← Chapters

ဒီဝိုင်က ထူးဆန်းတာလား? ဒီလိုလက်ရာမျိုးဘယ်လိုလုပ်ရှိ? ၃

Vol. 26 Ch. 377

ဒီဝိုင်က ထူးဆန်းတာလား? ဒီလိုလက်ရာမျိုးဘယ်လိုလုပ်ရှိ? ၃

Vol. 26 Ch. 377

“…” Lasda ချက်ချင်းစိတ်ဓာတ်ကျသွားသည်။

အခုဝိုင်နီမလိုချင်တော့။ ဒီဝိုင်မျိုးလိုချင်သည်။

''Lasda... ပြောပါ ဘယ်ဝိုင်နီလိုချင်လဲ? ဦးလေးအခုချက်ချင်းဆက်သွယ်ပေးမယ်'' လျိုယီက သူ့စီးပွားဖက်၏သားကို လှောင်သလိုလိုကြည့်လိုက်သည်။

ကောင်လေး... မင်းဘယ်လောက်မာန်တက်တက်... မင်းကိုထိန်းချုပ်နိုင်ပြီမလား?

Lasda မှာလုံးဝပူဆွေးသွားသည်။ သူကဝိုင်လိုချင်သော်လည်း သူယုံကြည်ထားသောဝိုင်နီက အရှေ့တိုင်းဝိုင်လောက်မကောင်းဟုဝန်မခံချင်။ သူကမခံချင်သလိုလိုသာပြောလိုက်ရသည်_ ''ဦးလေးလျို... ဒီဝိုင်က အစားအသောက်ကောင်းမှာ ပါဝင်တဲ့ပစ္စည်းလောက်ပဲရှိသေးတယ်... ပိုကောင်းအောင်မလုပ်နိုင်ဘူး... အစားအသောက်ကောင်းဆိုတာ ချက်တဲ့အပေါ်မူတည်သေးတယ်''

သဘောက သူယုံကြည်မှုမရှိလို့ ဝိုင်နဲ့ပတ်သက်ပြီးမယှဉ်တော့ဘူးပေါ့။ ဘာပဲဖြစ်ဖြစ် ဝိုင်ဘယ်လောက်ကောင်းကောင်း ဟင်းချက်လက်ရာက သို့လောသို့လောပင်။

ထိုအချိန်တွင် ချင်လင်မှာ ငါးစွပ်ပြုတ်ဇလုံနှင့်ထွက်လာသည်။

ထိုငါးစွပ်ပြုတ်အိုးတွင် အရည်အသွေး ၂ သဘာဝငါး + စနစ်လက်ရာထပ်ဆောင်း = အရသာ +၃၊ နှစ်သက်စရာ +၃၊ နှုတ်မြိန်ခြင်း +၁ ရှိသည်။

ထိုအရည်အသွေးမှာ ဆရာလင်း၏အကြီးအကဲစားပွဲယှဉ်နိုင်သောအရာမဟုတ်သလို ထိုနိုင်ငံခြားသားကြယ်သုံးပွင့်မီချီလင်စာဖိုမှူးလက်ရာကယှဉ်နိုင်သောအရာလည်းမဟုတ်ပေ။

နောက်ပြီး စနစ်၏ငါးချက်လက်ရာကြောင့်လည်း ချင်လင်၏ငါးစွပ်ပြုတ်ကအရသာရှိနေသည်။

လျိုယီက ငါးစွပ်ပြုတ်ချသည်ကိုမြင်လျှင် လိုက်မကြည့်ဘဲမနေနိုင်။ အနည်းဆုံးတော့ ဥက္ကဌချင်ရဲ့ငါးစွပ်ပြုတ်က အလွန်စားကောင်းမည့်ပုံရှိသည်။

ထိုအချိန်တွင် ဆရာလင်းကပြုံးလိုက်ပြီး_ ''ဥက္ကဌလျို... ခင်ဗျားဒီနေ့တကယ်ကံကောင်းတာပဲ... ကျုပ်တို့သူဌေးချက်တာ ရှားတယ်... သူ့လက်ရာက ကျုပ်ထက်အများကြီးပိုကောင်းတယ်... မင်စီရင်စုမှာ ကျုပ်သူဌေးထက်ဟင်းချက်ကောင်းတဲ့သူမရှိဘူးဆိုတာ ကျုပ်ပြောနိုင်တယ်... ခင်ဗျားကိုငါးစွပ်ပြုတ်ထည့်ပေးမယ်''

သည်လိုနှင့် ဆရာလင်းက လျိုယီနှင့်ကျန်နှစ်​ယောက်အတွက် ငါးစွပ်ပြုတ်တစ်ပန်းကန်ခပ်ပေးလိုက်သည်။

လျိုယီမှာထိုစကားကြားလျှင် မျက်လုံးများအရောင်တောက်သွား၏။

ဆရာလင်း၏လက်ရာကိုသူသိသည်။ အရင်တစ်ခါအကြီးအကဲစားပွဲက ကြယ်သုံးပွင့်မီချီလင်စားဖိုမှူး Lasda ထက်မညံ့။

အခုဆရာလင်းက သူ့လက်ရာကိုဥက္ကဌချင်ထက်ညံ့တယ်ပြောလာတော့ Lasda ရဲ့လက်ရာက ဥက္ကဌချင်ကိုမမီဘူးပေါ့?





ဘယ်လို…

''ဒီငါးကြည့်ရတာ ကောင်းကောင်းလုပ်ထားပုံပဲ'' Lasda က ငါးစွပ်ပြုတ်ကိုကြည့်ပြီး ယုံကြည်ချက်ရှိရှိ မှတ်ချက်ပေးပြန်၏_ ''ဒါပေမဲ့... စာဖိုမှူးအတော်များများက ပုံစံကိုအသားပေးလွန်းပြီး ငါးရဲ့အသားနဲ့အရသာကိုလွတ်သွားတတ်ကြတယ်... ကျွန်တော်မြည်းကြည့်မယ်... ဒီငါးစွပ်ပြုတ်က ဘယ်အဆင့်ထိရောက်တယ်ဆိုတာ ကြည့်ရတာပေါ့''

သူကပြောပြောဆိုဆို ငါးစွပ်ပြုတ်ယူပြီး တစ်ငုံသောက်လိုက်သည်။ သို့သော် သောက်ပြီးပြီးချင်း မှင်တက်နေပုံပေါက်သွား၏။

ဒီအသား... ဒီအရသာ...

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

Lasda ကိုယ်တိုင်က စာဖိုမှူး။ သူ့လက်ရာအဆင့်အတန်းကိုကောင်းကောင်းသိသူဖြစ်၍ ငါးစွပ်ပြုတ်၏မယုံနိုင်လောက်သောအရသာနှင့်နှစ်သက်စရာကောင်းပုံကို ပိုပြီးသိသည်။

လျှာလည်သွားသလိုပင်။

ဒီငါးစွပ်ပြုတ်ကိုစွဲသွားမလား?

ဒါသူ့လက်ရာနှင့်လုပ်နိုင်သော စားကောင်းသောက်ဖွယ်မဟုတ်။

ဒေါက်ကလပ်က ငါးတုံးယူပြီးပါးစပ်ထဲထည့်လိုက်သည်။ သူလည်းအစားကောင်းကြိုက်သူဖြစ်၍ အရသာရှိသောအစားအစာကိုထဲထဲဝင်ဝင်နားလည်သည်။

အလားတူပင် ငါးကိုတစ်လုတ်စားပြီးအံ့ဩပုံနှင့် သူ့မျက်လုံးများပြူးကျယ်သွား၏_ ''ဒီငါးက...''

ဒီလောက်အရသာရှိတဲ့ငါးမျိုးမစားဖူးတာသေချာသည်။ သူ့သားချက်တဲ့ငါးကတော့ သူ့ကိုကြည့်လာတဲ့မျက်နှာထားနှင့်တင် သူသိလိုက်ပြီ။

သူတကယ်မယှဉ်နိုင်။

လျိုယီမှာငါးစားပြီးနောက် သူ့မျက်နှာထားကပိုပြီးယုံရ​ခက်နေပုံနှင့်_ ''ဒီအရသာ... ဥက္ကဌချင်... ဒီ.. ဒီငါးကို တကယ်ခင်ဗျားချက်တာလား?''

ဒီအရသာက လောင်ရန်ရဲ့တံခါးနီစားသောက်ပွဲနဲ့ယှဉ်နိုင်တာပဲ။

သူမယုံနိုင်။

လူတိုင်းက သူဌေးတွေ။ သူဘာလို့လောင်ရန်ထက်ကောင်းအောင်ချက်နိုင်တာလဲ?

လောင်ရန်က ဟင်းချက်နည်းကိုဆယ်စုနှစ်ချီလေ့လာခဲ့မှန်းသိကြသည်။ တံခါးနီစားသောက်ပွဲကို သူ့အသက် ၅၀ နောက်ပိုင်းမှကျင်းပနိုင်ခဲ့ခြင်းဖြစ်ပြီး မင်စီရင်စုတွင်ဂန္တဝင်ဖြစ်လာသည်။

ဒါပေမဲ့ ဥက္ကဌချင်ရဲ့အသက်က...

ဘယ်လိုကောင်လဲ။

Lasda ၏မျက်နှာထားကိုမြင်လျှင် ချင်လင်ကပြုံးပြီး မီးဖိုချောင်ထဲလျှောက်သွားလိုက်သည်။

အရည်အသွေး ၂ သဘာဝငါး + စနစ်ကပေးသော ဟင်းချက်လက်ရာနှင့် မီချီလင်ကြယ်သုံးပွင့်စားဖိုမှူး။ မင်းရဲ့လောကမှာက ၁၀ ယောက်ပဲရှိလို့ လိုက်နာပြီးချက်ပြုတ်ရလိမ့်မယ်။

မီးဖိုချောင်ထဲပြန်ရောက်သောအခါ ချင်လင်က ကျန်ငါး၊ ငါးရှဉ့်နှင့် ရေချိုငါးတို့ကိုစားပွဲပေါ်ယူလာသည်။

ငါးစားသောက်ပွဲဟုယူဆနိုင်၏။





ဟင်းပွဲအားလုံးတည်ခင်းပြီးသည်နှင့် လျိုယီမှာ ပိုပိုစိတ်လှုပ်ရှားပြီး ယုံရခက်လာသည်။ ဒါတံခါးနီစားသောက်ပွဲထက် လုံးဝမညံ့။ အဲဒီထက်မြင့်သည်ဟုတောင် မရေမရာတွေးမိလာသည်။

မင်စီရင်စုကလူချမ်းသာတွေသာ တံခါးစားသောက်ပွဲစားဖို့နေရာရှိသေးမှန်းသိရင် အုံလိုက်ကျင်းလိုက်ရောက်လာလိမ့်မယ် ဟုတ်တယ်မလား?

ကံမကောင်းစွာပဲ သူတို့မစားနိုင်လောက်။

တခြားစားဖိုမှူးတွေကိုပိုက်ဆံပေးလို့ရပေမဲ့ ဥက္ကဌချင်မှာ ချင်းလင်ဆော့၊ ချင်းလင်လက်ဖက်ရည်နှင့် ချင်းလင်စံအိမ်ရှိသည်။ သူ့အနာဂတ်အလားအလာကိုအားလုံးအသိ။ ဘယ်သူဌေးကြီးက ဥက္ကဌချင်ကိုချက်ခိုင်းလို့ရမှာလဲ?

ဒေါက်ကလပ်မှာ ခေါင်းမဖော်၊အသံမထွက်ဘဲစားနေသည်။ သူ့သားကကြယ်သုံးပွင့်မီချီလင်စာဖိုမှူးဆိုရင်တောင် ဒီလိုအရသာရှိတဲ့အစားအစာမျိုးမစားဖူးပေ။

ဒီလိုအစွမ်းထက်တဲ့စာဖိုမှူးမျိုးက ဒီနေရာမှာတကယ်မြှုပ်နေတာပဲ။

တစ်ဖက်တွင် Lasda မှာ ဟင်းပွဲတိုင်းကိုစားပြီးလျှင် မျက်နှာထားကမဲပုပ်နေသည်။ ဒီဟင်းပွဲတွေကိုသူကိုယ်တိုင်ချက်ရင် ဒီလိုအရသာရှိတဲ့အစားအစာမျိုးမဖြစ်နိုင်မှန်း သူသိသည်။

ဒါမဖြစ်သင့်။

ဦးလေးလျိုပြောတော့ အရင်တစ်ယောက်က အတော်ဆုံးတရုတ်စားဖိုမှူးဆို?

ဒါဆိုရင် အခုကဘာလဲ?

လျိုယီက Lasda ၏မျက်နှာထားကိုကြည့်ရင်း_ ''Lasda... ဒီဟင်းပွဲတွေကို ဘယ်လိုမြင်လဲ?''

Lasda ငြိမ်နေသည်။ သူ့မျက်နှာမှာ ရှက်စိတ်နှင့်အလိန်းလိန်း။

ဒီလိုအရသာရှိတဲ့အစားအစာမျိုးသူမလုပ်နိုင်ရင် မှတ်ချက်ပေးပြီး ဘာလုပ်မလဲ?

လျိုယီက ဆက်မေးလိုက်သည်_ ''Lasda.. မင်းတကယ် တရုတ်ဟင်းချက်အတော်ဆုံးစားဖိုမှူးကိုအလဲထိုးချင်လား? ကမ္ဘာအနှံ့ကမြည်းပေးမယ့်စားဖိုမှူးတွေဖိတ်ပြီး စီစဉ်ပေးရမလား?''

''...'' Lasda စိတ်ဓာတ်ကျသွားသည်။ ဒီကိစ္စမပြီးတော့ဘူးလား?

တခြားတစ်ယောက်သာဆိုရင် စိန်ခေါ်တာကိုလက်ခံလိုက်မည်ဖြစ်သော်လည်း မဖြစ်နိုင်သောစာဖိုမှူးကိုပြိုင်ရအောင် သူကအရူးမဟုတ်။ သူ့အရှက်သူခွဲလို့မဖြစ်။

''ငါဒီပြိုင်ပွဲကိုပိုခမ်းနားအောင် ကမ္ဘာ့အစားအသောက်ကောင်းအဆုံးအဖြတ်ပေးသူတွေကိုဆက်သွယ်လိုက်မယ်'' လျိုယီက ဖုန်းကောက်ကိုင်ပြီး ဖုန်းဆက်ဟန်ပြုလိုက်သည်။

''ဦးလေးလျို... ကျွန်တော်မနေ့ညက လက်ခေါက်ထားလို့... လတ်တလောပြိုင်နိုင်ဦးမှာမဟုတ်ဘူး'' Lasda က အလောတကြီးဝင်ပြောလိုက်၏။ သူ့မျက်နှာပူနေသည်။

စောစောက ပမာမခန့်ထောင်လွှားနေတာတွေအားလုံး အထိနာသွားပုံရသည်။

ဒီတစ်ခါအိမ်ပြန်ရင် ဒါကိုကြိတ်ပြီးလေ့လာမည်ဟုစိတ်ထဲတေးထားလိုက်၏။ ဒီစားကောင်းတဲ့အရသာနှင့်အသားကိုသူလုပ်ရမည်။

သူ့သားက ပွဲရှောင်နေမှန်းသိသဖြင့် ဒေါက်ကလပ်မှာမျက်နှာပြောင်ပြောင်နှင့်ပြောလိုက်ရသည်_ ''လျို... သူတကယ် မနေ့ညက လက်ခေါက်ထားတာ''

''တကယ်နှမြောစရာပဲ'' လျိုယီကထိုစကားကြားလျှင်ပြုံးပြီး သူ့ဖုန်းချလိုက်သည်။

ဘာပဲဖြစ်ဖြစ် ဒေါက်ကလပ်က သူ့စီးပွားဖက်။ တရားလွန်လို့မဖြစ်။ ပါးပါးလေးဆိုရပြီ။

နောင်မှာ နိုင်ငံတစ်နိုင်ငံသွားတဲ့အခါ ပိုပြီးနှိမ့်ချတတ်ဖို့ Lasda သင်ခန်းစာရလောက်ပြီ။

ထိုအကြောင်းတွေးရင်း သူကမနေနိုင်ဘဲ ချင်လင်ကိုမမြင်ကွယ်ရာမှလက်မထောင်ပြလိုက်၏။

သူလေးစားတဲ့လူတွေသိပ်မရှိ။ ဒီနေ့ဥက္ကဌချင်ကိုတကယ်လေးစားသွားပြီ။

အခုတော့ ချန်ရှန်းဖေနဲ့မာလဲ့ဝမ်က ဥက္ကဌချင်နဲ့ဘာလို့မိတ်ဆွေဖြစ်ချင်လဲ သူသိပြီ။

ဒီလူက တကယ်သာမန်ထက်ထူးတဲ့လူ။





All Chapters