မင်းတို့အားလုံးကို ငါ သင်ပေးခဲ့တာ
Vol. 81 Ch. 1045
“ကောင်းကင်နတ်အရှင်မူ၊ ရိုင်းလိုက်တဲ့ကောင်လေး... ငါ မင်းကို လာမရှာသေးတာတောင် မင်းက ဒီလိုပုံစံနဲ့ ငါ့ဆီ လာရဲတယ်ပေါ့လေ... မိုးကောင်းကင်ကို ပြောင်းပြန်လှန်ပစ်ဖို့များ ကြိုးစားနေတာလား”
ချင်မူ၏ ဓားချီက နတ်ကောင်းကင်ခန်းမရှေ့သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သို့သော် မမြင်ရသော နံရံတစ်ခုနှင့် တိုက်မိသည့်အလား အစိတ်စိတ်အမွှာမွှာ ကွဲကြေသွား၏။
“မင်းရဲ့ သိုင်းအဆင့်က ပိုမြင့်တာနဲ့ပဲ ငါ့ခေါင်းပေါ် တက်ပြီး ထင်တိုင်းကြဲလို့ ရမယ် ထင်နေတာလား”
နတ်ဧကရာဇ်လန်ရွှမ်သည် သူ၏မျက်နှာလေးဖက်၊ လက်ရှစ်ဖက်နှင့်အတူ လေထဲတွင် ၀င့်ကြွားစွာ မားမားမတ်မတ် ရပ်နေ၏။ သူက နတ်နန်းတော်ထံ ချဉ်းကပ်လာနေသော ချင်မူနှင့်အခြားသူများဆီ ကြည့်ကာ လှောင်ရယ်လိုက်သည်။ “မင်းတို့ကောင်းကင်နတ်အရှင်ကိုးပါးက ကောင်းကင်ရတနာတွေနဲ့ ကောင်းကင်နန်းဆောင်ကို ဖွင့်လှစ်ပြီး အဆင့် ၁၄ ဆင့် ဖန်တီးပေးခဲ့တယ်...ဒါပေမဲ့ အဲ့အဆင့်တွေရဲ့ သက်တမ်းက နှစ် ၂၀၀၀ ပဲ ရှိသေးတယ်ကွ”
သူက သူတို့အား ဖမ်းဆုပ်ရန် လက်ဆန့်ထုတ်လိုက်သည်။ “လွန်ခဲ့တဲ့နှစ် ၂၀၀၀ တုန်းက ကမ္ဘာခေတ်ဦး စကြဝဠာကို အုပ်စိုးခဲ့တာက ကောင်းကင်ရတနာတွေ၊ သိုင်းအဆင့်တွေ၊ ကောင်းကင်နန်းဆောင်တွေ မဟုတ်ဘူး....သွေးဆက်ပဲ... သွေးဆက်ကပဲ မင်းတို့ရဲ့ အစွမ်းအစနဲ့ အဆင့်အတန်းကို သတ်မှတ်ပေးတာ... ငါဆိုတဲ့ကောင်က သတ္တဝါအားလုံးရဲ့ အထက်က လောကရဲ့ ပထမဆုံးနတ်ဘုရားတစ်ပိုင်းပဲ...”
သူ၏လက်ဖဝါးသည် ချင်မူ့အရှေ့၌ ပေါ်လာ၏။ ဤသည်မှာ ချီစွမ်းအင်ဖြင့် ဖွဲ့တည်ထားသော မှော်စွမ်းအင်မဟုတ်ဘဲ ရုပ်ခန္ဓာခွန်အားသက်သက်သာာ ဖြစ်ပေသည်။
သူသည် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ သားဦးဖြစ်သည့်အလျောက် လောကအတွင်းရှိ မဟာတာအိုမှန်သမျှ ထိန်းချုပ်နိုင်သော သွေးဆက်ကို အမွေဆက်ခံခဲ့ရသည့်အပြင် ဖန်ဆင်းရှင်တို့၏ နတ်ဘုရင်သုံးဦးထဲမှ တစ်ဦးဖြစ်သည့် နတ်ဘုရင်ကုန်းယွင်၏ သွေးဆက်ကိုလည်း အမွေရရှိခဲ့၏။
သူ၏လက်ဖဝါးထဲတွင် မဟာတာအိုစည်းမျဉ်းများ ကိန်းဝပ်နေသည်။ သူ၏လက်ချောင်းငါးချောင်း ကွေး၀င်လာသည့်အချိန်တွင် အောက်ရှိ ကောင်းကင်နတ်အရှင်ယွဲ့၊ နဂါးချီလင်နှင့် ကျန်ရှိသူများ မော့ကြည့်လိုက်ရာ နတ်ဧကရာဇ်လန်ရွှမ်၏ လက်ဖဝါးသည် တောင်တန်းများ၊ မြစ်များဖြင့် ဆင်တူသော မဟာတာအိုအမှတ်အသားများဖြင့် မှတ်သားခံထားရသည်ကို တွေ့လိုက်ကြရ၏။ လက်ချောင်းငါးချောင်းမှာ မဟာတာအို၏ ဓာတ်ကြီးငါးပါးဖြစ်သော သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေအလား ဖြစ်နေသည်။ ၎င်းတို့က တစ်ခုနှင့်တစ်ခု အားဖြည့်၍ ဓာတ်ကြီးငါးပါး၀င်္ကပါကို ဖန်တီးလိုက်ချေပြီ။
လူသားမျိုးနွယ်၏ ကောင်းကင်နတ်အရှင်ကိုးပါး ဖန်တီးထားသည့် ကောင်းကင်နတ်သိုင်းများမှာ သူ့လက်ချောင်းများကြား၌ ပုလဲလုံးများသဖွယ် တည်ရှိနေကြသည်။ ကောင်းကင်နတ်သိုင်းနှင့် မဟာတာအိုအပေါ် နားလည်မှုတွင် ကောင်းကင်နတ်အရှင်ကိုးယောက်၏ ကောင်းကင်နတ်သိုင်းတို့မှာ နှိုင်းယှဉ်၍ပင် မရနိုင်ချေ။
လူသားမျိုးနွယ်၏ ကောင်းကင်နတ်အရှင်ကိုးပါးက သိုင်းအဆင့်များကို တည်ဆောက်ခဲ့ကြသည်။ ပထမအဆင့် ၁၅ ဆင့်က ဝိညာဉ်သန္ဓေသား၊ ဓာတ်ကြီးငါးပါး၊ အရပ်ခြောက်မျက်နှာ၊ ခုနစ်စဉ်ကြယ်၊ ကောင်းကင်နတ်အသွင်၊ နတ်ဘုရား၊ အစစ်အမှန်နတ်ဘုရား၊ နဂါးသွဲ့အဆောင်၊ နတ်ဘုရားစီရင်ရာစင်မြင့်၊ ကျောက်စိမ်းမြို့တော်၊ နတ်ကောင်းကင်ခန်းမ၊ ဧကရာဇ်ပလ္လင်နှင့် ကောင်းကင်နန်းဆောင်တို့ ဖြစ်ကြသည်။။
ယနေ့ဆိုလျှင် ကောင်းကင်ရတနအဆင့် ခုနစ်ဆင့်အား တည်ဆောက်ခဲ့သည်မှာ နှစ်ပေါင်း ၂၀၀၀ နီးပါး ကြာခဲ့လေပြီ။ ကောင်းကင်နန်းဆောင်အဆင့်များ တည်ထောင်ခဲ့သည်မှာလည်း နှစ်တစ်ထောင်ကျော်ခဲ့ပြီဖြစ်၏။ သို့သော် နတ်ဘုရားအများစုက ကောင်းကင်နန်းဆောင်၏ အဆင့်ခုနစ်ဆင့်ထက် ကျော်လွန်နိုင်ရန် ကန့်သက်ချက်များအား ရှာဖွေလေ့လာနေကြဆဲပင်။
ကောင်းကင်နတ်အရှင်များပင်လျှင် ထိုအဆင့်တို့၏ ကန့်သတ်ချက်များကို လေ့လာဆန်းစစ်နေရသည်။
သို့သော် လွန်ခဲ့သည့် ၂၀၀၀ တွင် နတ်ဘုရားတစ်ပိုင်းများသည် သွေးဆက်တို့အား စတင်လေ့လာကာ သူများနှင့်မတူညီသော ကိုယ်ပိုင် လူမှုအဖွဲ့အစည်းတစ်ခု ထူထောင်ခဲ့ကြ၏။
နတ်ဘုရားတစ်ပိုင်းတို့၏ စွမ်းအားက အင်အားကြီးမားသော မဟာတာအိုစည်းမျဉ်းများကို ထိန်းချုပ်သည့် ရှေးဟောင်းနတ်ဘုရားများဆီမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ရှေးဟောင်းနတ်ဘုရားများ၏ သွေးဆက်ကို အမွေဆက်ခံခဲ့ကြသည့်အတွက် သူတို့ အရွယ်ရောက်လာလေလေ၊ မဟာတာအိုအပေါ် ထိန်းချုပ်နိုင်မှုမှာ ပိုမိုအားကောင်းလာလေလေ ဖြစ်သည်။
ထို့ကြောင့် နတ်ဘုရားတစ်ပိုင်းတို့သည် နှစ်ဘီလျံပေါင်းများစွာ တိုးတက်အားကောင်းလာကြခြင်း ဖြစ်၏။ လွန်ခဲ့သည့် နှစ်သန်းပေါင်းများအတွင်း နတ်ဘုရားတစ်ပိုင်းမျိုးနွယ်ကား ကောင်းကင်ရတနာကျင့်စဉ်စနစ်နှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ကိုလည်း တတ်မြောက်ခဲ့ကြသည်။ ဤသည် အခြားသော ကမ္ဘာခေတ်ဦးမျိုးနွယ်များနှင့် လူသားမျိုးနွယ်အပေါ် ဖိနှိပ်ထားနိုင်ခဲ့သည့် အဓိကအကြောင်းအရင်းလည်း ဖြစ်ပေသည်။
လက်ဖဝါးကြီး ကျဆင်းလာစဉ် နတ်ဧကရာဇ်လန်ရွှမ်၏အသံ ထွက်ပေါ်လာသည်။ “ကောင်းကင်နတ်အရှင်ဆိုတာ မင်းတို့ရဲ့ဖန်တီးနိုင်စွမ်းအတွက် ရှေးဟောင်းနတ်ဘုရားတွေ ချီးမြှင့်ခဲ့တဲ့ ရာထူးသက်သက်ပဲ... ဘာအကျိုးအမြတ်မရတဲ့ အမည်ခံလေးတွေကို ဘဝမှတ်ပြီး မင်းအဆင့်က ဒီနတ်နန်းတော်မှာ ပြဿနာရှာဖို့ ထိုက်တန်တယ်များ ထင်နေတာလား”
သူ၏လက်ဖဝါးကြီး ကျဆင်းသည်နှင့်အမျှ ကြောက်မက်ဖွယ်စွမ်းအားတို့ကလည်း ထွက်ပေါ်လာ၏။ လက်ဖဝါးအောက်ရှိ ကောင်းကင်နတ်အရှင်ယွဲ့မှာ တိုက်ခိုက်ချင်လာမိသည်။ ထိုစဉ် အလင်းရောင်တစ်ခုကို ဖျတ်ခနဲ မြင်လိုက်ရပြီး သူတို့အားလုံး နတ်ဧကရာဇ်လန်ရွှမ်၏ လက်ဖမိုးပေါ်သို့ နေရာရွှေ့ပြောင်းခံလိုက်ရမှန်း တွေ့လိုက်ရလေသည်။
နတ်ဧကရာဇ်လန်ရွှမ်၏ ကြောက်မက်ဖွယ် မဟာတာအို ဓာတ်ကြီးငါးပါးစည်းမျဉ်းများကို ဖြတ်၍ သူ၏လက်ဖမိုးအပေါ် သူမတို့ မည်သို့ရောက်လာမှန်း ကောင်းကင်နတ်အရှင်ယွဲ့ မသိချေ။ ‘ကောင်းကင်နတ်အရှင်ယွင်ရဲ့ ကောင်းကင်နတ်သိုင်းတွေက နားလည်နိုင်တာထက် ပိုပြီးနက်ရှိုင်းနေတယ်... မဟုတ်မှလွဲရော...’
သူမက ချင်မူ့နောက်ကျောဆီသို့ လှမ်းကြည့်လိုက်သည်။ ချင်မူသည် ခြေတစ်လှမ်းမှ မရပ်ဘဲ နတ်ဧကရာဇ်လန်ရွှမ်၏ လက်မောင်းတစ်လျှောက် သူတို့ကို ဆက်လက်ခေါ်ဆောင်သွား၏။
ချင်မူ့ပတ်ပတ်လည်တွင် သံလိုက်ဓာတ်၏ အံ့အားသင့်ဖွယ် ဆွဲငင်အားက လေထုကို ပုံပျက်ရှုံ့တွနေစေပြီး ကမ္ဘာဦးဘုံ၏ကောင်းကင်ထဲတွင် မရေမတွက်နိုင်သော ကြယ်တာရာများ ပေါ်လာသည်။ ကြယ်များသည် ပိုပို၍ ကြီးမားလာပြီး အလင်းရောင်တို့လည်း စူးရှသထက်စူးရှလာသည်။ ကမ္ဘာဦးဘုံ၏ မြေပြင်ထက်ရှိ သံလိုက်ဆွဲအားပင်လျှင် ပေါက်ကွဲထွက်လာကာ ကောင်းကင်ထက်ရှိ ကြယ်ပင်လယ်သံလိုက်ဆွဲအားနှင့် ပေါင်းစည်းသွားတော့သည်။
ကောင်းကင်နတ်အရှင်ယွဲ့ ခေါင်းမော့ကြည့်မိသည်။ ကြယ်စင်အစုအဝေးများ၏ တည်နေရာမှာ စတင်ပြောင်းလဲနေချေပြီ။ ဤကြည်များမှ ဖြန့်ကျက်နေသော အလင်းရောင်တို့သည် ကမ္ဘာဦးဘုံ၏ နေလုံးကြီးထက်ပင် တောက်ပလာ၏။ အရွယ်အစားကလည်း နေလုံးကြီးထက်ပင် ကြီးမားလာသည်။
ကောင်းကင်မျက်လုံးတစ်စုံသာ ပိုင်ဆိုင်ထားလျှင် ဤကြယ်တာရာများအတွင်း၌ ဧရာမနန်းတော်ကြီးများအား မြင်တွေ့ရလိမ့်မည်။ ၎င်းတို့က ဤကြယ်တာရာများအပေါ် ထိန်းချုပ်ထားသော ရှေးဟောင်းနတ်ဘုရားများ၏ ဗိမာန်များ ဖြစ်ကြ၏။
မျိုးဆက်သစ်များအနေဖြင့် ကမ္ဘာဦးဘုံ၏ ကောင်းကင်ထက်တွင် ဤမြင်ကွင်းမျိုးကို မြင်ရခဲပေသည်။ ယခုလို ရှေးကျသော အတိတ်ခေတ်သည်သာရှေးဟောင်းနတ်ဘုရားများနှင့် ဤမျှ နီးကပ်နိုင်သော ခေတ်ဖြစ်၏။
သံလိုက်ဆွဲအားက နတ်ဧကရာဇ်လန်ရွှမ်၏ လက်ဖဝါးအတွင်း၌ ကိန်းဝပ်နေသည့် စွမ်းအားကို ဖိနှိပ်လျက် ထွက်ပေါ်လာသည်။
လန်ရွှမ်နတ်နန်းတော်ပတ်ပတ်လည်တွင် သံလိုက်စွမ်းအားတို့ကား တဝုန်းဝုန်း ပေါက်ကွဲနေချေပြီ။
နန်းတော်၏ အောက်တွင် နန်းဆောင်နှင့် ပလ္လင်ခန်းမများကို ထမ်းပိုးထားသည့် ဧရာမနတ်ဘုရားတစ်ပိုင်းများမှာ ရင်ကွဲမတတ် ညည်းညူနေကြသည်။ သူတို့မှာ ဖိနှိပ်ခံနေရသဖြင့် မြေကြီးထဲသို့ အဆက်မပြတ် နစ်၀င်နေကြ၏။
ဝုန်း....
ဧရာမနတ်ဘုရားတစ်ပိုင်းကြီးများအနက်မှ တစ်ယောက် ဒူးထောက်ကျသွားသည်။ သူ့ကျောပေါ်ရှိ ပလ္လင်ခန်းမမှာ ပြင်းပြင်းထန်ထန် ယမ်းခါသွားပြီး ခန်းမအထဲရှိ နတ်ဘုရားတစ်ပိုင်းများမှာလည်း မတ်မတ်မရပ်နိုင်တော့ဘဲ ဘယ်၊ညာ ယိမ်းထိုးနေကြတော့သည်။
တဝုန်းဝုန်း မြည်သံများ ဆူညံလာပြီး လန်ရွှမ်နတ်နန်းတော်ကို မ,တင်ပေးထးသည့် ဧရာမနတ်ဘုရားတစ်ပိုင်းများမှာ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကုန်ကြသည်။ ကောင်းကင်အမြင့်ထက်တွင် တည်ရှိခဲ့သည့် လန်ရွှမ်နတ်နန်းတော်မှာ ချက်ချင်းဆိုသလို နိမ့်ကျသွား၏။
သူတို့သည် ကြောက်မက်ဖွယ်ခွန်အား၊ နတ်ဘုရားတစ်ပိုင်းအဆင့်အတန်းနှင့် အလွန့်အလွန် အားကောင်းသော သွေးဆက်ကို ပိုင်ဆိုင်ထားသည့်တိုင် ချင်မူ သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းအား အသက်သွင်း၍ နတ်ဧကရာဇ်လန်ရွှမ်၏ အလေးချိန်နှင့်အတူ ဖိချလိုက်သည့်အခါ အားလုံး တမုဟုတ်ချင်း လဲကျကုန်တော့သည်။
နတ်ဧကရာဇ်လန်ရွှမ်မှာ အံ့အားသင့်ပြီး ဒေါသူပုန်ထသွား၏။ သူက ကျန်သည့်လက်ခုနစ်ဖက်ကို မြှောက်ကာ ချင်မူတို့ရှိရာသို့ လွှဲရမ်းလိုက်သည်။
အတိုက်အခိုက်စွမ်းရည်ချင်းသာ နှိုင်းယှဉ်မည်ဆိုပါက မိုးနှင့်မြေပမာ ကွာဟနေလိမ့်မည်။ နတ်ဧကရာဇ်လန်ရွှမ်သည် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်နှင့် နတ်ဘုရင်ကုန်းယွင်၏ သားတော်ဖြစ်၏။ သူ၏ အတိုက်အခိုက်စွမ်းရည်မှာ ဧကရာဇ်ပလ္လင်အဆင့်ရှိသူနှင့်ပင် နှိုင်းယှဉ်၍ရနိုင်သည်။
သူသည် သွေးသံချေးဇုန်တိုက်ပွဲတွင် ဖန်ဆင်းရှင်များကို သတ်ဖြတ်ဖူးသည့် အတွေ့အကြုံလည်း ရှိပေသည်။ ထိုမျှသာမက ကောင်းကင်ဧကရာဇ်၏ ကောင်းချီးကိုလည်း လက်ခံရရှိထားသေး၏။ ခွန်အားကလည်း အဆုံးအစမဲ့စွာ သန်မာပြီး ဤခေတ်တွင် အသန်မာဆုံးပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်ချေသည်။
သူ၏စွမ်းရည်ကရှေးဟောင်းနတ်ဘုရားများစွာထက်ပင် သာလွန်၏။
သို့သော် သူ၏လက်ဝါးရိုက်ချက်များမှာ ချင်မူ့အား မထိနိုင်ပေ။ မဟာတာအိုစည်းမျဉ်းများကို အသက်သွင်း၍ ချင်မူ့ကို တိုက်ခိုက်ခဲ့သော်လည်း ချင်မူ့ခန္ဓာကိုယ်အပေါ် ကျရောက်တော့မည့်အခါတိုင်း ချင်မူနှင့်အခြားသူများမှာ ပျောက်ကွယ်သွားပြီး သူ၏လက်ဖမိုးထက်တွင် ပေါ်လာတတ်ကြသည်။
ချင်မူ မည်သည့်ကောင်းကင်နတ်သိုင်းကို သုံးနေမှန်း သူ လုံး၀ မပြောနိုင်ချေ။
လန်ရွှန်ကောင်းကင်နန်းတော်မှ နတ်ဘုရားများစွာက ချင်မူတို့အား သတ်ဖြတ်ရန် ပျံတက်လာကြသည်။
နတ်ဘုရားတစ်ပိုင်းများသည် ခွန်အားကြီးမားသော သဘာဝဖြင့် အလိုအလျောက် အသာစီးရကြ၏။ မွေးဖွားစဉ်ကတည်းက လူသားတို့ထက် များစွာသန်မာနေပြီဖြစ်သည့်အပြင် အရွယ်ရောက်လာသည်နှင့်အမျှ ကွာဟမှုက ပို၍ သိလာသည်။ အပြည့်အဝ အရွယ်ရောက်သည့်အခါ သူတို့ထိန်းချုပ်သည့် ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုစည်းမျဉ်းမှာလည်း ပို၍အစွမ်းထက်လာကြသည်။
ယခင်တုန်းက သူတို့သည် အို၊ နာ၊ သေဘေးမှ မလွတ်ကင်းနိုင်ကြချေ။ ယခု လူသားမျိုးနွယ်၏ ကောင်းကင်အရှင်ခုနစ်ပါးက ကောင်းကင်နန်းဆောင်အဆင့် ခုနစ်ဆင့် တည်ဆောက်ပြီးဖြစ်ရာ နတ်ဘုရားအဆင့်အထိ ကျင့်ကြံရုံဖြင့် မသေမျိုးအဖြစ် ထာ၀ရနေထိုင်နိုင်သွားချေပြီ။
နတ်ဘုရားတစ်ပိုင်းများ ပြေးလာပြီး သူတို့ကို သတ်တော့မည့် မြင်ကွင်းက မည်သူ့ကိုမဆို တုန်လှုပ်ချောက်ချားသွားစေလိမ့်မည်။ ကောင်းကင်နတ်အရှင်ယွဲ့မှာ စိတ်ပျက်လက်မှိုင်မကျမိဘဲ မနေပေ။ သူမသည် လူသားမျိုးနွယ်၏ ကောင်းကင်နတ်အရှင်တစ်ဦး ဖြစ်သော်လည်း ကောင်းကင်နန်းဆောင်အဆင့်များအား လေ့လာနေဆဲဖြစ်၏။ ဤခေတ်တွင် ကောင်းကင်နတ်အရှင်များမှာ လောက၏အသန်မာဆုံးပုဂ္ဂိုလ်များ မဟုတ်ကြသေးပေ။
ပြောင်းပြန်အနေဖြင့် လူသားများထက် အစွမ်းထက်သည့် နတ်ဘုရားတစ်ပိုင်းများမှာ မရေမတွက်နိုင်အောင် ပေါများချေသည်။
ဖန်ဆင်းရှင်လော့ရှောင်မှာ မျက်နှာပျက်နေသည်။ ဖန်ဆင်းရှင်တို့၏ မှတ်ဉာဏ်များအရ ရှေးဟောင်းနတ်ဘုရားများသည် ဖန်ဆင်းရှင်တို့နှင့် စစ်ပွဲအတွင်း၌ မရေမတွက်နိုင်သော နတ်ဘုရားတစ်ပိုင်းများအား အသုံးပြုခဲ့၏။
မဟာတာအိုစည်းမျဉ်းများနှင့်ပတ်သက်၍ အပြည့်အ၀ ကျွမ်းကျင်နေသည့် အရွယ်ရောက်ပြီးသား နတ်ဘုရားတစ်ပိုင်းများ သူ့ဆီ ပြေးလာနေသည့် ကြောက်မက်ဖွယ်မြင်ကွင်းကို မတွေ့ကြုံဖူးသော်လည်း ဘိုးဘေးများ၏ မှတ်ဉာဏ်မှတဆင့် လော့ရှောင် မြင်ဖူးချေသည်။။
‘ငါတို့ရှုံးသွားတာ မဆန်းပါဘူး...’
သူ တိတ်ဆိတ်စွာ တွေးတောနေမိသည်။ ‘နတ်ဘုရားတစ်ပိုင်းတွေက ငါတို့ထက် မျိုးပွားနှုန်းမြန်တယ်... သူတို့ရဲ့ မဟာတာအိုကလည်း အမြဲပြောင်းလဲနေတာ .... မျိုးနွယ်တွေကလည်း အများကြီးပဲ... အရွယ်ရောက်နှုန်း မြန်တာပါ ပေါင်းထည့်လိုက်ရင် ဖန်ဆင်းရှင်တွေအနေနဲ့ မွေးရပ်မြေကို ပြန်နိုင်ဖို့ ခက်ခဲလိမ့်မယ်ထင်တယ်”
သူ ထိုသို့တွေးနေစဉ် ချင်မူ့အသံ ထွက်လာသည်။ “ကောင်းကင်နတ်အရှင်ယွီ အသက်ရှိစဉ်တုန်းက သူက ကျုပ်ကို ကောင်းကင်နန်းဆောင်အဆင့် ခုနစ်ဆင့်ကိုရော၊ နတ်ဘုရားဖြစ်နိုင်မယ့် လမ်းစဉ်ကိုရော မသင်ပေးခဲ့ဘူး”
ချင်မူ လက်မြှောက်လိုက်ရာတွင် လန်ရွှမ်နတ်နန်းတော်အတွင်းထဲမှ အမှောင်ထုကြီး လိပ်ထွက်လာသည်။ ယိုတုမဟာတာအို၏ စွမ်းအားကား ကမ္ဘာဦးဘုံထဲ၌ ပေါ်ထွက်လာချေပြီ။
ချင်မူက ခပ်ပြတ်ပြတ် ပြောသည်။ “ကောင်းကင်နန်းဆောင်ရဲ့ အဆင့်တွေကို နားလည်အောင် လုပ်ပြီး နတ်ဘုရားလမ်းစဉ်ကို တီထွင်ခဲ့တာ ကျုပ်ပဲ... ကျုပ်ကိုယ်တိုင် လူတိုင်းကို သင်ပြခဲ့တာ... ခင်ဗျားတို့အားလုံးကို...”
သူ၏မျက်နှာက အနည်းငယ် ဂုဏ်ယူဝင့်ကြွားနေသည်။ “...ကျုပ်သင်ပေးခဲ့တာ”
သူ လက်ဖဝါးဖြန့်လိုက်သည့်အခါ ကောင်းကင်အလိုတော်မုခ်၀တစ်ခုက လန်ရွှမ်နတ်နန်းတော်၏ အလယ်တွင် မားမားမတ်မတ် ဖွဲ့တည်လာသည်။ ၎င်းဖြတ်သန်းသွားသည့် နေရာတိုင်းရှိ မရေမတွက်နိုင်သော နတ်ဘုရားတစ်ပိုင်းများမှာ မူလဝိညာဉ်များ ဆုံးရှုံးသွားသည့်အပြင် ဝိညာဉ်တို့ကိုလည်း ယိုတုအတွင်းသို့ ရိုက်ထုတ်ခံလိုက်ကြသည်။ သူတို့အားလုံး သေဆုံးသွားကြသော ပုံစံမှာ ရုပ်ပျက်ဆင်းပျက်ပင်။
အလောင်းများက မိုးပေါက်များပမာ တဖွဲဖွဲ ကျလာရင်း နန်းတော်များအပေါ် ပြုတ်ကျလာသဖြင့် နံရံများကိုပါ ပြိုကျသွားစေသည်။
ချင်မူ လက်သီးဆုပ်လိုက်လျှင် ယိုတု၏နတ်ဆိုးချီသည် ကောင်းကင်အလိုတော်မုခ်၀ဆီ ဝှစ်ခနဲ ၀င်ရောက်သွား၏။ ထို့နောက် မုခ်၀မှာ ပျောက်ကွယ်သွားတော့သည်။
သူက ကောင်းကင်နတ်အရှင်လန်ရွှမ်၏ လက်မောင်းထက်တွင် ဆက်လျှောက်နေသည်။ လန်ရွှမ်၏မျက်နှာရှေ့သို့ ရောက်လာသည့်အချိန်တွင် ချင်မူ၏မျက်နှာထားက အပြုံးအရယ်ကင်းမဲ့လျက် အေးစက်တင်းမာနေချေသည်။ “လန်ရွှမ်၊ ခင်ဗျားရဲ့ ကောင်းကင်နန်းဆောင်ကိုလည်း ကျုပ် သင်ပေးခဲ့တာပဲ”
နတ်ဧကရာဇ်လန်ရွှမ်၏ မျက်နှာထက်တွင် ထိတ်လန့်နေသော အရိပ်အယောင် လှစ်ခနဲ ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်က အလျင်အမြန် ကျုံ့ဝင်သွားပြီး အရှိန်အဝါသည် ပို၍အားကောင်းပြင်းထန်လာ၏။ မဟာတာအိုအလင်းတန်းများက သူ့ခန္ဓာကိုယ်အပေါ် ဖြာကျလာကာ ချင်မူနှင့် အခြားသူများအား ခါထုတ်လိုက်၏။
သူ၏အစွမ်းအစများက အင်မတန် ကြောက်မက်ဖွယ်ရာကောင်းပြီး ချင်မူ့ထက် များစွာသာလွန်သည်။ သို့သော် သူ့မှာ ချင်မူ့တိုက်ကွက်များတွင် အားနည်းချက်ရှာမရသောကြောင့် ချင်မူနှင့် တိုက်ခိုက်ရန် ယုံကြည်ချက်မရှိပေ။
ချင်မူ၏ကောင်းကင်နတ်သိုင်းများကိုလည်း သူ နားကန်းတစ်လုံးမှ မသိပေ။
တိုက်ခိုက်မည်ဆိုပါက သူ့တွင် လက်ရှစ်ဖက်အပြင် မျက်နှာလေးခု ရှိသည်။ အတိုက်အခိုက်စွမ်းရည်အရ ချင်မူ့အား ကြောက်နေစရာမလိုချေ။ သို့သော် ချင်မူသည်လည်း သူ့ကိုမကြောက်ပေ။
ချင်မူနှင့်အခြားသူများမှာ အလင်းရောင်တို့ဖြင့် ဝန်းရံလျက် သူ၏အရှေ့တွင် ပေါ်လာပြန်သည်။
“ကျုပ်တို့ စကားပြောလို့ရပြီလား” ချင်မူ၏ ခံစားချက်ကင်းမဲ့နေသော မျက်နှာထက်တွင် အပြုံးတစ်ခုက ခပ်ရေးရေး ပေါ်လာ၏။ ချိုသာနေသော သူ့အပြောနှင့်အတူ သူ၏အပြုံးက ပို၍တောက်ပလာသည်။
နတ်ဧကရာဇ်လန်ရွှမ်က စိတ်ရှုပ်ထွေးစွာဖြင့် မေး၏။ “မင်းက ဘာအကြောင်း ပြောချင်တာလဲ”
ချင်မူသည် ပိုပို၍ တက်ကြွလာ၏။ “နဂါးသွဲ့ရေကန်အစည်းအဝေးပြီးတော့ ကျုပ်နဲ့ ကောင်းကင်နတ်အရှင်ျင် ကောင်းကင်နတ်သိုင်းတွေကို လေ့လာဖို့ တံခါးပိတ်ကျင့်ကြံခဲ့ကြတယ်... အခု လူသားမျိုးနွယ်ရဲ့ ကောင်းကင်ဘုံကို တည်ထောင်ပြီးပြီဆိုတော့ ကျုပ် ထွက်လာနိုင်ခဲ့ပြီ... အတိတ်တုန်းက လူသားတွေမှာ ကိုယ်ကိုင်ကောင်းကင်နတ်ဘုံ မရှိတဲ့အတွက် နတ်ဧကရာဇ်လက်အောက်က နတ်ဘုရားတစ်ပိုင်းတွေကို အနှောင့်အယှက်ပေးခဲ့ရတယ်... အခု ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံ ရှိပြီဆိုတော့ နတ်ဧကရာဇ်ကို အနှောင့်အယှက်ပေးစရာမလိုတော့ပါဘူး”
နတ်ဧကရာဇ်လန်ရွှမ်က စိတ်ထိန်းကာ ပြုံးလိုက်သည်။ “နားလည်ပြီ... ဘာလို့ ကောင်းကင်နတ်အရှင်မူက စောစော မပြောတာလဲ... ဘာလို့ တိုက်ပွဲ ဖြစ်အောင် ဖန်တီးပြီး ကျုပ်တို့မျိုးနွယ်ကို သုတ်သင်ဖို့လာတာလို့ ထင်အောင် လုပ်ရတာလဲ”
ချင်မူ ဟက်ဟက်ပက်ပက် ရယ်လျက် ဖြေလိုက်သည်။ “ကျုပ်က ကိစ္စတွေကို အားသုံးပြီး မဖြေရှင်းခင် အေးအေးချမ်းချမ်း ဆွေးနွေးတတ်တယ်လေ”
“အားမသုံးခင် အေးအေးချမ်းချမ်း ဆွေးနွေးတယ်တဲ့လား..”
နတ်ဧကရာဇ်လန်ရွှမ်မှာ ပျက်စီးနေသော နတ်နန်းတော်အား ကြည့်လိုက်သည်။ မရေမတွက်နိုင်သော အလောင်းများမှာ နန်းတော်နံရံများနှင့် ပလ္လင်ခန်းမတို့တွင် ပြန့်ကျဲနေကြသည်။ ခြောက်သွေ့သွားပြီဖြစ်သည့် နဂါးသွဲ့ရေကန်၌ပင် နတ်ဘုရားတစ်ပိုင်းတို့၏ အလောင်းများဖြင့် ပြည့်နှက်နေ၏။
သူ၏မျက်ဝန်းထောင့်စွန်းများ တွန့်သွားသည်။ “ဒါက ကောင်းကင်နတ်အရှင်မူ အားမသုံးဘဲ အေးအေးချမ်းချမ်း ဆွေးနွေးတာလား”
“ဟုတ်တယ်”
ချင်မူက ကျောနောက် လက်ပစ်စ်၍ အေးအေးလူလူ ပြောသည်။ “အခြေအနေတွေသာ ဆိုးသွားခဲ့ရင် မြင်ကွင်းက ဒီထက် အဆတစ်ရာ ဆိုးရွားလိမ့်မယ်... ဒါကြောင့် ဒါက ကျုပ် အားမသုံးဘဲ အေးအေးချမ်းချမ်း ဆွေးနွေးတာလို့ ဆိုရမယ်..... ကျုပ် ကောင်းကင်နတ်သိုင်းလမ်းစဉ်အဆင့် ဝင်ရောက်ပြီး ကောင်းကင်နတ်ဧကရာဇ်ဆီကနေ ကောင်းကင်နတ်အရှင်ဘွဲ့ရခဲ့တာ နတ်ဧကရာဇ်လန်ရွှမ် သိပြီးလောက်ရောပေါ့... ခင်ဗျားလက်အောက်က ကျင့်ကြံနေတဲ့ နတ်ဘုရားတစ်ပိုင်းတွေအားလုံး ကောင်းကင်နန်းဆောင်အဆင့် ဝင်ရောက်နိုင်အောင် ကျုပ် သင်ပေးခဲ့တာ... ကျုပ်သာ ကောင်းကင်နတ်သိုင်းတွေကို အပြည့်အဝ ခင်းကျင်းပြလိုက်ရင်...”
သူက သေဘေးမှ ကပ်သီလေး လွတ်မြောက်သွားခဲ့သော နတ်ဘုရားတစ်ပိုင်းများကို လှည့်လည်ကြည့်ရှုလိုက်သည်။ ထို့နောက် ပြုံးလိုက်လေသည်။ “သူတို့အကုန်သေပြီး ခင်ဗျားရဲ့မျိုးနွယ် မျိုးသုဉ်းသွားလိမ့်မယ်... ခင်ဗျား ကျုပ်ကို ဘာမှလုပ်နိုင်လိုက်မှာမဟုတ်ဘူး... ဒါပေမဲ့ ကျုပ် ခင်ဗျားကို မသတ်ပါဘူး.. မိသားစုနှစ်ခုရဲ့ အနာဂတ်အကြောင်းကို အားမသုံးဘဲ အေးအေးလူလူ ဆွေးနွေးကြတာပေါ့”
နတ်ဧကရာဇ်လန်ရွှမ်က ဒေါသကို မြိုသိပ်၍ ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူ ဘာကို ပြောချင်တာလဲ... ကျေးဇူးပြုပြီး ပွင့်ပွင့်လင်းလင်းသာ ပြောပါ”
“လူသားမျိုးနွယ်ကို လူသားတွေက စောင့်ရှောက်မယ်... နတ်ဘုရားမျိုးနွယ်ကို နတ်ဘုရားတွေက စောာင့်ရှောက်ရမယ်”
ချင်မူ ပြောလိုက်သည်။ “ဒီနေ့ကစပြီး နတ်ဘုရားတစ်ပိုင်းတွေရဲ့ လက်အောက်က လူသားမျိုးနွယ်အားလုံး ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံဆီ ပြောင်းရွှေ့မယ်... ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံရဲ့ ဥပဒေအောက်က နတ်ဘုရားတစ်ပိုင်းတွေလည်း နတ်ဘုရားတစ်ပိုင်းတွေရဲ့ ပိုက်နက်ဆီ ပြန်ရမယ်.... တာအိုနောင်တော် ဒါကို ဘယ်လိုထင်ပါသလဲ”
နတ်ဧကရာဇ်လန်ရွှမ်သည် ပြုံးလိုက်၏။ “ငါ့မျိုးနွယ်က အဲဒီစားစရာသတ္တဝါတွေကို စောင့်ရှောက်ပေးနေခဲ့တာ ကြာပြီ... ကမ္ဘာဦးခေတ်ကတည်းက ယနေ့အချိန်အထိ ဒီလိုပဲ စားသောက်နေခဲ့ကြတာပဲ.. ဒါက လက်ဆင့်ကမ်းလာခဲ့တဲ့ စည်းမျဉ်းတစ်ခု... အခုက ဒီရာသီအတွက် စားသောက်ပွဲချိန် မဟုတ်သေးဘူး.. ဒါပေမဲ့ ကောင်းကင်နတ်အရှင်မူက ငါတို့ဆီ ရောက်လာပြီး ကူညီပေးခဲ့တယ်လေ... ငါ မင်းကို သဘောတူလိုက်ရင် ငါ့လက်အောက်က နတ်ဘုရားမျိုးနွယ်တွေကို ဘယ်လိုပြန်ဖြေရပါ့မလဲ”
ချင်မူက ခပ်ပြတ်ပြတ် ပြောသည်။ “နတ်ဘုရားမျိုးနွယ် မျိုးတုံးသွားရင်တော့ နတ်ဧကရာဇ်အနေနဲ့ ဖြေစရာ မလိုတော့ပါဘူး... ရှေးခေတ်ကနေ လက်ဆင့်ကမ်းလာခဲ့တဲ့ စည်းမျဉ်းဆိုတာ ဒီနေ့ခေတ်မှာ ဘောင်မဝင်တော့ဘူး ပြောင်းလဲသင့်တယ်”
နတ်ဧကရာဇ်လန်ရွှမ်သည် မျက်လုံးများပင့်လျက် ကျယ်လောင်စွာ ရယ်မောလိုက်၏။ “ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံ တည်ထောင်နိုင်ခဲ့တဲ့အတွက် မင်းကို ငါ ဂုဏ်ပြုစကားတောင် မပြောရသေးဘူး... ကောင်းကင်နတ်အရှင်မူ ငါ့မျက်နှာကို ထောက်ထားပါဦး... ဟိုတုန်းက နဂါးသွဲ့ရေကန်မှာ နှစ်ယောက်လုံး ရှိနေခဲ့ပေမယ့် ငါတို့နှစ်ယောက် မဆုံခဲ့ရဘူး... ဒီနေ့တော့ ဆုံရပြီ.... ကောင်းကင်နတ်အရှင်မူ၊ မင်းရဲ့ ကောင်းကင်နတ်သိုင်းတွေကို ကြည့်ရသလောက် မင်းက အရှင်မင်းကြီး တင်မြှောက်ထားတဲ့ ကောင်းကင်နတ်အရှင်ဘွဲ့နဲ့ ထိုက်တန်ပါပေတယ်... ငါ့ပလ္လင်ခန်းမထဲ ဝင်ပြီး အသေးစိတ်ပြောကြတာ မကောင်းဘူးလား”
ချင်မူ လေးလေးစား ပြောလိုက်သည်။ “မလိုပါဘူး.. ကျွန်တော် နတ်ဧကရာဇ်ကို ဒုက္ခပေးနေတာ ကြာပါပြီ... ဒါကြောင့် အားနာမိလို့ ဆက်မနှောင့်ယှက်တော့ပါဘူး.... အခုပဲ ပြန်လိုက်ပါတော့မယ်”
နတ်ဧကရာဇ်လန်ရွှမ်ကလည်း လေးလေးစားစား ပြန်ဖြေသည်။ “ဒါဖြင့် ကောင်းကင်နတ်အရှင်ကို ဆွဲမထားတော့ပါဘူး”
ချင်မူက ပြန်ဖြေသည်။ “နှုတ်ဆက်ပါတယ်”
သူသည် ချာခနဲ လှည့်၍ ပြန်ရန် ပြင်သော်လည်း နတ်ဧကရာဇ်လန်ရွှမ်က သတ်ဖြတ်ချင်စိတ်ပြည့်နေသော မျက်နှာလေးဖက်ဖြင့် သူ့နောက်ကျောဆီသို့ စိုက်ကြည့်နေ၏။ ရုတ်တရက် လန်ရွှမ်နတ်နန်းတော်၏ ပတ်ပတ်လည်မှ နံရံတံတိုင်းအပိုင်းအစများ မြောက်တက်လာသည်။ အချိန်က နောက်ပြန်စီးဆင်းသွားကဲ့သို့ နတ်နန်းတော်တစ်ခုလုံး လျင်မြန်စွာ အကောင်းအတိုင်း ပြန်ဖြစ်လာသည်။
မကြာခင် လန်ရွှမ်နတ်နန်းတော်သည် မူလအခြေအနေသို့ ပြန်ရောက်သွားကာ ယခင်အတိုင်း ချွတ်စွပ် ဖြစ်နေတော့သည်။
သို့သော် ချင်မူ့ကြောင့် သေဆုံးသွားသော အစွမ်းထက်နတ်ဘုရားတစ်ပိုင်းများမှာတော့ အသက်ပြန်ရှင်မလာဘဲ မြေကြီးပေါ်တွင် အလောင်းများအဖြစ်သာ တုံးလုံးပက်လက် ဖြစ်နေကြသည်။
နတ်ဧကရာဇ်လန်ရွှမ်မှာ သတ်ဖြတ်လိုစိတ်ကို မနည်းချုပ်တည်းထားရသဖြင့် လက်ရှစ်ဖက်လုံး တဆတ်ဆတ် တုန်နေသည်။ ‘ဒီကောင်းကင်နတ်သိုင်းက....’
သူက ချင်မူ နတ်နန်းတော်ထဲမှ ထွက်သွားသည်ကို လှမ်းကြည့်လိုက်သည်။ ပြိုကျနေခဲ့သော တောင်ကောင်းကင်မုခ်ဝမှာ မတ်မတ်ပြန်ထူနေပြီး ပျက်စီးနေသည့် အစိတ်အပိုင်းများ မူလအတိုင်း ပြန်ဖြစ်သွား၏။
‘ငါ ဒါကို တကယ် နားမလည်ဘူး’ နတ်ဧကရာဇ်လန်ရွှမ်သည် အားနည်းသည်ဟူသည့် ခံစားချက်၏ တိုက်စားမှုကြောင့် တစ်ကိုယ်လုံး ထုံထိုင်းနေပြီး အံတင်းတင်းကြိတ်ထားမိသဖြင့် နှုတ်ခမ်းမှ သွေးများပင် စီးကျလာသည်။
ချင်မူနှင့် ကျန်ရှိသူများက ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံဆီ လျှောက်သွားကြသည်။ ချင်မူက ပြောသည်။ “ယွဲ့၊ ကျွန်တော်တို့ ပြန်ရောက်ရင် နတ်ဧကရာဇ်လန်ရွှမ်ရဲ့ ပိုင်နက်တွေဆီ သွားပြီး လူသားတွေကို ခေါ်ထုတ်လာခဲ့ပါ... မြေဩဇာကောင်းပြီး သီးနှံစပါးတွေ စိုက်နိုင်မယ့် နေရာတစ်နေရာလည်း ကြိုးစားပြီး ရှာပါ.... သူတို့ကို ပညာသင်ပေးပြီး ဘဝနေထိုင်မှုတွေ တိုးတက်လာပါစေ... ကျွန်တော် သေသေချာချာ တွေးကြည့်ပြီးသွားပြီ... ကောင်းကင်နတ်အရှင်ယွဲ့ ပြောတာ မှန်ပါတယ်... ဒီမျိုးဆက်ကို အသိစိတ်သွင်းပေးလို့ မရရင် နောက်မျိုးဆက် ရှိနေဦးမှာပဲ.. မျိုးဆက်နှစ်ဆက်စလုံးကို မကယ်တင်နိုင်ရင် တတိယမျိုးဆက် ရှိသေးတာပဲ... မျိုးဆက်တိုင်းမှာ အသိစိတ်ဝင်မယ့်သူကတော့ ပါမှာပါ... သူတို့က ကျွန်တော်တို့ လူသားမျိုးနွယ်အတွက် မျှော်လင့်ချက်ပဲ”
ကောင်းကင်နတ်အရှင်ယွဲ့သည် သူ့အနောက်တွင် တိတ်ဆိတ်စွာ နားထောင်နေရာမှ ရုတ်တရက် မေးသည်။ “မူချင်းလား”
ချင်မူက သူမဘက်လှည့်ကာ တောက်ပစွာ ပြုံးပြလိုက်သည်။ “ဘာကြောင့် မူချင်းလို့ ခေါ်လိုက်တာလဲ”
“ဘာကြောင့်မှ မဟုတ်ပါဘူး”
ကောင်းကင်နတ်အရှင်ယွဲ့သည် ရယ်လျက် ပြော၏။ “မူချင်းက အဓိပ္ပါယ်ရှိတဲ့ နာမည်တစ်ခုလို ခံစားလိုက်ရလို့.... ဒီနာမည်ကို ခေါ်လိုက်တဲ့အချိန်မှာ ပန်းချီကားတစ်ချပ်ကို မြင်ယောင်မိတယ်... အဆုံးမရှိအောင် ကျယ်ပြောစိမ်းစိုနေတဲ့ မြက်ခင်းထက်မှာ နွားကျောင်း၊ သိုးကျောင်းနေတဲ့ ကောင်လေးတစ်ယောက်ရဲ့ ပန်းချီပေါ့... ပြောပါဦး၊ နင့်နာမည်က အဲဒီလိုဖြစ်လာတာလား”
ချင်မူ ရယ်လိုက်မိသည်။ “ယွဲ့ အတွေးတွေ လွန်နေပြီ”