← Chapters

#နင်းချန်ရှင်းနှလုံးသားက အမျက်ဒေါသ#

Vol. 23 Ch. 331

#နင်းချန်ရှင်းနှလုံးသားက အမျက်ဒေါသ#

Vol. 23 Ch. 331

ဆိုးလ်မြို့အပေါ်၌ ဂိုဏ်းအားလုံးစုဝေးနေကြသည်။ 

ယွန်ဟွမ်အင်ပါယာခေါင်းဆောင် ဟုန်ရင်က ပြန်လည်မွေးဖွားခြင်းလှံကို ကိုငမထားပြီး အနီရောင်သံချပ်ကာကို ၀တ်ဆင်ထားကာ ခေါင်းနောက်တွင် ချည်ထားသည့် အပြာရောင်ပိုးချည်သုံးထောင်က လေပေါ်လွင့်နေသဖြင့် အတော်လေးခန့်ညားရဲရင့်နေသည်။ 

နင်းချန်ရှင်းက ခြေတစ်လှမ်းနောက်တွင်ရှိပြီး တာအိုကျမ်းဂန်ကိုကိုင်ထားကာ ကွန်ဖြူရှပ်ဝါဒနှင့် တာအိုဝါဒက သူ့ပတ်ပတ်လည်၌ စီးဆင်းနေသည်။ 

မြို့တစ်မြို့အား သုတ်သင်ပစ်ခြင်း!

ကောင်းကင်ဘုံဝိဉာဉ်အင်ပါယာအတွက် နှိုးဆော်ချက်!

ထိုသတ္တဝါများက အတော်လေးမောက်မာပြီး လွှမ်းမိုးနေကြသည်။ 

ဂိုဏ်းကြီးဖြစ်စေ၊ ဂိုဏ်းသေးဖြစ်စေ ဤသည်ကို အလွှတ်မပေးသင့်ပေ။ 

တချိန်တည်းမှာပင် ယွန်ဟွမ်အင်ပါယာက ယနေ့ဝိဉာဉ်နယ်ပယ်၏ ဦးဆောင်နေသည့် အင်အားစုဖြစ်သည်။ 

ငါထိုင်ငေးကြည့်နေလို့မရဘူး!

မု၀မ်အာ ဟုန်ရင်နောက်က တီးတိုးပြောလိုက်သည်။ 

"အစ်မဟုန်ရင်၊ အစ်မ ဦးလေးကို တိုက်ရိုက်မခေါ်ချင်ဘူးလား၊ ဒီလိုဆိုရင် ရှင်းပစ်ဖို့က ပိုပြီးမလွယ်ကူဘူးလား"

ထိုစကားလုံးများကို ကြားသောအခါ ဟုန်ရင်ရယ်မောလိုက်သည်။ 

"ဆရာက ကိစ္စအများကြီးကိုမကြိုက်ဘူး၊ ဒါကိုမဆိုထားနဲ့၊ အရာရာတိုင်းအတွက် ဆရာကို နင်အားကိုးနေလို့မရဘူးလေ"

မု၀မ်အာ မည်သည့်စကားမှမဆိုတော့။ 

ထိုအချိန်တွင် ဆိုးလ်မြို့ကနေ မိစ္ဆာနက်ဝိဉာဉ်များစွာ ထွက်ပေါ်လာသည်။ 

ထို့နောက် ဟုန်ရင်ထံပြေး၀င်လာကြစဉ် အစွယ်များပါ၀င်သည့် မျက်နှာဖုံးတခုက တစ္ဆေသရဲများအလား စုဝေးလာခဲ့သည်။ 

ထိုအစွယ်မျက်နှာဖုံးထဲတွင် ပြာနှမ်းနေသည့်မျက်နှာနှင့်အတူ အစွယ်နှင့် ကျော၌ အတောင်များပါရှိသည့် မိစ္ဆာဆယ်ဦးရှိသည်။ 

ဤသည်ကို မြင်သောအခါ ဟုန်ရင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ 

ထိုမိစ္ဆာများ၏ကိုယ်များတွင် အော်ရာအတက်အကျကို သူမမခံစားရပေ။ 

ဤသည်က မိစ္ဆာနက်ဝိဉာဉ်များပင်။ 

ထိုမိစ္ဆာကျင့်ကြံသူများနှင့်ယှဉ်ပါက ဤမိစ္ဆာစွမ်းအင်က ပို၍သန့်စင်သည်။ 

ဒါက အတိအကျဘာများလဲ!

နင်းချန်ရှင်းလည်း အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။ 

ဤကဲ့သို့မိစ္ဆာဝိဉာဉ်မျိုးက သူ့အား နက်ရှိုင်းသည့်ခံစားချက်တခုကို ရစေသည်။ 

ဤမတည်ငြိမ်သည့်မိစ္ဆာဝိဉာဉ်ကို ရင်ဆိုင်သောအခါ နင်းချန်ရှင်း ကွန်ဖြူးရှပ်နှင့် တာအိုဝါဒက အထိန်းအချုပ်မဲ့ စတင်စီးဆင်းလာသည်။ 

သူ့လက်ထဲက တာအိုကျမ်းဂန်က အဖြူရောင်အလင်းတန်းနှင့်အတူ စတင်လှုပ်ရှားသည်။ 

ထိုအချိန်တွင် ဟုန်ရင်နောက်မှ ဧကရာဇ်မင်းဆရာက ရုတ်တရက်ထရပ်ကာ ကျယ်လောင်စွာမေးလိုက်သည်။ 

"မင်းတို့ဘယ်သူ့ကိုစောင့်နေတာလဲ၊ ပြီးတော့ မင်းတို့ကဘယ်သူတွေလဲ"

"ဘာလို့ငါတို့ရဲ့ ကောင်းကင်ဘုံဝိဉာဉ်နယ်မြေက မြို့တစ်မြို့က သုတ်သင်ပစ်ချင်နေရတာလဲ"

အစိမ်းရောင်မျက်နှာနှင့် သွားစွယ်ရှိသည့် မွန်းစတားဆယ်ဦးနောက်တွင် ထူးဆန်းသည့် ပုံပန်းသဏ္ဍာန်များနှင့် မရေမတွက်နိုင်လောက်သော သတ္တဝါများက လိုက်ပါနေကြသည်။ 

၎င်း၏မိစ္ဆာဝိဉာဉ်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားလှသည်။ 

အစိမ်းရောင်မျက်နှာနှင့် သွားစွယ်ရှည်သည့် မွန်းစတားတစ်ကောင်က ပါးစပ်ဖွင့်ကာ ပျော်မြူးစွာရယ်မောသည်။ 

"ငါတို့ မိစ္ဆာမျိုးနွယ်တွေကို မင်းတို့လို နိမ့်ကျတဲ့ လူသားတွေနဲ့ ယှဉ်လို့မရဘူးကွ"

"ဘာလို့မြို့ကို သုတ်သင်ပစ်ချင်ရလဲဆိုတဲ့ အကြောင်းကတော့ အကြောင်းပြချက် ကြီးကြီးမားမားမရှိပါဘူး၊ ငါတို့ဆာလောင်နေလို့ပါ"

ဆာလောင်နေတာလား!

ဧကရာဇ်မင်းဆရာက အနည်းငယ်ထိတ်လန့်သွားသည်။ 

ချက်ချင်းဆိုသလို သုန်မှုန်သောမျက်နှာထားဖြင့် သူပြောလာသည်။ 

"လူသားစားမိစ္ဆာတွေ"

အစိမ်းရောင်မျက်နှာနှင့် မိစ္ဆာသတ္တဝါကြီးက စပ်ဖြီးဖြီးပြုံးလိုက်သည်။ 

"ပြဿာနာတခုခုရှိလို့လား"

ထိုစကားလုံးများထွက်လာသည်နှင့်တပြိုင်နက် ဂိုဏ်းကြီးအင်အားစုကြီးများကို ဦးဆောင်သူများက အေးစက်မှုကို ခံစားလိုက်ကြရသည်။ 

ဟုန်ရင်၏မျက်နှာတွင်လည်း မနှစ်မြို့ဖွယ်အမူအရာတခုရှိနေသည်။ 

ဘေးက နင်းချန်ရှင်းက အေးစက်နေသည့်အကြည့်ဖြင့် ရှေ့တလှမ်းတိုးလိုက်သည်။ 

နင်းချန်ရှန်း၏အမူအရာကို မြင်သောအခါ မု၀မ်အာ ထိတ်လန့်သွား၏။ 

ရက်သတ္တပတ်များစွာကြာ နင်းချန်ရှင်း၏နှလုံးသားက ဘယ်အရာကမှ သူ့ကို ဒေါသထွက်အောင် မလုပ်နိုင်သည့်အလား အတော်လေးသိမ်မွေ့နေပြီး လမ်းပေါ်က သူတောင်းစားများအပါအ၀င် လူတိုင်းကို သူကနှစ်လိုဖွယ်မျက်နှာဖြင့် ဆက်ဆံသည်။ 

ယခုလိုကြောက်မက်ဖွယ်အမူအရာက မည်သို့ဖြစ်နိုင်မည်နည်း။ 

နင်ချန်ရှင်း ယခုအမှန်တကယ် ဒေါသထွက်နေသည်က သိသာထင်ရှားနေလေပြီ။ 

ရည်ရွယ်ချက်မရှိ! လူတွေကို စားသောက်ချင်ရုံတဲ့လား!

အဲဒါနဲ့တမြို့လုံးကို အစုလိုက်အပြုံလိုက် သုတ်သစ်ပစ်တာလား!

ဤကဲ့သို့မိစ္ဆာမျိုးကို မထိန်းသိမ်းထားသင့်ပေ။ 

ဤမြင်ကွင်းကိုမြင်သောအခါ အစိမ်းရောင်မျက်နှာနှင့် မိစ္ဆာသတ္တဝါက နတ်ဆိုးဆန်စွာ ပြုံးလိုက်သည်။ 

"ဘာလဲ၊ ခံနိုင်ရည်မရှိတော့ဘူးလား၊ မစိုးရိမ်ပါနဲ့၊ ငါတို့မိစ္ဆာမျိုးနွယ်စုရဲ့ မျက်လုံးထဲမှာ မင်းတို့က ပန်းကန်ပြားပေါ်က အစားအစာသာသာပါပဲ"

စကားပြောပြီးသည်နှင့် အစိမ်းရောင်မျက်နှာနှင့်မိစ္ဆာသတ္တဝါက လက်ကို ဝှေ့ယမ်းလိုက်သည်။ 

သူ့နောက်က မိစ္ဆာနက်အရာက မိစ္ဆာစွမ်းအင်တိမ်တိုက်တစ်ခုနှင့်အတူ ဟုန်ရင်ထံ ပြေး၀င်သွား၏။ 

နင်းချန်ရှင်းအေးစက်စွာ နှာခေါင်းရှုံ့ရင်း ရှေ့တချက်လှမ်းကာ တာအိုကျမ်းဂန်ကို ကိုင်ထားသည်။ 

ကွန်ဖြူးရှပ်နှင့်တာအိုဝါဒ၏ အလင်းက နင်းချန်ရှင်းတကိုယ်လုံး၌ ဖြန့်ဖြုးနေသည်။ 

ထိုမိစ္ဆာလွှမ်းမိုးမှုများက သူ့နောက်က ဂိုဏ်းကလူတွေကို သူတို့၏မရီဒျန်များအား မိစ္ဆာစွမ်းအင်ဖြင့်ပိတ်ဆို့ပစ်စေပြီး ဝိဉာဉ်စွမ်းအင်ကို မလုပ်မလုပ်တော့အောင် လုပ်ပစ်သည်။ 

၎င်းက အသိစိတ်ပင်လယ်ကိုပင် သိမ်းပိုက်နိုင်ကာ ဝိဉာဉ်ကိုပင် ပျက်စီးစေနိုင်သည်။ 

ဤသည်ကိုမြင်ရသောအခါ နင်းချန်ရှင်း နှလုံးကွဲသွားသည့်ပမာခံစားလိုက်ရပြီး ကျမ်းဂန်ကို လှန်ပစ်သည်။ 

"ဖယ်ရှားစမ်း"

မိုးကြိုးသံကဲ့သို့စကားလုံးများနောက်ကွယ်၌ နိယာမကလိုက်ပါလာသည်။ 

ကမ္ဘာကြီးကို ကူညီနေသည့်အလင်းတန်းအလား အဖြူရောင်အလင်းတန်းတခုက လူတိုင်းအပေါ်ပက်ဖြန်းပစ်ကာ ဤမိစ္ဆာဝိဉာဉ်ကို ဖျက်ဆီးပစ်သည်။ 

ဤကွန်ဖြူးရှပ်နှင့်တာအိုဝါဒ လေထုကို ခံစားမိသောအခါ အစိမ်းရောင်မျက်နှာနှင့်လူက အနည်းငယ်မျက်ခုံ့ကြုံ့လိုက်မိသည်။ 

ဤအငွေ့အသက်က သူတို့ကို အတော်လေးစိတ်မသက်မသာဖြစ်စေသည်။ 

ချက်ချင်းဆိုသလို သူ့ပတ်ပတ်လည်က အစိမ်းရောင်မျက်နှာနှင့်မိစ္ဆာကျင့်ကြံသူသုံးယောက်က နင်း‌ချန်ရှင်းထံ ပြေး၀င်သွားသည်။ 

ထိုမျက်နှာစိမ်းမိစ္ဆာကျင့်ကြံသူသုံးယောက်လုံးတွင် သိုင်းဧကရာဇ်အဆင့်ခွန်အားရှိသည်။ 

သို့စေကာမူ နင်းချန်ရှင်းက နောက်ဆုတ်ခြင်းလည်းမရှိသလို ရှောင်လွှဲခြင်းလည်း မပြုဘဲ လက်ထဲတွင် တာအိုကျမ်းဂန်ကို ကိုင်ရင်း ရှေ့တလှမ်းတိုးလိုက်သည်။ 

ကြောက်ခမန်းလိလိအဖြူရောင်အလင်းတန်းက သူ့ကိုယ်ထဲတွင် စုဝေးလာကာ မိစ္ဆာဝိဉာဉ်များကို ရှောင်ရှားပစ်သည်။ 

ချက်ချင်းဆိုသလို သူကအသံတိုးတိုးလေးပြောလိုက်သည်။ 

"သစ်တော၊ စစ်သား၊ တိုက်ပွဲ၊ လူသား၊ အရာခပ်သိမ်း၊ အခင်းအကျင်း၊ အတန်း"

အက္ခရာကိုးခုဂါထာနှင့်အတူ အက္ခရာခုနှစ်လုံးစလုံး ထွက်ပေါ်လာသည်။ 

နတ်ဗိုလ်ချုပ်ကြီး၏ပုံရိပ်ယောင်က တာအိုကျမ်းဂန်ကနေ ထွက်လာခဲ့သည်။ 

နတ်ဘုရားချပ်၀တ်ကို၀တ်ဆင်းထားရင်း နတ်ဘုရားလှံကိုကိုင်ထားကာ ကိုယ်ခန္ဓာမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေပြီး မျက်နှာစိမ်းမိစ္ဆာသတ္တဝါသုံးဦးထံ ပြေး၀င်သွားသည်။ 

ယနေ့တွင် နင်းချန်ရှင်းက ကန္တာရနယ်မြေနှင့် ကောင်းကင်ဘုံနယ်မြေတွင် သင်ကြားရေးအာဏာပိုင်များ၏ ခေါင်းဆောင်ဖြစ်လာသည်။ 

သူ့ခုံအောက်တွင် လေ့လာခြင်းက ကမ္ဘာကြီးနှစ်ခု၏ ရှေးရိုးအစဉ်အလာတခုအလား၊ တခြားမည်သူမှမဟုတ်ပါ။ 

ဤယုံကြည်မှု၏ ကောင်းချီးပေးခြင်းအောက်တွင် နင်းချန်ရှင်း၏ခွန်အားက တနေ့ထက်တနေ့တိုးလာနေသည်။ 

တချိန်တည်းမှာပင် ကမ္ဘာကြီးနှစ်ခု၏ ရှေးဟောင်းစာအုပ်များစွာကို ဖတ်ရှုရင်း သူကအမြင်များစွာရရှိခဲ့သည်။ 

ယနေ့နင်းချန်ရှင်းက ဟုန်ရင်ထက် အားမနည်းပါ။ 

တခြားတဘက်တွင် ကျန်ရှိနေသည့် မျက်နှာစိမ်းမိစ္ဆာကျင့်ကြံသူခုနှစ်ယောက်က ဟုန်ရင်နှင့်ကျန်သောသူများထံ ဦးတည်းပြေး၀င်သွားကြ၏။ 

ဟုန်ရင် အေးစက်စွာနှာခေါင်းရှုံ့ရင်း သူမလက်ထဲက ပြန်လည်မွေးဖွားခြင်းလှံဖြင့် ထိုးဖောက်ကာ တခြားသုံးယောက်ကို ပိတ်ဆို့လိုက်သည်။ 

ကျန်လေးယောက်ကိုမူ ခုန်ကျန်းဟန်၊ ဧကရာဇ်မင်းဆရာနှင့် သိုင်းဧကရာဇ်နယ်ပယ်က တခြားစွမ်းအားရှင်နှစ်ယောက်က ပိတ်ဆို့ထားကြသည်။ 

ကောင်းကင်ဘုံနှင့်ဝိဉာဉ်နယ်မြေသို့ ခြေချပြီးနောက် ဧကရာဇ်မင်းဆရာကလည်း ကိုယ်တိုင်အဆင့်ချိုးဖျက်ကာ သိုင်းဧကရာဇ်အဆင့်ကို ရောက်သွားခဲ့သည်။ 

ကျန်သော မိစ္ဆာကျင့်ကြံသူများကိုမူ ကောင်းကင်ကိုးသွယ်ဌာနက အသီးသီးသောဂိုဏ်းမှလူများကို ဦးဆောင်ကာ ပိတ်ဆို့သည်။ 

နင်းချန်ရှင်းထုတ်လွှတ်သည့် ကမ္ဘာကြီးကို ကူညီပေးနေသည့် အလင်းတန်းထုတ်လွှတ်မှုနှင့်အတူ ထိုမိစ္ဆာဝိဉာဉ်များက ကျန်သောလူများအပေါ် သက်ရောက်နိုင်ခြင်းမရှိပါ။ 

မျက်နှာစိမ်းနှင့်မိစ္ဆာကျင့်ကြံသူက ဤမြင်ကွင်းကို သတိထားမိသည်။ 

ဤပညာရှင်ကိုအရင် အမြစ်ဖြတ်ရပေမည်။ 

ထိုသို့တွေးတောရင်း မျက်နှာစိမ်းမိစ္ဆာကျင့်ကြံသူသုံးယောက်က လက်ထဲ၌ မိစ္ဆာအော်ရာကို စုစည်းရင်း အတူတကွ ထုတ်လွှတ်လိုက်ကြသည်။ 

မိစ္ဆာစွမ်းအင်အမျှင်တန်းများက အစိမ်းရောင်မျက်နှာနှင့် သွားစွယ်များရှိသည့် မျက်နှာဖုံးတခုအထိပြောင်းသွားကာ ဗိုလ်ချုပ်ကြီးထံ လှိမ့်၀င်သွားသည်။ 

နင်းချန်ရှင်း ဗိုလ်ချုပ်ကြီးကိုထိန်းချုပ်ရင်း လက်ထဲက ထက်မြက်သည့်လက်နက်ကို ဝှေ့ယမ်းစဉ် ထိုမိစ္ဆာဝိဉာဉ်ကို ဖယ်ရှားကာ မျက်နှာပြာသွားစွယ်မျက်နှာဖုံးကို ထိမိသည်။ 

ထိုမျက်နှာပြာအစွယ်မျက်နှာဖုံးက ထက်ရှသည့်လက်နက်နှင့် တွေ့ဆုံသောအခါ မီးခိုးဖြူများထွက်လာသည်။ 

မိစ္ဆာဝိဉာဉ်များစုစည်းရင်း ဖန်တီးထားသည့် မျက်နှာပြာအစွယ်မျက်နှာဖုံးက ထိုအခိုက်အတန့်မှာပင် ပကတိမျက်စိနှင့် မြင်နိုင်သည့် အမြန်နှုန်းတခုဖြင့် အရည်ပျော်ကျနေသည်။ 

ဤသည်ကိုမြင်သောအခါ နင်းချန်ရှင်းအနည်းငယ် မျက်စိကျဉ်းလိုက်မိသည်ာ 

ကြည့်ရသည်မှု သူ့တာအိုဝါဒက ဤမိစ္ဆာပစ္စည်းများအပေါ်၌ ထိန်းချုပ်ကန့်သတ်ထားနိုငိသည့် သက်ရောက်မှုတခုရှိပုံရသည်။ 

အစိမ်းရောင်မျက်နှာပိုင်ရှင်မွန်းစတားသုံးယောက်ကလည်း ဤသည်ကို သတိထားမိပြီး သူ့တို့၏မျက်နှာများက ကြည့်ရဆိုးသွားခဲ့သည်။ 

နောက်ထပ်မိစ္ဆာစွမ်းအင်ကို သုံးမနေတော့ဘဲ သူတို့က အာဏာရှင်ဆန်ဆန် ရုပ်ပိုင်းဆိုင်ရာခွန်အားဖြင့် ဗိုလ်ချုပ်ကြီးထံ ပြေး၀င်သွားကြ၏။ 

ဤမိစ္ဆာဝိဉာဉ်မှလွဲ၍ မိစ္ဆာအရာများတွင် ၎င်းတို့၏ရုပ်ပိုင်းဆိုင်ရာကိုယ်ထည်က အတော်လေးဖိနှိပ်နိုင်စွမ်းရှိသည်။ 

မီးသံဖြင့်ပြုလုပ်ထားသည့် အက်စစ်အရေပြားနှင့် ဗိုလ်ချုပ်ကြီးလက်ထဲက ထက်ရှသည့်လက်နက်က ကျသွားသော်လည်း သိသာသည့်ပျက်စီးမှုတခုကိုတော့ မဖြစ်စေခဲ့ပါ။ 

၎င်းကိုတွန်းထုတ်နိုင်ရုံမျှသာ။ 

ဤသည်ကိုမြင်သောအခါ နင်းချန်ရှင်း လက်ထဲက တာအိုကျမ်းဂန်ကို လှန်လှောရင်း ညင်သာစွာ ရေရွတ်သည်။ 

"ရှေ့ပိုင်းခံစစ်"

ထိုအချိန်တွင် ဗိုလ်ချုပ်ကြီး၏ကိုယ်၌ ရွှေရောင်အလင်းတန်းတခု ပေါက်ကွဲသွားသည်။ 

ကိုယ်ခန္ဓာအရွယ်က အတော်လေးကြီးမားလာပြီး ခြေထောက်က မြေပြင်၌ရှိနေပြီး ခေါင်းက ကောင်းကင်ကို ရောက်လုနီးပါးပင်။ 

တချိန်တည်းမှာပင် သူ့ပတ်ပတ်လည်၌ စွမ်းအား၏အစီအရင်များ စီးဆင်းနေသည်။ 

ထိုအနေအထားတွင် တစ်ချက်ပစ်လွှတ်လိုက်လေသည်။ 

အစီအရင်၏စွမ်းအားက လိုက်ပါသွားပြီး မိုးကြိုးသံက လှိမ့်၀င်လာသည်။ 

ကောင်းကင်က အရောင်ပြောင်းသွားပြီး မိုးကြိုးနဂါးက ထိုးတက်လာကာ အတော်လေးထူထဲသည့် မိုးကြိုးက ကျဆင်းလာကာ ပစ်လွှတ်လိုက်သည့်သူပေါ်သို့ ကျသွားသည်။ 

ထက်ရှသည့်အမြောက်ကိုယ်ထည်ကို ခရမ်းရောင်မိုးကြိုးများဖြင့် ၀န်းရံထားလေသည်။ 

မိစ္ဆာနှင်အစီအရင်က ပေါ်ပေါက်လာသည်။ 

ထိုပစ်ချက်အောက်တွင် မျက်နှာစိမ်းမိစ္ဆာကျင့်ကြံသူသုံးယောက်က ထိုးနှက်လိုက်ကြသော်လည်း တိုက်ရိုက်ချိုးဖျက်ခြင်းခံရသည်။ 

ပစ်ချက်တခုက မျက်နှာစိမ်းမိစ္ဆာကျင့်ကြံသူတစ်ဦးကို ထိုးဖောက်သွားခဲ့သည်။ 

အပိုင်း(332) coming။ 

All Chapters