← Chapters

သံသာပင်ကိုမှတ်တမ်းတင်ရင်! ၂

Vol. 26 Ch. 389

သံသာပင်ကိုမှတ်တမ်းတင်ရင်! ၂

Vol. 26 Ch. 389

အဓိကအချက်မှာ ဒါရိုက်တာလီကချက်ချင်းလက်မှတ်ထိုးရဲခြင်းပင်။

ဒီကိစ္စအတွက်တာဝန်ယူရမည်မှန်းသိမည်ဖြစ်သော်လည်း တစ်ဖက်လူက ချင်းလင်စံအိမ်ကိုသူတို့ကဲ့သို့ယုံကြည်သည့်သဘောလည်းသက်ရောက်သည်။ ချင်းလင်စံအိမ်နှင့်ပတ်သက်ပြီးပြဿနာမရှိတာ သေချာသည်။

''အမ်.. လီခယ့်.. အားနာလိုက်တာ... ဒီမှာဘယ်လိုဖြစ်နေလဲကြည့်လိုက်ဦးမယ်''

စွန်းရှန်ကဖုန်းချ၍ ချက်ချင်းချန်လီကို ခရီးသွားဌာန၏နောက်ခံအချက်ထဲဝင်ပြီး လျှောက်လွှာတိုးတက်မှုအခြေအနေကြည့်စေသည်။

သို့သော် လျှောက်လွှာဖြစ်စဉ်တိုးတက်မှုကိုကြည့်လိုက်သောအခါ အမှန်ပင်မြို့တော်ခရီးသွားဌာနကထောက်ခံချက်ပေးထားသည်ဟုပြနေသည်။

ချန်လီနှင့်စွန်းရှန်ကြောင်သွားသည်။

ဘာတွေဖြစ်နေတာလဲ?

မြို့တော်ကတစ်ယောက်ယောက် တကယ်သူ့ကိုအသိအမှတ်ပြုလိုက်တာလား?

ချန်လီကမျက်မှောင်ကြုတ်ပြီး_ ''စွန်းရှန်... မြို့တော်ကလည်း သူဌေးချင်ကိုလာလုတာမဟုတ်ပါဘူးနော်?''

''မဖြစ်နိုင်ဘူးမလား?'' စွန်းရှန်စိတ်ပူသွားသည်။ သူကမျက်မှောင်ကြုတ်၍_ ''မြို့ကြီးမှာ ဘယ်လိုကုမ္ပဏီမျိုးတွေရှိတာပဲမလား? ဒီလိုအနိုင်ကျင့်တဲ့လုပ်ရပ်မျိုးမလုပ်သင့်ပါဘူး... သူတို့လုပ်ရဲရင် ငါမြို့တော်သွားပြီး ဆန္ဒပြမယ်''

ချန်လီနှင့်စွန်းရှန်ထိတ်လန့်နေကြစဉ် ချင်လင်နှင့်ကျောက်မိုချင်းလည်း စံအိမ်၏ရှေးဟောင်းဂင်ဂိုခြံဝင်းထဲရောက်နေကြသည်။

နှစ် ၅၀၀ သက်တမ်းဂင်ဂိုပင်နှစ်ပင်၏ဥယျာဉ်ကိုဆောက်ထားပြီဖြစ်သည်။

အနားဝန်းကျင်မှအလုပ်သမားများ ရွှေ့ပြောင်းသွားကြပြီ။

ခြံဝင်းတစ်ခုလုံး၏ဗိသုကာပုံစံမှာ ခေတ်ဟောင်းပုံဖြစ်ပြီး သေးသေးမဟုတ်။ ကျောက်စာတိုင်များနှင့် ခြံဝင်းပတ်လည်တွင် ကျောက်ထိုင်ခုံများတောင်ရှိသည်။

ထိုထိုင်ခုံများမှာ သံသာပင်၏အသံကိုလာနားထောင်သောခရီးသည်များအတွက်ပြင်ဆင်ပေးထားခြင်းဖြစ်သည်။

သူတို့နှစ်ဦးက ရှေးဟောင်းဂင်ဂိုခြံဝင်းထဲလျှောက်သွားနေသည်။ အခုသူတို့လုပ်စရာက သန့်ရှင်းပြီး စီးပွားဖြစ်ဖွင့်ဖို့သာကျန်တော့၏။

''ဆရာလင်းနဲ့ဒီရှေးဟောင်းဂင်ဂိုပင်ကြီးနှစ်ပင်မှာ ဒီလိုဇာတ်လမ်းမျိုးရှိမယ်လို့ မထင်မိဘူး''

ကျောက်မိုချင်းက ဆရာလင်းသစ်ပင်ကိုကယ်ခဲ့ပုံ၊ လွန်ခဲ့သောဆယ်စုနှစ်က ဤဂင်ဂိုပင်မှအသံပြုပြီး မိသားစုအားကယ်ခဲ့ပုံ ကျောက်စာတိုင်နှစ်တိုင်ကိုကြည့်နေသည်။

ထိုဇာတ်လမ်းတွင် ဂင်ဂိုပင်နှစ်ပင်ကို ဆန်းကြယ်မှုများစွာထပ်ပေါင်းထည့်ထားသည်။

အကယ်၍ ရေးသားထားသောဖော်ပြချက်သက်သက်ဖြစ်လျှင် ထိုထူးဆန်းသောအရောင်က အာရုံကိုသိပ်ပြီးဆွဲဆောင်နိုင်မည်မဟုတ်။

ဒါပေမဲ့ ဒီဇာတ်လမ်းထဲကသံသာပင်က တကယ်ရှိတယ်ဆိုရင်ရော?

ဒါဆိုရင် အားလုံးတစ်မျိုးဖြစ်သွားလိမ့်မည်။ ဇာတ်လမ်းက ပိုပြီးဒဏ္ဍာရီဆန်သွားမည်။ တကယ့်သမိုင်းဝင်ဇာတ်လမ်းဖြစ်သွားလိမ့်မည်။





လေတစ်ချက်အတိုက်တွင် ကျောက်မိုချင်းက သူမဘေးရှိကျောက်ထိုင်ခုံပေါ် ချက်ချင်းထိုင်ချလိုက်သည်။ တခဏချင်း ဂင်ဂိုပင်နှစ်ပင်မှအသံထွက်လာပြီး သာယာသောအသံမြည်လာသည်။

ချင်လင်လည်း ကျောက်မိုချင်းကိုအဖော်ပြုရန် ခုံပေါ်ထိုင်လိုက်သည်။

သံသာပင် +၂၊ စိတ်ငြိမ်စေခြင်း +၂၊ စိတ်နှင့်ခန္ဓာကိုယ်သက်သောင့်သက်သာဖြစ်စေခြင်း +၂ နှင့် စိတ်ဖိအားလျော့စေခြင်း +၂ အရည်အသွေးများကြောင့် ဒီလိုငြိမ်ငြိမ်လေးနားထောင်နေရတာ တကယ်နှစ်သက်စရာကောင်းပြီး ခန္ဓာကိုယ်တစ်ခုလုံးကိုပြေလျော့စေသည်။

ကျောက်မိုချင်းကမေးလိုက်၏_

''ယောက်ျား... ဒီရှေးဟောင်းဂင်ဂိုပင်ဥယျာဉ်ကို ဘယ်လိုဖွင့်ဖို့စိတ်ကူးထားလဲ? အခုစံအိမ်မှာ ခရီးသည်တွေအများကြီးပဲ... ရှေးဟောင်းဂင်ဂိုပင်က ထူးဆန်းတာသိသွားရင် လူတွေဝိုင်းအုံလာမှာစိုးတယ်''

''အဲဒီကျရင် ခရီးသည်တွေအများကြီးအတွက် နေရာမလောက်မှာစိုးတယ်... ဒီနေရာလည်းပျက်စီးနိုင်တယ်... အဲဒါကြောင့် လူဝင်နှုန်းကန့်သတ်ဖို့လိုသေးတယ်''

ချင်လင်က သစ်ပင်ဆီနားထောင်ပြီး စိတ်ဖွင့်ထားသည်။ သူက_

''တကယ်တော့ အခုလုပ်ငန်းအားလုံးကို ပုံမှန်အခပေးလုပ်ငန်းတွေအဖြစ်ဖွင့်ဖို့ မလိုပါဘူး... ဒီရှေးဟောင်းဂင်ဂိုအိမ်ကို ပုံမှန်မဟုတ်တဲ့လုပ်ငန်းတစ်ခုလိုသဘောထားနိုင်တယ်''

''ဒီလိုလုပ်လို့ရတယ်... VIP နဲ့သတို့သမီးခန်းကို ရှေးဟောင်းဂင်ဂိုခြံဝင်းဥယျာဉ်လက်မှတ်နဲ့တွဲပေးမယ်... သာမန်ခရီးသည်တွေကလည်း မဲနှိုက်နိုင်တယ်... နေ့တိုင်း ခရီးသည် ၁၀၀ ကျော်ကို ရှုခင်းကြည့်လက်မှတ်ပေးမယ်''

''ဒီလိုဆိုရင် ရှေးဟောင်းဂင်ဂိုခြံဝင်းကို တစ်နေ့ခရီးသည် ၃၀၀ လောက်ပဲဝင်ဖို့ ထိန်းထားနိုင်တယ်... ဒီနေရာကိုဝင်ချင်တိုင်းဝင်လို့မရဘူး... ဒီဂင်ဂိုပင်ထူးဆန်းတာလူတိုင်းသိသွားရင် ပုံစံကိုတိုးချဲ့မယ်''

''ကောင်းပါပြီ... ရှင်ပြောတာနားထောင်မယ်!''

ကျောက်မိုချင်းခေါင်းညိမ့်လိုက်သည်။

စံအိမ်ဖွံ့ဖြိုးတိုးတက်မှုအရ ရှေးဟောင်းဂင်ဂိုအိမ်ကို အခကြေးပါပါမပါပါ ကိစ္စမရှိ။ စံအိမ်၏ပုံစံတိုးတက်လာဖို့သုံးလျှင် ပိုကောင်းသည်။

ခဏအကြာ ချင်လင်နှင့်ကျောက်မိုချင်းလည်း ရှေးဟောင်းဂင်ဂိုခြံဝင်းမှထွက်လာ၏။

အနောက်ဘက်ခြံဝင်းကိုဖြတ်လာသောအခါ လီခိုင်မှာ သူ့မြေပုံအသစ်တွင်ငုတ်တုပ်ထိုင်၍ အသည်းအသန်ရေလောင်းနေသည်ကို သူတို့နှစ်ယောက်တွေ့လိုက်ရသည်။

လီခိုင်က ထိုမြေတွင် ဒိုနာစီမြက်ရင်းဆိုသောဆေးပင်မျိုးစေ့ကိုစိုက်နေမှန်း ချင်လင်သိသည်။

ထိုဆေးပင်ကို SMA ဆေးအတွက် ကုန်ကြမ်းအစားထိုးသုံးနိုင်သည်။ ပျိုးထောင်ဖို့အလွန်ခက်ပြီး အလွန်ရှားပါးခြင်းတစ်ခုသာ။ ရှင်သန်နိုင်ရန်ပတ်ဝန်းကျင်လိုအပ်ချက်များက ရှန်းရွှေလက်ဆောင်ဆန်ကဲ့သို့ပြင်းထန်သည်။

''အစ်ကိုလီ... ဘယ်လိုလဲ?'' ချင်လင်ကလျှောက်လာပြီး လီခိုင်ဘေးတွင်ငုတ်တုပ်ထိုင်လိုက်သည်။

လီခိုင်ကမျက်မှောင်ကြုတ်၍_

''လောလောဆယ်တော့ မသိသေးဘူး... ဒီဒိုနာစီမြက်ရင်းက ၃ ရက်ကနေ ၇ ရက်အတွင်း စပေါက်တာ... အပင်ပေါက်မယ့်လက္ခဏာ ဘာမှမမြင်ရသေးဘူး... ဒါမကောင်းဘူး''

''အင်း!'' ချင်လင်ခေါင်းညိမ့်လိုက်သည်။ လီခိုင်မျက်မှောင်ကြုတ်သည်ကိုမြင်လျှင် သူကဒိုနာစီမြက်ရင်းမျိုးစေ့တစ်စေ့ကို အသာတူးထုတ်လိုက်သည်။

ဒါကိုဂိမ်းထဲယူသွားပြီး အရည်အသွေးတွေသူကြည့်ချင်သည်။

ရုံးခန်းဘက်ပြန်ရောက်သောအခါ ချင်လင်နှင့်ကျောက်မိုချင်းက ကိုယ့်ရုံးခန်းကိုယ်ပြန်ဝင်ကြသည်။

ရုံးခန်းထဲဝင်ဝင်ချင်း တံခါးလော့ချပြီး ဂိမ်းထဲဝင်လိုက်၏။

ဒိုနာစီမြက်ရင်း၏မှတ်ချက်ကိုမြင်သောအခါ သူအံ့ဩသွားသည်။

(ဒိုနာစီမြက်ရင်း: အရည်အသွေး ၁)

(ဒိုနာစီမြက်ရင်းထုတ်ဖို့စိုက်နိုင်သောမျိုးစေ့ဖြစ်သည်။ ဒိုနာစီမြက်ရင်းတွင် အာရုံကြောရောဂါကိုပြန်လည်ပြုပြင်နိုင်သော၊ ကုသနိုင်သော၊ အားကောင်းစေသော လုပ်ဆောင်ချက်ပစ္စည်းပါသည်။ ရှားပါးအာရုံကြောရောဂါများအတွက် ကုထုံးဆေးဝါးဖော်စပ်ရန်အသုံးပြုနိုင်သည်။)

(အပင်စိုက်ရန်လိုအပ်ချက်: အဆင့် ၁ ဆေးဥယျာဉ်!)

''ဆေးဥယျာဉ်?'' ချင်လင်က ဖိုရမ်ထဲတွင်မြင်ဖူးသောအချက်အလက်ကိုပြန်စဉ်းစားကြည့်သည်။

ဆေးဥယျာဉ်မှာလည်း ပုံစံအသစ်ထဲတွင် လယ်ကွက်ကဲ့သို့အထူးစိုက်ခင်းမျိုးဖြစ်သည်။ အဆင့်မြင့်လာမှသာဖွင့်နိုင်ပြီး ဆေးပင်များကိုစိုက်ပျိုးနိုင်သည်။

ဖိုရမ်နည်းစနစ်အရ နောက်တစ်ခါအဆင့်တက်လျှင် ဆေးဥယျာဉ်ကိုဖွံ့ဖြိုးအောင်လုပ်နိုင်မည်ထင်သည်။





အခုလီခိုင်စိုက်နေတဲ့ဒိုနာစီမြက်ရင်းမျိုးစေ့ကို အဆင့် ၁ ဆေးဥယျာဉ်မှာ တကယ်စိုက်လို့ရလား?

ဆေးဥယျာဉ်ဖွင့်ရင် အဆင့် ၁ ဆေးဥယျာဉ်မှာမျိုးစေ့ချပြီး အပင်ပေါက်မည့်အချိန်ကိုတွက်ချက်ပြီးမှ လီခိုင်ရဲ့မြေကွက်ထဲတိတ်တိတ်လေးရွှေ့စိုက်ထားရင်ရော?

အထူးမြေကြီးနှင့် ဒီမျိုးစေ့ကအပင်ပေါက်ပြီးသား။ ရှင်သန်နိုင်စွမ်း +၂ ကြောင့် အပင်ရှင်သန်ဖို့ပြဿနာရှိမည်မဟုတ်။ အချိန်ယူကြီးထွားလာပြီး မျိုးစိတ်ဖြစ်နိုင်စွမ်း +၁ ကြောင့် အရည်အသွေးလည်းတက်လာနိုင်သည်။ အမှန်တကယ်ပျိုးထောင်ရနိုင်သည်။

အဲဒီအချိန်ကျရင် လီခိုင်အပေါ်လုံးဝပုံချလို့ရပြီ။

သို့ရာတွင် အရင်ဆုံးလီခိုင်၏ပျိုးထောင်မှုဘယ်လိုရှိလဲ ကြည့်ရဦးမည်။ နောက်ပြီး သူအဆင့်ထပ်တက်ဖို့စောင့်ရဦးမည်။

…

ကျောက်မိုချင်းနှင့်ချင်လင်က ရှေးဟောင်းဂင်ဂိုအကယ်ဒမီဖွင့်မည့်နည်းကိုဆွေးနွေးခဲ့သည်။ ရုံးခန်းထဲပြန်ရောက်သောအခါ လင်းလန်ဇီကိုရှာပြီး ရှေးဟောင်းဂင်ဂိုအကယ်ဒမီအကြောင်းပြော၍ ကြော်ငြာဗီဒီယိုရိုက်ခိုင်းလိုက်သည်။

လင်းလန်ဇီကညွှန်ကြားချက်ရသည်နှင့် ရှေးဟောင်းဂင်ဂိုခြံဝင်းထဲသွား၍ အခြေအနေကိုစစ်ဆေးကြည့်သည်။

ဒီနေရာလာတာ ပထမဆုံးအကြိမ်လည်းဖြစ်၏။ သူမက ရှေးဟောင်းဂင်ဂိုပင်နှစ်ပင်ဆီလျှောက်သွားရာ ဆရာလင်း၏ဇာတ်လမ်းအကြောင်း ကျောက်စာတိုင်နှစ်တိုင်ကိုတွေ့ရသည်။

သံသာပင်၏ဇာတ်လမ်းကိုဖတ်ပြီးသောအခါ ကျောက်ထိုင်ခုံတွင်ထိုင်၍ မျှော်လင့်စောင့်စားနေသည်။

သူဌေးကတော်က သူမကိုသံသာပင်အကြောင်းပြောလိုက်သည်။

သူဌေးကတော်ပြောသလို ထူးဆန်းမလား သူမစူးစမ်းလိုက်သည်။

ခဏအကြာ လေတိုက်လာပြီး ထင်ထားသည့်အတိုင်း သစ်ပင်မှအသံထွက်လာ၏။ ရှည်လျားပြီးသာယာသောအသံက သူမစိတ်ကိုချက်ချင်းငြိမ်သွားစေသည်။ စိတ်ထဲရှင်းပြီး သက်သောင့်သက်သာဖြစ်သွားသည့်ခံစားချက်က ပြောပြ၍မရနိုင်။

''တကယ် အရမ်းထူးဆန်းတာပဲ'' လင်းလန်ဇီကနားထောင်နေရင်း ရုတ်တရက်ဖုန်းထုတ်၍ အသံသွင်းထားလိုက်သည်။

သူမအကြံတစ်ခုရသွား၏။ ထို့ကြောင့် ကျောက်ထိုင်ခုံပေါ်မတ်တပ်ရပ်၍ တေးသံပိုကောင်းအောင် ဖုန်းကိုမြှင့်ထားလိုက်သည်။

ဒီသံသာပင်မှာ ဘယ်လိုအာနိသင်ရှိလဲ သူမစမ်းကြည့်ချင်သည်။

လေတိုက်ရပ်သွားသည်။ သစ်ပင်များတေးသံလည်းရပ်သွား၏။ သူမစောင့်နေသည်။ လေတိုက်ပြီး သစ်ပင်မှတေးသံပြန်ထွက်လာသောအခါ သူမဖုန်းပြန်မြှင့်လိုက်သည်။

ဤကဲ့သို့ ၁၀ ကြိမ်မကလုပ်ပြီးနောက် သူမကရပ်၍ အသံသွင်းထားသည်ကိုဖွင့်လိုက်သည်။

ဖုန်းတွင်ချက်ချင်း သစ်ပင်တေးသံထွက်လာသည်။

ထိုအခိုက်တွင် လင်းလန်ဇီ၏မျက်လုံးများဝင်းလက်သွား၏။ ထိုခံစားချက်ပြန်ပေါ်လာသည်။ ခံစားချက်က သံသာပင်ကိုအပြင်မှာနားထောင်ရသလိုအားမကောင်း၊ သက်ရောက်မှုအလွန်ညံ့သော်လည်း အသံသွင်းထားသောသံသာပင်တွင် သက်ရောက်မှုတချို့ရှိသေးသည်။

နောက်ပြီး ထိုသက်ရောက်မှုက စိတ်ခံစားချက်နှင့်ဖိအားများကိုသက်သာစေသော တခြားပေါ့ပေါ့ပါးပါးတေးသံများထက် လုံးဝပိုကောင်းသည်။

ဒါကိုစံအိမ်အနှံ့ဖွင့်ထားရင် ခရီးသည်အားလုံးကို ပိုကောင်းသောအတွေ့အကြုံပေးနိုင်လိမ့်မည်။

ဖုန်းနှင့်အသံသွင်းထား၍ ဆူညံသံများနေခြင်းသာ။ အထူးအသံသွင်းကိရိယာသုံးရင် အာနိသင်ပိုကောင်းလာမလား?

သို့သော် လက်ရှိစံအိမ်တွင် ဒီလိုကိရိယာမျိုးမရှိ။

လင်းလန်ဇီက သူမဖုန်းကို ကျောက်မိုချင်းရုံးခန်းထဲတန်းယူလာကာ_

''ဥက္ကဌကျောက်... တို့မာတီမီဒီယာဌာနမှာ အခန်းပြင်အသံသွင်းတဲ့အထူးကိရိယာလိုချင်တယ်''

ကျောက်မိုချင်းက ဇဝေဇဝါနှင့်မေးလိုက်သည်_

''အစ်မလန်ဇီ... ဘာလို့ရုတ်တရက်ကြီး အဲဒါဝယ်ချင်ရတာလဲ?''

လင်းလန်ဇီက သူမဖုန်းနှင့်အသံသွင်းထားသောသံသာပင်အသံကို ကျောက်မိုချင်းအားချက်ချင်းဖွင့်ပြလိုက်သည်။

ဖုန်းထဲမှသစ်ပင်၏မြည်သံကြောင့် ကျောက်မိုချင်းမျက်လုံးတွင် အံ့ဩပုံပေါက်သွားသည်။ ထို့နောက် သူမကပြတ်ပြတ်သားသားပြောလိုက်၏_ ''ဝယ်မယ်... ပိုကောင်းတဲ့အခန်းပြင်အသံဖမ်းကိရိယာဝယ်လိုက်ပါ''

စောစောက သူမဘာလို့မတွေးမိပါလိမ့်?

အခုကြားလိုက်ရတော့ ဒါကိုသာစံအိမ်ရဲ့တချို့နေရာတွေမှာဖွင့်ထားရင် ဘယ်လောက်အထက်တန်းကျမလဲဟု စိတ်ကူးမိသွားသည်!





All Chapters