← Chapters

ဖော်လံဖားဖြစ်ဖို့အလားအလာ? လီခိုင်က SMA ရောဂါကိုဖြေရှင်းချင်တယ်!

Vol. 26 Ch. 384

ဖော်လံဖားဖြစ်ဖို့အလားအလာ? လီခိုင်က SMA ရောဂါကိုဖြေရှင်းချင်တယ်!

Vol. 26 Ch. 384

သူ့ဦးလေးတံခါးပိတ်သွားသောကြောင့် လီရှင်းက ချင်လင်ကိုသာမေးရတော့သည်_

''ချင်လင်... အဲဒီဒေါက်တာထန်ကဘယ်သူလဲ? ဘာတွေဖြစ်နေတာလဲ?''

ချင်လင်က လီရှင်း၏သိချင်ဇောကြီးနေပုံကိုကြည့်ရင်း ဒေါက်တာထန်အကြောင်းအကုန်ပြောပြလိုက်သည်။

အစ်ကိုလီသာ တကယ်ဝန်ကြီးချုပ်ဖြစ်ချင်နေတာဆိုရင် လီမိသားစုဘယ်လိုတုံ့ပြန်မလဲ သူသိချင်မိသည်။

အချိန်ကျရင် လူချမ်းသာမိသားစုတွေကြား ဇာတ်လမ်းဆန်ဆန်ဇာတ်ကွက်မျိုးမဖြစ်ဖို့မျှော်လင့်သည်။

''ဦးလေးမှာ တကယ်ဒီလိုဝါသနာမျိုးရှိတာဖြစ်နိုင်လား?''

ထိုအကြောင်းကြားပြီး လီရှင်းအံ့ဩသွားသည်။ ထို့နောက် သူကခေါင်းခါ၍_

''ချင်လင်... ငါ့ဦးလေးနဲ့ဒေါက်တာထန်က တစ်ခုခုဖြစ်ခဲ့တယ်လို့ထင်လား? ဒီနှစ်တွေမှာမိန်းမတွေကိုစိတ်မဝင်စားတာ ဒေါက်တာထန်ကြောင့်လား?''

ဘာပဲဖြစ်ဖြစ် လုံးဝမူမမှန်ဟုခံစားရသည်။ သူ့ဦးလေးက မိန်းမတွေနဲ့ပတ်သက်ပြီး ဘယ်တုန်းကဒီလောက်တက်ကြွသွားတာလဲ? တစ်ညလုံးပရိဘောဂတွေသယ်ကူပြီး သူ့ကိုယ်သူပင်ပန်းအောင်တောင်လုပ်ခဲ့သေး။

အရင်ကသာ မိန်းမတွေကိုဒီလောက်အာရုံစိုက်ခဲ့ရင် ဘလိုင်းဒိတ်တိုင်းပျက်ပြီး တစ်ကိုယ်တည်းဖြစ်နေမှာမဟုတ်။





လီခိုင်ပြန်လာပြီဖြစ်၍ ချင်လင်ကသူ့ရုံးခန်းပြန်ပြီး စံအိမ်စီမံရေးအစီအစဉ်၏နောက်ခံပရိုဂရမ်ကိုဖွင့်ကာ သူခွင့်ပြုချက်ပေးစရာရှိမရှိကြည့်လိုက်သည်။

ဖြေရှင်းပြီးနောက် ခါတိုင်းလိုသူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုကြည့်၍ ဂိမ်းကိစ္စများကိုင်တွယ်သည်။

ငါးမျှားခြင်း၊ သစ်ပင်ခုတ်ခြင်း၊ တောင်တန်းထွက်ကုန်များစစ်ဆေးခြင်း... ဖြစ်ချင်တော့ ဒီနေ့ဘာမှမရ။

နေ့လယ်၌_

လီခိုင်က ချင်လင်ကိုအလောတကြီးလာရှာသည်_

''ညီလေးချင်... ကားငှားဦး... ရှိုးဝမ်ကိုသွားကြိုမလို့... သူအလုပ်ထွက်ပြီးသွားပြီ... အင်တာဗျူးဖြေဖို့ စံအိမ်ကိုခေါ်ခဲ့မယ်''

ချင်လင်က လီခိုင်ကိုကြည့်ပြီး သူတကယ်စိတ်လှုပ်ရှားနေမှန်းသိသည်။ သူစိတ်ပူနေပုံက ကောင်မလေးတစ်ယောက်ကိုပိုးပန်းခါစ လူငယ်လေးနှင့်တကယ်တူသည်။

လီခိုင်ကိုသူ့ကားသော့ပေးပြီး သိချင်စိတ်နှင့်မေးလိုက်၏_

''အစ်ကိုလီ... ဒေါက်တာထန်က စီရင်စုဆေးရုံမှာဆရာဝန်မဟုတ်လား? ဒီလောက်မြန်မြန်နဲ့ ဘယ်ထွက်လို့ရမှာလဲ? ရက် ၃၀ ကြိုပြီးအသိပေးရတယ်မလား?''

ဒီလိုလုပ်ငန်းစဉ်တွေကို သူအာရုံစိုက်ထားရသည်။ မဟုတ်လို့ စံအိမ်ကဒေါက်တာထန်ကိုအလုပ်ခန့်ပြီး စီရင်စုဆေးရုံနှင့်ပြဿနာတက်ရင် ဒုက္ခများလိမ့်မည်။

လီခိုင်ကထိုစကားကြားလျှင် ရှင်းပြသည်_

''ညီလေးချင်... ဒီလိုကိစ္စတွေနဲ့ မင်းသိပ်ပြီးအဆက်အစပ်မရှိပါဘူး... အဲဒါအခြေအနေအရပဲ... ဘာပဲဖြစ်ဖြစ် ရှိုးဝမ်က သမားတော်တစ်ယောက်... ဒီတစ်ခါ သူ့ရဲ့သမားတော်နေရာကို တခြားတစ်ယောက်ကအရင်ယူသွားလို့... ဒီတော့ သူ့ကိုနောက်တစ်ခါပေးစရာရှိသေးတယ်မလား? ဒါပေမဲ့ သူ့နေရာကိုယူချင်တဲ့ဆရာဝန်တွေ အောက်မှာအများကြီးပဲ''

''ဒီလောက်မြန်မြန်နဲ့ပြီးတယ်ဆိုတာက သူ့ရဲ့နောက်သမားတော်အဆင့်ကို တစ်ယောက်ယောက်ကအစားဝင်ချင်နေလို့ပဲ... သူထွက်ရင် နောက်ထပ်အခွင့်အရေးလွတ်သွားပြီမလား?''

''သူ့နှုတ်ထွက်စာတင်တာနဲ့ တခြားလူတွေကိုလမ်းဖွင့်ပေးသလိုမဖြစ်ဘူးလား? မင်းရဲ့စီရင်စုဆေးရုံက ပေါ်တင်တမျိုး တိတ်တိတ်တမျိုး သူအခွင့်အရေးလွတ်ဖို့တိုက်ခိုက်နေတာဖြစ်ချင်ဖြစ်နိုင်တယ်''

''ဆေးရုံက ရှိုးဝမ်ရဲ့အထူးအခြေအနေကိုကြည့်ပြီး ခွင့်ပြုချက်တောင်ပေးဦးမယ်''

ချင်လင်မှာ အလွန်မြင့်မြတ်သောနေရာဟုဆိုနိုင်သောဆေးရုံကို ဒီလောက်ရှုပ်ထွေးမည်မထင်မိ။

ဒါကလည်း ခေတ်သစ်ဆေးလောက၏ဝမ်းနည်းစရာတစ်ခုပင်။ ဒီပတ်ဝန်းကျင်မှာ အဆက်အသွယ်အားကိုးနှင့်ရမ်းကုတချို့က အမြတ်ဝင်ထုတ်နိုင်သည်။

ဆရာဝန်နဲ့လူနာတွေဆက်ဆံရေးတင်းမာပြီး လူနာရဲ့မိသားစုက မကြာခဏဆေးရုံကိုတိုက်ခိုက်တတ်သည်ဟုလူတိုင်းပြောကြသည်။ ဒါလည်း ဒီလိုရမ်းကုတွေနဲ့​ဆက်စပ်နေမလား?

လီခိုင်က ကားသော့ယူပြီးထွက်မလာခင် ချင်လင်အား_ ''ညီလေးချင်... ငါရှိုးဝမ်ကိုပြောထားတယ်... စံအိမ်မှာဆေးကုသမှုက စီရင်စုဆေးရုံရဲ့သမားတော်ကုသမှုအတိုင်းပဲ... စံအိမ်ရဲ့ပုံမှန်ဝန်ထမ်းကော်မရှင်ခအတိုင်းပဲလို့... မင်းကြောင်တောင်တောင်လုပ်လို့မရဘူး''





“ဟုတ်ပါပြီ!” ချင်လင်ခေါင်းညိမ့်လိုက်သည်။

လီခိုင်ကို သူမျက်နှာသာပေးရဦးမည်။

နောက်ပြီး ထန်ရှိုးဝမ်က သမားတော်အရည်အချင်းရှိပြီး လုပ်ရည်ကိုင်ရည်ရှိသည်။ စံအိမ်ကသူ့ဆေးခန်းငယ်လေးမှာ သူမကိုခန့်ချင်လျှင် အာမခံကြေးပေးရလိမ့်မည်။

ဒီကုသမှုက သိပ်မများ။

လီခိုင်ထွက်သွားလျှင် ချင်လင်က ကျောက်မိုချင်းရုံးခန်းသွား၍ ထန်ရှိုးဝမ်အကြောင်းပြောပြလိုက်သည်။

ထန်ရှိုးဝမ်ရောက်လာရင် သူတို့အတူတူအင်တာဗျူးရမည်။

သိပ်မကြာမီ လီခိုင်နှင့်ထန်ရှိုးဝမ်စံအိမ်ရောက်လာသည်။

ထန်ရှိုးဝမ်က ဒီနေ့အဖြူရောင်ကုတ်ဝတ်မထားဘဲ ပိုပြီးပုံစံကျသောဝမ်းဆက်ဝတ်ထားသည်။ အင်တာဗျူးအတွက် မိတ်ကပ်ပါးပါးလိမ်းထားသောကြောင့် မနေ့ကထက်ပိုကြည့်ကောင်းနေသည်။

ကျောက်မိုချင်းက ထန်ရှိုးဝမ်ခေါင်းနည်းနည်းငုံ့ထားသည်ကိုမြင်ရသည်။ လူကြီးမင်းလီခိုင်က ဘာလို့သူ့အတွက်ဒီလောက်အားတက်သရောဖြစ်နေလဲ သူမသိသွားပြီထင်သည်။ တစ်ချက်ကြည့်ရုံနှင့်ခံစားမိနိုင်သော ထိုနူးညံ့သည့်သဘောထားက အမျိုးသမီးအတော်များများအားကျလောက်စရာ။

မော်ဒန်ခေတ်တွင် အပြင်အဆင်က ပလတ်စတစ်ဆာဂျရီအပေါ်အားထားနိုင်သည်။ စိတ်နေသဘောထားမှာမူ မွေးရာပါ ဒါမှမဟုတ် အကြာကြီးပြုစုပျိုးထောင်မှရသည်။

အင်တာနက်ဆယ်လီများ၏မျက်နှာက တစ်ချက်ကြည့်ရုံနှင့်ကြည့်ကောင်းသည်ဟု အမျိုးသားများတွေးထင်နိုင်သော်လည်း ဒုတိယအကြိမ်၊ တတိယအကြိမ်ကြည့်သောအခါ ငြီးငွေ့သွားမည်။ မျက်နှာထားတင်းတင်းကြောင့် မျက်နှာကအသက်မဲ့သွားသည်။

သို့သော် စိတ်နေသဘောထားနှင့်အမျိုးသမီးများက တစိမ့်စိမ့်အကြည့်ခံသည်။

လီခိုင်က အနီးကပ်ခေါ်လာပြီး အားတက်သရောမိတ်ဆက်ပေး၏_

''ညီလေးချင်... ငါသူ့ကိုခေါ်လာပြီ... ရှိုးဝမ်... ဒါကိုယ်ပြောတဲ့ ညီလေးချင်လေ... သူ့ဘေးကအလှလေးက သူ့ဇနီး''

''ဒေါက်တာထန်... ထပ်ဆုံပြီနော်''

ချင်လင်ကပြုံးပြီး ထန်ရှိုးဝမ်ကိုနှုတ်ဆက်လိုက်သည်။

''ဥက္ကဌချင်'' ထန်ရှိုးဝမ်မှာ ချင်လင်ကိုတွေ့လျှင် အံ့ဩသံနှင့်ပြန်ပြောလိုက်သည်။

သူမကရုံချန်းစီရင်စုမှာကြီးပြီး ဘွဲ့လွန်လေ့လာပြီးသောအခါ သူမကောင်လေးနှင့် ရုံချန်းစီရင်စုကိုပြတ်ပြတ်သားသားပြန်လာခဲ့သည်။ သူမရုံချန်းစီရင်စုနှင့် အလွန်ရင်းနှီးသည်။

သို့သော် ချင်းလင်စံအိမ်က သူမကိုအလွန်အံ့ဩစေသည်ဟုဆိုရမည်။ ရုံချန်းစီရင်စုလိုနေရာလေးမှာ ဒါမျိုးဆောက်နိုင်မည့်သူရှိလိမ့်မည်ဟုမထင်မိ။

သူမသမီးလေး SMA အတွက်မစစ်ဆေးရသေးခင်က သူမလည်း အရင်ယောက်ျားနှင့်တစ်ခါလာဖူးသည်။

အဲဒီတုန်းက မိသားစုမှာအလွန်ပျော်ရွှင်ခဲ့ရသော်လည်း ရုတ်တရက်ဂြိုဟ်ဆိုးဝင်၍ သူတို့ရဲ့ပျော်ရွှင်စရာမိသားစုလေးပြိုကွဲခဲ့ရလေပြီ။





All Chapters