#မှော်ပုဆိန်ထွက်လာခြင်း#
Vol. 22 Ch. 318
ရှောင်ဟိုင်က လေထုအလယ်၌ရှိနေသေးပြီး တစ္ဆေနတ်ဆိုးကြီးက ကမ္ဘာကြီးသို့ ရောက်ရှိလာစဉ် လေနက်များက နေရာတိုင်းတွင်ရှိနေသည်။
ကောင်းကင်ကြီးတခုလုံးက ထိုအခိုက်အတန့်၌ မီးခိုးရောင်ပြောင်းသွားပုံရသည်။
ထိုအချိန်တွင် ရှောင်ဟိုင်က ဆင်းသက်လာသည့် နတ်ဆိုးတစ်ကောင်အလား။
ပြိုင်ပွဲစင်မြင့်ပေါ်၌ လဲနေသည့်ကျင်းယုံချီ၏ နှုတ်ခမ်းမှသွေးများစီးကျနေပြီး သူမ၏ကိုယ်ခန္ဓာက ကျိုးကြေကာ အတော်လေး ရှက်ရွှံ့နေပုံရသည်။
လူတိုင်းက ဤမြင်ကွင်းကို ထိတ်လန့်စွာ ကြည့်နေခဲ့ကြသည်။
ရှောင်ဟိုင်က ကျင်းယုံချီကို အလွယ်တကူ လွတ်ပေးရန် ရည်ရွယ်ချက်မရှိသည်က သိသာထင်ရှားနေသည်။
သူကသူမကို အမှန်တကယ် သတ်ပစ်ချင်နေခြင်းပင်။
ဤသည်က မြို့တော်၀န်စံအိမ်၏ပိုင်နက်ဖြစ်နေသည်ကိုပင် သူကရဲတင်းနေသည်လား။
ယန်ကျင်းဟိုင်ကလည်းဖျောင်းဖျသည်။
"ယဲ့ချိုးပိုင်၊ ဒါကမြို့တော်၀န်စံအိမ်ပိုင်နက်ဖြစ်ပြီးတော့ မြို့တော်၀န်ကျင်းယုံဂန်က ယွန်ချီမြို့က အားအကောင်းဆုံးပုဂ္ဂိုလ်ပဲ၊ အဲဒီအချိန်ကျရင် ကျင်းယုံဂန်ဒေါသထွက်လာမယ်ဆိုရင် ဘိုးဘေးတွေတောင်သူ့ကို တားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး"
ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။
"မစိုးရိမ်ပါနဲ့၊ ကျုပ်မှာ ကျုပ်ကိုယ်ပိုင်နည်းလမ်းရှိပါတယ်"
ယန်ကျင်းဟိုင်အနည်းငယ်ထိတ်လန့်သွားသည်။
ယဲ့ချိုးပိုင်မှာ ဝှက်ဖဲရှိနေသေးတာလား!
အဲဒါက သိုင်းဧကရာဇ်နယ်ပယ် နောက်ပိုင်းအဆင့်စွမ်းအားရှင်ကိုတောင် ရင်ဆိုင်လို့ရတာလား!
သို့သော် ယဲ့ချိုးပိုင် ဤသို့ပြောဆိုလာပြီဖြစ်လေရာ ယန်ကျင်းဟိုင်ကလည်း ဆက်လက်ဖြောင်းဖြမနေတော့ပါ။
ယဲ့ချိုးပိုင်ကဲ့သို့လူတစ်ယောက်က ထွေရာလေးပါး အချည်းနှီးစကားများကိုပြောဆိုပြီး အစွမ်းထက်သည့်အသွင် ဟန်ဆောင်မှာမဟုတ်တာကို သူသိပါသည်။
ကျင်းယုံဂန် ထိုမြင်ကွင်းကို ဒေါသတကြီးမျက်နှာထားဖြင့် ကြည့်နေသည်။
သိုင်းဧကရာဇ်နယ်ပယ် နောက်ဆုံးအဆင့်အငွေ့အသက်က တမင်သက်သက် ထုတ်လွှတ်ထားခြင်း မဟုတ်သည့်တိုင် ထိုအခိုက်အတန့်၌ ထိန်းမနိုင်သိမ်းမရ ထွက်ပေါ်လာသည်။
ကျင်းယုံဂန်ဒေါသထွက်နေသည်မှာ သိသာထင်ရှားနေလေပြီ။
သို့သော် ကျင်းယုံချီသည် ရှောင်ဟိုင်ကို ရှုံးနိမ့်လိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။
ယခုထိတိုင် သူမကနှိပ်စက်ခံနေရလေရာ ရှုံးနိမ့်မှုက အတော်လေးသနားစရာကောင်းသည်။
"လုံလောက်ပြီ"
ကျင်းယုံဂန်အော်ဟစ်လိုက်စဉ် အလွန်အစွမ်းထက်သည့် ဖိနှိပ်အော်ရာတခုက ရှောင်ဟိုင်ထံသို့ ခွန်အားအပြည့်အ၀ဖြင့် နင်းချေရန် ၀င်ရောက်သွား၏။
သို့သော် ယခုတကြိမ်တွင် ယဲ့ချိုးပိုင် လှုပ်ရှားလာသည်။
သူကရှောင်ဟိုင်နောက်ကနေ လေထုအလယ်သို့ရောက်လာပြီး ကျင်းယုံဂန်ရှေ့တွင် ရပ်လိုက်သည်။
ကျောက်စိမ်းဆွဲသီးတကုံးထွက်လာသည်။
ဘန်း!
ဓားအခင်းအကျင်းတခုက အဖျက်စွမ်းအားကို ထုတ်လွှတ်လိုက်ကာ ထိုအခိုက်အတန့်၌ ထိုးတက်လာခဲ့သည်။
ဤကျောက်စိမ်းဆွဲသီးထဲတွင် လုချန်ရှန်းစီစဉ်ထားသည့် ဓားအခင်းအကျင်းကို ထွင်းထုထားပြီး ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ရန်အတွက် ယဲ့ချိုးပိုင်အား ပေးခဲ့ခြင်းပင်။
ဓားအခင်းအကျင်းက ကျင်းယုံဂန်၏အော်ရာကို အပြည့်အ၀ပင် ခုခံနိုင်ခဲ့သည်။
တချိန်တည်းမှာပင် ကျင်းယုံဂန်အနည်းငယ် ထိတ်လန့်သွားသည်။
သူ့ရှေ့ကဓားအခင်းအကျင်းကို ကျင်းယုံဂန် မသေချာမရေရာသည့် အမူအရာဖြင့် ကြည့်နေခဲ့သည်။
ဤထဲတွင် ခြိမ်းခြောက်မှု၏အဓိပ္ပာယ်များပါ၀င်နေသည်။
သိုင်းဧကရာဇ်နယ်ပယ်နောက်ဆုံးအဆင့်စွမ်းအားရှင်ဖြစ်သည့် ကျင်းယုံဂန်ပင်လျှင် ကြောက်ရွှံ့နေရသည်။
ဤသည်က မည်ကဲ့သို့သော ဓားအစီအရင်ပင် ဖြစ်လေသနည်း။
ကျင်းယုံဂန် ကြည့်ရဆိုးသည့် မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
"မင်းတကယ်ပဲ အရာအားလုံးကို အမှန်တကယ် လုပ်တော့မှာလား"
ယဲ့ချိုးပိုင် ခပ်ပေါ့ပေါ့ရယ်မောလိုက်သည်။
"မြို့အရှင်၊ အသက်နဲ့သေခြင်းတရားဆိုတာ အရေးမကြီးပါဘူး၊ ဒီကိစ္စကို ခင်ဗျားသမီးကိုယ်တိုင် ပြောခဲ့တာပါ၊ ဒီတော့ ဒီတကြိမ် ၀င်စွက်ဖက်တာက မကောင်းလောက်ဘူးမလား"
ထိုစကားလုံးများကို ကြားသောအခါ ကျင်းယုံဂန်၏မျက်နှာက ပို၍ပင် ကြည့်ရဆိုးသွားခဲ့သည်။
"သူကငါ့သမီးပဲ၊ သူအသတ်ခံရတာကို ငါကြည့်နေရမယ်ဆိုတာ ဖြစ်သင့်လို့လား"
"ပြီးတော့ မင်းလူအသတ်ခံရရင်ရော မင်းလည်း ဒီလိုလုပ်မှာပဲမလား"
ဤစကားကိုကြားသောအခါ ယဲ့ချိုးပိုင် တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။
"ကျုပ်ညီလေးကရှုံးမှာမဟုတ်သလို ရှုံးနိမ့်ဖို့ဆိုတာက မဖြစ်နိုင်ဘူး"
သူ့အသံထဲက ယုံကြည်မှုက ကျင်းယုံဂန်၏အမူအရာကို ထပ်မံပြောင်းလဲသွားစေသည်။
ထိုအချိန်တွင် ပြိုင်ပွဲစင်မြင့်ပေါ်က ကျင်းယုံချီက နှုတ်ခမ်းအစုံကိုကိုက်လျက် ဖြည်းညင်းစွာ ထရပ်ကာပြောသည်။
"အဖေ၊ သမီးမရှုံးသေးပါဘူး"
ထိုစကားကိုကြားသောအခါမှသာ ကျင်းယုံဂန်အနည်းငယ် စိတ်သက်သာရာရသွားသည်။
ကြည့်ရသည်မှာ ကျင်းယုံချီတွင် မထုတ်သုံးရသေးသည့် ဝှက်ဖဲတခုရှိသေးပုံရသည်။
ကျင်းယုံချီ ရှောင်ဟိုင်ကို အေးစက်စွာကြည့်သည်။
သူမမျက်လုံးထဲတွင် ကြောက်ရွှံ့မှုအနည်းငယ်ရှိနေသော်လည်း လေးနက်မှုများပါ၀င်နေသည်။
"ငါဒီလှည့်ကွက်ကို မသုံးချင်ပါဘူး၊ ဒီလှည့်ကွက်ကိုသုံးရခြင်းက ငါ့အတွက် ကြီးမားတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိလာနိုင်တယ်"
"ဒါပေမယ့် နင်ကသေချင်နေပြီဆိုမှတော့ ငါထိန်ချန်မနေတော့ဘူး"
ထိုသို့ပြောပြီးနောက်တွင် ကျင်းယုံချီ၏ မျက်ခုံးများကြား၌ သန့်စင်သည့် နှင်းပွင့်ဖြူတံဆိပ်တခုပေါ်လာသည်။
ဤနှင်းပွင့်အမှတ်အသား ပေါ်လာသည်နှင့်တပြိုင်နက် လေဟာပြင်တခုလုံး၏အပူချိန်က လုံး၀သုညအထိ ကျဆင်းသွားပုံရသည်။
လူတိုင်းတုန်လှုပ်ချောက်ချားနေကြ၏။
မတတ်သာသည့်အဆုံး ဤကိုက်ဖြတ်လာသည့်ရေခဲကို ခုခံရန်အတွက် သူတို့အော်ရာကို အသုံးပြုလိုက်ကြရသည်။
သို့စေကာမူ အော်ရာကို လုံး၀ခုခံနိုင်ခြင်းမရှိသည်ကို တွေ့လိုက်ရသဖြင့် သူတို့ထိတ်လန့်သွားကြသည်။
ဤသည်က ရေခဲ၏အဓိပ္ပာယ်ပေတည်း။
ကင်းခြေများကဲ့သို့ပင် လူများ၏အော်ရာကို ထိုးဖောက်ကာ သူတို့ကိုယ်ထဲသို့ ၀င်ရောက်သွားကြ၏။
နယ်ပယ်နိမ့်ကျင့်ကြံသူများက ထပ်ခါထပ်ခါဆုတ်နေရသည်။ သို့သော် ဤသည်က မပြီးသေး။
ကျင်းယုံချီက သူမပါးစပ်ထောင့်စွန်းက သွေးများကို သုတ်ပြီးနောက် သူမမျက်ခုံးကြားရှိ သန့်စင်သည့်နှင်းပွင့် အမှတ်အသားကို ဖြတ်သန်းကာ သူမလက်ချောင်းများက ပြေးသွားသည်။
ဟူးးးး!
လေနှင့်ဆီးနှင်းများစတင်အသံမြည်ဟီးလာသည်။
မျက်ခုံးအလယ်ရှိ သန့်စင်သည့်နှင်းပွင့်ဖြူအမှတ်အသားက ထိုအခိုက်အတန့်၌ သွေးအဖြစ်သို့ ပြောင်းလဲသွားပြီး ဂရုဏာသက်စွာ ကလူမြူဆွယ်နေပုံပေါ်လေသည်။
ကျင်းယုံချီ၏အော်ရာက စတင်မြင့်တက်လာသည်။
သူမ၏ကိုယ်ခန္ဓာပုံပန်းအသွင်ကလည်း အဆိုပါနှင်းမုန်တိုင်းနှင့်အတူ တဖြည်းဖြည်းရောနှောသွားခဲ့သည်။
ချက်ချင်းဆိုသလို ထွက်ပေါ်လာသည့် သွေးနီရောင်နှင်းပွင့်များက သွေးနီရောင်ဓားရှည်များအဖြစ် ပြောင်းလဲသွား၏။
"ဒါက အေးခဲဝိဉာဉ်ဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ်တခုပဲ၊ တကယ်လို့နင်ခုခံနိုင်တယ်ဆိုရင် ငါရှုံးပြီ"
"ဒါပေမယ့် နင့်မှာ ဒီလိုအခွင့်အရေးမျိုး ရှိမှာမဟုတ်တော့ပါဘူး...."
အသံကျဆင်းလာသည်နှင့်တပြိုင်နက် သွေးနီရောင်ဓားရှည်များအဖြစ် ပြောင်းသွားသည့်နှင်းမုန်တိုင်းက မုန်တိုင်းတစင်း၏ အားနှင့်အတူ ရှောင်ဟိုင်ထံ ရွေ့လျားသွားသည်။
အရှိန်က အတော်လေးကြောက်မက်ဖွယ်ကောင်းသည်။
ဤမြင်ကွင်းကိုတွေ့သည့်တိုင် ရှောင်ဟိုင်၏မျက်လုံးများက ထူးမခြားနားသေးပေ။
ထိုအချိန်တွင် ရှောင်ဟိုင်၏လက်ထဲတွင် စစ်ပုဆိန်သွားတပ်ဆင်ထားသည့် ပုဆိန်တစ်လက် ပေါ်လာသည်။
ပုဆိန်ပေါ်၌ မှော်အစီအရင်များကို ထွင်းထုထားသည်။
မှော်အစီအရင်ထဲတွင် မှော်စွမ်းအင်များက ထိုးတက်လာသည်။
ရှောင်ဟိုင် ပုဆိန်ကိုဆွဲကိုင်လိုက်စဉ် သူ့အော်ရာက ထပ်မံမြှင့်တက်လာပြန်သည်။
သူ့နောက်က နတ်ဆိုးတစ္ဆေကြီးကလည်း လက်ထဲတွင် ပုဆိန်တစ်လက်ကို ထုတ်ကိုင်လိုက်လေသည်။
မှန်ပေသည်။ ဤပုဆိန်က လုချန်ရှန်း ရှောင်ဟိုင်ကို ပေးအပ်ခဲ့သည့် အရာပေတည်း။
၎င်း၏နာမည်က ကောင်းကင်ကိုးသွယ်နတ်ဆိုးပုဆိန်ဖြစ်သည်။
ဤသည်က ရှောင်ဟိုင်အဖို့ ဤမှော်ပုဆိန်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းပင်။
အထဲတွင်ပါ၀င်သည့် နတ်ဆိုးသဘာ၀က ရှောင်ဟိုင်၏အသိစိတ်ပင်လယ်ထဲသို့ တိုက်ရိုက်၀င်ကာ အသိစိတ်ကို ဆုံးရှုံးလုနီးပါးပင် ဖြစ်သွားစေသည်။
အသိစိတ်ပင်လယ်ထဲက ချိပ်တံဆိပ်၏ အကာအကွယ်ကြောင့်သာမဟုတ်ပါက ရှောင်ဟိုင်တစ်ယောက် စွဲလမ်းခြင်းအခြေအနေ၌ လုံး၀ကျရောက်သွားနိုင်သည်။
တချိန်တည်းမှာပင် ရှောင်ဟိုင် အသက်ပြင်းပြင်းရှုလိုက်ပြီး ကောင်းကင်ကိုးသွယ်နတ်ဆိုးပုဆိန်သွားကို လက်နှစ်ဖက်ဖြင့် ကိုင်လိုက်ပြီး ဝှေ့ယမ်းလိုက်လေသည်။
နတ်ဆိုးစွမ်းအင်က ဆူနာမီကဲ့သို့ပင် မြှင့်တက်လာပြီး သွေးနီရောင်မုန်တိုင်းကို တိုက်မိသွားသည်။
ဘန်း!
ထိုအချိန်တွင် လေဟာပြင်၌ အက်ကြောင်းတခုပေါ်ပေါက်လာသည်။
ကြည့်ရသည်မှု ဤလေဟာပြင်က အဆိုပါမှော်ပုဆိန်၏ ကြီးစိုးလွန်းသည့်စွမ်းအားကို မခံနိုင်ပုံရသည်။
ဤမှော်ပုဆိန်ကြီးက ကျဆင်းလာပြီး ကောင်းကင်၌ပြည့်နှက်နေသည့် မုန်တိုင်းကလည်း ထိုတဒင်္ဂလေးအတွင်းမှာပင် ဖြစ်ပျက်သွားခဲ့သည်။
တိုက်ချက်တခုက ကျိုးပဲ့သွားခဲ့သည်။
ထိုအခိုက်အတန့်၌ မုန်တိုင်းက လွင့်စင်ပျောက်ကွယ်သွားသည်။ ကျင်းယုံချီ၏ ပုံရိပ်ကလည်း ပေါ်ပေါက်လာခဲ့သည်။
သူမက မြေပေါ်၌ဒူးထောက်ကာ လက်နှစ်ဖက်ကို မြေပေါ်ထောက်လျက် အဆက်မပြတ် သွေးအန်နေသည်။
သူမသွေးအန်လိုက်သည့်အကြိမ်တိုင်း သွေးများစွာက မြေကြီးပေါ်ပြန့်ကြဲကျသွားခဲ့ပြီး မြေကြီးအား အနီရောင်ဆိုးပစ်လိုက်သည်။
ကျင်းယုံချီက နာကျင်နေပြီး အထိတ်တလန့်ပြောသည်။
"ဒါ.... ဒါဘယ်လိုလက်နက်မျိုးလဲ"
ရှောင်ဟိုင်အဖြေမပေးပါ။
သူက မှော်ပုဆိန်ဖြင့် ကျင်းယုံချီအား ညွှန်ကာပြောလိုက်သည်။
"မင်းသေရမလား၊ အသက်ရှင်မလားဆိုတာက အရေးမကြီးတော့ပါဘူး"
"မင်းရှုံးသွားပြီဆိုမှတော့ သေရမယ်"
စကားပြောပြီးသည်နှင့် ကျင်းယုံချီ၏ ကြောက်စိတ်ပြည့်နှက်နေသည့် လှပသည့် မျက်နှာလေးကိုပင် ဂရုမစိုက်ဘဲ ရှောင်ဟိုင် ကျင်းယုံချီထံ ပစ်လိုက်သည်။
ဤမြင်ကွင်းကို ကောင်းကင်ပေါ်က ကျင်းယုံဂန်မြင်ပြီး ကျယ်လောင်စွာအော်ဟစ်ကာ လက်ဖဝါးတချက် ပစ်လွှတ်လိုက်၏။
ယဲ့ချိုးပိုင် အေးစက်စွာနှာခေါင်းရှုံ့ရင်း ဓားအစီအရင်ကို အားဖြည့်လိုက်သည်။
ဖျက်ဆီးလိုသည့်ဓားဆန္ဒက ထိုအခိုက်အတန့်၌ ကြီးမားသည့်ဓားတစ်လက်အဖြစ်ပြောင်းကာ ထိုလက်ဖဝါးချက်ကို ရင်ဆိုင်သည်။
ချိုးဖျက်လိုက်!
ထိုအချိန်မှာပင် လူတိုင်း၏ အကြည့်က ရှောင်ဟိုင်၏မှော်ပုဆိန်နှင့်အတူ လိုက်ပါသွားခဲ့သည်။
မှော်ပုဆိန်က ကျင်းယုံချီ၏ သေမျိုးကိုယ်ခန္ဓာကို တိုက်ရိုက်ပင် ထိမှန်သွားသည်ကို အားလုံးမြင်လိုက်ရသည်။
ဘန်း!
သိုင်းပညာစင်မြင့်က အက်ကွဲသံများ ထွက်ပေါ်နေသည်။ တချိန်တည်းမှာပင် သွေးစက်များက နေရာအနှံ့စိမ့်၀င်သွားကြသည်။
ကျင်းယုံချီက သိသာစွာပင် ထိုနေရာ၌ လဲကျသွားခဲ့သည်။
လူတိုင်းထိတ်လန့်သွားကြ၏။
ရှောင်ဟိုင်က နယ်စပ်ကိုဖြတ်ပြီး ကျင်းယုံချီကိုသတ်ပစ်ခဲ့သည်သာမက ဤသည်က မြို့တော်၀န်စံအိမ်၏ပိုင်နက်အတွင်း ဖြစ်နေခဲ့သည်။
မြို့အရှင်ကျင်းယုံဂန်ရှေ့၌ သူ့သမီးကို ခေါင်းဖြတ်သတ်ခြင်း!
မည်မျှပင်ရဲတင်းလိုက်လေသနည်း!
အပိုင်း(319) coming။
ငါ့တပည့်တွေက ဘုရင်တွေ