← Chapters

ဒီဝိုင်က ထူးဆန်းတာလား? ဒီလိုလက်ရာမျိုးဘယ်လိုလုပ်ရှိ? ၂

Vol. 26 Ch. 376

ဒီဝိုင်က ထူးဆန်းတာလား? ဒီလိုလက်ရာမျိုးဘယ်လိုလုပ်ရှိ? ၂

Vol. 26 Ch. 376

သူကနောက်ဆုံးစကားကို လုံးဝအလေးပေးပြောထားသည်_ ''ဒုက္ခပေးရတာ အားနာလိုက်တာ''

ချင်လင်ကခေါင်းညိမ့်ပြီး ဆရာလင်းကိုပြောလိုက်၏_ ''ကျွန်တော့်ကိုကူပြီး ဥက္ကဌလျိုတို့ကိုဧည့်ခံပေးပါဦး''

သည်လိုနှင့် အရည်အသွေး ၂ ငါး၊ ရေချိုငါးနှင့် ကကတစ်ငါးကိုစားဖိုဆောင်ထဲယူလာသည်။

အစက ဆရာလင်းကိုသာလုပ်စေချင်သည်။ အခုတော့ ဒီနိုင်ငံခြားသားက ဒီလောက်တောင်ပညာမဲ့မှတော့ သူ့ကိုပညာပြရမည်။

ဆရာလင်းမှာ သူ့သူဌေးကိုယ်တိုင်လုပ်တာမြင်မှ စိတ်သက်သာရာရပြီး သက်ပြင်းချမိသည်။ ထို့နောက် လျိုယီကိုပြုံးပြလိုက်ပြီး_ ''ဥက္ကဌလျို ဒီမှာထိုင်ပါဦး... ခဏလေးစောင့်... ကျုပ်သူဌေးက မကြာခင်ပြင်ဆင်ပေးလိမ့်မယ်''

''ခင်ဗျားရဲ့သူဌေးကချက်တယ်?'' လျိုယီမှာ ဆရာလင်း၏စကားကိုကြားကြားချင်း အမှတ်တမဲ့အံ့ဩသွားသည်_ ''ဆရာလင်း... ခင်ဗျားမချက်ဘူးလား?''

အရင်သူစားဖူးတဲ့အကြီးအကဲစားပွဲက ဆရာလင်းလက်ရာမှန်း သူမှတ်မိသည်။

အခုဆရာလင်းမချက်ရင် ဥက္ကဌချင်ကိုယ်တိုင်ချက်မလို့လား?

သူလိုသူဌေးက ဘယ်လိုချက်ရမလဲသိလို့လား?

လျိုယီမှာ ဘာမှန်းမသိဘဲ နည်းနည်းပျာယာခတ်သွားသည်။





ဥက္ကဌချင်က လောင်ရန်လိုမျိုး သူ့ကိုလှည့်စားနိုင်လား?

မဖြစ်ဘူး။

သို့သော် ထိုအချိန်တွင် ဥက္ကဌချင်ကိုမလုပ်ပါနှင့်ဟုလည်းမပြောနိုင်။ ဆရာလင်းကိုလုပ်ခိုင်းပြီး ဥက္ကဌချင်စိတ်ကွက်သွားရင်မကောင်း။

ဥက္ကဌချင်ရဲ့အောင်မြင်မှုအလားအလာက သူ့ကိုကျော်သွားနိုင်တာသိရက်နဲ့ စိတ်ကွက်စရာတွေမဖြစ်ချင်။

သူဘာလို့ရုတ်တရက်ကျဉ်းထဲကြပ်ထဲရောက်သွားတာလဲ?

လျိုယီ၊ ဒေါက်ကလပ်နှင့် Lasda တို့ထိုင်ကြပြီးနောက် ဆရာလင်းကကောင်တာဆီလျှောက်သွားလိုက်သည်။

အကြီးအကဲစားပွဲတွင် ချင်းလင်ဆေးဖက်ဝင်ဝိုင်ပါသည်။

ချင်လင်က လျိုယီ၏အကြီးအကဲစားပွဲအတွက် ဝိုင်တစ်ပုလင်းပြင်ဆင်ပြီး ကောင်တာပေါ်တင်ထားသည်။

ဒေါက်ကလပ်နှင့် Lasda ကထိုင်ပြီး စားပွဲပေါ်မှစားပွဲခင်းအကြမ်းကို မသတီပုံနှင့်ကြည့်လိုက်၏။

ဒေါက်ကလပ်က မျက်မှောင်ကြုတ်၍_ ''ဒီစားပွဲခင်းက ကြမ်းလွန်းတယ်မလား? ဒါစားသောက်ဆိုင်ရောဟုတ်ရဲ့လား?''

Lasda က ပိုဆိုး_ ''ကျွန်တော်တို့အနောက်တိုင်းအစားအစာလောကမှာ ဒီလိုပတ်ဝန်းကျင်မျိုးက စားသောက်ဆိုင်အများစုရဲ့အခြေခံအဆင့်နဲ့တောင်မကိုက်ညီဘူး''

ထိုစကားသံတွင် မောက်မာမှု၊ ထောင်လွှားမှုများကအတိုင်းသား။

လျိုယီမှာ ရှင်းပြချင်စိတ်မရှိ။ ဥက္ကဌချင် သူ့ကိုမလှည့်စားဖို့သာမျှော်လင့်နေသည်။

ထိုအချိန်တွင် ဆရာလင်းလည်း ချင်းလင်ဆေးဖက်ဝင်ဝိုင်တစ်ပုလင်းယူလာပြီး လျိုယီကိုပေးလိုက်ကာ_ ''ဥက္ကဌလျို... ဒါကအကြီးအကဲစားပွဲအတွက် ဆေးဖက်ဝင်ဝိုင်ပါ''

အခုတော့ ဒေါက်ကလပ်နှင့် Lasda ကဝိုင်ကိုစိတ်ဝင်စားသွားကြသည်။

ဘာပဲဖြစ်ဖြစ် အရည်အသွေး ၁ ဂန္တဝင်ဝိုင်ပုလင်းတွင် အလှအပ +၁၊ ရိုးရှင်းမှု +၁၊ အနုပညာ +၁ အရည်အသွေးများရှိသည်လေ။

သားအဖနှစ်ယောက်မှာ ဝိုင်ပုလင်းကို အလွန်အနုပညာဆန်ပြီးလက်ရာမြောက်ကြောင်း ဝန်ခံရပေမည်။

''ဒေါက်ကလပ်... ဒီဝိုင်မြည်းကြည့်... အရမ်းကောင်းတယ်'' ချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုမြင်လျှင် လျိုယီ၏မျက်လုံးများအရောင်တောက်သွားသည်။ သားအဖနှစ်ယောက်က ဒီဆေးဖက်ဝင်ဝိုင်လုံးဝသောက်ဖူးမှာမဟုတ်။

သူကပုလင်းဖွင့်၍ ထိုသားအဖအတွက်တစ်ခွက်ငှဲ့ပေးလိုက်သည်။





ဝိုင်ပုလင်းအရမ်းကောင်းသည်ဟု Lasda ကဝန်ခံသော်လည်း လျိုယီဝိုင်ငှဲ့နေသည်ကိုတွေ့သောအခါ_ ''ဦးလေးလျို... အစားအသောက်ကောင်းနဲ့ဝိုင်ကလိုက်တယ်... ဝိုင်နီကအထက်တန်းကျတယ်... ဝိုင်နီဆိုတာ မြင့်မြတ်မှုနဲ့ကြည်နူးဖွယ်ရာကိုကိုယ်စားပြုတယ်... ဘဝအခြေအနေအမှတ်အသားပဲ... အစားအသောက်ကောင်းအတွက်ဝိုင်နီဆိုတာ အမျိုးသမီးတွေအတွက်အလှအပနဲ့တူတယ်... လုံးဝလိုက်ဖက်ပြီးတော့ ဆွဲဆောင်မှုရှိတဲ့နှစ်သက်စရာကိုယူဆောင်လာပေးတယ်...''

လျိုယီက Lasda ၏မာနသံနှင့်ပုတ်ခတ်ချက်ကို ထပ်ကြားလိုက်ရသဖြင့် ချက်ချင်းပြောလိုက်သည်_ ''Lasda... ဒီဝိုင်က ခန္ဓာကိုယ်ခွန်အားဖြစ်ပြီး ကျောက်ကပ်ကိုအားဖြစ်စေတယ်... အမျိုးသားတွေအတွက် အရမ်းကောင်းတယ်... မင်းမှာကောင်မလေးသုံးယောက်ရှိရင်တောင် ဒီဝိုင်နဲ့ တစ်ညတည်းကျေနပ်အောင်လုပ်နိုင်မယ်မလား?''

''ဘယ်လို?'' လျိုယီစကားကြောင့် Lasda အံ့ဩသွားသည်။

သူ့မှာကောင်မလေးသုံးယောက်မရှိသော်လည်း လျိုယီ၏သဘောကို သူနားလည်သည်။ ဒီဝိုင်က အမျိုးသားတွေကို အမျိုးသမီးကိစ္စနှင့်ပတ်သက်ရင် အစွမ်းထက်စေတယ်ပေါ့။

ဒေါက်ကလပ်က မယုံနိုင်ပုံနှင့်ဝိုင်ပုလင်းကိုကြည့်နေသည်။ သူ့မှာသူ့မိန်းမအပြင် အတွင်းရေးမှူးနှင့်အဆိုတော်မိတ်ဆွေရှိသေးသည်။ သူလည်း မတတ်သာအောင်အရွယ်ရလာပြီ။ ဝိုင်ရဲ့အာနိသင်က သူ့ကိုလုံးဝဆွဲဆောင်နေသည်။

အချုပ်ပြောရရင် အနောက်တိုင်းသားတွေက အရှေ့တိုင်းသားတွေထက် ဆွဲဆောင်နိုင်သောအရည်အချင်းပိုအားကောင်းသည်။ နောက်ပြီး ထိုအပိုင်းတွင် ပရမ်းပတာနိုင်ကြသည်။

ဒေါက်ကလပ်က မနေနိုင်ဘဲဝိုင်ခွက်ယူသောက်လိုက်သည်။ ချက်ချင်းလိုလို သူ့ခါးတဝိုက်တွင်ပူနွေးသွားပြီး အလွန်သက်သောင့်သက်သာရှိသလိုခံစားလိုက်ရသည်။ သူကအသံမပြုဘဲမရတော့။

လျိုယီမြင်သောအခါ ပြုံးပြီးမေးလိုက်၏_ ''ဘယ်လိုလဲ ဒေါက်ကလပ်?''

သူကပြောပြောဆိုဆို ဝိုင်ခွက်ယူပြီးသောက်လိုက်သည်။ ချင်းလင်ဆေးဖက်ဝင်ဝိုင်ကို အလွန်ယုံကြည်ထားသည်။ ခန္ဓာကိုယ်ခွန်အားရှိစေခြင်းနှင့်ကျောက်ကပ်အားဖြစ်စေသောအာနိသင်ကြောင့် တခြားဝိုင်နီတွေဘေးဖယ်ရလိမ့်မည်။

ဒေါက်ကလပ်က မပြောဘဲမနေနိုင်တော့_ ''မယုံနိုင်စရာပဲ... အလိုလေး... ခါးနဲ့ခန္ဓာကိုယ်ထဲကသွေးတွေပူနွေးသွားတာ ချောချောမွေ့မွေ့စီးသွားသလိုပဲ... ဒီဝိုင်က ထူးဆန်းပုံရတယ်''

သွေးအားပြန်ပြည့်စေ​ခြင်း၊ ချီလှည့်ပတ်မှုနှင့် ကျောက်ကပ်အားကောင်းစေခြင်း +၂ အာနိသင်ပင်။

ဒီနိုင်ငံခြားသားတွေ ဒါမျိုးအရင်ကမကြုံဖူး။ သူ့အတွက်ထူးဆန်းမှာပဲမလား?

သူ့ဘေးမှ Lasda ကမြည်းကြည့်ချင်နေသည်။

အစက ဒီဝိုင်ကိုအထင်သေးပြီး ဝိုင်နီကအထက်တန်းကျသောအတွဲအစပ်ဟုတွေးခဲ့သည်။

သို့သော် ဒီဝိုင်ကိုဒီလိုအာနိသင်မျိုးရှိမည်ဟု လုံးဝမထင်မိ။

သူကမနေနိုင်ဘဲ ဖန်ခွက်ယူသောက်လိုက်သည်။ သူလည်း တစ်ခဏအတွင်း သူ့ခါးတွင်ပူနွေးသောစီးဆင်းမှုကိုချက်ချင်းခံစားလိုက်ရ၏။

သူ့ခန္ဓာကိုယ်အနှံ့သွေးစီးဆင်းမှုနှင့်ကြက်သီးထသလိုလည်းဖြစ်သွားသည်။

သူ့အဖေပြောတဲ့ထူးဆန်းသည်ဟူသောအဓိပ္ပါယ်ကို သူနားလည်ပြီထင်သည်။

ဒီလိုထူးဆန်းတဲ့ဝိုင်မျိုး ကမ္ဘာမှာရှိတာလား?

တခြားဝိုင်တွေမှာ ဘာလို့ဒီလိုအာနိသင်မျိုးမရှိတာလဲ?

''ဦးလေးလျို... အရှေ့ပိုင်းမှာ ဒီလိုဝိုင်မျိုးရှိမယ်မထင်မိဘူး... ဒီဝိုင်ကိုဘယ်ကဝယ်လို့ရလဲ?'' Lasda မမေးဘဲမနေနိုင်တော့။ လောလောဆယ် ဒီလိုအာနိသင်ရှိတဲ့ဝိုင်မျိုးရှေ့ထားပြီး သူချီးမွမ်းခဲ့သောဝိုင်နီကိုဘေးဖယ်ထားလိုက်ရတော့သည်။

လျိုယီကပြုံးလိုက်ပြီး_ ''Lasda... ဒီဝိုင်က ဝိုင်နီတွေလောက်မကောင်းပါဘူး... မင်းသောက်ချင်တယ်ဆိုရင် အပြန်ယူသွားဖို့ သက်တမ်းရင့်ဝိုင်နီပုလင်းတွေဝယ်ပေးနိုင်ပါတယ်''





All Chapters