#ရွှမ်မင်ချောက်ကမ်းပါး#
Vol. 23 Ch. 323
ရွှမ်မင်ချောက်ကမ်းပါးက ထိပ်တန်း၌ အဆုံးသတ်တခုပမာဖြစ်နေသော်လည်း ကုန်းတွသ်းက ပထမတန်းစားအင်အားစုတခုဖြစ်နေပါသေးသည်။
၎င်း၏နက်ရှိုင်းသောနောက်ခံနှင့် ခွန်အားက သာမန်အင်အားစုများ မထိတွေ့နိုင်သည့် အရာတစ်ခုပင်။
ရွှမ်မင်ချောက်ကမ်းပါးကလူများ ရောက်လာစဉ် ခေါင်းဆောင်က အဖိုးကြီးတစ်ဦးဖြစ်သည်။
အဖိုးကြီး၏ မုတ်ဆိတ်များက ရှည်လျားနေပြီး ဆံပင်နက်များရှိသော်လည်း သူ့မျက်လုံးများက စိမ့်၀င်နေကာ နှာခေါင်းက ကောက်နေသည်။
အဖိုးကြီး တံခါးပေါက်ကနေ ၀င်လာစဉ် ဘေးဘီဝဲယာ၌ရှာဖွေလိုက်သည်။
ယဲ့ချိုးပိုင်တို့သုံးယောက်ကို သူကြည့်လိုက်မိသောအခါ သူ့မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
ဟမ်!
ယဲ့ချိုးပိုင်လည်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။
ထိုအဖိုးကြီး၏မျက်လုံးထဲ၌ အမုန်းတရားများရှိနေတာကို သူမြင်နိုင်ပါသည်။
သူတို့က ဤရွှမ်မင်ချောက်ကမ်းပါးနှင့် တခါမှမတွေ့ဖူးလေရာ ဘာမှမဆိုင်ပေ။
ခင်ဗျားကျုပ်ကိုဘာလို့ ဒီလိုမျိုးကြည့်နေရတာလဲ!
ချက်ချင်းဆိုသလို ယဲ့ချိုးပိုင်ဘေးက ရှီရှန်းနှင့်ရှောင်ဟိုင်ကိုကြည့်လိုက်သည်။
ရှီရှန်းက ယဲ့ချိုးပိုင်ဘာကိုဆိုလိုသည်ကို နားလည်သဖြင့် ခေါင်းကိုအနည်းငယ် ခါယမ်းကာ သူအရင်ကတခါမှ မတွေ့ဖူးကြောင်း ပြသသည်။
ရှောင်ဟိုင်ကလည်း ဝေခွဲမရဖြစ်နေပုံရသည်။
သူတို့ထဲကတစ်ယောက်မှ မတွေ့ဖူးသည်က သိသာထင်ရှားနေလေသည်။
ဒီလိုဆိုရင်ဘာဖြစ်လို့လဲ!
ယဲ့ချိုးပိုင် နယ်နိမိတ်မဲ့ပိုင်နက်၌ အရာတခုကို ဖြေရှင်းခဲ့သည်။
သူတို့ဤနယ်မြေသို့ရောက်လာသောအခါ ကိစ္စနှစ်ခုကလွဲ၍ တခြားမည်သည့်အရာမှ မလုပ်ခဲ့ပါ။
တခုက ကြေးစားအစည်းအရုံးကို၀င်ပြီး ကျန်းတခုက ယန်မိသားစုနှင့် ပူးပေါင်းခုင်းပင်။
ထို့နောက် သူက ယန်မိသားစု၏ ခွန်းလွန်ကောင်းကင်ဘုံရေကန်ပြိုင်ပွဲ၌ ပါ၀င်ရန်အတွက် အခွင့်အရေးရခဲ့သည်။
စသဖြင့် နေရာပြိုင်ပွဲ!
မြို့တော်၀န်စံအိမ်!
အနိုင်ရသူအုပ်စု၌ မြို့တော်၀န်ကျင်းယုံဂန်၏ သမီးဖြစ်သူ ကျင်းယုံချီက အေးခဲဝိဉာဉ်ဂိုဏ်း၀င်တစ်ဦးဖြစ်သည်။
အေးခဲဝိဉာဉ်ဂိုဏ်းကလူများက အမျိုးသမီးများသာဖြစ်ကြသည်။
ထို့ကြောင့် ဤလူက အေးခဲဝိဉာဉ်ဂိုဏ်း၀င်တစ်ဦးမဖြစ်နိုင်ပေ။
ဤသည်ကိုပယ်ချလိုက်မည်ဆိုပါက တခြားတယောက်က မြို့တော်၀န်၏သားဖြစ်သည့် ကျင်းဟုန်မြောင်ပေတည်း။
သူကလည်း ကုန်းတွင်းပိုင်း၌ ပထမတန်းစားအင်အားစုတခုတွင် ၀င်ခဲ့သည်ဟု ကောလဟာလရှိပြီး အကြီးအကဲတစ်ဦး၏ တပည့်အဖြစ် လက်ခံခြင်းခံခဲ့ရသည်။ သို့သော်ဂိုဏ်းနာမည်ကို မသိပေ။
ရှီရှန်းက ကျင်းဟုန်မြောင်ကို ထိပ်တိုက်တွေ့ရာ၌ ချေမှုန်းပစ်ခဲ့ပြီး အပြင်းအထန် ဒဏ်ရာရစေကာ နှလုံးသားကို တုန်ခါသွားစေခဲ့သည်။
ဒီမုန်းတီးမှုက ကြီးမားခဲ့တာလား!
ကြီးမားတာ!
တာအိုကိုတုန်လှုပ်သွားစေခြင်းက လူတစ်ယောက်၏အနာဂတ်ကျင့်ကြံခြင်း၌ သက်ရောက်စေနိုင်သည်။
အကယ်၍ လေးနက်မည်ဆိုပါက ဤအဆင့်နောက်က နယ်ပယ်တွင်သာ ရှိနေမည်ဖြစ်ပြီး တိုးတက်မှုရှိတော့မည်မဟုတ်။
ထို့ကြောင့် ကျင့်ကြံသူများက ဤသည်ကို အများဆုံးတန်ဖိုးထားကြသည်။
ဆိုလိုတာက ဤရွှမ်မင်ချောက်ကမ်းပါးက ကျင်းဟုန်မြောင်၏ဂိုဏ်းပေတည်း။
ယဲ့ချိုးပိုင်ထရပ်ကာ ရွှမ်မင်ချောက်ကမ်းပါးကို ဦးဆောင်လာသည့် အကြီးအကဲများအားပြုံးပြသည်။
"စီနီယာ၊ ခင်ဗျားဒီကို ကျင်းဟုန်မြောင်ရဲ့ကိစ္စတွေအတွက် လာခဲ့တာလား"
အကြီးအကဲကအနည်းငယ် အံ့ဩသင့်သွားပြီးနောက် နှာခေါင်းရှုံ့လိုက်သည်။
"မင်းကဉာဏ်ကောင်းသားပဲ၊ ငါ့ကိုတွေ့ရုံနဲ့ ငါလာလည်ရတဲ့ ရည်ရွယ်ချက်ကို မင်းသိနိုင်တယ်"
ယဲ့ချိုးပိုင် ခပ်ဖျော့ဖျော့ပြုံးသည်။
"စီနီယာ၊ ဒါကမှန်းဆကြည့်ဖို့ မခက်ခဲပါဘူး၊ ဘာပဲဖြစ်ဖြစ် ကျုပ်က ဒီလူနှစ်ယောက်ကိုပဲ စော်ကားခဲ့တာပါ၊ သူတို့ကို အခုထိမသတ်ရသေးပါဘူး"
(အင်အားစုနှစ်ခုကိုစော်ကားခဲ့တယ်လို့ပြောချင်တာပါ"
"လေသံက မောက်မာလိုက်တာ"
အကြီးအကဲနောက်က တပည့်တစ်ဦးက အော်ဟစ်လိုက်သည်။
"ငါတို့ရဲ့မူလဇစ်မြစ်ကိုသိတာတောင် မင်းက အတော်လေးမောက်မာနေသေးတာလား၊ မင်းသေမှာကို တကယ်မကြောက်တာလား"
ထိုတပည့်၏ကိုယ်က သိုင်းဧကရာဇ်တ၀က်အဆင့်အော်ရာဖြင့် ဖုံးလွှမ်းသွား၏။
ဤသည်က ကျင်းဟုန်မြောင်နှင့် တူညီလုနီးပါးပင်။
"သေခြင်းတရားလား" ဤစကားလုံးကို ကြားသောအခါ ယဲ့ချိုးပိုင်ခပ်ပေါ့ပေါ့ရယ်မောလိုက်သော်လည်း သူ့မျက်လုံးအစုံက အေးစက်သွားသည်။
"သေချာပေါက် ငါကြောက်တာပေါ့၊ ဒီကမ္ဘာကြီးထဲမှာ နှလုံးသားမှာ စွဲလမ်းမှုနဲ့ရည်မှန်းချက်တွေရှိနေသရွေ့ သေခြင်းတရားကို မကြောက်တဲ့သူဘယ်သူရှိလဲ"
"ဒါဆိုဘာလို့ သနားညှာတာပေးဖို့အတွက် အမြန်မတောင်းပန်သေးတာလဲ"
"သနားသက်ညှာပေးဖို့အတွက် ခယတောင်းပန်တာက အသုံး၀င်လား"
ဘေးက ရှီရှန်းကထရပ်သည်။
"ဒါကိုငါလုပ်ခဲ့တာ၊ တကယ်လို့မင်းငါ့ကို သတ်ချင်တယ်ဆိုရင် သတ်လို့ရတယ်၊ ဒါပေမယ့် မင်းကမလုံလောက်သေးဘူး"
သူ့နောက်ကတပည့်က ဒေါသတကြီးရယ်မောစဉ် သူ့လက်အစုံ၌ အေးစက်ပြီး အမှောင်စွမ်းအင်တခုထွက်လာခဲ့သည်။
ထို့နောက်ချက်ချင်းဆိုသလို ရှီရှန်းထံပြေး၀င်သွားပြီး လက်ဖဝါးတချက် ပစ်လွှတ်လိုက်သည်။
ရွှမ်မင်လက်ဖဝါး!
ရှီရှန်းကလည်း အင်ပါယာမင်ရွှမ်ပုဆိန်ကို ထုတ်ယူကာ တစ်ချက်တည်းဖြင့် ရိုက်ချလိုက်၏။
တိုက်ပွဲပြီးနောက် ရှီရှန်း၏နယ်ပယ်က ထပ်မံတိုးတက်လာခဲ့သည်။
အနက်ရောင်ပုဆိန်ပေါ်၌စီးဆင်းနေသည့် ကြယ်စွမ်းအားက အလေးချန်သောင်းချီ လေးလံနေသည့်အလားပင်။။
ပုဆိန်ဖြင့်တချက်ရိုက်ချလိုက်စဉ် ပုဆိန်က လုံး၀မကျခင်မှာပင် အောက်ကသစ်သားစားပွဲက လေဟာပြင်ကထွက်လာသည့် ဆွဲငင်အားကို မခံနိုင်တော့ဘဲ အပိုင်းပိုင်းအစစကွဲထွက်သွားသည်။
ပုဆိန်က ရွှမ်မင်လက်ဖဝါးပေါ်သို့ ကျရောက်လာသောအခါ ထိုတပည့်၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။
ပါးစပ်အပြည့်သွေးတစ်လုပ်အန်လိုက်ပြီးနောက် အပြင်းအထန်နောက်ဆုတ်လိုက်ရသည်။
အကြီးအကဲက ဤသည်ကိုမြင်သောအခါ သူ့မျက်နှာက မည်းမှောင်သွားပြီး လက်ဖဝါးကို သူ့တပည့်နောက်ကျောပေါ်၌ ထားကာ တည်ငြိမ်အောင်လုပ်သည်။
တချိန်တည်းမှာပင် သူ့တပည့်ကိုယ်ထဲ၌ စီးဆင်းနေသည့် ကြယ်စွမ်းအားကို အလွယ်တကူ ဖယ်ရှားသွားခဲ့သည်။
ယဲ့ချိုးပိုင်အနည်းငယ်လေးနက်သွားသည်။
ဤရိုက်ချက်နှင့်အတူ အကြီးအကဲက ညင်သာသည့်အငွေ့အသက်တခုကို ထုတ်လွှတ်ခဲ့သည်။ ဤသည်က သိုင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်ထက် အနည်းငယ်ပို၍အားကောင်းသည်။
သိုင်းဧကရာဇ်နယ်ပယ်နောက်ဆုံးအဆင့်ရှိ ကျင်းယုံဂန်ပင်လျှင် ဤသို့မလုပ်နိုင်ပါ။
ဆိုလိုတာက ဤလူ၏အခြေအနေက အနည်းဆုံးတော့ အာရုံထွေပြားခြင်းအခြေအနေတွင် ရှိနေသည်ကိုပင်။
ဤသည်က ရွှမ်မင်ချောက်ကမ်းပါး၏ အကြီးအကဲပေတည်း။ အမှန်တကယ်ပင် အားကောင်းလှသည့် အာရုံထွေပြားခြင်း အနေအထားတခုပေတည်း။
ထို့ကြောင့်လက်ထဲတွင် ကျောက်စိမ်းဆွဲသီးကိုကိုင်ကာ ရန်သူ၏တိုက်ခိုက်မှုက မြန်ဆန်ပြီး တုံ့ပြန်မှုနောက်ကျသွားမည်ကို စိုးရိမ်သည့်အလား ဓားအခင်းအကျင်းကို အချိန်မရွေး ဆင့်ခေါ်ရန် အသင့်ဖြစ်နေသည်။
အကြီးအကဲက ထိုမြင်ကွင်းကို နှာခေါင်းရှုံ့လျက်ပြောသည်။
"ငါ့မှာလည်း သတ္တိနည်းနည်းရှိပါတယ်"
"ဒါပေမယ့် မင်းမလှုပ်ရှားဘူးဆိုရင် မင်းသေခြင်းနဲ့အဆုံးသတ်သွားရလိမ့်မယ်"
"ဘာမှမဖြစ်ပါဘူးလေ၊ ငါတို့ရွှမ်မင်ချောက်ကမ်းပါးရဲ့ တပည့်က အနိုင်ကျင့်ဖို့ မလွယ်ကူဘူးဆိုတာ ငါမင်းတို့ကိုသိစေချင်တယ်"
ဤနေရာကလူများက စတင်ထွက်ခွာနေကြပြီဖြစ်ကာ ထိုစကားလုံးများကို ကြားသောအခါ ယဲ့ချိုးပိုင်တို့အား သနားညှာတာသည့်အသွင် ကြည့်နေကြသည်။
ရွှမ်မင်ချောက်ကမ်းပါးက ပထမတန်းစားအင်အားစုများစွာကို စော်ကားခဲ့သည်။
ကြည့်ရသည်မှာ ဤသုံးယောက်က ဤနေရာ၌ ရှင်းပြရတော့မည့်ပုံပင်။ ရွှမ်မင် ချောက်ကမ်းပါးက ပထမတန်းစားအင်အားစုတခုဖြစ်ပြီး ဤနာမည်က အလကားရထားခြင်းမဟုတ်။
ရွှမ်မင်ချောက်ကမ်းပါး၏မျိုးရိုးက ယန်ကျီအစီရင်ခံတင်ပြသင့်သည်ထက် ပို၍ပင် ကျော်ကြားသည်။
သူတို့က သူ့တပည့်များကိုအနိုင်ကျင့်လေရာ ရွှမ်မင်ချောက်ကမ်းပါးက လင်းယီချန်းတို့ကို လွတ်မြောက်ခွင့်ပေးမည်မဟုတ်။
အဖိုးကြီးကထပ်၍မပြောတော့။
သူ့အတွက်မူ ယဲ့ချိုးပိုင်တို့က သေလူဖြစ်နေလေပြီ။
ချက်ချင်းဆိုသလို အငွေ့အသက်တခုထွက်လာသည်။ တခဏအတွင်း စားသောက်ဆိုင်တခုလုံးက တင်းကြပ်မှုဖြင့် ပြည့်နှက်သွား၏။
ဤဖိအားအောက်တွင် ထိုစားပွဲများ၊ ခုံများနှင့် ပတ်ပတ်လည်ပစ္စည်းများက ပြိုကွဲပျက်စီးသွားကြသည်။
စားသောက်ဆိုင်က လူများ၏အမူအရာများကလည်း ပြောင်းလဲသွားပြီး တယောက်ပြီးတယောက် ထွက်သွားကြသည်။
ယခုလိုကြောက်မက်ဖွယ်လေထုအောက်တွင် သူတို့က လုံး၀ခုခံနိုင်ခြင်းမရှ်။
ဤအာရုံထွေပြားခြင်းအခြေအနေက စွမ်းအားရှင်က အတော်လေးကြောက်မက်ဖွယ်ကောင်းသည်။
ယဲ့ချိုးပိုင်ကိုယ်ပတ်ပတ်လည်၌ မဟာဓားဂိုဏ်း၏ အဓိပ္ပာယ်က အကြမ်းပတမ်း ထိုးတက်လာသည်။
ရှီရှန်းတကိုယ်လုံး၌ ကြယ်စွမ်းအားက နံရံတခုပဖြစ် ပြောင်းသွားပြီး တားဆီးရန်အတွက် ကြိုးစားနေသည်။
ရှောင်ဟိုင်၏မျက်လုံးအစုံတွင် မှော်အစုအဝေးတခုရှိနေပြီး ပြန်ထလာပြီးနောက်တွင် မှော်စွမ်းအင်များက ထိုးတက်လာသည်။
ပြိုင်ဘက်က လှုပ်ရှားသည်နှင့်တပြိုင်နက် နတ်ဆိုးနတ်ဘုရားထွကါလာပေလိမ့်မည်။
အကြီးအကဲကအနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။
"မဟာဓားဂိုဏ်း၊ နတ်ဆိုးကျင့်ကြံသူ၊ ကြယ်စွမ်းအား၊ ဒီလိုဆိုရင်တော့ ငါမင်းတို့ကို ထားလို့မရတော့ဘူး"
စကားပြောပြီးသည်နှင့် အကြီးအကဲက လက်တချောင်းဖြင့် ညွှန်လိုက်စဉ် အေးစက်သည့်စွမ်းအင်ဖြင့် ပြည့်နှက်နေသော အလင်းတန်းတစင်းက ယဲ့ချိုးပိုင်သုံးယောက်ထံ ချက်ချင်းပစ်၀င်သွားသည်။
ဤအေးစက်သောလေထု!
ဤထဲတွင် ရေခဲအဓိပ္ပာယ်ပါ၀င်နေသည်သာမက သေခြင်းတရား၏အငွေ့အသက်တခုလည်းရှိနေသည်။
နှစ်ခုလုံးပေါင်းစပ်လိုက်သောအခါ စွမ်းအားက သိသိသာသာပင် တိုးလာသည်။
အနုပညာအသိ၏ပေါင်းစပ်ခြင်းဖြင့် ၎င်း၏စွမ်းအားက တစ်နှင့်တစ်ပေါင်း နှစ်ရသည်နှင့်ညီမျှသည့်အသွင်မဟုတ်ဘဲ မြောက်လိုက်သည်နှင့်ပိုတူသည်။
ဤအေးစက်သည့်အလင်းတန်းက သုံးယောက်စလုံးကို ပို၍သတိကြီးစေသည်။
ရှောင်ဟိုင်က ဆင်းသက်လာသည့် နတ်ဆိုးနတ်ဘုရားကို တိုက်ရိုက်ပင် ထုတ်လွှတ်သည်။
နတ်ဆိုးနတ်ဘုရားပုံရိပ်ယောင်က ဤစားသောက်ဆိုင်၏ အမိုးကို တိုက်ရိုက်ပင် ချိုးဖျက်၀င်ရောက်ကာ ကောင်းကင်နှင့် မြေကြီးအကြား ရပ်နေသည်။
ယဲ့ချိုးပိုင်ကလည်း သူ့၏ဓားလက်ချောင်းကို ထုတ်လိုက်စဉ် ဓားစက်ကွင်းက မွေးဖွားလာသည်။
အကြွင်းမဲ့ ဓားလေးစင်းဖွဲ့စည်းမှုပုံစံက ထိုထဲတွင်စုဝေးလာသည်။
ရှီရှန်းကလည်း ကြယ်များကိုစုစည်းထားသည့် ဥက္ကာခဲတခုအလား ဤတိုက်ချက်ကို ခုခံချင်နေသည်။
ဤတိုက်ချက်က သူတို့ထံ သေခြင်းတရား၏ ခြိမ်းခြောက်မှုတခုကို သယ်ယူလာသည်။
အာရုံထွေးပြားခြင်းစွမ်းအားရှင်က ယဲ့ချိုးပိုင်တို့သုံးယောက် ယခုဖြတ်ကျော်နိုင်သည့် တည်ရှိမှုတခုမဟုတ်ပါ။
ထိုတိုက်ချက်ကသူတို့အပေါ် ကျရောက်တော့မည့်အချိန်တွင် စုတ်ပြတ်သတ်နေသည့်အ၀တ်အစားများနှင့် အဖိုးအိုတစ်ယောက်က သူတို့ရှေ့တွင်ပေါ်လာခဲ့သည်။
အပိုင်း(324) coming။