← Chapters

ဓာတ်ကြီးငါးပါး ကပ်ဘေးကြယ်ငါးစင်း

Vol. 81 Ch. 1048

ဓာတ်ကြီးငါးပါး ကပ်ဘေးကြယ်ငါးစင်း

Vol. 81 Ch. 1048

နဂါးဟန်ခေတ်၏ ၁၄၀၁ ခုနှစ်တွင် ကောင်းကင်ထက်၌ ကပ်ဘေးကြယ်များ ပေါ်လာခဲ့သဖြင့် ကမ္ဘာဦးဘုံတွင် သေဆုံးမှုများစွာ ဖြစ်ပေါ်ခဲ့၏။

ကမ္ဘာဦးဘုံတွင် ကမ္ဘာဦးသစ်ပင်ပတ်ပတ်လည်၌ ဖွဲ့တည်နေသော ဘုံများ သို့မဟုတ် ကမ္ဘာဦးဘုံ၏ တောတောင်၊ မြစ်ချောင်းများအကြား စသည်တို့တွင် နေထိုင်ကြသော မျိုးနွယ်စု‌‌ပေါင်းတစ်သောင်း ရှိချေသည်။ ယနေ့တွင် သက်ရှိသတ္တဝါများသည် ကောင်းကင်၌ အလင်းရောင်ငါးရောင် ဖြာဆင်းလာပြီးနောက် ‌ရှေးဟောင်းကပ်ဘေးနတ်ဘုရားငါးပါး စစ်သည်တော်များနှင့် မြင်းများကို ဦးဆောင်လျက် ကမ္ဘာဦးဘုံအပေါ်မှ ပျံသန်းသွားကြသည်ကို မြင်လိုက်ကြရ၏။

အလင်း‌ရောင် ဖြတ်သွားသော နေရာတိုင်းတွင် ရေခမ်းသည်၊ အပင်များ ညှိုးကုန်သည်၊ သီးနှံများလည်း မဖြစ်ထွန်းတော့ပေ။ ဥက္ကာခဲများလည်း ရွာကျလာကာ စစ်မက်ဖြစ်ပွားကြ၏။ သူခိုးဓားပြများလည်း သောင်းကျန်းကြသဖြင့် နေရာတိုင်းတွေ အလောင်းများ မွစာကြဲနေတော့သည်။

ညသန်းခေါင်အချိန် ရောက်သည့်အခါ အမှောင်ထုအတွင်းမှ အလင်းရောင်ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ အလင်းရောင်အနောက်တွင် လူငယ်တစ်ဦးက စက္ကူလှေလေးတစ်စင်းဖြင့် ခန္ဓာမဲ့နေသော ဝိညာဉ်များကို စုဆောင်းနေသည်။

တစ်ချိန်တည်းမှာပင် ကမ္ဘာဦးဘုံ၏ အခြားနေရာများရှိ လူများလည်း ဤထူးဆန်းသောလူငယ်ကို မြင်ရလေရာ ထိုလူငယ်တွင် ကိုယ်ပွားထောင်ပေါင်းများစွာ ရှိနေဟန်တူသည်။ သူက ဝိညာဉ်များကို လာရောက်ခေါ်‌ဆောင်သော ယိုတုမှ တမန်တော်တစ်ယောက်ဟု တချို့က ဆိုကြသည်။

ငါးရောင်ခြယ်အလင်းတန်းသည် ကောင်းကင်နတ်မြစ်ဆီ ပျံသန်းသွားကာ ကမ္ဘာဦးဘုံမြေထုကြီးအား ချန်ရစ်ခဲ့သည်။ သို့သော် ကပ်ဘေးကြယ်များမှ ကပ်ဘေးများ ဆိတ်သုဉ်းရန် အချိန်အတော်ကြာခဲ့သည်။ အချို့နေရာများတွင် နှစ်ပေါင်း ၁၀၀ ကြာပြီးနောက်မှသာ ကပ်ဘေးများ ထွက်ခွာသွား၏။

ကောင်းကင်နဂါးခြောက်ကောင် ဆွဲယူလာသည့် ရတနာရထားလှည်းတစ်စီးက ကောင်းကင်နတ်မြစ်ထက်တွင် အပြေးနှင်နေချေသည်။

ကောင်းကင်နတ်မြစ်သည် ကမ္ဘာဦးဘုံ၏အပေါ်တွင် တည်ရှိ၏။ ရာသီဥတုကောင်းမွန်သည့် နေ့များတွင် သာမန်လူတစ်ဦးအနေဖြင့် ကောင်းကင်နတ်မြစ်အား ပကတိမျကိစိဖြင့်ပင် မြင်ရနိုင်သည်။ သို့သော် ၎င်းမှာ အနည်းငယ်မှုန်ဝါးနေကာ အမြင့်တစ်နေရာမှ ကျဆင်းလာနေသကဲ့သို့ ထင်ရလေသည်။

နတ်မျက်လုံး ကျင့်ကြံထားပါက ၎င်းအပေါ်ရှိ လမ်းများကို မြင်ရပြီး တောင်ကောင်းကင်မုခ်ဝကို စောင့်ကြည့်နေသည့် နတ်ဘုရားများကိုလည်း တွေ့ရပေလိမ့်မည်။

မှန်ပါသည်။ မျိုးဆက်သစ်များအနေဖြင့် ၎င်းကို မြင်ရန် ခက်ခဲပေသည်။

သို့သော် ကောင်းကင်နတ်မြစ်မှာ နီးကပ်သယောင် ထင်ရသော်လည်း ဝေးကွာ၏။ အစက ကောင်းကင်နတ်ဘုံသည် ‌ကမ္ဘာဦးသစ်ပင်အထက်၌ ကိန်းဝပ်ခဲ့သောကြောင့် သက်လုံကောင်းပါက ကမ္ဘာဦးသစ်ပင်ထက်သို့ တက်ကာ ကောင်းကင်နတ်ဘုံဆီ ခိုး၀င်နိုင်သည်။ နောက်ပိုင်းတွင် အမိကမ္ဘာမြေသည် ကောင်းကင်နတ်ဘုံ၏ ဖိအား ကမ္ဘာဦးသစ်ပင်အပေါ် သက်ရောက်နေသည်ကို မုန်းတီးသဖြင့် ခွဲထွက်ရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုကြသည်။

နောက်ပိုင်းတွင် ကောင်းကင်နတ်ဘုံဆီ သွားရန် လမ်းမှာ ကောင်းကင်နတ်မြစ်တစ်ခုတည်းသာ ဖြစ်လာချေသည်။

ကောင်းကင်နတ်မြစ်သည် ကောင်းကင်ဘုံများကို ဖြတ်သန်းစီးဆင်းနေခြင်း ဖြစ်သည်။ မြစ်ပေါ်တွင် လှေများစွာ ရှိသော်လည်း ထိုလှေများကို စီးနင်းနိုင်ကြသူများမှာ နတ်ဘုရားတစ်ပိုင်းများသာ ဖြစ်လေ့ရှိသည်။

ချင်မူ၏ ရထားလှည်းက လှေများကို ရှောင်ရင်း အရှိန်အဟုန်ပြင်းစွာ မောင်းနှင်နေသည်ေ။ မဟုတ်လျှင် လှေသင်္ဘောများကို ၀င်တိုက်မိပေလိမ့်မည်။ များသောအားဖြင့် သင်္ဘောများသည် အဝေးမှ လာနေသည့် ရထားလှည်းကို မြင်သည်နှင့် လမ်းဖယ်ပေးတတ်ကြ၏။ ပြောရလျှင် ထိုသို့ရထားလှည်းမျိုးကို အစွမ်းထက်ပုဂ္ဂိုလ်များသာ ပိုင်ဆိုင်ကြသည်မဟုတ်ပါလော။ ဤခေတ်တွင် ထိုပုဂ္ဂိုလ်များ၏ ဝင်တိုက်ခံလျှင် မည်သူမှ ဂရုစိုက်မည်မဟုတ်ချေ။

ရထားလှည်းထဲတွင် လော့ရှောင်မှာ အပြင်ရှိ ကောင်းကင်နတ်မြစ်အား ငေးမောကြည့်နေသည်။ ယန်အာမှာတော့ စိတ်ပျော်နေပုံရပြီး သစ်သီးအချို့ ထုတ်ကာ လိုက်ခွံ့နေသည်။ လော့ရှောင်မှာ ငြင်းနေခဲ့သော်လည်း တဖြည်းဖြည်း နေသားကျလာသဖြင့် သူကိုယ်၌ပင် သတိမထားမိဘဲ စားနေမိသည်။ သို့သော် ဖန်ဆင်းရှင်လော့ရှောင် ဗိုက်ပြည့်သွားသည့်အခါ ယန်အာသည် သစ်သီးများအား အပြင်ရှိ နဂါးချီလင်ကို ပေးလိုက်၏။

ချင်မူမှာလည်း သူမကို ကြည့်ကာ ပျော်နေမိသည်။

ယန်အာသည် ရိုးအသော မိန်းကလေးတစ်ဦး ဖြစ်၏။ ရက်စက်ကြမ်းကြုတ်လှသော လောကကြီးတွင် နေထိုင်ရန် သူမအတွက် ခက်သည်။ သူမ ၀မ်းနည်းလျှင် ချင်မူလည်း ၀မ်းနည်းမိသည်။

“လော့ရှောင်၊ ဘာလို့ ကောင်းကင်နတ်ဘုံဆီ သွားချင်တာလဲ” ချင်မူက ဖန်ဆင်းရှင်သခင်လေးကို ကြည့်ကာ မေးသည်။

လော့ရှောင်က ပြော၏။ “ကျွန်တော်တို့လူတွေ ဒီမှာ ရှိနေသေးလား သွားကြည့်ဖို့ ခေါင်းဆောင်က အမိန့်ပေးလိုက်လို့ပါ...ဘိုးဘေးနန်းတော်ကို ရှာပြီး ကျွန်တော်တို့ဘိုး‌ဘေးတွေအကြောင်း နည်းနည်းစုံစမ်းကြည့်ဖို့လည်း ခိုင်းလိုက်သေးတယ်”

သူသည် စကားကို သတိထား၍ ဖန်ဆင်းရှင်ဖြစ်သည့်အကြောင်း ထုတ်မပြောခဲ့ပေ။ သူ့အကြောင်းမသိပါက သူပြောနေသည့် ဘိုးဘေးနန်းတော်အကြောင်းကိုလည်း သိရှိမည်မဟုတ်ပေ။

“ဘိုးဘေးနန်းတော်လား”

ချင်မူမှာ ရင်ထဲ လှုပ်ခတ်သွားသည်။ လော့ရှောင်သည် လွန်ခဲ့သည့်နှစ်တစ်သန်းက ဘိုးဘေးနန်းတော်ကို ရှာရန် မဟာလေဟာနယ်မှ ထွက်သွားခဲ့သည်ဟု ရှုကျွင်း တစ်ခါပြောခဲ့ဖူးသည်ကို ချင်မူ သတိရသွား၏။ လော့ရှောင်က ဖန်ဆင်းရှင်တို့၏ကံကြမ္မာနှင့် ပက်သက်သည့် ဟောကိန်းသုံးခုကိုလည်း ဘိုးဘေးနန်းတော်၏ ဘိုးဘေးများထံမှ ယူဆောင်လာခဲ့သည်ဟုလည်း ဆိုခဲ့သည်။

ထိုသို့ဆိုလျှင် ဖန်ဆင်းရှင် ဘိုးဘေးလော့ရှောင် ခရီးထွက်လာခဲ့သည့် အကြောင်းရင်းမှာ ဧကရာဇ်လန်ဝူနှင့် အတူတူပင် ဖြစ်၏။ သူတို့နှစ်ယောက်လုံးက ဘိုးဘေးနန်းတော်ကို ရှာနေကြခြင်း ဖြစ်လေသည်။

လော့ရှောင်မှာ မဟာလေဟာနယ်မှ ကမ္ဘာဦးဘုံသို့ ရောက်ရှိလာခဲ့ပြီး ဘိုးဘေးနန်းတော် မဟုတ်ကြောင်း သိလိုက်ရသောကြောင့် ကောင်းကင်နတ်ဘုံထံ သွားကြည့်ချင်ခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် ချင်မူ သိထားသလောက် ကမ္ဘာဦးဘုံ၊ ယိုတု၊ ရွှမ်တုနှင့် ၀င်ရိုးစွန်းလေးခုမှာ ဘိုးဘေးနန်းတော်များ မဟုတ်ချေ။ ဘိုးဘေးနန်းတော်အစစ်သည် ကမ္ဘာလောကအသီးသီး၏ ပြောင်းပြန်ဘက်ခြမ်းတွင် ချိပ်ပိတ်ခံထားရ၏။

လော့ရှောင်အနေဖြင့် ဤခရီးတွင် ဘိုးဘေးနန်းတော်ကို ရှာတွေ့ရန် မဖြစ်နိုင်ချေ။

‌အပြင်ကို ကြည့်နေသည့် ‌လော့ရှောင်၏အကြည့်မှာ မှေးမှိန်နေသည်။ ဤဖန်ဆင်းရှင်သခင်လေးကား ရဲရင့်ပေ၏။ အသက်သေနိုင်မှန်း သိသော်လည်း မဟာလေဟာနယ်မှ ထွက်လာခဲ့သေးသည် မဟုတ်ပါလော။

“မင်းလူတွေကို ရှာတွေ့ပြီလား” ‌ချင်မူက မေးသည်။

လော့ရှောင်က ခေါင်းခါသည်။ “နောင်တော်က ကျွန်တော်တို့ထဲက တစ်ယောက်လို့ တခဏတော့ ထင်ခဲ့မိသေးတယ်... နောက်တခဏကျတော့ နတ်ဧကရာဇ်လန်ရွှမ်က ကျွန်တော်တို့ထဲကတစ်ယောက်လို့ ထင်မိပြန်ရော..... ဒါပေမဲ့ နောင်တော်တို့ထဲက တစ်ယောက်မှ ကျွန်တော်တို့လူမဟုတ်မှန်း သိလိုက်ရပြန်တယ်”

သူက အားတင်းပြုံးကာ ဆက်ပြောသည်။ “ကျွန်တော့်တို့ မျက်ခုံးနှစ်ဖက်ကြားမှာ သူများနဲ့ မတူတဲ့ မျက်လုံးတွေ ရှိကြတယ်... နောင်တော်ရောပဲ... ဒါပေမဲ့‌ သေချာကြည့်လိုက်တော့ နောင်တော်က ကျွန်တော်တို့လို မဟုတ်ဘူး... နတ်ဧကရာဇန်လန်ရွှမ်မှာ ကျွန်တော်တို့သွေးဆက်ရှိပေမယ့် သူလည်း မဟုတ်ပြန်ဘူး.... ကောင်းကင်နတ်ဘုံမှာတော့ ကျွန်တော်တို့လူတွေ ရှိရင်ရှိနေလောက်ပါတယ်... အဲ့ဒါဆို သူတို့ကို အားကိုးပြီး ဘိုးဘေးနန်းတော်ကို ရှာလို့ရနိုင်တယ်”

ချင်မူက တွေးတောလျက် ပြောသည်။ “ကောင်းကင်နတ်ဘုံမှာ မင်းရဲ့လူတွေ ရှိနေတယ်ဆိုရင် သူတို့က မင်းရန်သူပဲ”

လော့ရှောင်မှာ တုန်လှုပ်သွားသည်။ သူ အဓိပ္ပာယ်ကို မေးတော့မည့်အချိန် ငါးရောင်ခြယ်အလင်းတန်းသည် သူတို့မြင်ကွင်းထဲ ၀င်ရောက်လာ၏။ ကောင်းကင်နတ်မြစ်မှာ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွား၍ ဖြစ်ပေါ်လာသော မုန်ုတိုင်းကြောင့် သင်္ဘောအားလုံး လွင့်ထွက်လုနီးပါး ဖြစ်သွားကြသည်။

သင်္ဘောအနည်းငယ်သာ လွင့်ထွက်မသွားဘဲ ကျန်ရစ်ခဲ့သော်လည်း နတ်ဘုရားတစ်ပိုင်းများမှာ ခါးခါးသီး အော်ဟစ်နေကြလေသည်။ သူတို့မှာ မျက်စိဖြင့် မြင်နေရသော အမြန်နှုန်းဖြင့် အသက်ကြီးလာကြရာ ဆံဖြူပြီး ပါးရေတွန့်နေသော အဘိုးအို၊ အဘွားအိုများ ဖြစ်ကုန်တော့သည်။

“စနေဂြိုဟ်အရှင်သခင်၊ ခင်ဗျားကတော့ဗျာ တာအိုစွမ်းအားကို အထိန်းအချုပ်မရှိ ထုတ်လွှတ်လိုက်လို့ အရသာတွေ ပျက်ကုန်ပြီ”

ကောင်းကင်ထက်မှ အသံတစ်သံ ထွက်ပေါ်လာပြီး အလင်းရောင်နှင့်အတူ ရထားလှည်းအရှေ့သို့ ကျဆင်းလာ၏။ သူတို့က ရထားလှည်းနှင့် မိုင်တစ်ဒါဇင်ခန့် အကွာ၌ ရပ်လိုက်သည်။ ထို့နောက် အင်အားကြီးမားသော ရှေးဟောင်းနတ်ဘုရားတို့ကား ဧရာမစစ်တပ်ကြီးများနှင့်အတူ တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လာချေပြီ။

ကြက်သွေးရောင်ဆံပင်နှင့် မြွေခန္ဓာကိုယ် ရှိသော ရှေးဟောင်းနတ်ဘုရားက ကျန်သင်္ဘောများဆီသို့ လှမ်းဖမ်းကာ ပြောသည်။ “ကြာသပတေးဂြိုဟ်အရှင်သခင်၊ ခင်ဗျားက စွမ်းအားကြီးတော့ သူတို့ကို အရသာရှိအောင် လုပ်ပေး”

ငှက်ဦးခေါင်းနှင့် ရှေးဟောင်းနတ်ဘုရား၏မျက်လုံးမှ အလင်းတန်းတို့ ဖြာထွက်လာသည်။ အိုမင်းနေသော နတ်ဘုရားတစ်ပိုင်းများမှာ အချိန် ပြောင်းပြန်စီးဆင်းသွားသကဲ့သို့ တခဏချင်း ငယ်ရွယ်နုပျိုသွားကြ၏။ မကြာခင် အဘွားအိုများမှာ မိန်းမပျိုလေးများ ဖြစ်လာကြပြီး အဘိုးအိုများက ခံ့ညားသော လူငယ်များ ဖြစ်လာကြသည်။

“ဒီလိုဆို အရသာရှိသွားပြီ”

ကြက်သွေးရောင်ဆံပင်၊ မြွေခန္ဓာကိုယ်ဖြင့် ရှေးဟောင်းနတ်ဘုရားက ရယ်လျက် သင်္ဘောပေါ်ရှိ နတ်ဘုရားတစ်ပိုင်းအား အသက်တစ်ရှိုက်အတွင်း စုပ်ယူလိုက်သည်။ သူက မြိုချနေရင်း ရပ်တန့်သွားသော ရထားလှည်းထံ လှမ်းကြည့်ကာ ရယ်လိုက်ပြန်၏။ “ကောင်းကင်နတ်အရှင်မူ၊ မင်းတော့ ဒုက္ခရောက်ပြီပဲ... ဆင်းလာပြီး မင်းကံကြမ္မာကို လက်ခံလိုက်တော့”

လော့ရှောင်မှာ သိသိသာသာ မျက်နှာပျက်နေ၏။ သူ့မှာ စိုးရိမ်ပူပန်နေချေသည်။

ချင်မူက သူ့ကို တစ်ချက်ကြည့်ကာ နှစ်သိမ့်လိုက်သည်။ “အားနည်းတဲ့ နတ်ဘုရားတချို့ပါ.. သိပ်ပြီး စိုးရိမ်စရာမလိုပါဘူး”

လော့ရှောင်မှာ အက်ကွဲနေသော အသံဖြင့် ပြောသည်။ “သူတို့က ကျွန်တော့်မျိုးနွယ်ရဲ့ မဟာရန်သူတွေ... ကျွန်တော့်ကို တွေ့သွားရင် မှတ်မိသွားကြလိမ့်မယ်”

အရှေ့တွင် ကောင်းကင်နဂါးများမှာလည်း ဓာတ်ကြီးငါးပါး ရှေးဟောင်းနတ်ဘုရားများကို ကြောက်လန့်တကြား ကြည့်လျက် တုန်ရီနေကြသည်။ သူတို့က ခပ်တိုးတိုး ပြောနေကြ၏။ “သွားပြီ... ရှေးဟောင်းနတ်ဘုရားတွေ ရောက်လာပြီ... ငါတို့တော့ သေတော့မှာပဲ”

“ဓာတ်ကြီးငါးပါး ကြယ်တာရာအရှင်သခင်တွေနဲ့ တူတယ်”

“ငါတို့ ထာ၀ရငြိမ်း‌ချမ်းရေးအင်ပါယာနေမှာ နေခဲ့ပြီး ကောင်းကင်ငှက်မွှေးကမ္ဘာကို တိုက်ခိုက်ဖို့ အနက်ရောင်မျက်နှာ တုထျန်းမိစ္ဆာဘုရင်နဲ့ လိုက်သွားခဲ့သင့်တာ... မင်းတို့ကောင်တွေက ငြင်းခဲ့တယ်လေ... အစ်ကိုကြီးနဲ့ ကျန်တဲ့သူတွေ တုထျန်း မိစ္ဆာဘုရင်နဲ့ ရှိနေတဲ့အချိန် ငါတို့ကတော့ သေရတော့မယ်”

ဉာဏ်သိပ်မပြေးပုံရသော ကောင်းကင်နဂါးတစ်ကောင်က ပြောသည်။ “သူတို့ကြည့်ရတာ အဲဒီလောက် သန်မာအားကောင်းမှာ မဟုတ်လောက်ပါဘူး... ငါ ထင်ထားတဲ့ ရှေးဟောင်းနတ်ဘုရားတွေနဲ့ မတူဘူး... ငါ စိတ်ကူးထားတဲ့ ရှေးဟောင်းနတ်ဘုရားတွေဆိုတာ မြေအောက်ဘုံအရှင်သခင်လို သန်မာအားကောင်းသင့်တယ်..”

“မာဟာ မာဟာ”

ကျန်ကောင်းကင်နဂါးများက သူ့ကို ဝိုင်းဆူ၏။ “ပိတ်ထားစမ်း ... အတိတ်ခေတ်က ရှေးဟောင်းနတ်ဘုရားဆိုမှတော့ ပိုပြီး အင်အားကြီးတာပေါ့”

နဂါးချီလင်မှာ စိတ်တိုလာသဖြင့် မတ်တထပ်ထရပ်ပြီး အော်ဟစ်လိုက်သည်။ “မာဟာ”

နဂါးများမှာ စကားမပြောရဲတော့ဘဲ တောင်းပန်ကြလေသည်။ “ဟုတ်တယ် နောင်တော်ပိ မှန်တယ်.... ငါတို့ စကားမများသင့်ဘူး... မိုးပြိုကျရင်တောင် ငါတို့ကို ကာကွယ်ပေးမယ့် ကောာင်းကင်နတ်အရှင် ရှိနေတာပဲဟာ”

နဂါးချီလင်သည် စိတ်ကျေနပ်မှုအပြည့်ဖြင့် ခေါင်းညိတ်၍ ရထားလှည်းဆီ လှည့်ကာ လျှောက်တင်သည်။ “ဂိုဏ်းသခင်၊ ဒီမှာ ကိုယ့်နေရာကိုယ် မသိတဲ့ ရှေးဟောင်းနတ်ဘုရားတွေ ရောက်နေပါတယ်... ကျေးဇူးပြုပြီး ဆုံးဖြတ်ချက်ချတော်မူပါ”

ယန်အာက ကန့်လန့်ကာဖွင့်ပေးလိုက်သဖြင့် ချင်မူက ဖြည်းဖြည်းချင်း ထွက်လာလေသည်။ “သူက ရှေ့သို့ ကြည့်ကာ ပြောသည်။ “ဓာတ်ကြီးငါးပါး ကြယ်တာရာအရှင်သခင်တွေပါလား... ဘာကြောင့် ကျွန်တော့်လမ်းကို ပိတ်ထားတာလဲ”

သူက သူတို့ကို ကြည့်လိုက်ပြီး သူ့အကြည့်သည် စနေဂြိုဟ်အရှင်သခင်အပေါ် ကျရောက်သွား၏။ ချင်မူ မှင်သက်သွားသည်။ ယိုတု၏ စနေဂြိုဟ်အရှင်သခင်သည် မြွေခန္ဓာ၊ ယောက်ျားအသံ ရှိသော မိန်းမလှတစ်ဦး ဖြစ်ခဲ့သည်။ သိပ်သည်းနက်မှောင်သော ဆံပင်တို့က ရင်နှစ်မြွှာကို ဖုံးလျက် ထူးဆန်းစွာ ဆွဲဆောင်မှု ရှိသော မိန်းမတစ်ယောက်ပင်။

သို့သော် သူ့အရှေ့ရှိ စနေဂြိုဟ်အရှင်သခင်သည် ရှုပ်ရှုပ်ထွေးထွေး ဆံပင်ရှည်များနှင့် ရင်ဘတ်ဗလာ လှပ်ထားသော ယောက်ျားတစ်ယောက် ဖြစ်နေ၏။ သူက အဖြူရောင်အလံတစ်ရွက်နှင့် မှန်တစ်ချပ်ကို ကိုင်ကာ လျှာနှစ်ခွဖြင့် တရွှီးရွှီး အသံပြုနေသည်။

‘ကမ္ဘာခေတ်နှောင်း စနေဂြိုဟ်အရှင်သခင်က ကမ္ဘာခေတ်နှောင်းသတ္တဝါအဖြစ်ကနေ ကျင့်ကြံထားတဲ့ နတ်ဘုရား ဒါမှမဟုတ် မိစ္ဆာများလား’

ချင်မူ တွေးနေမိသည်။ ‘ဒါဆို စနေဂြိုဟ်အရှင်သခင်အစစ်က မဟာနေဧကရာဇ်လိုပဲ သေသွားပြီပေါ့... ကမ္ဘာခေတ်နှောင်း နတ်ဘုရားတွေနဲ့ မိစ္ဆာတွေက သူတို့နေရာမှာ အစားထိုးယူထားပြီပြီ .... အခု ရှေးဟောင်းကြယ်တာရာအရှင်သခင်တွေ မကြာခင် သေရမယ့်ပုံပဲ... ဘယ်သူက သူတို့ကို သတ်မှာပါလိမ့်’

စနေဂြိုဟ်အရှင်သခင်သည် ကြယ်တာရာအရှင်သခင်တို့၏ ခေါင်းဆောင်ဖြစ်သည့်အလျောက် အင်အားအကြီးမားဆုံး ဖြစ်၏။ သူ့လျှာ ထုတ်လိုက်သည့်အခါ သူ့အမြီးက ရှေ့ထွက်လာသည်။ အမြီးတစ်ချက်အဝှေ့နှင့်အတူ မြစ်စုန်ဆင်းနေသော သင်္ဘောများမှာ သူ့လျှာဖြင့် ရစ်ပတ်ခံလိုက်ရကာ ဗိုက်ထဲသို့ မြိုချခံလိုက်ရတော့သည်။ သင်္ဘောပေါ်ရှိ လူများလည်း တစ်ခါတည်း ပါသွား၏။ “ကောင်းကင်နတ်အရှင်မူ၊ မင်းက နတ်ဧကရာဇ်လန်ရွှမ်ကို စော်ကားပြီး လန်ရွှမ်နတ်နန်းတော်ကိုလည်း တိုက်ခိုက်ခဲ့တယ်... မင်းကြောင့် အပြစ်မဲ့တဲ့သူတွေ သေခဲ့ရတဲ့အကြောင်း လန်ရွှမ်က ငါတို့ဆီ သတင်းပို့တယ်... မင်း ကံတရားကိုပဲ စောင့်မလား.. ငါတို့သတ်တာ ခံမလား”

ချင်မူက တဟားဟား ရယ်မောလိုက်ရင်း ပြောသည်။ “ဓာတ်ကြီးငါးပါးအရှင်သခင်တု့က နာမည်ကျော်ကြားတဲ့ ရှေးဟောင်းနတ်ဘုရားတွေဖြစ်ပြီး မဟာတာအိုတွေရဲ့ ကိုယ်စားပြုတွေပါ.... ခင်ဗျားတို့လို အရှင်သူမြတ်‌တွေက လန်ရွှမ်ရဲ့စကားကိုပဲ တစ်ဖက်သတ်နားထောင်ပြီး မစစ်ဆေးဘဲ ကျွန်တော့်ကို သတ်တော့မလို့လား... ကျွန်တော်က ကောင်းကင်နတ်ဧကရာဇ်ကိုယ်တိုင် ချီးမြှင့်ထားတဲ့ ကောင်းကင်နတ်အရှင်တစ်ယောက်ပါ.... လန်ရွှမ် ဘယ်မှာလဲ... သူ့ကို ခေါ်လာခဲ့... ကျွန်တော် သူ့ကို မေးမယ်”

ကြာသပတေးဂြိုဟ်အရှင်သခင်သည် တောင်ပံတဖျတ်ဖျတ် ခတ်လျက် ရယ်လိုက်၏။ “ကောင်းကင်နတ်အရှင်မူ၊ မင်းကိုယ်မင်း အကောင်ကြီး ဖြစ်နေပြီထင်နေလား... မင်းက ကောင်းကင်နတ်ဧကရာဇ်ရဲ့ သားတော်၊ ကောင်းကင်နတ်အရှင်ဟောင်ကို တိုက်ခိုက်ခဲ့တ‌ာနော်... သူက မင်းကို သေစေချင်နေတာ ကြာပြီ... ဒါက သူ့ဆန္ဒကို ဖြည့်ပေးလိုက်ရုံသက်သက်ပဲ”

ရထားလှည်းထဲတွင် လော့ရှောင် နှာခေါင်းရှုံ့မိသည်။ သူ့မှာ ကြောက်လန့်နေသဖြင့် ထွက်ပြေးချင်နေသည်။ ‘ကောင်းကင်နတ်အရှင်မူ သူ့မှာ ရန်သူတွေ အများကြီး ရှိတဲ့အကြော်ငး ပြောတုန်းက ‌သေးသေးမွှားမွှား ရန်သူ‌လေးတွေပဲ ထင်လို့ သူမတတ်နိုင်တော့ရင် ငါ ကူညီပေးမယ် တွေးထားခဲ့တာ... ကောင်းကင်နတ်ဧကရာဇ်ကတောင် သူ့ရဲ့ ရန်သူဖြစ်နေမယ်မှန်း ငါ မသိခဲ့ဘူး... သူ့နောက် ဆက်လိုက်ရင် ငါ သေမှာပဲ... သူ ဓာတ်ကြီးငါးပါးရှေးဟောင်းနတ်ဘုရားတွေကို အနိုင်မယူနိုင်လောကဘူး... အနိုင်ယူနိုင်ရင်တောင် ကောင်းကင်နတ်ဘုံရောက်ရင် သေရမှာပဲ... ငါလည်း သူနဲ့အတူ ကိစ္စချောနေဦးမယ်’

သို့သော် သူ့မှာ ဓာတ်ကြီးငါးပါးရှေးဟောာင်းနတ်ဘုရားများအရှေ့ အပြင်ထွက်လိုက်လျှင် သေမည်စိုးသဖြင့် ရထားလှည်းထဲတွင်သာ ပုန်းနေသည်။

အင်အားချွေတာရန် ချင်မူ့ရထားလှည်းနှင့် လိုက်ခဲ့မိသည်ကိုလည်း လော့ရှောင် အကြီးအကျယ် နောင်တရမိသည်။ လမ်းခရီးအဆင်ပြေစေရမည့် ရထားလှည်းက သူခိုးတို့၏ လှည်းကြီး ဖြစ်နေမည်မှန်း မည်သူက ထင်ထားမည်နည်း။

ချင်မူက ပြုံးလိုက်သည်။ “ဓာတ်ကြီးငါးပါးအရှင်သခင်တို့၊ နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်း ပျံ့နှံ့သွားကတည်းက ရှေးဟောင်းနတ်ဘုရားတွေရဲ့ ခေတ် ကုန်သွားပြီလို့ ပြောနိုင်ပါတယ်... ရေ နွေးလာရင် ဘဲတွေက အရင်ဆုံး သိတယ်တဲ့... ဓာတ်ကြီးငါးပါးအရှင်သခင်တို့က ဘဲတွေထက်တောင် အခြေအနေ မဆိုးနေဘူးလား.... ရွှေအဆင့်တပ်မှူး နျိုပန်းကို မှတ်မိသေးလား... သူက ခင်ဗျားတို့အားလုံးကို လူရုပ်မထွက်အောင်ကို ရိုက်ခဲ့တာ်နော်”

ဓာတ်ကြီးငါးပါးအရှင်သခင်တို့မှာ ဒေါသထောင်းခနဲ ထွက်သွားပြီး စနေဂြိုဟ်အရှင်သခင်သည် မှန်ဖြင့် ချင်မူ့ဆီ လှမ်းထိုး၏။ ချင်မူက တုပ်တုပ်မလှုပ်ဘဲ ပြောသည်။ “ခင်ဗျားက သေခြင်းကို ထိန်းချုပ်ပေမယ့် ကျွန်တော်က သေခြင်းကို ရှောင်နိုင်တဲ့ ဖန်ဆင်းကျင့်စဉ်တွေကို တတ်မြောက်ထားတယ်... ခင်ဗျားရဲ့ မဟာတာအိုက ကျွန်တော့်အပေါ်မှာ အသုံးမဝင်ဘူး”

အင်္ဂါဂြိုဟ်အရှင်သခင်သည် သယ်ထားသော ပုလင်းကြီးကို ဖွင့်လိုက်ရာ အတွင်းရှိ ရောဂါကပ်ဆိုးတို့က ချင်မူ့ဆီ ပြေးဝင်လာသည်။

ချင်မူက မလှုပ်သေးဘဲ ပြောလိုက်၏။ “ကျွန်တော့်ဆေးပညာက တစ်ဖက်ကမ်းခတ် ထူးချွန်တယ်... သေသူတွေကိုတောင် အသက်ပြန်သွင်းပေးနိုင်မှတော့ ဒီလိုတာအိုသေးသေးမွှားမွှားလေးက ကျွန်တော့်ကို ဘယ်လိုလုပ် အနိုင်ယူနိုင်မလဲ”

အင်္ဂါဂြိုဟ်အရှင်သခင်၏ အမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။

သောကြာဂြိုဟ်အရှင်သခင်က ဗုံကို ထုချလိုက်သဖြင့် ဗုံသံများသည် မိုးခြိမ်းသံတမျှ ကျယ်လောင်စွာ ဟိန်းထွက်လာ၏။ ကပ်ဘေးတို့ကား ချင်မူ၏ကောင်းချီများကို ဖယ်ရှားချေမှုန်းရန် ဆင်းသက်လာချေပြီ။

ချင်မူက မလှုပ်သေးဘဲ ပြုံးလျက် ပြောလိုက်သည်။ “ခင်ဗျားတို့တွေက ရှေးဟောင်းနတ်ဘုရားတွေပဲ မဟုတ်လား.. အခု ထွက်သွားရင် ကျွန်တော် ခင်ဗျားတို့ကို အရှက်မခွဲဘူး... မဟုတ်ရင်ကတော့ ကျွန်တော့်ကို ရက်စက်လို့ အပြစ်မဆိုနဲ့”

ဗုဒ္ဓဟူးဂြိုဟ်အရှင်သခင်ခက်ရင်းခွကြီးကို လွှဲယမ်းလိုက်သည့်အခါ ကောင်းကင်နတ်မြစ် တုန်ခါသွားသည်။ သူက အော်ဟစ်နေသည်။ “သူနဲ့ စကားပြောပြီး အချိန်ကုန်ခံမနေနဲ့... ကလေးတို့၊ ဒီသစ္စာဖောက်ကို တိုက်ခိုက်ပြီး ဖမ်းဆီးကြ”

ဝှစ်

သူတို့အနောက်မှ သူတို့၏မျိုးဆက်ပေါင်းသောင်းခြောက်ထောင်က သွေးရူးသွေးတန်း ပြေးထွက်လာကြသည်။

ချင်မူ မျက်မှောင်ကြုတ်သွားပြီး လက်ဝါးကို လှည့်လိုက်ရာ ဓားစက်လုံးတစ်လုံး ပေါ်လာသည်။

သူက ဓားစက်လုံးကို အပေါ်သို့ တောက်လိုက်သဖြင့် စက်လုံးမှာ နှစ်ခြမ်းကွဲသွားသည်။ ထို့အနောက် နှစ်ခြမ်းမှ လေးခြမ်း၊ လေးခြမ်းမှ ရှစ်ခြမ်း စသဖြင့် ဆက်တိုက်ကွဲထွက်သွားသောကြောင့် ဓားစက်လုံးများ ကောင်းကင်ထက်တွင် ပြည့်နှက်နေတော့၏။

ဓားစက်လုံးများက ဓားရောင်များ ဖြန့်ကျက်ရင်း လည်နေရာ ဓားမိုးရွာကျသကဲ့သို့ ဖြစ်နေသည်။ ဓားရောင်များသည် နဂါးများ လူးလွန့်ကခုန်နေသကဲ့သို့ ခမ်းနားလှပနေပြီး ဓာတ်ကြီးငါးပါးကြယ်တာရာအရှင်သခင်တို့၏ စစ်တပ်အပေါ် ရွာကျသွား၏။

စစ်သည်တော်များက ကျယ်‌လောင်စွာ အော်ဟစ်ရင်း ဓားရောင်တို့ဆီ ချီတက်လာကြသော်လည်း နောက်တခဏတွင် သူတို့၏အော်ဟစ်သံများ တိတ်ဆိတ်သွားသည်။

မရေမတွက်နိုင်သော အလောင်းများ ကောင်းကင်နတ်မြစ်၌ ဖွေးဖွေးလှုပ်နေချေပြီ။

ရထားလှည်း၏အရှေ့ရှိ ဉာဏ်မပြေးသော ကောင်းကင်နဂါး၏အသံက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ “သူတို့က အားနည်းပါတယ်လို့ ငါ မင်းတို့ကို ပြောသားပဲ.. ငါ ပြောတာ ယုံစမ်းပါ... ဒီဓာတ်ကြီးငါးပါး ရှေးဟောင်းနတ်ဘုရားတွေက အတုတွေ... ငါ့အမြင်အရတော့ လုံးဝ မသန်မာကြဘူး... ငါတို့ အတူတူပေါင်းတိုက်ရင် သူတို့တစ်ယောက်၊ နှစ်ယောက်ကိုတောင် အနိုင်ယူနိုင်တယ်”

“မာဟာ” နဂါးငါးကောင်မှာ သူပါးစပ်ပေါက်ပိတ်သွားအောင် အော်ဟစ်လိုက်ကြ၏။

All Chapters