#ဓားအခင်းအကျင်း၏စွမ်းအား#
Vol. 22 Ch. 319
ယွန်ချီမြို့က အားအကောင်းဆုံးလူဖြစ်သည့် မြို့တော်၀န်အရှင် ကျင်းယုံဂန်၏ သမီးဖြစ်သူ ကျင်းယုံချီ၏အဆင့်အတန်းက မည်မျှပင် မြင့်မားလေသနည်း။
ဤသည်ကိုမဆိုထားနဲ့၊ လက်ရှိကျင်းယုံချီကို ပထမတန်းစားကုန်းတွင်းအင်အားစုတခုဖြစ်သည့် အေးခဲဝိဉာဉ်ဂိုဏ်းက တပည့်တစ်ဦးအဖြစ် အမှန်တကယ်လက်ခံခဲ့သည်။
အေးခဲဝိဥာဉ်ဂိုဏ်းထဲတွင် သူမတွင်ပုံရိပ်တခုရှိသည်။
ဤတောက်ပမှုများအောက်တွင် သူမက ရှေ့က မိစ္ဆာဆန်လွန်းသည့်ပုံရိပ်ကြောင့် သတ်ပစ်ခံခဲ့ရသည်။
မည်မျှပင် ရဲတင်းလိုက်လေသနည်း။
သူက မြို့တော်၀န်စံအိမ်ကို စော်ကားရန်ပင် မကြောက်ဘူးဆိုရင်တောင်မှ အေးခဲဝိဉာဉ်ဂိုဏ်းကို ကြောက်သင့်သည်။
အေးခဲဝိဉာဉ်ဂိုဏ်း၏ လိုက်ဖမ်းခြင်းကိုသာ ခံရမည်ဆိုပါက တာအိုနယ်ပယ်က စွမ်းအားရှင်တစ်ဦး၏တည်ရှိမှု၊ နယ်ပယ်သုံးခု၏ခွန်အားရှင်များအောက်ကနေ ထွက်လမ်းရှိမည်လား။
ယန်ကျင်းဟိုင် ထိုမြင်ကွင်းကို နက်ရှိုင်းသည့်မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
သူ့နှလုံးသားကအတော်လေးလေးလံနေသည်။
ယနေ့ကိစ္စက မကောင်းတော့တာကို သူသိသည်။
နေရာချသည်ကို သူဘယ်လိုညှိုရတော့မည်နည်း။
သူက ယဲ့ချိုးပိုင်တို့သုံးယောက်နှင့် တလှေတည်းဆက်စီးသင့်သည်လား၊ သို့မဟုတ် သူတို့နှင့် မပတ်သက်ဘဲနေလိုက်မည်လား။
ဤသည်အပြင် ယန်မိသားစုက မြို့တော်၀န်စံအိမ်ထက်ပို၍ကြီးမားသည့် အရာတခုရင်ဆိုင်ရပေလိမ့်မည်။
ဤသည်က အေးခဲဝိဉာဉ်ဂိုဏ်း၏ ကြောက်ခမန်းလိလိဒေါသပေတည်း။
အကယ်၍ ပြဿာနာဖြစ်သည်က မြို့တော်၀န်စံအိမ်သာဆိုပါက လုံမိသားစုနှင့် လုံချန်မြို့က ခွန်အားကိုအားကိုးမှီခိုပါက မြိုတော်၀န်စံအိမ်က ယန်မိသားစုကို မြန်မြန်ဆန်ဆန် အရေးယူရဲမည်မဟုတ်။
မည်သို့ပင်ဆိုစေကာမူ လုံမိသားစု၏ခွန်အားက မြို့တော်၀န်စံအိမ်ထက် အများကြီးအားကောင်းသည်။
အကယ်၍ ကုန်းတွင်းက ပထမတန်းစားအင်အားစုတခုဖြစ်သည့် အေးခဲဝိဉာဉ်ဂိုဏ်းသာဆိုပါက ယန်မိသားစုက ဤကပ်ဘေးကနေ လွတ်မြောက်နိုင်မည်မဟုတ်တော့။
ယန်ကျင်းဟိုင်၏မျက်လုံးများက ကြည့်ရဆိုးနေသည်။
ကျင်းယုံဂန်ကိုရင်ဆိုင်နေသည့် ယဲ့ချိုးပိုင်ကိုကြည့်လိုက်စဉ် နတ်ဆိုးနတ်ဘုရားနှင့်တူသည့်ရှောင်ဟိုင်နှင့် တည်ငြိမ်ရိုးသားပုံရသည့် ရှီရှန်းတို့က လုံး၀စိုးရိမ်မှုမရှိသည့်အလား ရှိနေကြသည်။
သူ့နှလုံးသားက အတော်လေးနာကျင်နေသည်။
အရိုးသားဆုံးဆိုရပါက ဤလူသုံးယောက်၏ အနာဂတ်နှင့်ပတ်သက်၍ သူအတော်လေးအကောင်းမြင်ထားသည်။
ပါရမီက အတော်လေးအားကောင်းသည်။
အနာဂတ်တွင် ဤသည်က နယ်နိမိတ်မဲ့နယ်မြေ၏ အခြေအနေကို သေချာပေါက်နှိုးထစေလိမ့်မည်။
မိသားစုခေါင်းတောင်နဖြစ်လဲ သူကအများကြီးစဉ်းစားရန်လိုသည်။
မိမိ၏ကိုယ်ကျိုးဆန္ဒများအတွက်ကြောင့် ယန်မိသားစု၏အနာဂတ်ကို မဖျက်ဆီးသင့်ပေ။
ထိုအခိုက်အတန့်၌ ယန်ကျင်းဟိုင် အကျပ်ရိုက်နေသည်။ ပရိသတ်ထိုင်ခုံကနေ လျိုယွန်က ဤမြင်ကွင်းကို လေးနက်သော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
သူသည်လည်း ကြေးစားအဖွဲ့ကို လွတ်သင့်သလား၊ မလွတ်သင့်ဘူးလားဆိုသည်ကို တွေးတောနေသည်။
ယဲ့ချိုးပိုင်တို့သုံးယောက်၏အနာဂတ်က သေချာပေါက်နိမ့်ကျလာမည်မဟုတ်ပေ။
သူတို့ကိုကယ်တင်ပေးခြင်းက ကြေးစားအစည်းအရုံးအတွက် ကောင်းပေသည်။
သို့သော်ဆိုးကျိုးက သူတို့က အေးခဲဝိဉာဉ်ဂိုဏ်း၏ ရန်သူဖြစ်သွားခြင်းပင်။
သို့သော် ဤသည်ကိုတွေးတောရင်း ယဲ့ချိုးပိုင်တို့သုံးယောက်က ယခုတကြိမ် မြို့တော်၀န်စံအိမ်ကနေ အသက်ရှင်လျက် လွတ်မြောက်နိုင်သရွေ့ ဤကိစ္စကို အစည်းအရုံး၏ စီနီယာအုပ်ချုပ်သူထံတင်ပြကာ သူတို့အား ဆုံးဖြတ်ချက်တခု ချခိုင်းရန် ဆုံးဖြတ်လိုက်သည်။
ဤသည်ကို အကောင်းဆုံးကြင်နာမှုတခုအဖြစ် မှတ်ယူ၍ရသည်။
...
ထိုအချိန်တွင် လေထုအလယ်၌ ကျင်းယုံဂန်၏မျက်နှာက အတော်လေးမည်းမှောင်နေခဲ့သည်။
သူ့မျက်လုံးအစုံ၌ ဒေါသကလောင်ကျွမ်းနေသည့်အလားထင်ရသည်။ ဤသည်က မြို့တစ်မြို့ကို လောင်ကျွမ်းစေရန်ပင် လုံလောက်နေလေပြီ။
သူ့မျက်နှာရှေ့တွင် သူ့သမီးကိုသတ်ပစ်ခြင်း!
ဤကဲ့သို့အရာက ကြုံရသောအခါတွင် ဖြတ်ကျော်လွှားရန်ခက်ခဲသည်။
အောက်တွင် စိတ်ချောက်ချားနေသည့် ကျင်းဟုန်မြောင်ကလည်း အသိစိတ်ပြန်၀င်လာသည်။ ဤမြင်ကွင်းကို မြင်ရသောအခါ သူအံကြိတ်ကာ လည်မြိုကနေ ဟိန်းသံတချက်ထုတ်လိုက်သည်။
လေထုကိုမျက်နှာချင်းဆိုင်ရင်း ရှောင်ဟိုင်က ထူးမခြားနားသည့်အသွင် ရှိနေပြီး မှော်စွမ်းအင်အပြည့်ဖြင့် လေထဲသို့ပြေးသွားသည်။
ကျင်းယုံဂန်ဤသည်ကိုမြင်သည်။
စိုးရိမ်ပူပန်သည့်အမူအရာတခုက သူ့မျက်လုံးများ၌ ပေါ်လာပြီး ချက်ချင်းလက်ညိုးထိုးလိုက်သည်။
ဝိဉာဉ်စွမ်းအင်လှိုင်းတခုက ကျင်းဟုန်မြောင်၏ကိုယ်ကို လွှမ်းခြုံကာ နောက်သို့ ပစ်ချလိုက်သည်။
"ဟုန်မြောင်၊ စိတ်လိုက်မာန်ပါမလုပ်နဲ့၊ ကျန်တဲ့ကိစ္စကို အဖေ့ကိုလွှဲထားလိုက်"
ကျင်းဟုန်မြောင်တည်ငြိမ်သွားသည်။
သို့သော် သူ့မျက်လုံးထဲတွင် ခက်ထန်နေသည့် မကျေနပ်သည့်အမူအရာများရှိနေသည်။
သူကပြိုင်ဘက်ကိုမယှဉ်နိုင်တာသိသည်။
ထို့ကြောင့်လည်း လုံလောက်အောင် အားမကောင်းလာသည့်အပေါ် သူ့ကိုယ်သူသာ မုန်းတီးနေမိသည်။
သူပို၍အားကောင်းလာချင်သည်။
သူပို၍အားကောင်းလာပြီး လက်စားချေချင်သည်။
ဤစိတ်ကူးကြောင့်ပင် ကျင်းဟုန်မြောင်၏ မူလကတုန်ယင်နေသည့်နှလုံးသားက ငြိမ်သက်သွားသည်။
ကျင်းယုံဂန် သူ့ရှေ့က ယဲ့ချိုးပိုင်ကို ကြည့်ရင်း ဓားအစီအရင်ကို ကြောက်သဖြင့် လှုပ်ရှားမှုမပြုလုပ်ဘဲ ဒေါသကိုဖိနှိပ်ကာ လေးနက်သည့်အသံဖြင့်မေးသည်။
"ဒီကိစ္စအတွက် ရှင်းလင်းချက်တခုမပေးသင့်ဘူးလား"
ယဲ့ချိုးပိုင်ညင်သာစွာရယ်မောရင်း အနည်းငယ်မျက်ခုံးပင့်ကာ ပြောသည်။
"၀န်ခံချက်လား၊ ဘာအတွက်၀န်ခံချက်လဲ"
"သေချာပေါက် မင်းဂျူနီယာညီလေးက ငါ့သမီးကို သတ်တဲ့အတွက်ပေါ့"
"ဟား...." ယဲ့ချိုးပိုင်အော်ဟစ်ရယ်မောကာ ငေါ့တော့တော့ပြောလိုက်သည်။
"အသက်နဲ့သေခြင်းတရားကို ငါဂရုမစိုက်ဘူး၊ အဲဒါကို ခင်ဗျားသမီးက အရင်အဆိုပြုခဲ့တာမဟုတ်ဘူးလား"
"ဒီကိစ္စကို ခင်ဗျားလည်း အလိုအလျောက် သဘောတူပြီးသားလေ"
"ဘာကိုရှင်းပြရမှာလဲ"
"ခင်ဗျားက ကျုပ်ရဲ့ဂျုနီယာညီလေးကို ခင်ဗျားသမီးအသက်အတွက် ပေးဆပ်စေချင်တာလား"
ကျင်းယုံဂန်၏မျက်နှာက မည်းမှောင်သွား၏။
သူသဘောတူခဲ့ရသည့်အကြောင်းရင်းက ကျင်းယုံချီ၏ ကိုယ့်ကိုကိုယ်ယုံကြည်မှုကြောင့်ပင်။
ရှောင်ဟိုင်တွင် ဤကဲ့သို့ခွန်အားမျိုးရှိမည်မဟုတ်ဟု သူတွေးခဲ့မိသည့်အတွက်ကြောင့်လည်းဖြစ်သည်။
ဤသည်ကပျက်ကွက်ခြင်းသာ။
ဒါပေမယ့် အခုကျင်းယုံချီအသတ်ခံလိုက်ရတာလေ!
"ဒီလိုဆိုရင်တောင် သူကငါ့သမီးဖြစ်နေသေးတယ်ကွ"
ကျင်းယုံဂန် နက်ရှိုင်းသည့်အသံဖြင့် အော်ဟစ်လိုက်သည်။
"သူကငါ့ရှေ့မှာအသတ်ခံခဲ့ရတာ၊ ငါသာ သူ့အတွက် လက်စားမချေပေးဘူးဆိုရင် အဖေတယောက် ဘယ်လိုဖြစ်နိုင်မှာလဲ"
ဤသည်ကိုကြားသောအခါ ယဲ့ချိုးပိုင်ကလည်း သဘောတူသည့်အသွင် ခေါင်းညိတ်သည်။
"တကယ်တော့ ကျုပ်သာဆိုရင်လည်း ခင်ဗျားနဲ့အလားတူလုပ်မှာပါပဲ"
ကျင်းယုံဂန်က အနည်းငယ်အံ့ဩသင့်သွားသည်။
"အိုး၊ ဒီတော့ မင်းရဲ့ဂျူနီယာညီလေးကို ငါ့ဆီလက်လွှဲပေးဖို့ ကတိပေးလိုက်တာလား"
ယဲ့ချိုးပိုင်ခေါင်းခါယမ်းရင်းပြုံးသည်။
"ကျုပ်ဆိုလိုတာက ခင်ဗျားလှုပ်ရှားလို့ရပါတယ်၊ ဒါပေမယ့် ခင်ဗျားလုပ်နိုင်မလား၊ မလုပ်နိုင်ဘူးလားဆိုတာက ခင်ဗျားရဲ့ အရည်အချင်းအပေါ် မူတည်တယ်"
"မင်းငါ့ကိုအရူးလုပ်နေတာလား"
ကျင်းယုံဂန်၏မျက်နှာက မည်းမှောင်နေသည်။
ဆောင်းဦးသစ်ရွက်များကြွေကျကာ တိမ်ဖြူများနှင့် လေပြေလေညင်းများ တိုက်ခတ်နေသည်။
ကျင်းယုံဂန်၏ မျက်နှာအသွင်အပြင်က အပြာရောင်၊ အဖြူရောင်ပြောင်းနေပြီးနောက် အေးစက်စွာနှာခေါင်းရှုံ့လိုက်၏။
သူ့တကိုယ်လုံးကအော်ရာကို လှည့်ပတ်စေစဉ် ထိုအခိုက်အတန့်၌ သိုင်းဧကရာဇ်နယ်ပယ် နောက်ပိုင်းအဆင့်ခွန်အားက ပေါက်ကွဲသွားသည်။
သူ့ကိုယ်တဝိုက်၌ အရူးအမူးလှည့်ပတ်ကာ လက်ဖဝါးပေါ်၌စုဝေးလာသည်။
ထို့နောက်လက်ဖဝါးတချက်ရိုက်ထုတ်လိုက်လေသည်။
လက်ဖဝါးချက်က တောင်တစ်တောင်အလား ဓားအခင်းအကျင်းကို ရိုက်နှက်ကာ ရှောင်ဟိုင်အား သတ်ပစ်ချင်နေခဲ့သည်။
ဤကြောက်မက်ဖွယ်ဓားအစီအရင်ကို ဖယ်ရှားပစ်ရပေမည်။
ယဲ့ချိုးပိုင်မှိန်ဖျော့စွာပြုံးလိုက်၏။
ကျောက်စိမ်းဆွဲသီးကိုကိုင်ကာ ဓားအစီအရင်ကို ခြယ်လှယ်ကိုင်တွယ်နေစဉ် ကြောက်မခန်းလိလိ ဓားဆန္ဒက ဧရာမဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး ဤဧရာမလက်ဖဝါးချက်ကြီးကို ရင်ဆိုင်ပစ်သည်။
ဓားကထိုးဖောက်သွား၏။
အရာအားလုံးက ငြိမ်သက်သေဆုံးသွားသည့်အလားထင်ရသည်။
အထဲကဓားဆန္ဒက မည်မျှပင်အားကောင်းသည်ဟုမူ လေဟာနယ်ကို ထိုးဖောက်ကာ ဧရာမလက်ဖဝါးချက်ကို တိုက်ရိုကိ ထိုးဖောက်သွားသည်။
ကျင်းယုံဂန်၏အမူအရာက ပြောင်းလဲသွားခဲ့သည်။
ဤဓားအခင်းအကျင်းက သူ့ကို သေခြင်းတရား၏ ခြိမ်းခြောက်မှုတခုကို အမှန်တကယ်ပေးဆောင်နေသည်။
ဒါဘယ်အဆင့်အစီအရင်လဲဟ!
ဓားဆန္ဒကလည်း အရမ်းကြောက်ဖို့ကောင်းတာပဲ!
ဓားဘုရင်ရဲ့ဓားဆန္ဒဆိုရင်တောင် ဒီလောက်ထိတော့ မပိုသင့်ဘူးလေ၊ ဟုတ်တယ်မလား!
သို့သော် သူ့တွင်တွေးတောရန် အချိန်မရှိပါ။
ဤဓားကိုပိတ်ဆို့တားဆီးရန်အတွက် ကျင်းယုံဂန်လက်ဖဝါးကိုဝှေ့ယမ်းလိုက်စဉ် ကြောက်ခမန်းလိလိအော်ရာက လက်ဖဝါးပေါ်၌ စုစည်းလာပြီး ဧရာမဝိဉာဉ်ဝဲဂယက်တခုအဖြစ် အလျင်အမြန် ပြောင်းလဲသွား၏။
ချက်ချင်းဆိုသလို ဝိဉာဉ်စွမ်းအင်ဝဲဂယက်ထဲတွင် ဧရာမလက်တစ်ဖက်အမှန်ပင် ထွက်ပေါ်လာခဲ့ပြီး ဓား၏ ကျယ်ပြန့်သည့်ဓားဆန္ဒကို ဆုပ်ကိုင်လိုက်ပြီး ပိတ်ဆို့ရန်အတွက် ဤဓားကို ချေမွပစ်ချင်နေသည်။
သို့သော် လုချန်ရှန်းထွင်းထုထားသည့်ဓားအခင်းအကျင်းက မည်သို့မည်ပုံ ရိုးရှင်းနိုင်မည်နည်း။
ဓား၏စည်းမျဉ်းများကို ထွင်းထုထားခြင်းမရှိသော်ငြားလည်း ဓားဆန္ဒက အတော်လေးအစွမ်းထက်နေဆဲပင်။
ယဲ့ချိုးပိုင်ပင်လျှင် အတော်လေးစိတ်လှုပ်ရှားစွာ တွေးမိသွား၏။
ဆရာလုချန်ရှန်းရဲ့ခွန်အား!
ဆရာကဘယ်အဆင့်မှာလဲ!
ဓားသိုင်းပညာက ဘယ်အထိတောင် ရောက်နေတာလဲ!
အရမ်းကိုနက်ရှိုင်းလွန်းတာပဲ!
ပြီးတော့ ခြွင်းချက်အနေနဲ့ အရမ်းထူးခြားဆန်းကြယ်လွန်းတယ်!
ယဲ့ချိုးပိုင် သူ့ဆရာအား ဖောက်ထွင်းမြင်နိုင်စွမ်းမရှိချေ။ သူ့ဆရာ၏ခွန်အားနှင့် ယှဉ်၍ရသည့် လူတစ်ဦးကိုမှ သူမတွေ့ဖူးပါ။
ယခုအချိန်တွင် အော်ရာဝဲဂယက်ကနေ ထွက်ပေါ်လာသည့် ဧရာမလက်က ဓားဆန္ဒကနေပြောင်းလဲထားသည့်ဓားကို လက်ဖဝါးထဲတွင် တင်းတင်းဆုပ်ညှစ်လိုက်၏။
သို့သော် ဆုပ်ညှစ်လိုက်သည့် အခိုက်အတန့်မှာပင် ကျင်းယုံဂန်၏အမူအရာက ပြောင်းလဲသွားခဲ့သည်။
သူ့လက်အစုံ၌သွေးများရှိနေပြီး သွေးများထိုးထွက်လာကြသည်။
သူ့လက်ထဲက သွေးကြောများက စတင်ပေါက်ကွဲလာသည်။
ယခုအချိန်တွင် ဤဓားချက်ကသာ ထိုးဖောက်သည်နှင့်တပြိုင်နက် ဤသည်က ကျင်းယုံဂန်ကိုပင် သတ်ပစ်နိုင်စွမ်းရှိပေလိမ့်မည်။
ဓားဆန္ဒက အရူးအမူးထိုးတက်လာသည်။
ကျင်းယုံဂန်မထိန်းချုပ်နိုင်တော့သည်ကို သိသွားသဖြင့် အော်ဟစ်ရုံသာ တတ်နိုင်တော့သည်။
"ငါနားလည်ပြီ၊ မင်းမလှုပ်ရှားဘူးဆိုရင်...."
သို့သော် ယဲ့ချိုးပိုင်က မရပ်တန့်သေးပေ။
အပိုင်း(320) coming။
ငါ့တပည့်တွေက ဘုရင်တွေ