#ရေကန်တိုက်ပွဲ#
Vol. 23 Ch. 327
ခွန်းလွန်ကောင်းကင်ဘုံရေကန်!
ဤရေကန်က ခွန်းလွန်နှင်းတောင်ထိပ်တွင် တည်ရှိပြီး ထိပ်ဆုံးရှိနေရာများ၌ နှင်းအားလုံးက အရည်ပျော်နေကြသည်။
ပတ်ပတ်လည်နေရာက ပင်စိမ်းများဖြင့် ၀န်းရံထားလေရာ စိမ်းလန်းစိုပြေနေသည်။
မရေမတွက်နိုင်လောက်သော အပင်များက နှစ်တစ်ထောင်ကြာနေသည့်အလား ကောင်းကင်ပေါ်၌ သစ်ပင်ကြီးတစ်ပင်ပမာ ဖြစ်လာပြီး ကောင်းကင်ပေါ်သို့ ထိုးထွက်နေသည်။
ဤအရာအားလုံးက ခွန်းလွန်ကောင်းကင်ဘုံရေကန်၏ ကြွယ်၀သည့် အော်ရာကြောင့်ဖြစ်ပြီး အော်ရာက မြေထဲ၌ ရေလောင်းပေးလိုက်သည့်အလားဖြစ်စေကာ ဝိဉာဉ်မြေဆီလွှာကို ဖန်တီးပေးသည်။
အပင်များကလည်း ပြင်းထန်သည့်အပူရှိန်ကြောင့် သက်ရောက်ခြင်းမရှိဘဲ မိုးထိမြင့်လုနီးပါးသစ်ပင်များကို ဖြစ်တည်စေသည်။
ယဲ့ချိုးပိုင်တို့ ခွန်းလွန်ကောင်းကင်ဘုံရေကန်သို့ ရောက်လာကြသည်။
ဤကြောက်ခမန်းလိလိအော်ရာကို ခံစားမိစဉ် နှိုင်းယှဉ်၍မရနိုင်သည့် သန့်စင်သောအော်ရာက လေ့ကျင့်ရန်အတွက် လုံး၀အသုံးပြုစရာပင်မလို။ သန့်စင်ရန်အတွက် မရီဒျန်များထဲ ပြေးလွှားစေရန် ဒန်တျန်ထဲသို့ တိုက်ရိုက်ပင်စုပ်ယူနိုင်သည်။
တစ်ယောက်ကသက်ပြင်းချသည်။
"ခွန်းလွန်ကောင်းကင်ဘုံရေကန်ဆိုတဲ့အတိုင်းပါပဲ၊ လူအများစုက ဒီနေရာအတွက် ဘာပဲလုပ်ရလုပ်ရ တိုက်ခိုက်နေကြတာ မဆန်းတော့ပါဘူးလေ"
"ရေကန်အနားရောက်တာနဲ့ ငါအဆင့်ချိုးဖျက်၀င်ရောက်တော့မယ်လို့ ခံစားနေရတယ်၊ တကယ်ကိုအဆင်ပြေတာပဲ"
ခွန်းလွန်ကောင်းကင်ဘုံရေကန်သို့ စကားတခွန်းမှပင်မဆိုဘဲ ၀င်ရောက်ကာ အပြေးလေ့ကျင့်ခန်းများလုပ်ရင်း ထိုတနေ့တာအတွက် ရေကန်မှရေများကို စုပ်ယူသည့် လူတစ်ချို့လည်းရှိသည်။
ဤသည်ကိုမြင်သောအခါ လူများက တစ်ယောက်ပြီးတစ်ယောက်၀င်သွားကြသည်။
ယဲ့ချိုးပိုင်လည်းပြုံးလိုက်ပြီး ရှီရှန်းနှင့် ရှောင်ဟိုင်တို့အား ကြည့်လိုက်သည်။
"မင်းတို့ရောဘာပြောမလဲ"
ရှောင်ဟိုင်က ကိုယ်ခန္ဓာလေ့ကျင့်သူဖြစ်ပြီး ကောင်းကင်နှင့်မြေကြီး၏အော်ရာကို မလိုအပ်ပါ။
ရှီရှန်းကလည်း ကျင့်ကြံရန်အတွက် ကြယ်စွမ်းအားပိုင်ရှင်ဖြစ်လေရာ အော်ရာမလိုအပ်။
ထို့ကြောင့်လည်း ယဲ့ချိုးပိုင် ဤမေးခွန်းကို မေးလိုက်ခြင်းပင်။
ရှောင်ဟိုင်ခေါင်းညိတ်သည်။
"လူတိုင်းဒီမှာရောက်နေကြပြီ"
ရှီရှန်းကလည်း ဤသည်ကို တွေးတောလိုက်သည်။
"ကျွန်တော်ဝင်ပြီးတချက်ကြည့်ပါရစေ"
ထို့ထဲတွင် ဝိဉာဉ်စွမ်းအင်ကို စုပ်ယူနိုင်သည်သာမက ပင်ကိုယ်စွမ်းရည်ကိုပါ မြှင့်တင်ပေးနိုင်သည့် လုပ်ဆောင်ချက်တခုလည်းရှိသည်။
အော်ရာကို စုပ်ယူရန်ဟူသည် မဖြစ်နိုင်သော်လည်း ပင်ကိုယ်စွမ်းရည်ကိုပါ ရှေ့ဆက်တိုးပေးနိုင်ပါက ဤသည်ကလည်း အံ့ဩသင့်ဖွယ်အရာတခုပင်။
ပြောပြီးနောက် သုံးဦးစလုံးက ခွန်းလွန်ကောင်းကင်ဘုံရေကန်ပေါ်သို့ အတူတကွတက်လှမ်းလိုက်ကြသည်။
ချက်ချင်းဆိုသလို မုန်တိုးထန်သည့်ပင်လယ်တစ်စင်းကဲ့သို့ သန့်စင်သော ဝိဉာဉ်စွမ်းအင်လှိုင်းတကြောင်းက သူ့ကိုယ်တဝိုက် ပြေးလွှားနေသည်ကို ခံစားလိုက်ရသဖြင့် အလျင်အမြန်ပင် အာဒိကပ္ပဓားသိုင်းကို အလျင်အမြန်အသက်၀င်စေသည်။
သန့်စင်သည့်ဝိဉာဉ်စွမ်းအင်အမျှင်တန်းများက ဒန်တျန်ထဲ စုပ်ယူခံလိုက်ရသည်။
ထိုအခိုက်အတန့်၌ ယဲ့ချိုးပိုင်၏နယ်ပယ်က သဘာ၀ကျကျဖြစ်လာသည့်အလား နတ်ဘုရားတ၀က်နယ်ပယ် အလယ်အလတ်အဆင့်သို့ အမှန်တကယ်ချိူးဖျက်သွားခဲ့သညိ။
ရှောင်ဟိုင်ကမူ ဘာတခုမှမခံစားရပေ။ သူ့မျက်လုံးထဲတွင် ဤကောင်းကင်ဘုံရေကန်၏ ရေများက ရေချိုးကန်မှ ရေများပမာသာ။
ရှီရှန်းကလည်း ကောင်းကင်ဘုံရေကန်၏ ရေကိုမစုပ်ယူနိုင်ချေ။
မည်သို့ပင်ဆိုစေကာမူ သူ့ဒန်တျန်က ကြယ်ဒန်တျန်ဖြစ်ပြီး သူကကြယ်စွမ်းအားဖြင့်သာ လေ့ကျင့်နိုင်သည်။
ထိုအချိန်တွင် သူ့နောက်၌ မြောက်မြားစွာသောအော်ရာများက သူတို့အား ၀န်းရံလာသည်။
ယဲ့ချိုးပိုင် မျက်လုံးကို အသာလေးဖွင့်ကာ ဘေးဘီဝဲယာကြည့်လိုက်သည်။ သူတို့က ရွှမ်မင်ချောက်ကမ်းပါးကလူလေးယောက်နှင့် အေးခဲဝိဉာဉ်ဂိုဏ်းက အမျိုးသမီးတပည့်များပင်။
နှစ်ဖက်စလုံး၏မျက်လုံးများက သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် ပြည့်နှက်နေကြသည်။
"အေးခဲဝိဉာဉ်ဂိုဏ်း၊ ဘာ၊ ခင်ဗျားတို့ကလည်း သူတို့ကိုတိုက်ခိုက်ချင်တာလား"
အမျိုးသမီးတပည့်တဦးကခေါင်းညိတ်သည်။
"ရွှမ်မင်ချောက်ကမ်းပါးကလည်း သူတို့နဲ့ ရန်ငြိုးရှိတာလား"
ခေါင်းဆောင်ရွှမ်မင်ဂိုဏ်းသားကပြုံးသည်။
"ဒီလိုဆိုမှတော့ ဘာလို့ ကျုပ်တို့မပူးပေါင်းရတာလဲ"
"ဒါကမြန်ဆန်တဲ့ဖြေရှင်းနည်းတခုဖြစ်သလို လေ့ကျင့်ဖို့အချိန်လည်း ရနိုင်တယ်"
အမျိုးသမီးတပည့်က တခဏမျှတုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်သည်။
"ဒါကအဓိပ္ပာယ်ရှိတယ်"
စကားပြောပြီးသည့်နောက် သိုင်းဧကရာဇ်တ၀က်နယ်ပယ်အော်ရာကိုးခုက ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။
ဤအော်ရာကိုးခုလုံးက သိုင်းဧကရာဇ်နယ်ပယ်ကိုပင် သက်ရောက်နိုင်သည့် တည်ရှိမှုများဖြစ်သည်။
ပတ်ပတ်လည်က လူများကလည်း ဤအငွေ့အသက်ကို ခံစားမိသဖြင့် ရုတ်တရက် မျက်လုံးများဖွင့်ကာ ထိုဘက်သို့ကြည့်လိုက်ကြသည်။
"ရွှမ်မင်ချောက်ကမ်းပါးနဲ့ အေးခဲဝိဉာဉ်ဂိုဏ်းတို့က ပေါင်းစည်းလိုက်တာလား"
"ဘယ်သူ့အတွက်လဲ"
"ဘယ်သူနဲ့ပဲတိုက်ခိုက်နေတာဖြစ်နေပါစေ အဲဒီလူရဲ့ရလဒ်ကတော့ ပျက်စီးကိန်းကြုံရပြီ"
ဘေးဘက်သို့ စူးစမ်းလိုသည့်အသွင် ကြည့်နေကြသည့်လူများလည်းရှိသည်။
ကျော၌ ဓားလွယ်ထားသည့်လူတစ်ယောက်ကလည်း ထိုဘက်သို့ ဓားဆန္ဒအပြည့်အကြည့်ဖြင့်ကြည့်လိုက်သည်။ သူကခပ်ပေါ့ပေါ့ရယ်မောကာ ပြောလိုက်သည်။
"စိတ်၀င်စားစရာပဲ"
သူ့ဘေးတွင် ရှက်နေသည့်ကောင်လေးတစ်ယောက်ရှိသည်။
"အစ်ကိုလင်းရေ၊ မြန်မြန်လေ့ကျင့်ကြရအောင်"
တခြားတယောက်ကအလျင်စလိုပင်ပြုံးလိုက်သည်။
"မုစီချန်း၊ မင်းစိတ်ကိုမပြောင်းဘူးဆိုရင် အန်ကယ်မု မင်းကိုထပ်ရိုက်လိမ့်မယ်"
ထိုစကားကိုကြားသောအခါ မုစီချန်း၏မျက်လုံး၌ အကြောက်တရားများ ပေါ်လာသည်။ သူက ထိုပြောလိုက်သည့် အန်ကယ်မုဆိုသူအား ကြောက်နေသည်က သိသာထင်ရှားနေသည်။
ချက်ချင်းဆိုသလို မုစီချန်းက စကားပြောနေခြင်းကနေရပ်လိုက်ပြီး မျက်လုံးအစုံမှိတ်ကာ ကျင့်ကြံခြင်း၌ စတင်အာရုံစိုက်လိုက်လေတော့သည်။
ဤသည်ကိုမြင်သောအခါ ပြောဆိုသည့် လူကလည်းအပြုံးဖြင့် ခေါင်းခါယမ်းရင်း ထိုနေရာရှိအရာများအား ဆက်လက်အာရုံစိုက်မနေတော့ဘဲ ကျင့်ကြံခြင်း၌ စတင်အာရုံစိုက်လိုက်သည်။
ဤသည်ကစည်းမျဉ်းကို ဆန့်ကျင်နေသော်လည်း သူနှင့်ဘာမှမဆိုင်ပေ။
သူက ဤနေရာသို့ နယ်ပယ်ကို တိုးမြှင့်ရန် တခုတည်းအတွက် လာရောက်ခြင်းမဟုတ်ဘဲ ရေကန်၏အနက်ရှိုင်းဆုံးနေရာသို့ သွားပြီးတချက်ကြည့်ချင်သည်။
တခြားတဘက်တွင် ယဲ့ချိုးပိုင်ကပြုံးသည်။
"ကြည့်ရတာ ခင်ဗျားမထိန်းနိုင်တော့ဘူးဘဲ"
ရွှမ်မင်ချောက်ကမ်းပါး၏ ခေါင်းဆောင်တပည့်က နှာခေါင်းရှုံ့သည်။
"ဒီနေရာမှာ ငါတို့မင်းကိုအရင်သတ်ပစ်မယ်"
ထိုစကားကိုကြားသောအခါ ယဲ့ချိုးပိုင်ခေါင်းညိတ်ရင်း ဘေးက ရှောင်ဟိုင်နှင့် ရှီရှန်းတို့ကို ကြည့်လိုက်သည်။
ရှီရှန်းပြောလိုက်သည်။
"အစ်ကိုကြီး၊ အစ်ကိုကြီးစိတ်အေးချမ်းစွာနဲ့ လေ့ကျင့်လို့ရပါတယ်၊ ဒီနေရာကိုတော့ ကျွန်တော်နဲ့ ညီလေးရှောင်ဟိုင်အတွက်ပဲ ထားခဲ့ပါ"
ရှောင်ဟိုင်ကလည်း ဗလုံးဗထွေးအသံဖြင့် ခေါင်းညိတ်သည်။
"ဘာပဲဆိုဆို ကျွန်တော်တို့နှစ်ယောက်စလုံးက ဒီနေရာကအော်ရာကို မစုပ်ယူနိုင်ဘူး"
တခဏအကြာတွင် ရှောင်ဟိုင်နောက်၌ တစ္တေကောင် ဤကမ္ဘာကြီးသို့ ဆင်းသက်လာခဲ့သည်။
ကောင်းကင်ကိုးသွယ်နတ်ဆိုးပုဆိန်က သူ့လက်ထဲတွင်ပေါ်လာသည်။
ရှီရှန်းကခည်း အင်ပါယာမင်ရွှမ်ပုဆိန်ကို ထုတ်ယူကာ ကြယ်စွမ်းအားဖြင့် ၀န်းရံစေသည်။
ထိုစကားကိုကြားသောအခါ ယဲ့ချိုးပိုင်ကလည်းနှစ်ယောက်စလုံးကို ယုံကြည်ရန် ရွေးချယ်လိုက်သည်။
တဖက်လူများကမူ ထိုစကားကိုကြားသောအခါ ဒေါသထွက်သွားကြသည်။
"ဒီနှစ်ယောက်က ငါတို့ကို တိုက်ခိုက်ဖို့အတွက် လုံလောက်တယ်လို့များ မင်းထင်နေတာလား"
"ငါတို့အပေါ်အရမ်းမထီမဲ့မြင်မပြုစမ်းပါနဲ့"
"မင်းတို့သုံးယောက်လုံးက ပျက်စီးကိန်းကြုံနေရပြီ၊ ငါတို့ကိုနှစ်ယောက်တည်းနဲ့ ဘယ်လိုတားမှာလဲ"
ပြောဆိုပြီးနောက် လူကိုးယောက်က သူတို့၏အငွေ့အသက်များကို တစ်ယောက်ပြီးတစ်ယောက် ထုတ်လွှတ်ကာ သူတို့၏ခွန်အားအလုံးစုံဖြင့် ထိုနှစ်ယောက်ထံ ပြေး၀င်သွားကြသည်။
ဤသည်ကိုမြင်သောအခါ ယဲ့ချိုးပိုင် အမှန်တကယ်ပင် ဂရုစိုက်နေသည်ကိုရပ်ပြီး မျက်လုံးအစုံမှိတ်ကာ စတင်လေ့ကျင့်လေတော့သည်။
ရှောင်ဟိုင်ထိုသို့ပြောလာစဉ်ကတည်းက သေချာနေခြင်းဖြစ်ရပေမည်။
ယဲ့ချိုးပိုင် ဤဂျူနီယာညီလေးနှစ်ယောက်ကို အကြွင်းမဲ့ယုံကြည်သည်။
သူတို့၏မျက်လုံး၌ ဤသုံးယောက်က သိုင်းဧကရာဇ်တ၀က်အဆင့်ကိုပင် မရောက်သေး။
ငါတို့ကိုသတ်ဖို့အတွက် ခွင့်ပြုနေတာနဲ့ တူမနေဘူးလားဟ!
ပိုဆိုးသည်က ယခုတွင်မူ လူနှစ်ယောက်တည်းသာရှိတော့သည်။
ပြိုင်ဘက်တွင် သိုင်းဧကရာဇ်တ၀က်အဆင့်စွမ်းအားရှင်ကို ယှဉ်တိုက်ရန် စွမ်းရည်ရှိလျှင်ပင် သူတို့ဘက်၌ ကိုးယောက်ရှိနေသည်။
ရှောင်ဟိုင် ပြိုင်ဘက်ကင်းမိစ္ဆာနတ်ဘုရားတစ်ဦးအလား ကောင်းကင်ကိုးသွယ်နတ်ဆိုးပုဆိန်ကို ကိုင်ကာ ပုဆိန်ကို ဝှေ့ယမ်းလိုက်သည်။
သူ့နောက်က တစ္ဆေကလည်း မှော်ပုဆိန်ကိုကိုင်ထားရင်း ထိုလူကိုးယောက်ထံ လွှဲယမ်းပစ်သည်။
တခဏအကြာတွင် ဤသည်က ပတ်ပတ်လည်ကောင်းကင်ဘုံရေကန်ထဲတွင် လှိုင်းများထသွားစေသည်။
မှော်ဆန်ခြင်း!
ရှီရှန်းကလည်း မင်အင်ပါယာရွှမ်ပုဆိန်ကို လက်နှစ်ဖက်ဖြင့် ကိုင်ထားစဉ် ပုဆိန်နက်အပေါ်၌ ကြယ်စွမ်းအားက ထိုးတက်လာပြီး ဟင်းလင်းပြင်ကို ထိုးဖောက်ပစ်သည်။
ဤပုဆိန်က ဂျင်တစ်သောင်းကျော်လေးသည်။
ဤတိုက်ခိုက်မှုနှစ်ခုကို ရင်ဆိုင်ရသောအခါ ကိုးဦးစလုံး၏မျက်နှာအမူအရာများက လေးနက်သွားကြသည်။
ဤတိုက်ကွက်နှစ်ခုက သူတို့အား အမှန်တကယ်ခြိမ်းခြောက်နေသည်။
ထို့ကြောင့် ကိုးဦးစလုံးက မပေါ့ဆရဲတော့ဘဲ ရှိသမျှခွန်အားအကုန်ဖြင့် ပစ်လွှတ်လိုက်ကြသည်။
တခဏအကြာတွင် ကမ္ဘာကြီးက အေးခဲကာ နှင်းများကျနေပြီး အမှောင်စွမ်းအင်များက ထိုးထွက်လာကာ ရှောင်ဟိုင်တို့နှစ်ယောက်၏ တိုက်ကွက်ထံ ဦးတည်သွားသည်။
သိုင်းဧကရာဇ်တ၀က်နယ်ပယ်စွမ်းအားရှင်ကိုးယောက်၏ တိုက်ချက်က မည်မျှပင် အစွမ်းထက်လေသနည်း။
သို့သော် ဤသည်ကလည်း ရှောင်ဟိုင်နှင့် ရှီရှန်းတို့၏အပြည့်အ၀ခွန်အားဖြစ်နေခဲ့ကြသည်။
ရှောင်ဟိုင်က ကောင်းကင်ကိုးသွယ်နတ်ဆိုးပုဆိန်ကိုပင် တိုက်ရိုက်ထုတ်ယူခဲ့သည်။
လူတချို့၏ ထိတ်လန့်နေသည့်အကြည့်အောက်တွင် လူကိုးယောက်၏တိုက်ချက်ကို ရှောင်ဟိုင်တို့က တိုက်ရိုက်ပင် ချေမှုန်းပစ်လိုက်ကြသည်။
လူကိုးယောက်က နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။
ထိတ်လန့်နေသည့်အကြည့်ဖြင့် သူတို့က ရှောင်ဟိုင်တို့ကို ထပ်ကြည့်လိုက်ကြသည်။
သို့သော် ရှောင်ဟိုင်တို့နှစ်ယောက်က ထိုနေရာကနေ ပျောက်ကွယ်သွားခဲ့သည်ကိုသာ တွေ့လိုက်ကြရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ယောက်စလုံးက သူတို့ရှေ့တွင်ပေါ်လာသည်။
မှော်ပုဆိန်နှင့် ပုဆိန်နက်က ရုတ်တရက် ခုတ်ဖြတ်သွားစဉ် အေးခဲဝိဉာဉ်ဂိုဏ်းမှ အမျိုးသမီးနှစ်ယောက်က တိုက်ရိုက် ခေါင်းဖြတ်ခံလိုက်ရသည်။
အပိုင်း(328) coming။