင်းပစ်ခြင်း!
ကျင်းဟုန်မြောင်၏လက်ရှိအနေအထားအရဆိုပါက ဤသည်က အသုံးပြုရန်အတွက် ကြီးမားသည့် ၀န်ထုပ်၀န်ပိုးတခုပမာဖြစ်နေပေလိမ့်မည်။
သို့စေကာမူ လက်ရှိအနေအထားတွင် သူကအသုံးပြုခဲ့ရသည်။
သို့တိုင်အောင် ကြယ်နှင့်ကျောက်တုံးများ၏ အသွင်သဏ္ဍာန်ကို ကျင်းဟုန်မြောင် ခုခံချင်သောအခါ ဒူးထောက်နေရသည့် ခြေတဖက်က မြေပြင်ပေါ်သို့ ပြိုလဲကျသွားရသည်။
လက်ရှိကျင်းဟုန်မြောင်က အတော်လေးရှက်နေသည်။
ဒူးထောက်ထားရခြင်း!
ဤသည်ကဆိုလိုသည်က ကျင်းဟုန်မြောင်၏ခွန်အားက ရှီရှန်းလောက် မကောင်းမွန်သေးခြင်းပင်။ ဤအချက်က ကျင်းဟုန်မြောင်၏ အတွင်းဂုဏ်သိက္ခာကို တိုက်ရိုက်ပင် ကြေမွပျက်စီးသွားစေသည်။
ယနေ့တွင် ကျင်းဟုန်မြောင်၏မျက်နှာက ဖြူဖျော့ကာ အရောင်အဆင်းကင်းမဲ့နေသည်။ သူကလက်ရှိအနေအထားကို ကောင်းစွာ သိနေပုံရသည်။
ယောက်ျားတစ်ယောက်၏ ဒူးအောက်တွင် ရွှေများရှိပြီး မိဘများအတွက်သာ ဒူးထောက်ရန်ဖြစ်သည်။
ယခုတွင်မူ သူကပြိုင်ဘက်ရှေ့ ဒူးထောက်နေရလေပြီ။
မည်မျှပင် အရှက်ရဖွယ်ကောင်းလေသနည်း။
ပါးစပ်တလုပ်သွေးအန်လိုက်ရသည်။
သူ့မျက်လုံးထဲတွင် သူ့ကိုယ်သူစတင် သံသယဖြစ်လာမိသည်။
ဤမြင်ကွင်းကို မြင်သောအခါ ကျင်းယုံဂန်၏မျက်နှာက ပြောင်းလဲသွားပြီး ချက်ချင်းပင် လက်ဖဝါးဖြင့် လှိုင်းတချက်ထုတ်လွှတ်ကာ ရှီရှန်းအား နောက်သို့တွန်းပို့ရင်း တချိန်တည်းမှာပင် ပြောလိုက်သည်။
"ရှီ..... ရှီရှန်း"
ချက်ချင်းဆိုသလို ဖြူဖပ်ဖြူလျော်ဖြစ်နေခဲ့သည့် ကျင်းဟုန်မြောင်ကလည်း နောက်သို့ ယူဆောင်ခြင်းခံလိုက်ရသည်။
ဤတိုက်ပွဲက ကျင်းဟုန်မြောင်၏ နှလုံးသားကို လှုပ်ခတ်သွားစေသည်မှာ သိသာထင်ရှားနေသည်။
ကျင့်ကြံသူတစ်ဦးအဖို့ တာအိုနှလုံးသားလှုပ်ခတ်သွားခြင်းက ဘာကိုများ ဆိုလိုနေသနည်း။
အပိုင်း(316) coming။
ငါ့တပည့်တွေက ဘုရင်တွေ