← Chapters

ဒီလက်ရာကြောင့်လက်ခံလိုက်ပြီ! စိတ်ပျက်စရာ SMA ရောဂါ!

Vol. 26 Ch. 378

ဒီလက်ရာကြောင့်လက်ခံလိုက်ပြီ! စိတ်ပျက်စရာ SMA ရောဂါ!

Vol. 26 Ch. 378

စားပြီးနောက် လျိုယီနှင့်ကျန်နှစ်ယောက်က နှစ်သက်သွားသည်။ ကြယ်သုံးပွင့်စားဖိုမှူး Lasda တောင် လုံးဝလက်ခံသွား၏။

အနောက်တိုင်းသားတို့၏ထောင်လွှားခြင်းမျိုးနှင့် ထောင်လွှားခဲ့သော်လည်း သူအတိုင်းအတာကိုသူသိသည်။

''ဥက္ကဌချင်... ဒီတစ်နပ်စာအတွက် ကျေးဇူးအများကြီးတင်ပါတယ်'' လျိုယီကသူ့ကိုစိတ်ရင်းနှင့်ကျေးဇူးတင်စကားဆိုလိုက်သည်_ ''နောင်မှာ ဥက္ကဌချင်ညွှန်ကြားစရာရှိရင် ကျုပ်သေချာပေါက်အမြန်ဆုံးဆောင်ရွက်ပေးမယ်''

ဒါသူ့ကတိလည်းဖြစ်သည်။

နောက်ပြီး ဥက္ကဌချင်သူ့ကိုလာရှာဖို့မျှော်လင့်သည်။ ဒီလိုလူမျိုးနှင့်မိတ်ဆွေဖြစ်ရခြင်းအတွက် လုံးဝအန္တရာယ်ရှိမည်မဟုတ်။ တစ်ခုခုဖြစ်ရင် သူ့ကိုလာမရှာမှာစိုးမိသည်။

ဘာပဲဖြစ်ဖြစ် ချန်ရှန်းဖေ၊ မာလဲ့ဝမ်နှင့် လီရှင်းတို့လည်းရှိနေသေးသည်။ သူ့အလှည့်က ပထမဆုံးမဟုတ်။

ချင်လင်က ဒီအကြောင်းသိပ်မတွေး။ သူကပြုံးပြီး_ ''ဥက္ကဌလျို... အားနာလွန်းနေပါပြီ''

''လူကြီးမင်းချင်... ခင်ဗျားရဲ့အစားအစာကိုစားခွင့်ရတာ တကယ်ဂုဏ်ယူစရာပါ... ခင်ဗျားကဆန်းကြယ်မှုတွေကိုသိနားလည်တဲ့စားဖိုမှူးပဲ'' ဒေါက်ကလပ်ကအလေးအနက်ပြောပြီး ချင်လင်ကနည်းနည်းဦးညွတ်လိုက်သည်။

အစားအစာနှင့် သူကအထင်ကြီးသွားပြီ။

ဒီစားကောင်းသောက်ဖွယ်ကိုစားပြီး မာနအကြီးဆုံးပုဂ္ဂိုလ်တောင် ထိုက်တန်သောလေးစားသမှုပြလာသည်။





Lasda ကအပြင်းအထန်အလေးပြုလိုက်သဖြင့် ချင်လင်ကြောင်သွား၏။

ဒီလူဘာလုပ်တာလဲ?

လျိုယီကအံ့ဩသွားသည်။

ဒီမောက်မာတဲ့ကောင်က ဥက္ကဌချင်ကိုအလေးပြုတာလား?

သို့သော် Lasda က_ ''လူကြီးမင်း... အဆင့်မြင့်ဟင်းချက်နည်းကိုသိခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ဒီအပိုင်းမှာ ခင်ဗျားတော်ပါတယ်... ဒါပေမဲ့ ဒါကိုလေ့လာဖို့ကျွန်တော့်ကိုယ်ကိုယ်စိတ်နှစ်ထားမှာ... ခင်ဗျားကိုသေချာပေါက်အနိုင်ယူပြမယ်''

သူ့ထက်လက်ရာညံ့သူများနှင့်ကြုံရလျှင် ပမာမခန့်လုပ်ဖို့မခဲယဉ်းသော်လည်း သူ့ထက်အားကောင်းသူများနှင့်ရင်ဆိုင်ရသောအခါ သူတို့ကိုမနိုင်မချင်း ပြသင့်ပြထိုက်သောလေးစားမှုပြရပေမည်။

''...'' ချင်လင်က Lasda ကိုပါးစပ်အဟောင်းသားနှင့်ကြည့်နေ၏။

ပွင့်ပွင့်လင်းလင်းဆိုရလျှင် တစ်ဖက်လူရဲ့စိတ်ထဲမှာဘာဖြစ်နေလဲသူမသိ။

နောက်ပြီး သူစိတ်အနှောင့်အယှက်ဖြစ်မခံနိုင်။

ခဏအကြာ လျိုယီက သူတို့နှစ်ယောက်နှင့်ထွက်သွားသည်။ ဆရာလင်းကစိတ်လှုပ်ရှားစွာနှင့်_ ''ဒီနိုင်ငံခြားသားလာတုန်းက ဘယ်လောက်မောက်မာလိုက်လဲ? သူကိုယ့်သူကြယ်သုံးပွင့်မီချီလင်စာဖိုမှူးပေါ့... သူဌေး ခင်ဗျားကအတော်ဆုံးပဲ... သူ့နေရာချက်ချင်းဝင်လိုက်''

…

နောက်တစ်နေ့_

ချင်လင်က သူ့ရုံးခန်းထဲသွား၍ ဒီနေ့ဂိမ်းထဲအသစ်ပေါ်လာသော ငါး၊ သစ်ပင်နှင့်တောင်တန်းထွက်ကုန်များကိုကိုင်တွယ်လိုက်သည်။

အလှမွေးငါးသုံးကောင်သာရှိသေးသည်။

ဒီနေ့သစ်ပင်ကလည်း ဘာမှမရ။

တစ်ဖက်တွင် ဒီနေ့တောင်တန်းထွက်ကုန်မှ ချယ်ရီပန်းနှင့်ပျဉ်းမနောက်တစ်သုတ်ထပ်ထွက်လာသည်။

နောက်ထပ်ဆေးဖက်ဝင်ဝိုင်တစ်သုတ်စိမ်နိုင်သည်။

ချင်လင်က အချိန်မဆိုင်းဘဲ စံအိမ်မှချက်ချင်းထွက်လာသည်။ ဝိုင်လုပ်ငန်းမှဝိုင်သိုလှောင်ခန်းထဲသွား၍ နှစ် ၂၀ သက်တမ်းဝိုင်တစ်သုတ်ယူပြီး ပြန်လာခဲ့သည်။ ထို့နောက် ဂိုဒေါင်သွားကာ ဂိမ်းထဲယူသွားလိုက်သည်။





ဝိုင်ထည့်စရာအတွက် လိုအပ်လျှင်သုံးရန် ဂိမ်းထဲမှသိုလှောင်ခန်းထဲတွင် အများကြီးဝယ်ထားပြီးသားရှိသည်။

ဒါတွေများများဝယ်ထားရင် နောင်မှာအသုံးချဖို့ သူ့အတွက်အဆင်ပြေသည်။

ဒီတစ်သုတ်ဆေးဖက်ဝင်ဝိုင်စိမ်ပြီး ချင်လင်ကဂိမ်းထဲမှထွက်ကာ စံအိမ်ပြန်လာသည်။

ရုံးခန်းထဲပြန်ရောက်ရောက်ချင်း လျိုယီဆီမှနောက်ထပ်ကျေးဇူးတင်စာရလိုက်သည်။ သူဒီနေ့ ဟိုနှစ်ယောက်ကိုလိုက်ပို့ပြီး နောက်ထပ်ပြဿနာမရှိသောကြောင့်ဖြစ်မည်။

ဒီအတွက် သူသိပ်အာရုံမထား။ ဒီအတိုင်းသူ့ဖုန်းယူပြီး အွန်လိုင်းတက်ကာ ဝမ်ချိုင်၏ဗီဒီယိုအတိုများကြည့်လိုက်သည်။

ပြီးခဲ့တဲ့နှစ်ရက်အတွင်း ခွေးလည်းအတော်လေးနာမည်ကြီးလာသည်။ သူနှင့်မွေးနီကို စံအိမ်တရားဝင်အကောင့်ပရိသတ်များက ချင်းလင်စံအိမ်၏တိရစ္ဆာန်အမြွှာဟုခေါ်ကြတော့မည်။

သို့သော် ဗီဒီယိုတစ်ပုဒ်မြင်သောအခါ ချင်လင်နည်းနည်းမျက်မှောင်ကြုတ်သွားသည်။

''ဒီနှစ်ရက်အတွင်း ချင်းလင်စံအိမ်ကခွေး အရမ်းနာမည်ကြီးလာတာ... ဒီခွေးအတွက် ကုဒ်စကင်န်ဖတ်ပြီးပေးတဲ့ခရီးသည်တွေအများကြီးပဲထင်တယ် ဟုတ်တယ်မလား? အွန်လိုင်းခရီးသည်တွေတင်တဲ့ဗီဒီယိုစာရင်းကြည့်ရင် ခရီးသည်တိုင်းက ၁၀ ယွမ်ထက်ပိုပေးပြီး ယွမ် ၁၀၀ အထိတောင်ရှိတယ်''

''ငါသေချာတွက်ပြီးသွားပြီ... ချင်းလင်စံအိမ်မှာ တစ်နေ့ခရီးသည် ၃၀၀၀ ကျော်လောက်တယ်မလား? သူတို့ထဲက ၁၀၀ လောက်ပဲ ခွေးအတွက် QR ကုဒ်စကင်န်ဖတ်မယ်ဆိုရင်တောင် ခွေးရဲ့တစ်နေ့ဝင်ငွေက အနည်းဆုံးယွမ် ၁၀၀၀ ဖြစ်လောက်တယ်... တကယ်တော့ အဲဒီထက်ပိုများမှာသေချာတယ်''

''ရိုးရိုးလူတစ်ယောက်သာ ဒီလိုခွေးမျိုးရှိရင် ဘာမှမလုပ်ဘဲ ခွေးကိုပိုက်ဆံလိုက်စုခိုင်းမှာ''

ထိုဗီဒီယိုကို လူတွေအများကြီးကြည့်ထားကြသည်။ မှတ်ချက်နေရာတွင်လူများကလည်း ခွေးထက်စိတ်ဆင်းရဲပုံနှင့်ညည်းထားကြသည်။

သို့ရာတွင် ချင်လင်က 'ပိုက်ဆံစုသည်'ဆိုသောစာလုံးကို အတိအကျသတိထားမိသည်။

ဗီဒီယိုထဲတွင် ခွေးကိုမှီခိုပြီး ဝင်ငွေရှာထားသည်ဟုမပြောထား၊ စံအိမ်မှာ ဒီလိုရည်ရွယ်ချက်မရှိ၊ ဒီလောက်ငွေလေးကိုရှာဖို့လုံးဝမလိုဘဲ အီစတာဥအစီအစဉ်ကိုစိတ်ဝင်စားမှုတိုးအောင်သာ ရည်မှန်းထားခြင်းဖြစ်သည်။ အကယ်၍ တမင်သက်သက်အမှားရှာသော ဦးနှောက်မရှိသူရှိခဲ့လျှင် ဒီအချက်ကပြဿနာရှာချင်စရာ။

သူကလင်းလန်ဇီကိုဖုန်းဆက်ပြီး ညွှန်ကြားလိုက်သည်_ ''ကြီးကြပ်လင်း... ဝမ်ချိုင်ရဲ့ QR ကုဒ်ကို အလွန်ဆုံးပေးရမယ့်ပမာဏသတ်မှတ်လိုက်ပါ!''

လင်းလန်ဇီ၏အသံကိုလည်းကြားရသည်_ ''သူဌေး... တစ်ဆင့်ပဲပေးရမယ်လို့ ကျွန်မတို့သတ်မှတ်ထားပြီးပါပြီ... ဒီနေ့ ဝမ်ချိုင်အကောင့်ရဲ့မှတ်ချက်ထဲမှာ ရန်စတဲ့မှတ်ချက်တွေပါလာလို့''

''ကောင်းပြီ'' ချင်လင်ကဖုန်းချပြီး ဗီဒီယိုဆက်ကြည့်လိုက်သည်။

လိုင်းပေါ်တွင် လူအမျိုးစုံသည်။ ချင်လင်ဘာမှမလုပ်ရင်တောင် မနာလိုတဲ့လူတချို့က ဘယ်ကမှန်းမသိလာပြီးပြဿနာရှာနိုင်သည်။ သူတတ်နိုင်တာက တစ်ဖက်လူကိုအခွင့်အရေးမပေးဖို့ပင်။

နောက်ထပ်ဗီဒီယိုတချို့ဆက်ဆွဲကြည့်ပြီးနောက် Starbucks အကြောင်း ဗီဒီယိုတစ်ပုဒ်ထပ်တွေ့လိုက်ရသည်။

တရားဝင်ဗီဒီယိုတစ်ပုဒ်လည်းဖြစ်သည်: Starbucks က ရဲအရာရှိများကိုနှင်ထုတ်ပြီး ရဲအရာရှိလေးယောက်ထွက်ဖို့ညှိနှိုင်းတဲ့အကြောင်း။ Starbucks က မတောင်းပန်သေး။ အဓိကအချက်မှာ Starbucks ကုန်စည်ထိုးတက်နေခြင်းပင်။

“…” ချင်လင်သက်ပြင်းချလိုက်သည်။

တော်တော်လေးယုတ္တိမရှိတဲ့ဖြစ်စဉ်။ ဒါပေမဲ့ တချို့နည်းနည်းတုံးတဲ့ပြည်သူတွေက ဒီ Starbucks စီးပွားရေးကိုနာမည်ရအောင် လုပ်နေသေးတယ် ဟုတ်တယ်မလား?

Starbucks က နှစ်ရက်အတွင်းမှာ တောင်းပန်ဖို့မရှိသေးဘူးဆိုရင် ဒီစီးပွားရေးကဖွံ့ဖြိုးနေဆဲဖြစ်လို့၊ သူတို့လုံးဝဂရုမစိုက်လို့ပေါ့။





All Chapters