#နယ်နိမိတ်မဲ့မင်းဆက်၏နောက်ခံ#
Vol. 23 Ch. 325
နယ်နိမိတ်မဲ့မင်းဆက်က ဤနယ်နိမိတ်မဲ့ပိုင်နက်၏ အချုပ်အချာအာဏာရှင်ဖြစ်သည်။
ပထမဆုံးအချက်၊ နယ်နိမိတ်မဲ့မင်းဆက်က အပြင်ပနယ်မေ့များက နတ်ဆိုးလူမျိုးစုများ၏ ကျူးကျော်မှုကို စောင့်ကြပ်နေပြီး ၀င်လာမည်ကို တားဆီးပေးသည်။
ဒုတိယအချက်၊ အင်ပါယာမင်းဆက်များအနက် အင်ပါယာမင်းဆက်အရှင် မုကျန်းထင်က စည်းချက်ညီတာအိုနယ်ပယ် အထွက်အထိပ်အဆင့်ကို ရောက်နေလေပြီ။
ဤနှစ်ချက်အောက်တွင် ခွန်အားနှင့် ကျော်ကြားမှုက အမြင့်ဆုံးသို့ရောက်သွားပြီး နယ်နိမိတ်မဲ့မင်းဆက်၏ လွှမ်းမိုးကြီးစိုးမှုက်ု ဦးတည်သွားစေကာ အနည်းငယ်မျှပင် လှုပ်ယမ်းခြင်းမရှိတော့။
ယဲ့ချိုးပိုင်တို့ကလည်း ကောင်းကင်ကို ပိတ်ဆို့ထားသည့် ဧရာမသားရဲကြီးကို ကြည့်လိုက်ကြသည်။ သူတွေးနေမိသည်က ဧရာမသားရဲအပေါ်၌ မုဖူရှန်းကလည်း ရှိနေသည်လား။
သုံးယောက်လုံးဤသို့တွေးနေစဉ်မှာပင် သားရဲကြီးက ကောင်းကင်၌ရပ်သွားသည်။
ချက်ချင်းဆိုသလို ဧရာမသားရဲကြီးကနေ အစောင့်ရာချီထွက်ပေါ်လာကြသည်။ ရာချီသောအစောင့်များကို အုပ်စုနှစ်စုခွဲထားပြီး ဧရာမသားရဲအောက်တွင် နှစ်စုတွဲရပ်နေကြသည်။
ထိုအစောင့်များ၏ခွန်အားက အမှန်တကယ်ပင် နတ်ဘုရားတ၀က်နယ်ပယ်များဖြစ်ကြသည်။
နတ်ဘုရားတ၀က်နယ်ပယ်တစ်ရာကျော်!
ယခုလိုကြောက်မက်ဖွယ်ခွန်အားက ကန္တာရနယ်မြေတခုလုံးကိုပင် ဖြတ်ကျော်နိုင်စွမ်းရှိသည်။
အစောင့်များက လှံရှည်များကိုင်ထားကြပြီး ဧရာမသားရဲကြီး၏နှစ်ဖက်စလုံးတွင် စောင့်ကြပ်နေကြသည်။
တစ်ယောက်ကအော်ဟစ်လိုက်သည်။
"ငွေရောင်ချပ်၀တ်လျှို့ဝှက်စစ်တပ်"
"ကြည့်ရတာ အရှင်မင်းသားက တကယ်ဒီနေရာမှာရှိပုံပဲ"
"ငွေရောင်ချပ်၀တ်စစ်တပ်က အရှင်မင်စသားရဲ့ ထိန်းချုပ်မှုအောက်မှာ အထူးသီးသန့်ရှိနေပြီး ရွှေရောင်ချပ်၀တ်စစ်တပ်ပြီးနောက် ဒုတိယနေရာမှာရှိတယ်"
ယဲ့ချိုးပိုင်တို့သုံးယောက် ဤသည်ကိုကြားသောအခါ အံ့ဩသင့်သွားကြသည်။
သူတို့က ရွှေရောင်ချပ်၀တ်စစ်တပ်နှင့်ယှဉ်ရင် ဒုတိယဖြစ်သွားတာလား!
ငွေရောင်ချပ်၀တ်စစ်သားအားလုံးက နတ်ဘုရားတ၀က်နယ်ပယ် စွမ်းအားရှင်များဖြစ်သည်။
ဤသို့ဆိုပါက ရွှေရောင်ချပ်၀တ်လျှို့ဝှက်စစ်တပ်၏ ခွန်အားက ဘာများပင်ဖြစ်လေသနည်း။
ဤနယ်နိမိတ်မဲ့မင်းဆက်၏နောက်ခံက အမှန်တကယ်ပင် အတော်လေးအစွမ်းထက်သည်။
ထို့နောက် အဖိုးအိုတစ်ဦးနှင့် လှံကိုင်ငွေရောင်ချက်၀တ်တပ်မှူးတစ်ဦးပေါ်ပေါက်လာသည်။
ထိုနှစ်ယောက်ပေါ်လာသည်နှင့်တပြိုင်နက် ကောင်းကင်ကြီးက အရောင်ပြောင်းသွားပုံရသည်။
အောက်ကလူများက ဤနှစ်ယောက်ဆီကနေ အားကောင်းသည့်ဖိနှိပ်မှုတခုကို ခံစားရသည်။
ဤဖိနှိပ်မှုခံစားချက်အောက်တွင် နတ်ဘုရားတ၀က်နယ်ပယ် အစောင့်တစ်ရာပင်လျှင် ခုခံနိုင်စွမ်းမရှိ။
ဒီလူနှစ်ယောက်ရဲ့ခွန်အားက အာရုံထွေပြားခြင်းအခြေအနေမှာရှိနေမှာကို ငါကြောက်နေမိတယ်!
နတ်ဘုရားတ၀က်နယ်ပယ်တစ်ရာ၊ အာရုံထွေပြားခြင်းအဆင့်နှစ်ဦး!
ဤဖွဲ့စည်းမှုက ကြောက်မက်ဖွယ်ကောင်းသည်။
လူတစ်ရာ့နှစ်ယောက်ပေါ်လာပြီး ဘေဘီဝဲယာကို စောင့်ကြပ်ပြီးနောက်တွင် အဖြူရောင်၀တ်စုံပေါ်၌ ငွေရောင်နဂါးပုံထွင်းထုထားသည့် အဖြူ၀တ်လူငယ်တစ်ယောက်က ဧရာမသားရဲကြီးဆီကနေ ဖြည်းဖြည်းချင်း ဆင်းလာခဲ့သည်။
ရာချီသောအစောင့်များက တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြသည်။
သူတို့ထဲမှ ငွေရောင်ချပ်၀တ်သံချပ်ကာတပ်မှူးက လက်သီးနှစ်ဖက်ဆုပ်ကာ ပြောသည်။
"အရှင်မင်းသားကို အစီရင်ခံတင်ပြပါတယ်၊ အနီးအနားမှာ ဘာခြိမ်းခြောက်မှုမှ မရှိပါဘူး"
ထိုအချိန်တွင် လူငယ်က စိတ်သက်သာရာရစွာ သက်ပြင်းချရင်း ရင်ဘတ်ကိုပွတ်ကာ ပြောလိုက်သည်။
"ကောင်းတယ်၊ နယ်နိမိတ်မဲ့နယ်မြေအတွင်းမှာ ရှိနေတာဆိုပေမယ့် ဂရုစိုက်သတိထားတာက ပိုကောင်းတယ်"
သုံးစက္ကန့်အတွင်းမှာပင် ချောမောခန့်ညားသည့်မျက်နှာလေးက ထွက်ပေါ်လာခဲ့သည်။
ယဲ့ချိုးပိုင်တို့ကလည်း တခဏမျှ ရယ်မောလိုက်မိကြသည်။ ဤမုဖူရှန်းက အပြင်ပ၌နေထိုင်သည့် ဆရာ၏ တရားမ၀င်သားမဟုတ်ပေ။
ဤဇာတ်ကောင်က ထင်ထားသည်ထက် ပိုနေလေသည်။
မုဖူရှန်းက ဘေဘီဝဲယာကြည့်နေစဉ် ယဲ့ချိုးပိုင်တို့၏တည်ရှိမှုကို ရှာတွေ့သွားပုံရသည်။ တိတ်တိတ်လေး မျက်စိမှိတ်ပြသည်။
ချက်ချင်းဆိုသလို သူကအောက်ကလူများအားကြည့်ရင်း ချောင်းဟန့်ကာ ကျယ်လောင်စွာပြောသည်။
"ဒီတကြိမ် ခွန်းလွန်ကောင်းကင်ဘုံရေကန် ဖွင့်လှစ်ခြင်းကို ကျုပ်ကိုယ်တိုင်ကြီးကြပ်မယ်"
"တကယ်လို့ နေရာ၀င်ခွင့်မရဘဲ ခွန်းလွန်ကောင်းကင်ဘုံရေကန်ထဲကို အားသုံး၀င်မယ်ဆိုရင် သူ့ကိုအဲဒီနေရာမှာပင် ကြောက်လန့်စေပြီး အသတ်ခံရမယ်"
"တချိန်တည်းမှာပဲ ဒီတခါ ခွန်းလွန်ကောင်းကင်ဘုံရေကန်ဖွင့်လှစ်ခြင်းကို နှောင့်ယှက်မယ့်လူရှိနေရင် အကျိုးဆက်တွေကိုလည်းသိထားသင့်တယ်"
ခွန်းလွန်ကောင်းကင်ဘုံရေကန်က ကျင့်ကြံသူများကို အတော်လေးဆွဲဆောင်စေသည်။
ဤသည်က အာရုံထွေပြားခြင်းအခြေအနေကို ချိုးဖျက်မည့်အခွင့်အရေးကို တိုးစေရူံသာမက လမ်းစဉ်၏အခြေခဲအုတ်မြစ်ကိုလည်း တည်ငြိမ်စေနိုင်သည်။ ဤသည်အပြင် ပင်ကိုယ်စွမ်းရည်ကို တိုးတက်အောင်လုပ်ရာ၌လည်း အကျိုးသက်ရောက်မှုရှိသည်။
တချိန်တည်းမှာပင် ခွန်းလွန်ကောင်းကင်ဘုံရေကန်ထဲသို့ ပို၍နက်နက်ငုပ်လေလေ၊ အထူးနည်းလမ်းတခုကို ရနိုင်သည်ဟုလည်း ဆိုကြသည်။
ဤသည်ကကောလဟာလတခုဖြစ်ပြီး နှစ်သောင်းချီကြာအောင် မည်သူမှမရရှိခဲ့ပါ။
ထိုအချိန်တွင် သတင်းများထွက်ပေါ်လာခဲ့သည်။ ၎င်းကို ဒဏ္ဍာရီလာဓားသမားကသာ ရယူနိုင်ခဲ့သည်။
ယနေ့တွင် လူများကမေ့လျော့နေကြပြီဖြစ်ကာ ဤအဆိုက မှန်သလားဆိုသည်ကိုပင် သံသယဖြစ်နေကြလေပြီ။
သို့စေကာမူ ပါရမီကို တိုးမြှင့်စေနိုင်သည့် အချက်တစ်ချက်တည်းကပင် ကျင့်ကြံသူအားလုံးကို စိတ်လှုပ်ရှားစေရန်လုံလောက်နေပါပြီ။
သူတို့သိကြသည်။
ပါရမီများ မွေးဖွားလာခြင်း!
ဤသည်ကမနက်ဖြန်၏နောက်တနေ့တွင်ပင် တိုးတက်အောင်လုပ်ရန် မဖြစ်နိုင်။
ပါရမီမပြည့်၀သည့်လူတစ်ချို့က သိုင်းဧကရာဇ်တ၀က်နယ်ပယ်သို့ ရောက်သောအခါ ထိပ်ဆုံးကိုရောက်နေပြီဖြစ်ကာ တစ်လက်မမျှပင် ထပ်မတိုးနိုင်တော့ပါ။
သို့သော် ယခုတွင်မူ ယခုလိုအခွင့်အလမ်းမျိုးကို မည်သူကများမယူဘဲနေမည်နည်း။
ထို့ကြောင့် ခွန်းလွန်ကောင်းကင်ဘုံရေကန် ဖွင့်လှစ်သည့်အကြိမ်တိုင်း တော်၀င်မိသားစုက လူများက စောင့်ကြပ်ရန်အတွက် လာရောက်ကြသည်။
ထို့ကြောင့် ဤကဲ့သို့အရာမျိုးကမဆန်းပါ။
မုဖူရှန်းလင်ဝှေ့ယမ်းကာပြောသည်။
"အားလုံးအဆင်သင့်ပြင်ထားကြ၊ ခွန်းလွန်ကောင်းကင်ဘုံရေကန်ကို သန်းခေါင်ယံအချိန်ကျရင် ဖွင့်လှစ်မယ်"
လူတိုင်းလက်များကိုကွေ့ကာ စတင် ခြေချင်းချိတ်ထိုင်လျက် လေ့ကျင့်ကြသည်။
ခွန်းလွန်ကောင်းကင်ဘုံရေကန်မဖွင့်လှစ်သေးခင် ၀င်မည့်လူများက သူတို့၏စိတ်အခြေအနေနှင့်စိတ်ဓာတ်ကို အမြင့်ဆုံးတွင် ထိန်းထားရပေမည်။
မုဖူရှန်း ဘေးကအဖိုးအိုနှင့်စကားပြောဆိုပြီးနောက် တဖက်လှည့်ကာ ဧရာမသားရဲကြီးထဲ ပြန်၀င်သွားသည်။
မကြာမီ လူ၀ကြီးတစ်ယောက်က ဧရာမသားရဲကြီး၏ တခြားတဘက်ကနေ ပျံသန်းသွား၏။
ဤမြင်ကွင်းကို မည်သူမှသတိမထားမိခဲ့ကြချေ။
ယဲ့ချိုးပိုင်တို့က လူတိုင်းတိတ်တဆိတ် လေ့ကျင့်နေသည်ကို တွေ့လိုက်လေရာ သူတို့လည်း တခဏမျှ လေ့ကျင့်ချင်လာကြသည်။
သို့သော် သူတို့ဘေး၌ ဗိုက်ရွှဲနေသည့်လူတစ်ယောက်ရှိနေပြီး သူတို့ထံလျှောက်လာကာ အပြုံးဖြင့်ပြောသည်။
"ဘယ်လိုလဲ၊ မင်းသောက်ချင်လား"
ယဲ့ချိုးပိုင် ခေါင်းလှည့်ကာ ဗိုက်ရွှဲနေသည့်လူအား ဂရုတစိုက်ကြည့်ရင်းပြုံးသည်။
"ဒါပေါ့၊ ဒါပေမယ့် ဘယ်လိုသေရည် ကောင်းမျိုးကို မင်းယူလာသလဲဆိုတာ ငါမသိပါလား"
"ဒီဒေသမှာ ဘဘာ၀က အကောင်းဆုံးသေရည်ပဲလေ"
ယဲ့ချိုးပိုင်တို့ပြုံးလိုက်သည်။
"ဒီလိုဆိုရင် ကျေးဇူးပြုပြီး ဦးဆောင်ပေးပါ"
ဗိုက်ရွှဲနေသည့်လူက ဝေးလံခေါင်သီသည့် နေရာတစ်ခုသို့လျှောက်သွားသည်။
သစ်ကတိုးတောအလယ်တွင် စားပွဲလေးတစ်လုံးရှိနေသည်။ စားပွဲဘေးတွင် သေရည်အိုးတလုံးက ပွက်ပွက်ဆူနေသည်။
အိုးထဲကနေ သေရည်ရနံ့များက တခဲနက် ထွက်ပေါ်နေသည်။
ယဲ့ချိုးပိုင်ပတ်၀န်းကျင်ကိုခံစားကြည့်စဉ် အတော်လေးမထင်ရှားသည့် အော်ရာနှစ်ခုရှိနေသည်။ ဤနေရာကို စောင့်ကြပ်နေခြင်းဖြစ်ရပေမည်။
ဗိုက်ရွှဲနေသည့်လူကပြုံးသည်။
"ငါဒီနေရာမှာ မင်းတို့ကို ထောင်ချောက်ဆင်ပြီး မင်းတို့ရဲ့ခွန်းလွန်ကောင်းကင်ဘုံရေကန်နေရာကို လုယူသွားမှာ မကြောက်ဘူးလား"
ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
"တကယ်လို့မင်းက နေရာ၀င်ခွင့်လိုချင်တယ်ဆိုရင် တခြားလူတွေက လက်လျှော့မယ်ထင်လို့လား"
ဗိုက်ရွှဲနေသည့်လူက တခဏမျှအံ့ဩသင့်သွားပြီးနောက် ကျယ်လောင်စွာရယ်မောသည်။
"ဘယ်အချိန်က ငါ့ရဲ့ပုံစံမှန်ကို မင်းမှန်းဆမိတာလဲ"
ထိုစကားလုံးများကို ကြားသောအခါ ယဲ့ချိုးပိုင် နှုတ်ခမ်းကွေးလိုက်သည်။
"ပထမ၊ ငါတို့သုံးယောက်က ဒီနယ်နိမိတ်မဲ့နယ်မြေမှာ လူအများကြီးနဲ့မသိဘူး၊ ဒီခွန်းလွန်ကောင်းကင်ဘုံရေကန်မှာတော့ ရန်သူတွေပဲရှိလိမ့်မယ်"
"ဘာဖြစ်လို့တယောက်ယောက်က ငါတို့အတွက် သောက်စရာ၀ယ်ပေးရတာလဲ"
"ဒုတိယ၊ မုဖူရှန်း၊ မင်းရဲ့သရုပ်ဆောင်စွမ်းရည်က တကယ်ဆိုးတယ်လို့ ငါပြောပါရစေ"
ဤသည်ကိုကြားသောအခါ ဗိုက်ရွှဲနေသည့်လူက ရုပ်ဖျက်ထားသည်ကို ဖယ်ရှားလိုက်ပြီးနောက် မူလရုပ်သွင်ကို ပြန်လည်ရယူလိုက်သည်။
"ဟေး၊ ဟေး၊ ငါမင်းအတွက် သေရည်၀ယ်ပေးခဲ့တာနော်၊ ဒါတောင်မင်းငါ့ကို ဒီလို လှောင်ပြောင်နေတုန်းလား"
မုဖူရှန်းဒေါသတကြီးပြောသည်။
"မင်းဒီလောက်ထိ နှလုံးသားမဲ့ချင်တာလား"
ယဲ့ချိုးပိုင်ပြုံးသည်။
"ငါတို့ကအရင်ကမသောက်ဖူးတာ ကျနေတာပဲနော်"
"ဟမ့်၊ အရင်ကသောက်ခဲ့တဲ့သေရည်က ငါ့သေရည်လောက် ကောင်းနိုင်ပါ့မလား"
"မင်းသေရည်က ဆရာချက်ထားတဲ့သေရည်လောင် မကောင်းမှာကို ငါကြောက်မိတယ်"
ဆရာလား!
မုဖူရှန်းက မယုံသည့်အသွင်ပြောသည်။
"ဒီလိုဆိုရင် မင်းပထမဆုံးမြည်းစမ်းကြည့်လိုက်ကွာ၊ ဒါက ငါတို့နယ်နိမိတ်မဲ့နယ်မြေက အကောင်းဆုံးသေရည်ဖြစ်ပြီးတော့ တော်၀င်မိသားစုပဲ ရနိုင်တာ"
လူလေးယောက်က သစ်သားစားပွဲပတ်လည်၌ထိုင်ပြီး သေရည်ပူတစ်ခွက်စီ သောက်ကြသည်။
မုဖူရှန်းစိတ်လှုပ်ရှားစွာကြည့်လိုက်သည်။
"ဘယ်လိုလဲ"
ယဲ့ချိုးပိုင်ပြောသည်။
"အတော်လေးကောင်းတာပဲ"
ရှီရှန်း ဓားဆွပေးလိုက်သည်။
"ဆရာ့သေရည်လောက်တော့မကောင်းဘူး"
ရှောင်ဟိုင်ကလည်း သဘောတူသည့်အသွင်ခေါင်းညိတ်သည်။
မုဖူရှန်းက သံသယဖြစ်နေသည်။
"ဒီလိုဆိုရင် အနာဂတ်မှာ ငါတကယ် စမ်းကြည့်ရတာပေါ့"
ချက်ချင်းဆိုသလို တခဏမျှစကားပြောပြီးနောက် ယဲ့ချိုးပိုင်မေးသည်။
"ပြောပါ၊ ငါတို့ဆီက မင်းဘာလိုချင်တာလဲ"
မုဖူရှန်းကသူတို့ကို အကြောင်းမဲ့အလွယ်တကူလက်ခံပြီး သေရည်သောက်ဖို့ ဖိတ်ခေါ်မည်ဆိုတာ သူမယုံပါ။ သူက တခုခုကြောင့်ဖြစ်ရပေမည်။
အပိုင်း(326) coming။