#ကျေးဇူးတင်ပါတယ်, စီနီယာ....#
Vol. 22 Ch. 321
ယဲ့ချိုးပိုင် ကျောက်စိမ်းဆွဲသီး၏ ဓားအစီအရင်ကို အသုံးပြုလိုက်သည်နှင့်တပြိုင်နက် အဝေးက ကန္တာရဒေသက လုချန်ရှန်းက သတိထားမိသွားပြီဖြစ်သည်။
ထိုအချိန်က သူက ဟင်းသီးဟင်းရွက်ဥယျာဉ်ထဲက မြေဆီလွှာများကို တင်းမာမနေဘဲ လျော့ရဲရဲဖြစ်အောင် လုပ်ပေးနေခြင်းပင်။။
ဓားအခင်းအကျင်း အသုံးပြုလိုင်သည်ကို ခံစားမိသောအခါ သူသက်ပြင်းချလိုက်သည်။
ကြည့်ရသည်မှာ သူမကြာခင် ခရီးရှည်တခုထွက်ရတော့မည့်ပုံပင်။
ဒီကောင်စုတ်လေးတွေ!
အဲမှာရှိတာဘယ်လောက်ကြာသေးလို့လဲ!
ပြဿာနာတွေစပြီးဖန်တီးနေပြီလား!
ပြောရမည်ဆိုပါက လုချန်ရှန်း သူ့တပည့်များ၏ ပြဿာနာရှာနိုင်စွမ်းကို အမှန်တကယ် လေးစားသည်။
အထူးသဖြင့် ယဲ့ချိုးပိုင်ပင်။
ထိုအချိန်တွင် စံအိမ်တော်၌ ပုံရိပ်တခုပေါ်ပေါက်လာသည်။
ထိုလူကထူးခြားသည့်အရှိန်အဟုန်ကို ပိုင်ဆိုင်ထားသည့် အတော်လေးငယ်ရွယ်ကာ ချောမောသည့်လူတစ်ယောက်ပင်။
လုချန်ရှန်းစိုက်ကြည့်လိုက်သော်လည်း စကားပြောဆိုခြင်းမရှိသလို သူ့အမူအရာကလည်း ပြောင်းလဲသွားခြင်းမရှိချေ။
သူကထိုဟာကိုကျင့်သားရသွားပုံရသည်။
ထိုလူက လျိုကျိယုမှလွဲ၍ တခြားမည်သူဖြစ်နိုင်မည်နည်း။
လျိုကျိယုအပြုံးဖြင့်လျှောက်ကာ ဟင်းသီးဟင်းရွက်ဥယျာဉ်ထဲက ဟင်းသီးဟင်းရွက်များကို ကြည့်လိုက်စဉ် သူ့မျက်လုံးထဲ၌ ထိတ်လန့်နေသည့် ခံစားချက်တခုရှိနေသည်။
သူအကြိမ်ရေမည်မျှပင် ကြည့်စေကာမူ ကြောက်လန့်မှုကို ခံစားနေရဆဲပင်။
ထို့ထဲမှ သဘာ၀ပစ္စည်းများနှင့် လောကီရတနာတွေက သူ့မျက်လုံးထဲတွင် တွေ့နေကျပစ္စည်းများဆိုတာ သိသာထင်ရှားနေသည်။
သို့သော် ထိုအရာများ၏ သက်တမ်းနှင့် အထဲတွင်ပါ၀င်သည့်အော်ရာက အတော်လေးမြင့်မားသည်။
သူ့ဘ၀တွင်သူပထမဆုံးမြင်ဖူးခြင်းပင်။
သူ့ကိုပို၍သွေးအန်စေသည်က ထိုကောင်းကင်နှင့် မြေကြီး၏ရတနာများကြားတွင် စည်းမျဉ်းစွမ်းအားက မထင်မရှားပေါ်လာခြင်းပင်။
စည်းမျဉ်းများ၏စွမ်းအား!
ဤသည်က ဤကမ္ဘာထဲတွင် ကောင်းကင်လမ်းကြောင်းနှင့် အနီးစပ်ဆုံးစွမ်းအားပင်။
နားလည်ရန်အတွက် မည်သို့မည်ပုံ လွယ်ကူနိုင်မည်နည်း။
သို့စေကာမူ ဤသည်က လူတချို့ မည်သောအခါမှ ထိမတွေ့နိုင်သည့် စည်းမျဉ်းများ၏စွမ်းအားပါရှိသော ဆေးဖက်၀င်အပင်သာ။
ဒါကဘယ်လိုလုပ် သူ့ကို တွေးမိအောင် လုပ်နိုင်လေသနည်း။
"စီနီယာလု၊ ခင်ဗျားနောက်တကြိမ် မြေဖို့နေတာလား"
ဤသည်ကိုကြားသောအခါ လုချန်ရှန်း မျက်လုံးလိမ့်လိုက်မိသည်။
"မဟုတ်ရင်ရော"
"ကျွန်တော်မြင်နိုင်တယ်၊ စီနီယာ၊ ဒီရက်တွေမှာ ခင်ဗျားတူညီတဲ့ဘဝကို ထပ်တလဲလဲ ဖြတ်သန်းနေတာပဲ..."
လျိုကျိယုနှလုံးသားထဲကနေ တီးတိုးပြောလိုက်မိသည်။ အိပ်သည်၊ စားသည်၊ မြေဖို့သည်၊ အိပ်သည်၊ ရေးသည်၊ ပုံဆွဲသည်...
ဤသည်အပြင် တခြားဘာမှမရှိပါ။
"ခင်ဗျားမပင်ပန်းဘူးဆိုတာ ဖြစ်နိုင်လို့လား"
လုချန်းရှန်း အလွယ်တကူပင်ပြောလိုက်သည်။
"မင်းဘာလို့ပင်ပန်းရတာလဲ"
လျိုကျိယု အနည်းငယ်လန့်သွားသည်။
ဟုတ်တယ်!
မင်းဘာလို့ပင်ပန်းရတာလဲ!
ဤအရာများက ဖြစ်နေကျဟုဆို၍ရသော်လည်း အဖြစ်အများဆုံးဖြစ်သည်။
သို့စေကာမူ ဤသည်က သာမန်ဖြစ်နေလျှင်ပင် ဘာအရေးနည်း။
ဘာလို့ပင်ပန်းရတာလဲ!
အရာအားလုံးတွင် ၎င်း၏ကိုယ်စီကိုယ်စီ အဓိပ္ပာယ်ရှိသည်။
အသေးအဖွဲ့အရာဖြစ်စေ၊ ကြီးမားသည့်အရာဖြစ်စေ၊ သေမျိုးကလုပ်သည်ဖြစ်စေ၊ ကျွမ်းကျင်သူကလုပ်သည်ဖြစ်စေ အကုန်လုံးတွင် အဓိပ္ပာယ်ကိုယ်စီရှိသည်။
တနည်းပြောရမည်ဆိုပါက လူတိုင်းတွင် သူတို့၏ကိုယ်ပိုင်နည်းလမ်းရှိသည်။
ဤသည်ကလျိုကျိယုကို နိုးထသွားစေသည်။
သင်ဘာပဲလုပ်နေပါစေ၊ စိတ်မရှည်ခြင်း၊ ပျင်းရိခြင်းဟူသည် ရှိမနေသင့်ပေ။ သဘာ၀ကို သင်ခန်းစာဟုမှတ်ယူပြီး တာအိုကို နားလည်ရမည်။
မင်းဘာလို့ပင်ပန်းရတာလဲ!
လျိုကျိယုလေးနက်သည့်မျက်နှာဖြင့် ထရပ်ကာ ကျေးဇူးတင်နေသောမျက်နှာဖြင့် လက်နှစ်ဖက်ဆုပ်လျက် ညင်သာစွာဦးညွတ်သည်။
"ကျေးဇူးတင်ပါတယ်၊ စီနီယာ"
ဘာလဲ!
ဤစကားကိုကြားသောအခါ လုချန်ရှန်း အနည်းငယ်အံ့ဩသင့်သွားသည်။
မင်းဘာလို့ငါ့ကို ရုတ်တရက် ကျေးဇူးတင်နေရတာတုန်းဟ!
ငါထပ်ပြီးဘာလုပ်မိလို့လဲ!
ချီးပဲ၊ ဖျားပဲဖျားချင်တော့တယ်!
ထို့နောက်မျက်လုံးလိမ့်ရင်းပြောသည်။
"မင်းမှာ ဘာမှလုပ်စရာမရှိဘူးလို့ထင်ရင် ငါ့အတွက် သွားချက်ပြုတ်လိုက်"
လျိုကျိယုအပြုံးဖြင့်ခေါင်းညိတ်သည်။
"ဟုတ်ကဲ့၊ ကျွန်တော်နားလည်ပါပြီ"
စကားပြောပြီးနောက် လျိုကျိယု မီးဖိုချောင်ထဲသို့ လျှောက်သွားသည်။
သိပ်မကြာခင်မှာပင် သူက ဟင်းလျာလေးမျိုးနှင့် စွပ်ပြုတ်တခွက်နှင့်အတူ ရောက်လာသည်။
လုချန်ရှန်းတငုံသောက်ကြည့်လိုက်စဉ် အကူအညီမဲ့စွာ ခေါင်းညိတ်လိုက်မိသည်။
လျိုကျိယုက အနည်းငယ်စိတ်အနှောက်အယှက်ဖြစ်ဖွယ် ကောင်းသော်လည်း ဤလူ၏ ချက်ပြုတ်ခြင်းစွမ်းရည်က အတော်လေးမြင့်မားပြီး ထိုကျွမ်းကျင်သည့် စားဖိုမှုးများထက် ပိုကျွမ်းကျင်သည်။
ထို့ကြောင့်လည်း လုချန်ရှန်းက လျိုကျိယုကို အဝေးသို့ အလျင်စလို မကန်ထုတ်ပစ်ခြင်းပင်။
ပုံမှန်အားဖြင့် သူကနေထွက်လာသောအခါတိုင်း နေ့စဉ်နေ့တိုင်း စံအိမ်တော်သို့ ရောက်လာတတ်သည်။
လုချန်ရှန်းမေးသည်။
"မင်း၊ မင်းအရင်က ချက်ပြုတ်တာ လေ့ကျင့်သင်ယူဖူးလား"
လျိုကျိယုပြုံးကာ ခေါင်းခါယမ်းသည်။
"ကျွန်တော်အရင်က တခါမှ မသင်ယူဖူးပါဘူး"
ထိုသို့ပြောနေစဉ် လျိုကျိယုက သူ့တူနှစ်ချောင်းကို မည်သောအခါမှ မလှုပ်ရှားပေ။
လုချန်ရှန်း နှုတ်ခမ်းတချက်ကွေ့လိုက်သည်။
"မင်းဘာလို့ဒီလိုလုပ်နေရတာလဲ၊ မင်းနည်းနည်းစားရင်တောင် မသေနိုင်ပါဘူး"
လျိုကျိယုခပ်ပေါ့ပေါ့ပြုံးလိုက်သည်။
"စီနီယာ၊ ကျွန်တော်အစာရှောင်နေတာ နှစ်အတော်ကြာမြင့်နေပါပြီ၊ အခုတော့ အစားအစာဆိုတာ ဘယ်လိုအရဿာရှိသလဲဆိုတာကိုတောင် ကျွန်တော်မေ့သွားပြီ"
"အစားအစာတွေထဲမှာ သေမျိုးတွေရဲ့ အနံ့အသက်တွေနဲ့ရောစပ်နေတော့ ကျွန်တော်ထပ်ပြီး မသန့်မပြန့်ဖြစ်အောင် မလုပ်နိုင်ပါဘူး"
"စီနီယာ၊ ကျွန်တော်တို့လိုအဆင့်မျိုးမှာ ဒီလို သာမန်အရာတွေကို ထိမတွေ့တာ အကောင်းဆုံးပါပဲ"
ဘာလားဟ!
ဆိုလိုချင်တာက မင်းငါ့ကိုမစားသင့်ဘူးဆိုတာ ပြောချင်တာလား!
မဖြစ်နိုင်တာ!
လုချန်ရှန်းအဖြေမပေးဘဲ ဆက်လက်စားသောက်နေတော့သည်။
စားရမယ်! ဝိဉာဉ်ထဲထိရောက်အောင် စားရမယ်ကွ!
ဤသည်ကိုမြင်သောအခါ လျိုကျိယုခပ်ပေါ့ပေါ့ပြုံးရင်း မည်သည့်စကားမှ မဆိုတော့။
သို့စေကာမူ လုချန်ရှန်းကို အမှောင်နယ်မြေသို့ ဆွဲဆောင်ရန်ကိစ္စ၌ သူဒီကို ပထမဆုံး စရောက်ပြီးနောက် နောက်ထပ် လုံး၀မပြေယဆိုခဲ့တော့ချေ။
ကြည့်ရသည်မှာ နှစ်ယောက်လုံးက ဤအကြောင်းနှင့်ပတ်သက်၍ မေ့သွားကြပုံရသည်။
....
ထိုအခိုက်အတန့်၌ နယ်နိမိတ်မဲ့နယ်မြေတွင် ခွန်းလွန်ကောင်းကင်ဘုံရေကန်၏ မကြာခင်ဖွင့်ပွဲက နယ်နိမိတ်မဲ့ပိုင်နက်တခုလုံး၌ ပြန့်ကြဲသွားလေတော့သည်။
ဤသည်က ခွန်းလွန်ကောင်းကင်ဘုံရေကန်သို့ ခိုး၀င်မည့်လူများကိုလည်း အသိပေးလိုက်သည့်အလား ဖြစ်သွားစေသည်။
ထိုအချိန်တွင် အေးခဲဝိဉာဉ်ဂိုဏ်းအပြင်ပ၌ ကျင်းဟုန်မြောင်က ရေခဲပြင်တခုရှေ့တွင်ရပ်နေသည်။
သူ့ရှေ့က ရေခဲပြင်က အဆုံးမဲ့နေပြီး အဆောက်အအုံများ မရှိသည့်အလားထင်ရသည်။
သို့သော် ကျင်းဟုန်မြောင်က လှုပ်ရှားခြင်းမရှိဘဲ ခိုင်မြဲစွာရပ်နေသည်။ သူကတစ်စုံတစ်ရာကိုစောင့်ဆိုင်းနေသည့်အလား ဤနေရာ၌ ကိုးရက်ကြာ ရပ်နေခဲ့သည်။
ကျင်းဟုန်မြောင်ရှေ့က လေဟာပြင်က ရုတ်တရက်ပုံပျက်သွားပြီး ရှေ့တွင် တောင်တံခါးတချပ်ထွက်ပေါ်လာသည်။
တောင်တံခါးတွင် ပုံမှန်ကဲ့သို့ မျက်နှာကို ဖုံးထားသည့် ကျက်သရေရှိတင့်တယ်သည့် အမျိုးသမီးတစ်ဦးက ကျင်းဟုန်မြောင်ဆီသို့ လျှောက်လာခဲ့သည်။
တင့်တယ်သည့်အမျိုးသမီး၏ အငွေ့ကို ခံစားမိသောအခါ ကျင်းဟုန်မြောင် တခိုက်ခိုက်တုန်ယင်သွားရပြီး အော်ရာနှင့် ခုခံချင်နေသည်။
သို့သော် ဤသည်ကအသုံးမ၀င်ပေ။ ၎င်းက အော်ရာအကာအကွယ်ကို ဖြတ်ကျော်ကာ ရိုးတွင်းခြင်ဆီထဲထိပင် နက်ရှိုင်းစွာ ၀င်သွားသည့်အလားထင်ရသည်။
တင့်တယ်လှပသည့်အမျိုးသမီးက ကျင်းဟုန်မြောင်၏ အနည်းငယ်နာကျင်နေသည့် မျက်နှာအမူအရာကို လျစ်လျူရှုရင်း ပြောလိုက်သည်။
"ဂျူနီယာညီမလေးယုံချီရဲ့အစ်ကိုလား"
ကျင်းဟုန်မြောင် လက်သီးကျစ်ကျစ်ဆုပ်လျက် ဦးညွှတ်သည်။
"အတိအကျပါပဲ၊ ကျွန်တော်က ကျင်းဟုန်မြောင်ပါ"
တင့်တယ်လှပသည့်အမျိုးသမီးက ညင်သာစွာခေါင်းညိတ်သည်။ သူမမျက်နှာကို ဖုံးအုပ်ထားသဖြင့် သူမမျက်နှာအမူအရာကို မမြင်နိုင်ပေ။
"ဘာဖြစ်လို့လဲ"
ဤသည်ကိုကြားသောအခါ ကျင်းဟုန်မြောင်၏မျက်လုံးအစုံက ကြောက်ခမန်းလိလိ အမုန်းတရားများဖြင့် ပြည့်နှက်သွားသည်။
အံကြိတ်ရင်း သူတခွန်းချင်းပြောလိုက်၏။
"ယုံချီအသတ်ခံလိုက်ရပြီ"
ဤစကားလုံးများကိုကြားသောအခါ ကျက်သရေရှိသည့်အမျိုးသမီး၏ကိုယ်မှ အလွန်အမင်းအေးစက်သည့် အအေးဓာတ်တခု ရုတ်တရက် ပေါက်ကွဲသွားသည်။
သိုင်းဧကရာဇ်တ၀က်အဆင့်တွင်ရှိသည့် ကျင်းဟုန်မြောင်ပင်လျှင် ရေခဲအလွှာတစ်လွှာဖြင့် ဖုံးအုပ်ခံလိုက်ရသည်။
ချက်ချင်းဆိုသလို ဤကိစ္စကမဖြစ်သင့်တာကို သဘောပေါက်သွားသဖြင့် သူမက အငွေ့အသက်ကို ပြန်သိမ်းဆည်းကာ တောင်တံခါးသို့ ပြန်သွားလိုက်သည်။
လေဟာနယ်က တခဏတာပုံပျက်နေခဲ့သည်။
တောင်တံခါးက ထပ်ပြီးပျောက်ကွယ်သွားသည်။
ကျင်းဟုန်မြောင်၏ကိုယ်က တုန်ယင်နေပြီး ဤရေခဲပြင်၌ ခေါင်းမာစွာပင် မထွက်သွားဘဲ ရပ်နေမိသည်။
တစ်နာရီကုန်လွန်သွားသည်။
တောင်တံခါးက ပေါ်လာသည်။
ကျက်သရေရှိတင့်တယ်သည့် အမျိုးသမီးက ပြန်လျှောက်လာပြီး ကျင်းဟုန်မြောင်ကို အေးစက်စက်တချက်ကြည့်ကာ ပြောသည်။
"ငါနဲ့လိုက်ခဲ့"
ကျင်းဟုန်မြောင် နောက်ဆုံးတွင် ပျော်ရွှင်မှုကိုပြသကာ ခေါင်းညိတ်ရင်း ကြော့ရှင်းသည့် အမျိုးသမီးနောက်မှ လိုက်သွားသည်။
.....
ထိုအချိန်တွင် ခွန်းလွန်နှင်းတောင်တန်းရှေ့၌ ယဲ့ချိုးပိုင်တို့သုံးယောက်က ထိုနေရာ၌ရောက်နေကြပြီဖြစ်သည်။
ခွန်းလွန်နှင်းတောင်တန်းရှေ့၌ မြို့တစ်မြို့ရှိသည်။
မြို့၏နာမည်က ခွန်းလွန်မြို့ဖြစ်သည်။
ဤမြို့က ခွန်းလွန်နှင်းတောင်တန်းအနီးက တခုတည်းသောမြို့ပေတည်း။
ခွန်းလွန်နှင်းတောင်တန်းက အရင်းအမြစ်အတော်လေးပေါကြွယ်၀သဖြင့် ဤခွန်းလွန်မြို့တွင်လည်း နက်ရှိုင်းလှသည့် အမွေအနှစ်တခုရှိသည်။
ခွန်းလွန်မြို့ထဲကို ခြေချခြင်းက နယ်နိမိတ်မဲ့နယ်မြေကုန်းတွင်းပိုင်းသို့ ၀င်ရောက်ခြင်းဟုပင် ယူဆ၍ရသည်။
ယဲ့ချိုးပိုင်တို့သုံးယောက်က လမ်းမပေါ်၌ ဦးတည်ရာမဲ့စွာပင် လျှောက်လာပြီး ပတ်ပတ်လည်က လူများ၏အော်ရာကို ကြည့်ရင်း အနည်းငယ်အံ့ဩသင့်နေကြသည်။
ဤနေရာကလူများကို ယွန်ချီနှင့်လုံချီမြို့က လူများနှင့် ယှဉ်၍ပင်မရနိုင်ပေ။
ဤနေရာ၌ နေရာတိုင်းတွင် သိုင်းဧကရာဇ်နယ်ပယ်က စွမ်းအားရှင်များကိုပင် တွေ့နိုင်သည်။
ထိုအချိန်တွင် လမ်းဘေးဈေးသည်တစ်ဦးကို ဖြတ်လျှောက်သွားစဉ် အဖိုးအိုတစ်ဦးကပြောသည်။
"လူငယ်လေး၊ နောက်ဆုတ်လာခဲ့"
အပိုင်း(322) coming။
ငါ့တပည့်တွေက ဘုရင်တွေ