← Chapters

ပထမဆုံးအကြိမ်

Vol. 009 Ch. 856

ပထမဆုံးအကြိမ်

Vol. 009 Ch. 856

“ဒီကိစ္စမှာ ကျုပ်ပြောစရာ တစ်ခုရှိတယ်…” အရာအားလုံး ဆုံးဖြတ်ပြီးသွားပြီဟု အားလုံးက တွေးတောသော အချိန်တွင် အသံတစ်သံ ထွက်လာသည်။ သူကား ယူချင်းဖြစ်သည်။ သူက ရီဖူရှင်းအား မလိုလားစွာ ကြည့်သည်။ သည်မတိုင်မီက သူ့အား ရှန့်ထိုကျန့်က ဦးဆုံး ရွေးထားခဲ့သည် မဟုတ်ပါလား။

“မင်းက ဘာကို ကြည့်နေတာလဲ … မင်းက သဘောမတူရင်လည်း ဘာဖြစ်လဲ…” ရီဖူရှင်းက သူ့အား ဒေါသတကြီး ပြောသည်… “မင်းက ဆရာလား ငါက ဆရာလား... မင်းက ငါ့ထက် စွမ်းတယ်လို့ ထင်နေတာလား…”

ယူချင်းက ဘာမှ ပြန်မပြောဘဲ ယူချင်းကိုသာ စူးစူးရဲရဲ ကြည့်နေသည်။

ရီဖူရှင်းက သူ့အား ဒေါသတကြီး ကြည့်ပြီးမှ ရှန့်ထိုကျန့်ကို ပြောသည်… “စီနီယာ… သူ့ကို ဂရုစိုက်နေစရာ မလိုပါဘူး… ဆရာက စီနီယာရဲ့ အကူအညီနဲ့ဆို နတ်ဘုရား ပြစ်ဒဏ်ကို ခံနိုင်ရည်ရှိဖို့ ဘယ်လောက် ယုံကြည်ချက် ရှိပါသလဲ…”

“ငါက မင်းကို ကတိပေးပြီးမှတော့ သူ့ခန္ဓာကိုယ်ကို နတ်ဘုရား ပြစ်ဒဏ်ခံယူဖို့ အကောင်းဆုံး အခြေအနေ ရောက်အောင် လုပ်ပေးမယ်… တကယ်လို့ သူ့ခန္ဓာကိုယ်က အရမ်းကို အားနည်းနေတယ် ဆိုရင်တော့ ဒါက ငါထိန်းချုပ် နိုင်တာထက် ပိုသွားပြီ…” ရှန့်ထိုကျန့်က ပြောသည်။

“ကောင်းပါပြီ..” ရီဖူရှင်းက ခေါင်းညိတ်သည်။ ရှန့်ထိုကျန့်ကား ပြည်နယ်ကိုးခု ရှန့်ထိုအဆင့်၁၂တွင်ရှိရာ သူ၏စကားက ယုံကြည် ရနိုင်ပေသည်။

“ဒီနေ့ကစပြီး မင်းက ဆေးဥယျာဉ်မှာ နေပြီးတော့ ဆေးစမ်းသပ်မှု ခံယူဖို့ အဆင်သင့်ပြင်ထား…” ရှန့်ထိုကျန့်က ပြောသည်။ ရီဖူရှင်းက ခေါင်းညိတ်၏။

“ငါက သူ့ခန္ဓာကိုယ်ကို ပြောင်းလဲဖို့ဆေးဝါးတွေ ပြင်ဆင်လိုက်ဦးမယ်…ခင်ဗျားက ကျောင်းတော်မှာပဲ စောင့်နေပါ… အချိန်ကျလာတဲ့အခါ သတင်းပို့လိုက်မယ်…” ရှန့်ထိုကျန့်က ဆက်ပြောသည်… “လိပ်ပြာလေး… မင်းက ရီဖူရှင်းအတွက် နေရာတစ်ခု စီစဉ်ပေးလိုက်… ကျန်တဲ့လူတွေက ပြန်နိုင်ပြီ…”

“ကျွန်တော် ကျန်နေခဲ့ချင်တယ်…” ယူချင်းက ရှန့်ထိုကျန့်ကို ကြည့်ကာ ပြောသည်… “စီနီယာက ခွင့်ပြုစေလိုပါတယ်…”

“ကောင်းပြီ…” ရှန့်ထိုကျန့်က ပြောကာ အတွင်းကို ဝင်ရောက် ပျောက်ကွယ် သွားသည်။

“ကျွန်မတို့ သွားရအောင်…” နတ်မိမယ်ဒီးကလည်း ရီဖူရှင်းတို့အား ကြည့်ကာ ပြောသည်။

“ကောင်းပြီ… အခုလို အနှောင့်အယှက် ပေးရတာ အားနာပါတယ်…” ရီဖူရှင်းကလည်း ခေါင်းညိတ်ကာ ပြောသည်။ ရှန့်ထိုကျန့်က သူ၏တောင်းဆိုမှုကို လက်ခံပြီးဖြစ်ရာ စိတ်အေးရပြီ ဖြစ်သည်။ သူက မြေရိုင်းပြည်နယ်မှသည် ပြည်နယ်ကိုးခု ကျောင်းတော်သို့ ရောက်လာပြီးနောက် အတားအဆီး အနည်းငယ် တွေ့ခဲ့သော်လည်း ယခု ရှန့်ထိုကျန့်၏ကတိတစ်ခုကို ရရှိခဲ့ပြီ ဖြစ်သည်။

“ခင်ဗျားတို့ အားလုံးက ဘာလို့ မျက်နှာတွေ မကောင်း ဖြစ်နေရတာလဲ … မြေရိုင်းပြည်နယ်က မကြာခင် ဒုတိယ ရှန့်ထိုတစ်ပါး ပိုင်ဆိုင်တော့မယ်… ခင်ဗျားတို့အားလုံး ပျော်သင့်တယ်…” ရီဖူရှင်းက သူ့နောက်မှ​ လူများအားလုံးကို ကြည့်ကာ ပြောသည်။

ဓားမိစ္ဆာ၊ စုရှမ်းနှင့် တခြား လူများအားလုံးက မသက်မသာပြုံးကာ ခေါင်းယမ်းကြသည်။ မြေရိုင်းပြည်နယ်က ဒုတိယရှန့်ထိုတစ်ပါး မွေးဖွားမည့် ကိစ္စတွင် သူတို့အားလုံး ဝမ်းသာ ပျော်ရွှင်ရမည့်ကိစ္စ ဖြစ်သော်လည်း ပေးရမည့် တန်ဖိုးက ကြီးမားလွန်းပေသည်။ ရှန့်ထိုကျန့်၏ ဆေးစမ်းသပ်မှုက မည်မျှအန္တရာယ် များသည်ကို သူတို့မသိပေ။ ထို့ကြောင့် သူတို့အားလုံး စိတ်မအေး ဖြစ်နေကြရသည်။

“မိန်းကလေး လိပ်ပြာလေး… ဆေးစမ်းသပ်မှုက ဘယ်လောက် အန္တရာယ်များလဲ…” ထောင်ကျန်းက နတ်မိမယ်ဒီးကို မေးသည်။

နတ်မိမယ်ဒီးက ခေါင်းယမ်းကာ ပြောသည်…။

“ကျွန်မလည်း အတိအကျမသိဘူး… ဒါက ဘယ်ဆေးကို စမ်းသပ်တာလဲအပေါ် မူတည်တယ်…”

“ဒီတစ်ခေါက် ကျုပ်တို့ကို မိတ်ဆက်ပေးတဲ့ အတွက်​ ကျေးဇူးတင်ပါတယ်… ဒါပေမဲ့ ကျုပ်တပည့်ရဲ့ ပခုံးပေါ်မှာ လူတွေ အများကြီးရဲ့ တာဝန်တွေကို ထမ်းပိုးထားတာ ဖြစ်လို့ တကယ်လို့ သူတို့ တစ်ခုခုဖြစ်ရင် မိန်းကလေးက ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်…”

“စီနီယာ … တကယ်လို့ သူတို့ တစ်ခုခုလိုအပ်ရင် ကျွန်မက သေချာပေါက် ကူညီမှာပါ…” နတ်မိမယ်ဒီးက ပြောသည်။

“ထပ်ပြီး ကျေးဇူးတင်ပါတယ်…” ထောင်ကျန်းက ပြောသည်။

“ဆရာ… ဆရာ့ရဲ့ အကောင်းဆုံး စွမ်းရည်ကို သိလား…” ရီဖူရှင်းက မေးသည်။

ထောင်ကျန်းက ရီဖူရှင်းကို ကြည့်ကာ​ ခေါင်းယမ်းပြသည်…။

“ငါမသိဘူး…”

“ဆရာ့မှာ တပည့်တွေရွေးတာ အမြင်ကောင်းတွေ ရှိတယ်…” ရီဖူရှင်းက ပြုံးလျက် ပြန်ပြောသည်။ ထောင်ကျန်းက သူ့အား ဒေါသတကြီး ကြည့်သည်။ သည်အကောင်ကား ယခုအချိန်တွင်ပင် နောက်ပြောင်နိုင်သေးသည်။

“စိတ်အေးအေး ထားပါ… ဆရာထင်သလို ကျွန်တော်က မပျော့ပါဘူး…” ရီဖူရှင်းက ပခုံးတွန့်ကာ ပြောသည်။ ထောင်ကျန်းက သက်ပြင်း ချလိုက်ပြီးမှ ကျန်လူများနှင့် အတူ ဆေးဥယျာဉ်မှ ထွက်သွားသည်။

လိပ်ပြာလေး၊ ရီဖူရှင်းနှင့် ယူချင်းတို့သာ ကျန်ရစ်သည်။

“ဘာလို့ လက်ခံလိုက်တာလဲ… ဆေးစမ်းသပ်တာက အရမ်းကို အန္တရာယ်များတယ်… အရင်တုန်းကလည်း ဒီလိုပဲ မရေမတွက်နိုင်တဲ့ လူတွေ ဆရာ့ဆီမှာ စမ်းသပ်ခံဖူးကြတယ်… ဒါပေမဲ့ သူတို့အားလုံး သေတာပဲ…” နတ်မိမယ်ဒီးက ခေါင်းယမ်းကာ ပြောသည်။ သူမ၏ဆရာက သည်အရာကို အဘယ်ကြောင့် ဆက်တိုက် လုပ်နေသည်ကို သူမနားမလည်ပေ။

“ပြဿနာမရှိဘူး… ငါက တော်တော် မာတယ်…” ရီဖူရှင်းက ပြုံးလျက် ပြန်ပြောသည်…။

“ရှန့်ထိုကျန့်က အဆိပ်သခင်လို့ နာမည်ကြီးသလို သမားတော်ရှန့်ထို လို့လည်း နာမည်ကြီးတယ်… သူက ကျုပ်တန်ခိုး အဆင့်ကို ဆေးစမ်းသပ်ဖို့ ဘာလို့ လိုအပ်တာလဲ…”

သူ နားမလည်ပေ။

“ဆရာက တစ်ခုခုကို သက်သေပြဖို့ အမြဲတမ်း ကြိုးစားနေခဲ့တယ်…” နတ်မိမယ်ဒီးက ဆက်ပြောသည်…။

“ဒါပေမဲ့ ဘာလဲဆိုတာ ကျွန်မလည်း မသိဘူး…”

“နောက်ပိုင်း မိန်းကလေးကို ကျုပ်က အများကြီး ဒုက္ခပေးရဦးမယ်… အခုလို ကူညီပေးတာ နောင်တရလား…” ရီဖူရှင်းက ပြုံးလျက်မေးသည်။

“နန်းတော် သခင်ရီက ဆေးစမ်းသပ် ခံမယ်ဆိုတာ သိရင် ကျွန်မက ဆရာနဲ့တွေ့ပေးမှာ မဟုတ်ဘူး…” နတ်မိမယ်ဒီးက ခေါင်းယမ်းကာ ပြောသည်။

ရီဖူရှင်းက မျက်လုံးပြူး သွားကာ ပြုံးလျက်ပြောသည်…။

“မိန်းကလေးက စိတ်ထဲ သိပ်မထားပါနဲ့… အားလုံးသော လူတွေက တစ်ခုခုကို ရဖို့ တစ်ခုတော့ ပေးရမှာပဲ… ဒီဆုံးဖြတ်ချက်က ကျုပ်ကိုယ်တိုင် လုပ်ခဲ့တာဖြစ်လို့ တစ်ခုခု ဖြစ်ခဲ့ရင်လည်း မိန်းကလေးနဲ့ မသက်ဆိုင်ပါဘူး…”

“ဒါပေမဲ့လည်း…” နတ်မိမယ်ဒီးက ခေါင်းယမ်းသည်။ တကယ်၍​ ရီဖူရှင်းသာ ဆေးစမ်းသပ်မှုတွင် တစ်ခုခု ဖြစ်သွားပါက သူမက စိတ်မကောင်း ဖြစ်ရပေတော့မည်။

“ပြီးတော့ ကျုပ်ကို နန်းတော်သခင်ရီလို့ မခေါ်ပါနဲ့တော့…ကျုပ်က မိန်းကလေးကို မိတ်ဆွေအနေနဲ့ သဘောထားတာ ဖြစ်လို့ ကျုပ်နာမည်ကိုပဲ ခေါ်ပါ…”   ရီဖူရှင်းက ပြောသည်။

နတ်မိမယ်ဒီးက အတန်ကြာ တိတ်ဆိတ်နေပြီးမှ ခေါင်းညိတ်ကာ ပြောသည်…။

“ဒါဆို ရှင်ကလည်း ကျွန်မကို လိပ်ပြာလေးလို့ ခေါ်ရမယ်…”

“ကောင်းပြီ…” ရီဖူရှင်းက ပြုံးလိုက်ကာ ပြန်ပြောသည်။ သူတို့ မသိလိုက်မီတွင်ပင် ရီဖူရှင်းနေရမည့် အဆောင်သို့​ ရောက်လာခဲ့သည်။ နတ်မိမယ်ဒီးက ပြောသည်…။

“ရှင်တို့နှစ်ယောက် ဒီမှာ နေရမယ်… တစ်ခုခု ထူးခြားရင် ကျွန်မ လာပြောပါ့မယ်…”

“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။

“ကျွန်မသွားပြီ…” နတ်မိမယ်ဒီးက ပြုံးလျက် နှုတ်ဆက် ထွက်သွားသည်။ ရီဖူရှင်းက သူမအား နောက်မှ ကြည့်နေသည်တွင် ယူချင်းက သူ့အား ကြည့်လျက်ပြောသည်…။

“ကြည့်ကောင်းလား…”

“…” ရီဖူရှင်းက သူ့အား ဒေါသတကြီး ပြောသည်… “မင်းကော ကန်းနေလား…” သူက ပြောကာ တစ်ဖက်ကို လှည့်ထွက်သွားသည်။

“ဘယ်လိုပြောပြော မင်းမရဲပါဘူး…” ယူချင်းက မိမိကိုယ်ကို ရေရွတ်ဟန်ဖြင့် ပြောသည်။ ရီဖူရှင်းက ချက်ချင်း နောက်ပြန်လှည့်ကာ ယူချင်းအား ရိုက်နှက်လိုစိတ်များ ဖြစ်လာသည်။ သို့သော်လည်း သူ့အား ရိုက်နှက်ခြင်းက မိမိကိုယ်ကို နာကျင်အောင် လုပ်ခြင်းနှင့် မခြားကြောင်း သတိရလိုက်ကာ စိတ်အား ချုပ်တည်း လိုက်ရတော့သည်။

***

နတ်မိမယ်ဒီး၏ မိတ်ဆက်ပေးမှုဖြင့် ရီဖူရှင်းက ရှန့်ထိုကျန့်နှင့် တွေ့ခွင့်ရခဲ့ကာ ရှန့်ထိုကျန့်က ထောင်ကျန်းအား ကူညီရန် သဘောတူညီချက် ရခဲ့သည်ဟု သတင်းများ ပျံ့နှံ့လာခဲ့သည်။

လူအများအပြားက ရီဖူရှင်းအတွက် ပျော်ရွှင်ကြရသည်။ သူ၏ဆန္ဒကား နောက်ဆုံးတွင် ပြည့်ဝခဲ့ပြီ ဖြစ်သည်။

ထောင်ကျန်းက ရှန့်ထိုအဆင့်သို့ တက်လှမ်းနိုင်တော့မည် ဖြစ်သည်။

သို့သော်လည်း ကောလာဟလများ အရ ရှန့်ထိုကျန့်၏ အကူအညီအတွက် ရီဖူရှင်းက တန်ဖိုးတစ်ခု ပေးခဲ့ရသည်ဟု ဆိုသည်။ သို့သော်လည်း မည်သည့်တန်ဖိုးကို ပေးရမည် ဟူသည်ကိုကား တစ်ယောက်မှ မသိကြပေ။

ကျောက်ပြည်ထောင်မှ​ လူများစတည်းချရာ အဆောင်အတွင်း၌ ကျောက်ဟောင်ကလည်း သတင်းများကို ရရှိခဲ့သည်။ သူက ဆေးဥယျာဉ်ကို သွားကာ လက်ဆောင် ပေးခဲ့စဉ်က စုချီဟန်၏ ငြင်းပယ်မှုကြောင့် သူကား သဘောမကျ ဖြစ်ခဲ့ရသည်။ သို့သော်လည်း စုချီဟန်က ရီဖူရှင်းကိုလည်း ငြင်းပယ်ခဲ့သော အခါ သူတို့က တော်ဝင်စစ်ပွဲတွင် ဝင်မပါလိုကြောင်း နားလည်ခဲ့သည်။ သို့သော်လည်း ရီဖူရှင်းက နတ်မိမိယ်ဒီးမှ တစ်ဆင့် ရှန့်ထိုကျန့်သို့ တွေ့ခွင့်ရခဲ့မည်ဟု သူမထင်ထားခဲ့ပေ။

“ထောင်ကျန်းနဲ့ တခြားလူတွေက ဆေးဥယျာဉ်က ပြန်လာတဲ့အခါ မျက်နှာမကောင်းဘူးလို့ ကြားတယ်… မြေရိုင်းပြည်နယ်က ထောင်ကျန်းအတွက် ကြီးမားတဲ့ တစ်စုံတစ်ခုကို ပေးခဲ့ရလိမ့်မယ်…” သတင်းပေးက ပြောသည်။

“ရှန့်ထို တစ်ပါးကို ဘယ်တန်ဖိုးနဲ့မှ ဖြတ်လို့မရဘူး…” ကျောက်ဟောင်က သဘောမကျစွာ ပြောသည်။ ရှန့်ထိုရတနာများက သက်မဲ့ပစ္စည်းများ ဖြစ်ကာ စစ်မှန်သော စွမ်းအားများ မဟုတ်ပေ။

“ဒါဆို ဘာလို့ ထောင်ကျန်းနဲ့ တခြားလူတွေရဲ့ မျက်နှာက မကောင်းတာလဲ.. ယူချင်းနဲ့ ရီဖူရှင်းကလည်း ဆေးဥယျာဉ်မှာ ကျန်နေခဲ့တယ်…” သတင်းပေးက ပြောသည်။

“သွားစုံစမ်းချေ…” ကျောက်ဟောင်က အမိန့်ပေးသည်တွင် ထိုလူက ဦးညွှတ်ကာ ထွက်သွားသည်။

“ကျောက်ပြည်ထောင်ကို ကြိုတင် ပြင်ဆင်ထားဖို့ သွားသတင်းပို့ချေ….” ကျောက်ဟောင်က အမိန့်ပေးသည်။ အကယ်၍ ထောင်ကျန်းကာ ရှန့်ထိုသေချာပေါက် ဖြစ်လာမည်ဆိုပါက သူတို့က ပြန်လည် တုံ့ပြန်ရမည့် အရာများအား ပြင်ဆင်ထားရပေမည်။

အကောင်းဆုံး နည်းလမ်းက သူ့အား သတ်ဖြတ်ခြင်းပင်။ သေဆုံးသွားသော ရှန့်ထိုက ဘာမှလုပ်နိုင်တော့မည် မဟုတ်ပေ။

မကြာခင် ထိုလူက အလွန် စိတ်လှုပ်ရှားဟန်ဖြင့် ပြန်လာသည်။ သူက ကျောက်ဟောင်ကို ဦးညွှတ်ကာ ပြောသည်…။

“အရှင့်သား… သတင်းကောင်းပါ…”

“ဘာသတင်းလဲ…” ကျောက်ဟောင်က အံ့အားသင့်ဟန်ဖြင့် မေးသည်။

“ရှန့်ထိုကျန့်က ထောင်ကျန်းကို ကူညီဖို့အတွက် ရီဖူရှင်းက ရှန့်ထိုကျန့်ရဲ့ ဆေးစမ်းသပ်ခံဖြစ်ဖို့ သဘောတူခဲ့တယ်…” ထိုလူက ဆက်ပြောသည်…။

“အတိတ်က ရှန့်ထိုကျန့်ဆီမှာ စမ်းသပ်ခံတဲ့သူတွေ အကုန်လုံး အသက်မရှင်ကြဘူး…”

ကျောက်ဟောင်၏ မျက်လုံးများက အရောင်များ ဝင်းလက်သွားသည်။

“ရီဖူရှင်းက ကိုယ့်သေတွင်း ကိုယ်တူးမယ်လို့ မထင်ထားခဲ့ဘူး…”

“တခြား လူတွေကလည်း အဲဒီလိုပဲ ထင်ကြတယ်…” သတင်းပေးက ရယ်မောသည်။

ရီဖူရှင်း သေဆုံးသွားသည်နှင့် စည်းလုံးနေသော မြေရိုင်းပြည်နယ်လည်း တစ်ဖန်ပြိုကွဲ သွားတော့မည်ဖြစ်ကာ ကျောက်ပြည်ထောင်၏စစ်နိုင်ခြင်းက လက်တစ်ကမ်းအလို ဖြစ်လာပေလိမ့်မည်။

ထိုအချိန်တွင် ဆေးဥယျာဉ်၌ ရှန့်ထိုကျန့်က စုချီဟန်နှင့် နတ်မိမယ်ဒီးတို့အား ခေါ်ကာ တစ်စုံတစ်ခုအား စေခိုင်းနေသည်။ သူက လက်ဝှေ့ယမ်းသည်တွင် စာရွက်နှစ်ရွက် ပေါ်လာပြီး စာရွက်ပေါ်၌ ဆေးအမယ်များ ရေးသားထားသည်။

“မင်းတို့နှစ်ယောက်… အဲဒီဆေးပင်တွေကို သွားစုကြ…” ရှန့်ထိုကျန့်က အမိန့်ပေးသည်။

စုချီဟန်က သူ့ရှေ့မှ ပေါ်လာသော စာရွက်မှ ဆေးစာများအား ကြည့်သည်။ ထိုဆေးပင်များက ထောင်ကျန်းအတွက် ဖြစ်သည်ကို သူသိသည်။ သူ၏ဆရာက ထောင်ကျန်းအတွက် ဆေးဖော်စပ်တော့မည် ဖြစ်သည်။

သူစုရမည့် ဆေးများမှာ ထောင်ကျန်းအတွက် ဖြစ်လျှင် လိပ်ပြာလေးအတွက် ဆေးစာမှာ ရီဖူရှင်းအတွက် ဖြစ်ပေလိမ့်မည်။

လိပ်ပြာလေးက ဆေးစာကို ဖတ်လိုက်ကာ မျက်နှာများ ပြာနှမ်းသွားပြီး ပြောသည်…။

“ဆရာ… မိုရှီတွေတောင်မှ ဒီဆေးတွေကို ခံနိုင်မှာ မဟုတ်ဘူး… ရီဖူရှင်းအတွက် ဒါတွေက မများလွန်းဘူးလား…”

“ဆေးတွေကို ရေးထားတဲ့ အတိုင်းပဲ စုပါ … ငါက ဒီဆေးတွေကို ဆေးရည်ဖော်ဖို့ နည်းလမ်းပေးမယ်… မင်းက သနားညှာတာဖို့ မလိုဘူး…” ရှန့်ထိုကျန့်က လိပ်ပြာလေးကို ညွန်ကြားသည်။

လိပ်ပြာလေး၏ မျက်နှာတွင် စိုးရိမ်ပူပန်ဟန်များ ဖြစ်ပေါ်လာသည်။ မည်သို့ဆိုစေ သူမကား သည်ဆေးများ မည်မျှ ပြင်းထန်သည်ကိုသိပေသည်။

“လိပ်ပြာလေး… ဆရာက အမိန့်ပေးမှတော့ ညွန်ကြားချက်အတိုင်း လုပ်ပါ…” စုချီဟန်က ပြောသည်။

“ကျွန်မ သွားစု လုပ်လိုက်မယ်…” လိပ်ပြာလေးက ပြောကာ ထွက်သွားသည်။

***

နှစ်ရက်ခန့် ကြာသောအခါ လိပ်ပြာလေးက ရီဖူရှင်းအား ဆေးရည်ကန် တစ်ခုသို့ ခေါ်လာသည်။ ယူချင်းကလည်း လိုက်ပါလာခဲ့သည်။

ဆေးရည်များကား ဆေးရည်ကန်၌​ စီမံထားပြီး ဖြစ်သည်။ ရီဖူရှင်းက ဆေးရည်ကန်ရှေ့၌ ရပ်ကြည့်သည်တွင် ကန်ထဲမှ ဆေးရည်များမှာ ပူစီပေါင်းများထကာ စိမ်းညို့ရောင် ဖြစ်နေသည်ကို မြင်ရသည်။ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ ဆေးရည်များမှ ထွက်ပေါ်လာနေပြီး ထူးဆန်းသော စွမ်းအားများ ရှိနေဟန်ရသည်။

“အစ်ကိုက ရှင့်ဆရာအတွက် ဆေးတွေ ဖော်နေပြီ… ဆရာက သူ့အတွက် ကိုယ်တိုင် စီမံပေးလိမ့်မယ်…” လိပ်ပြာလေးက ပြောစသည်။

ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည်…။

“ပုံမှန်အားဖြင့် ကျုပ်က စီနီယာရှန့်ထိုကျန့်ကို ယုံတယ်…”

“ကောင်းပြီ…” လိပ်ပြာလေးက ခေါင်းညိတ်ကာ ပြောသည်…။

“ရှင်အဝတ်တွေ ချွတ်လိုက်ပါ..”

အာ… ရီဖူရှင်း ချွေးစေးများ ပြန်လာသည်။ ဒါ…

သူက နောက်လှည့်ကာ လိပ်ပြာလေးအား ကြည့်သည်တွင် တည်ငြိမ်သော ရှင်းလင်းချက်က စောင့်ကြိုနေသည်…။

“ဆေးရည်က ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု လိုအပ်တယ်… ပထမတစ်ခေါက်က နည်းနည်း နာကျင်မယ်… သည်းခံဖို့ ပြင်ဆင်ထားပါ…”

“အဟွတ်… အဟွတ်…” ရီဖူရှင်း၏မျက်နှာက နီရဲသွားသည်။

“ဘာဖြစ်လို့လဲ…” လိပ်ပြာလေးက သူ့အား စိုက်ကြည့်ကာ ပြောသည်…။

“ဒါက ဆေးရည်ကန် မဟုတ်ဘူးလား…”

“မဟုတ်.. မဟုတ်ဘူး…” ရီဖူရှင်းက ခေါင်းယမ်းကာ သူ၏ အဝတ်အစားများအား ချွတ်လိုက်သည်။ သူက လိပ်ပြာလေးအား မျက်လုံးပြူးကြည့်ကာ ပြောသည်…။

“မင်း မထွက်သွားဘူးလား…”

“ရှင်ခံနိုင်ရည် မရှိမှာစိုးလို့ ကျွန်မက စောင့်ကြည့်နေရမယ်…” လိပ်ပြာလေးက ခေါင်းယမ်းသည်။

“ကောင်းပြီ…” ရီဖူရှင်းက ဆေးရည်ကန်ဘက်ကို လှည့်ကာ သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး ကန်ထဲကို စတင် လှမ်းလိုက်သည်။ သူ၏ခန္ဓာကိုယ်က ရေကန်ထဲကို တဖြည်းဖြည်း နစ်ဝင်သွား၏။

ရှဲ… ရှဲ…

ထိုအခိုက်တွင် ရီဖူရှင်းက ကြောက်မက်ဖွယ် လောင်ကျွမ်း ပူပြင်းသောဒဏ်ကို ခံစားရကာ အရိုးထဲအထိ စိမ့်ဝင်လာသော စူးရှသော နာကျင်မှုများအား ခံစားရတော့သည်။

အား…

အသည်းခိုက်အောင် နာကျင်သော အော်သံတစ်ခုက ဆေးဥယျာဉ်ကို ပျံ့လွင့်လာသည်။ ထိုအခိုက်တွင် ရီဖူရှင်းက လိပ်ပြာလေး အဘယ်ကြောင့် သူ့အား သတိပေးသည်ကို သိလိုက်သည်။

နာကျင်မှုကား ခံနိုင်သည်ထက် ပိုလွန်ပေသည်။

အငွေ့အသက်များက သူ၏အသားစိုင်ထဲကို စိမ့်ဝင်လာဟန် ရကာ ထိုအငွေ့အသက်များမှာ ဆေးရည်နှင့် လောကဓာတ်တို့ ပေါင်းစပ်ခြင်းမှာ ဖြစ်လာဟန်ရပြီး ကြောက်မက်ဖွယ် ဖျက်ဆီးအားများ ပါဝင်နေသည်။

သူ၏ကလီစာ၊ အသွေးနှင့်အသားများ အားလုံးမှာ မီးဖြင့် မြှိုက်ခံနေရသလို၊ အနာစိမ်းပေါ်ကို ထက်ရှသော ဆူးချွန်များဖြင့် ဆွခံနေရသလို၊ နုနယ်သော အသည်းစိုင်အား ဓားထက်ထက်ဖြင့် လှီးဖြတ်နေသလို အဆက်မပြတ်သော နာကျင်မှုများအား သူခံစားရသည်။

နာကျင်မှုကား မယုံကြည်နိုင်အောင် ကြီးမားလွန်းပေသည်။

လိပ်ပြာလေးက ဘေးတွင် ရပ်ကာ ရီဖူရှင်းအား စိုးရိမ်စွာ ကြည့်နေသည်။ ဆေးရည်က မည်မျှ ကြောက်စရာ ကောင်းသည်ကို သူမသိသည်။ သာမန်ရှီတစ်ခိုးရှင် တစ်ယောက်သာ ဆိုပါက သူ၏ခန္ဓာကိုယ်ကား ဆေးရည်အောင်တွက် အရည်ပျော် သွားနိုင်ပေသည်။

သို့သော်လည်း ရီဖူရှင်းက တစ်ကြိမ် အော်ဟစ်ပြီးနောက်တွင် ရွှေရောင်အလင်းများ သူ့ခန္ဓာကိုယ်ကို စီးဆင်းသွားပြီး ဆေးရည်ကို တောင့်ခံနေသည်ကို တွေ့ရသည်။ သိသာစွာပင် ရီဖူရှင်းကား ခံနိုင်ရည်ရှိသည်။

ယူချင်းကလည်း ဘေးတွင် ရပ်ကြည့်နေသည်။ သူက ဘာမှ မပြောပေ။ အကယ်၍ ရီဖူရှင်းကသာ သည်းမခံနိုင်ပါက သူက ရီဖူရှင်းအား ကန်ထဲမှ ဆွဲထုတ်ရန် အဆင်သင့် ပြင်ထား၏။

***

All Chapters