← Chapters

ဖော်လံဖားဖြစ်ဖို့အလားအလာ? လီခိုင်က SMA ရောဂါကိုဖြေရှင်းချင်တယ်! ၄

Vol. 26 Ch. 387

ဖော်လံဖားဖြစ်ဖို့အလားအလာ? လီခိုင်က SMA ရောဂါကိုဖြေရှင်းချင်တယ်! ၄

Vol. 26 Ch. 387

ချင်လုံမှာ ကောင်မလေးထပ်ရလာတာ ဦးလေးတရှန်းမြင်ရင် အရမ်းဝမ်းသာလိမ့်မည်။ ဘာပဲဖြစ်ဖြစ် သူကမိန်းကလေးတစ်ယောက်အတွက် ပြစ်မှုမှတ်တမ်းရခဲ့သည်လေ။ ဦးလေးတရှန်းက ချင်လုံနောက်ထပ်ကောင်မလေးမရှာနိုင်မှာ အမြဲစိုးရိမ်နေခဲ့သည်။

အခုရှန်ရှန်က အခြေအနေကောင်းများနှင့် မိန်းမလှလေးလည်းဖြစ်သည်။

ချင်လုံက အရင်သူ့အရိပ်အောက်မှရုန်းထွက်နိုင်တာကောင်းသောကိစ္စဖြစ်သည်။ သူ့မှာအကောင်းမြင်စိတ်ရှိသေးသည့်သဘောပင်။

မကြာမီ ချင်လင်နှင့်ကျောက်မိုယွင်က ချင်လုံနောက်လိုက်ပြီး အဆုံးမဲ့စိုက်ခင်းကြီးဆီရောက်သွားသည်။ အထဲတွင် အလုပ်လုပ်နေသောဝန်ထမ်းများလည်းရှိနေပြီ။





ကျောက်မိုယွင်က ကားထဲမှထွက်ပြီးနောက် အံ့ဩပုံနှင့်_ ''ဒီစိုက်ခင်းမျိုးက အရမ်းကြီးတာပဲ... အများကြီးကုန်မှာပေါ့?''

ချင်လုံကရှင်းပြလိုက်၏_ ''ဒါစီရင်စုရဲ့ထောက်ပံ့ငွေနဲ့ပါ... ချင်လင်ရဲ့စက်ရုံအတွက် ခရမ်းချဉ်သီးသီးသန့်စိုက်တာ''

''ဟုတ်ပြီ'' ကျောက်မိုယွင်ခေါင်းညိမ့်လိုက်သည်။ ချင်လင်၏စက်ရုံကျောထောက်နောက်ခံရှိသောကြောင့် ဒီလိုစိုက်ခင်းမျိုးက အကျိုးအမြတ်အာမခံချက်ရှိသည်။

ချင်တရှန်းက ချင်လင်ရောက်နေမှန်းသိ၍ ချက်ချင်းကြိုဆိုဖို့ထွက်လာ၏_

''လင်ဇီ... ရောက်နေပြီလား... စိုက်ခင်းကြည့်ရအောင် လိုက်ပြပေးမယ်''

ထိုစိုက်ခင်းမှာအလွန်ကြီးပြီး ကောင်းကောင်းစိုက်ပျိုးထားသည်။ ချင်လင်က ဦးလေးတရှန်းနောက်အကြာကြီးလိုက်ပြီး လေ့လာကြည့်ရှုပြီးသွားသည်။

ဒီစိုက်ခင်းမျိုးအတွက် ချင်လုံနှင့်ဦးလေးတရှန်းက အမှန်ပင်အလေးအနက်ထားလုပ်ကြောင်း ချင်လင်လည်းပြောနိုင်သည်။ ခရမ်းချဉ်သီးစိုက်ပြီး စီရင်စုထောက်ပံ့ငွေပြန်ပေးပြီးလျှင် ဝင်ငွေရဖို့မခက်တော့။

နေ့လယ်ပိုင်းတွင် ချင်လင်က ကျောက်မိုယွင်နှင့် စံအိမ်ပြန်လာခဲ့သည်။

ကားပါကင်တွင်ကားထိုးပြီးပြီးချင်း လီခိုင်က ဝင်ပေါက်လုံခြုံရေးဂတ်တွင်ပစ္စည်းယူပြီး မူလခန်းမဆီပြေးသွားသည်ကိုတွေ့လိုက်ရသည်။

ချင်လင်က ထိုမြင်ကွင်းကိုဇဝေဇဝါနှင့်ကြည့်နေ၏။

အစ်ကိုလီက အလောတကြီးပုံနဲ့ဘာလုပ်နေတာလဲ?

ထိုအတွေးနှင့် မူလခန်းမဆီသွားပြီးစူးစမ်းရန် သူကလျှောက်သွားလိုက်သည်။ သူရောက်သောအခါ အနောက်ဘက်ခြံဝင်းထဲတွင်လှုပ်ရှားသံကြားရသည်။

သူဝင်သွားကြည့်ရာ လယ်ကွက်ပုံစံဘေးတွင် မြေပုံတစ်ပုံတွေ့လိုက်ရသည်။ လယ်ကွက်ပုံစံထဲမှတူးထားသောမြေကြီးများနှင့်ရောထားသည်ကိုတွေ့နိုင်၏။

လယ်ကွက်ပုံစံမြေကြီးထဲမှ ရှင်သန်နိုင်စွမ်း +၂ နှင့် မျိုးစိတ်တိုးတက်စေခြင်း +၁ ရှိသော အထူးမြေကြီးဓာတ်များမှာ သုံး၍မကုန်သေး။





လီခိုင်က သူ့လက်ထဲတွင် ပွင့်နေသောအထုပ်တစ်ထုပ်ကိုင်ထားသည်။ သူကမျိုးစေ့တချို့ထုတ်၍ လယ်ကွက်အသစ်ထဲတွင် အသေအချာစိုက်ပြီး မြေကြီးများနှင့်ဖုံးအုပ်နေသည်။

ချင်လင်က သိချင်စိတ်နှင့်မေးလိုက်၏_

''အစ်ကိုလီ... အဲဒါဘာလဲ?''

ဒီတော့မှ လီခိုင်က ချင်လင်ရောက်နေတာမြင်သည်။ သူကရှင်းပြလိုက်၏_

''ညီလေးချင်... ငါပြောပြမယ်... ဒါဒိုနာစီမြက်ရင်းဆိုတဲ့ ဆေးမျိုးစေ့ပဲ... အရမ်းရှားပြီး စိုက်ရခက်တယ်... ပါမောက္ခရန်ရဲ့ဌာနမှာစမ်းသပ်နေတာ... ဒါပေမဲ့ အများကြီးမစိုက်နိုင်သေးဘူး''

''ငါပါမောက္ခရန်ကို ဒီမျိုးစေ့တွေပို့ခိုင်းလိုက်တာ... တကယ်လို့ ဒီအထူးမြေကြီးထဲကအထူးဓာတ်တွေနဲ့ ဒီဆေးပင်ကိုပျိုးထောင်ပြီး မျိုးစိတ်ပွားနိုင်ရင် ဒီဆေးပင်ကိုအများကြီးစိုက်နိုင်လိမ့်မယ်''

ချင်လင်က တစ်ခုခုခန့်မှန်းမိပုံနှင့်_

''ဒီဆေးပင်တွေနဲ့ SMA ဆေးထုတ်လို့ရတာလား?''

ထိုမေးခွန်းကြားလျှင် လီခိုင်ကအကြာကြီးရှက်ကိုးရှက်ကန်းဖြစ်နေပြီးမှ ခေါင်းညိမ့်ကာ_ ''အင်း!''

ချင်လင်က စလိုက်သည်_ ''အစ်ကိုလီ... ခင်ဗျားက ခင်ဗျားရဲ့အနေအထားနဲ့အခွင့်ကောင်းယူတာပဲ''

လီခိုင်ရုတ်တရက်ကြီးဒါကိုလေ့လာချင်တာ ဒေါက်တာထန်ရဲ့သမီးမှာ SMA ရှိလို့မှန်း သူသိသည်။ မဟုတ်ရင် သူ့ရဲ့အပူချိန်နိမ့်မျိုးစိတ်စမ်းသပ်မှုကိုသာစိတ်ဝင်စားနေလိမ့်မည်။

လီခိုင်က ချင်လင်၏စကားကိုကြားလျှင် အလောတကြီးဝင်ပြော၏_

''ညီလေးချင်... ဒါဘယ်လိုလုပ်ပြီး ကိုယ့်အနေအထားနဲ့ ကိုယ်ကျိုးအတွက်အမြတ်ထုတ်တာဖြစ်မလဲ? ဒီ SMA ရောဂါရှိတဲ့ကလေးတွေ ဘယ်လောက်တောင်ခံစားရမလဲ စဉ်းစားကြည့်စမ်း... တခြားကလေးတွေက ကျောင်းသွားနိုင်တယ် သူငယ်ချင်းတွေနဲ့ဆော့နိုင်တယ်... သူတို့ကငြိမ်ငြိမ်လေးလှဲပြီး မလှုပ်မယှက်နဲ့ သေဖို့စောင့်နေရတာ''

''တကယ်လို့ အောင်အောင်မြင်မြင်ပျိုးထောင်ပြီး ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးနိုင်ရင် သူတို့ကိုကယ်နိုင်မယ်... သူတို့ရဲ့တောက်ပတဲ့အပြုံးတွေပြန်ရမယ်''

''နောက်ပြီး ငါတို့ဓာတ်ခွဲခန်းက အကြီးအကျယ်နာမည်ကြီးသွားနိုင်တယ်... နိုင်ငံတော်ကနေ ဆုကြေးငွေအများကြီးတောင်လျှောက်နိုင်တယ်... အဲဒီအချိန်ကျရင် ဆုကြေးက ငါနဲ့ဘာမှဆိုင်မှာမဟုတ်ဘူး... မင်းတို့ရှယ်ယာရှင်သုံးယောက်နဲ့ဆိုင်မှာလေ''

ချင်လင်က နောက်လိုက်သည်_

''အဲဒီကျ ခင်ဗျားက မိန်းမလှလေးကိုရမှာမလား?''

''...'' လီခိုင်အရှိုက်ထိသွားပုံရ၏။ သူ့အတွေးတွေပေါ်သွား၍ ရုတ်တရက်ငြင်းဆန်နိုင်စွမ်းမရှိတော့။

''ညီလေးချင်... မင်းကလီရှင်းလိုအပေါ်ယံကောင်ပဲ!'' လီခိုင်က ချင်လင်ကိုဂရုမစိုက်တော့ဘဲ အလုပ်စလိုက်သည်။

ချင်လင်ကပြုံးပြီး လီခိုင်ကိုထပ်မနှောင့်ယှက်တော့။

အစ်ကိုလီပြောတာ တစ်ခုမှန်သည်။ အကယ်၍ SMA ရောဂါကိုဖြေရှင်းနိုင်ရင် ချင်းလင်ဓာတ်ခွဲခန်းမှာ အမှန်ပင်ဂုဏ်သတင်းကြီးမားလာလိမ့်မည်။





All Chapters