← Chapters

ဓာတ်ကြီးငါးပါး ရှေးဟောင်းနတ်ဘုရားများ

Vol. 81 Ch. 1047

ဓာတ်ကြီးငါးပါး ရှေးဟောင်းနတ်ဘုရားများ

Vol. 81 Ch. 1047

လူသားအတော်များများသည် ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံ၏ အကာအကွယ်ရပ်ဝန်းထဲသို့ ရောက်ရှိနေကြပြီဖြစ်သော်လည်း တချို့လူသားနတ်ဘုရားများနှင့်အတူ လူသားများ သိပ်မပါလာကြပေ။

“သူတို့က ငါတို့ကို မယုံကြဘူး... ပြီးတော့ ပြောသေးတယ် နတ်ဘုရားတွေရဲ့ အစီအစဉ်ကို လျစ်လျှူရှုပြီး လျှောက်လုပ်နေကြတဲ့အတွက် အပြစ်ပေးခံရမယ်တဲ့” ထိုနတ်ဘုရားတို့မှာ မည်သို့လုပ်ရမည်မှန်းမသိ ဖြစ်နေကြသည်။

ကောင်းကင်န‌တ်အရှင်ယွဲ့မှာ နားမလည်နိုင်ပေ။ “နတ်ဧကရာဇ်လန်ရွှမ်ရဲ့ ပိုင်နက်ထဲမှာနေရင် အနှေးနဲ့အမြန် အစားခံရမှာ မသိကြဘူးလား”

“သိတယ်.. ဒါပေမဲ့ သူတို့က‌ နေသားကျနေပြီ... သူတို့ဘိုးဘေးတွေလည်း အဲ့ဒီလိုပဲ နေခဲ့ကြတာတဲ့လေ..”

“အို....”

ကောင်းကင်နတ်အရှင်ယွဲ့သည် ချင်မူ့ကို သွားရှာသော်လည်း ရထားလှည်းကို ပြင်ဆင်နေသည့် နဂါးချီလင်ကိုသာ တွေ့လိုက်ရ၏။ ချင်မူနှင့် လော့ရှောင်ဟုခေါ်သည့် လူငယ်မှာ ရထားလှည်းအပေါ်သို့ပင် ရောက်နေချေပြီ။ ယန်အာဟုခေါ်သည့် မိန်းကလေးက မီးအိမ်ကို ရထားလှည်းအပေါ် တင်ပြီးနောက် သူမဆီ ပြေးလာ၍ အကြိမ်ကြိမ်အခါခါ ရှိခိုးဦးချနေသည်။

ကောင်းကင်နတ်အရှင်ယွဲ့မှာ လန့်ဖြတ်သွားပြီး သူမကို ဆွဲထူရန် ကြိုးစားသည်။ မထူနိုင်သဖြင့် ချင်မူ့ကို အကူအညီတောင်းသည့် အကြည့်တို့ဖြင့် လှမ်းကြည့်လိုက်မိသည်။

ချင်မူက ပြုံးနေသည်။ “နောင်ကျရင် နားလည်လာပါလိမ့်မယ်”

ကောင်းကင်နတ်အရှင်ယွဲ့က ရထားလှည်းဘေးသို့ လျှောက်လာ၍ မေး၏။ “ထွက်သွားတော့မလို့လား”

ချင်မူက ခေါင်းညိတ်သည်။ “နတ်ဧကရာဇ်လန်ရွှမ်က လူသားတွေကို ခဏတဖြုတ်တော့ တိုက်ခိုက်ဦးမှာ မဟုတ်သေးဘူး.... ကျွန်တော် လန်ရွှမ်နန်းတော်ကို သွားလည်ခဲ့တာက သူ့ကို အနည်းဆုံး နှစ်တစ်ထောင်လောက်တော့ ခြောက်လှန့်နိုင်လိမ့်မယ်... သူ ကျွန်တော့်ကို ဘာမှမလုပ်နိုင်ပေမယ့် ကောင်းကင်နတ်ဘုံရဲ့အင်အားကို အားကိုးရင်း တိုက်ခိုက်လာနိုင်တယ်... ဒါကြောင့် ကိစ္စတွေ ရှုပ်ထွေးမလာအောင် ထွက်သွားမှဖြစ်မယ်..”

ကောင်းကင်နတ်အရှင်ယွဲ့က မေးသည်။ “ဘယ်တော့ ပြန်လာမှာလဲ”

ချင်မူမှာ ကြောင်အသွားပြီး ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူအနေနဲ့တော့ ကျွန်တော် မကြာခင် ပြန်လာနိုင်မှာမဟုတ်ဘူး.. ဒါပေမဲ့ ကောင်းကင်နတ်အရှင်ယွင်အနေနဲ့ ကောင်းကင်နတ်အရှင်ယွင်ကတော့ အမြဲရှိနေမှာပါ”

ကောင်းကင်နတ်အရှင်ယွဲ့မှာ သိသိသာသာ ဇဝေဇဝါ ဖြစ်နေသည်။ “ဒါပေမဲ့ ကောင်းကင်နတ်အရှင်ယွင်က နင်မဟုတ်ဘူးလေ”

ချင်မူက ပြတင်းပေါက်မှ လက်ပြနှုတ်ဆက်လိုက်၏။ “တခြားသူတွေကို သတိမပေးပါနဲ့တော့.... ကျွန်တော်တို့ ပြန်ဆုံကြတာပေါ့ဗျာ...”

ရထားလှည်းသည် ကောင်းကင်နတ်မြစ်ဆီသို့ မောင်းနှင်သွား၏။ ဝေးသထက် ဝေးသွားသောကြောင့် ကောင်းကင်နတ်အရှင်ယွဲ့၏ မြင်ကွင်းထဲတွင် ရထားလှည်းမှာ သေးငယ်သထက် သေးငယ်သွားသည်။ နောက်ဆုံးတွင်တော့ ပျောက်ကွယ်သွား၏။

ရုတ်တရက် ကောင်းကင်နတ်အရှင်လင်၏ ပျော်ရွှင်မြူးထူးနေသော အသံက ထွက်ပေါ်လာသည်။ “ယွဲ့၊ ယွဲ့ရေ.... ဒီကို လာပါဦး.. ငါ တွက်ချက်ပြီးသွားပြီ.. ငါ့ဆံထိုးပျောက်သွားတာ တစ်ယောက်ယောက် ခိုးသွားတာမဟုတ်ဘူး... အနာဂတ်က ဆံထိုးရှိနေလို့ ဖြစ်တာ...”

သူမမှာ စိတ်လှုပ်ရှားလွန်းသဖြင့် ရူးတော့မည့်အလား ထင်ရသည်။

သူမပြောစကားကြောင့် ကောင်းကင်နတ်အရှင်ယွဲ့မှာ ပို၍ လွမ်းဆွေးမိသွားသလို ခံစားလာရသည်။ ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်မြစ်မှ သင်္ဘောတစ်စီး ရောက်လာသည်။ ကောင်းကင်နတ်အရှင်ယွင်သည် သူ၏နောက်လိုက်တချို့နှင့်အတူ ဆင်းလာ၏။ သူက ပျော်ရွှင်မြူးထူးနေသော ကောင်းကင်နတ်အရှင်လင်ကို မြင်သဖြင့် မေးလေသည်။ “ဘာတွေများ ဒီလောက်ပျော်နေရတာလဲ ညီမလင်”

ကောင်းကင်နတ်အရှင်ယွဲ့က ကောင်းကင်နတ်အရှင်ယွင်အား အခေါက်အခေါက်အခါခါ ကြည့်နေသည်။ ရှေ့မှ ကြည့်ရုံနှင့် အားမရသဖြင့် သူ့တစ်ကိုယ်လုံးကို ပတ်၍ အကြိမ်ကြိမ် စစ်ဆေးနေလေသည်။

ကောင်းကင်နတ်အရှင်ယွင်မှာ သူမ၏အပြုအမူကြောင့် အနေရခက်စွာ ရပ်နေသည်။

ကောင်းကင်နတ်အရှင်ယွဲ့က မျက်တောင်ပုတ်ခတ်ကာ မေး၏။ “အစ်ကိုတော်ယွင်၊ ကောင်းကင်နဂါးခြောက်ကောင် ဆွဲပြီး ကောင်းကင်နတ်ဘုံဆီ ‌မောင်းနှင်သွားတဲ့ ရတနာရထားလှည်းတစ်စီးကို တွေ့ခဲ့သေးလား”

ကောင်းကင်နတ်အရှင်ယွင်က ခေါင်းညိတ်၍ ပြောသည်။ “အင်း...တွေ့ခဲ့တယ်... အဲ့ဒီရထားလှည်းက သင်္ဘောဘေးကတင် ဖြတ်သွားတာလေ... အဲ့လောက်ကောင်းတဲ့ ရထားလှည်းက ဘယ်သူ့ဟာလဲတောင် စဉ်းစားနေတာ... ကောင်းကင်နဂါး‌ခြောက်ကောင်ကို စီးတော်ယာဉ်အနေနဲ့ သုံးနိုင်တာ ပေါ့သေးသေးတော့ မဟုတ်ဘူး.. ကောင်းကင်နဂါးကိုးကောင်သာဆိုရင် နတ်မင်းလေးပါး တိုင်းခန်းလှည့်တဲ့ အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ ဖြစ်ရမယ်”

“ရထားလှည်းကို တကယ် မြင်လိုက်ရတာလား” ကောင်းကင်နတ်အရှင်ယွဲ့မှာ သိသိသာသာ အံ့အားသင့်နေ၏။

ကောင်းကင်နတ်အရှင်ယွင်က ခေါင်းညိတ်လိုက်ပြန်ရင်း ပြောသည်။ “အဲ့အကြောင်း မပြောကြစို့.... ငါ ကောင်းကင်နတ်အရှင်ဟွေ့နဲ့ တွေ့ပြီးပြီ... သူ့မှာလည်း သူ့အကြံနဲ့သူ ရှိနေတဲ့ပုံပဲ.... ငါတို့အစီအစဉ်အတိုင်း လိုက်မလုပ်လောက်ဘူး... သူ့ဆီက သတင်းတချို့လည်း ရ‌ခဲ့သေးတယ်... ကောင်းကင်နတ်အရှင်ဟောင် ပြန်ပေါ်လာတော့မယ်.... ကောင်းကင်ဘုံအောက်က နတ်ဘုရားတစ်ပိုင်းတွေကို အုပ်ချုပ်ဖို့အတွက် ကောင်းကင်နတ်ဧကရာဇ်က သူ့ကို နတ်ဘုရားတစ်ပိုင်းကောင်းကင်နတ်ဘုံ တည်ထောင်ခွင့်ပေးဖို့ လုပ်ထားတယ်တဲ့.. ငါတို့ အဲ့ဒီအတွက် ပြင်ဆင်ထားရမယ်... မင်းတို့ ကောင်းကင်နတ်ဘုံကို နေရာချပြီသွားပြီလား”

ကောင်းကင်နတ်အရှင်လင်မှာ စိတ်လှုပ်ရှားမှုကို ချုပ်တည်း၍ ရှေ့သို့တက်လာပြီး ကောင်းကင်နတ်အရှင်ယွင်ကို ကြည့်ကာ အေးစက်စွာ ပြောသည်။ “နောက်ဆုံးတော့ ကိုယ့်ရုပ်နဲ့ကိုယ် ပြန်နေပြီပေါ့”

ကောင်းကင်နတ်အရှင်ယွင်မှာ ကြောင်တောင်တောင် ဖြစ်သွားသည်။

ကောင်းကင်နတ်အရှင်လင်က ဆက်ပြော၏။ “အမြဲ ကောင်းကင်နတ်အရှင်မူရဲ့ မျက်နှာကိုပဲ သုံးမနေနဲ့... ကျရှုံးသွားလိမ့်မယ်”

ကောင်းကင်နတ်အရှင်ယွင်မှာ ပို၍ပင် ကြောင်လာသည်။ ကောင်းကင်နတ်အရှင်လင်က ထူးဆန်းနေကျဖြစ်သဖြင့် သူက စိတ်ထဲမထားတော့ဘဲ တာအိုဘိုးဘေးကြီးဆီ သွား၍ မေးလိုက်သည်။။ “တာအိုဘိုးဘေးကြီး၊ ကျွန်တော့်မှာ သိပ်ယုတ္တိမကျတဲ့ အကြံတစ်ခုတော့ ရှိတယ်... ခင်ဗျားရဲ့ သင်္ချာက မဟာတာအိုကို တွက်ချက်နိုင်လား”

တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်ဘုံ၏ သံတမန်တစ်ဦးက ကောင်းကင်ဧကရာဇ်၏ အမိန့်တော်နှင့်အတူ လန်ရွှမ်နတ်နန်းတော်ဆီသို့ ရောက်လာသည်။ သူက အမိန့်တော်ကို ရွတ်ပြ၏။ “ဧကရာဇ်၏ အမိန့်တော်... ကောင်းကင်နတ်အရှင်မူဟာ ရှေးဟောင်းနတ်ဘုရားတွေရဲ့ မျိုးဆက်တွေကို အနိုင်ကျင့်ပြီး အရှက်ခွဲခဲ့တယ်... ယခုလို ကောင်းကင်စည်းမျဉ်းဥပဒေတွေကို ချိုးဖျက်ခဲ့တာဟာ အင်မတန်ကိုမှ ဆိုးသွမ်းယုတ်မာတာ ဖြစ်ပေတယ်... အသင် မဟာ‌ယဇ်ပူဇော်မှုကြီး ကျင်းပပေးရင် ဓာတ်ကြီးငါးပါး ရှေးဟောင်းနတ်ဘုရားတွေ ဆင်းသက်လာပြီး သူ့ကို ဖမ်းပေးလိမ့်မယ်”

နတ်ဧကရာဇ်လန်ရွှမ်မှာ မျက်နှာပျက်သွား၏။ “ဓာတ်ကြီးငါးပါး ရှေးဟောင်းနတ်ဘုရားတွေ ဆင်းလာဖို့ သွေးယဇ်ပူဇော်မှုလုပ်ရမှာလား”

သံတမန်က လျှောက်တင်သည်။ “ဧကရာဇ်ဆိုလိုချင်တာ အဲ့ဒီအဓိပ္ပာယ်ပါ... ကောင်းကင်နတ်အရှင်မူက ထူးကဲဆန်းကြယ်တဲ့ ကောင်းကင်နတ်သိုင်းတွေကို ပိုင်ဆိုင်ထားတဲ့ ကောင်းကင်နတ်အရှင်တစ်ပါးပါ... ကောင်းကင်ဘုံအောက်က ဘယ်သူမှ သူ့ကို ကောင်းကင်နတ်သိုင်းအရာမှာ မကျော်နိုင်ပါဘူး... မဟာတာအိုနဲ့ပဲ သူရဲ့ကောင်းကင်နတ်သိုင်းတွေကို အနိုင်ယူနိုင်မှာပါ.. တရားမျှတမှုလိုချင်ရင် ဓာတ်ကြီးငါးပါး ရှေးဟောင်းနတ်ဘုရားတွေကို ပင့်မှ ရပါမယ်”

နတ်ဧကရာဇ်လန်ရွှမ်မှာ သိသိသာသာ ပျာယာခတ်သွားသည်။

ရှေးဟောင်းနတ်ဘုရားများစွာ ရှိသော်လည်း သူတို့သည် ကမ္ဘာဦးဘုံတွင် မနေကြချေ။ အပြင်အာကဿ၏ အဝေးနေရာများ၌ နေထိုင်ကြသဖြင့် သူတို့ကို ဆင့်ခေါ်ရန် သွေးယဇ်ပူဇော်ရလေသည်။

ယင်းက စတေးမှုကို ဆိုလို၏။

ဓာတ်ကြီးငါးပါးရှေးဟောင်းနတ်ဘုရားတို့က မဟာတာအိုမှ မွေးဖွားလာကြခြင်း ဖြစ်သည်။ သူတို့သည် အင်မတန် သန်မာအားကောင်းကြပြီး ရှေးဟောင်းနတ်ဘုရားအို ၂၈ ပါးထက် အဆင့်အတန်းမြင့်မားကြ၏။ နတ်ဧကရာဇ်လန်ရွှမ်မှာ အတိုက်အခိုက်စွမ်းရည်တွင် သာလွန်သော်လည်း သူ၏တာအိုအပေါ် နားလည်မှုမှာ အခြားသူများနှင့် ယှဉ်လျှင် မှေးမှိန်၏။ ကောင်းကင်နတ်အရှင်မူကို ဖမ်းဆီးရန် သူတို့ကို ဆင့်ခေါ်ခြင်းမှာ သင့်လျော်သော လုပ်ရပ်တစ်ခုဖြစ်ချေသည်။

နဂါးဟန် ကောင်းကင်နတ်ဘုံ တည်ထောင်ပြီးသည့်အချိန်တုန်းက ကောင်းကင်နတ်ဧကရာဇ်သည် သူ၏ အာဏာတည်မြဲစေရန် ရှေးဟောင်းနတ်ဘုရား နတ်မင်းလေးပါးကို ကောင်းကင်နတ်ဘုံသို့ ဖိတ်ကြားခဲ့၏။ ထို့နောက် သူတို့ သီတင်းသုံးစံမြန်းတော်မူရန် နဂါးစိမ်း၊ ကျားဖြူ၊ မီးငှက်နှင့် မဟူရာလိပ် ကောင်းကင်နန်းတော်လေးခုကို တည်ဆောက်ပေးခဲ့သည်။

နတ်မင်းလေးပါး၏ ၀င်ရိုးစွန်းလေးခုကိုမူ ရှေးဟောင်းနတ်ဘုရားအို ၂၈ ပါးအား အုပ်ချုပ်ရန် ပေးအပ်ခဲ့သည်။

ရှေးဟောင်းနတ်ဘုရားအို ၂၈ ပါးသည် ရက်စက်ကြမ်းကြုတ်၍ ကောက်ကျစ်သော ဖြစ်တည်မှုများ ဖြစ်ကြ၏။ သူတို့အား လေးဖွဲခွဲထားလေသည်။ ခုနစ်ယောက်က ကျားဖြူ၏ အနောက်၀င်ရိုးစွန်းတွင် နေထိုင်၏။ ခုနစ်ယောက်က မီးငှက်၏တောင်ဝင်ရိုးစွန်းတွင် နေကြသည်။ ခုနစ်ယောက်က မဟူရာလိပ်၏ မြောက်၀င်ရိုးစွန်းတွင် နေ၏။ နောက်ဆုံးခုနစ်ယောက်ကတော့ နဂါးစိမ်း၏ အရှေ့၀င်ရိုးစွန်းတွင် နေကြချေသည်။

ထိုရှေးဟောင်းနတ်ဘုရားအို ၂၈ ပါးက ၀င်ရိုးစွန်းလေးခု တည်မြဲစေရန် ၀င်ရိုးစွန်းလေးခုအား ချုပ်ကိုင်ထားသည့် အင်အားကြီးမားသော ဒေသခံအရာရှိများ ဖြစ်ကြ၏။

ဓာတ်ကြီးငါးပါး ရှေးဟောင်းနတ်ဘုရားများမှာ စနေဂြိုဟ်အရှင်သခင်၊ အင်္ဂါဂြိုဟ်အရှင်သခင်၊ ကြာသပတေးဂြိုဟ်အရှင်သခင်၊ ဗုဒ္ဓဟူးဂြိုဟ်အရှင်သခင်နှင့် သောကြာဂြိုဟ်အရှင်သခင်တို့ ဖြစ်ကြသည်။ ဂြိုဟ်အရှင်သခင်များပီပီ ပို၍အားကောင်းသော မဟာတာအိုများကို ထိန်းချုပ်ကြသည်။

စနေဂြိုဟ်အရှင်သခင်သည် သေခြင်းကို ထိန်းချုပ်သော ရှေးဟောင်းသေမင်းနတ်ဘုရား ဖြစ်၏။ အင်္ဂါဂြိုဟ်အရှင်သခင်က ရောဂါဘယကို စိုးမိုးသော ရှေးဟောင်းရောဂါကပ်နတ်ဘုရား ဖြစ်သည်။ ဗုဒ္ဓဟူးဂြိုဟ်အရှင်သခင်က သတ်ဖြတ်ခြင်းကို ချုပ်ကိုင်သည့် ရှေးဟောင်းစစ်နတ်ဘုရား ဖြစ်သည်။ သောကြာဂြိုဟ်အရှင်သခင်ကား ကံကောင်းခြင်းနှင့် ကပ်ဘေးကို ထိန်းချုပ်ပြီး ကြာသပေးဂြိုဟ်အရှင်သခင်မှာမူ အသက်နှင့်စတေးခြင်းကို ချုပ်ကိုင်ချေသည်။

စနေဂြိုဟ်အရှင်သခင်နှင့် အင်္ဂါဂြိုဟ်အရှင်သခင်တို့သည် ယိုတုတွင် နေထိုင်ကြပြီး ကောင်းကင်နတ်ဧကရာဇ် မြေအောက်ဘုံအရှင်သခင်ကို ထိန်းချုပ်ရာတွင် သုံးသည့် ဒေသခံအရာရှိများ ဖြစ်ကြသည်။ အင်္ဂါဂြိုဟ်အရှင်သခင်နှင့် သောကြာဂြိုဟ်အရှင်သခင်သည် ရွှမ်တုတွင် နေထိုင်ကြပြီး ကောင်းကင်နယ်စားမင်းကို ချုပ်ထားသော ‌ဒေသခံအရာရှိများ ဖြစ်ကြ၏။။

ကြာသပတေးဂြိုဟ်အရှင်သခင်က ကမ္ဘာဦးဘုံနှင့် အနီးဆုံးဖြစ်ပြီး ကမ္ဘာဦးဘုံ၏ အပြင်ဘက်တွင် နေထိုင်သည်။

သူတို့လက်အောက်တွင် မရေမတွက်နိုင်သော ကပ်ဘေးနတ်ဘုရားများ ရှိချေသည်။ ထိုကပ်ဘေးနတ်ဘုရားများအား ဆင်းသက်လာစေလိုလျှင် မဟာယဇ်ပူဇော်မှုကြီးတစ်ခု ပြုလုပ်ပေးရလိမ့်မည်။

နတ်ဘုရားတစ်ပိုင်းတို့သည် လူသားများနှင့် အခြားမျိုးနွယ်စုတို့၏ ကမ္ဘာခေတ်နှောင်းသက်ရှိများကို စားသုံးကြပြီး‌ ရှေးဟောင်းနတ်ဘုရားများကတော့ နတ်ဘုရားတစ်ပိုင်းများနှင့် ကမ္ဘာခေတ်နှောင်းမျိုးနွယ်များအား စားသုံးကြသည်။ ဓာတ်ကြီးငါးပါး ရှေးဟောင်းနတ်ဘုရားတို့ ကမ္ဘာဦးဘုံသို့ ဆင်းသက်လာရန် စတေးမှုလုံလုံလောက်လောက် ရှိရပေမည်။

နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်တချို့က ပြောသည်။ “နတ်ဧကရာဇ်၊ ကျွန်တော်တို့ပိုင်နက်တွေထဲ မပြောင်းလာချင်တဲ့ လူသားတွေ ရှိပါတယ်... သူတို့အပြင် စတေးလို့ရတဲ့ တခြားမျိုးနွယ်စုတွေက ကျွန်တွေအများကြီးလည်း ရှိပါတယ်”

နတ်ဧကရာဇ်လန်ရွှမ်က ပြော၏။ “ဓာတ်ကြီးငါးပါးရှေးဟောင်းနတ်ဘုရားတွေ ဆင်းသက်လာဖို့ သူတို့ကို သွေးယဇ်ကောင်အနေနဲ့ သုံးလိုက်... မလုံလောက်သေးရင် ကမ္ဘာဦးဘုံက တခြားမျိုးနွယ်စုတွေကို တိုက်ခိုက်ပြီး ကျွန်တချို့ ဖမ်းလာခဲ့”

နောက်ဆုံးတွင် ယဇ်ပလ္လင်အား တည်ဆောက်ပြီးသွားပြီး ယဇ်ကောင်များကို နေရာချပြီးသွားချေပြီ။

နတ်ဧကရာဇ်လန်ရွှမ်က သွေးယဇ်ပူဇော်မှုကို ကျင်းပလိုက်သည်နှင့် ချက်ချင်းဆိုသလို သွေးအလင်းရောင်တို့က ကောင်းကင်အား အနီရောင်လွှမ်းသွားသည်။ အလင်းရောင်ထဲတွင် ကြယ်ငါးလုံး တောက်ပလာကာ ကြီးသထက် ကြီးလာပြီး နီးသထက် နီးလာသည်။ ၎င်းတို့ကြားတွင် အလွှာတစ်ခု ခံနေသဖြင့် အခြားကမ္ဘာထဲတွင်ဖြစ်ကြောင်း ညွှန်ပြနေချေသည်။

ထိုကြယ်ငါးလုံးအတွင်း၌ မရေမတွက်နိုင်သော နတ်ဘုရားများ၊ နတ်ဆိုးများနှင့်အတူ နန်းတော်များ၊ ပလ္လင်ခန်းမများစွာ လိုက်ပါလာသည်။

အင်္ဂါဂြိုဟ်ပေါ်တွင် အမြွှာနဂါးများအား စီးနင်းလျက် ရပ်နေကြသော နွားခေါင်းနှင့် နတ်ဘုရားများ၊ နတ်ဆိုးများ ရှိကြသည်။

စနေဂြိုဟ်တွင် မြွေခန္ဓာကိုယ်ဖြင့် နတ်ဘုရားများ၊ နတ်ဆိုးများအား တွေ့ရ၏။

ကြာသပတေးဂြိုဟ်အပေါ်၌ ငှက်ခြေထောက်၊ ငှက်ခန္ဓာကိုယ်များနှင့် နတ်ဘုရားများ နတ်ဆိုးများသည် နဂါးစိမ်းများအား စီးနင်းထားကြလေသည်။

သောကြာဂြိုဟ်အပေါ်တွင် ကြေးပုဆိန်များ ကိုင်ဆွဲထားကြသော ကျားခေါင်းဖြင့် နတ်ဘုရားများ၊ နတ်ဆိုးများ ပါရှိ၏။

ဗုဒ္ဓဟူးဂြိုဟ်တွင် မြွေခန္ဓာကိုယ်၊ ကြက်သွေးရောင်ဆံပင်တို့ဖြင့် နတ်ဘုရားများ၊ နတ်ဆိုးများ ရှိကြသည်။ သူတို့က သုံးခွခက်ရင်းများကို ကိုင်‌ဆောင်ထား၏။

ဓာတ်ကြီးငါးပါးကြယ်တာရာများအပေါ်ရှိ နတ်ဘုရားနှင့် နတ်ဆိုးတို့ကား သွေးယဇ်ပူဇော်မှုမှ စွမ်းအားကို အငမ်းမရ စုပ်ယူနေကြလေသည်။

“တူလေး၊ မင်းက ယဇ်ကောင်တွေ များများစားစား မဆက်သဘူးပဲ”

ကြယ်ငါးလုံးသည် ပို၍ နီးကပ်လာပြီး ကမ္ဘာဦးဘုံ၏ ကောင်းကင်ထက်တွင် ပေါ်လာသော်လည်း ၀င်ရောက်မလာကြချေ။ ယဇ်ပူဇော်မှုမှာ ဆင်းသက်လာရန် မလုံလောက်သောကြောင့် ဖြစ်သည်။

စနေဂြိုဟ်အရှင်သခင်က ရယ်လိုက်သည်။ “မင်းက ဝိညာဉ်၊ သွေး၊ အဆီအနှစ်တွေကို လုံလုံလောက်လောက် မဆက်သတဲ့အပြင် သူတို့က ဒုတိယတန်းစားတွေပဲ... ဘာလို့ မင်းရဲ့မျိုးဆက်တွေကို မဆက်သတာလဲ... ငါ စားချင်နေတာ ‌ကြာပြီ”

နတ်ဧကရာဇ်လန်ရွှမ်မှာ အံကြိတ်လျက် ဦးညွှတ်အရိုအသေပေးကာ လျှောက်တင်သည်။ “ဦးရီးတော်တို့၊ ကောင်းကင်နတ်အရှင်မူက ဒီလောကမှာ ပြဿနာရှာနေပါတယ်... သူက ကောင်းကင်စည်းမျဉ်းဥပဒေတွေကို ချိုးဖောက်ပြီး နတ်ဘုရားတွေကို စော်ကားခဲ့ပါတယ်.... အဲ့ဒါက ဦးရီးတော်တို့ကို စော်ကားလိုက်တာနဲ့ တူတူပါပဲ.. ကျေးဇူးပြုပြီး ဆင်းသက်လာပေးပါ”

ဓာတ်ကြီးငါးပါးကြယ်တာရာအရှင်သခင်တို့သည် ယိုတု၊ ရွှမ်တုနှင့် အပြင်အာကာသမှ ထွက်လာကြြီး ယဇ်ပလ္လင်အပေါ် ဆင်းသက်လိုက်သဖြင့် လေထုမှာ ပုံပျက်ရှုံ့တွသွားသည်။ သူတို့က ယဇ်ကောင်များကို စားနေကြသဖြင့် ယဇ်ပလ္လင်ပတ်ပတ်လည်မှာ ၀ရုန်းသုန်းကား ဖြစ်သွား၏။ စတေးခံရသော လူသားများနှင့် အခြားသက်ရှိများမှာ ထွက်ပြေးကြသော်လည်း အချည်းနှီးပင်။

စား၍ဝသည့်အခါ ဗုဒ္ဓဟူးဂြိုဟ်အရှင်သခင်က ပြောသည်။ “ဧကရာဇ်သံတမန်ကလည်း ငါတို့ကို ဒီကိုလွှတ်လိုက်ပြီး သူ့ကိုဖမ်းပေးဖို့ မျှော်လင့်ထားတဲ့ပုံပဲ.... ဒါပေမဲ့ သူနဲ့အတူ နျိုပန်းဆိုတဲ့သူ ပါလား”

နဂါးသွဲ့ရေကန်တွေ့ဆုံပွဲတွင် နျိုစန်းသွောသည် သူ့ကိုယ်သူ နျိုပန်းဟု ခေါ်ခဲ့၏။ သူ၏ ကောင်းကင်နတ်သိုင်းများက ထူးဆန်းပြီး အင်အားကြီးမားကာ ကောင်းကင်နတ်ဘုံတွင် ပဋိပက္ခများ ဖြစ်စေခဲ့သည်။ သူ့ကြောင့် မရေမတွက်နိုင်သော ရှေးဟောင်းနတ်ဘုရားများ ဒဏ်ရာရခဲ့သဖြင့် ဓာတ်ကြီးငါးပါးကြယ်တာအရှင်သခင်များမှာ ကြောက်သွားခဲ့လေသည်။

နတ်ဧကရာဇ်လန်ရွှမ်က ဦးညွှတ်လျက် ပြောသည်။ “မပါပါဘူး”

“ကောင်းတယ်”

ကြာသပတေးဂြိုဟ်အရှင်သခင်က နှုတ်ခမ်းသပ်ကာ ပြောသည်။ “တူလေး၊ မင်းရဲ့မျိုးဆက်တွေက အရသာရှိတယ်... ငါ နည်းနည်းလောက် စားလိုက်လည်း စိတ်မရှိဘူးမလား” သူက ပြောရင်းဆိုရင်းဖြင့် လန်ရွှမ်ကောင်းကင်နန်းတော်မှ ယောက်ျားလေး၊ မိန်းကလေးအချို့ကို လှမ်းဆွဲကာ စားနေချေသည်။

နတ်ဧကရာဇ်လန်ရွှမ်မှာ ဒေါသလည်း ထွက်၊ အံ့လည်း အံ့ဩသွားပြီး ဒေါသတကြီး အော်လိုက်သည်။ သို့သော် စနေဂြိုဟ်အရှင်သခင်က အမြီးဖြင့် သူ့မျက်နှာကို ရိုက်ချလိုက်ရာ နတ်ဧကရာဇ်လန်ရွှမ်မှာ မြေကြီးတွင် လိမ့်ထွက်သွားလေသည်။

“တူလေး၊ မင်းက နတ်ဘုရားတစ်ပိုင်းတွေရဲ့ ခေါင်းဆောင်လေးပါကွာ..... မင်းရဲ့အာဏာကို ငါတို့ပိုင်တယ်... မင်းရဲ့အဆင့်အတန်းနဲ့ ရာထူးကလည်း ငါတို့အပိုင်ပဲ”

အင်္ဂါဂြိုဟ်အရှင်သခင်၏ နွားခွာများက သူ၏ကျောအပေါ်မှ ဖိထားပြီး ရောဂါဘယမဟာတာအိုကလည်း သူ့ကို ထိန်းချုပ်ထားသည်။ အင်္ဂါဂြိုဟ်အရှင်သခင်က ပြုံးလျက် ပြော၏။ “မင်းမျိုးဆက်နည်နည်းလောက် စားတာ ဘာဖြစ်သွားလို့လဲ.... ကမ္ဘာဦးစကြ၀ဠာကို ဘယ်သူတွေ အုပ်ချုပ်ခဲ့သလဲဆိုတာ မမေ့လိုက်နဲ့”

နတ်ဧကရာဇ်လန်ရွှမ်တွင် အာဏာတချို့ ရှိပါသော်လည်း ရှေးဟောင်းနတ်ဘုရားများအား မရင်ဆိုင်နိုင်သလို၊ ခုခံခြင်းလည်း မပြုနိုင်ပေ။ သွေးသံချေးဇုန်စစ်ပွဲတုန်းက ဖန်ဆင်းရှင်တချို့ကိုပင် သူကိုယ်တိုင် သတ်ဖြတ်ခဲ့ဖူး‌သော်လည်း သူ့တွင် အဆုံးအစမဲ့သော စွမ်းအားများ ပိုင်ဆိုင်ထားလျှင်တောင်မှ ရှေးဟောင်းနတ်ဘုရားများကို မတွန်းလှန်နိုင်ချေ။ ၎င်းကို သူ သဘောပေါက်ခဲ့သည်မှာ ကြာလေပြီ။

နတ်ဧကရာဇ်လန်ရွှမ်မှာ ဒူးထောက်ကာ လျှောက်တင်လိုက်သည်။ “ကျွန်တော်မှားသွားပါတယ်... ကျေးဇူးပြုပြီး ကျွန်တော့်ခမည်းတော်ကို ထောက်ထားပြီးတော့ ခွင့်လွှတ်ပေးတော်မူပါ”

အင်္ဂါဂြိုဟ်အရှင်သခက် ခွာကို ပြန်ရုတ်ကာ ပြောသည်။ “မင်းက အရှေ့နတ်မင်းရဲ့သားလို့ ကြားတယ်... ဒါကြောင့် မင်းအဖေမျက်နှာကို ထောက်ထားပြီး သက်ညှာပေးလိုက်မယ်.... အဟက်.. ကောင်းကင်နတ်အရှင်မူရဲ့ ကောင်းကင်နတ်သိုင်းတွေဟာ မင်းအတွက်တော့ ချိုးဖျက်လို့မရပေမယ့် ငါတို့အတွက်တော့ သူ့ရဲ့ကောင်းကင်နတ်သိုင်းတွေဆိုတာ ငါတို့တာအိုရဲ့အစွန်းကိုတောင် မထိဘူး... သူ့ကို ငါတို့ဖမ်းပေးမယ်... စားသောက်ပွဲ ပြင်ထား... ငါတို့ မကြာခင် ပြန်လာခဲ့မယ်”

ဝှစ်..

ထူးဆန်းသော အသွင်သဏ္ဍာန်များနှင့် နတ်ဘုရား၊ မိစ္ဆာများ ကြယ်ငါးလုံးအတွင်းမှ ပျံထွက်လာကြသည်။ ဓာတ်ကြီးငါးပါးကြယ်တာရာအရှင်သခင်တို့သည် ရောင်စုံနဂါးများအပေါ်တွင် ရပ်လျက် အော်ဟစ်ကြွေးကြော်နေသော စစ်တပ်ကြီးကို ဦးဆောင်သွားကြ၏။

နတ်ဧကရာဇ်လန်ရွှမ်က ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး ဓာတ်ကြီးငါးပါးကြယ်တာရာအရှင်သခင်များ ထွက်ခွာသွားသည်ကို ခက်ထန်စွာ စိုက်ကြည့်နေသည်။

“အရှက်ခွဲခံရတာ ဘယ်လိုခံစားရလဲ နတ်ဧကရာဇ်” ကောင်းကင်နတ်အရှင်ဟောင်က နတ်ဧကရာဇ်လန်ရွှမ်၏ နတ်ကောင်းကင်ခန်းမထဲမှ ထွက်လာ၏။

နတ်ဧကရာဇ်၏ မျက်မှာလေးဖက်စလုံးတွင် အရှက်ရမှုများ၊ ဒေါသများ ပြည့်နှက်နေသည်။ “ဘာလို့ ငါ့ကို အရှက်ထပ်ခွဲတာလဲ ကောင်းကင်နတ်အရှင်ဟောင်”

ကောင်းကင်နတ်အရှင်ဟောင်က အဝေးရှိ ဓာတ်ကြီးငါးပါးကြယ်တာရာအရှင်သခင်တို့ဆီ လှမ်းကြည့်ရင်း ဖြေသည်။ “နတ်ဘုရားတစ်ပိုင်းတွေက ရှေးဟောင်းနတ်ဘုရားတွေရဲ့ မျိုးဆက်ဖြစ်လို့ အံ့မခန်းစွမ်းအားတွေ ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်ထားလိမ့်မယ်... ဒါပေမဲ့ နတ်ဘုရားတစ်ပိုင်းတွေရဲ့ စွမ်းအားက ရှေးဟောင်းနတ်ဘုရားတွေဆီကနေ အရင်းခံလာတာ... အဲ့ဒါအမှန်ဆိုတာ သိပေမယ့် ဘာကြောင့်မှန်းမသိသလို, ဘယ်လိုဖြစ်လာတာဆိုတာ မသိဘူး... မင်းရဲ့ စွမ်းအားက သူတို့နဲ့ယှဉ်ရင် ဘာလို့အသုံးမဝင်တာလဲ သိလား”

နတ်ဧကရာဇ်လန်ရွှမ်က ခေါင်းခါသည်။

“ကောင်းကင်နတ်သိုင်းတွေပဲ”

ကောင်းကင်နတ်အရှင်ဟောင်က ပြုံး၏။ “မင်းက စွမ်းရည်တွေကို ထိန်းချုပ်နိုင်ပေမယ့် ကောင်းကင်နတ်သိုင်းတွေ ပိုင်ဆိုင်ထားတာမဟုတ်ဘူး... မင်းမှာ ခွန်အားတွေ၊ စွမ်းရည်တွေ ရှိပေမယ့် အစစ်အမှန် ကောင်းကင်နတ်သိုင်းတွေ ဘယ်ကနေ ဆင်းသက်လာသလဲ မသိဘူး.... အစစ်အမှန် ကောင်းကင်နတ်သိုင်းတွေက တာအိုက ဆင်းသက်လာတာ... ငါ ကောင်းကင်နတ်အရှင်မူကြောင့် ဒဏ်ရာရခဲ့ပြီး နှစ်ပေါင်းတစ်ထောင် အိပ်ယာထဲလဲခဲ့ရတယ်.... သူ့ရဲ့ ကောင်းကင်နတ်သိုင်းတွေက လမ်းစဉ်အဆင့် ရောက်ပြီးနေပြီ”

နတ်ဧကရာဇ်လန်ရွှမ်မှာ မျက်လုံးများ ပြူးကျယ်သွားပြီး ရေရွတ်လိုက်သည်။ “ကောင်းကင်နတ်သိုင်းနဲ့ လမ်းစဉ်၀င်ရောက်တာ....”

“အမှန်ပဲ”

ကောင်းကင်နတ်အရှင်ဟောင်က သူ့အရှေ့ လျှောက်လာ၍ ပြောသည်။ “ဟုတ်တယ်.... မင်း ငါ့ဆီကနေ ကောင်းကင်နန်းဆောင်ကျင့်စဉ်ကို သင်ခဲ့ပေမယ့် မလုံလောက်ဘူး... ကောင်းကင်နတ်သိုင်းတွေရဲ့ သဘာ၀ကိုလည်း နားလည်ထားရမယ်... အဲ့ဒါတွေကို နားလည်ရင် တာအိုသဘာ၀ကိုပါ နားလည်ပြီး မင်းရဲ့စွမ်းအားကို အပြည့်အ၀ထိန်းချုပ်နိုင်လာလိမ့်မယ်... ဘာလို့ နျိုပန်းက ရှေးဟောင်းနတ်ဘုရားတွေကို အနိုင်ယူခဲ့တာလဲ... သူက ကောင်းကင်နတ်သိုင်းလမ်းစဉ်အဆင့် ရောက်နေတာမလို့ပဲ.... သူရဲ့စွမ်းအားက ပြိုင်ဘက်ကင်းပြီး ရှေးဟောင်းနတ်ဘုရားတွေရဲ့ ဖိနှိပ်မှုကို ချိုးဖျက်နိုင်တဲ့အထိ လုံလောက်တယ်... ငါတို့လည်း အဲဒီလိုစွမ်းအားကို ရနိုင်တယ်”

သူက ယုံကြည်ချက်ရှိစွာဖြင့် အေးအေးလူလူ ပြောသည်။ “ငါ အိပ်ယာထဲလဲနေတဲ့ နှစ်တစ်ထောင်အတွင်း အဖြစ်အပျက်တွေကို ဖြည်းဖြည်းချင်း လေ့လာသုံးသပ်ခဲ့တယ်.. အခုဆို လမ်းစဉ်ကို ၀င်ရောက်ဖို့နီးစပ်လာပြီလို့ ခံစားနေရပြီ”

သူက လှည့်လာကာ ပြောသည်။ “ငါ့ခမည်းတော်က နတ်ဘုရားတစ်ပိုင်း ကောင်းကင်နတ်ဘုံ တည်ဆောက်ဖို့ အမိန့်ပေးထားတယ်...အဲဒီအတွက် ငါ မင်းရဲ့ အကူအညီကို လိုအပ်တယ်... မင်း ငါ့ကို ကူညီပေးရင် လမ်းစဉ်ကို ဘယ်လိုဝင်ရောက်ရမလဲ သင်ပေးမယ်... ငါတို့ နတ်ဘုရားတစ်ပိုင်း‌တွေ အဲ့ဒါတတ်သွားတာနဲ့ ရှေးဟောင်းနတ်ဘုရားခေတ် ကုန်ပြီပဲ”

နတ်ဧကရာဇ်လန်ရွှမ်မှာ စိတ်နှလုံးလှုပ်ခတ်သွားကာ မေးလိုက်မိသည်။ “လမ်းစဉ်၀င်ရောက်တာက အဲ့လောက်တောင် စွမ်းအားကြီးတာလား... ဒါဆို ကောင်းကင်နတ်အရှင်မူကို လိုက်ဖမ်းနေတဲ့ ဓာတ်ကြီးငါးပါး ရှေးဟောင်းနတ်ဘုရားတွေက...”

ကောင်းကင်နတ်အရှင်ဟောင်က ခပ်မြူးမြူး ပြုံးကာ ပြော၏။ “ကောင်းကင်နတ်အရှင်မူက သန်မာပေမယ့် ရှေးဟောင်းနတ်ဘုရားတွေနဲ့ တိုက်ခိုက်နိုင်လောက်တဲ့အထိ မသန်မာဘူး... သူက ငါ လေးစားရတဲ့ ကောင်းကင်နတ်သိုင်း စွန့်ဦးတီထွင်သူ ဆိုပေမယ့် ငါတို့ သူ ပျက်စီးအောင် လုပ်ဖို့ပဲ ရှိတယ်”

All Chapters