← Chapters

#မကောင်းဆိုးဝါးမိစ္ဆာလူမျိုးစု!#

Vol. 23 Ch. 329

#မကောင်းဆိုးဝါးမိစ္ဆာလူမျိုးစု!#

Vol. 23 Ch. 329

ယဲ့ချိုးပိုင်၏တိတ်တိတ်ပုန်းသွားသည့် အမြန်နှုန်းက တကယ်ပင်နှေးကွေးသည်။ 

သူနှင့်အတူ ခွန်းလွန်ကောင်းကင်ဘုံရေကန်သို့ အတူတကွ၀င်ကြသည့်သူများက ပေသုံးဆယ်အထိပင် ရောက်နေလေပြီ။ 

တချို့လူများကမူ ဖိအားဒဏ်ကို မခံနိုင်တော့ဘဲ ဆယ်ပေခန့်နောက်ဆုတ်သွားကြသည်။ 

တခြားတဘက်တွင် အငြင်းသန်သူနှင့် မုစီချန်းတို့က ပေငါးဆယ်အထိပင် ရောက်လာကြသည်။ 

ယဲ့ချိုးပိုင်တွင် တခြားသူများနှင့် ယှဉ်ပြိုင်ရန်အတွက် ရည်ရွယ်ချက်မရှိပါ။ 

သူ့အတွက်မူ လေ့ကျင့်ပြီး တည်ငြိမ်အောင် လုပ်ရပေမည်။ 

ချိုးဖျက်နိုင်ရန်အတွက် သိသာထင်ရှားနေသည်။ သို့သော် မဖိနှိပ်နိုင်ခင်အထိ ကိုယ်ပိုင်ကျင့်ကြံခြင်းကို ကျော်လွှားရမည်ဖြစ်ကာ တာအိုအခြေခံတည်ငြိမ်သွားသည်နှင့် ဝိဉာဉ်စွမ်းအင်ထည့်သွင်းမှုအောက်တွင် ချိုးဖျက်သွားမည်ဖြစ်ပြီး သဘာ၀အတိုင်း ဖြစ်လာပေလိမ့်မည်။ 

ယဲ့ချိုးပိုင်၏ အခြေတည်လမ်းကြောင်းက တည်ငြိမ်သည်ဟု ဆိုနိုင်သည်။ 

စံအိမ်တော်ကတပည့်အားလုံးအနက် သူက အတည်ငြိမ်ဆုံးတည်ရှိမှုပင်။ 

ခွန်းလွန်ကောင်းကင်ဘုံရေကန်အောက်တွင် ယဲ့ချိုးပိုင်၏အတွေးများက ကျင့်ကြံခြင်းနှင့်တူသည်။ 

အကယ်၍ဤနေရာက ဖိနှိပ်မှုခံစားချက်နှင့် အပြည့်အ၀လိုက်ဖက်အောင် မလုပ်ပါက အောက်သို့ဆက်ဆင်းနိုင်မည်မဟုတ်။ 

သူ့အတွေးထဲတွင် ဤနည်းလမ်းဖြင့်သာ ပို၍နက်နက်ငုပ်လျှိုးနိုင်မည်ဖြစ်သည်။ 

အချိန်များကုန်ခမ်းနေရသော်လည်း အကျိုးကျေးဇူးများကလည်း အင်မတန်ကြီးမားသည်။ 

ခွန်းလွန်ကောင်းကင်ဘုံရေကန်၌ ပို၍နက်နက်ငုပ်လေလေ ဖိနှိပ်မှုခံစားချက်က ပို၍ကြီးမားလေလေဖြစိသည်။ 

သို့သော် ၎င်း၏အော်ရာကမူ ပို၍ သန့်ရှင်းကြွယ်၀လာသည်။ 

ယဲ့ချိုးပိုင်၏နယ်ပယ်က တဖြည်းဖြည်းနှင့် လျင်မြန်စွာ တိုးတက်လာနေသည်။ 

ယခုသူက နတ်ဘုရားတ၀က်နယ်ပယ် နောက်ဆုံးအဆင့်နှင့် မဝေးတော့ဟု ခံစားနေရသည်။  

ယဲ့ချိုးပိုင် ပေနှစ်ဆယ်နက်သည့်နေရာသို့ ငုပ်လျှိုးသွားစဉ် ဆယ်ပေနက်သည့်နေရာထက် အဆပေါင်းများစွာ ပိုအားကောင်းသည့် ဖိနှိပ်မှုခံစားချက်တစ်ခု ထွက်လာသည်။ 

ဤသန့်စင်သည့်အော်ရာ၏ဖိအားကို ခံစားမိသောအခါ ယဲ့ချိုးပိုင်အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း သူ့ကိုယ်သူကာကွယ်ရန်အတွက် ဓားဆန္ဒကို အသုံးမပြုခဲ့ပေ။ 

ဤနည်းလမ်းဖြင့်သာ ဤသန့်စင်သည့်အော်ရာများကိုစုပ်ယူရင်း အကြီးမားဆုံး ပမာဏအထိ လိုက်ဖက်အောင် ပြင်ဆင်နိုင်ပေလိမ့်မည်။ 

သန့်စင်သည့်ဝိဉာဉ်စွမ်းအင်အမျှင်တန်းများက အရေပြားမျက်နှာပြင်ပေါ်၌ ဖိသိပ်ခံနေရပြီး အရေပြားတစ်လျှောက်ကနေ ရိုးတွင်းခြင်ဆီနှင့် မရီဒျန်များထဲသို့ စိမ့်၀င်သွားသည်။ 

မရီဒျန်မှတဆင့် ၎င်းက ဒန်တျန်ထဲသို့ တိုက်ရိုက်ဖိအားပေးဦးတည်သွား၏။ 

ယဲ့ချိုးပိုင် ခွန်အားအပြည့်ဖြင့် အာဒီကပ္ပဓားသိုင်းကို အသက်သွင်းကာ ထိုသန့်စင်သည့်အော်ရာများကို သူ့ဒန်တျန်ထဲသို့ တခုပြီးတခု ဝါးမြိုပစ်သည်။ 

ဒန်တျန်ထဲက အော်ရာက ပကတိမျက်လုံးနှင့်မြင်နိုင်သည့် အမြန်နှုန်းတစ်ခုနှင့်အတူ တိုးလာခဲ့သည်။ 

တချိန်တည်းမှာပင် ယဲ့ချိုးပိုင်က သူ့နယ်ပယ်အား အလွန်မြန်မြန်ချိုးဖျက်သွားသည်ကို စိုးရိမ်သဖြင့် ဖိနှိပ်ထားရန် အကောင်းဆုံးကြိုးစားနေသည်။ 

အခြေခံက ကျင့်ကြံခြင်းထက် အများကြီးပို၍အရေးပါသည်။ 

ဤသည်က ယဲ့ချိုးပိုင်နှလုံးသားထဲ၌ တွေးတောထားသည့်အရာဖြစ်ပြီး အချိန်တိုင်း ကျင့်သုံးလုပ်ဆောင်လေ့ရှိသည်။ 

....

တခြားတဖက်တွင် ခွန်းလွန်ကောင်းကင်ဘုံရေကန် မျက်နှာပြင်၌ ရှောင်ဟိုင် ကောင်းကင်ကိုးသွယ်နတ်ဆိုးပုဆိန်ကို သိမ်းဆည်းလိုက်သည်။ 

ရှီရှန်းကလည်း မင်အင်ပါယာရွှမ်ဓားကို သိမ်းဆည်းရင်း ရှောင်ဟိုင်ကို ကြည့်လိုက်သည်။

"စီနီယာအစ်ကိုရှောင်ဟိုင်၊ မင်းအခုဘာလုပ်နေတာလဲ"

ရှောင်ဟိုင် ရိုးရှင်းရိုးသားသည့် မျက်နှာထားဖြင့် ခေါင်းကုတ်နေသည်။ 

ယခုတွင်မူ ကမ္ဘာကြီးကို မထီမဲ့မြင်ပြုကာ သက်ရှိအားလုံးကို အထင်သေးစွာငုံ့ကြည့်သည့် နတ်ဆိုးဟူ၍ မရှိခဲ့သည့်အလားပင်။ 

ယခုတွင်မူ ရှောင်ဟိုင်က သာမန်ရိုးရှင်းသည့်လူတစ်ယောက်ကဲ့သို့ပင်။ 

"အားလုံးကဒီမှာပဲ"

ရှီရှန်းခေါင်းညိတ်သည်။ တရာက တခါက သူ့အရည်အသွေးကို တိုးမြှင့်၍ရသေးသည်ဟု ပြောဆိုခဲ့သည်။ 

ခွန်းလွန်ကောင်းကင်ဘုံရေကန်တွင် အရည်အသွေးကို တိုးမြှင့်ပေးသည့် သက်ရောက်မှုတခုရှိသည်ဟု ဆိုထားသည်။ 

ဤသို့သာဆိုပါက စမ်းကြည့်ခြင်းက သဘာ၀ကျသည်။ 

ဤသည်ကို တွေးတောပြီးနောက် ရှီရှန်းပြောသည်။ 

"ဒီလိုဆိုရင် စီနီယာအစ်ကို၊ ကျွန်တော်အရင်ဆင်းသွားလိုက်မယ်"

ရှောင်ဟိုင်ခေါင်းညိတ်သည်။ 

ဤသည်ကိုမြင်သောအခါ ရှီရှန်းကြယ်စွမ်းအားကို လှည့်ပတ်စေပြီးနောက် ခွန်းလွန်ကောင်းကင်ဘုံရေကန်ထဲသို့ ငုပ်လျှိုးသွားသည်။ 

ဘေးပတ်ပတ်လည်သန့်စင်နေသည့်အော်ရာများကနေ ယူဆောင်လာသည့် ဖိနှိပ်မှုခံစားချက်က ရှီရှန်းအပေါ် သက်ရောက်ခြင်းမရှိ။ 

ကြယ်စွမ်းအားက အတော်လေးထူထဲပြီး ဖိနှိပ်ခြင်းနှင့်တံဆိပ်ခတ်ခြင်းတို့အပေါ် သက်ရောက်မှုရှိသည်။ 

တချိန်တည်းမှာပင် သူက ဤကမ္ဘာထဲက အော်ရာ၏ မူလဇစ်မြစ်နှင့်မတူညီတော့။ 

ဤသန့်စင်သည့်အော်ရာများကနေ ယူဆောင်လာသည့် ဖိနှိပ်မှုခံစားချက်က ရှီရှန်းအား အကြီးအမားအားနည်းသွားစေသည်။ 

သူယဲ့ချိုးပိုင်၏တည်နေရာအား တွေ့သောအခါ အလျင်အမြန် သူ့ဘေးသို့ သွားလိုက်သည်။ 

လူတစ်ယောက်ဤမြင်ကွင်းကိုမြင်သောအခါ မျက်လုံးများပြူးကျယ်သွားခဲ့သည်။ 

ဒီကောင်က လိုက်ဖက်ညီထွေအောင် လုပ်ဖို့မလိုဘူးလားဟ!

ဤအစွမ်းထက်ဖိနှိပ်မှုခံစားချက်ကို ဘာမှမဖြစ်သည့်အလား ရင်ဆိုင်နေသည်။ 

ယဲ့ချိုးပိုင်ဘေးတွင်ရပ်ရင်း ရှီရှန်းပြောသည်။ 

"အစ်ကိုကြီး၊ အပေါ်ကလူအားလုံးကို ကိုင်တွယ်ပြီးပါပြီ"

ယဲ့ချိုးပိုင်မျက်လုံးများကိုဖွင့်ကာ ညင်သာစွာ‌ခေါင်းညိတ်သည်။ 

"ငါအရင်အောက်ဆင်းကြည့်မယ်"

ထိုစကားပြောပြီးနောက် သူဆက်ငုပ်ရန် ပြင်နေစဉ် အရိပ်နက်တစ်ခုက လူတိုင်းကို တိုက်ရိုက်ပင် ဖြတ်ကျော်သွားသည်။ 

ထို့နောက် ခွန်းလွန်ကောင်းကင်ဘုံရေကန်၏ အောက်ခြေသို့ဦးတည်ကာ အတော်လေးမြန်ဆန်သည့်နှုန်းဖြင့် ငုပ်လျှိုးနေသည်။ 

ဤအမြန်နှုန်းက အ၀င်၀နှင့် မုစီချန်းကို တိုက်ရိုက်ပင်ဖြတ်သွားသည်။ 

အငြင်းသန်သူ(ရာဇ၀တ်သား)က မျက်လုံးဖွင့်ကာ အရိပ်နက်ကို ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ 

အခုသွားတဲ့သူက ကိုယ်ခန္ဓာကျင့်ကြံသူလားဟ!

ပေငါးဆယ်အနက်က သူ့အတွက်ပင်လျှင် အနည်းငယ်ခက်ခဲနေသည်။ 

သို့စေကာမူ ထိုကိုယ်ခန္ဓာကျင့်ကြံသူက မျက်စိတစ်မှိတ်အတွင်း ရောက်သွားခဲ့သည်။ 

ဤမြင်ကွင်းကိုမြင်သောအခါ ရှီရှန်းပြုံးလိုက်သည်။ 

"စီနီယာအစ်ကိုရှောင်ဟိုင်က တကယ်သွေဖည်နေတုန်းပဲ၊ ကျွန်တော်နောက်ကျ ကျန်မနေနိုင်ဘူး"

ထိုသို့ဆိုပြီးနောက် သူလည်းရှောင်ဟိုင်နောက်သို့ လိုက်သွားသည်။ 

ဤနှစ်ယောက်က လူတိုင်း၏ ထိတ်လန့်နေသည့်အကြည့်အောက်တွင် အားလုံးကို ကျော်ဖြတ်သွားကာ ကျန်းတစ်ရာခန့်နေရာသို့ တိုက်ရိုက်ရောက်သွားသည်။ 

(ကျန်းဟူသည် တရုတ်အလျားယူနစ်တခုဖြစ်ပြီး ၁ကျန်းသည် ၃.၃မီတာ သို့မဟုတ် ၁၁ပေနှင့်ညီမျှသည်)

ဤမြင်ကွင်းကိုမြင်သောအခါ ယဲ့ချိုးပိုင်ရယ်မောလိုက်လေတော့သည်။ 

သူကသူ့ဂျူနီယာနှစ်ယောက်ကြောင့် လမ်းပျောက်သွားသည်ဟုမခံစားရပေ။ သူ့ကိုယ်သူယုံကြည်သည်။ 

ရှောင်ဟိုင်၏ ရုပ်ပိုင်းဆိုင်ရာကိုယ်ထည်က မည်မျှပင် သွေဖည်နေလေသနည်း။ 

စံအိမ်တော်ကလူများတွင် တိုက်ရိုက်ခံစားမှုအများဆုံးရှိသည်။ 

ဤဖိနှိပ်ခြင်းခံစားချက်များကို အသားများအတွက် နည်းလမ်းပေါင်းစုံဖြင့် ပြုပြင်မွမ်းမံထားလေသည်။ 

အာကာသရှုပ်ထွေးတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရလျှင်ပင် ရုပ်ပိုင်းဆိုင်ရာကိုယ်ထည်၏ ခုခံခြင်းနှင့်အတူ တိုက်ရိုက်ရင်ဆိုင်၍ရသည်။ 

ပေတစ်ရာအနက်က ဖိနှိပ်မှုခံစားချက်က ရှောင်ဟိုင်အတွက် အံကိုက်သည်။ 

ပေတစ်ရာအနက်သို့ရောက်လာသောအခါ ရှောင်ဟိုင် ထာ၀ရနတ်ဆိုးကိုယ်ထည်ကို အသက်သွင်းလိုက်စဉ် လှိုင်းအလွှာသုံးခုက တချိန်တည်းမှာပင် ကိုယ်ပေါ်၌ တောက်ပနေခဲ့သည်။ 

အော်ရာက သူ့အပေါ်သက်ရောက်မှုမရှိ‌သော်ငြားလည်း သူ့ကိုယ်ခန္ဓာကို ပို၍ ပြုပြင်မွမ်းမံရန် ဤဖိနှိပ်မှုခံစားချက်ကို အသုံးပြုနိုင်သည်။ 

...

ထိုအချိန်တွင် နယ်နိမိတ်မဲ့နယ်မြေ၏ တစ်ဦးတည်းသောအုပ်ချုပ်သူတဖြစ်လဲ နယ်နိမိတ်မဲ့မင်းဆက်က ခွန်းအား၌ဖြစ်စေ ဂုဏ်သတင်း၌ဖြစ်စေ ၎င်း၏ကြီးစိုးမှုက အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိ။ 

ထို့ကြောင့်ပင် နယ်နိမိတ်မဲ့မင်းဆက်၏ ဧကရာဇ်တဖြစ်လဲ မုကျန်းထင်တွင် ပူပန်စရာဟူ၍မရှိသင့်ပေ။ 

သို့သော် ယခုတွင်မူ သူ့၏ခံ့ညားနေသည့်အမူအရာက အနည်းငယ်မျက်မှောင်ကြုတ်နေသည်။ 

သူ့ရှေ့တွင် အဖိုးအိုတစ်ဦးရှိသည်။ 

အဖိုးအို၏ခေါင်းတစ်ခုလုံးကဖြူနေပြီး သူ့ကိုယ်ကအနည်းကယ်ကိုင်းညွတ်နေကာ သေတော့မည်ဟုပင်ထင်ရသည်။ 

"ထန်းရှီလီ(ကောင်းကင်ဘုံအရှင်လီ)၊ ဟောကိန်းကမှန်ရဲ့လား"

ကောင်းကင်ဘုံအရှင်ဟူသည် အထူးအလုပ်အကိုင်တခုဖြစ်ပြီး နယ်နိမိတ်မဲ့နယ်မြေတခုလုံးအတွင်း တချိန်တည်းတွင် ရှိနေသည်။ 

နယ်နိမိတ်မဲ့မင်းဆက်တွင်သာ ကောင်းကင်ဘုံအရှင်၏ ဆက်ခံသူရှိသည်။ 

မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဘုံအရှင်က အနာဂတ်ကို ဟောကိန်းထုတ်နိုင်ပြီး တချိန်တည်းမှာပင် ကောင်းကင်ဘုံလမ်းကြောင်းကို ကောက်ချက်ချနိုင်သည်။ 

ဤအစွမ်းထက်စွမ်းရည်က မကြာခဏဆိုသလို ကြီးမားသည့်ဘေးထွက်ဆိုးကျိုးများဖြင့် တွဲဖက်နေသည်။ 

ပုံမှန်အားဖြင့် ကောင်းကင်ဘုံအရှင်တစ်ဦး၏သက်တမ်းက အတော်လေးတိုတောင်းသည်။ 

ဤအချက်ကြောင့်ပင် ကောင်းကင်ဘုံအရှင်အရေအတွက်က အတော်လေးနည်းပါးသည်။ 

ကောင်းကင်ဘုံအရှင်လီက ညင်သာစွာ သက်ပြင်းချသည်။ သူ့မျက်လုံးများက ဝေဝါးနေပြီး သူက သစ်သားချိုင့်ထောက်တခုကို ကိုင်ထားကာ ထိုချိုင့်ထောက်လက်ကိုင်တုတ်ပေါ်၌ ငွေရောင်အသက်တစ်ခုရှိသည်။ 

ဤသည်က လီကောင်းကင်ဘုံအရှင်၏ ကိုယ်ခန္ဓာတက်ကြွမှုကို ထိန်းသိမ်းထားနိုငိရန်ဖြစ်သညိ။ 

"ဒီကောက်ချက်ချတာက ဒီအဖိုးကြီးရဲ့ နှစ်တစ်ထောင်သက်တမ်းကို ယူဆောင်သွားခဲ့တော့ အမှားရှိမှာမဟုတ်ပါဘူး"

လီကောင်းကင်ဘုံအရှင်(လီထန်းရှီ)၏ အတည်ပြုစကားလုံးများကို ကြားရသောအခါ မုကျန်းထင်၏မျက်နှာက အတော်လေးကြည့်ရဆိုးသွားခဲ့သည်။ 

"တစ်နည်းပြောရရင် နယ်မြေအပြင်ဘက်က မိစ္ဆာလူမျိုးစုတွေက ပတ်ပတ်လည်ဧရိယာတွေကို စတင်ထိုးဖောက်လာနေကြပြီပေါ့"

လီထန်းရှီခေါင်းညိတ်သည်။ 

"‌သွေးကြောတောင်ရဲ့ ဟန့်တားမှုနဲ့ဖိနှိပ်မှုက ဒီကမ္ဘာကို ကျူးကျော်လာတဲ့ နယ်မြေအပြင်က မိစ္ဆာလူမျိုးစုအတွက် အချိန်အတိုင်းအတာတခုအထိ မချိုးဖျက်နိုင်အောင် ပြုလုပ်ပေးခဲ့တယ်"

"တခြားနယ်မြေတွေမှာတော့ ပြင်ပက မကောင်းဆိုးဝါးမိစ္တာလူမျိုးစုတွေရှိ‌ပြီးသားပါ"

"အဲဒီနယ်မြေတွေထဲမှာ မီးကောင်းကင်နယ်မြေနဲ့ ခရမ်းမိုးကြိုးနယ်မြေနှစ်ခုစလုံးကို နယ်မြေအပြင်ဘက်က မိစ္ဆာလူမျိုးစုတွေက သိမ်းပိုက်ထားတယ်"

"ဒီနယ်စပ်နှစ်ခုကို အစပြုနေရာတခုအဖြစ် မှီခိုရင်း နယ်မြေအပြင်ပက မိစ္ဆာလူမျိုးစုတွေက ပတ်ပတ်လည်နယ်စပ်တွေဆီကို ပျံ့နှံ့နေပါပြီ"

"တကယ်လို့ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင် အဆင့်နိမ့်လတ္တီကျူတစ်ခုလုံးက နယ်မြေအပြင်ပက မိစ္ဆာလူမျိုးစုတွေရဲ့ သိမ်းပိုက်ခြင်းကို ခံရမှာကို ကျုပ်ကြောက်နေမိတယ်"

မုကျန်းထင်မေးလိုက်သည်။ 

"မီးကောင်းကင်နယ်မြေနဲ့ ခရမ်းမိုးကြိုးနယ်မြေတို့နဲ့ အနီးစပ်ဆုံးနယ်မြေက ဘယ်နယ်မြေလဲ"

အပိုင်း(330) coming။ 

All Chapters