← Chapters

ဒီလက်ရာကြောင့်လက်ခံလိုက်ပြီ! စိတ်ပျက်စရာ SMA ရောဂါ! ၃

Vol. 26 Ch. 380

ဒီလက်ရာကြောင့်လက်ခံလိုက်ပြီ! စိတ်ပျက်စရာ SMA ရောဂါ! ၃

Vol. 26 Ch. 380

ချင်လင်က ရှန်လီ၏တင်ပြချက်ကိုနားထောင်ပြီး အစီအစဉ်ဖိုင်ကိုကောက်ယူကြည့်လိုက်သည်။

အစီအစဉ်ဖိုင်ကိုသပ်သပ်ရပ်ရပ်နှင့်အလွန်အသေးစိတ်ကျကျရေးထားသည်။ ဖရဲမျိုးအသစ်ရောင်းချရေးအတွက်တောင် စီစဉ်ထားသည်။

ဒီပညာရှင်ထိပ်တန်းအရည်အချင်းမျိုးက လုံးဝမတူ။ သူကိုယ်တိုင်သာလုပ်ရမည်ဆိုလျှင် သေချာပေါက်တစ်ကြိမ်မှာတစ်ဆင့်တက်ပြီး ဖြည်းဖြည်းချင်းသာစူးစမ်းရှာဖွေရလိမ့်မည်။

အဆိုပြုချက်တွင်ပြဿနာမရှိ။ ချင်လင်ကလက်မှတ်ထိုးပြီး ရှန်လီဆီပြန်ပေးလိုက်သည်။

ရှန်လီကစာဖိုင်ပြန်ယူပြီး လီခိုင်နှင့်စကားဆက်ပြောသည်။ လီခိုင်ကို ဖရဲသီးမြှင့်တင်စိုက်ပျိုးရေးနှင့် ဘယ်လိုကိုင်တွယ်ရမလဲဟူသောမေးခွန်းများမေးနေပုံရသည်။

သူတို့နှစ်ဦးစကားပြောပြီးနောက် ရှန်လီက ချင်လင်အား_ ''ဥက္ကဌချင်... အရင်ဆုံးကျုပ်ကိုမျိုးစေ့တစ်သုတ်လောက်ပေးပါဦး... ရုံချန်းစီရင်စုထဲကမြို့တွေရဲ့သီးသန့်မြေအနေအထားနဲ့ပတ်ဝန်းကျင်ကလည်းမတူဘူး... ရုံချန်းစီရင်စုနဲ့ပူးပေါင်းတဲ့အခါ ဒါတွေကိုမစိုက်ခင် အခြေအနေကိုစစ်ဆေးရအောင် စမ်းသပ်စိုက်ပျိုးကြည့်ဖို့လိုတယ်''

အရင်ပျိုးထောင်ထားသောမျိုးစေ့အားလုံးလိုလို ဧက ၁၀၀ ထဲတွင်စိုက်ပျိုးလိုက်ပြီဖြစ်သော်လည်း တချို့ကိုအရေးပေါ်အတွက်သိမ်းထားခဲ့သည်။ အမှန်တကယ်အသုံးချရလိမ့်မည်ဟု သူမထင်မိ။

ထိုမျိုးစေ့များကို ရှန်လီလက်ထဲအပ်လိုက်ရာ သူကလျင်လျင်မြန်မြန်ထွက်သွားသည်။

လီခိုင်ကချီးကျူးလိုက်သည်_ ''ညီလေးချင်... ဥက္ကဌရှန်ကအရမ်းလုပ်နိုင်တယ်... သူငါနဲ့ဆွေးနွေးတဲ့မေးခွန်းတွေကလည်း ချက်ကျလက်ကျရှိတယ်''

ချင်လင်ကပြုံးပြီး ခေါင်းညိမ့်လိုက်၏။

သူတို့စကားပြောနေစဉ် နောက်ထပ်တံခါးခေါက်သံကြားရသည်။ တံခါးဖွင့်လိုက်သောအခါ စာဖိုင်တစ်ဖိုင်ကိုင်ပြီးရောက်လာသောချင်ရန်ဖြစ်နေသည်။

''တရန်... လာမြန်မြန်ဝင်'' ချင်လင်က ချင်ရန်ကိုမြင်လျှင် ချက်ချင်းအထဲခေါ်လိုက်သည်။

ချင်ရန်ကထိုင်ပြီးနောက် ချင်လင်ကိုစာဖိုင်ပေးကာ_ ''မင်းစံအိမ်ရဲ့ဆေးခန်းအတွက် ကုသမှုကောင်းတဲ့ ယုံကြည်စိတ်ချရတဲ့ဆရာဝန်တစ်ယောက်ရှာချင်နေတာမလား? ငါမင်းဆီအချက်အလက်ယူလာတယ်''

သူနှင့်စီရင်စုက ချင်းလင်စံအိမ်ကိုရှုမျှော်ခင်း 4A နေရာလျှောက်ရန်ပြင်ဆင်နေသည်။ တခြားကဏ္ဍတွေအားလုံးအောင်မြင်ခဲ့ပြီး ပြန်လည်ဆန်းစစ်စရာမလို၊ ပြဿနာလည်းမရှိခဲ့။ တစ်ခုတည်းသောလိုအပ်ချက်မှာ မပြည့်စုံသေးသောဆေးခန်းပင်။

လက်ရှိချင်းလင်စံအိမ်၏အတိုင်းအတာနှင့် နေ့စဉ်ခရီးသည်အရေအတွက်အရ 4A အတွက်လျှောက်ရမည်။ ဆေးခန်းတွင်လည်း တာဝန်ခံဆရာဝန်နှင့် အလှည့်ကျဆရာဝန်နှစ်ဦး၊ အလှည့်ကျသူနာပြုနှစ်ဦးရှိရမည်။ ဆရာဝန်နှင့်သူနာပြုကို တာဝန်ချိန်အပြည့်ရှိစေရမည်။

ချင်လင်မှာ ထိုအပိုင်းတွင် ဘာအဆက်အသွယ်မှမရှိသောကြောင့် ချင်ရန်၏အိမ်ထောင်ဘက်လျောင်လီကိုမေးပြီး အရင်စုံစမ်းပေးရန်အကူအညီတောင်းရသည်။





လျောင်လီမှာ အစကသူနာပြုတစ်ဦးဖြစ်၍ ထိုအပိုင်းတွင်အဆက်အသွယ်ရှိသည်။ ဆရာဝန်တွေအကြောင်း သတင်းတချို့ရှိတတ်သည်။ သင့်တော်သောလက်မှတ်ရတစ်ဦးကို အမှန်တကယ်ရှာတွေ့မည်ဟုမထင်မိပေ။

ချင်လင်က စာဖိုင်ယူပြီးကြည့်လိုက်သည်_ ''ထန်ရှိုးဝမ်... ၃၄ နှစ်... သဲမြို့တော်ဆေးတက္ကသိုလ်ကဘွဲ့တောင်ရထားတယ်... ဒီလောက်တော်တာလား?''

''ထန်ရှိုးဝမ်...'' လီခိုင်က ထိုနာမည်ကြားသောအခါ သတိလက်လွတ်မတ်တပ်ထရပ်လိုက်သော်လည်း ဂရုမစိုက်ပုံနှင့်ချင်လင်၏အနောက်ဘက်လျှောက်သွားကာ အချက်အလက်ကိုတိတ်တိတ်လေးလိုက်ဖတ်ကြည့်သည်။

ချင်လင်က ထန်ရှိုးဝမ်၏အချက်အလက်ကိုကြည့်ရင်း အံ့ဩပုံနှင့်_ ''စီရင်စုဆေးရုံကဆရာဝန်ပဲ... အသက် ၃၄ နှစ်ပဲရှိသေးတယ်... ဒါပေမဲ့ အကြီးအကဲသမားတော်လက်မှတ်ရထားပြီ... ဒီလိုလူမျိုးက ဘာလို့ငါ့စံအိမ်ကဆေးခန်းလေးကိုလာရတာလဲ?''

ချင်ရန်ကရှင်းပြလိုက်သည်_ ''ပုံမှန်အခြေအနေဆို ဒေါက်တာထန်က သဘောတူမှာမဟုတ်ဘူး... ဒါပေမဲ့ သူ့မှာအခြေအနေတစ်ခုဖြစ်ခဲ့တယ်... သူကွာရှင်းထားတာထင်တယ်''

''ဘယ်လိုဖြစ်ပြီး ကွာရှင်းလိုက်တာလဲ?''

လီခိုင်က မထင်မှတ်ဘဲ ထမေးလိုက်သည်။

''အစ်ကိုလီ... ကွာရှင်းလိုက်တဲ့တစ်ယောက်က ခင်ဗျားတော့မဟုတ်ဘူးထင်တယ်... ဘာလို့ဝင်ပါနေတာလဲ?''

ချင်လင်က လီခိုင်ကိုဇဝေဇဝါကြည့်ပြီးမှ ချင်ရန်ကိုဆက်မေးလိုက်သည်_

''သူဘာလို့ကွာရှင်းခဲ့လဲ မင်းသိလား?''

ဆေးခန်းအတွက်တာဝန်ခံတစ်ယောက်ရှာချင်တယ်ဆိုမှတော့ ရှင်းရှင်းလင်းလင်းသိထားရမည်။ ယနေ့ခေတ်တွင် အမျိုးသမီးအများစုက ထူးဆန်းသောအကြောင်းပြချက်များနှင့် ကွာရှင်းနေကြသည်။

ဒီအမျိုးသမီးရဲ့အတတ်ပညာက ဘာပဲဖြစ်ဖြစ်၊ သူ့အရည်အချင်းပိုင်းမှာပြဿနာရှိသည်။

ချင်ရန်ကရှင်းပြသည်_ ''ငါကြားတာတော့... ကလေးမှာ ဆေးဖိုးအရမ်းအကုန်အကျများတဲ့ ရှားပါးရောဂါတစ်မျိုးတွေ့တယ်ထင်တယ်... အဓိကက ကောင်းကောင်းကုလို့မရနိုင်လောက်ဘူး''

''သူ့ယောက်ျားက တာဝန်မယူဘူး... မကုချင်ဘူး... ဒေါက်တာထန်က ကလေးကိုလက်မလျှော့ချင်တော့ သူ့ယောက်ျားနဲ့ကွာရှင်းပြီး ပိုင်ဆိုင်မှုတွေခွဲလိုက်တယ်... ရလာတာနဲ့ ကလေးကိုသူကုချင်တယ်''

''အရင်က ဒေါက်တာထန်ရဲ့အခြေအနေတွေကပိုကောင်းတယ်... သူ့ယောက်ျားက ရုံချန်းစီရင်စုဆေးရုံကိုအလုပ်လုပ်ဖို့ပြန်လာတာကြောင့်လည်းပါတယ်... အဲဒါအမှားတစ်ခုလို့ပြောလို့ရတယ်... နောက်ပြီး လောလောဆယ် ဒေါက်တာထန်က သူ့ကလေးကျန်းမာရေးကြောင့် အကြီးအကဲသမားတော်ဖြစ်မယ့်အခွင့်အရေးလွတ်သွားပြီထင်တယ်''

''ဒါကလည်း စီရင်စုဆေးရုံအတွက်ပြောစရာတစ်ခုဖြစ်သွားတာပေါ့... သူ့နေရာကို တခြားတစ်ယောက်ယူသွားပြီ''

''အခုသူ့ကလေးကိုကုဖို့ငွေလိုနေပြီး ဆေးရုံကစိတ်ပျက်နေတဲ့အချိန်မှာ... လင်ဇီ မင်းရဲ့စံအိမ်က ဒေါက်တာထန်ကိုအလုပ်ခန့်ဖို့အခွင့်အရေးအများဆုံးပဲ''

ထိုအချိန်တွင် လီခိုင်ကဖြတ်ပြောလိုက်သည်_ ''ညီလေးချင်... ငါ့အမြင် မင်းသူ့ကိုခေါ်သင့်တယ်... သူ့ကလေးကိုလက်မလျှော့တဲ့အမေတစ်ယောက်က ဆရာဝန်ကျင့်ဝတ်နဲ့ညီတဲ့သူဖြစ်ရမယ်... ကိုယ့်ကလေးကိုယ်လက်လျှော့တဲ့သူက လူကောင်းမဟုတ်ဘူး''

ချင်လင်က လီခိုင်ကိုကြည့်လိုက်ပြန်သည်_ ''အစ်ကိုလီ... ခင်ဗျားဒေါသနည်းနည်းကြီးနေတယ်''

လီခိုင်က ကိုးရိုးကားယားနှင့်_ ''ဒီလိုလူယုတ်မာမျိုးကို လူတိုင်းစက်ဆုပ်သင့်တာပဲ''

ချင်လင်က ဒေါက်တာထန်၏အချက်အလက်ကိုကြည့်ပြီး သူနှင့်အရင်တွေ့ကြည့်တာကောင်းမည်ဟုစဉ်းစားမိသည်_

''တရန်... အရင်ဆုံးစီရင်စုဆေးရုံကိုသွားပြီး ဒေါက်တာထန်နဲ့တွေ့ကြည့်ရအောင်''

''အိုကေ!'' ချင်ရန်ကခေါင်းညိမ့်ပြီး ချင်လင်နှင့်အတူသွားရန် မတ်တပ်ရပ်လိုက်သည်။

''ညီလေးချင်... ငါမင်းကိုလိုက်ကြည့်ပေးမယ်''

လီခိုင်ကချက်ချင်းလိုက်လာ၏။

ချင်လင်က ဇဝေဇဝါနှင့်မေးလိုက်သည်_ ''အစ်ကိုလီ... ကျွန်တော်တို့စံအိမ်ကို ဘယ်အချိန်ကစပြီး အရမ်းစိတ်ဝင်စားလာတာလဲ?''

လီခိုင်ကမြန်မြန်ပြန်ဖြေလိုက်၏_ ''ညီလေးချင်... အဲဒါတော့မဟုတ်သေးဘူး... ငါအမြဲတမ်း မင်းကိုပူပန်ပါတယ် ဟုတ်ပြီလား?''

သူတို့သုံးယောက်သား စီရင်စုဆေးရုံကိုမြန်မြန်သွားလိုက်ကြသည်။ ထန်ရှိုးဝမ်၏ဌာနရောက်သောအခါ ထန်ရှိုးဝမ်၏တိုင်ပင်ဆွေးနွေးခန်းကိုတွေ့ရသည်။

ဆွေးနွေးခန်းတံခါးကပွင့်နေပြီး အထဲတွင်ဘယ်သူမှမရှိချေ။





သို့သော် ဒေါက်တာ၏ထိုင်ခုံပေါ်ရှိဆေးမှတ်တမ်းကြောင့် ချင်လင်စိတ်ဝင်စားသွားသည်: ''SMA ရောဂါအချက်အလက်''

ချင်လင်နည်းနည်းနားလည်သွားပြီထင်သည်။ ဒေါက်တာထန်ရဲ့ကလေးမှာ ဘာရောဂါရှိတယ်၊ သူ့ယောက်ျားက ဘာလို့ကုသမှုကိုလက်လျှော့ဖို့ရွေးချယ်လိုက်တယ်ဆိုတာ သူသိပြီ။

SMA ကို စီရင်စုဆေးရုံက ကုသနိုင်သောအခြေအနေမရှိ။ ကျောရိုးကြွက်သားသိမ်ပြီး အာရုံကြောချို့ယွင်းချက်ရှိသော ရှားပါးကလေးရောဂါတစ်မျိုးဖြစ်သည်။

ဒါဒေါက်တာထန်ရဲ့ကလေးမှာရှိတာဖြစ်လောက်တယ် ဟုတ်တယ်မလား?

နောက်ပြီး ဒီရောဂါက ကလေးအတော်များများအတွက်ကျွမ်းတဲ့ရောဂါမျိုး။

ဒီရောဂါရှိတဲ့ကလေးတွေက သေမိန့်ကျသည်နှင့်မခြားတော့။

အကြောင်းမှာ SMA ရောဂါဆေးတစ်လုံးထိုးတိုင်း ယွမ် ၇၀၀၀၀၀ ကျသည်။ တစ်နှစ်သုံးကြိမ်ဆေးထိုးပေးဖို့လိုပြီး တစ်ကြိမ်ထိုးလျှင်အာနိသင်ရှိသောအမျိုးအစားက ယွမ် ၁၃ သန်းကျော်ကုန်ကျသည်။

သာမန်မိသားစုတိုင်းလိုလိုတတ်နိုင်သောအရာမဟုတ်။ ဒေါက်တာထန်ရဲ့ယောက်ျားလက်လျှော့တာကို မအံ့ဩတော့။

ကျိုးကြောင့်သင့်သောရွေးချယ်မှုဆိုသော်လည်း တချို့မှာ သူတို့ကလေးမြင့်မြတ်စွာသေဆုံးမှုကိုလက်ပိုက်ကြည့်ရုံသာတတ်နိုင်သည်။

တစ်ခါက ထိုရောဂါကြောင့် အွန်လိုင်းပေါ်တွင်လူမှုရေးဆွေးနွေးပွဲအပြင်းအထန်ဖြစ်ခဲ့သည်။ အကြောင်းမှာ ထိုရောဂါကိုဩစတေးလျတွင်ကုလျှင် ၂၀၄ ယွမ်သာကုန်ကျကြောင်း တချို့ပြည်သူများကတွေ့ရှိသွားသောကြောင့်ပင်။ နိုင်ငံထဲမှာအပ်တစ်ချောင်းက ဘာကြောင့်ဒီလောက်စျေးကြီးရပါသလဲ?

တကယ်တော့ ဩစတေးလျ SMA ကုသချက်မှာ ကျန်းမာရေးအာမခံထဲတွင်ပါနေသည်ဖြစ်၍ မတတ်နိုင်ပေ။

ဘာလို့တရုတ်ပြည်ရဲ့ကျန်းမာရေးအာမခံထဲမှာ ဒီ SMA ကမပါရတာလဲဟုမေးသော အမျိုးသမီးများလည်းရှိသည်ပေါ့။

အမှန်တော့ ဒါလည်းမတတ်နိုင်၍ပင်။ အကြောင်းမှာ လူတွေကများလွန်းသည်။ နိုင်ငံထဲတွင် ရှားပါးရောဂါအမျိုးစုံနှင့် လူပေါင်းသန်း ၂၀ ကျော်ရှိနေသည်။ ရှားပါးရောဂါအမျိုးစုံအတွက် တစ်ဦးချင်းကုသစရိတ်က တစ်နှစ်ကိုယွမ် ၈၀၀၀၀ ရှိသည်။ ဒီလောက်ရှားပါးရောဂါအများကြီးနှင့်ကျန်းမာရေးအာမခံလွှမ်းခြုံနိုင်ဖို့ဆိုလျှင် နှစ်တိုင်းဆေးအသုံးစရိတ်ယွမ် ၁.၄ ထရီလီယံရှိပြီး နိုင်ငံတော်အခြေခံကျန်းမာရေးအာမခံရံပုံငွေမှာ ယွမ် ၃ ထရီလီယံလောက်သာရှိသည်။

တစ်နည်းဆိုရလျှင် ရှားပါးရောဂါအားလုံးကိုလွှမ်းခြုံနိုင်ရင်တောင် ၂ နှစ်ခံမည်မဟုတ်။ တခြားလူများ၏ကျန်းမာရေးအာမခံ ၁.၃ ဘီလီယံကိုလည်း လျော့ကျစေလိမ့်မည်။

အချုပ်ဆိုရသော် ထိုရှားပါးရောဂါသည်အလွန်နည်းကြောင့်ပင်။

ဆေးဝါးကုမ္ပဏီများအတွက် ရွှေဖြစ်သောရောဂါမျိုးမဟုတ်။ အဖိုးနည်းသောဆေးဝါးကိုလေ့လာရန် ဘယ်သူမှငွေပုံပြီးမသုံးချင်။ မူပိုင်ခွင့်ကာကွယ်ရေးကာလမပြီးခင် ရှားပါးဆေးများအတွက် စျေးနှုန်းချိုချိုသာသာနှင့် ကုန်ကျစရိတ်ကိုပြန်ထေနိုင်ရန် ခက်ခဲသည်ဆိုသလောက်ပင်။ စျေးကောင်းကောင်းနှင့်သာရောင်းရသည်။

နောက်အကြောင်းရင်းတစ်ခုမှာ အာရုံကြောဆဲလ်များကိုလှုပ်ရှားစေခြင်း၊ပြန်လည်ပြင်ဆင်ပေးခြင်းနှင့်အားကောင်းစေသော အခြေခံပစ္စည်းပါသည့်ဆေးပင်များ အလွန်ရှားသောကြောင့်ပင်။

တရုတ်က သူ့ကိုယ်ပိုင်ထုတ်လုပ်ဖို့ဓာတ်ခွဲချင်ရင်တောင် မူပိုင်ခွင့်အကြောင်းပြချက်ကြောင့် တခြားအစားထိုးဆေးပင်ရှာရလိမ့်မည်။

သို့သော် ထိုအစားထိုးဆေးပင်မျိုးကလည်းရှားသည်။ တချို့က ရှန်းရွှေလက်ဆောင်ဆန်လို ကြမ်းတမ်းသောပတ်ဝန်းကျင်များတွင်ဖြစ်သည်။

ဒီအခြေအနေကိုပြောင်းလဲချင်ရင် ဒါကိုဖြေရှင်းနိုင်သူတစ်ယောက်ယောက်ရှာရလိမ့်မည်။

ဒီလိုဆေးပင်မျိုးကိုလွယ်လွယ်စိုက်ပျိုးနိုင်ရင် ပြဿနာမရှိဘူးပေါ့။

ဖြစ်ချင်တော့ လတ်တလောဒီပြဿနာကို နိုင်ငံထဲကဘယ်သူမှမ​ဖြေရှင်းနိုင်။

ချင်လင်တွေးတောနေစဉ် တံခါးဝတွင်ခြေသံကြားလိုက်ရသည်။ သူကလှည့်ကြည့်လိုက်ရာ အဖြူရောင်ကုတ်အင်္ကျီနှင့်အမျိုးသမီးဒေါက်တာတစ်ဦးကိုတွေ့လိုက်ရသည်။ ချောသည်လှသည်မဟုတ်သော်လည်း ထူးဆန်းသောစိတ်သဘောထားနှင့် သိမ်မွေ့ပြီးကျက်သရေရှိပုံပေါက်သည်။

ထန်ရှိုးဝမ်ပဲ။

သူမမျက်နှာပေါ်တွင်မျက်တွင်းကျနေသည်ကို သိသိသာသာမြင်နိုင်သည်။

''စီနီယာအစ်ကိုလီ?'' ထန်ရှိုးဝမ်က ဆွေးနွေးခန်းထဲဝင်လာပြီး လီခိုင်ကိုအံ့ဩပုံနှင့်ကြည့်နေသည်။

“???” ချင်လင်က သတိလက်လွတ် လီခိုင်ကိုကြည့်လိုက်မိသည်။

သူတို့ချင်းသိတာလား?





All Chapters