#တစုံတယောက်ကို သတ်ရန်အတွက် ဓားတလက်ငှားယမ်းခြင်း#
Vol. 22 Ch. 320
ရပ်ရမှာလား!
ယဲ့ချိုးပိုင်စိတ်ထဲကနေ လှောင်ပြောင်လိုက်သည်။
မည်သို့ရပ်ရမည်နည်း။
ပြောရမည်ဆိုပါက ယခုသူတို့က မြို့တော်၀န်စံအိမ်နှင့် မဆုတ်သာမတိုးသာသည့် အနေအထားတခုဖန်တီးခဲ့လေပြီ။
ခင်ဗျားသေမလား၊ ကျုပ်ရှင်မလား!
ယခုမည်သို့ရပ်တန့်ရမည်နည်း။ မြို့တော်၀န်စံအိမ်က သူတို့သုံးယောက်ကို ရူးကြောင်ကြောင်လက်စားချေလာမည့် အနာဂတ်ကို စောင့်ဆိုင်းနေရမည်လား။
ယဲ့ချိုးပိုင်က တုံးအသည့်လူတယောက်မဟုတ်ပေ။ ဤကဲ့သို့ မိုက်မဲသည့်အရာမျိုးကို သူလုပ်မည်မဟုတ်။
ရန်သူဖြစ်နေသရွေ့ ပေါင်းပင်များကို ခုတ်လှဲပစ်ပြီး အမြစ်များကနေ ဖြတ်တောက်ပစ်ရန် လိုအပ်သည်။
လုံး၀ထိန်ချန်ထားနေစရာမလိုပေ။
ဤသည်ကို မဆိုထားနဲ့၊ သူတို့က ကျင်းယုံဂန်၏သမီးကို သတ်ပစ်ခဲ့သည်။ ယခုရပ်ခြင်းက သူတို့ဘေး၌ အဆိပ်မြွေတကောင်ကို ချန်ထားခြင်းဖြင့်သာ အဆုံးသတ်သွားပေလိမ့်မည်။
အခွင့်အရေးတခုရလာသည်နှင့်အမျှ ဤအဆိပ်မြွေက သူတို့ကို အဆိပ်ဖြင့် တိုက်ခိုက်လာပေလိမ့်မည်။
တချက်တည်းဖြင့် သေအောင် ပေါက်သတ်လာပေလိမ့်မည်။ ယဲ့ချိုးပိုင် ဤသို့ဖြစ်လာမည်ကို ခွင့်မပြုနိုင်ပါ။
ယဲ့ချိုးပိုင်တွင် ရပ်တန့်ရန်အတွက် ရည်ရွယ်ချက်မရှိသည်ကို မြင်ရသောအခါ ကျင်းယုံဂန်၏မျက်နှာက အတော်လေး ကြည့်ရဆိုးသွားသည်။
သူလည်း ဒါကိုသိပါသည်။
ယခုလိုအခြေအနေတွင် ပြိုင်ဘက်က သေချာပေါက် ရပ်တန့်မည်မဟုတ်ပေ။
သူဆိုပါကလည်း အနာဂတ်ပြဿာနာများကို ရှောင်ရှားရန်အတွက် ဤသို့ထပ်တူထပ်ညီ လုပ်မိမည်သာ။
ဤသည်က ဉာဏ်ကောင်းသောလူများလုပ်တတ်ကြသည့်အရာပေတည်း။
ဤအချက်ကိုတွေးမိသောအခါ ကျင်းယုံဂန်နောက်ထပ်ပါးစပ်ဟမနေတော့ဘဲ လက်တစ်ဖက်နှင့် ကောင်းကင်ကိုညွှန်ရင်း လက်တံဆိပ်ကို ထုတ်လိုက်သည်။
မြို့တော်၀န်စံအိမ်၌ အစီအရင်တခုက ကောင်းကင်ပေါ်သို့ ထိုးတက်လာသည်။
အစီအရင်၏စွမ်းအားက ကျင်းယုံဂန်၏လက်၌ အမှန်တကယ်ကောင်းချီးပေးခံနေရပြီး ရွှေပုံရိပ်ယောင်သံချပ်ကာတခုအဖြစ်ပြောင်းလဲသွားသည်။
တချိန်တည်းမှာပင် ဝဲဂယက်ကနေဖြစ်တည်လာသည့် ဧရာမလက်ကလည်း ထိုအခိုက်အတန့်၌ ရွှေသံချပ်ကာဖြင့် ဖုံးလွှမ်းသွား၏။
တခဏအကြာတွင် အသံများက ထပ်မံထိုးထွက်လာသည်။
ယန်ကျင်းဟိုင်၏မျက်နှာက အနည်းငယ်ပြောင်းလဲသွား၏။
သူအရင်ကတည်းကကြားဖူးသည်။
မြို့တော်၀န်စံအိမ်တွင် ကျင်းယုံဂန်က ကုန်းတွင်းက အစီအရင်သခင်တယောက်ကို ဖိတ်ခေါ်ရန်အတွက် ငွေအများကြီး အသုံးပြုခဲ့ပြီး ယခုလိုအစီအရင်မျိုးကို ချခဲ့သည်။
ဤအစီအရင်ကိုပိုင်ဆိုင်ထားသည့် ယနေ့ကျင်းယုံဂန်က သာမန်သိုင်းဧကရာဇ်နယ်ပယ်နောက်ဆုံးအဆင့်စွမ်းအားရှင်များထက် အများကြီးပို၍ အားကောင်းနေပေလိမ့်မည်။
သို့သော် ဤသို့ဆိုလျှင်ပင် ဘာများအသုံး၀င်မည်နည်း။
အစီအရင်၏စွမ်းအားဖြင့် ပြုလုပ်ထားသည့် ရွှေချပ်၀တ်က အတော်လေးအစွမ်းထက်သည်။
သို့စေကာမူ ယဲ့ချိုးပိုင်၏ဓားအစီအရင်၏စွမ်းအားက ပြိုင်ဘက်အစီအရင်၏ စွမ်းအားကို ကျော်လွန်နေဆဲပါ။
ကြောက်မက်ဖွယ်ရာ ဓားဆန္ဒက အကြမ်းကတမ်းထိုးတက်သွားပြီး ကမ္ဘာကြီးအား ဖြတ်ကျော်ကာ လေဟာနယ်ကိုချိုးဖျက်ရင်း တောင်နှင့် မြို့များကို ဖျက်ဆီးပစ်သည်။
ဧရာမလက်ပေါ်တင်ထားသည့် ရွှေရောင်ချပ်၀တ်ကို လှုပ်ခတ်နေသည့်လှိုင်းများနှင့်အတူ အဆက်မပြတ် တုန်ခါစေသည်။
ထိုအခြေအနေတွင် ကျင်းယုံဂန်၏ အမူအရာက ပြောင်းလဲသွား၏။
ဒီလိုဆိုရင်တောင် အလွယ်တကူ မပိတ်ဆို့နိုင်သေးတာလား!
ဒီဓားအစီအရင်ကို ဘယ်သူဖန်တီးထားတာလဲ!
နှလုံးသားထဲကနေဟစ်ကြွေးရင်း လက်စွပ်ထဲကနေ ရတနာတခုပြီးတခု ထုတ်ယူလိုက်သည်။
ဤရတနာများက မြို့တော်၀န်စံအိမ်က နှစ်ပေါင်းများစွာကြာ သိမ်းဆည်း၊ အခြေကုပ်ရယူထားသည့် အဆင့်မြင့်ပစ္စည်းများပေတည်း။
ဈေးကွက်တွင် လေလံတင်မည်ဆိုလျှင်ပင် ဈေးကြီးဖြင့် ရောင်း၍ရသည်။
ယွန်ချီမြို့က နယ်စပ်မြို့တမြိုဖြစ်သော်လည်း ကျင်းယုံဂန်က ဤယွန်ချီမြို့၏ အရှင်တစ်ဦးဖြစ်လေရာ နောက်ခံက အတော်လေးနက်ရှိုင်းနေဆဲပင်။
ရတနာများကိုကြည့်ရင်း သူကဓားအခင်းအကျင်းထဲသို့ပစ်ထည့်လိုက်သည်။ ဤသည်က ဓားဆန္ဒပြောင်းလဲမှုကို တိုက်ရိုက် ထိခိုက်စေခဲ့သည်။
ကျင်းယုံဂန်၏နှလုံးသားက သွေးယိုစီးကျနေသည်။
သို့သော်လည်း ဧရာမဓား၏စွမ်းအားကို မြင်ရသောအခါတွင်မူ ဤသည်က တဖြည်းဖြည်းလျော့ကျသွား၏။
ကျင်းယုံဂန်အရမ်းကြီးဂရုမစိုက်ပေ။
ငွေကြေးမည်မျှပင် ရှိနေစေကာမူ အသက်ထက် အရေးပါနိုင်မည်လား။
အစိမ်းရောင်တောင်ကုန်းများကို ထင်းအတွက် စိတ်ပူနေစရာမလိုရန် ထိန်းသိမ်းထားသေးသဖြင့် ကျင်းယုံဂန် ဤအမှတ်တရားကို နားလည်သည်။
နောက်ဆုံးတွင် ဓားအခင်းအကျင်း၏ စွမ်းအားက အနိမ့်ဆုံးအဆင့်ကို ကျဆင်းလာခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ဤသည်က ကျောင်စိမ်းဆွဲသီး၌ သိုလှောင်ထားခြင်းဖြစ်ပြီး လုချန်ရှန်းထွင်းထုထားသည့် ဓားအခင်းအကျင်းက ရိုက်ချက်တခုတည်းသာရှိလေရာ စွမ်းအားအများကြီး မကျန်ရှိခဲ့ပေ။
ကျင်းယုံဂန်၏တိုက်ခိုက်မှုက ပျက်သုဉ်းသွားခဲ့သည်။ သူ့ကိုယ်ခန္ဓာက ပြင်းထန်စွာ ဒဏ်ရာရရှိပြီး အသက်ရှူသံက အားနည်းလာစဉ် ဓားအခင်းအကျင်းကလည်း ပျောက်ကွယ်သွားခဲ့သည်။
ကျင်းယုံဂန် လေးနက်သည့်မျက်နှာထားဖြင့် ပြောလိုက်သည်။
"မင်းဘယ်သူလဲ"
ယခုလိုဓားအခင်းအကျင်းမျိုးကို ပိုင်ဆိုင်ရန်ဟူသည် နောက်ခံက တမူထူးခြားနေရပေမည်။
ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
"ဒါကခင်ဗျားစိုးရိမ်နေသင့်တဲ့အရာမဟုတ်ပါဘူး"
ဤစကားလုံးများကို ကြားသောအခါ ကျင်းယုံဂန်၏စိတ်ထဲတွင်လည်း တခြားအတွေးများရှိနေပြီး တခဏမျှချင့်ချိန်စဉ်းစားကာ ပြောသည်။
"သွားကြရအောင်"
မြေကြီးပေါ်က ကျင်းဟုန်မြောင်က ဤစကားလုံးများကို ကြားသောအခါ ချက်ချင်းအော်ဟစ်လိုက်သည်။
"အဖေ"
"တိတ်စမ်း"
ကျင်းယုံဂန်စူးစိုက်ကြည့်လိုက်သည်။
ထို့နောက် သူယဲ့ချိုးပိုင်အားကြည့်သည်။
"ဒီကိစ္စကို ဒီအတိုင်းထားလိုက်ကြရအောင်"
ယဲ့ချိုးပိုင် ကျင်းယုံဂန်အား နက်ရှိုင်းစွာ တချက်စိုက်ကြည့်ရင်း တဖက်လှည့်ကာ ထွက်သွားသည်။
ကျင်းယုံဂန်၏စကားလုံးများကိုသူမယုံပါ။
သို့သော် နောက်ထပ်တိုက်ချက်တခုထုတ်လွှတ်ရန်ဟူသည်မဖြစ်နိုင်တော့။ ပြိုင်ဘက်က အပြင်းအထန် ဒဏ်ရာရထားသော်လည်း သူက သိုင်းဧကရာဇ်နယ်ပယ် နောက်ဆုံးအဆင့်က စွမ်းအားရှင်တစ်ဦး ဖြစ်နေသေးသည်။
ယခုလိုလူမျိုးက သူ့အသက်အတွက် တိုက်ခိုက်လာသည်နှင့် မိမိတို့သုံးယောက်၏ ပူးပေါင်းခွန်အားဖြင့် သူ့ကို သတ်ကောင်းသတ်နိုင်ပေလိမ့်မည်။ သို့သော် သူက နာကျင်ဖွယ်ရာတန်ဖိုးတခုကိုတော့ ပေးဆပ်ရပေလိမ့်မည်။
မြို့တော်၀န်စံအိမ်တွင် ကျင်းယုံဂန်တစ်ဦးတည်းမဟုတ်ပေ။ လီနှင့်ခန်းမိသားစုတို့ကလည်း ကြည့်နေကြသည်။
သူအရဲစွန့်၍မရပေ။
ဤသည်ကိုတွေးတောပြီးနောက် ယဲ့ချိုးပိုင် ရှောင်ဟိုင်နှင့် ရှီရှန်းတို့ကိုနှုတ်ဆက်ကာ ထိုနေရာမှ ထွက်သွားသည်။
ဤကိစ္စက ယာယီပြီးသွားခဲ့ပါပြီ။
ပရိသတ်ထိုင်ခုံ၌ လျိုယွန်က လေးနက်သည့်ပုံပေါ်မေပြီး ချက်ချင်းထွက်သွားသည်။
ဘေးကဟီလင်းကမေးသည်။
"ဘာသွားလုပ်မှာလဲ"
လျိုယွန်က နောက်လှည့်မကြည့်ဘဲ လျှောက်သွားပြီးနောက် စာတကြောင်းကိုသာ ချန်ထားခဲ့သည်။
"အဆင့်မြင့်အစည်းအရုံးကို တင်ပြဖို့"
ဟီလင်းအနည်းငယ်အံ့ဩသင့်သွားသည်။
သို့သော် သူကလျိုယွန်၏ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားသည်။
ယခုလိုပါရမီမျိုးကို စုဆောင်းထားသင့်သည်။ ဤသည်က အားကျခြင်းနှင့် ထိုက်တန်သည်။
ယန်ကျင်းဟိုင်ကလည်း တခုခုကို ဆုံးဖြတ်လိုက်သည့်အလား တိတ်တဆိတ်သက်ပြင်းချကာ ယန်ချီကိုကိုင်ပြီးပြောသည်။
"သွားကြရအောင်၊ သွားကြရအောင်"
ယန်ချီခေါင်းညိတ်ကာ ယဲ့ချိုးပိုင်တို့ကို လိုက်မှီရန်ကြိုးစားသည်။
သို့သော် ယန်ကျင်းဟိုင်က သူ့ကိုဖမ်းပြီး တခြားတဘက်ကနေ လျှောက်သွားသည်။
ယန်ချီအံ့ဩသင့်သွားရသည်။
"အဖေ"
ယန်ကျင်းဟိုင်သက်ပြင်းချကာပြောသည်။
"ဘယ်လိုပဲဆိုဆို ယန်မိသားစုက အဆင့်နိမ့်အင်မားစုတခုပါပဲ၊ ငါတို့က အေးခဲဝိဉာဉ်ဂိုဏ်းနဲ့ ယှဉ်လို့မရဘူး...."
ဤစကားကို ကြားသောအခါ ယန်ချီပူပန်သွားမိသည်။ သို့သောါ ယန်ကျင်းဟိုင်၏ အကြောင်းရင်းကို သူနားလည်သည်။
သူယန်ကျင်းဟိုင်နှင့် ထွက်သွားရုံသာ တတ်နိုင်တော့သည်။
လူများက မြို့တော်၀န်စံအိမ်ကနေ တစ်ဦးပြီးတစ်ဦး ထွက်ခွာကြရင်း ဆွေးနွေးနေကြသည်။
ပျက်စီးနေသည့် သိုင်းပညာစင်မြင့်နှင့် သွေးစက်များစွာကိုကြည့်ရင်း ကျင်းယုံဂန်၏နှလုံးသားက လေးလံနေသည်။
ကျင်းဟုန်မြောင်ထရပ်လာပြီး ဒေါသတကြီးမေးသည်။
"အဖေ၊ ဘာလို့သူတို့ကို သွားခွင့်ပေးလိုက်ရတာလဲ"
ကျင်းယုံဂန် တဖက်လှည့်ကာ ကျင်းဟုန်မြောင်ကိုစိုက်ကြည့်ရင်း လေးနက်သည့်အသံဖြင့်ပြောသည်။
"အစွန်အဖျားကို ရှောင်ရှားဖို့အတွက်ပါပဲ"
"ဘာပဲဖြစ်ဖြစ် ပြိုင်ဘက်မှာ ဘယ်လိုဝှက်ဖဲတွေရှိသလဲဆိုတာ ငါတို့မသိဘူး"
"မဖြစ်နိုင်တာ......."
ကျင်းယုံဂန်လက်ဝှေ့ယမ်းရင်း ကျင်းဟုန်မြောင်၏စကားလုံးများကို ကြားဖြတ်သည်။
"ဟုန်မြောင်၊ မင်းအခုချက်ချင်းထွက်ခွာပြီးတော့ ဆရာ့ရဲ့ဂိတ်နဲ့ အေးခဲဝိဉာဉ်ဂိုဏ်းကို သွားပြီး ဒီကိစ္စကို သူတို့ကို အသိပေးလိုက်ပါ"
ကျင်းဟုန်မြောင်အနည်းငယ်စိုက်ကြည့်ပြီး လက်နှစ်ဖက်ချက်ချင်းဆုပ်ကာ ထွက်သွားသည်။ သူ့အဖေဆိုလိုတာကို သူနားလည်သည်။
ဤသည်က တစ်စုံတစ်ယောက်ကို သတ်ဖြတ်ရန်အတွက် ဓားတစ်လက်ငှားယူခြင်းပင်။
....
ထိုအချိန်တွင် နယ်နိမိတ်မဲ့နယ်မြေ၏ အလယ်ဗဟို၌ ဧရာမအင်ပါယာမြို့ကြီးခုရှိသည်။
ဤအင်ပါယာမြို့က တောင်ပိုင်းဒေသထက် အနည်းငယ်ပိုကြီးသည်။ ထို့နောက် နယ်နိမိတ်မဲ့နယ်မြေ၏ စွမ်းအားဗဟိုချက်လည်းဖြစ်သည်။
ဤနေရာတွင် နယ်နိမိတ်မဲ့ပိုင်နက်ကို အုပ်ချုပ်သူရှိပြီး သူက နယ်နိမိတ်မဲ့မင်းဆက်ပင်ဖြစ်လေသည်။
ခန်းမတခုထဲတွင် လူတစ်ယောက်လေ့ကျင့်နေသည်။
ထိုအချိန်တွင် ချပ်၀တ်အပြည့်အစောင့်တစ်ဦးရောက်လာပြီး လက်နှစ်ဖက်ဆုပ်ကာ လေးစားစွာပြောသည်။
"အရှင်မင်းသား၊ ခွန်းလွန်ကောင်းကင်ဘုံရေကန်က ဖွင့်လှစ်ပါတော့မယ်"
ထိုလူကမျက်လုံးအစုံဖွင့်ကာ ခေါင်းညိတ်သည်။
ယနေ့ခေတ်တွက် အမျိုးသားများ၏နယ်ပယ်က ခွန်းလွန်ကောင်းကင်ဘုံရေကန်၏ ၀င်ခွင့်အခြေအနေကိုပင် ကျော်လွန်နေကြလေပြီ။
သို့သော် ခွန်းလွန်ကောင်းကင်ဘုံရေကန် ဖွင့်လှစ်သည်နှင့်တပြိုင်နက် တော်၀င်မိသားစုက ထိုနေရာသို့ လူများစေလွှတ်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ခွန်းလွန်ကောင်းကင်ဘုံရေကန်က ပါရမီရှင်တချို့ကို ရှာဖွေနိုင်ပါသေးသည်။ ဤသည်က အားကျစရာပင်။
ထိုလူကခန်းမထဲသို့လျှောက်လာပြီး ခွန်းလွန်နှင်းတောင်တန်းရှိရာဘက်သို့ လှမ်းကြည့်ကာ အပြုံးဖြင့်ဆိုသည်။
"ညီအစ်ကိုယဲ့တို့သွားမလား၊ မသွားဘူးလားဆိုတာ ငါမသိဘူး"
ချက်ချင်းဆိုသလို သူကတဟားဟားရယ်မောရင်း ခေါင်းခါယမ်းသည်။
"မဟုတ်ဘူး၊ သူတို့ခွန်အားနဲ့အရည်အချင်းအရဆိုရင် သူတို့သေချာပေါက် သွားကြလိမ့်မယ်"
"နောက်ကျရင်တွေ့ကြတာပေါ့၊ မင်းတို့ရဲ့ခွန်အား ဘယ်လောက်ထိမြှင့်တက်လာသလဲဆိုတာ ကြည့်ကြရအောင်....."
အပိုင်း(321) coming။
ငါ့တပည့်တွေက ဘုရင်တွေ