← Chapters

ရှန်းရွှေလက်ဆောင်ဆန်ဝိုင်! SMA ကုန်ကြမ်းမျိုးစေ့တချို့ရှာဖွေခြင်း! ၂

Vol. 26 Ch. 382

ရှန်းရွှေလက်ဆောင်ဆန်ဝိုင်! SMA ကုန်ကြမ်းမျိုးစေ့တချို့ရှာဖွေခြင်း! ၂

Vol. 26 Ch. 382

အစ်ကိုလီရဲ့သဘောထားက နည်းနည်းထူးဆန်းနေသည်။ သူတစ်ဖက်လူကိုသက်သက်တွေ့မလို့ရှိသေး၊ တံခါးပိတ်ပြီးပြီးချင်း သူ့ကိုပြန်ခိုင်းသည်။

ဒါပေမဲ့ ဒါမဖြစ်သင့်။

ဒေါက်တာထန်မှာ ကလေးရှိပြီး ကွာရှင်းခါစ။

အစ်ကိုလီက ဒီအတွက်ကောင်းပါ့မလား?

သို့သော် သေချာတွေးကြည့်သောအခါ ဒေါက်တာထန်ကမလှသော်လည်း ထူးခြားသောစိတ်နေသဘောထားရှိသည်။ ထိုနူးညံ့ပြီး ကျက်သရေရှိသောခံစားချက်က ယောက်ျားအတော်များများသဘောကျသောပုံစံဖြစ်မည်။

အဓိကအချက်မှာ အမျိုးသမီး၏ဂုဏ်က ဇနီးသည်အနေနှင့်ဆိုလျှင် ဝန်ကြီးချုပ်ဖြစ်ချင်စိတ်ပေါက်စေသည်။

လီရှင်းက သက်ပြင်းချပြီး_ ''ကျွန်တော့်ဦးလေးဘာဖြစ်နေလဲတော့မသိဘူး... ဘာပဲဖြစ်ဖြစ် သူကအရွယ်လည်းရနေပြီ... သူ့မိသားစုက ဘလိုင်းဒိတ်တွေအများကြီးစီစဉ်ပေးတယ်... ဘလိုင်းဒိတ်တွေအားလုံးက သာမန်မျက်စိနဲ့ကြည့်ရင် အတော်အသင့် ချမ်းသာပြီး လှတဲ့သူတွေချည်းပဲ... သူတို့ကိုလုံးဝစိတ်မဝင်စားတာ... အမျိုးသမီးတွေကိုရက်ပိုင်းလောက်တွေ့ပြီးရင် ပျင်းစရာကောင်းတယ်ဆိုပြီး အဆက်အသွယ်ဖြတ်လိုက်တာပဲ''

''သူယောက်ျားတွေကိုများစိတ်ဝင်စားတာလားလို့ ငါတွေးခဲ့ဖူးတယ်... ကြည့်လေ... သူကမင်းဆီမှာကပ်နေတယ်... မင်းရဲ့အစားအသောက်တွေကအရသာရှိပြီး ဝိုင်ကကောင်းလို့လို့ထင်ရတယ်... ငါ့ဦးလေးက မင်းကိုစိတ်ဝင်စားနေတာလည်းဖြစ်နိုင်တယ်... ချင်လင် မင်းသတိထား''

ချင်လင်က လီရှင်းနောက်နေမှန်းသိသည်။ သူကခေါင်းခါလိုက်ပြီး_

''လျှောက်ပြောနေ... ခင်ဗျားဦးလေးပြန်ကြားသွားမှာမကြောက်ဘူးလား?''





''သူ့ကိုကြောက်မယ်များထင်နေလား? သူသာအရည်အချင်းရှိတယ်ဆိုရင် ကောင်မလေးရှာနိုင်မှာပေါ့''

လီရှင်းကဂရုမစိုက်ပုံနှင့်ပြောပြီး စိမ်ထားသောရှန်းရွှေလက်ဆောင်ဆန်ဝိုင်တစ်ဇွန်းယူသောက်လိုက်၏။

ချင်လင်က ဒေါက်တာထန်ကိုတွေးမိပြီး အမှတ်တမဲ့မေးလိုက်သည်_

''လောင်လီ... အရင်ကသူ့အတွက်ဘလိုင်းဒိတ်စီစဉ်ပေးတော့ သူဘယ်လိုလူမျိုးကြိုက်တယ်ဆိုတာမသိဘူးမလား? ဘာလို့စိတ်ကူးမပြောင်းကြည့်တာလဲ? ဥပမာ ကလေးရှိတဲ့တစ်ယောက်ယောက်တို့ ကွာရှင်းထားတာမျိုးတို့ကို ကြိုက်ရင်ကြိုက်မှာပေါ့?''

''ဖူး!'' လီရှင်းမှာထိုစကားကြားလျှင် ဝိုင်သီးသွားသည်။ ထို့နောက် သူ့နှာခေါင်းမှဝိုင်ပန်းထွက်လာ၏။

''အဟွတ်... အဟွတ်!'' လီရှင်းမှာ မျက်ရည်ထွက်မတတ်ချောင်းဆိုးသွားသည်။ ခဏအကြာ သူကအားလုံးသုတ်လိုက်ပြီး_

''ချင်လင်... မင်းဦးနှောက်ဘာဖြစ်နေတာလဲ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?''

“ဟ!” ချင်လင်အသံတိတ်သွားသည်။

ဒါပေမဲ့ ဘယ်သူသိမလဲ?

ဘာပဲဖြစ်ဖြစ် တစ်ခုခုတော့မှားနေပြီ။

ဆရာမာက ချင်လင်လိုချင်သောဝိုင်နှစ်ပုလင်းကိုအဖုံးပိတ်ပြီး ကားပေါ်တင်လိုက်သည်။

''ခင်ဗျားပြန်မှာလား ဒါမှမဟုတ် ဝိုင်လုပ်ငန်းထဲနေဦးမှာလား?''

ချင်လင်က လီရှင်းကိုမေးလိုက်သည်။

''ဒီဝိုင်တစ်သုတ်ကိုသိုလှောင်ခန်းထဲထည့်ပြီးရင်ပြန်မယ်'' လီရှင်းပြန်ဖြေလိုက်သည်။

ချင်လင်ကခေါင်းညိမ့်ပြီး ကားထဲဝင်လိုက်၏။ သူမောင်းထွက်မည်အပြု ဝိုင်တစ်ငုံသောက်ထားတာသတိရပြီး မမောင်းနိုင်။

သူကချက်ချင်း ကားမောင်းတတ်သောလုံခြုံရေးအစောင့်တစ်ယောက်ရှာ၍ စံအိမ်ကိုပြန်မောင်းပို့ခိုင်းသည်။

စံအိမ်ရောက်သောအခါ ဝိုင်နှစ်ပုလင်းကိုသူ့ရုံးခန်းထဲပြန်သယ်လာသည်။

ဝိုင်ကိုချပြီးလျှင် ရုံးခန်းလော့ချလိုက်သည်။ သူကဝိုင်နှစ်ပုလင်းနှင့်ဂိမ်းထဲဝင်ပြီး နှစ်မျိုးလုံး၏မှတ်ချက်ကိုကြည့်လိုက်သည်:

(ချင်းလင်ဝိုင်: အရည်အသွေး ၁)

(ချင်းလင်ဝိုင်လုပ်ငန်းမှစိမ်ထားသောဝိုင်ဖြစ်သည်။ နှစ် ၆၀ သက်တမ်းရှိဝိုင်သိုလှောင်ခန်းနှင့်စိမ်ထားသောဝိုင်ဖြူဖြစ်သောကြောင့် ဝိုင်နံ့ +၁ ရှိသည်။ သိုလှောင်ခန်းထဲပိုကြာကြာလှောင်ထားလျှင် အရသာနှင့်ဝိုင်နံ့တိုးလာလိမ့်မည်။)

ဒါဆရာမာတို့ရဲ့သာမန်ပါဝင်ပစ္စည်းတွေနဲ့လုပ်ထားတဲ့ဝိုင်အသစ်။ သာမန်ဝိုင်သိုလှောင်ခန်းတွေကလုပ်တဲ့ဝိုင်နဲ့ယှဉ်ရင် နှစ် ၆၀ သက်တမ်းရှိဝိုင်သိုလှောင်ခန်းရဲ့ဝိုင်အသစ်မှာ သဘာဝဝိုင်နံ့ +၁ ရှိသည်။

အကြောင်းမှာ သိုလှောင်ခန်းထဲထားလျှင် ဝိုင်ကအတွေ့အထိနှင့်အနံ့တိုးတက်လာသောကြောင့်ပင်။ အရင်အတွေ့အကြုံအရ ၁၅ နှစ်ကြာပြီးလျှင် အတွေ့အထိ +၁ နှင့် ဝိုင်နံ့ +၂ ဖြစ်လာမည်။





ဂိမ်းအချိန်အချိုးအတိုင်းဆိုလျှင် တစ်လသာ။

နောက်ပြီး လီရှင်းစကားအရ ဒီချင်းလင်ဝိုင်သစ် +၁ မှာ မောက်ထိုက်ဝိုင်သစ်ထက်လုံးဝမညံ့။

(ချင်းလင်ဝိုင်: အရည်အသွေး ၁)

(ရှန်းရွှေလက်ဆောင်ဆန်နှင့်လုပ်ထားသောဝိုင်ဖြစ်သည်။ နှစ် ၃၀ အထူးဝိုင်နံ့ရှိရုံသာမက ရှန်းရွှေလက်ဆောင်ဆန်၏အရည်အသွေးများကိုပါ အပြည့်အဝဆက်ခံထားသည်။ အာနိသင်များစွာရှိသည်:

ဝိုင်နံ့ +၁၊ ချိုမြိန်မှု +၁၊ အရသာ +၁၊ နှစ်သက်စရာ +၁၊ အိုမင်းခြင်းကိုဆန့်ကျင်သောဗိုက်တာမင် VPP +၁)

ထိုမှတ်ချက်က ချင်လင်၏ခန့်မှန်းချက်ကိုလည်းအတည်ပြုပေးလိုက်သည်။

နောက်ပြီး ဒီအရည်အသွေးက ချန်းကျိုနှင့်မောက်ထိုက်လိုဝိုင်ဟောင်းများနှင့်တောင်ယှဉ်ဖို့ ခက်ချင်ခက်နိုင်သည်။ ဒီတော့ အတွေ့အထိ +၂ နှင့် ဝိုင်နံ့ +၂ အရည်အသွေးတွေရှိမယ်ဆိုရင်ရော?

သူ့မှာ ချိုမြိန်မှု +၁၊ ၊ နှစ်သက်စရာ +၁၊ အိုမင်းခြင်းကိုဆန့်ကျင်သောဗိုက်တာမင် VPP +၁ လည်းရှိသည်။

ဘယ်ဟာကပိုပြင်းလဲ မသေချာ။

နောက်ပြီး ဂိမ်းထဲတစ်လထားလိုက်ရင် အပြင်ကဝိုင်သိုလှောင်ခန်းမှာ ၁၅ နှစ်ထားတာနှင့်ညီလိမ့်မည်။ အတွေ့အထိနှင့်ဝိုင်နံ့က တစ်ကနေနှစ်တက်သွားလိမ့်မည်။

အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်ကိုစိမ်လျှင် စိမ်ထားသောဝိုင်သစ်မှာ ဝိုင်နံ့ +၁၊ ချိုမြိန်မှု +၂၊ အရသာ +၂၊ နှစ်သက်စရာ +၂၊ အိုမင်းခြင်းကိုဆန့်ကျင်သောဗိုက်တာမင် VPP +၂ ရှိလာလိမ့်မည်။

ဂိမ်းထဲတစ်လထားလိုက်လျှင် အချိန်အချိုးအစားအတိုင်း ၁၅ နှစ်ဖြစ်သွားလိမ့်မည်။ အတွေ့အထိတိုးတက်လာပြီး အတွေ့အထိ +၃ အထိတက်သွားလိမ့်မည်။

ရှန်းရွှေလက်ဆောင်ဆန်ပျိုးထောင်သောအခါ တစ်သုတ်ချင်းဝိုင်လုပ်နိုင်မည်။

ချန်းကျိုနဲ့မောက်ထိုက်လိုနာမည်ကြီးဝိုင်ဟောင်းတွေနဲ့ယှဉ်နိုင်မယ်ဆိုရင်ရော?

နံပါတ်တစ်ဝိုင်ဖြူနေရာကိုယှဉ်ဖို့လည်းဖြစ်နိုင်သည်။ အချိန်ကျရင် နာမည်ကြီးဝိုင်အကြောင်းပြောသူတိုင်းက ချင်းလင်ဝိုင်ကိုသေချာပေါက်မေးကြလိမ့်မည်။ မောက်ထိုက် ဒါမှမဟုတ် ချန်းကျိုမဟုတ်။

ဖြစ်ချင်တော့ ပထမဝိုင်ဖြူအတွက်အပြိုင်အဆိုင်မရှိ။

ထိုအတွေးနှင့် ချင်လင်က သိုလှောင်ခန်းထောင့်တွင်ဝိုင်နှစ်ပုလင်းကိုထားလိုက်သည်။

ဒါသူဝိုင်ထားတဲ့နေရာ။

ဤနေရာတွင် သစ်မွှေးသုံးစု၊ ပျဉ်းမစိမ်ထားသောဆေးဖက်ဝင်ဝိုင်၊ အရည်အသွေး ၃ သဘာဝဂျင်ဆင်း၏သက်လုံအားဖြည့်ဝိုင်နှင့် လိပ်ခေါင်းအတွက်ဆေးဖက်ဝင်ဝိုင်တချို့တလေရှိသည်။

ထို့အပြင် မစိမ်ရသေးသောမူလဝိုင်ဖြူ ၄ ပုလင်းရှိသေးသည်။ နှစ်သစ်မတိုင်ခင်က ဆေးဖက်ဝင်ဝိုင်နှင့်စာလျှင် မူလဝိုင်ဖြူလည်းသက်တမ်းတိုးနိုင်သည်ဟုရုတ်တရက်အတွေးပေါက်ခဲ့သည်။ ထို့ကြောင့် ဝိုင်လုပ်ငန်းမှ နှစ် ၂၀ နှင့် နှစ် ၃၀ သက်တမ်းနှစ်ပုလင်းယူခဲ့သည်။

ဂိမ်းထဲမှအချိန်အချိုးအစားအရ ၃၅ နှစ်နှင့် ၄၅ နှစ်ရှိနေပြီ။

ဒါသူ့ရဲ့ကိုယ်ပိုင်စုဆောင်းမှုလို့ပြောလိုက်ရင် ဝိုင်လုပ်ငန်းမှဝိုင်သိုလှောင်ခန်းထဲရှိဝိုင်သက်တမ်းနှင့်ဘာမှမဆိုင်တော့။

ဝိုင်သိမ်းပြီးလျှင် ချင်လင်ကဂိမ်းထဲမှထွက်ခဲ့သည်။ နောက်သူဘာမှဆက်လုပ်စရာမရှိသောကြောင့် သူ့စိတ်ထဲမှဂိမ်းကိုပြန်ကြည့်ပြီး ဂိမ်းဇာတ်ကောင်ကိုသတ္တုမြို့တော်တလျှောက်လျှောက်သွားစေ၍ ဇာတ်ကွက်ရှိမရှိကြည့်စေလိုက်သည်။





All Chapters