← Chapters

ရှန်းရွှေလက်ဆောင်ဆန်ဝိုင်! SMA ကုန်ကြမ်းမျိုးစေ့တချို့ရှာဖွေခြင်း!

Vol. 26 Ch. 381

ရှန်းရွှေလက်ဆောင်ဆန်ဝိုင်! SMA ကုန်ကြမ်းမျိုးစေ့တချို့ရှာဖွေခြင်း!

Vol. 26 Ch. 381

ချင်လင်စိုက်ကြည့်နေသောကြောင့် လီခိုင်မှာနည်းနည်းအိုးတိုးအန်းတန်းဖြစ်သွားသော်လည်း ထန်ရှိုးဝမ်ကိုချက်ချင်းပြောလိုက်သေးသည်_ ''ရှိုးဝမ်... မတွေ့တာကြာပြီနော်''

အကြောင်းတချို့ကြောင့် စောစောကလီခိုင်၏အပြုအမူကို ချင်လင်တွေးမိသည်။

တစ်ခုခုဖြစ်နေပြီမှန်း သူသိသည်။

ထန်ရှိုးဝမ်က ထူးဆန်းသောမျက်နှာထားနှင့် ဆွေးနွေးခန်းထဲလျှောက်ဝင်လာပြီး_

''အင်း... မတွေ့တာကြာပြီ... စီနီယာအစ်ကိုလီ... ဘယ်လိုဖြစ်ပြီးဒီရောက်လာတာလဲ? ပြီးတော့ သူတို့နှစ်ယောက်ကရော?''

ချင်လင်က သူ့ကိုယ်သူမိတ်ဆက်မည်အပြု ရုတ်တရက်လီခိုင်ကသူ့ကိုတံခါးအပြင်တွန်းထုတ်လိုက်သည်။ ထို့ကြောင့် ထန်ရှိုးဝမ်ကြောင်သွား၏။

တံခါးနားရောက်သောအခါ လီခိုင်က ချင်လင်ကိုတိုးတိုးကပ်ပြောလိုက်သည်_

''ညီလေးချင်... စံအိမ်ကိုအရင်ပြန်နှင့်ပါလား? ဆေးခန်းအတွက် ရှိုးဝမ်စံအိမ်ကိုလာအောင် ငါကူပြောပေးမယ်''

''...'' ချင်လင်မှာ လီခိုင်ကိုစိုက်ကြည့်နေဆဲ။ သူ့အကြည့်က တစ်ခုခုကိုသေချာပြောနေသည်:

အစ်ကိုလီ... ခင်ဗျားတစ်ခုခုတော့မှားနေပြီ။

လီခိုင်က ချင်လင်၏အကြည့်ကိုမခံနိုင်သဖြင့် မသိချင်ယောင်ဆောင်လိုက်သည်။

သူကဆွေးနွေးခန်းထဲပြန်လျှောက်လာပြီး သူ့နောက်တွင်တံခါးပိတ်ထားခဲ့လိုက်သည်။

အခန်းထဲတွင် လီခိုင်မှာထန်ရှိုးဝမ်ကိုကြည့်ရင်း တစ်ခဏတော့ ဘာပြောရမှန်းမသိ။

တံခါးအပြင်ဘက်တွင် ချင်လင်မှာအံ့ဩနေသည်။

သူ့နံဘေးမှချင်ရန်လည်း ပါးစပ်အဟောင်းသားနှင့်_ ''လင်ဇီ... ငါတို့ကအခုပြန်ရတော့မှာလား?''





''အရင်ဆုံးပြန်ကြတာပေါ့!''

ချင်လင်က ပိတ်ထားသောဆွေးနွေးခန်းတံခါးကို သုံးလေးခါပြန်ကြည့်ပြီး စီရင်စုဆေးရုံထဲမှချင်ရန်နှင့်ပြန်ထွက်လာခဲ့သည်။

ထို့နောက် ချင်ရန်ကသူ့ကုမ္ပဏီပြန်သွား၏။

တစ်ဖက်တွင် ချင်လင်ကစံအိမ်ပြန်လာသည်။ သို့သော် လီခိုင်တစ်ခုခုဖြစ်နေပုံကိုတွေးမိလျှင် သိချင်စိတ်ကပြင်းပြလာသည်။ သူကဖုန်းထုတ်ပြီး လီရှင်းကိုဆက်လိုက်သည်။

ဖုန်းဝင်ဝင်ချင်း လီရှင်း၏အသံထွက်လာသည်_ ''ချင်လင်... ငါအခုပဲ ဝိုင်လုပ်ငန်းကိုရောက်တယ်... ရှန်းရွှေလက်ဆောင်ဆန်ဝိုင်တစ်သုတ်ကစော်ဖောက်ထားပြီးပြီ... ငါရောနေတာ''

ချင်လင်ကချက်ချင်းလမ်းကြောင်းပြောင်းပြီး ဝိုင်လုပ်ငန်းဘက်လှည့်လိုက်သည်။

အရင်တစ်ခါလီရှင်းလာတုန်းက ဒီဝိုင်တစ်သုတ်ထွက်တော့မည်ဟုပြောခဲ့သည်။ ဒီလောက်မြန်မည်ဟုမထင်မိ။

အရင်ဝိုင်လုပ်ငန်းကိုလာခဲ့စဉ်ကနှင့်မတူ၊ ဝိုင်လုပ်ငန်းပတ်လည်တွင် အလွန်မြင့်သောနံရံဆောက်ထားသည်။ ဝင်ပေါက်တွင်ချိတ်ဆွဲထားသော အရည်အသွေး ၁ သစ်မွှေးနှင့်လုပ်ထားသည့်ဆိုင်းဘုတ်နှင့် ဘေးတွင်တာဝန်စောင့်လုံခြုံရေးဂတ်တစ်ခုရှိသည်။

ဝင်ပေါက်ရှိကားပါကင်တွင် ကားထိုးပြီးနောက် ချင်လင်ကကားထဲမှထွက်လိုက်သည်။ တာဝန်ကျလုံခြုံရေးအစောင့်ကထွက်လာပြီး ရိုရိုသေသေနှုတ်ဆက်လာသည်_ ''သူဌေး''

''အလုပ်ကြိုးစားတာပဲ''

ချင်လင်ကခေါင်းညိမ့်ပြလိုက်သည်။

''မဟုတ်ပါဘူး... ဒါကျွန်တော့်တာဝန်ပါ''

လုံခြုံရေးအစောင့်က အပြုံးနှင့်ချက်ချင်းပြန်ဖြေသည်။

ဆိုရိုးစကားရှိသည်_ ''စကားကောင်းတစ်ခွန်းက ဆောင်းရာသီမှာနွေးထွေးစေနိုင်တယ်''တဲ့။ သူဌေးဆီမှရင်းရင်းနှီးနှီးနှုတ်ဆက်စကားကြောင့် လုံခြုံရေးအစောင့်အလွန်ဝမ်းသာသွားသည်။

ချင်လင် ဝိုင်လုပ်ငန်းထဲဝင်လာသောအခါ ဆရာမာ၊လီရှင်းနှင့်တခြားလူများ အလုပ်ရှုပ်နေသည်ကိုတွေ့လိုက်ရသည်။

ဝိုင်လုပ်ငန်းထဲတွင် မူလဝိုင်စည်နှင့်ယှဉ်လျှင် ပြင်းသောဝိုင်နံ့လည်းရနေသည်။

ဝိုင်လုပ်ငန်းကလုပ်တဲ့ဝိုင်က အရင်ထက်အများကြီးပိုကောင်းလာတဲ့သဘောရှိသည်။ သို့သော် လက်ရှိဝိုင်လုပ်ငန်းမှာ ဝိုင်ရောင်းမည့်ရည်ရွယ်ချက်မရှိသေး။ ပထမအသုတ်လုပ်ထားတာကြာပြီဖြစ်သော်လည်း ဝိုင်သိုလှောင်ခန်းထဲတွင်ဆက်လှောင်ထားဆဲပင်။

ဝိုင်လုပ်ငန်းများက ဝိုင်သစ်ရောင်းသည်ဆိုသော်လည်း ပဏာမအထိအတွေ့ရရန် ဝိုင်သိုလှောင်ခန်းထဲတွင် နှစ်ဝက်ကျော်ထားရသည်။

''သူဌေးရောက်လာတယ်''

ဆရာမာက ချင်လင်ကိုမြင်သွားသည်။

“သူဌေး!”

“သူဌေး''

တခြားဆရာကြီးများကလည်း နှုတ်ဆက်လာသည်။ သူတို့ဘေးမှလူငယ်ကိုတိုက်တွန်းဖို့လည်းမမေ့_ ''သူဌေးရောက်လာတယ်... ဘာလုပ်နေတာလဲ? နှုတ်ဆက်လိုက်လေ''

ထိုလူငယ်များအားလုံးမှာ နှစ်သစ်နောက်ပိုင်းမှအလုပ်ခန့်ထားသော အလုပ်သင်များဖြစ်သည်။





ချင်လင်ပြောဖူးသလို လစာအဆင်ပြေလျှင် အလုပ်သင်ခေါ်မရတာမျိုးမရှိ။

ထိုလူငယ်များက ချင်လင်ကိုမသိပေ။ သူတို့သူဌေးကဒီလောက်ငယ်မှန်းမသိ၍ ကြောင်နေတာလည်းအဆန်းမဟုတ်။

''လာ'' လီရှင်းက ချင်လင်ကိုဝိုင်တစ်ဇွန်းလှမ်းပေးလိုက်ပြီး_ ''အခုပဲစပ်ထားတာ... မြည်းကြည့်''

ချင်လင်က ဝိုင်ဇွန်းကိုယူပြီး တစ်ငုံသောက်လိုက်သည်။

သူကအသောက်သမားမဟုတ်သော်လည်း ဝိုင်ကသူ့မျက်လုံးများကိုဝင်းလက်သွားစေ၏။

ဒီဝိုင်အရသာရှိတယ်။

အတွေ့အထိကကောင်းသည်။ ဝိုင်သစ်၏ရှတတမျိုးမရှိ။ သိုလှောင်ခန်းဟောင်း၏ဝိုင်နံ့အပြင် အထူးအမွှေးနံ့တစ်မျိုးရှိသည်။

ဝိုင်နံ့နှင့်အမွှေးနံ့ကအထက်တန်းကျသည်။

''ဘယ်လိုလဲ? ရှန်းရွှေလက်ဆောင်ဆန်နဲ့စိမ်ထားတဲ့ဝိုင်က အရမ်းကောင်းတယ်မလား?''

လီရှင်းကဂုဏ်ယူပုံနှင့် ပြုံးပြီးမေးလိုက်သည်။

ဒီဝိုင်ကို သူကိုယ်တိုင်စိမ်ခဲ့သည်လေ။

ချင်လင်ကခေါင်းညိမ့်လိုက်သည်။

ဒီဝိုင်ကဘာလို့ တခြားကော့တေးပါတီအသစ်များနှင့်မတူရသလဲ သူအကြမ်းဖျင်းခန့်မှန်းကြည့်နိုင်သည်။

အကြောင်းမှာ အရည်အသွေး ၁ ရှန်းရွှေလက်ဆောင်ဆန်နှင့်စိမ်ထားသောကြောင့် အရည်အသွေး ၁ ရှန်းရွှေလက်ဆောင်ဆန်၏အရည်အသွေးများပြည့်ပြည့်ဝဝဆက်ခံထားရမည်။ 'ဝိုင်က အစေ့အဆံအဆီအနှစ်'ဆိုသောစကားမှာ တချို့သောသဘောတရားတွင် ယုတ္တိမရှိ။

နောက်ပြီး အရည်အသွေး ၁ ရှန်းရွှေလက်ဆောင်ဆန်၏အရည်အသွေးများဆက်ခံသည့်အပြင် နှစ် ၆၀ သက်တမ်းရှိဝိုင်သိုလှောင်ခန်းမှထုတ်သောဝိုင်နံ့ကလည်း ဤဝိုင်ကိုအရောင်တင်ပေးထားသည်။

ဒီလိုဖြစ်မလားဆိုတာကတော့ ဂိမ်းထဲဝိုင်တချို့ယူသွားပြီး သူ့အရည်အသွေးကိုကြည့်ရဦးမည်။

ထိုအတွေးနှင့် ချင်လင်က ဆရာမာကိုညွှန်ကြားလိုက်သည်_

''ဆရာမာ... ဒီစပ်ထားတဲ့ရှန်းရွှေလက်ဆောင်ဆန်ဝိုင်နဲ့ အရင်ကမူလဝိုင်တစ်သုတ်ထည့်ပေးပါဦး... ကျွန်တော်ပြန်ရင်ယူသွားမယ်''

''ကောင်းပါပြီ'' ဆရာမာကပြန်ဖြေပြီး သူ့လူများကိုဦးဆောင်လှုပ်ရှားလိုက်သည်။

ချင်လင်က ဝိုင်ထပ်ရောနေသောလီရှင်းကိုကြည့်ရင်း သိချင်စိတ်နှင့်မေးလိုက်၏_

''လောင်လီ... ခင်ဗျားရဲ့ဦးလေးမှာ ကောင်မ​လေးမရှိဘူးဆိုတာ ကျွန်တော်မှတ်မိတယ် ဟုတ်တယ်မလား?''

လီရှင်းက ချင်လင်ကိုဇဝေဇဝါနှင့်ကြည့်ပြီး_ ''ချင်လင်... ဘာလို့ငါ့ဦးလေးရဲ့အတွဲပြဿနာကိုစိတ်ဝင်စားနေတာလဲ? သူ့ကိုမိတ်ဆက်ပေးမလို့လား?''

ချင်လင်က သူစပ်စုတာလို့တော့ မပြော_

''ဒီအတိုင်းမေးကြည့်တာပါ... ဘာပဲဖြစ်ဖြစ် ခင်ဗျားမှာ ဒုတိယကလေးရှိနေပြီ... ဦးလေးအနေနဲ့ သူရှုံးတာပေါ့''

ဒေါက်တာထန်နှင့်ပတ်သက်ပြီး လီခိုင်၏သဘောထားကမူမမှန်ကြောင်း သူပိုပြီးသဘောပေါက်သည်။

သူတို့အချင်းချင်းခေါ်ပုံအရ တက္ကသိုလ်တစ်ခုတည်းမှ စီနီယာနှင့်ဂျူနီယာတွေဖြစ်ရမည်။

အဓိကအချက်က ပုံမှန်အခြေအနေဆို တက္ကသိုလ်ကစီနီယာအစ်ကိုနှင့်ညီမတွေဆိုရင်တောင် တစ်ယောက်နှင့်တစ်ယောက်မတွေ့တာကြာရင် သူတို့ခံစားချက်တွေလျော့ပါးသွားလောက်ပြီလေ။





All Chapters