#ကိုးယောက်နှစ်ယောက်#
Vol. 23 Ch. 328
ဟန်လင်ကျောက်၏တပည့်မနှစ်ဦးသေဆုံးခြင်း!
ကျန်သောလူခုနှစ်ယောက်က တခဏမျှ ထိတ်လန့်သွားကြသည်။
ပြိုင်ဘက်၏ခွန်အားက ထိုမျှပင် အားကောင်းသည်လား။
သူတို့သိုင်းဧကရာဇ်တ၀က်အဆင့်စွမ်းအားရှင်ကိုးဦး၏ စုပေါင်းတိုက်ကွက်ကို တိုက်ရိုက်ချိုးဖျက်ပစ်သည်သာမက တိုက်ခိုက်မှုကို ရှောင်လွှဲကာ နှစ်ဦးကိုပင် တိုက်ရိုက်သတ်ပစ်ခဲ့သည်။
ယခုထိတိုင် ရှောင်ဟိုင်တို့တွင် ရပ်တန့်ရန်အတွင် ရည်ရွယ်ချက်မရှိသည်မှာ သိသာထင်ရှားနေသည်။
တခဏမျှရပ်ပြီးနောက် သူ့ကိုယ်ခန္ဓာကို အသွင်ပြောင်းကာ ကျန်ရှိနေသည့်ခုနှစ်ယောက်ထံ ထပ်မံဦးတည်သွား၏။
တခြားတဘက်တွင် ယဲ့ချိုးပိုင်က ဤလူများကို လျစ်လျူရှုထားသည်။
ရှောင်ဟိုင်နှင့်ရှီရှန်းတို့က သူတို့နှင့်အတူ ချန်ထားခဲ့ရန် ပြောဆိုလေရာ ယဲ့ချိုးပိုင်ကလည်း သူတို့ကိုယုံကြည်သည်။
ဤသည်ကိုတွေးတောပြီးနောက် သူရေကန်အောက်ခြေသို့ စငုပ်လိုက်သည်။
မုဖူရှန်းပြောခဲ့သည်။
အကယ်၍ အရည်အချင်းကိုတိုးတက်စေပြီး တာအိုအခြေခံကို တည်ငြိမ်အောင် လုပ်ချင်ပါက ရေအောက်ငုပ်ရန်လိုအပ်သည်။
တချိန်တည်းမှာပင် ခွန်းလွန်ကောင်းကင်ဘုံရေကန်၌ အလယ်အလတ်လတ္တီကျူအရာ၀တ္ထုတခုရှိသည်။
သူကလည်း အလယ်အလတ်အဆင့်လတ္တီကျူကနေ ဆင်းသက်လာသည့် ကျောက်များ၏ ထူးခြားမှုအပေါ် အနည်းငယ် စူးစမ်းလိုစိတ်ဖြစ်နေသည်။
ဤသည်က ရှင်းယွန်ဓားဧကရာဇ်ကဲ့သို့ ပြိုင်ဘက်ကင်းဇာတ်ကောင်အသွင်အပြင်သို့ ဦးဆောင်နိုင်သည်။
ယဲ့ချိုးပိုင် ငုပ်လျှိုးဆင်းလာစဉ် ခွန်းလွန်ကောင်းကင်ဘုံရေကန်အောက်ခြေ၌ တခြားကျင့်ကြံသူတစ်ဒါဇင်ကျော်ခန့်ပင် ရှိနေလေပြီ။
သူတို့ထဲတွင် အပြစ်ရှာတတ်သူနှင့် မုစီချန်းတို့လည်းပါ၀င်သည်။
ကျန်းကျုးက ယဲ့ချိုးပိုင်ရို တချက်စိုက်ကြည့်ပြီးနောက် မျက်နှာလွှဲလိုက်သည်။
ယခုအချိန်တွင် သူ့တွင် ယဲ့ချိုးပိုင်ကို ဂရုစိုက်နေရန်အတွက် အချိန်မရှိပေ။
ယဲ့ချိုးပိုင်ကလည်း သူ့အကြည့်ကို ဖယ်ရှားလိုက်သည်။
သူခွန်းလွန်ကောင်းကင်ဘုံရေကန်ထဲသို့ ၀င်လာပြီးနောက် ဤသည်က အစက ကျင့်ကြံသူများအတွက် ကြီးမားသည့် အားဆေးတခုပါ၀င်သည့် သန့်စင်သောအော်ရာပင်။ သို့သော် လူသတ်လိုသည့်အငွေ့အသက်များက နေရာတိုင်းတွင် ထိုးတက်လာသည်။
ကြီးမားပြီးနှိုင်းယှဉ်၍မရနိုင်သည့် သန့်စင်သောဝိဉာဉ်စွမ်းအင်က ယဲ့ချိုးပိုင်ကိုယ်ကို ရူးသွပ်စွာပင်ဖိနှိပ်လာသလို သူ့ကိုယ်တွင်းအသားနှင့်သွေးများ၊ မရီဒျန်များနှင့် ဒန်တျန်ကိုပင် ဖိနှိပ်လာသည်။
ဤပြင်းထန်သည့်ဖိနှိပ်မှုက ပြင်ဆင်ထားခြင်းမရှိသည့် ယဲ့ချိုးပိုင်ကို တခဏမျှ မတုံ့ပြန်နိုင်ဖြစ်သွားသည်။
သူ့လက်မောင်းပေါ်၌ သွေးစက်များရှိနေသည်။
ဤဖိနှိပ်မှုကို ခံစားရသဖြင့် သူတုန်ယင်သွားပြီး ချက်ချင်းဆိုသလိုစိတ်ကို စုစည်းလိုက်သည်။
အော်ရာကို တကိုယ်လုံး၌လှည့်ပတ်စေပြီး အာဒိကပ္ပဓားသိုင်းကိုပါ လှည့်ပတ်စေကာ ဤသည်ကို ခုခံသည်။
ငါအခု၀င်လာတာပဲရှိသေးတာလေ၊ ဒါတောင် ဒီလိုပြင်းထန်လွန်းတဲ့ ဖိနှိပ်မှုမျိုး ရှိနေတာလား!
ယဲ့ချိုးပိုင် ခံစားချက်အပြည့်ဖြင့် သက်ပြင်းချသည်။
နှစ်ပေါင်းသောင်းချီအတွင်း ရှင်းယွန်ဓားဧကရာဇ်တစ်ဦးတည်းကသာ အောက်ခြေကို ရောက်နိုင်သည်က အံ့ဩသင့်စရာမရှိတော့။
သို့သော် ကြယ်ကြွေဓားဧကရာဇ်ကပင် အောက်ခြေကို ရောက်နိုင်လေရာ သူက မည်သည့်အတွက်ကြောင့် မရောက်နိုင်ရမည်နည်း။
ယဲ့ချိုးပိုင်အသိစိတ်ကို ပြန်ရလာသော်လည်း ငုပ်လျှိုးရန်အတွက် အလျင်လိုမနေပေ။
ယင်းအစား ဤသန့်စင်သည့်အော်ရာကို သူအဆက်မပြတ်ခုခံရင်း စုပ်ယူကာ ဤနေရာက ဖိနှိပ်သည့်ခံစားချက်နှင့် ကျင့်သားရအောင်လုပ်သည်။
အော်ရာအမျှင်တန်းများက မရီဒျန်လေးခုတလျှောက်စီးဆင်းသလို ဒန်တျန်ထဲပါ စီးဆင်းသွားသည်။
နယ်ပယ်ကလည်း တဖြည်းဖြည်းစတင်တိုးတက်လာသည်။
တစ်နာရီကြာပြီးနောက် ယဲ့ချိုးပိုင်မျက်လုံးများကိုဖွင့်ကာ အောက်သို့ဆက်ငုပ်လိုက်သည်။
ဆယ်ပေခန့်သို့ရောက်သောအခါ သူအားကောင်းသည့်ဖိနှိပ်မှုကို ခံစားလိုက်ရသဖြင့် ထိုနေရာ၌ ထပ်မံရပ်လိုက်သည်။
တခြားတဘက်တွင် လူရှစ်ယောက်က ယဲ့ချိုးပိုင်နှင့် တူညီသည့်အနက်တွင် ရှိနေကြသည်။
ဤသည်အပြင် လူခြောက်ယောက်ကမူ ပေနှစ်ဆယ်နက်သည့်နေရာကိုပင် ရောက်နေလေပြီ။
တချိန်တည်းမှာပင် ပို၍အံ့ဩသင့်ဖွယ်ကောင်းသည့်အရာက ပေသုံးဆယ်အနက်တွင် ငြင်းခုံအပြစ်ရှာတတ်သူနှင့် မုစီချန်းတို့က ရှေ့သို့သွားနေကြသည်။
သူတို့က ဆက်လက်ငုပ်လျှိုးနေပုံရသည်။
နောက်ကလူများက ထိုပုံရိပ်နှစ်ခုကိုကြည့်ရင်း အံ့ဩသင့်နေကြသည်။
သို့စေကာမူ သူတို့ကစကားမပြောပေ။
ဤဖိနှိပ်နေသည့်နေရာ၌ နာကျင်မှုကနေ ကိုယ့်ကိုကိုယ်ထိန်းသိမ်းထားနိုင်ခြင်းက အကန့်အသတ်ဖြစ်နေလေရာ သူတို့မည်သို့ စကားပြောနိုင်တော့မည်နည်း။
ယဲ့ချိုးပိုင်ကလည်း တချက်မျှစိုက်ကြည့်ရင်း နောက်ထပ်ဂရုစိုက်မနေတော့ဘဲ ဤဖိနှိပ်သည့်ခံစားချက်နှင့် ဆက်လက် ကျင့်သားရအောင် လုပ်နေသည်။
....
ယခုအပေါ်တွင် ရေအောက်မငုပ်လျှိုးခဲ့သည့် ကျင့်ကြံသူများက ထိတ်လန့်နေသည့်အမူအရာဖြင့် ရှေ့သို့ကြည့်နေကြသည်။
ရှောင်ဟိုင်က နတ်ဆိုးစွမ်းအင်များဖြင့် ပြည့်နှက်နေသည်။
မှော်နက်စွမ်းအင်အမျှင်တန်းများက ကောင်းကင်ပေါ်ထိုးတက်ကာ နောက်တွင် မိစ္ဆာနတ်ဘုရား၏ ဧရာမပုံရိပ်ယောင်ကို စုစည်းစေသည်။
ကောင်းကင်ကိုးသွယ်နတ်ဆိုးပုဆိန်ကို ကိုင်ထားစဉ် ၎င်းက ဒီကမ္ဘာသို့ ဆင်းသက်လာသည့် နတ်ဆိုးတစ်ကောင်အလား။
တခြားတဘက်တွင် ရှီရှန်းက မင်အင်ပါယာရွှမ်ဓားကို လက်ထဲတွင်ကိုင်ထားပြီး ကြယ်စွမ်းအားက သူ့ကိုယ်၌စုဝေးလာသည်။
နာရီအနည်းငယ်အကြာတွင် ညတာက ကျဆင်းလာပြီး ကောင်းကင်၏အနက်ရောင်ကန့်လန့်ကာတွင် ကြယ်အစက်အပျောက်များစွာရှိနေသည်။
ထိုကြယ်များ၌ မှိန်ဖျော့ဖျော့တောက်ပနေသည့်ကြယ်များက စုစည်းလျက် ရှီရှန်းကိုယ်တဝိုက်တွင် ဖြန်းကျလာသည်။
ကြယ်တစ်စင်းဆိုပါက တောက်ပမှုက အားနည်းသော်လည်း ကောင်းကင်ပေါ်၌ ကြယ်တစ်ရာ၊ တစ်ထောင်စုဝေးလာမည်ဆိုပါက ကမ္ဘာကြီးအား တောက်ပစေလိမ့်မည်။
နှစ်ဦးစလုံး၏အငွေ့အသက်က ယခုအထွပ်အထိပ်ကိုရောက်နေလေပြီ။
ဤနေရာ၌ရှိနေသည့်မည်သူမဆို သူတို့ ရှီရှန်းနှင့်ရှောင်ဟိုင် နှစ်ယောက်ထဲက တစ်ယောက်ကို အနိုင်ယူနိုင်မလားဆိုတာ မသေချာပေ။
သူတို့က သိုင်းဧကရာဇ်တ၀က်အဆင့်ကိုပင် မရောက်ကြသေး။ ထို့ကြောင့်မည်သည့်အတွက်ကြောင့် ဤမျှအစွမ်းထက်နေရလေသနည်း။
ခွန်းလွန်ကောင်းကင်ဘုံရေကန်သို့ လာရောက်နိုင်သူများက ဂိုဏ်းထဲတွင် မာနကြီးမောက်မာသူများပင်။
ကောင်းကင်ဂုဏ်ကျက်သရေနှင့် မောက်မာမှုများကြား၌ အရမ်းကြီးခြားနားချက်မရှိပါ။
ထို့ကြောင့်နယ်ပယ်အကြားကွာဟချက်ကသာ အစစ်အမှန်ဖြစ်သည်။
သူတို့ရှေ့က မူလရှိနေသည့်လူကိုးယောက်အနက် နောက်ဆုံးလူနှစ်ယောက်သာ ကျန်ရှိတော့သည်။
တစ်ယောက်က ရွှမ်မင်ချောက်ကမ်းပါး၏ တပည့်သားဖြစ်ပြီး ကျန်တစ်ယောက်က အေးခဲဝိဉာဉ်ဂိုဏ်းတပည့်ဖြစ်သည်။
ဤနှစ်ယောက်လုံးက စိတ်မပါကြတော့။
ရှေ့ကနှစ်ယောက်ကိုကြည့်ရင်း သူတို့၏မျက်နှာက ရှုံ့တွနေပြီး မျက်လုံး၌ အကြောက်တရားကို မြင်နေရသည်။
ဘာလို့မင်းတို့မှာ ဒီလိုခွန်အားမျိုးရှိရတာလဲ!
မင်းတို့နှစ်ယောက်က ဘယ်အင်အားစုကလဲ!
ငါတို့တခါမှမကြားဖူးဘူး!
သိုင်းဧကရာဇ်တ၀က်အဆင့်ကိုးဦးက သိုင်းဧကရာဇ်တ၀က်ကိုပင် မရောက်သေးသည့် လူနှစ်ယောက်ကို ရင်ဆိုင်ရန်အတွက် ပူးပေါင်းခဲ့ကြပြီး လူခုနှစ်ယောက် သေဆုံးခဲ့ရသည်။
ဤကဲ့သို့အရာမျိုးသာ ပြန့်သွားမည်ဆိုပါက အုတ်သောင်းအုတ်နင်းဖြစ်သွားပေလိမ့်မည်။
ထိုအချိန်တွင် ရှောင်ဟိုင် ကောင်းကင်ကိုးသွယ်နတ်ဆိုးပုဆိန်ကိုမကာ မြေကို တချက်ဆောင့်လိုက်သည်။
ခွန်းလွန်ကောင်းကင်ဘုံရေကန်က ရေများက ရေလှိုင်းများနှင့်အတူ ထိုးတက်သွား၏။
လေးယောက်တွဲရိုက်ချခြင်း!
ဤသည်ကိုမြင်သောအခါ ရွှမ်မင်ချောက်ကမ်းပါးတပည့်၏မျက်နှာက အကြီးအကျယ်ပြောင်းလဲသွားသည်။
သို့သော် သနားညှာတာပေးရန်အတွက် တောင်းပန်ရန် သူဘာတစ်ခုမှမတတ်နိုင်ပါ။
မည်သို့ပင်ဆိုစေကာမူ တဖက်လူက သူတို့နှစ်ယောက်က ရွှမ်မင်ချောက်ကမ်းပါးနှင့် အေးခဲဝိဉာဉ်ဂိုဏ်းကဆိုတာ သိသည်။
ယခုတွင်မူ ဤကိစ္စကို ထပ်ပြောရမည်ဆိုပါက မိမိအသက်ကိုကယ်တင်လိုပါက မည်သို့ပြောနိုင်မည်နည်း။ မည်သို့ဖြစ်နိုင်မည်နည်း။
ဤသည်အပြင် တဖက်လူများက လူများစွာကို သတ်ပစ်ခဲ့ပြီဖြစ်လေရာ လက်ကျန်များကို မည်သည့်အတွက်ကြောင့် မသတ်ဘဲနေမည်နည်း။
ထို့ကြောင့် ရွှမ်မင်ချောက်ကမ်းပါးတပည့်က လက်ကောက်၀တ်ကိုဖြတ်တောက်ပစ်ကာ လက်ဖဝါးဖြင့် ဒန်တျန်ကို ရိုက်ချလိုက်သည်။
သူက မီးခိုးရောင်သွေးတစ်လုပ်အန်လိုက်ရသည်။ သို့သော် အမှောင်စွမ်းအင် အမျှင်စများက သူ့ဒန်တျန်ထဲကနေ မျောလွင့်လာပြီး ရှေ့၌ ဒိုင်တခုကို ဖြစ်ပေါ်လာစေသည်။
ရွှမ်မင်ဒိုင်း!
ဤသည်က သူ့၏အားအကောင်းဆုံးအကာအကွယ်ပေတည်း။
ဤလှည့်ကွက်ကိုလုပ်ဆောင်ပြီးနောက် ထိုတပည့်က တဖက်လူက ဤဆန်းကြယ်သည့်ဒိုင်းကို ချိုးဖျက်ရန်အတွက် ထိုင်စောင့်မနေတော့ဘဲ ယင်းအစား အေးခဲဝိဉာဉ်ဂိုဏ်း၏တပည့်ကို ကြည့်လိုက်သည်။
အမျိုးသမီးကလည်း ရွှမ်မင်ချောက်ကမ်းပါးတပည့်၏ ရည်ရွယ်ချက်ကို နားလည်သည်။
သူမမျက်နှာကဖြူဖျော့နေပြီး လက်ချောင်းထိပ်များကို ကိုက်လိုက်စဉ် အဆီအနှစ်နှင့် သွေးကစုဝေးလာသည်။
အော်ရာကခဲတံ၊ ရေခဲအဓိပ္ပာယ်က ဆံပင်၊ သွေးကမှင်ဖြစ်သည်။
ရှေ့တွင် ရေခဲနှင့်သွေးတံခါးတခုကို ရေးဆွဲလိုက်လေသည်။ ချက်ချင်းဆိုသလို နောက်ထပ်စာလိပ်တခုကို ထုတ်ယူကည ပစ်လိုက်သည်။
အေးခဲသွေးဂိတ်၌ အာကာသစွမ်းအားများစုဝေးနေကြသည်။ သူတို့က ရှောင်ဟိုင်ကို ထိန်းချုပ်ရန် မြေအောက်အမှောင်ဒိုင်းကို သုံးတော့မည်ဖြစ်ပြီး ဤနေရာက ထွက်ပြေးရန်အတွက် အေးခဲဂိတ်ကို အသုံးပြုတော့မည်က သိသာထင်ရှားနေသည်။
ခွန်းလွန်ကောင်းကင်ဘုံရေကန်အတွက်မူ သေသွားပါက အခွင့်အရေးမရှိတော့။
ရှောင်ဟိုင်က ရွှမ်မင်ဒိုင်းဆီသို့ ပြေးလွှားသွားလေပြီ။ ကောင်းကင်ကိုးသွယ်နတ်ဆိုးပုဆိန်က ဆုတ်ဖြဲပစ်သည်။
မှော်စွမ်းအင်က မှော်ပုဆိန်ထိပ်တွင်စုဝေးကာ ကြောက်ခမန်းလိလိအရိပ်တခုကို ယူဆောင်လာပြီး အောက်သို့ ချေမွရိုက်ချပစ်သည်။
ဤဆန်းကြယ်မြေအောက်ဒိုင်းက ချက်ချင်းပေါက်ကွဲသွားသည်။
တချိန်တည်းမှာပင် ရှီရှန်းကလှုပ်ရှားသည်။
ကြယ်စွမ်းအားက တောက်ပလာသည်။
တစ်ချက်တည်းဖြင့် သူက အေးခဲဂိတ်ဆီသို့ ပစ်လွှတ်လိုက်သည်။
အေးခဲဝိဉာဉ်ဂိုဏ်းတပည့်လွတ်မြောက်သွားပြီးနောက် ရေခဲသွေးဂိတ်က ကြယ်စွမ်းအား၏ တိုက်ရိုက်ဖိနှိပ်ခြင်းကို ခံရသည်ယ
ရလဒ်အဖြစ် ရွှမ်မင်ချောက်ကမ်းပါးတပည့်က ခြေတလှမ်းနောက်ကျကျန်နေခဲ့လေရည ရှောင်ဟိုင်၏တိုက်ချက်က ချက်ချင်း ကျရောက်လာသည်။
သူလက်ကိုဆန့်ထုတ်ကာ ရွှမ်မင်ချောက်ကမ်းပါးတပည့်၏ ခြေသလုံးကို ဖမ်းကိုင်လိုက်သည်။
ထိုတပည့်ကလည်း ရက်စက်လှသည်။
အံကြိတ်ရင်း သူလက်ကိုဝှေ့ယမ်းကာ ခြေသလုံးကို ဖြတ်တောက်ပစ်လိုက်သည်။
ထိုအချိန်လေးမှာပင် ရေခဲသွေးဂိတ်က တချိန်တည်းတွင် ပိတ်သွားခဲ့သည်။
နှစ်ဦးစလုံးက ကြီးမားသည့်တန်ဖိုးကိုယ်စီပေးဆပ်ပြီးနောက် လွတ်မြောက်သွားခဲ့ကြသည်။
...
ထိုအချိန်တွင် ယဲ့ချိုးပိုင်က ဆယ်ပေအနက်နှင့် ကျင့်သားရသွားသဖြင့် ဆက်လက်ငုပ်လျှိုးသွားသည်။
အပိုင်း(329) coming။