#ထရပ်ပြီးဆက်တိုက်#
Vol. 22 Ch. 317
အေးခဲဝိဉာဉ်ဂိုဏ်း၏ ပုံရိပ်က ကုန်းတွင်းပိုင်း၌ အတော်လေးမြင့်မားသည်။
(ရေခဲဝိဉာဉ်ဂိုဏ်းအစား အေးခဲဝိဉာဉ်ဂိုဏ်းဟု ဆက်သုံးသွားပါမည်)
ပထမတန်းစားအင်အားစုများအတွင်း နေရာယူထားစေကာမူ ဤဂိုဏ်းက အတော်လေးအားကောင်းသည့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်နေဆဲပါ။
မည်သူမှ ဤသည်ကိုမတွေးတောခဲ့ကြချေ။
ကျင်းယုံချီက အမှန်တကယ်ပင် အေးခဲဝိဉာဉ်ဂိုဏ်းကို ၀င်ရောက်ခဲ့သည်။
သို့စေကာမူ ဤအချက်က ရှောင်ဟိုင်အပေါ် ဘာမှအကျိုးမသက်ရောက်ပေ။
သူသိသည့်တခုတည်းသောအရာက ကျင်းယုံဂန်အကြီးအားဖြင့် အငယ်ကို အနိုင်ကျင့်ပြီး သူ့အစ်ကိုကြီးကို ဒူးထောက်ရန် ဖိအားပေးချင်သည်။
ထို့ကြောင့် သူကလည်း အကြီးပုံရိပ်ကို အနိုင်ကျင့်ရန်အတွက် အသုံးပြုကာ အငယ်ဖြစ်သည့် သူ့သမီးကို ဖိနှိပ်နိုင်သည်မဟုတ်ပေလား။
ဒါမှမဟုတ် သူမအားသတ်ပစ်ရမည်လား။
ကျင်းယုံချီက ငွေနှင်းခဲဓားကိုကိုင်ကာ ရှောင်ဟိုင်အား အေးစက်သော မျက်လုံးများဖြင့်ကြည့်ရင်း ထူးမခြားနားစွာပြောသည်။
"သင်ယူတဲ့အချိန်မှာ အသက်နဲ့သေခြင်းတရားကို ရှောင်ကြဉ်လို့မရနိုင်ဘူး၊ ဘာပဲဖြစ်ဖြစ် လက်တွေဆိုတာက အရေးမပါဘူးလေ"
ကျင်းယုံချီက သူမ၏ခွန်အားအပေါ် အတော်လေးယုံကြည်မှုရှိနေသည်က သိသာထင်ရှားနေသည်။
သူမတွင် ရှောင်ဟိုင်ကို ခေါင်းဖြတ်ရန်အတွက်ပင် စိတ်ကူးရှိခဲ့သည်။
ရှောင်ဟိုင်မည်သည့်စကားမှမဆိုပါ။
ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
"ဒီလိုဆိုမှတော့ ဒီတိုက်ပွဲမှာ အသက်နဲ့သေခြင်းတရားက အရေးပါလာမှာလား"
ကျင်းယုံချီအနည်းငယ်အံ့ဩသင့်သွားသည်။ တဖက်လူ၏ ယုံကြည်မှုက မည်သည့်နေရာက ရောက်လာလေသနည်း။
ဤသည်ကိုမဆိုထားနဲ့၊ နှစ်ဦးသားအကြား အဆင့်ကွာဟချက်ကိုဟာကြည့်ပါ!
ကျင်းယုံချီက အေးခဲဝိဉာဉ်ဂိုဏ်း ဒုတိယအကြီးအကဲ၏တပည့်တစ်ဦးအဖြစ် လက်ခံခြင်းခံခဲ့ရပြီး ကိုယ်တိုင်ကိုယ်ကျပင် သင်ကြားပေးခဲ့သည်။
ကျင်းယုံချီက ရေခဲဝိဉာဉ်ကိုယ်ထည်ကိုပင် ပိုင်ဆိုင်ထားလေသည်။
ဤသည်က အေးခဲဝိဉာဉ်ဂိုဏ်းတွင် လေ့ကျင့်ရာ၌ အတော်လေးသင့်တော်သည်။
ကျင်းယုံချီမည်မျှပင် ယုံကြည်မှုရှိနေသည်ဟုမူ သူမက သိုင်းဧကရာဇ်နယ်ပယ်က အားအကောင်းဆုံးသူကိုပင် ယှဉ်ပြိုင်နိုင်သည်ဟု ယုံထားသည်။
သို့သော် သူမရှေ့တွင် ရပ်နေသည့်ရှောင်ဟိုင်ကရော!
ခွန်အားက သိုင်းဧကရာဇ်တ၀က်အဆင့်သို့ မတက်လှမ်းသေးသည်မှာ သိသာထင်ရှားနေသည်။
သို့စေကာမူ ယဲ့ချိုးပိုင်၏စကားလုံးများက ကျင်းယုံချီကို ပို၍ဆိုးသွားစေသည်။
ယဲ့ချိုးပိုင်ပြောပြီးနောက် ယန်ချီက အလျင်အမြန်ပင် စည်းရုံးသည်။
"ညီအစ်ကိုယဲ့၊ စိတ်လျှော့၊ ကျင်းယုံချီက အေးခဲဝိဉာဉ်ဂိုဏ်းကလေ"
ယဲ့ချိုးပိုင်ခေါင်းခါယမ်းရင်း အပြုံးဖြင့်ပြောသည်။
"မစိုးရိမ်ပါနဲ့၊ သူမက ငါ့ညီလေးရဲ့ ပြိုင်ဘက်မဟုတ်သေးပါဘူး"
ရှောင်ဟိုင်ရဲ့ပြိုင်ဘက်မဟုတ်ဘူးလား!
ယန်ချီ ပြိုင်ပွဲစင်မြင့်ပေါ်က ရှောင်ဟိုင်ကို မျက်တောင်မခတ်စိုက်ကြည့်လိုက်မိသည်။
ရှောင်ဟိုင်၏မျက်နှာက ဂရုမစိုက်သည့်အသွင်ဖြင့် ပြည့်နှက်နေပြီး မှော်စွမ်းအင်များက မျက်လုံးထဲတွင်စီးဆင်းနေသည်။
တကိုယ်လုံးတွင် ဖိနှိပ်ထားနိုင်စွမ်းမရှိသည့် မှော်စွမ်းအင်တွင် သက်ရှိအားလုံးကို အရှုံးပေးရအောင် လုပ်နိုင်သည့်စွမ်းအားရှိသည်။
ထိုအချိန်တွင် ကျင်းယုံဂန်က စတင်အသံပြုလိုက်လေတော့သည်။
ဘန်း!
ကျင်းယုံချီ၏ကိုယ်တဝိုက်တွင် ရေခဲအော်ရာက အရူးအမူးပြေးလွှားနေသည်။
ပြိုင်ပွဲစင်မြင့်တခုလုံးက အမှန်တကယ် အေးခဲသွားခဲ့သည်။
ပြိုင်ပွဲစင်မြင့်၏ ကြမ်းပြင်တခုလုံးက ရေခဲအဖြစ် ပြောင်းလဲသွားခဲ့သည်။
အပူချိန်က ရုတ်တရက်ကျဆင်းသွား၏။
ဤသည်က တိုက်ပွဲကို ကြည့်နေကြသူများ၏ မျက်နှာအမူအရာများကိုပင် ပြောင်းလဲသွားစေသည်။
ဤသည်က ပတ်၀န်းကျင်ကို တကယ်ပြောင်းလဲသွားစေခဲ့သည်လား။
ရှောင်ဟိုင်ကရော ဤအစွမ်းထက်ရေခဲအနုပညာအမြင်ကို ခုခံနိုင်မည်လား။
ကျင်းယုံဂန် ညင်သာစွာခေါင်းညိတ်သည်။
ကျင်းယုံချီ၏ပါရမီက သူကျင်းယုံဂန်ထက်ပင် ပို၍မြင့်မားလေသည်။
ယခုသူမက အေးခဲဝိဉာဉ်ဂိုဏ်း၏ တပည့်တစ်ဦးအဖြစ်လည်း လက်ခံခြင်းခံလိုက်ရပြီဖြစ်လေရာ ကျင့်ကြံခြင်း၌ သူမ၏ တိုးတက်နှုန်းကလည်း သူ့ကို အတော်လေးဂုဏ်ယူရစေသည်။
သို့သော် ကျင်းယုံချီနှင့် ဆန့်ကျင်ဘက်တွင် ရှိနေသည့်ရှောင်ဟိုင်ကမူ တုန်လှုပ်ခြင်းမရှိဘဲ တဖက်မှကြည့်ပါက မှော်လှိုင်းများ ရုတ်တရက် ထိုးတက်လာသည်ကို တွေ့ရနိုင်ပေသည်။
သူ့နောက်တွင် ဧရာမတစ္ဆေကြီးတကောင်က စုဝေးလာခဲ့သည်။
နတ်ဆိုးနတ်ဘုရားဆင်းသက်လာလေပြီ!
ဘီလူးကြီး၏မျက်လုံးများက ကမ္ဘာကြီးကို ငုံ့ကြည့်နေသည့်အသွင် ရည်ရွယ်ချက်ဖြင့် သက်ရှိသတ္တဝါအားလုံးကို စူးစိုက်ကြည့်နေသည်။
သက်ရှိအားလုံးကို အပေါ်စီးကနေကြည့်နေစဉ် သူ့မျက်လုံးထဲ၌ သက်ရှိအားလုံးက ပုရွက်ဆိတ်များကဲ့သို့ပင်။
ချက်ချင်းဆိုသလို ရှောင်ဟိုင်ရှေ့တလှမ်းလှမ်းလိုက်သည်။
ခြေဖဝါးအောက်က ရေခဲအလွှာက ချက်ချင်းဆိုသလို ကြေမွပျက်စီးသွားပြီး ကျင်းယုံချီထံ သမိုင်းမတွင်မီက သားရဲတစ်ကောင်ပမာ ပြေး၀င်သွား၏။
ရှောင်ဟိုင်နှင့် မိုရင်၏ကိုယ်၌ တချိန်တည်းမှာပင် လှိုင်းသုံးကြောင်းပေါ်ပေါက်လာခဲ့သည်။
ထာ၀ရမှော်ကိုယ်ထည်က ထိုအခိုက်အတန့်၌ အထွပ်အထိပ်ကို ရောက်သွားသည်။
ယနေ့တွင် ရှောင်ဟိုင်၏မျက်လုံးထဲ၌ သူ့ရှေ့တွင် အပိုင်းပိုင်းစုတ်ဖြတ်ခံရမည်က ကျင်းယုံချီသာ။
ကျင်းယုံချီအနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
သူမလက်ထဲက ရေခဲဓားက စတင်ကခုန်လာစဉ် ပွင့်လန်းနေသည့် ရေခဲဓားပန်းပွင့်များက သူမရှေ့တွင် ပေါ်လာသည်။
ဓားပန်းပွင့်တိုင်းက ရေခဲ၏ဆိုလိုရင်းဖြင့် ပြည့်နှက်နေသည်။
ခါးသီးလောက်သည်အထိအေးစက်ခြင်း!
အကြမ်းပတမ်းပြေး၀င်လာသည့် ရှောင်ဟိုင်၏ ကိုယ်မျက်နှာပြင်တွင်လည်း ရေခဲအမှုန်အမွှားများရှိနေသည်။
ဤသည်က ရှောင်ဟိုင်၏အမြန်နှုန်းကို နှောင့်နှေးစေရန်ဖြစ်သည်။ သို့သော် ဤသည်ကသုံးလိုက်ခြင်းကရော ဘာထူးလေသနည်း။
အရှိန်က အနည်းငယ်မျှပင် လျော့မသွားခဲ့ပေ။
ရေခဲက ရှောင်ဟိုင်ကိုယ်၌ ပေါ်ပေါက်လာသည့်အခါတိုင်း ကြီးထွားနေသည့် ကြွက်သားများ၏ ဖျက်ဆီးခြင်းကိုခံရသည်။
ပွင့်လန်းနေသည့်ဓားပန်းပွင့်များကလည်း ထိုအခိုက်အတန့်၌ ရှောင်ဟိုင်ထံ ပစ်၀င်သွားကြသည်။
ကျန်းဟွားဓားက ထိုအနေအထားတွင် ရေခဲဓားတစ်လက်အဖြစ်ပြောင်းသွားပုံရပြီး ရှောင်ဟိုင်၏ကိုယ်ကို ထိုးဖောက်တော့မည့်အလားပင်။
ဤသည်ကိုမြင်သောအခါ ရှောင်ဟိုင်က လုံး၀ပြောင်းလဲပစ်ခြင်းမရှိပေ။
မှော်စွမ်းအင်များက တဟုန်ထိုးတက်လာနေချိန်တွင် သူထိုးချလိုက်သည်။
နတ်ဆိုးအော်သံ!
မှော်စွမ်းအင်များက ထိုးတက်သွားသည်။
တချိန်တည်းမှာပင် နတ်ဆိုးတစ္ဆေကလည်း ထိုးနှက်လိုက်လေသည်။
၎င်းက မြို့နှင့်တောင်များစွာကို ဖျက်ဆီးနေသည့်အလား ထိုရေခဲဓားပန်းပွင့်များပေါ်၌ ပွင့်လန်းသွားခဲ့သည်။
ရေခဲဓားပန်းပွင့်က ချက်ချင်းဆိုသလို ကြေမွသွားပြီး ရေခဲသလင်းကျောက်အပိုင်းအစများအဖြစ် ပြောင်းလဲကာ လေဟာနယ်ထဲတွင် ပြန့်ကြဲသွား၏။
ကျင်းယုံချီ၏မျက်နှာအရောင်က ပြောင်းလဲခြင်းမရှိဘဲ အနည်းငယ်ပြုံးလိုက်သည်။
သူမကလက်တစ်ဖက်နှင့်ဓားကိုကိုင်ထားပြီး ကျန်တစ်ဖက်ဖြင့် အကွက်ဆင်နေသည်။
ပြိုင်ပွဲစင်မြင့်၏ လေဟာပြင်၌ ပြန့်ကြဲသွားသည့် ရေခဲသလင်းကျောက်များက ထိုအခိုက်အတန့်၌ ပါးလွှာသောရေခဲဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး ဦးတည်ရာကိုပြောင်းကာ ရှောင်ဟိုင်ထံ နောက်တကြိမ်ပစ်၀င်လာသည်။
ကောင်းကင်ကို ဓားရှည်များဖြင့် ပြည့်နှက်အောင်လုပ်ပစ်စဉ် ဤသည်က မြို့တစ်မြို့ကို ဖျက်ဆီးနေသည့် ဓားတထောင်နှင့်ပင် တူနေသည်။
ဓားပေါ်က ဓားသွားလေးက အတော်လေးထက်ရှသည်။
ဤမြင်ကွင်းကို မြင်သောအခါ လူတိုင်းက အံ့ဩသင့်သွားကြသည်။
အေးခဲဝိဉာဉ်ဂိုဏ်းက တပည့်အဖြစ် လက်ခံသောလူတစ်ယောက်က သာမန်မဟုတ်ကြောင်းကို ဤသည်ကပင် လုံလောက်စွာ သက်သေပြနိုင်လေပြီ။
ကောင်းကင်ကနေ ဓားမိုးများနှင့်အတူ သိုင်းဧကရာဇ်တ၀က်အဆင့်စွမ်းအားရှင်များပင်လျှင် သူတို့အတွက် ခုခံရန် နေရာမရှိသည့်ပမာ ခံစားနေရသည်။
သူတို့ဘာမှမခုခံနိုင်ဘဲ ကောင်းကင်တခွင်က ထိုဓားမိုးများ၏ အသားများအထိ ထိုးဖောက်ခြင်းကိုသာ ခံရပေလိမ့်မည်။
ရှောင်ဟိုင်က လက်သီးကိုဆက်လက်ဝှေ့ယမ်းနေပြီး ထိုပါးလွှာသောဓားများကို အပိုင်းပိုင်းအစစလွှင့်စင်သွားစေသည်။
သို့သော် ကောင်းကင်တခွင်ပြည့်နှက်နေသည့် ဤပါးလွှာသောဓားရှည်များက မည်မျှပင် ထူထဲလိုက်လေသနည်း။
ပိုက်ကွန်ကနေ ချော်ထွက်သွားသည့် ငါးတကောင်ကရှိနေသေးပြီး ရှောင်ဟိုင်၏ ကိုယ်ပေါ်၌ ကျရောက်လာသည်။
ထိုအခိုက်အတန့်၌ ကျင်းယုံချီ၏မျက်နှာက ပြောင်းလဲသွားသည်။
ဤကောင်းကင်တခွင်က ပါးလွှာသောဓားရှည်များက ရှောင်ဟိုင်၏ကိုယ်ပေါ်၌ အဖြူရောင်အမှတ်အသားများကိုသာ ထားနိုင်ခဲ့သည်။ သွေးပင်ထွက်မလာခဲ့ပါ။
ရှောင်ဟိုင်၏မျက်နှာ၌ မည်သည့်နာကျင်မှုကိုမှ ခံစားမရသည့်အသွင်။
ဤပါးလွှာသောဓားများက သူ့ကိုယ်ပေါ် ကျရောက်လျှင်ပင် အန္တရာယ်မပြုနိုင်ဟု သူခံစားမိနေခြင်းကလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ထို့နောက် ကာကွယ်နေသည်ကို လက်လျှော့ကာ ကောင်းကင်ပေါ်မှ ဓားပါးအားလုံးကို ကျဆင်းလာစေရန်သာ ခွင့်ပြုလိုက်သည်။
ထို့နောက် ရှောင်ဟိုင်ကိုယ်တိုင် ပြိုင်ပွဲစင်မြင့်ပေါ် တက်လှမ်းလိုက်စဉ် နတ်ဆိုးချီက ပေါက်ကွဲသွား၏။
ပြိုင်ပွဲစင်မြင့်ပေါ်၌ အက်ကြောင်းများက ချက်ချင်းပင် ထွက်ပေါ်လာခဲ့ပြီး အရှိန်က ပေါက်ကွဲကာ ကျင်းယုံချီထံ ပြေး၀င်သွားသည်။
ထိုအခိုက်အတန့်၌ ကျင်းယုံချီ၏ မျက်နှာအမူအရာကလည်း ပြောင်းလဲသွားခဲ့သည်။
သူမက လေ့ကျင့်ခန်းများလုပ်လိုခြင်းသာဖြစ်သော်လည်း ရှောင်ဟိုင်က သူမရှေ့တွင် သူမကို အနိုင်ကျင့်နေသည်ကို တွေ့လိုက်ရသောအခါ ချက်ချင်းဆိုသလို နှင်းခဲဓားက လျင်မြန်စွာပင် ထိုးဖောက်လာသည်။
ဓားဆန္ဒနှင့် ရေခဲဆန္ဒတို့၏ပေါင်းစပ်ခြင်းက အတော်လေးကြောက်မက်ဖွယ်ကောင်းသည်။
ရှောင်ဟိုင်၏မျက်နှာက ထူးမခြားနားသည့်အသွင် လက်ငါးချောင်းကိုစုစည်းကာ လက်ဖဝါးကို လက်သီးအဖြစ် ပြောင်းလဲပစ်ပြီး လက်သီးတချက်ဖြင့် ပေါက်ကွဲပစ်လိုက်သည်။
သူ့နောက်က နတ်ဆိုးတစ္ဆေကလည်း ထိုးနှက်လိုက်လေသည်။
ဘန်း!
နှင်းရေခဲဓားက ဧရာမဘီလူးလက်သီးကြီးကို ထိုးဖောက်သွားသည်။
တွေးတောနေရန်ပင် အချိန်မရလိုက်ဘဲ ကျင်းယုံချီက တိုက်ရိုက်ပင် လွင့်စင်သွားသည်။
သူမက ခြေလှမ်းဒါဇင်ပေါင်းများစွာ နောက်ပြန်ဆုတ်လိုက်ရပြီး ပြိုင်ပွဲစင်မြင့်၏ အစွန်ကိုပင် ရောက်လာခဲ့သည်။
တချိန်တည်းမှာပင် သူမပါးစပ်ထောင့်စွန်းက သွေးများစီးကျလာသည်။
မူလက သိမ်မွေ့ပြီးဖြူစင်သော မျက်နှာလေးကလည်း ထိုအချိန်တွင် ကျန်းမာရေးဆိုးရွားသည့်အသွင် အနီရောင်ကို ပြသလာသည်။
သူမကရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် လှပပုံပေါ်နေသည်။ ရှောင်ဟိုင်က အမျိုးသမီးများအပေါ် စိတ်မ၀င်စားသည်က သိသာထင်ရှားနေသည်။
ရန်သူ၏သမီးဟူ၍မဆိုထားနဲ့၊ သူ့မျက်လုံးထဲတွင် သူမကသူ့၏အပိုင်းပိုင်းစုတ်ဖြဲခြင်းကို ခံရမည့်ရန်သူတစ်ဦးသာ။
ဘန်း!
ပြိုင်ပွဲစင်မြင့်ကနေ ဧရာမတုန်ခါမှုကြီးတခု ထွက်ပေါ်လာသည်။
ရှောင်ဟိုင်၏ပုံရိပ်က ထိုနေရာကနေ တဖန်ပျောက်ကွယ်သွားပြန်သည်။
ထို့နောက် ကျင်းယုံချီရှေ့တွင်ပေါ်လာပြီး နောက်တချက်ထိုးကာ ထပ်မံလွင့်စင်သွားစေသည်။
ကျင်းယုံချီ၏မျက်နှာက အကြီးအကျယ် ပြောင်းလဲသွားပြီး တုံ့ပြန်ရန်အတွက် အတော်လေးနောက်ကျနေပြီဖြစ်လေရာ ခုခံပိတ်ဆို့ရန်အတွက် ဓားကိုကိုင်ထားလိုက်သည်။
လက်သီးတချက်က ပြိုင်ပွဲစင်မြင့်ကို စုတ်ဖြဲပစ်နိုင်စွမ်းရှိသည်။
သို့သော် ဂိမ်းကဤကဲ့သို့ ကြေကွဲဖွယ်ရာအသွင်ဖြင့် အဆုံးသတ်တော့မည်ဟု လူတိုင်းက ထင်မြင်နေခိုက် ရှောင်ဟိုင် နောက်တလှမ်း လှမ်းလိုက်ပြန်သည်။
သူ့နောက်က နတ်ဆိုးတစ္ဆေကလည်း လက်ဖဝါးကို ဆန့်ထုတ်လိုက်ကာ ဝေဟင်အလယ်၌ ဇောက်ထိုးလွင့်ပျံနေသည့် ကျင်းယုံချီကိုကိုင်လျက် ရုတ်တရက် ပြိုင်ပွဲစင်မြင့်ပေါ်သို့ အားအပြည့်ဖြင့် ပစ်ချလိုက်သည်။
ကလစ်! ကလစ်! ကလစ်!
ပြိုင်ပွဲစင်မြင့်က ကျိုးပဲ့သွားသည်။
ပင့်ကူမျှင်ကဲ့သို့ မရေမတွက်နိုင်လောက်သည့် အက်ကြောင်းများထွက်ပေါ်လာပြီး ကျင်းယုံချီ အောက်ပြုတ်ကျသွားကာ သွေးအန်လိုက်ရသည်။
ရှောင်ဟိုင်က လေထုအလယ်၌ရပ်နေသည်။
ကျင်းယုံချီကို ထူးမခြားနားစွာကြည့်ရင်း ရှောင်ဟိုင်ပြောသည်။
"ထရပ်ပြီးဆက်တိုက်"
ထိုအခိုက်အတန့်၌ လူတိုင်းက တိတ်ဆိတ်နေကြသည်။
အပိုင်း(318) coming။
ငါ့တပည့်တွေက ဘုရင်တွေ