#လက်သီးကအမှန်တရား#
Vol. 23 Ch. 324
ကြယ်စွမ်းအား!
မှော်ထိန်းချုပ်သူ!
ယခုလိုငယ်ရွယ်သည့် မဟာဓားဂိုဏ်း!
ဤသုံးယောက်က အတော်လေးပါရမီရှိသည့်သူများပေတည်း။
ရွှမ်မင်ချောက်ကမ်းပါး၌ ပါရမီရှင်များ တည်ရှိလျှင်ပင် ဤသည်က အံ့ဖွယ်ပါရမီရှိသည့်ဖြစ်တည်မှုတခုပင်။
သူတို့က စော်ကားခဲ့ကြပြီဖြစ်လေရာ မကြီးထွားလာခင် မွေးကင်းစကလေးအရွယ်ကတည်းကပင် သတ်ပစ်ရပေမည်။
ဤသည်က ရွှမ်မင်အကြီးအကဲ၏ စိတ်ကူးဖြစ်ပြီး လူတိုင်း၏စိတ်ကူးဟုလည်း ဆို၍ရသည်။
အကယ်၍ မျက်နှာရရန် အတွက် လူတစ်ယောက်ကိုစော်ကားပြီး သင့်ခွန်းအားနှင့်ပုံရိပ်က သင်မျက်နှာမရနိုင်လောက်သည်အထိ ယခုအတော်လေးမြင့်မားနေမည်ဆိုပါက သင်မဆောင်ရွက်ရန်အတွက် ရွေးချယ်ခဲ့သည်။
ဤသို့ဖြင့် အနာဂတ်တွင် ပြိုင်ဘက်က တောင်ပံပြည့်၀သွားသောအခါ သေချာပေါက် ကပ်ဘေးတခုကို ကျိန်းသေကြုံရပေလိမ့်မည်။
ထို့ကြောင့် ရွှမ်မင်အကြီးအကဲက သူ့လက်ကို မထိန်းချုပ်ဘဲ သူလှုပ်ရှားလိုက်သည်နှင့်တပြိုင်နက် အာရုံထွေပြားခြင်း အခြေအနေက စွမ်းအားရှင်တစ်ယောက်၏ ကြောက်မက်ဖွယ်စွမ်းအားကို ပြသခဲ့သည်။
ဤသည်အပြင် တိုက်ချက်က ထိုသုံးယောက်ထံ ကျရောက်လုဆဲမှာပင် တိုက်ခိုက်မှုလမ်းကြောင်း၌ ဖြစ်ကတတ်ဆန်းနိုင်လှသည့် အဖိုးအိုတစ်ယောက် ရုတ်တရက်ပေါ်လာခဲ့သည်။
အဖိုးအိုက လူတိုင်း၏ကြောက်လန့်နေသည့်အကြည့်အောက်တွင် လက်ချောင်းကို ဖြည့်ညင်းစွာဆန့်ထုတ်ကာ အေးစက်သည့် အလင်းတန်းအပေါ်သို့ တောက်လိုက်သည်။
ဤအေးစက်သည့်အလင်းက တခဏမျှသာ ကြာမြင့်ခဲ့ပြီး တိုက်ရိုက်ပင် အရည်ပျော်သွားသဘ်။
ဤသည်ကိုမြင်ရသောအခါ ရွှမ်မင်အကြီးအကဲ၏မျက်နှာက ထိတ်လန့်မှုသို့ ကူးပြောင်းသွားသည်။
သူက အာရုံထွေပြားခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်တည်ရှိမှုပင်။
ခွန်းလွန်မြို့၌ သူ့ခွန်အားကို ထိပ်တန်းအဖြစ် သတ်မှတ်၍ရသည်။
သူ့ရှေ့ကအဖိုးအိုက မနိုးတော့သလို သူ့မျက်လုံးများက အိပ်ငိုက်နေသကဲ့သို့ သူ့လက်တစ်ဖက်ကလည်း ပါးစပ်ကို ပွတ်ရင်း သမ်းနေလေသည်။
သူကဂရုမစိုက်သည့်ပုံပင်။
သူကသူ့ခွန်အားအလုံးစုံကိုမသုံးခဲ့သည်က သိသာထင်ရှားနေသည်။ ဒါက ကျပန်းတားဆီးမှုတခုသာ။
ဒါတောင်သူ့တိုက်ချက်ကို ခုခံခဲ့တာလား!
သူ့ခွန်အားက ရွှမ်မင်အကြီးအကဲထက် များစွာမြင့်မားသည်ဟုဆို၍ရသည်။
ကျန်သောသူများက ဤမြင်ကွင်းကို မြင်သောအခါ ကြက်သေသေနေကြသည်။
ရွှမ်မင်ချောက်ကမ်းပါးကို စော်ကားရဲသည့်လူတွင် ထောက်ပံ့သူရှိနေသည်က အံ့ဩသင့်စရာမရှိတော့။
သို့စေကာမူ မည်ကဲ့သို့သော် အစွမ်းထက်အင်အားစုမျိုးက အစောင့်အဖြစ် ယခုလို စေလွှတ်နိုင်လေသနည်း။
ဤနေရာ၌ပထမတန်းစားအင်အားစုများသာဖြစ်သည်။ ဤသည်အပြင် ယဲ့ချိုးပိုင်တို့သုံးယောက်၏ ကိုယ်ပိုင်လက္ခဏာများက ဤပထမတန်းစားအင်အားစု၌ သေချာပေါက် ချောမွေ့မည်မဟုတ်။
သို့သော် ယဲ့ချိုးပိုင်တို့သုံးယောက်က အနည်းငယ် ထိတ်လန့်သွားခဲ့ကြသည်။
ဤညစ်ပေပေအဖိုးအိုကို သူတို့သိသည်။
သို့သော် သူတို့တစ်ဘက်ကိုသာသိထားသည်။ ဤအဖိုးအိုက သူတို့ ခွန်းလွန်မြို့လမ်းမပေါ်၌ရှိစဉ်က သူ့ကို သံချေးတက်နေသည့်သံပြားကို ပေးခဲ့သည့်အဖိုးအိုပင်။
ထိုအချိန်က ဤလူ၏ခွန်အားက ထူးခြားသည်ဟု သူခံစားခဲ့ရသော်လည်း ယခုတွင်မူ တကယ်ဖြစ်ကြောင်း သူတွေ့ရလေပြီ။
သို့သော် တခုတည်းသောအချက်က သူကဘာလို့ မိမိတို့ကို ကူညီပေးရလေသနည်း။
ယဲ့ချိုးပိုင်အနည်းငယ်စိတ်ရှုပ်နေသည်။
မည်သို့ပင်ဆိုစေကာမူ အဖိုးအိုနှင့်သူတို့အကြား ခင်မင်ရင်းနှီးမှုမရှိပါ။
ရွှမ်မင်အကြီးအကဲ၏မျက်နှာက လေးနက်ကာ ကြည့်ရဆိုးသွားသည်။
ထိုနက်ရှိုင်းသည့်မျက်လုံးအစုံက အံ့ဩသင့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
"ခင်ဗျားဘယ်သူလဲဆိုတာ ကျုပ်မေးလို့ရမလား"
ဂွတီးဂွကျအဖိုးအိုက သမ်းဝေပြီးနောက် သူ့ကိုယ်ပေါ်က အ၀တ်စုတ်ကို ပွတ်သပ်လိုက်စဉ် အ၀တ်ပေါ်၌ ဖုန်ထူထူတစ်လွှာ ရှိနေခဲ့သည်။
"ငါဘယ်သူလဲဆိုတာအရေးမကြီးသလို မင်းသိစရာလည်းမလိုဘူး"
ဤသည်ကိုကြားသောအခါ ရွှမ်မင်အကြီးအကဲ၏မျက်နှာက ပြာနှမ်းကာဖြူဖျော့သွားပြီးနောက် လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။
"စီနီယာက ဘယ်သူလဲဆိုတာ ကျုပ်မသိပ်ေယ့် စီနီယာနောက်က ဂျူနီယာက ကျုပ်တို့ ရွှမ်မင်ချောက်ကမ်းပါးရဲ့တပည့်ကို နာကျင်စေခဲ့တယ်၊ ဒီတော့ ကျေးဇူးပြုပြီး ဘေးဖယ်နေပေးပါ"
ဂွတိဂွကျအဖိုးအိုက ဟန်ဆောင်ပန်ဆောင် ရယ်မောလိုက်လေသည်။
"ငါ့မျိုးဆက်ကလူတွေက ကောင်းကင်နဲ့မြေကြီးကို ယှဉ်ပြိုင်ရုံတင်မက သူတို့ အဖွဲ့၀င်တွေနဲ့လည်း ယှဉ်ပြိုင်ကြတယ်"
"တိုက်ပွဲတခုဖြစ်နေတယ်ဆိုမှတော့ ထိခိုက်ဒဏ်ရာရသူမရှိဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ"
ရွှမ်မင်အကြီးအကဲကပြန်ချေပသည်။
"ဒီလိုဆိုရင် စီနီယာရဲ့တပည့်တစ်ယောက်က အသတ်ခံရမယ်ဆိုရင်ရော စီနီယာဘာလုပ်သင့်လဲ"
ဂွတီးဂွကျအဖိုးအိုက တွေးပင်မတွေးတော့ဘဲ ရှင်းရှင်းလင်းလင်းပင်ဖြေသည်။
"သတ်ခဲ့တဲ့လူကို ငါသေချာပေါက်သတ်မှာပေါ့ဟ၊ ဒါကတွေးနေစရာလိုလို့လား၊ဒီလိုမေးခွန်းမျိုးကို လာမေးတယ်ဆိုကတည်းက မင်းကအတော်လေးတုံးအတာပဲ"
ယဲ့ချိုးပိုင်တို့သုံးယောက်က တခဏတာမျှ ဆွံအနေကြသည်။
ဒီလိုနက်ရှိုင်းပြီးအသိမြင်ကြွယ်၀တဲ့ စကားလုံးတွေကို အခုလေးတင် ပြောလိုက်တာလား!
အခုကိုယ့်မျက်နှာကိုယ်ရိုက်နေတာလား!
ရွှမ်မင်အကြီးအကဲ၏မျက်နှာက ကြည့်ရဆိုးနေခဲ့သည်။
"စီနီယာက ကျုပ်ကိုလှည့်စားနေတာများလား"
"မဟုတ်ဘူး၊ မဟုတ်ဘူး"
ဂွတီးဂွကျအဖိုးအိုက မြေကြီးပေါ်ထိုင်ချလိုက်ပြီး ကျိုးပဲ့နေသည့်ဝိုင်ကရားတခုကို ကောက်ယူသည်။ အထဲတွင်အနည်းငယ် ကျန်သေးသဖြင့် သူကတကျိတ်တည်း မော့သောက်လိုက်သည်။
ထို့နောက်ကျယ်လောင်စွာရယ်မောသည်။
"ငါမင်းကိုအခုအရမ်းလက်တွေ့ကျတဲ့ အရာတခုကိုသင်ပြနေတာပါ၊ လက်သီးကြီးရှိတဲ့လူတွေက သူတို့ပြောတာမှန်တယ်လို့ ပြောကြတယ်"
ဤစကားလုံးများကိုကြားသောအခါ ရွှမ်မင်အကြီးအကဲက လေးနက်သည့်အသံဖြင့်မေးသည်။
"စီနီယာက ကျုပ်တို့ရွှမ်မင်ချောက်ကမ်းပါးရဲ့ ရန်သူဖြစ်ချင်တာများလား"
"ရွှမ်မင်ချောက်ကမ်းပါး"
အဖိုးအိုက ယခုလေးတင်မှ တွေးနေသည့်အလား တခဏမျှတွေးတောနေပြီးနောက် ရုတ်တရက်ပြောလာသည်။
"အိုး... ငါသတိရပြီ၊ ရွှမ်မင်ဇီရဲ့ဂိုဏ်းမလား၊ ဟားဟား၊ အဲဒီကလေးရဲ့ဂိုဏ်းက ငါအဖိုးကြီးကို ခြိမ်းခြောက်ဖို့ မလုံလောက်သေးဘူး"
ဤသည်ကိုနားထောင်ပြီးနောက် ရွှမ်မင်အကြီးအကဲ၏မျက်နှာက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
ရွှမ်မင်ဇီသည် ရွှမ်မင်ချောက်ကမ်းပါး၏ အရှင်ဖြစ်သည်။
ရွှမ်မင်ဇီနာမည်၏တားမြစ်ချက်က လျှို့ဝှက်ချက်တခုမဟုတ်သော်လည်း နာမည်ကိုတိုက်ရိုက်ခေါ်နိုင်ပြီး အနည်းငယ်မျှပင် အရောင်မပြောင်းသွားသည့်လူများက အနည်းငယ်သာရှိသည်။
မည်သို့ပင်ဆိုစေကာမူ ရွှမ်မင်ဇီက ဤတိုက်ကြီးထဲက ထိပ်တန်းစွမ်းအားရှင်များအနက်တစ်ဦးဖြစ်ပြီး တာအိုနယ်ပယ်က စွမ်းအားရှင်တစ်ဦးပင်။
ဖြစ်နိုင်တာက......
ရွှမ်မင်အကြီးအကဲ အံ့ဩသင့်စွာ ခေါင်းမော့လျက် ဂွတိဂွကျနိုင်သည့် အဖိုးအိုကိုကြည့်လိုက်သည်။
"ခင်ဗျားကလည်း အားကောင်းတဲ့လူတစ်ယောက် ဖြစ်နေတာလား"
"ခင်ဗျားကဘယ်သူလဲ"
အဖိုးအိုက မဖြေပေ။
သူ့ထင်မြင်ချက်တွင် သူပြောပြီးသားကို ထပ်၍မပြောချင်တော့။
ရွှမ်မင်အကြီးအကဲက ဤသည်ကိုမြင်ပြီးနောက် သက်ပြင်းတချက်ရှူသွင်းကာ လက်သီးနှစ်ဖက်ဆုပ်လိုက်သည်။
"ဒီလိုဆိုမှတော့ စီနီယာကို ကျုပ်မနှောက်ယှက်တော့ပါဘူး"
စကားပြောပြီးနောက် ပျက်စီးနေသည့် စားသောက်ဆိုင်က ထွက်ခွာရန်ရည်ရွယ်ချက်ဖြင့် သူ့တပည့်အုပ်စုကို ဦးဆောင်သွားသည်။
သို့စေကာမူ အဖိုးအိုက သူ့ကိုအချိန်မီတားဆီးကာ အပြုံးဖြင့်ပြောသည်။
"မင်းငွေမဆုံးရှုံးသေးဘူးလား"
ငွေဆုံးရှုံးရမယ်!
"ကြည့်ကြည့်၊ တခြားသူတွေရဲ့စားသောက်ဆိုင်ကို ဒီလိုဖြစ်အောင်လုပ်တဲ့အတွက် မင်းငွေဆုံးရှုံးစရာမလိုသေးဘူးလား"
ရွှမ်မင်အကြီးအကဲ၏မျက်နှာက ကြည့်ရဆိုးသွားပြီး အေးစက်စွာနှာခေါင်းရှုံ့ရင်း လက်စွပ်တစ်ကွင်းပစ်ပေးကာ ထိုနေရာမှ ထွက်သွားသည်။
အဖိုးအိုကယူကာ ကျေနပ်သည့်အသွင် ခေါင်းညိတ်သည်။
ထိုအချိန်တွင် ယဲ့ချိုးပိုင်ရှေ့တိုးပြီးနောက် လက်သီးနှစ်ဖက်ဆုပ်လိုက်သည်။
"ကျုပ်ကိုကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ စီနီယာ"
သူ့ကိုမြင်သောအခါ အဖိုးအိုက ကျယ်လောင်စွာရယ်မောရင်း ယဲ့ချိုးပိုင်ကခုံးကို ပုတ်လိုက်သည်။
"မင်းက ငါအခက်အခဲတွေအများကြီးထဲက တွေ့ခဲ့တဲ့လူပါ၊ မင်းသေသွားမယ်ဆိုရင် ငါမင်းကို အဲဒါကို ရှင်းပြနိုင်မှာမဟုတ်တော့ဘူး"
"ရှင်းပြမယ်" ယဲ့ချိုးပိုင် အံ့ဩသွားသည်။
"ဘယ်သူလဲ"
အဖိုးအိုကခေါင်းခါယမ်းသည်။
"မင်းကအခုလုံလုံလောက်လောက် မသန်မာသေးဘူး၊ ဒီတော့ အရမ်းမသိချင်နဲ့၊ အရမ်းသိတာက အခုအချိန်မှာ မင်းအတွက် မကောင်းဘူး"
ထိုစကားပြောပြီးနောက် အဖိုးအိုက ထိုနေရာမှာပင် ပျောက်ကွယ်သွား၏။
ထပ်ပြီးသွားပြန်ပြီလား!
ယဲ့ချိုးပိုင် အကူအညီမဲ့စွာခေါင်းခါယမ်းလိုက်မိတော့သည်။
ကြမ်းပြင်ပေါ်တွင် ကျန်နေခဲ့သည့် သိုလှောင်လက်စွပ်ကိုကြည့်ရင်း သူထပ်မံ ပြုံးလိုက်မိသည်။
ဤအဖိုးအိုက အံ့ဩသင့်ဖွယ်ကောင်းသည်။
စားသောက်ဆိုင်၏ပျက်စီးမှုကြောင့် သူတို့သုံးယောက်က တခြားနေရာ သွားနေရတော့သည်။
ဤသို့ဖြင့် ခုနှစ်ရက်ကုန်ဆုံးသွားခဲ့သည်။
ခွန်းလွန်ကောင်းကင်ဘုံရေကန်က နောက်ဆုံးတော့ မနက်ဖြန် ဖွင့်လှစ်ပေတော့မည်။
ခွန်းလွန်ကောင်းကင်ဘုံရေကန်သို့ ၀င်နိုင်သူရော မ၀င်နိုင်သူများပါ ခွန်းလွန်နှင်းတောင်တန်းသို့ ဦးတည်နေကြသည်။
ဤခွန်းလွန်နှင်းတောင်တန်းက ခွန်းလွန်ကောင်းကင်ဘုံရေကန်နောက်တွင် အမည်ပေးခဲ့ခြင်းဖြစ်သည်။
တောင်ကုန်းများကြောင့် ဤတောင်၌ တစ်နှစ်ပတ်လုံး နှင်းကျလေ့ရှိသည်။ ရလဒ်အဖြစ် တောင်ကုန်းက ထူထဲသည့်နှင်းများဖြင့် ဖုံးလွှမ်းနေခဲ့သည်။
တောင်ပေါ်၌ စိမ်းလန်းသည့်အပင်များမရှိပါ။
တချို့အပင်များကမူ နှင်းတောင်ထိပ်ပေါ်တွင် ရပ်တည်ဖြစ်ထွန်းနေသည့် သစ်ကတိုးပင်များသာ။
ယဲ့ချိုးပိုင်တို့ တောင်ကုန်းကို တက်လာကြသောအခါ လူအုပ်စုကြီးကလည်း ဤနေရာ၌ စုရုံးနေပြီးဖြစ်သည်။
သူတို့က အဓိကအင်အားစုများဆီက လာကြခြင်းပင်။ ရွှမ်မင်ချောက်ကမ်းပါးက လူများကလည်း ရှိနေသည်။
ထိုအချိန်တွင်လေထဲတွင် ဧရာမသားရဲတစ်ကောင်ပေါ်လာခဲ့သည်။
ဧရာမသားရဲကြီးက နဂါးနှင့်ကျားနှင့်တူသည်။ ၎င်း၏ကျောက အတော်လေး ကျယ်ပြောပြီး ကျောပေါ်၌ အိမ်တစ်လုံးရှိသည်။
လူတိုင်းက ဤသည်ကိုမြင်ပြီးနောက် သူတို့က ဧရာမသားရဲကို ဦးညွတ်လိုက်ကြသည်။
ဤသားရဲက တော်၀င်မိသားစု၏ အစီးအနင်းဖြစ်သည်ကို သူတို့သိသောကြောင့်ပင်။
ဤအစီးအနင်းကို အသုံးပြုနိုင်သည့်လူကား အတော်လေးမြင့်မြတ်သောသူပေတည်း။
အပိုင်း(325) coming။