← Chapters

ဖော်လံဖားဖြစ်ဖို့အလားအလာ? လီခိုင်က SMA ရောဂါကိုဖြေရှင်းချင်တယ်! ၂

Vol. 26 Ch. 385

ဖော်လံဖားဖြစ်ဖို့အလားအလာ? လီခိုင်က SMA ရောဂါကိုဖြေရှင်းချင်တယ်! ၂

Vol. 26 Ch. 385

အခုချင်းလင်စံအိမ်မှာအလုပ်လုပ်ရမည်မထင်မိ။

မနေ့က ချင်းလင်စံအိမ်သူဌေးကိုယ်တိုင် သူမကိုလာရှာမည်ဟုလည်းမထင်မိပေ။ သူမနှင့်လုံးဝအဆက်အသွယ်ဖြတ်ထားပြီဖြစ်သော စီနီယာအစ်ကိုလီနှင့်တောင်လာခဲ့သည်။

မနေ့ညက သူမတကယ်အိပ်ပျော်ဖို့ခက်ခဲ့သည်။ အရင်ကမတူညီတဲ့ရွေးချယ်မှုမျိုးလုပ်ခဲ့ရင် အခုဆိုတခြားရလဒ်မျိုးထွက်လာမလားဟုတောင် တွေးမိသည်မဟုတ်ပါလား?

''ဒေါက်တာထန်... ရုံးခန်းထဲမှာပြောကြတာပေါ့''

ကျောက်မိုချင်းလည်း ထန်ရှိုးဝမ်ကိုဖိတ်လိုက်သည်။

ထန်ရှိုးဝမ်ကခေါင်းညိမ့်ပြီး သူတို့လူစုမှာ ကျောက်မိုချင်းရုံးခန်းထဲဝင်လိုက်ကြသည်။

တကယ်တော့ လီခိုင်နှင့်ဆက်ဆံရေးအရ ဒေါက်တာထန်၏လုပ်ရည်ကိုင်ရည်ကိုအတည်ပြုထားပြီးဖြစ်၍ ထိုအင်တာဗျူးမှာအဖြစ်ဆိုရုံမျှသာ။

အင်တာဗျူးဖြစ်စဉ်တွင် ပေါ့ပေါ့ပါးပါးစကားပြောကြသည်ကများသည်။ တစ်ချိန်တည်းမှာ အင်တာဗျူးကိုအသုံးချ၍ ဒေါက်တာထန်အကြောင်းစုံစမ်းလိုက်သည်။

စံအိမ်အကြောင်းပိုသိထားလျှင် တစ်ဖက်လူအတွက်အကျိုးရှိစမြဲ။

ဖြေရှင်းရမည့်ပြဿနာတစ်ခုကရှိနေသည်။ ကျောက်မိုချင်းလည်း ထန်ရှိုးဝမ်အား_

''ဒေါက်တာထန်... ကျွန်မတို့ဆေးခန်းမှာ အလှည့်ကျဆရာဝန်နှစ်ဦးနဲ့သူနာပြုနှစ်ဦးလိုပါသေးတယ်... ဒေါက်တာအလုပ်ဝင်တာနဲ့ ချက်ချင်းဖြေရှင်းစရာရှိနိုင်ပါတယ်''





ထန်ရှိုးဝမ်ကခေါင်းညိမ့်​ပြီး_

''ဒီအကြောင်းကို မနေ့ညက စီနီယာအစ်ကိုလီပြောပါတယ်... ကျွန်မမှာသင့်တော်တဲ့သူတစ်ယောက်လည်းရှိပါတယ်... ကျွန်မဝင်တာနဲ့ သူ့ကိုစံအိမ်မှာလာလုပ်ဖို့ခေါ်နိုင်ပါတယ်''

ဒီအတွက် သူမစိတ်မပူ။ လုပ်ရည်ကိုင်ရည်ရှိတဲ့ဆရာဝန်အားလုံးကို ဆေးရုံမှာမလို။ အတော်များများက ဆေးရုံမှရုန်းကန်လှုပ်ရှားမှုအမျိုးမျိုးနှင့်လုံးဝအသားမကျ၊ ဌာနများကြားမှညစ်ညမ်းမှုများကိုသည်းမခံနိုင်ကြပေ။ အပြင်ထွက်လုပ်မည် ဒါမှမဟုတ် မြို့ပြန်ပြီး ကိုယ်ပိုင်ဆေးခန်းနှင့်ဆေးကုသခန်းများဖွင့်ကြလိမ့်မည်။

မြို့ကြီးများတွင်တော့ မပြောဝံ့။ ရုံချန်းစီရင်စုလို စီရင်စုငယ်လေးတွင်မူ အတော်များများက အအေးမိ၊ အပူလောင်၊ အဖျားတက်၊ ထိခိုက်ဒဏ်ရာအသေးစားလေးများ... ဒီအတွက် အများစုက နီးစပ်ရာဆေးခန်းကိုရွေးချယ်ကြသည်။

''ဒါဆိုရင် စံအိမ်ကကြိုဆိုပါတယ် ဒေါက်တာထန်''

ကျောက်မိုချင်းက အပြုံးနှင့်ပြောလိုက်သည်။

အင်တာဗျူးပြီးနောက် ထန်ရှိုးဝမ်က ကျောက်မိုချင်းရုံးခန်းမှထွက်လာသည်နှင့် လီခိုင်က သူမနောက်လိုက်၍ မမေ့မလျော့ပြောလိုက်သည်_

''ရှိုးဝမ်... မင်းတိုက်ခန်းအသစ်မှာ ရေပိုက်ခေါင်းကတစ်စက်စက်ကျနေတာမလား? ရေပိုက်ခေါင်းအသစ်လိုက်ဝယ်ပြီးတပ်ပေးမယ်''

''စီနီယာအစ်ကိုလီ... ရှင့်အတွက်ဒုက္ခများလွန်းနေပါပြီ''

ထန်ရှိုးဝမ်၏အသံတွင် အားနာပုံပါနေသည်။

''ဒုက္ခမများပါဘူး... ဘာလို့များရမှာလဲ?''

လီခိုင်ကချက်ချင်းပြောလိုက်သည်။

ချင်လင်နှင့်ကျောက်မိုချင်းက ရုံးခန်းတံခါးဝတွင်ရပ်ပြီး ထိုမြင်ကွင်းကိုကြည့်နေကြသည်။

လီရှင်းမှာ အပြင်ရောက်နေပြီ။ သူကချင်လင်နားတိုး၍မေးလိုက်၏_

''ချင်လင်... ငါ့ဦးလေးက ဖော်လံဖားဖြစ်ဖို့အလားအလာရှိတယ်ထင်လား?''

ချင်လင်ကခေါင်းခါပြီး_

''လောင်လီ... မဟုတ်သေးဘူး... ခင်ဗျားရဲ့ဦးလေးက ပျော်ရွှင်မှုနောက်ဖို့သတ္တိရှိသွားတာ... ခင်ဗျားရဲ့ဇနီးကိုလိုက်တုန်းက ဒီလိုပဲမလား?''

''ထပ်!'' လီရှင်းက ယုံကြည်မှုအပြည့်နှင့်_

''အရင်တုန်းက လင်းလျိုကငါ့ကိုလိုက်တာလို့ မင်းကိုပြောဖူးတယ်မလား? သူငါ့ကိုနေ့တိုင်း နို့လက်ဖက်ရည်ပို့ခဲ့တာ''

ကျောက်မိုချင်းက ရုတ်တရက်စလိုက်သည်_

''အရင်တစ်ခါ အစ်မလင်းလျိုနဲ့စျေးဝယ်ထွက်တုန်းက သူပြောဖူးတယ်... လူကြီးမင်းလီက သူ့ကျောင်းကအဆောင်ကို ညဘက်တောင်နို့လက်ဖက်ရည်ပို့ပေးတာတဲ့... သူကရှင့်ကိုနို့လက်ဖက်ရည်နဲ့လိုက်ခဲ့တယ်လို့မထင်ပေါင်... နောက်တစ်ခေါက်မှမေးကြည့်ဦးမယ်''

''မလုပ်...'' ထိုစကားကြားလျှင် လီရှင်းတုန်လှုပ်သွားသည်။

ချင်လင်ကချက်ချင်း သူ့ကိုမျက်စိကစားကြည့်လိုက်သည်။

လီရှင်းကအိုးတိုးအန်းတန်းနှင့်ချောင်းဆိုးလိုက်ပြီး_

''အင်း... ဒီနေ့ နေအရမ်းပူတာပဲ... ပန်းပင်လယ်ထဲလမ်းလျှောက်လိုက်ဦးမယ်''

လီရှင်းထွက်သွားလျှင် ကျောက်မိုချင်းကပြုံး၍_

''ဒီတူဝရီးက အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ... သူတို့ဒီလိုမိသားစုကဆင်းသက်လာတယ်ဆိုတာ သာမန်လူတွေတွေးမိဖို့ခက်တယ်မလား? သူတို့နဲ့ဆို လုံးဝနေရခက်တာမျိုးမရှိဘူး''

ချင်လင်ကပြုံးလိုက်ကာ_ ''တချို့လူတွေရဲ့အဆင့်အတန်းက မွေးရာပါမာနကြီးစေလို့ အနားကပ်ဖို့ခက်တယ်... သူတို့ရဲ့မာနအောက်မှာ သူတို့ကအဆင့်မြင့်မြင့်နဲ့ အင်အားကြီးကြီးနဲ့မွေးလာတယ်ပေါ့... သူတို့မာနတွေကိုခွာချလိုက်ပြီဆိုတာနဲ့ သူတို့ဘဝကပိုပျော်စရာကောင်းလာနိုင်တယ်... ကြည့်လေ... သူတို့လွတ်လွတ်လပ်လပ်ရှင်သန်နေတာပဲမလား?''





''ယောက်ျား... ရှင့်စကားတွေက အရမ်းဒဿနဆန်နေပါလား?''

“ဟုတ်လား?”

“ဟုတ်လှပြီပေါ့!”

…

နေဝင်သွားသည်။

ညပိုင်း ချင်လင်၊ ကျောက်မိုချင်းနှင့် သူ့အမေညစာစားပြီးသောအခါ ဧည့်သည်နှစ်ယောက်ရောက်လာသည်။ ဦးလေးတရှန်းနှင့်ချင်လုံပင်။

ချင်လင်ကချက်ချင်းမတ်တပ်ရပ်၍ ကြိုဆိုလိုက်သည်_

''ဦးလေးတရှန်း... အစ်ကိုလုံ... နေကောင်းတယ်နော်?''

ချင်လုံကချက်ချင်းပင်_ ''ချင်လင်... စိုက်ခင်းကမနက်ဖြန်စဖွင့်ပြီမလား? မင်းကိုတစ်ချက်လောက်ကြည့်ဖို့ဖိတ်ချင်လို့''

ချင်လုံနှင့်သူ့အဖေက စိုက်ခင်းဖွင့်ရန်အတွက် မူလကယွမ် ၃၀၀၀၀၀ ပြင်ဆင်ထားသည်။

သို့သော် ချင်လင်ကြောင့် ရုံချန်းစီရင်စုမှ ခရမ်းချဉ်သီးစိုက်ခင်းထောက်ပံ့ငွေရလိုက်သည်။ အတိုင်းအတာကျယ်ပြန့်သွားသဖြင့် ဒီနေ့မှဖွင့်နိုင်သည်။

ဖွင့်ပြီးနောက် ဆက်လက်ချဲ့ထွင်ရန်အတွက်လည်း ဒုတိယအသုတ်ရံပုံငွေလျှောက်ဖို့ပြင်ဆင်နေပြီး စစိုက်နေသည်။

စီရင်စု၏ခရမ်းချဉ်သီးစိုက်ခင်းထောက်ပံ့ငွေမှာ သူတို့အဖေအကောင့်မဟုတ်။

ထောက်ပံ့ငွေလျှောက်သောလူအားလုံးအတူတူပင်။ ထိုရံပုံငွေမှာ စီရင်စု၏အကောင့်တွင်ဖြစ်သည်။ စိုက်ခင်းပိုင်ရှင်များအားလုံးကိုပေးထားသော သီးသန့်ဘဏ္ဍာရေးသုံးသပ်စီမံချက်မှာ အဆင့်ဆင့်...

ထိုစိုက်ခင်းများကို အစီအစဉ်အတိုင်း တစ်ဆင့်ချင်းထုတ်လုပ်ပြီး၊ အတည်ပြုပြီးမှသာ နောက်ထပ်ရံပုံငွေခွဲတမ်းရမည်။

မဟုတ်ရင် စီရင်စုက တစ်ခါတည်းရံပုံငွေဖြန့်ပေးရလောက်အောင် မိုက်မဲမည်မဟုတ်။ ဒါဒုက္ခအများကြီးရောက်နိုင်သည်။

ချင်တရှန်းကလည်း အလျင်စလိုပြောလာသည်_

''ရှောင်လင်... မနက်ဖြန် မင်းလာမှဖြစ်မယ်... တို့မိသားစုရဲ့စိုက်ခင်းက မင်းကျေးဇူးတွေပဲ''

ချင်တရှန်း၏ဖိတ်ခေါ်ပုံမှာ မျှော်လင့်စောင့်စားမှုအပြည့်နှင့်။ သူကချင်လင်ကိုအလွန်ကျေးဇူးတင်နေသည်။ မဟုတ်ရင် စီရင်စုရဲ့ခရမ်းချဉ်သီးစိုက်ခင်းထောက်ပံ့ငွေက သူ့သားနှင့်ဘာမှဆိုင်လာမည်မဟုတ်ချေ။

''ဦးလေးတရှန်း... ကျွန်တော်မနက်ဖြန်သေချာပေါက်လာပါမယ်''

ချင်လင်လည်းပြုံးပြီးခေါင်းညိမ့်လိုက်သည်။

''ချင်လင် ကျေးဇူးကွာ'' ချင်လုံကမပြန်ခင် ချင်လင်ကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပြီး သူ့အဖေနှင့်ပြန်သွားသည်။

နောက်တစ်နေ့တွင်_

ချင်လင်လည်း ဂိမ်းထဲမှပစ္စည်းများစံအိမ်ပို့ပြီးနောက် အနောက်ပိုင်းမြို့တော်ဆီမောင်းသွားလိုက်သည်။





All Chapters