#ကြယ်ကြွေဓားဧကရာဇ်
Vol. 23 Ch. 326
ဤသည်ကိုကြားသောအခါ မုဖူရှန်းမျက်လုံးလိမ့်လိုက်မိသည်။
"ဒီနေရာမှာ မင်းကိုသတိပေးဖို့အတွက် ငါရောက်နေတာပါနော်"
"သတိပေးချက်လား" ယဲ့ချိုးပိုင် သေရည်တငုံသောက်ကာ တွေးတောနေသည်။ ဤသေရည်က ဆရာကိုယ်တိုင်ကျိုချက်ထားသည့် သေရည်ဖြူလောက် မကောင်းသော်လည်း အတော်လေးအရဿာရှိပြီး သူသေရည်အိုးအနည်းငယ်ပင် သောက်နိုင်သည်။
တချိန်တည်းမှာပင် တခြားသူများကိုလည်း သူပေး၍ရသည်။
ခွန်းလွန်ကောင်းကင်ဘုံရေကန်ရှိရာဘက်သို့ လှမ်းကြည့်ရင်း မုဖူရှန်းပြောသည်။
"ခွန်းလ်ွကောင်းကင်ဘုံရေကန်က ဘယ်လိုဖြစ်တည်လာတယ်လို့ မင်းထင်လဲ"
ယဲ့ချိုးပိုင် မုဖူရှန်းကို သံသယဖြင့် ကြည့်လိုက်သည်။
"ဒါက သန့်ရှင်းစင်ကြယ်တဲ့ ဝိဉာဉ်စွမ်းအင်ရေကန်တခုပဲမလား"
မုဖူရှန်းခေါင်းခါယမ်းသည်။
"ဒီလိုဆိုရင်ဒီသန့်စင်တဲ့အော်ရာတွေက ဘယ်နေရာကလာတာလဲ"
"ပြီးတော့ ဒီလိုမျိုးသာဆိုရင် မင်းအရည်အချင်းကို ဘယ်လိုမြှင့်တက်အောင် လုပ်နိုင်မှာလဲ"
မှန်ပေသည်။
အကယ်၍ ဤရေကန်ကသာ သန့်စင်သည့်ဝိဉာဉ်စွမ်းအင်ရေကန်တခုသာဆိုပါက စုပ်ယူပြီးနောက် ဤသည်က နယ်ပယ်ကို အကြီးအမားတိုးတက်စေပြီး တာအိုအခြေခံကိုသာ ငြိမ်သက်စေလိမ့်မည်။
သို့သော် ဤသန့်စင်သည့်အရာများက မည်သို့မည်ပုံ အရည်အချင်းကို တိုးမြှင့်စေနိုင်မည်နည်း။
ပင်ကိုယ်စွမ်းရည်ဟူသည် မွေးရာပါပိတ်ထားပြီဖြစ်သည့်အရာပင်။
သန့်စင်သည့်အော်ရာတခုတည်းမျှနှင့် ဤသည်ကို မည်သို့မည်ပုံထပ်မံတိုးတက်အောင် လုပ်နိုင်မည်နည်း။
အရည်အသွေးပါရမီကို တိုးမြှင့်ခြင်းက ဈေးကွက်ထဲက တရုတ်ဂေါ်ဖီထုပ်လိုသာ ဈေးပေါနေမည်ဆိုပါက နယ်ပယ်ချိုးဖျက်ရန်အတွက် မည်သည့်အတွက်ကြောင့် ဤမျှဒုက္ခရောက်စရာလိုတော့မည်နည်း။
သူ့ဘ၀တလျှောက်လုံးတွင် နယ်ပယ်ကို မချိုးဖျက်နိုင်ခဲ့သည့်အတွက်ကြောင့် ပြန်လည်မွေးဖွားခြင်းကနေ မရုန်းထွက်နိုင်ဘဲ အသက်နှင့်သေခြင်းတရားလမ်းကြောင်းက ပျောက်ကွယ်သွားသည်ဟူသည် ရှိခဲ့သည်လား။
ယဲ့ချိုးပိုင်တို့သုံးယောက် စိတ်ရှုပ်သွားသည်ကို မြင်ရသောအခါ မုဖူရှန်းက ဂုဏ်ယူ၀င့်ကြွားသည့် အရိပ်အယောင်တခုကို ဖော်ပြရင်း ချောင်းဟန့်ကာ လေးနက်သည့်အသွင် ဟန်ဆောင်သည်။
"ခွန်းလွန်ကောင်းကင်ဘုံရေကန်ဖြစ်တည်လာရတာက ကောင်းကင်အပြင်ပက ဥက္ကာခဲတလုံး ခွန်းလွန်နှင်းတောင်တန်းပေါ် ကျဆင်းလာပြီး အချိန်နဲ့အမျှစုပုံကာ နှင်းတောင်ရဲ့ ဝိဉာဉ်စွမ်းအင်ကို စုပ်ယူနေလို့ပဲ"
ထိုသို့ပြောပြီးနောက် မုဖူရှန်းက ကောင်းကင်ကို လက်ညိုးထိုးပြကာ သူ့မျက်နှာက တဖြည်းဖြည်းလေးနက်လာသည်။
"ကောင်းကင်က အဲဒီဥက္ကာခဲက အပေါ်ကနေ ကျဆင်းလာတယ်"
ရှောင်ဟိုင်မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ရှုပ်ထွေးသွားသည့်အသွင် ခေါင်းလှည့်ကြည့်လိုက်မိသည်။
"အဲဒါက ဥက္ကာခဲတလုံးလို့ဆိုကြတယ်၊ အပေါ်ကကျလာတာလား၊ ဒါမှမဟုတ် မြေကြီးထဲကနေ ထွက်လာတာများ ဖြစ်နိုင်မလား"
မုဖူရှန်းမျက်လုံးလိမ့်လိုက်မိသည်။
ယဲ့ချိုးပိုင်ခပ်ပေါ့ပေါ့ရယ်မောသည်။
"မင်းလိုဆိုတာက အဲဒါက ဒီလတ္တီကျူထဲကမဟုတ်ဘူးပေါ့"
မုဖူရှန်းခေါင်းညိတ်သည်။
"နှစ်တသောင်းကျော်အကြာက ရှင်းယွန်ဓားဂိုဏ်းကို ထူထောင်ခဲ့တဲ့ ရှင်းယွန်ဓားအင်ပါယာက ဒီကျောက်ကိုထိခဲ့တယ်၊ အဲဒီအချိန်က သူ့ကျင့်ကြံခြင်းအခြေခံက ခုန်ပျံကျော်လွှားပြီး တိုးတက်သွားခဲ့တယ်၊ အဲဒီထဲမှာ သူ့ဘ၀ကိုပြောင်းလဲစေတဲ့ နည်းစနစ်တခုကို သူရခဲ့တယ်၊ အဲဒီဓားက ဒီနယ်နိမိတ်မဲ့နယ်မြေမှာ ပြိုင်ဘက်ကင်းပဲ"
"အဲဒီအချိန်တုန်းက နယ်နိမိတ်မဲ့နယ်မြေမင်းဆက်ကတောင် ရှင်းယွန်ဓားဧကရာဇ်ကို ကြောက်ခဲ့ရတယ်"
"အဲတုန်းက ဧကရာဇ်ရှင်းယုကျန်းဟွမ်ကို ခွန်းလွန်ကောင်းကင်ဘုံရေကန်အောက် ဘာရှိသလဲဆိုတာ မေးခဲ့စဉ်က အဲဒါက ဒီလတ္တီကျူက မဟုတ်ဘူးလို့သာဖြေခဲ့တယ်"
နားထောင်ပြီးနောက် ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"ဆိုလိုချင်တာက မင်းငါ့ကို တချက်သွားကြည့်စေချင်တာလား"
မုဖူရှန်းပြုံးလိုက်သည်။
"မှန်တယ်၊ မင်းသတင်းအတွက် အလှဲအလှယ်အနေနဲ့ ဒီသေရည်ဆိုရင်ရော"
ယဲ့ချိုးပိုင်ရယ်မောလိုက်သည်။
"နှစ်သောင်းချီကြာတာတောင် အဲဒီကြယ်ကြွေဓားဧကရာဇ်ပဲ အောက်ခြေကို ရောက်နိုင်ခဲ့တယ်၊ မင်းငါ့ကိုယုံသေးတာလား"
"ငါမင်းကိုယုံတယ်"
မုဖူရှမ်း ဤလူသုံးယောက်ကို တွေ့သောအခါ သူ့တွင် စိတ်ကူးရှိလာခဲ့သည်။ ဤသည်က အနည်းငယ်လက်တွေ့မကျဟု သူခံစားနေရသော်လည်း တကယ်တမ်းတွင် ကြယ်ကြွေဓားဧကရာဇ်ကမည်သူနည်း။
သုံးနှစ်အတွင်းမှာပင် ဓားဆန္ဒကို နားလည်သဘောပေါက်ခဲ့ပြီး လေးနှစ်အတွင်းမှာပင် ဓားဘုရင်ဖြစ်လာခဲ့သည်။
ဆယ်နှစ်ရောက်သောအခါ သူကမဟာဓားဂိုဏ်းနယ်ပယ်ကိုပင် ရောက်နေလေပြီ။
ယခုလိုကြောက်ခမန်းလိလိဓားသမားက သာမန်လူများယှဉ်နိုင်သည့်လူတစ်ယောက် ဖြစ်နိုင်မည်နည်း။
သို့သော် မုဖူရှန်း ယဲ့ချိုးပိုင်တို့သုံးယောက်ကိုမြင်သောအခါ သူ့နှလုံးသားထဲတွင် စိတ်ကူးကောင်းတခုရှိခဲ့ပြီး သူတို့ကို ကြိုးစားကြည့်စေချင်သည်။
ယဲ့ချိုးပိုင်ပြောသည်။
"ဒီလိုဆိုရင်တော့ ဒီသေရည်ခွက်က ပျောက်သွားလောက်ပါပြီ"
"မင်းဘယ်လောက်လိုချင်လဲ"
"အရင်ဆုံးအိုးနှစ်ဆယ်ယူမလား"
"ဒါကတရုတ်ဂေါ်ဖီထုပ်များထင်နေလား"
"တကယ်လို့မင်းမလုပ်ဘူးဆိုရင် ငါသိရင်တောင် မင်းကိုပြောပြမှာမဟုတ်ဘူး"
မုဖူရှန်း နက်မှောင်သည့်မျက်နှာဖြင့် လက်စွပ်ထဲက ဆယ့်ကိုးပုလင်းကို ထုတ်လိုက်သည်။
"ရော့ အားလုံးဒီမှာ"
ယဲ့ချိုးပိုင်ခေါင်းညိတ်ရင်း မှတ်စုနှင့်ခဲတံကိုထုတ်ကာ မုရှန်ဖန်းစားပွဲဆီ တွန်းပို့လိုက်သည်။
မုရှန်ဖန်းအနည်းငယ်လန့်သွားသည်။
"မင်းဘာလုပ်နေတာလဲ"
ယဲ့ချိုးပိုင် ဤသည်ကို သဘောတူသည်ဟု မှတ်ယူလိုက်သည်။
"ငါမင်းကို အကြွေးတင်နေတယ်လို့ရေးလိုက်"
ရှီရှန်းရောရှောင်ဟိုင်ပါ မထိန်းနိုင်တော့ဘဲ ရယ်လိုက်မိကြတော့သည်။
ထိုစကားလုံးများကိုကြားသောအခါ မုဖူရှန်း ရုတ်တရက် ယဲ့ချိုးပိုင်ကိုသတ်လိုသည့် စိတ်ကူးတခုပေါ်လာခဲ့သည်။ သို့သော်လည်း သူရေးလိုက်သည်။
ယဲ့ချိုးပိုင်ကြည့်ပြီးနောက် ကျေနပ်စွာခေါင်းညိတ်ကာ ခွက်ထဲက သေရည်များအားသောက်သုံးရင်း ရှီရှန်း၊ ရှောင်ဟိုင်တို့နှင့်အတူ ထွက်သွားလေတော့သည်။
သူတို့ထွက်သွားသည်အထိ နေနေရင်း မုဖူရှန်း သေရည်ပူတစ်ခွက်သောက်ရင်း နောက်မှသာ နားလည်လာရသည်။
"ဒါမမှန်ဘူးမလား"
"သူတို့ကိုသတင်းပေးခဲ့တာ ဒီမင်းသားပဲလေ၊ အဆုံးသတ်မှာသူတို့ရခဲ့ရင်တောင် အကျိုးခံစားရမှာက သူတို့ပဲမလား"
"ဒီလိုဆိုရင် ငါဘာလို့အကြွေးတင်နေရသလိုမျိုး ပြုမူနေရသေးတာလဲ"
ဤသည်ကိုတွေးမိသောအခါ မုဖူရှန်း စားပွဲကို ဒေါသတကြီးရိုက်လိုက်လေသည်။
"ငါအရူးလုပ်ခံလိုက်ရပြီ"
....
ခွန်းလွန်ကောင်းကင်ဘုံရေကန်က အချိန်မီဖွင့်လှစ်လေသည်။
မင်းသားမုဖူရှန်းက လေထဲတွင်ရပ်နေပြီး အစောင့်များ၏ အကာအကွယ်အောက်တွင် သူကကျယ်လောင်စွာပြောသည်။
"ခွန်းလွန်ကောင်းကင်ဘုံရေကန်က ဖွင့်လှစ်ပါပြီ၊ ၀င်ခွင့်ရှိတဲ့လူတွေ၀င်နိုင်ပါပြီ"
"နည်းနည်းလေးပဲမသွားစေနဲ့၊ ဒါပေမယ့် အနက်ရှိုင်းဆုံးကိုလည်းသွားဖို့အတွက် တွန်းအားမပေးနဲ့၊ ပြီးတော့ အထဲမှာ မသေစေနဲ့"
"ဒါ့အပြင် ခွန်းလွန်ကောင်းကင်ဘုံရေကန်က ရက်သုံးဆယ်တိတိကြာမြင့်ပါမယ်၊ တကယ်လို့ ရက်သုံးဆယ်အတွင်း ပြန်မလာဘူးဆိုရင် ခွန်းလွန်ကောင်းကင်ဘုံရေကန်ရဲ့ စွမ်းအားကြောင့် လည်ပင်းညှစ်သတ်ခံရလိမ့်မယ်"
စကားပြောပြီးသည့်နောက် မင်းသားမုဖူရှန်းက တုံကင်တခုကို ထုတ်ယူလိုက်သည်။
ခွန်းလွန်ကောင်းကင်ဘုံရေကန်တဝိုက်ရှိ မမြင်နိုင်သော အကာအရံက လှိုင်းများအောက်၌ ပွင့်လာခဲ့သည်။
၀င်ခွင့်ရှိသူများက အစီအရင်၏ စစ်ဆေးမှုအောက်ကနေ ၀င်ရောက်ရပေမည်။
ယဲ့ချိုးပိုင်တို့သုံးယောက်ကလည်း တက်လှမ်းသွားနိုင်ခဲ့ကြသည်။
ခွန်းလွန်ကောင်းကင်ဘုံရေကန်သည် ခွန်းလွန်နှင်းတောင်တန်းအပေါ်တွင်ရှိသည်။
သူတို့၏လက်ရှိအနေအထားအရ အပေါ် ပေတစ်ထောင်ကျော်ခန့်သွားရန် လိုအပ်သေးသည်။
သူတို့အထဲသို့လှမ်းလိုက်စဉ် လူတိုင်းထံ လှိမ့်၀င်လာသည့် ကြောက်ခမန်းလိလိ သန့်စင်သည့်အော်ရာကို ခံစားနေကြရလေပြီ။
ဤနေရာ၏သန့်စင်အော်ရာက အပြင်ပကမ္ဘာထက် အနည်းဆုံး အကြိမ်ရေတစ်ဒါဇင်ကျော်ခန့် ထူထဲသည်။ သူတို့က ခွန်းလွန်ကောင်းကင်ဘုံရေကန်ကိုပင် မရောက်ကြသေး။
လမ်းပေါ်၌ လူလေးယောက်က ယဲ့ချိုးပိုင်တို့ရှေ့တွင် ပေါ်လာကြသည်။
ခေါင်းဆောင်တစ်ယောက်က အရိပ်ဆန်သည့်လူငယ်တစ်ယောက်ဖြစ်ပြီး ကြားရုံမျှတင်ပြောလိုက်သည်။
"ယဲ့ချိုးပိုင်၊ ရှီရှန်း"
ယဲ့ချိုးပိုင်တချက်လှမ်းကြည့်ရင်း အဖြေမပေးဘဲ လေးယောက်လုံးကို ကျော်သွားသည်။
ယင်ယီ၏မျက်နှာက မည်းမှောင်သွား၏။
"ငါမင်းကိုဒီနေရာမှာ မသတ်နိုင်ဘူးဆိုရင်တောင် ခွန်းလွန်ကောင်းကင်ဘုံရေကန်ဆိုရင်ရော"
"အချိန်ကျရောက်လာတဲ့အခါကျရင် မင်းက အနက်ရှိုင်းဆုံးအပိုင်းကို အားသုံးငုပ်သွားပြီး ကောင်းကင်ဘုံရေကန်ရဲ့ သတ်ပစ်ခြင်းကို ခံလိုက်ရတယ်လို့ ပြောရုံပဲလေ"
ယဲ့ချိုးပိုင်တခဏမျှတုံ့ဆိုင်းသွားပြီးနောက် ရယ်မောလိုက်သည်။
"စောင့်ကြည့်ကြတာပေါ့"
ဤအရိပ်လူငယ်က ရွှမ်မင်ချောက်ကမ်းပါးကလူတစ်ယောက်ဖြစ်ရပေမည်။
မနီးမဝေး၌ မျက်နှာကာများတပ်ဆင်ထားကြသည့် အမျိုးသမီးများနေရာ၌ ရပ်နေကြသော အမျိုးသမီးငါးဦးရှိသည်။
ထိုအမျိုးသမီးငါးဦး၏ကိုယ်များက နှင်းမြင်ကွင်းအဖြစ် ပေါင်းစပ်ထားပုံရပြီး မည်သူမှမ၀င်သင့်သည့် အေးစက်သည့် အော်ရာရှိကြသည်။
ရေခဲစိုင်ငါးခုနှင့်ပင်တူလေသည်။
ငါးယောက်လုံးက ယဲ့ချိုးပိုင်တို့ကို ကြည့်လိုက်ကြသော်လည်း လှုပ်ရှားခြင်းမရှိချေ။
သို့သော် သူတို့မျက်လုံးများမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များက ရှောင်ဟိုင်ထံမှ ဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။
ရှောင်ဟိုင်လျှောက်လာသည်။
"အစ်ကို၊ ဒီအမျိုးသမီးငါးယောက်က"
ယဲ့ချိုးပိုင်ကလည်း ခံစားမိသဖြင့် ခေါင်းညိတ်သည်။
"သူတို့က အေးခဲဝိဉာဉ်ဂိုဏ်းကဖြစ်မယ်"
မည်သို့ပင်ဆိုစေကာမူ သူကဤဂိုဏ်းနှစ်ဂိုဏ်းနှင့် ရန်ငြိုးဖွဲ့ခဲ့သည်။
ကြည့်ရသည်မှာ ခွန်းလွန်ကောင်းကင်ဘုံရေကန်သို့ ဤခရီးစဉ်က အရမ်းချော့မွေ့မည့်ပုံမပေါ်။
သို့စေကာမူ ခြိမ်းခြောက်မှုကို တခါတည်းဖြေရှင်းနိုင်သည်က ကောင်းသည်။
မဟုတ်ပါက အပြင်ထွက်ပြီး တစ်ယောက်ပြီးတစ်ယောက် သတ်နေရပေမည်။
အပိုင်း(327) coming။