← Chapters

#အကြီးကအငယ်ကို အနိုင်ကျင့်တာလား#

Vol. 22 Ch. 316

#အကြီးကအငယ်ကို အနိုင်ကျင့်တာလား#

Vol. 22 Ch. 316

ကျင်းဟုန်မြောင်က ခေါင်းပေါ်၌ ပါရမီရှင်ဟူသောနာမည်ကို တင်ကာ တောက်ပစွာ ကြီးပြင်းလာသူဖြစ်သလို လူတိုင်း၏ လေးစားအားကျမှုအောက်တွင် နေလာရသူဖြစ်သည်။

သူက ကုန်းတွင်းပိုင်းဒေသက ပထမတန်းစားအင်အားစုများမှ အကြီးအကဲများ၏ သဘောကျခြင်းကိုခံရသည်သာမက သူတို့၏ ကိုယ်ပိုင်တပည့်အဖြစ်ပင် လက်ခံခြင်းခံခဲ့ရသည်။

ဖြစ်ရပ်မျိုးစုံက ကျင်းဟုန်မြောင်၏ နှလုံးသားကို ချဲ့ကားသွားစေသည်။

ထိုအတောအတွင်း သူက နောက်ဆုတ်ခြင်းလုံး၀မရှိခဲ့ဘဲ တူညီသည့်နယ်ပယ်က ပြိုင်ဘက်များကို မကြာခဏအနိုင်ယူတတ်သည်။

ကျင်းဟုန်မြောင်၏မျက်လုံးထဲတွင် တူညီသောအခြေအနေရှိလူများက အရှုံးမပေးဘဲ တိုက်ခိုက်နိုင်သည်။

သူက အဆင့်နိမ့်နယ်ပယ်များကို လုပ်နိုင်သည်ဟုပင် မတွေးတောထားပါ။

ယခုတွင်မူ ကျင်းဟုန်မြောင်က နတ်ဘုရားတ၀က်နယ်ပယ်နောက်ဆုံးအဆင့်က လူတစ်ယောက်၏ အနိုင်ယူခြင်းကို ခံခဲ့ရပြီး ဒူးထောက်၍ပင် ကျသွားစေသည်။

သူ့အတွက် ပြန်လည်ချေပတိုက်ခိုက်ရန် နေရာလွတ်ပင် မရှိဟုဆို၍ရသည်။

ဤကွာဟချက်က ကျင်းဟုန်မြောင်၏ မာနကြီးသည့်နှလုံးသားကို လက်မခံနိုင်ဖြစ်စေပြီး တာအိုနှလုံးသားကို လှိုင်းထတုန်လှုပ်သွားစေသည်။

ကျင်းယုံဂန် သူ့အားကျင်းဟုန်မြောင်ကို ကြည့်လိုက်မိသည်။ သူ့သား၏မျက်နှာက ဖြူဖျော့နေပြီး စိတ်ရှုပ်ထွေးနေသည့်အသွင် တခုရှိနေလေရာ ကျင်းယုံဂန် တိတ်တဆိတ်သက်ပြင်းချလိုက်မိသည်။

သူ့သား၏ဤဘ၀က အတော်လေးချောမွေ့လေရာ ဤသည်က အလွန်အမင်းမောက်မာ၊ မာနကြီးသည့်စရိုက်ကို ဦးတည်သွားစေခဲ့ပြီး အတော်လေးခိုင်ခံ့နေပြီဖြစ်ကာ ကွဲအက်ရန်လွယ်ကူသည်။

သူကဤအမှန်တရားကို တကြိမ်ထက်မနည်းပြောပြခဲ့သည်။

သို့သော် ကျင်းဟုန်မြောင်က သူ့လမ်းကြောင်းအတိုင်းသွားရန်သာ စိတ်ပိုင်းဖြတ်ထားပြီး မပြောင်းလဲဖို့အတွက် အတင်းတောင်းဆိုကာ မည်သူ့ကိုမှ မထီမဲ့မြင်ပြုနေဆဲပင်။

သင့်၏ပင်ကိုယ်အရည်အချင်းဖြင့် မည်သူ့ကိုမှမရှုံးနိမ့်ပါစေနဲ့!

မဟုတ်ပါက ကျွမ်းထိုးမှောက်ခုံကျပြီး ကောင်းကျိုး၊ ဆိုးကျိုးများ ရှိလာပေလိမ့်မည်။

အကယ်၍ ဖြတ်ကျော်နိုင်ပါက ကျင်းဟုန်မြောင်၏ စိတ်အနေအထားတွင် ကြီးမားသည့်ခုန်ကျော်လွှားမှုတချို့ရှိလာမည်ဖြစ်ကာ သူ့နယ်ပယ်ခွန်အားကလည်း အတိတ်ကနေ ပြောင်းလဲပြီး မြင့်မားသည့်အဆင့်တခုအထိ တိုးမြှင့်သွားပေလိမ့်မည်။

အကယ်၍မဖြတ်ကျော်နိုင်ပါက ကျင်းဟုန်မြောင်၏အောင်မြင်မှုများက ဤဘ၀၌ ကန့်သတ်သွားပေလိမ့်မည်။

ဤသည်က သူ့နှလုံးသား၏ ထာ၀ရအိပ်မက်ဆိုးတခုဖြစ်လာပေလိမ့်မည်။

ကျင်းဟုန်မြောင်၏အဖေ ကျင်းယုံဂန်က အနည်းငယ်မကျေမနပ်ဖြစ်နေသေးပြီး ရှီရှန်းကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်၏။

ရှီရှန်း ဤအကြည့်ကိုခံစားမိသဖြင့် ပြန်လည်ချေပကြည့်လိုက်သည်။

သူ့မျက်လုံးအစုံက အနည်းငယ်မျှပင် ကြောက်ရွှံ့မှုမရှိဘဲ ပကတိကြည်လင်နေသည်။ ယဉ်ကျေးတည်ငြိမ်မှုမရှိခြင်းကသာ ခြွင်းချက်ဖြစ်သည်။

ဤသည်က ကျင်းယုံဂန်ကို အနည်းငယ် အံ့ဩသင့်သွားစေသည်။

နှစ်‌များစွာကြာအောင် မြင့်မားသည့်နေရာတခုတွင် ရှိနေခဲ့ပြီးနောက် သူ့ကိုယ်ထဲက အော်ရာနှင့်နိုင်ထက်စီးနင်းလိုစိတ်က သာမန်ကျင့်ကြံသူများထက် အများကြီး ပိုအားကောင်းသည်။

သူ့ကိုစိုက်ကြည့်နေရင်း ရှီရှန်းက ဘာတခုမှမဖြစ်သည့်အလား ပြုမူနေသည်။ သူ့စိတ်နေစိတ်ထားက မည်မျှထိ တည်ငြိမ်သလဲဆိုတာ တွေ့နိုင်ပေသည်။

ချက်ချင်းဆိုသလို ကျင်းယုံဂန်က သူ့သမီးဖြစ်သူ ကျင်းယုံချီအား နက်ရှိုင်းသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

သူမဖခင်ဖြစ်သူ၏အကြည့်ကို ကျင်းယုံချီသတိထားမိသည်။

အေးစက်သည့်မျက်လုံးအစုံဖြင့် သူမခေါင်းညိတ်သည်။ သူမဖခင်ဘာကို ဆိုလိုနေသလဲဆိုတာ သူမနားလည်ပါသည်။ ဘာလုပ်ရမလဲဆိုတာကိုလည်း သူမသိသည်။

ဤသည်က ပြိုင်ပွဲတခုဖြစ်သော်လည်း တိုက်ပွဲအတွင်း ကမ္ဘာကြီးက ခန့်မှန်း၍ မရနိုင်သလို ပျက်စီးတတ်သည်က ပုံမှန်သာ။

ဤသို့ဆိုထားသော်လည်း လူများက သူတို့၏သွေးရင်းဆွေမျိုးများကို ပို၍ပင် စိတ်အသားပေးတတ်ကြသည် မဟုတ်ပေလား။

သူ့သားကိုမြင်ရသောအခါ ကျင်းယုံဂန်နာကျင်သွားရသည်။

တဖက်လူကမှန်ကန်သော်လည်း သူ့တွင် ခံစားချက်မရှိသည်က မည်သို့မည်ပုံ ဖြစ်နိုင်ပါမည်နည်း။

တချို့လူများက ဆင်ခြင်တုံတရားရှိကြသည်။

ဤသည်ကသူ့ကို စိတ်တိုစေသည့်အဆင့်ကို ရောက်စေမည်မဟုတ်ပေ။

သို့သော် သူတို့ရန်စခံရသောအခါ ဆင်ခြင်တုံတရားရှိသူများကလည်း စိတ်ခံစားချက်များရှိလာနိုင်သည်။

နောက်တစ်ပွဲအတွက်မူ မဲနှိုက်နေစရာပင်မလိုတော့။ တိုက်ခိုက်စရာပင်မလိုတော့ချေ။

ယဲ့ချိုးပိုင်၊ ရှီရှန်း၊ ရှောင်ဟိုင်နှင့် ကျင်းယုံချီတို့က သူတို့၏နေရာများကို အတည်ပြုပြီးသွားလေပြီ။

မည်သူကမှ ဤနေရာအတွက် ယှဉ်မပြိုင်လိုကြတော့။

ကျင်းဟုန်မြောင်၏နှလုံးသားက တုန်လှုပ်နေခဲ့သည်။ တုတ်ရှည်နှင့်လူကလည်း ပြိုင်ဘက်ကို အနိုင်မယူနိုင်သည်ကို တွေးတောပြီးနောက် ရှက်ရွှံ့စွာပြုံးကာ ခေါင်းခါယမ်းသည်။

ဤမြင်ကွင်းက လူတိုင်းကို တုန်လှုပ်သွားစေသည်။

မြက်ခန်းမ(စံအိမ်တော်)ကြေးစားအဖွဲ့၌ မည်သူကမှ သိုင်းဧကရာဇ်တ၀က်နယ်ပယ်ကိုပင် မရောက်ခဲ့ကြသေးပေ။ သို့တိုင် သူတို့က ခွန်းလွန်ကောင်းကင်ဘုံအတွက် နေရာသုံးခုကို သိမ်းပိုက်ခဲ့ကြသည်။

သုံးဦးစလုံးတွင် တိုက်ပွဲကို ကျော်လွှားနိုင်စွမ်းများရှိကြသည်။ အထူးသဖြင့် ယဲ့ချိုးပိုင်ပေတည်း။

နတ်ဘုရားတ၀က် အစောပိုင်းအဆင့်ခွန်အားဖြင့် သူက သိုင်းဧကရာဇ်နယ်ပယ်ကို ထိတွေ့ရန်လုံလောက်သော ခွန်အားရှိသည့် သိုင်းဧကရာဇ်တ၀က်အဆင့်ကို အနိုင်ယူပစ်ခဲ့သည်။

ဤသည်ကို အရမ်းချဲ့ကားလွန်းသည်ဟုသာ ပြောဆိုနိုင်တော့သည်။

သို့သော် ယဲ့ချိုးပိုင်၏ဓားသိုင်းအခြေအနေက တာအိုအခြေအနေနှင့် မကိုက်ညီသေးပါ။

မဟာဓားဂိုဏ်းနယ်ပယ်က သူ့ကို ကိုယ်ပိုင်ကျင့်ကြံခြင်းနယ်ပယ်ကိုပင် ကျော်လွန်သွားစေခဲ့သည်။

ယန်ကျင်းဟိုင်ကလည်း ပျော်ရွှင်စွာပြုံးလိုက်သည်။

သူတို့သုံးယောက်စလုံးက ယန်မိသားစု၏ တိုက်ရိုက်သားစဉ်မြေးဆက်များမဟုတ်လျှင်ပင် ဤနေရာပြိုင်ပွဲတွင် ပါ၀င်ခြင်းက ယန်မိသားစုနာမည်နှင့်ဖြစ်သည်။

ထို့ကြောင့် နောက်ဆက်တွဲအရင်းအမြစ် ခွဲဝေမှု သို့မဟုတ် ယန်မိသားစု၏ဂုဏ်သတင်းနှင့် ပြောဆိုပိုင်ခွင့်က အများကြီး တိုးတက်လာခဲ့သည်။

တချိန်တည်းမှာပင် သူကယန်ချီအား သဘောကျသည့်အသွင်ကြည့်ကာ ပြောသည်။

"ချီအာ၊ ကျေးဇူးတင်ပါတယ်"

ယန်ချီ၏အကြံပြုချက်ကြောင့်သာမဟုတ်ပါက သူ့၏ ခေါင်းဆောင်အဖြစ် အမွေဆက်ခံခွင့်ကို လွှဲပြောင်းပေးချေရန်အတွက် တုံ့ဆိုင်းနေပြီး စံအိမ်တော်ကြေးစားအဖွဲ့ဝင်သုံးဦးကိုသာ မထိန်းထားနိုင်ခဲ့ပါက ယန်မိသားစုက ရူးသွပ်ကာ သေဆုံးကြရပေလိမ့်မည်။

သို့သော် လူတိုင်း၏ဆွေးနွေးချက်ကိုပင် စောင့်မနေတော့ဘဲ ကျင်းယုံချီ၏ အေးစက်သည့်အသံက ပြိုင်ပွဲစင်မြင့်အတွင်း ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။

"မတိုက်ခဲ့ရသေးတဲ့လူတစ်ယောက်ကျန်သေးတယ်၊ အချင်းချင်းတဦးဆီကနေတဦး ကျွန်မပညာဖလှယ်ချင်တယ်၊ မဟုတ်ဘူးဆိုရင် ကျွန်မက ခွန်းလွန်ကောင်းကင်ဘုံရေကန်အတွက် နေရာကို ကံတရားကြောင့် အနိုင်ရခဲ့တယ်လို့တော့ မပြောချင်ပါဘူး"

လူတိုင်းကလှမ်းကြည့်လိုက်ကြပြီး နှလုံးသားများက တုန်ယင်သွားကြ၏။

မြို့တော်၀န်စံအိမ်က လက်စားချေချင်နေသည်မှာ သိသာထင်ရှားနေသည်။

ကျင်းယုံချီက ရှောင်ဟိုင်ကို စိန်ခေါ်လိုခြင်းပင်။

ယဲ့ချိုးပိုင်ကလည်း လှမ်းကြည့်ကာ ခပ်ပေါ့ပေါ့ရယ်မောလိုက်သည်။

"မြို့တော်၀န်စံအိမ်၊ ခင်ဗျားတို့က ရှုံးလို့မရတာလား"

ဤမှတ်ချက်ထွက်လာသည်နှင့်တပြိုင်နက် မြို့တော်၀န်စံအိမ်က လူတိုင်းက သူ့အား ဒေါသတကြီးစိုက်ကြည့်လိုက်ကြသည်။

ဧရာမအော်ရာအများအပြားက ယဲ့ချိုးပိုင်အား ချေမွရန်ဦးတည်နေသည်။

ကျင်းယုံဂန်က ထူးမခြားနားစွာကြည့်ရင်း ရှေ့တလှမ်းတိုးကာ ပြောသည်။

"လေကျယ်တဲ့ကောင်လေး၊ မင်းဘာလို့ဒီလိုပြောရတာလဲ"

သိုင်းဧကရာဇ်နယ်ပယ်နောက်ဆုံးအဆင့်ခွန်အားက ပေါက်ကွဲထွက်လာသည်။

ဖိနှိပ်မှု၏ခံစားချက်က ယဲ့ချိုးပိုင်အား တိုင်တောင်တန်းကြီး ဖိနှိပ်လာသည့်အလားပင်။

ယဲ့ချိုးပိုင်၏ သူငယ်အိမ်များက ကျုံ့သွားပြီး အနည်းကယ်ကွေးလိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို ကောင်းကင်သို့ ဓားဖြင့် ညွှန်ပြလိုက်သည်။

ဓားစက်ကွင်းကို တိုးချဲ့လိုက်လေပြီ။

မဟာဓားဂိုဏ်း၏အဓိပ္ပာယ်က ကောင်းကင်ပေါ်သို့ထိုးတက်ကာ ဤကြောက်မက်ဖွယ်အားကို ခုခံချင်နေသည်။

လူတိုင်းက ကြောက်ရွှံ့သွားကြ၏။

နွေဦးကာလ၏ အရွက်ဖြူလေးတရွက်က သိုင်းဧကရာဇ်နယ်ပယ်နောက်ဆုံးအဆင့်က ထိပ်တန်းစွန်းအားရှင်ဖြစ်သည့် ယွန်ချီမြို့၏ မြို့တော်၀န်ကို နတ်ဘုရားတပိုင်းနယ်ပယ် အစောပိုင်းအဆင့်ခွန်အားဖြင့် အမှန်တကယ် ရင်ဆိုင်လိုသည်လား။

တကိုယ်လုံး၌ ထိုးတက်လာသည့် ဓားဆန္ဒကိုကြည့်ရင်း ယဲ့ချိုးပိုင် ဖိနှိပ်လာသည့်အားကို အဆက်မပြတ်ခုခံနေသည်။

သူကယခုအချိန်ထိ ဒူးမကွေးညွတ်သေးပါ။

ကျင်းယုံဂန် မျက်ခုံးအနည်းငယ်ပင့်လိုက်မိသည်။

"မင်းကငါ့ကိုတကယ်စိတ်၀င်စားစေတာပဲ၊ မင်းဘယ်လောက်ကြာကြာနေနိုင်မလဲဆိုတာ ကြည့်ရအောင်"

စကားပြောပြီးနောက် လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်စဉ် အကျပ်ရိုက်မှုက ထပ်တဖန်တိုးမြှင့်လာပြန်သည်။

ယဲ့ချိုးပိုင်အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

ထိုအချိန်တွင် ယဲ့ချိုးပိုင်ရှေ့တွင် အဖိုးအိုတစ်ဦးပေါ်လာပြီး ယဲ့ချိုးပိုင်ကိုယ်ပေါ်က အကျပ်ရိုက်နေသည့်ဖိအားက ပျောက်ကွယ်သွား၏။

အဖိုးအိုက ကျင်းယုံဂန်အား ထူးမခြားနားစွာကြည့်ရင်း ပြောသည်။

"အရှင်၊ မြို့တော်၀န်တယောက်က ဂျူနီယာတယောက်ကို အနိုင်ကျင့်တယ်ဆိုတာက မကောင်းပါဘူးနော်"

ယန်ကျင်းဟိုင် ချက်ချင်းဆိုသလို လေးစားစွာ အရိုအသေပေးလိုက်သည်။

"ဘိုးဘေးကြီး"

အဖိုးအိုက ယန်မိသားစု၏ဘိုးဘေးဖြစ်ပြီး သိုင်းဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့် စွမ်းအားရှင်တဦးဖြစ်သည်။

ကျင်းယုံဂန်အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီးနောက် လက်ကိုဝှေ့ယမ်းကာ တဖက်လှည့်ရင်း ပြောလိုက်သည်။

"ငါက လူငယ်မျိုးဆက်တွေရဲ့ပါရမီကို မြင်ချင်ရုံပါပဲ"

ကျင်းယုံဂန်နောက်ထပ်မထုတ်လွှတ်တော့သည်ကို မြင်ရသောအခါ ယန်မိသားစုဘိုးဘေးက တဖက်လှည့်လာပြီး ယဲ့ချိုးပိုင်တို့အား ကြည့်လိုက်သည်။

"မင်းတို့အရမ်းတော်တယ်၊ မင်းတို့နဲ့ ရင်းနှီးကျွမ်း၀င်အောင် လုပ်နိုင်ခဲ့တာက ယန်မိသားစု ဒီနှစ်တွေအတွင်း လုပ်ခဲ့တာတွေထဲက အကောင်းဆုံးတခုပါပဲ"

စကားပြောဆိုပြီးနောက် သူက ထိုနေရာကနေပျောက်ကွယ်သွား၏။

တချိန်တည်းမှာပင် ဘေးကရှောင်ဟိုင်ကလည်း ရှေ့တချက်လှမ်းလိုက်စဉ် သူ့ကိုယ်က မှော်စွမ်းအင်များဖြင့် လွှမ်းခြုံထားသည်။

သူက ပြိုင်ပွဲစင်မြင့်ပေါ် တက်ကာ မှော်စွမ်းအင်အပြည့်ဖြင့် ကျင်းယုံချီအား စိုက်ကြည့်လိုက်လေသည်။

"လာပါ"

ဤစကားလုံးနှစ်လုံးက မခံမရပ်နိုင်လောက်စေသည့် အဓိပ္ပာယ်များဖြင့် ပြည့်နှက်နေသည်။

ရှီရှန်း ရှောင်ဟိုင်ကိုကြည့်ရင်း ပြုံးလိုက်မိသည်။

"ကြည့်ရတာ ဒီမိန်းမကတော့ သနားစရာဖြစ်ရတော့မယ်နဲ့တူတယ်"

ယနေ့ရှောင်ဟိုင် ဒေါသထွက်နေသည်ကို သူတို့အားလုံး ရှင်းလင်းစွာသိနေသည်။

ကျင်းယုံဂန်က အကြီးအားကို သုံးကာ အငယ်ကိုအနိုင်ကျင့်ခဲ့သည်။

ဤကိစ္စလည်းမှန်သလို ရှောင်ဟိုင်ကလည်း သူ့ကိုယ်ခန္ဓာကို ကုသဆက်ဆံရန်အတွက် သူ့ကိုယ်ပိုင်နည်းလမ်းကို အသုံးပြုချင်သည်။

သူ့မျက်လုံးများထဲတွင် ကျင်းယုံချီက ဂျူနီယာလေးတယောက်သာ။

ကျင်းယုံချီအနည်းငယ်အံ့ဩသင့်သွားသည်။

စိတ်လှုပ်ရှားမှု!

ဤတုံ့ပြန်မှုရောက်လာသည်နှင့်တပြိုင်နက် မှုန်ကုပ်ကုပ်အကြည့်တချက်က သူမ၏ မျက်လုံးအစုံ၌ဖြတ်သန်းကာ ပါးလွှားသည့် ဓားတစ်လက်ကို ဆွဲထုတ်လိုက်သည်။

ရေခဲနှင့်နှင်းဖြင့်ဖုံးလွှမ်းထားသည့် ပါးလွှာသောဓားရှည်!

ဓားလက်ကိုင်ပေါ်၌ ရေခဲပန်းနှစ်ပွင့်ကို အလှဆင်ထားပြီး အေးစက်သည့်လှိုင်းများထနေကာ ဤသည်ကိုခံစားနေရသည်။

ယန်ကျင်းဟိုင်မျက်မှောင်ကြုတ်လိုက်သည်။

"ဒါက ‌ရေခဲဝိဉာဉ်ဂိုဏ်းရဲ့အော်ရာမလား"

ဟန်လင်ကျောက်!

ကုန်းတွင်းပိုင်းက ပထမတန်းစားအင်အားစု!

ပထမတန်းစားအင်အားစုများ၌ ဤအင်အားစုက အတော်လေးအစွမ်းထက်သည့်တည်ရှိမှုတခုလည်းဖြစ်သည်။

ဤသည့် တာအိုနယ်ပယ်က စွမ်းအားရှင်တစ်ယောက်၏တည်ရှိမှုလည်းဖြစ်သည်။

အပိုင်း(317) coming။

ငါ့တပည့်တွေက ဘုရင်တွေ

All Chapters