ရှန်းရွှေလက်ဆောင်ဆန်ဝိုင်! SMA ကုန်ကြမ်းမျိုးစေ့တချို့ရှာဖွေခြင်း! ၃
Vol. 26 Ch. 383
သူကလီခိုင်ပြန်အလာကိုစောင့်ရင်း ဂိမ်းဆော့နေသည်။
သူအတင်းအဖျင်းမတွေးဘဲမနေနိုင်။
သို့သော် အချိန်အကြာကြီးစောင့်ပြီးနောက် ညပိုင်းအလုပ်ပြီး၍ကျောက်မိုချင်းသူ့ကိုလာရှာသော်လည်း လီခိုင်ကစံအိမ်ပြန်မလာ။
''အစ်ကိုလီပြန်လာပြီလားလို့ သတို့သမီးခန်းထဲသွားကြည့်ရအောင်!''
ချင်လင်က ကျောက်မိုချင်းကိုပြောပြီး သတို့သမီးခန်းဘက်လျှောက်သွားလိုက်သည်။
ကျောက်မိုချင်းကမြန်မြန်လိုက်လာပြီး သိချင်စိတ်နှင့်မေးလိုက်သည်_
''လူကြီးမင်းလီခိုင် ဘာဖြစ်လို့လဲ?''
''အိမ်ပြန်ရောက်မှအသေးစိတ်ပြောပြမယ်''
ချင်လင်က ကျောက်မိုချင်းကိုသတို့သမီးခန်းရှိသော သတို့သမီးအခန်းငှားသည့်နေရာခေါ်သွားသည်။
လီရှင်းနှင့်လီခိုင်က ပထမနှင့်ဒုတိယသတို့သမီးခန်းများတွင်နေသည်။
ချင်လင်ရောက်ရောက်ချင်း လီရှင်းက အခန်း ၁ မှထွက်လာသည်ကိုတွေ့ရသည်။ သူ့ကိုမြင်သောအခါ_
''ချင်လင်... ငါ့ဦးလေးကိုတွေ့သေးလား? အခုထိပြန်မလာသေးဘူး''
''ပြန်မလာသေးဘူးလား?''
ချင်လင်မျက်လုံးများတွင် အတင်းသိချင်စိတ်ကအရှိန်တက်သွားသည်။
တစ်ညလုံးအပြင်မှာနေမလို့လား?


ဒီလောက်မမြန်လောက်ဘူးမလား?
အရင်က သူနှင့်ကျောက်မိုချင်းအတည်တွဲတော့ အရင်ဆုံးလက်ချင်းသာကိုင်ပြီး သုံးရက်နောက်ပိုင်းမှသာ တစ်ယောက်ကိုတစ်ယောက်ထိကြသည်။ တကယ့်တိုးတက်မှုက တစ်လအကြာဗယ်လင်တိုင်းဒေးညမှဖြစ်သည်။
''ဒီလူဘယ်သွားလဲ သိချင်လိုက်တာ''
လီရှင်းက သူ့ဦးလေးအကြောင်းလျှောက်ပြောနေသော်လည်း လုံးဝစိတ်ပူနေသည်။
ချင်လင်ကသတိပေးလိုက်၏_
''မိန်းမအရှာထွက်တာများလား?''
''ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? မိန်းမဘယ်လိုရှာရလဲ သူသိလို့လား?''
လီရှင်းကမယုံ။ သူကဖုန်းထုတ်ပြီး လီခိုင်ကိုဆက်သော်လည်းဖုန်းမကိုင်။
သူဆက်ခေါ်သည်။
ဖုန်းမဖြေသေး။
သူဆက်ခေါ်သည်။
တစ်ကြိမ်တွင် ဖုန်းဝင်သွားသည်။ လီရှင်းကချက်ချင်းဖုန်းကိုသူ့နားနားကပ်လိုက်သည်။ လီခိုင်၏အမောတကောနှင့်စိတ်မရှည်သံထွက်လာ၏_
''အခုမင်းနဲ့လျှောက်ပြောဖို့အချိန်မရှိဘူး... ဖုန်းချပြီ''
''...'' လီရှင်းတော်တော်ဒေါသထွက်သွားသည်_ ''ဘာလဲဟ?''
သို့သော်လည်း သူ့ဦးလေးအဆင်ပြေနေမှန်းသိ၍ အတော်စိတ်သက်သာရာရသွား၏။ သူကချင်လင်နှင့်ခဏစကားပြောပြီး သူ့အခန်းပြန်လာခဲ့သည်။
ချင်လင်လည်း ကျောက်မိုချင်းနှင့်ထွက်လာခဲ့သည်။ သူ့အမေက ကားပါကင်တွင်ဝမ်ချိုင်နှင့်စောင့်နေ၏။
သူတို့အိမ်ပြန်ရောက်သောအခါ ချင်လင်ကကျောက်မိုချင်းအား ဒီနေ့ဒေါက်တာထန်ဆီသွားသည့်အကြောင်းပြောပြလိုက်သည်။
ထိုအကြောင်းကြားလျှင် ကျောက်မိုချင်းအံ့ဩသွားပြီး_
''မဖြစ်နိုင်ဘူး ဟုတ်တယ်မလား? အရင်ကတစ်ခုခုရှိခဲ့တယ်ဆိုရင်တောင် ဒါကျွန်မတို့ဆိုရင်ပထမဆုံးတွေ့တဲ့နေ့ပဲမလား? ပြီးတော့ လူကြီးမင်းလီခိုင်က ရည်ရည်မွန်မွန်နဲ့တူပါတယ်''
''ဒါဆိုရင် ကိုယ်ရော ရည်ရည်မွန်မွန်လို့ထင်လား?''
ချင်လင်က ရုတ်တရက်စလိုက်သည်။ သူကဗီရိုဆီသွားပြီး ခရမ်းရောင်ဆက်ဆီညအိပ်ဝတ်စုံနှင့်စတော့ကင်ကိုထုတ်လိုက်၏။
အရင်တစ်ခုသူဝယ်ထားသော အစုံ ၂၀ ထဲမှတစ်စုံဖြစ်သည်။ တဆက်တည်း သူ့ဘေးနားရှိစားပွဲအောက်မှချင်းလင်လက်ဖက်ရည်နှစ်ပုလင်းပါယူလိုက်သည်။
ကျောက်မိုချင်းက ထိုမြင်ကွင်းကြောင့် အသာနှာခေါင်းရှုံ့လိုက်၏။
အကွက်ရွှေ့တာ များများလာတယ်။
…


ညပိုင်းကုန်လွန်သွားသည်။
နောက်တစ်နေ့ ချင်လင်ကဂိုဒေါင်သွား၍ ဂိမ်းထဲကပစ္စည်းများစံအိမ်ရွှေ့ပြီးနောက် လီရှင်းဆီမှဖုန်းဝင်လာသည်။
သူကချက်ချင်း သတို့သမီးခန်း ၁ နှင့် ၂ ကိုသွားလိုက်သည်။
လီရှင်းကိုမြင်မြင်ချင်း သူကမေးလိုက်သည်_
''မနေ့ညက တကယ်အိမ်ပြန်မလာဘူးလား?''
လီရှင်းက တန်းဖြေလိုက်၏_
''ပြန်မလာဘူး... ဒီမနက်အဆက်အသွယ်မရဘူး... ဆက်ကြည့်တော့ သူ့ဖုန်းပိတ်ထားတယ်တဲ့... သူတကယ်မိန်းမသွားရှာတယ်ထင်လား? စီရင်စုထဲသွားပြီး သူ့ကိုရှာရင်ရော? ငါ့ဦးလေးက မိန်းမနဲ့ပတ်သက်ပြီးအတွေ့အကြုံမရှိဘူး... တချို့မိန်းမတွေရဲ့မာယာမိမှာစိုးတယ်''
''အင်း...'' ချင်လင်က လီရှင်းကို ဒေါက်တာထန်အကြောင်းပြောရကောင်းနိုးနိုးဖြစ်နေစဉ် လီခိုင်မှာ သတို့သမီးခန်းဆီ ဒယိမ်းဒယိုင်နှင့်လျှောက်လာသည်ကိုတွေ့လိုက်ရသည်။
ဒီလူရဲ့ခြေထောက်တွေက လမ်းလျှောက်တိုင်းနည်းနည်းယိုင်နေ၏။ သူ့ခါးတွင်လက်တစ်ဖက်တင်၍ မနေ့ညကအားကုန်သုံးခဲ့သည့်အလား ပုံပျက်နေသည်။
ချင်လင်ကထိုမြင်ကွင်းကြောင့် အမှတ်တမဲ့ပြောလိုက်၏_
''မဖြစ်နိုင်တာ? ခင်ဗျားကတော့ တကယ်ဝန်ကြီးချုပ်ပဲ... ဒါပေမဲ့ ဒီလောက်အသည်းအသန်ကစားရလား?''
''ဘယ်လို?'' လီရှင်းက ချင်လင်ကိုဇဝေဇဝါကြည့်လိုက်သည်။
ချင်လင်ပြန်မပြောနိုင်ခင် လီခိုင်ကချင်လင်ကိုမြင်သွားသည်။ သူကအနားကိုခပ်သုတ်သုတ်ရောက်လာပြီး ဂုဏ်ယူသံနှင့်_
''ညီလေးချင်... ငါမနေ့ညက ရှိုးဝမ်ကိုနားချပြီးပြီ... စံအိမ်ရဲ့ဆေးခန်းကိုလာဖို့ သူသဘောတူတယ်... ဒီနေ့ဆေးရုံပြန်သွားပြီး နှုတ်ထွက်ဖို့အစီအစဉ်တွေလုပ်နေတယ်... ဒီအကြောင်းထပ်မပြောနဲ့တော့... ငါမနေ့ညက ကောင်းကောင်းမအိပ်ခဲ့ရဘူး... အရမ်းပင်ပန်းနေပြီ''
ချင်လင်မှာ လီခိုင်ခြေကုန်လက်ပမ်းကျနေပုံကိုမြင်လျှင် မစဘဲမနေနိုင်_
''အစ်ကိုလီ... ကျွန်တော် ဒေါက်တာထန်ကိုခေါ်ချင်တယ်ဆိုပေမဲ့ ခင်ဗျားကိုတော့ အနစ်နာမခံစေချင်ပါဘူး''
ချင်လင်၏စကားကိုကြားလျှင် လီရှင်းအံ့ဩသွားပြီး_
''ဦးလေး... မနေ့ညက တကယ်မိန်းမသွားရှာတာလား? ကျွန်တော်သိတယ်... ခင်ဗျားပြန်လာတော့ ဘာလို့ခင်ဗျားခြေထောက်တွေ အရမ်းအားနည်းနေပါလိမ့်လို့? ခါးကိုတောင်ကိုင်ထားသေးတယ်''
''ဘာ?!'' လီခိုင်ကသူတို့စကားများကြောင့် စိတ်ပျက်လက်ပျက်ကြည့်လိုက်ပြီး_
''ညီလေးချင်... ဒီကောင်လီရှင်းလိုမျိုး မင်းငါ့စာရိတ္တကိုသံသယမဖြစ်ရဘူးလေ... ရှိုးဝမ်ကအိမ်ရောင်းလိုက်တယ်... ငါသူ့ကိုတစ်ညလုံးပရိဘောဂတွေရွှေ့ကူပေးတယ်... နောက်ပြီး ငါဒီလောက်မညစ်ပတ်ပါဘူး... ဆိုဖာပေါ်မှာ ကောင်းကောင်းအိပ်ခဲ့တာ''
“???” ချင်လင်။
“???” လီရှင်း။
သူ့ကြည့်ရတာ ညပိုင်းမိန်းမကိစ္စလုပ်ခဲ့သလိုလိုနဲ့ နောက်ဆုံးကျ ဘာမှမဟုတ်ဘူးတဲ့လား?
လီရှင်းက ဟန်ကြီးပန်ကြီးနှင့်_
''ဦးလေး... သူခင်ဗျားကိုနေခွင့်ပေးတယ်လေ... ဒီအခွင့်အရေးက ခင်ဗျားရှေ့မှာ... ဒါပေမဲ့ ခင်ဗျားဘာမှမလုပ်ခဲ့ဘူးတဲ့... အသုံးမကျဘူးနော်?''
''မင်းနဲ့စိတ်ရှုပ်မခံနိုင်ဘူး''
လီခိုင်ကထိုစကားကြားလျှင် မျက်နှာမဲမှောင်၍သတို့သမီးခန်းထဲဝင်သွားသည်။ သူကတံခါးပိတ်ပြီး ဖုန်းအားသွင်းရန်ထုတ်လိုက်၏။ အားဝင်သည်နှင့် ပါမောက္ခရန်ကိုအလောတကြီးဖုန်းခေါ်လိုက်သည်။
ဖုန်းဝင်ဝင်ချင်း သူကဖုန်းနားကပ်၍_
''ပါမောက္ခရန်... ဒီလောက်အစောကြီးဖုန်းဆက်ရတာ တကယ်အားနာလိုက်တာ... ပါမောက္ခက ဘဝကျန်းမာရေးသိပ္ပံမှာ ခေါင်းဆောင်ဆိုတော့ SMA ရောဂါအကြောင်း မေးချင်လို့ပါ''
''မနေ့ညက ကျွန်တော်အချက်အလက်တွေကြည့်ထားတယ်... ပါမောက္ခရဲ့ဌာနက SMA ကုထုံးဆေးဝါးကိုဓာတ်ခွဲစမ်းသပ်မှုလုပ်ပြီး ကိုက်ညီတဲ့အစားထိုးဆေးပင်တချို့တွေ့ထားတယ်မလား? ကျွန်တော့်အတွက် မျိုးစေ့တချို့ရှာပေးနိုင်မလား?''
ဒီဆေးပင်တွေကရှားပါးပြီး ပျိုးထောင်ရခက်မှန်းသူသိသော်လည်း ညီလေးချင်ရဲ့အထူးမြေကြီးနဲ့ ဆို အခွင့်အရေးမရှိတာတော့ဟုတ်ဟန်မတူ။
ရှန်းရွှေလက်ဆောင်ဆန်က ဥပမာပင်။