← Chapters

#လေနှင့်တိမ်တွေ့ဆုံခြင်း#

Vol. 22 Ch. 322

#လေနှင့်တိမ်တွေ့ဆုံခြင်း#

Vol. 22 Ch. 322

ကုန်းတွင်းပိုင်းတွင် လူတော်များနှင့် လူထူးလူဆန်းများစွာရှိသည်။

"နောက်ကကောင်လေး"

ယဲ့ချိုးပိုင်တို့သုံးယောက်က ထိုစကားလုံးများကိုကြားရသောအခါ အသံအရင်းအမြစ်ရှိရာဘက်သို့ လှမ်းကြည့်လိုက်ကြသည်။

မျက်နှာပေါ်၌ အရေးအကြောင်းများရှိနေသည့် အဖိုးအိုတစ်ယောက်၊ ဆံပင်က မီးခိုးရောင်ဖြစ်ပြီး မထိန်းသိမ်းထားသဖြင့် နေရာအနှံ့ပြန့်ကြဲနေသည်။

သေသေချာချာသာကြည့်မည်ဆိုပါက မျက်လုံးများက အတော်လေးသေးငယ်နေသည်။

သူကမျက်လုံးများကိုမှိတ်ထားပုံရသည်။ သို့စေကာမူ ထိုမျက်လုံးများတွင် ယဲ့ချိုးပိုင်အပေါ် နက်ရှိုင်းသည့်အမူအသွင်တခု ကျန်ရှိနေခဲ့သည်။

သူ့မျက်လုံးများက ဝေဝါးနေပုံရသော်လည်း ထိုနောက်ကျိနေသည့်မျက်လုံးထဲတွင် နတ်ဘုရားအလင်းတခုရှိနေသည်။

ညပင်လယ်ထဲက ညမြူများ၏ ထူထဲသော အလွှာများကြားတွင် မီးပြတိုက်၏ အလင်းတန်းတခု ဖြတ်သန်းသွားသည့်အလားပင်။

အဖိုးအိုကသူ့ကို ကြည့်နေသည်ကို သေချာအောင်လုပ်ပြီးနောက် ယဲ့ချိုးပိုင်သူ့ကိုယ်သူ လက်ညိုးထိုးလိုက်သည်။

"ငါ့ကိုခေါ်နေတာလား"

အဖိုးအိုကပြုံးကာ ခေါင်းညိတ်ရင်း သူ့လက်ကို အသာလေးဝှေ့ယမ်းသည်။

"ဒီကိုလာခဲ့ကောင်လေး၊ ငါ့မှာ မင်းသေချာပေါက် စိတ်၀င်သွားစေမယ့် အရာတခုရှိတယ်"

ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်နှင့် ရှီရှန်းတို့က တစ်ဦးကိုတစ်ဦးကြည့်လိုက်မိကြပြီး ချက်ချင်းလျှောက်သွားကြသည်။

အဖိုးအို၏ ပိတ်စအ၀တ်ကိုကြည့်လိုက်စဉ် ထူးဆန်းစွာပုံဖော်ထားသည့်အရာမျိုးစုံရှိနေလေရာ ထူးဆန်းသောမျက်နှာထားဖြင့် ပြောလိုက်သည်။

"ဘာကိုပြောချင်တာလဲ"

အဖိုးအိုကညင်သာစွာပြုံးရင်း သူနှင့်အနီးဆုံးပစ္စည်းကို ညွှန်ပြလိုက်သည်။

ထိုပစ္စည်းက အနည်းငယ်ပျက်စီး‌နေပုံရသည့် သံချေးတက်နေသော သံအပိုင်းအစတခုဖြစ်သည်။

သံပြားပေါ်၌ အနည်းငယ်သံချေးတက်နေသည်ကလွဲ၍ တခြားဘာမှမရှိပါ။ ဤသည်က သတ္တုအပိုင်းအစတခုထက် မပိုပေ။

ယဲ့ချိုးပိုင် ဘယ်ညာကြည့်လိုက်သော်လည်း ထူးဆန်းသည့်တခြားမည်သည့်အရာကိုမှ မတွေ့ရပေ။

"အဖိုးကြီး၊ ကျုပ်ကိုလှည့်စားနေတာတော့ မဟုတ်ပါဘူးနော်"

အဖိုးအိုကခေါင်းခါယမ်းကာ သံပြားကို လက်ညိုးထိုးပြသည်။

"မင်းဒါကိုကိုင်ပြီး တချက်ကြည့်ရင် သိလာလိမ့်မယ်"

ယဲ့ချိုးပိုင် အဖိုးအိုကိုသံသယကင်းစွာကင် လက်ဆန့်ထုတ်ကာ သံပြားကို ထိရန်ပြင်လိုက်စဉ် လက်အိုတစ်ချောင်းကို တွေ့လိုက်ရပြီး သူ့လက်ကောက်ဝတ်၌ မည်သည့်အချိန်က ရှိနေခဲ့သည်ကို သူမသိခဲ့ပေ။

ဤသည်က ယဲ့ချိုးပိုင်ကို အံ့ဩသင့်သွားစေသည်။

သူကအဖိုးအိုဆီက မည်သည့်လှုပ်ရှားမှုကိုမှ သတိမထားမိပေ။

သူက ဤရိုက်ချက်၏အချိန်ကိုပင် သတိမထားမိနိုင်ခဲ့ပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် လက်က သူ့လက်ကောက်၀တ်ကို ရောက်လာခဲ့သည်။

ယဲ့ချိုးပိုင်အနည်းငယ်မှင်တက်‌နေပုံရသည်။

ဤကဲ့သို့လူမျိုးက သေချာပေါက်ပုန်းလျှိုးနေသည့်စွမ်းအားရှင်တစ်ဦးဖြစ်သည်။

သို့စေကာမူ ယဲ့ချိုးပိုင်နောက်ထပ်ခုခံမနေတော့ဘဲ သူ့မျက်နှာက ပြေလျော့ငြိမ်သက်သွားသည်။

ယဲ့ချိုးပိုင်၏အမူအရာပြောင်းလဲသွားသည်ကို မြင်ရသောအခါ အဖိုးအိုက ညင်သာစွာပြုံးရင်း ပြောသည်။

"ငါတိုက်ခိုက်လာမှာကို မင်းမကြောက်ဘူးလား"

ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။

"ခင်ဗျားရဲ့ခွန်အားနဲ့ဆိုရင် ကျုပ်ကို တိုက်ခိုက်ချင်တယ်ဆိုရင် အခုချက်ချင်း သတ်ပစ်လို့တောင်ရတယ်"

"ဘာလို့ဒုက္ခခံနေစရာလိုလို့လဲ"

အဖိုးအိုယခုလေးတင်ပြသသည့် အမြန်နှုန်းအရ ယဲ့ချိုးပိုင်ချဲ့ကားပြောခြင်းမဟုတ်ပါ။

သူ့တွင် လုချန်ရှန်းထောက်ပံ့ပေးထားသည့် ကိုယ်ပိုင်အကာအကွယ်ရှိလျှင်ပင် အဖိုးအို၏ တိုက်ချက်အောက်တွင် အသုံးပြုရန်အတွက် ဖြစ်နိုင်ချေမရှိ။

ဤသည်ကိုနားထောင်ပြီးနောက် အဖိုးအိုကခေါင်းညိတ်ကာ အပြုံးဖြင့်ဆိုသည်။

"မင်းဒါကို အသေအချာမြင်နိုင်တာပဲ၊ တကယ်ပဲ ဓားသမားတစ်ယောက် ဖြစ်ထိုက်ပါပေတယ်"

ယဲ့ချိုးပိုင်ပြောသည်။

"ဒီတခုတည်းကိုပဲ ပြောချင်တာတော့ မဟုတ်ဘူးမလား"

အဖိုးအိုကအဖြေမပေးပေ။

ယင်းအစား သူက ယဲ့ချိုးပိုင်၏ လက်ကောက်၀တ်မရီဒျန်များကို လက်ဖြင့် ညှစ်လိုက်သည်။

တခဏမျှခံစားပြီးနောက် သူ့မျက်လုံးအစုံ၌ ထိတ်လန့်နေသည့်အရိပ်အယောင်တခု ပေါ်လာသည်။ သို့သော် ခဏလေးအတွင်းမှာပင် ပုံမှန်အတိုင်း ပြန်ပြောင်းသွားပြီး တီးတိုးရေရွတ်သည်။

"ဒီရုပ်ခန္ဓာက..... တကယ်ပဲ"

"ကြည့်ရတာ ဒါကလည်း ကံကြမ္မာဖြစ်ပုံပဲ"

ထိုစကားကိုဆိုပြီးနောက် အဖိုးအိုက သူ့လက်ကို လွှတ်ပေးလိုက်သည်။

"သံပြားကိုယူသွားလိုက်တော့"

ယဲ့ချိုးပိုင်ဝေခွဲမရဖြစ်သွားသော်လည်း သံပြားကို ကောက်လိုက်သည်။

လက်ထဲက သံချေးတက်နေသည့်သံပြားကို စိုက်ကြည့်ရင်း သူမျက်မှောင်ကြုတ်ကာ ခံစားကြည့်နေသည်။

"အဖိုးကြီး....ဒါ...."

သို့‌စေကာမူ မေးမြန်းရန်အတွက် ခေါင်းမောလိုက်စဉ်မှာပင် သူ့ရှေ့ကအဖိုးအိုက လေထဲတွင် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

သူကတခါမှ မပေါ်ပေါက်လာခဲ့သည့်အလား။

ယဲ့ချိုးပိုင်စိတ်ရှုပ်သွားသော်လည်း သူကပြောမနေတော့ဘဲ သံချေးတက်သံပြားကို သိမ်းဆည်းပြီးနောက် ရှီရှန်း၊ ရှောင်ဟိုင်တို့နှင့်အတူ ထွက်သွားလေတော့သည်။

စားသောက်ဆိုင်တခုတွင် ယွမ်သလင်းကျောက်တစ်ရာ့ငါးဆယ်ကိုပေးပြီးနောက် ယဲ့ချိုးပိုင် အများသုံးအခန်းသုံးခန်းကို တောင်းဆိုလိုက်သည်။

ပုံမှန်သာဆိုပါက ယွမ်သလင်းကျောက်တစ်ရာ့ငါးဆယ်ဖြင့် မင်းမျိုးမင်းနွယ်အခန်းတစ်ခန်းတွင်ပင် နေနိုင်သည်။

သို့သော် ယနေ့တွင် သူတို့က အများသုံးဧည့်ခန်းသုံးခန်းတွင်သာ နေထိုင်နိုင်သည်။

သို့သော် ဤသည်ကအံ့ဩသင့်စရာမရှိပါ။ မည်သို့ပင်ဆိုစေကာမူ ခွန်းလွန်ကောင်းကင်ဘုံရေကန်က ဖွင့်လှစ်ပေတော့မည်။

လူတန်းစားအားလုံးက ခွန်းလွန်မြို့ကို ရောက်လာကြသဖြင့် လူစည်ကားနေသည်။

စားသောက်ဆိုင်တွင် ဧည့်ခန်းဟူ၍ပင် မရှိတော့။ ယဲ့ချိုးပိုင်တို့ကမူ ကံကောင်းစွာပင် အခန်းသုံးခန်း ရှာနိုင်ခဲ့သည်။

စားသောက်ဆိုင်မန်နေဂျာက ဤသည်ကိုမြင်ပြီးနောက် ဈေးကိုအကြိမ်ပေါင်းများစွာ မြှင့်တင်ပစ်သည်။

အကယ်၍ လုချန်ရှန်းသာ ဤနေရာတွင် ရှိမည်ဆိုပါက နောက်ဆုံးအချက်အပေါ် ဤသို့သေချာပေါက် ပြောပေလိမ့်မည်။

ခရီးသွားရာသီမှာ ခရီးမသွားနဲ့!

မဟုတ်ရင် မင်းဘ၀တခုလုံးက မှောင်မိုက်သွားလိမ့်မယ်!

မင်းဖင်ခမ်းခြောက်သွားတဲ့အထိ စုပ်ယူခံရလိမ့်မယ်!

အနားယူပြီးနောက် သုံးယောက်စလုံးက ရောက်လာပြီး ဝိုင်စားပွဲတလုံးတွင်ထိုင်ကာ စားသောက်ဆိုင် အထူးဟင်းလျာတချို့ကို မှာရင်း ရယ်မောကာ သောက်သုံးရင်း စကားပြောနေကြသည်။

ထိုအချိန်တွင် ဘေးကလူများကပြောကြသည်။

"ဒီတကြိမ် ခွန်းလွန်ကောင်းကင်ဘုံရေကန်ကို လာကြတဲ့ အစွမ်းထက်အင်အားစုတွေ အများကြီးရှိတယ်လို့ ကျုပ်ကြားခဲ့ရတယ်"

တယောက်ကမျက်လုံးလိမ့်လိုက်သည်။

"ဘယ်အချိန်ကများ ခွန်းလွန်ကောင်းကင်ဘုံရေကန်အတွက် ဒီနေရာကို အင်အားကြီးတွေ မလာတာရှိဖူးလဲ၊ ဒီတခါတော့ အင်အားစုကြီးတွေထဲမှာ ကောင်းကင်ဘုံနတ်ဂိုဏ်းဆိုတဲ့ ဂိုဏ်းတခု မွေးဖွားခဲ့တယ်၊ အားလုံးက ခွန်းလွန်ကောင်းကင်ဘုံရေကန်ရဲ့ အဖွင့်နေ့ကို အမှီလိုက်နိုင်ခဲ့ကြတယ်"

"မှန်တယ်၊ ဥပမာပြောရရင် ပထမတန်းစားအင်အားစုတွေထဲမှာ ခုနှစ်သွယ်ချိုင့်ဝှမ်းက စောင့်ရှောက်သူဂျူး၊ အေးခဲဝိဉာဉ်ဂိုဏ်းရဲ့ သူတော်စင် ဒွန်ချင်းမြောင်နဲ့ မီးတောက်နီဂိုဏ်းက မီးတောက်နီသခင်ဖြစ်တဲ့ ယန်တျန်းဟောင်တို့လည်းရှိတယ်"

"ဟုတ်တယ်၊ သူတို့ကကိုယ်ပိုင်စွမ်းအားကို တမင်ဖိနှိပ်ပြီး ဒီခွန်းလွန်ကောင်းကင်ဘုံရေကန်အတွက် ရည်ရွယ်ချက်နဲ့ သိုင်းဧကရာဇ်နယ်ပယ်ကို မ၀င်ရောက်ခဲ့ကြဘူးလို့လည်း ကျုပ်ကြားခဲ့တယ်"

"ဘာပဲဖြစ်ဖြစ် ခွန်းလွန်ကောင်းကင်ဘုံရေကန်က ရနိုင်မယ့်အကျိုးကျေးဇူးတွေက ကြီးမားလွန်းတယ်၊ တကယ်လို့ သိုင်းဧကရာဇ်နယ်ပယ် မရောက်သေးခင် ခွန်းလွန်ကောင်းကင်ဘုံရေကန်ရဲ့ ရေကို ခံစားနိုင်ခဲ့မယ်ဆိုရင် သာမန်သိုင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်များထက် အများကြီး ပိုကောင်းမွန်လာလိမ့်မယ်"

"အဲဒါက စည်းချက်ညီတာအိုနယ်ပယ်(ဟီတာအို) နယ်ပယ်ကိုတောင် ချိုးဖျက်နိုင်မယ့်အခွင့်အရေးကို တိုးစေနိုင်တယ်တဲ့"

"ဒါပေမယ့် ခင်ဗျားတို့အားလုံးကို သေချာပေါက် အံ့ဩသင့်သွားစေမယ့် နောက်ထပ်သတင်းတခုရှိသေးတယ်"

လူတိုင်းက ထိုလူကိုကြည့်လိုက်ကြသည်။

ယဲ့ချိုးပိုင်တို့ပင်လျှင် ပြောဆိုနေသည်ကို ရပ်လိုက်ကြပြီး ထိုလူနောက်ထပ်ပြောဆိုမည်ကို အာရုံစိုက်လိုက်ကြသည်။

ပြသပြီးနောက် လူတိုင်း၏မျက်လုံးများကို ဆွဲဆောင်နိုင်သည်ကို မြင်ရသောအခါ ထိုလူက ၀င့်ကြွားစွာပင်ပြောသည်။

"နယ်နိမိတ်မဲ့မင်းဆက်က ဒီတခါမင်းသားကို ဒီနေရာကို စေလွှတ်လိမ့်မယ်"

"ဘယ်မင်းသားလဲ"

"တခြားဘယ်မင်းသားများရှိသေးတာလဲ"

"ဘုရင်မှာက ဒူးမနာသားလေးတစ်ယောက်ပဲရှိတာလေ"

လူတိုင်း တုန်လှုပ်သွားကြသည်။

ထိုလူက မည်သူဖြစ်သလဲဆိုတာ သူတို့အားလူံး ခန့်မှန်းမိကြပြီးဖြစ်သည်။

ပုံမှန်ဆိုပါက ခွန်းလွန်ကောင်းကင်ဘုံရေကန်သို့ မင်းဆက်ကလူများအား စေလွှတ်လေ့ရှိသော်လည်း စေလွှတ်သည့် လူများ၏ပုံရိပ်က အရမ်းမမြင့်မားပေ။

သူတို့၏စောင့်ကြပ်ထိန်းချုပ်သည့် အခန်းကဏ္ဍကိုဆောင်ရွက်ကာ ခွန်းလွန်ကောင်းကင်ဘုံရေကန်သို့ အတင်းချိုးဖျက်၀င်လာခြင်းကနေ တားဆီးသည်။

ဒါပေမယ့် ဒီတကြိမ်မှာတော့ အရှင်မင်းသားကို စေလွှတ်တာလား!

တကယ်ထူးခြားတာပဲ!

"ဆိုလိုချင်တာက မုဖူရှန်း၊ အရှင်မင်းသားမုက ဒီကိုကိုယ်တိုင်ကိုယ်ကျလာချင်တာပေါ့"

မုဖူရှန်း!

ယဲ့ချိုးပိုင်သုံးယောက် ညင်သာစွာပြုံးလိုက်ကြသည်။

"ကြည့်ရတာ ငါတို့ခန့်မှန်းထားတာ မမှားဘူးနဲ့တူတယ်"

မှန်ပေသည်။ အရင်က သူတို့မုဖူရှန်း၏ အထောက်အထားကို ခန့်မှန်းခဲ့ကြပြီးဖြစ်သည်။ သို့သော် ယခုတွင်မူ သူတို့ အတည်ပြုလိုက်နိုင်လေပြီ။

ထို့ကြောင့် သူတို့သိပ်မအံ့ဩမိကြပါ။

ဤသည်ကိုတွေး‌မိစဉ် အကယ်၍ သူသာ အန္တရာယ်နှင့်ရင်ဆိုင်ရမည်ဆိုပါက မုဖူရှန်းက သူ့ကိုယ်သူ လိပ်ခွံတခုပမာ ကာကွယ်ပေလိမ့်မည်။

ယဲ့ချိုးပိုင်ရယ်မောလိုက်သည်။

အကယ်၍သူသာ မုဖူရှန်းကို ဆရာနှင့် မိတ်ဆက်ပေးမည်ဆိုပါက နှစ်ဦးစလုံးတွင် သေချာပေါက်ပြောစရာစကား အများကြီးရှိနေပေလိမ့်မည်။

ယခုတကြိမ်တွင် သိမ်မွေ့ခြင်းနယ်ပယ်က လူတစ်စုလည်း ရောက်လာကြသည်။

တစ်ယောက်ကသူတို့ကိုမြင်လိုက်ပြီး အနည်းငယ်ထိတ်လန့်တုန်ယင်သွားသည်။

"ရွှမ်မင်ချောက်ကမ်းပါးကပဲ"

ရွှမ်မင်ချောက်ကမ်းပါး( လျှို့ဝှက်အမှောင်နက်ချောက်ကမ်းပါး)

ဤချောက်ကမ်းပါးက ကုန်းတွင်းပိုင်းက ပထမတန်းစားအင်အားစုတခုဖြစ်သည်။

ထိပ်တန်းအင်အားစုများထဲတွင် ပါ၀င်သော်လည်း အဆင့်အဖြစ် အောက်ခြေတွင် ရပ်တည်သည်။ သို့သော် ပထမတန်းစား အင်အားစုတခုဖြစ်နေဆဲပင်။

၎င်း၏နောက်ခံက အတော်လေးနက်ရှိုင်းသည်။

အပိုင်း(323) coming။

All Chapters