ဒီလက်ရာကြောင့်လက်ခံလိုက်ပြီ! စိတ်ပျက်စရာ SMA ရောဂါ! ၂
Vol. 26 Ch. 379
သူသာအရေးတကြီးဖြစ်နေရင် သေချာပေါက်အမြန်ဆုံးတောင်းပန်မှာပေါ့။
လွန်ခဲ့သော ၃ နှစ်က Starbucks ၏စီးပွားရေးထိုးကျသွားခဲ့ခြင်းမှာ လူမည်းနှစ်ဦးကိုမောင်းထုတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ နောက်ဆုံး CEO ကိုယ်တိုင်ရှေ့ထွက်၍ Starbucks ဆိုင်ပေါင်း ၈၀၀၀ ကိုအရေးပေါ်ပိတ်ပြီး သူတို့ဝန်ထမ်းများကိုလေ့ကျင့်ပေးမည်ဟုတောင်းပန်ခဲ့ရသည်။
မတူသောကိစ္စနှစ်ရပ်ဆိုသော်လည်း ဒီကိစ္စရဲ့အဆုံးသတ်မှာ ရဲအရာရှိလေးယောက်ညှိနှိုင်းပြီးအလုပ်ထွက်သွားရင် အတော်လေးစိတ်မကောင်းစရာဖြစ်လိမ့်မည်။
သို့သော် သူဝင်မပါနိုင်။ ဘာပဲဖြစ်ဖြစ် သူကဘုရားသခင်မဟုတ်။
သူတွေးတောနေစဉ် ဖုန်းမြည်လာသည်။ ချန်ရှန်းဖေပင်။
ချင်လင်ကဖုန်းဖြေပြီးနောက် ရုံးခန်းထဲမှထွက်၍ ချန်ရှန်းဖေနှင့်သွားတွေ့ရန် မူလခန်းမဘက်သွားလိုက်သည်။
သူကပြတင်းပေါက်နားတွင် ဝတ်စုံပြည့်သက်လတ်ပိုင်းအမျိုးသားတစ်ဦးနှင့် မျက်နှာချင်းဆိုင်ထိုင်နေသည်။
ချင်လင်ရောက်လာသည်ကိုမြင်လျှင် ချန်ရှန်းဖေလည်းမတ်တပ်ရပ်ပြီး ဝတ်စုံနှင့်အမျိုးသားကိုညွှန်ပြကာ_ ''ချင်လင်... ဒါဥက္ကဌရှန်လီ... သူက 'သီလနဲ့စေတနာ'က တို့ဓာတ်ခွဲခန်းအတွက်ခန့်ပေးတဲ့ဓာတ်ခွဲခန်းတာဝန်ခံ... မြောက်ပိုင်းကန္တာရဓာတ်ခွဲခန်းမှာ ထုတ်ကုန်မြှင့်တင်ရေးတာဝန်ခံလုပ်ဖူးတယ်''
''မင်းသိတဲ့အတိုင်းပဲ... မြောက်ပိုင်းကန္တာရဓာတ်ခွဲခန်းထဲကသစ်တောက သူဌေးမာနဲ့ဆက်စပ်နေတယ်... အဲဒီဖြစ်ရပ်နောက်ပိုင်းမှာ ဒီနာမည်နဲ့ကုမ္ပဏီလုပ်ပိုင်ခွင့်တွေအများကြီးကွဲသွားတယ်... အဲဒီဆက်စပ်နေတဲ့ကုမ္ပဏီတွေ ငြိစွန်းတာပေါ့''


''အဲဒါကြောင့်မဟုတ်ရင် တို့ဥက္ကဌရှန်ကိုခေါ်နိုင်မှာမဟုတ်ဘူး... ဒါပေမဲ့ ဥက္ကဌရှန်ကလည်း ချင်းလင်ဓာတ်ခွဲခန်းမှာလုပ်ဖို့အတွက် သူလိုအပ်တဲ့အချက်တွေရှိတယ်... ချင်လင် မင်းဆုံးဖြတ်ချက်ချရမယ်''
ချင်လင်ခေါင်းညိမ့်လိုက်သည်။
အများစုက သူဌေးမာအကြောင်းသိသော်လည်း သူဌေးမာလူကိုခေါ်ဖို့အခွင့်အရေးရှိမည်ဟုမထင်မိပေ။ သို့သော် သူအလုပ်ဖြုတ်ပြီးဖြစ်၍ အခုသူ့ဘက်ကလို့ မယူဆသင့်တော့ဘူးမဟုတ်လား?
ထိုအတွေးနှင့် သူကဥက္ကဌရှန်ကိုကြည့်ကာ_ ''ဥက္ကဌရှန်... တွေ့ရတာဝမ်းသာပါတယ်''
ချန်ရှန်းဖေလည်းမိတ်ဆက်ပေးလိုက်သည်_ ''ဥက္ကဌရှန်... ဒါကချင်းလင်ဓာတ်ခွဲခန်းရဲ့ဥက္ကဌ လူကြီးမင်းချင်လင်ပါ''
''ဥက္ကဌချင်... တွေ့ရတာဝမ်းသာပါတယ်'' ရှန်လီကအံ့ဩစွာနှင့် ချင်လင်နှင့်လက်ဆွဲနှုတ်ဆက်လိုက်သည်။
သူကငယ်လွန်းနေသည်။
သို့သော် လျှော့မတွက်ရဲ။ ဘာပဲဖြစ်ဖြစ် ချန်ရှန်းဖေလိုသူဌေးကြီးကို ရင်းနှီးမြှုပ်နှံအောင်လုပ်နိုင်တယ်ဆိုတဲ့သဘောက သူလုပ်နိုင်စွမ်းရှိလို့ဖြစ်ရမည်။
ချင်လင်ကထိုင်ပြီးနောက် ရှန်လီအား_ ''ဥက္ကဌရှန်... ကျွန်တော်တို့ချင်းလင်ဓာတ်ခွဲခန်းမှာလုပ်ဖို့ လိုအပ်ချက်တွေပြောပါ''
ရှန်လီကလည်း ပွင့်ပွင့်လင်းလင်းပင်_ ''ကျုပ်ရှယ်ယာကြေးလိုချင်တယ်... ဓာတ်ခွဲခန်းက အတိုင်းအတာတစ်ခုအထိဖွံ့ဖြိုးလာရင် လုပ်ငန်းစည်းမျဉ်းအတိုင်း ဒါရိုက်တာအဖွဲ့ဝင်တစ်ယောက်ဖြစ်ချင်တယ်''
ချင်လင်ကထိုစကားကြားလျှင် ချန်ရှန်းဖေကိုတစ်ချက်ကြည့်လိုက်ရာ သူကခေါင်းညိမ့်ပြသည်။
''ကောင်းပါပြီ... ကျွန်တော် ဥက္ကဌရှန်ရဲ့တောင်းဆိုချက်ကိုလက်ခံတယ်'' ချင်လင်ကထိုတောင်းဆိုချက်ကြောင့်ပြုံးပြီး သဘောတူလိုက်သည်။
ကုမ္ပဏီတစ်ခုကိုဖွံ့ဖြိုးစေချင်ရင်၊ ထိပ်တန်းအရည်အချင်းရှိသူတွေခေါ်ချင်ရင် ရှယ်ယာကြေးကရှောင်လွှဲမရပေ။ အလုပ်တွင်စိတ်ပါဝင်စားမှုနှင့်လုပ်ရည်ကိုင်ရည်ကိုလည်းလှုံ့ဆော်ပေးနိုင်သည်။
တန့်ကွမ်းကိုအစားအသောက်ကုမ္ပဏီရဲ့ရှယ်ယာကြေးအကြောင်းပြောတော့ အခုသူဘယ်လောက်အလုပ်ကြိုးစားလိုက်လဲ?
သို့သော် ရှယ်ယာကြေးအပြောင်းအလဲရှိသည်။
ဒီကြေးလိုချင်ရင် သူ့အရည်အချင်းပေါ်မူတည်ပြီးဘယ်လောက်ရနိုင်လဲ၊ ဒီကုမ္ပဏီကိုဘယ်လောက်ထိကြီးအောင်ဖွံ့ဖြိုးအောင်လုပ်နိုင်မလဲအပေါ်မူတည်သည်။
အထက်လူများ၏တစ်ဦးချင်းဆုကြေးအတွက်မူ လုပ်ငန်း၏အထူးသဘောသဘာဝအရ ကွာခြားမှုလည်းရှိသည်။ ဓာတ်ခွဲခန်းသုတေသနကုမ္ပဏီ၏လုပ်ငန်းစည်းမျဉ်းအရ ရှန်လီမှာ အမြင့်ဆုံး ၅% အထိရပိုင်ခွင့်ရှိသည်။


ထို ၅% ရနိုင်သောအရည်အချင်းရှိလျှင် သူဌေးတိုင်းက ရှယ်ယာ ၅% ကိုဆုကြေးအဖြစ် ပြတ်ပြတ်သားသားပေးသင့်သည်။
ဒိလိုအရည်အချင်းရှိသူက သူ့ပြိုင်ဘက်ဆီရောက်ဖို့ဖြစ်သွားရင် ကပ်ဆိုက်လိမ့်မည်။
ဒီအချက်ကိုနားမလည်ဘဲ ရှယ်ယာကိုအသည်းအသန်ယူထားသောသူဌေးများလည်းရှိသည်ပင်။ ဒီလိုကုမ္ပဏီမျိုးတွေက လူဆွဲခေါ်သောကုမ္ပဏီများသဘောအကျဆုံးပစ်မှတ်လည်းဖြစ်တတ်သည်။
ချင်လင်သဘောတူသည်ကိုမြင်လျှင် ရှန်လီကပြုံး၍ တဖန်လက်ဆွဲကာ_ ''ဥက္ကဌချင်... နောင်မှာအတူတူကောင်းကောင်းလုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်''
''သေချာပေါက်အတူတူကောင်းကောင်းလုပ်နိုင်မှာပါ'' ချင်လင်ကအပြုံးနှင့်ပြောလိုက်သည်။
ရှန်လီနှင့်စာချုပ်လက်မှတ်ထိုးရတာ ပိုဒုက္ခများသည်။ အရင်ဆုံး ဆုရွေးချယ်ခွင့်အတွက် ချန်ရှန်းဖေနှင့်မာလဲ့ဝမ်လက်မှတ်ထိုးဖို့လိုသည်။ ထို့အပြင် 'သီလနှင့်စေတနာ'အလုပ်ခေါ်ကုမ္ပဏီနှင့် စာချုပ်လက်မှတ်ထိုးရမည်။
ရှန်လီကိုအလုပ်ခန့်လျှင် တစ်ဖက်ကအလုပ်ခေါ်အောင်မြင်ခြင်းဖြစ်၍ သက်ဆိုင်ရာအခကြေးငွေပေးရမည်။
နောက်ပြီး ရှန်လီအတွက်အိမ်ရာနှင့်ကားစီစဉ်ပေးရမည်။
စာချုပ်လက်မှတ်ထိုးသောအခါ ချင်လင်လည်း 'သီလနှင့်စေတနာ'၏ဥက္ကဌကျန်း ကျန်းချိုးသုန့်နှင့်တွေ့သည်။ ထင်ထားသည့်အတိုင်း သူကနာမည်ကြီးဆယ်လီမသေမျိုးဓားမုတ်ဆိတ်နှင့်အလွန်တူသည်။
ထို့နောက် ရှန်လီက ချင်းလင်ဓာတ်ခွဲခန်း၏ကိစ္စကိုတရားဝင်လက်လွှဲယူလိုက်သည်။
…
သုံးရက်ကြာပြီးနောက်_
ချင်းလင်စံအိမ်၌_
လီခိုင်က ချင်လင်၏ရုံးခန်းရောက်သောအခါ ချင်လင်လက်ဖက်ရည်ဖျော်နေသည်ကိုတွေ့ရသည်။ သူကချက်ချင်းထိုင်ချပြီး မေးလိုက်၏_ ''ညီလေးချင်... ငါ့ကိုဘာလို့ခေါ်လိုက်တာလဲ?''
ချင်လင်ကပြုံးပြီး ရှင်းပြလိုက်သည်_ ''ပြီးရင် ဥက္ကဌရှန်လာလိမ့်မယ်... သူကခင်ဗျားကို တချို့အရာလေးတွေအတည်ပြုစေချင်တယ်တဲ့''
“ကောင်းပြီ” လီခိုင်ခေါင်းညိမ့်လိုက်သည်။
ဥက္ကဌရှန်ကို ချန်ရှန်းဖေဆွဲခေါ်ထားမှန်းသူသိသည်။ သူကညီလေးချင်ရဲ့ဓာတ်ခွဲခန်းမှာနေပြီး ဓာတ်ခွဲသုတေသနတာဝန်ခံဖြစ်နေပြီ။ ရှေ့လျှောက် ဥက္ကဌရှန်နှင့်အလုပ်လုပ်ရဦးမည်။
ရှန်လီချက်ချင်းရောက်လာသည်။ သူကထိုင်ပြီးပြီးချင်း ချင်လင်ကိုစာဖိုင်တစ်ခုပေးကာ_ ''ဥက္ကဌချင်... ဒီသုံးရက်အတွင်းမှာ ဓာတ်ခွဲခန်းအနေအထားအကြောင်းတွေ့ထားတယ်... အခုချက်ချင်းဖြေရှင်းစရာ သုံးခုရှိတယ်''
''ပထမဆုံးက လူသစ်ခေါ်ဖို့... အရင်ဆုံး အရင်ဓာတ်ခွဲခန်းဝန်ထမ်းတချို့ကို ကျုပ်ဆွဲခေါ်လိုက်မယ်... အချိန်ကျရင် ဥက္ကဌချင်က ပြင်ဆင်ထားချက်မှာလက်မှတ်ထိုးရမယ်''
''ဒုတိယက ဓာတ်ခွဲခန်းကိုတည်ထောင်တော့မယ်... တတိယအချက်က ဓာတ်ခွဲခန်းမှာ ဖရဲမျိုးစိတ်အသစ်မြှင့်တင်ရေးအစီအစဉ်ရှိတယ်... ဥက္ကဌချင် အရင်ကဥက္ကဌချန်လည်း ဒီဖရဲမျိုးအသစ်နဲ့ကျုပ်ကိုအထင်ကြီးအောင်လုပ်ခဲ့တာ ပြောရဦးမယ်''
''ဒီဖိုင်က ဖရဲမြှင့်တင်ရေးအတွက်အစီအစဉ်ပါ... ဥက္ကဌချင်အတည်ပြုပြီးရင် ကျုပ်ချက်ချင်းရုံချန်းစီရင်စုကိုဆက်သွယ်ပြီး အမြန်ဆုံးအကောင်အထည်ဖော်လိုက်ပါမယ်''